18 June 2025

18 June 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများ ပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ လယ်ဘဲ့ကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း၌ ခြိမ်းခြောက်စာ တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းရှိ Grade-5 တန်း၏ အခန်းအပြင်ဘက် ခုံတန်းပေါ်၌ A4 စာရွက်ပေါ်တွင် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုအား မပြုလုပ်ရန်ရည်ရွယ်၍ ရေးသားထားသော စာသားပါရှိသည့် ခြိမ်းခြောက်စာ တစ်စောင်အား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် စာသင်ကျောင်းများသို့ ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA

စတော့ဟုမ်း ဇွန် ၁၆
ကမ္ဘာပေါ်ရှိ နျူကလီးယား လက်နက်အင်အားရှင် နိုင်ငံများသည် ၎င်းတို့၏နျူကလီးယား လက်နက်အရေအတွက်ကို တိုးမြှင့် လျက်ရှိပြီး လက်နက်ထိန်းချုပ်ရေး သဘောတူညီချက် များမှလည်း နုတ်ထွက်နေကြကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအင်စတီကျုက ယနေ့ တွင်ထုတ်ပြန်သည့်အစီရင်ခံစာ၌ ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ အရောက်တွင် ကမ္ဘာ့နိုင်ငံများ ပိုင်ဆိုင်ထားသည့် နျူကလီးယား လက်နက်အရေအတွက်မှာ ၁၂၂၄၁ ခုထိရှိခဲ့ပြီး လိုအပ်ပါက သုံးစွဲရေး အတွက် သတ်မှတ်ထားရှိသည့် နျူကလီးယားထိပ်ဖူးအရေအတွက် မှာ ၉၆၁၄ ခုထိရှိသည်။

စစ်ရေးအရအသုံးပြုရေးအတွက် ဖြန့်ကြက်ထားသော ထိပ်ဖူးများ အနက် ၂၁၀၀တို့မှာ ဘလစ်စတစ် ဒုံးကျည်များတွင် အသင့်အနေအထားတပ်ဆင်ထားသည့်ထိပ်ဖူး များဖြစ်ကြကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု (ဆစ်ပရီ)၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
အဆိုပါ အသင့်တပ်ဆင်ထား ပြီး နျူကလီးယားထိပ်ဖူး ၂၁၀၀ခန့် အနက် အားလုံးနီးပါးကို ရုရှားနှင့် အမေရိကန်နိုင်ငံတို့က ပိုင်ဆိုင် ထားခြင်းဖြစ်ကြောင်း သိရသည်။ နျူကလီးယားလက်နက်အရေ အတွက်တိုးနှုန်း အမြင့်မားဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်မှစ၍ နှစ်စဉ်နျူကလီးယား ထိပ်ဖူး ၁၀၀ခန့်ထိ တိုးမြှင့် ထုတ်လုပ်ခဲ့ကြောင်း ဆစ်ပရီအစီ ရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ရုရှားနိုင်ငံ ကနျူကလီးယားထိပ်ဖူး ၅၄၅၉ ခု၊ အမေရိကန်နိုင်ငံက ၅၁၇၇ခုနှင့် တရုတ်နိုင်ငံက ၆၀၀ခန့်ပိုင်ဆိုင် ထားကြောင်း ဆစ်ပရီက ခန့်မှန်း ထားသည်။
Ref: RT
Trs: KKO
YDNB Newspaper
Photo -NikKei Asia

အမေရိကန်ထောက်လှမ်းရေးအဖွဲ့များ၏ အဆိုအရ အကယ်၍ ထရမ့်က အမေရိကန်စစ်တပ်အား အစ္စရေး၏ လေကြောင်း တိုက်ခိုက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် အမိန့်ပေးပါက အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စခန်းများသည် တီဟီရန်၏ ပစ်မှတ်ဖြစ်လာနိုင်သည်ဟု ယုံကြည်ထားသည်။

အမည်မဖော်လိုသော အမေရိကန်အရာရှိများက ဇွန်လ ၁၇ ရက်တွင် တီဟီရန်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စခန်းများကို တိုက်ခိုက်လိုပါက “အထူးပြင်ဆင်မှုများ မလိုအပ်ဘဲ လွယ်ကူစွာ လုပ်ဆောင်နိုင်ကြောင်း” ပြောဆိုခဲ့သည်။ ၎င်းတို့ထဲမှ တစ်ဦးက “အီရန် စစ်တပ်သည် ဘာရိန်း၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကဲ့သို့သော အမေရိကန်စစ်စခန်းများရှိသည့် နိုင်ငံများအားလုံးကို လွယ်ကူစွာပစ်မှတ်ထားနိုင်သည့် ဒုံးကျည်များကို တပ်ဆင်ထားပြီး ဖြစ်သည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုအကဲဖြတ်ချက်များသည် အီရန်၏ ဒုံးကျည်တပ်ဆင်မှုဆိုင်ရာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့များ၏ အစီရင်ခံစာများအပေါ် အခြေခံထားခြင်း ဖြစ်သည်။
အမေရိကန်ထောက်လှမ်းရေးအဖွဲ့များက တီဟီရန်သည် အကယ်၍ သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်စစ်တပ်အား အစ္စရေး၏ လေကြောင်း တိုက်ခိုက်ရေးတွင်ပါဝင်ရန် အမိန့်ပေးပါက အရှေ့အလယ်ပိုင်းဒေသရှိအမေရိကန်တပ်ဖွဲ့များနှင့် အကျိုးစီးပွားများကို ပစ်မှတ်ထားသည့် လက်စားချေမှုများအတွက် ဒုံးကျည်များနှင့် လိုအပ်သော လက်နက်များ ကို အဆင်သင့်ပြင်ဆင်ထားပြီဟု ယုံကြည်ထားသည်။
အမေရိကန်အရာရှိများက ယီမင်နိုင်ငံမှ Houthi သူပုန်များသည် အနီးစပ်ဆုံးဖြစ်ပြီး ပင်လယ်နီတွင် သင်္ဘောများကို ပြန်လည် တိုက်ခိုက် မည်ဟု ပြောကြားခဲ့ပြီး အီရတ်နှင့် ဆီးရီးယားရှိ အီရန်ထောက်ခံသည့် လူမျိုးစုများကလည်း အမေရိကန်စစ်စခန်းများကို တိုက်ခိုက်နိုင်သည်ဟု ဆိုသည်။ တီဟီရန်သည် Hormuz ရေလက်ကြားတွင်လည်း မိုင်းခင်းနိုင် သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ အမေရိကန်နှင့် အစ္စရေး အရာရှိများက အဆိုပါသတင်းအချက်အလက်နှင့်ပတ်သက်၍ မှတ်ချက် မပြုသေးပါ။
အမေရိကန်တွင် အရှေ့အလယ်ပိုင်းဒေသတွင် စစ်သည် ၄၀,၀၀၀ ခန့် တပ်စွဲထားပြီး ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို အမြင့်ဆုံး သတိ အဆင့်သို့ မြှင့်တင်ထားသည်။
ဇွန် ၁၈ ရက်တွင် CNN က အဆိုပါကိစ္စနှင့်ရင်းနှီးသည့် အမည်မဖော် လိုသူ သတင်းရင်းမြစ် ၂ ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန် စစ်တပ်သည် သမ္မတ ထရမ့်က အီရန်ကို တိုက်ခိုက်ရန် အစ္စရေးလေ ယာဉ်များအားပံ့ပိုးရန် အမိန့်ပေးသည့် အခြေအနေအတွက် အသင့် ပြင်ဆင်နေကြောင်း ဖော်ပြခဲ့သည်။ “ထို့ကြောင့်ပင် လွန်ခဲ့သည့် ရက် အနည်းငယ်အတွင်း လောင်စာဆီတင် လေယာဉ်ပေါင်း ၃၀ ကျော်ကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်” ဟု ဆိုသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်ကို ပစ်ခတ်တိုက်ခိုက်ရန် ဆုံးဖြတ်ချက်သည် ဝိရောဓိ ဖြစ်နေသော အချက်အလက်များကြောင့် ရှုပ်ထွေးနေသည်ကိုတွေ့ရှိရသည်။
အမေရိကန် ထောက်လှမ်းရေးအဖွဲ့များ၏ အကဲဖြတ်ချက်အရ အီရန် သည် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ရန် နောက်ထပ် (၃) နှစ်ခန့် ကြာမည်ဟု ဆိုသည်။ သို့သော် အစ္စရေးက အထောက်အထားမပြဘဲ အီရန်သည် အချိန်တိုအတွင်း နျူကလီးယားဗုံးပြုလုပ်ရန် အလျင်အမြန် ကြိုးစားနေသည်ဟု ဆိုသည်။ အဆိုပါအချက်နှစ်ခု၏ မှန်ကန်နိုင်မှုရာခိုင်နှုန်းအပေါ် ထရမ့်အနေဖြင့် စဉ်းစားသုံးသပ်နေနိုင်ကြောင်း ဆိုကြသည်။

အစ္စရေးသည် လွန်ခဲ့သော (၅) ရက်အတွင်း အီရန်၏ လုံခြုံရေး အခြေစိုက်စခန်းများနှင့် အခြေခံအဆောက်အအုံများကို တိကျစွာသိရှိပြီး ထိုအချက်ကို အသုံးချကာ ပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်နိုင်ခဲ့သည်။သို့သော် အမေရိကန်၏ ထောက်လှမ်းရေးစနစ်သည် ကမ္ဘာ့အဆင့်မီအကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် ထရမ့်၏ ဆုံးဖြတ်ချက်သည်ဆန့်ကျင်ဘက်ဖြစ်နေသော အချက်အလက်များနှင့် ကျိုးကြောင်း ဆင်ခြင်မှုများကြောင့် လွှမ်းမိုးခံရမည် ဖြစ်သည်။
မိမိ၏ ထောက်လှမ်းရေးအဖွဲ့များက နျူကလီးယားဗုံးထုတ်လုပ်နိုင်ရန် အချိန်ကာလ ဝေးကွာသည်ဟု အကဲဖြတ်ထားသော နိုင်ငံတစ်ခုကို တိုက်ခိုက်ရန် ဆုံးဖြတ်မှုသည် လွန်စွာအရေးကြီးသည်ဟု ဆိုကြသည်။ အဘယ်ကြောင့် မိမိ၏ ထောက်လှမ်းရေးအဖွဲ့များက ဖြစ်နိုင်ခြေမရှိဟု ဆုံးဖြတ်ထားသော အရာတစ်ခုကို တားဆီးရန် ရည်ရွယ်ချက် တစ်ခုတည်း ဖြင့် ပဋိပက္ခတစ်ခုထဲသို့ ဇွတ်ဆွဲသွင်းခံမည်ဆိုပါက နောင်ဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် စဉ်းစားချင့်ချိန်နေဟန်ရှိသည်ဟု သုံးသပ်နေ ကြသည်။
အစ္စရေး၏ လုပ်ဆောင်ချက်တွင် ပါဝင်ခြင်းသည် ကိုယ်ပိုင် စိန်ခေါ်မှုများကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန် ယာဟုက အီရန်သည် နျူကလီးယားလက်နက်ဖန်တီးရန် လျှို့ဝှက်စွာ အလျှင်အမြန်လုပ်ဆောင်နေသည်ဟု ဆိုသည်။ အကယ်၍ ထိုသို့ဆိုလျှင် အီရန်သည် လျှို့ဝှက်စွာ လုပ်ဆောင်နေပြီး Fordow တောင်ကုန်း၌ တည်ရှိသော ယူရေနီယမ် ထပ်တိုးသန့်စင်သည့် အဆောက်အဦကို တစ်ကြိမ်တည်း ပစ်ခတ်ဖျက်ဆီးခြင်းဖြင့် လုံးဝရပ်တန့်နိုင်မည် မဟုတ်ဘဲပုန်းကွယ်နေသော ပစ်မှတ်များစွာကို ထပ်ခါထပ်ခါ တိုက်ခိုက်ရမည် ဖြစ်သည်။
အမေရိကန်သည် Fordow နျူကလီးယားစက်ရုံကို GBU-57 “ဘန်ကာ-ဘာစတာ” ဗုံးဖြင့် တိုက်ခိုက်ရန် စဉ်းစားနေသော်လည်း ထိုဗုံးသည် အဆောက်အဦကို ဖောက်ထွင်းနိုင်မည်ဟု အာမခံချက် မရှိပေ။ ၂၀၁၉ ခုနှစ် New York Times အစီရင်ခံစာအရ စမ်းသပ်မှုများက ဖောက်ထွင်း နိုင်သည်ဟု ဖော်ပြထားသော်လည်း ထရမ့်သည် “ဖြစ်နိုင်ခြေရှိသည်” ဆိုသော အချက်ပေါ်မူတည်ကာ အခြားပဋိပက္ခတစ်ခုထဲသို့ မဝင်လိုဟု ရှုမြင်နေကြသည်။
ထရမ့်အတွက် အိပ်မက်ဆိုးတစ်ခုမှာ အစ္စရေး၏ လုပ်ဆောင်ချက်တွင် ပါဝင်ပြီး Fordow ကို ဖျက်ဆီးမိသော်လည်း အီရန်၏ နျူကလီးယား အစီအစဉ်သည် တစ်နည်းနည်းဖြင့် ဆက်လက်ရှင်သန်နေသည်ကို တွေ့ရှိရခြင်းဖြစ်နိုင်သည်။ ထိုအခါ အီရန်ခေါင်းဆောင်များသည် ၎င်းတို့၏ အသက်ရှင်ရေးအတွက် နျူကလီးယားလက်နက်ထုတ်လုပ်ရန် အပြင်းအထန် ကြိုးစားလာနိုင်သည်။
အစ္စရေး၏ ထောက်လှမ်းရေးသည် လွန်ခဲ့သော (၁၈) လအတွင်း အလွန် တိကျမှန်ကန်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဟားမက် ၏ အကြီးစား တိုက်ခိုက်မှုကို ကြိုတင်မသိရှိခဲ့ပေ။ ထိုအချက်ကို ကြည့်ခြင်း အားဖြင့် မည်သည့်အရာမျှ ပြီးပြည့်စုံခြင်း မရှိသည်ကို တွေ့နိုင်သည်။ ထိုအချက်သည် ထရမ့်၏ အီရန်အပေါ် တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်ရန် စဉ်းစားဆင်ခြင်မှုကို နှောင့်ယှက်နေသည်ဟု သုံးသပ်ကြသည်။
ကိုးကား- CNN
Photo: aa.com.tr

ဂျာမနီဝန်ကြီးချုပ် Friedrich Merz က အီရန်ကို အစ္စရေး၏ စစ်ရေး တိုက်ခိုက်မှုများအား လူသိရှင်ကြား ချီးကျူးဂုဏ်ပြုလျက် အစ္စရေး အစိုးရနှင့် တပ်မတော်သည် အနောက်နိုင်ငံများအတွက် အမှိုက်ထုပ် ရှင်းလင်းရေးအလုပ် (Dirty work) ကို ရဲရင့်စွာ လုပ်ဆောင်ပေးနေသည် ဟု ပြောကြားခဲ့သည်။
G7 ထိပ်သီးအစည်းအဝေး (ကိုယ်စားလှယ်အဆင့်) ကနေဒါ၌ ကျင်းပစဉ် ၎င်းပြုလုပ်ခဲ့သော အင်တာဗျူးများတွင် ဂျာမနီခေါင်းဆောင်က ထိုကဲ့သို့ ရှင်းလင်းချက်ပေးခဲ့သည်။ မူလ အီရန်နျူကလီးယား သဘောတူညီချက်ကို အာမခံခဲ့သော နိုင်ငံများအားလုံး (ရုရှား၊ တရုတ်မှလွဲ၍) အဆိုပါ အစည်းအဝေးတွင် ပါဝင်ခဲ့သည်။

ZDF သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် Merz က “ဒါဟာ အစ္စရေး က မိမိတို့အားလုံးအတွက် လုပ်ပေးနေသည့် အမှိုက်ထုပ် ရှင်းလင်းရေး အလုပ်ပါ။ ဒီစနစ်၏ သားကောင်တွေလည်း မိမိတို့ပါပဲ” ဟု ဆိုကာ “ဘာသာရေးအစွန်းရောက် မူလာ (Mullah) အစိုးရဟာ ကမ္ဘာကို သေခြင်းနှင့် ဖျက်ဆီးမှုတွေ ယူဆောင် လာခဲ့သည်” ဟု စွပ်စွဲပြောဆို ခဲ့သည်။
Merz က Welt သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတစ်ခု၌ ဆက်လက် ပြောကြားရာတွင် “လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက တိုက်ခိုက်မှုများသည် မူလာအစိုးရကို အတော်လေး အားနည်းသွားစေပြီး အရင်လို အင်အားပြန်မကောင်းနိုင်တော့ ဟု မိမိယူဆပါသည်။ ဒါဟာ ထိုနိုင်ငံ၏ အနာဂတ်ကို မရေရာမှုတွေ ဖြစ်စေနိုင်ပါသည်” ဟု ထပ်မံ ဖြည့်စွက်ပြောကြားခဲ့သည်။
ဂျာမနီသည် ၂၀၁၅ ခုနှစ်က Joint Comprehensive Plan of Action (JCPOA) သို့မဟုတ် အီရန်နျူကလီးယားသဘောတူညီချက် ညှိနှိုင်းခဲ့သည့် P5+1 အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည်။ အစ္စရေး၏ တိုက်ခိုက်မှုများကို ထောက်ခံသော်လည်း Merz က ဘာလင်သည် အီရန်နိုင်ငံ နျူကလီးယားလက်နက်မရရှိစေရန် အာမခံသည့် ညှိနှိုင်းမှုအသစ်များကို ပံ့ပိုးရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။
တနင်္လာနေ့ (ဇွန် ၁၆) တွင် ထုတ်ပြန်သော ပူးတွဲကြေညာချက် တစ်ရပ်တွင် G7 ခေါင်းဆောင်များက အီရန်အား “ဒေသတွင်း မတည်ငြိမ်မှု နှင့် အကြမ်းဖက်မှု၏ အဓိကအရင်းအမြစ်” အဖြစ် ရှုတ်ချပြီး “အီရန်သည် နျူကလီးယားလက်နက်ကို မည်သည့်အခါမျှ ပိုင်ဆိုင်ခွင့်မရှိစေရ” ဟု ထပ်လောင်းပြောကြားခဲ့သည်။
G7 ထိပ်သီးညီလာခံမှ အချိန်မတိုင်မီ ထွက်ခွာသွားခဲ့သည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့ (ဇွန် ၁၇) တွင် အီရန်ထံမှ “ကန့်သတ်ချက် မရှိ လက်နက်ချရန်” တောင်းဆိုခဲ့သည်။ ဝါရှင်တန်က ယခင်က တီဟီရန် အား ယူရေနီယမ်ချဲ့ထွင်မှု အားလုံးကို ရပ်တန့်ရန် တောင်းဆိုခဲ့ သော်လည်း အီရန်အရာရှိများက ယင်းတောင်းဆိုချက်မှာ “လက်တွေ့နှင့် လုံးဝမကိုက်ညီသော” အရာဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ကိုးကား- RT

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက် နံနက် ၈ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့၊ ရွှေပေါက်ပင်ရပ်ကွက်နေ ဦးမင်းဇော်(၄၄)နှစ်သည် သားဖြစ်သူ မောင်ဖြိုးမင်းသူ(၁၆)နှစ်၊ တစ်ရွာတည်းနေ မောင်ပြည့်ဖြိုးဇော်(၁၇)နှစ်တို့နှင့်အတူ အဆိုပါရပ်ကွက်ရှိ ဦးထွေးလင်း၏ သရက်ခြံဝင်ပေါက်အနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင် ထားသည့် နင်းမိုင်း တစ်လုံးအား ဦးမင်းဇော်မှ နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် ဝဲ/ယာဒူးအောက် ပြတ်ထွက်ဒဏ်ရာများ ရရှိခဲ့ပြီး မောင်ဖြိုးမင်းသူနှင့် မောင်ပြည့်ဖြိုးဇော်တို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA
18 June 2025
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက် နံနက် ၈ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့၊ ရွှေပေါက်ပင်ရပ်ကွက်နေ ဦးမင်းဇော်(၄၄)နှစ်သည် သားဖြစ်သူ မောင်ဖြိုးမင်းသူ(၁၆)နှစ်၊ တစ်ရွာတည်းနေ မောင်ပြည့်ဖြိုးဇော်(၁၇)နှစ်တို့နှင့်အတူ အဆိုပါရပ်ကွက်ရှိ ဦးထွေးလင်း၏ သရက်ခြံဝင်ပေါက်အနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင် ထားသည့် နင်းမိုင်း တစ်လုံးအား ဦးမင်းဇော်မှ နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် ဝဲ/ယာဒူးအောက် ပြတ်ထွက်ဒဏ်ရာများ ရရှိခဲ့ပြီး မောင်ဖြိုးမင်းသူနှင့် မောင်ပြည့်ဖြိုးဇော်တို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA

18 June 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများ ပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
18 June 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများ ပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက် နံနက် ၈ နာရီတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ကျောဘုတ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ခြိမ်းခြောက်စာ တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်း၏ ကျောင်းစည်းကမ်းချက်ကြော်ငြာသင်ပုန်းပေါ်၌ အောက်ခံအနီရောင်ပေါ်တွင် အဖြူရောင်စာလုံးဖြင့် ကျောင်းဆရာ/ဆရာမများ ကျောင်းမတက်ရန် ခြိမ်းခြောက်ထားသော စာသားများပါရှိသည့် အလျား ၄ ပေ၊ အနံ ၂ ပေရှိ ဗွီနိုင်းစ ၁ ခုအား ကပ်ထားသည်ကို တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် စာသင်ကျောင်းများသို့ ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA
18 June 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများ ပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက် နံနက် ၈ နာရီတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ကျောဘုတ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ခြိမ်းခြောက်စာ တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်း၏ ကျောင်းစည်းကမ်းချက်ကြော်ငြာသင်ပုန်းပေါ်၌ အောက်ခံအနီရောင်ပေါ်တွင် အဖြူရောင်စာလုံးဖြင့် ကျောင်းဆရာ/ဆရာမများ ကျောင်းမတက်ရန် ခြိမ်းခြောက်ထားသော စာသားများပါရှိသည့် အလျား ၄ ပေ၊ အနံ ၂ ပေရှိ ဗွီနိုင်းစ ၁ ခုအား ကပ်ထားသည်ကို တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် စာသင်ကျောင်းများသို့ ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA

18 June 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက် နံနက် ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၌ ရန်ကုန်မြို့မှ ဘားအံသို့ ယာဉ်မောင်း ရန်နိုင်စိုး မောင်းနှင်ပြီး သီဟစိုး(ခ)မောင်စိုး လိုက်ပါလာသော MDY-7/6I-XXXX FUSO အစိမ်းရောင် မှန်လုံမော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်မောင်းထိုင်ခုံအောက် တူးဘောက်အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၅ ကီလိုအား ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရန်ကုန်မှ ဘားအံသို့ သယ်ဆောင်ခိုင်းသူ စိုးမင်းအား ဇွန် ၁၀ ရက် နံနက် ၁၁ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခနမ်းဒိုကျေးရွာအနီး ဘားအံ-မြဝတီသွားကားလမ်း၌ BGO-10/1Q-XXXX GRAND STAREX အဖြူရောင်မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရန်ကုန်မြို့မှတစ်ဆင့် မြဝတီမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ သုံးဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အီရန်နိုင်ငံသည် ဇွန်လ ၁၇ ရက်တွင် အစ္စရေးနိုင်ငံကိုတိုက်ခိုက်ရန် ဒုံးကျည် အမျိုးအစားအသစ်ကို အသုံးပြုခဲ့ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးဌာနမှပြောရေး ဆိုခွင့်ရှိသူ ရီဇာတာလေနစ်က ပြော သည်။

အီရန်တပ်မတော်အနေဖြင့် အစ္စရေး ကိုတိုက်ခိုက်ရန် လက်နက်အသစ်များကို အသုံးပြုသွားတော့မည်ဖြစ်ကြောင်း အီရန် ကြည်းတပ်ဦးစီးချုပ်ကပြောပြီးနောက် အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောခြင်း ဖြစ်သည်။
အစ္စရေးနိုင်ငံက ဇွန်လ ၁၃ ရက်တွင် အီရန်နိုင်ငံကို တိုက်ခိုက်မှုများစတင် လုပ်ဆောင်ပြီးနောက် အီရန်နိုင်ငံက လက်တုံ့ပြန်သည့်အနေဖြင့် True Promise 3 ဟုအမည်ပေးထားသော စစ်ဆင်ရေးကို ဆင်နွှဲကာ အစ္စရေးစစ်ဘက်ပစ်မှတ်များ အပေါ် တိုက်ခိုက်မှုများလုပ်ဆောင်လာခြင်းဖြစ်သည်။
အဆိုပါနှစ်နိုင်ငံကြားတိုက်ခိုက်မှုများကြောင့် နှစ်ဖက်စလုံးတွင် သေဆုံးဒဏ်ရာ ရရှိမှုများနှင့် ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရသည်။
Ref: Sputnik
Photo - France 24

17 June 2025
လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ စီတောင်းကျေးရွာ၊ ငါန်းဇွန်-တံတားဦးကားလမ်းဘေး လျှော်ဖြူခြံအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ငါန်းဇွန်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ ဦးကျော်လင်းထိုက်(ခ)ကျော်လင်း (၄၂)နှစ်သည် ၎င်း၏နေအိမ်မှ အဆိုပါလျှော်ဖြူခြံအနီးအရောက်၌ အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)က “သတင်းပေး၊ ဒလန်” ဟုစွပ်စွဲကာ သေနတ်၊ ဓားများဖြင့် ပစ်ခတ်၊ သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်လင်းထိုက်(ခ)ကျော်လင်းတွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။