သတင်းများ

19 June 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံ ပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင် လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ယုန်တောင်ကျေးရွာနေသူများဖြစ်ကြသည့် ဦးကျော်ရဲအောင်(၃၂)နှစ်၊ ဦးဝင်းထူး(၃၀)နှစ်၊ ဦးရှိန်းထက်အောင်(၃၀)နှစ်၊ ကိုဇွဲထက်(၂၂)နှစ်၊ ကိုဝေဠု(၂၆)နှစ်၊ ဒေါ်တင်ဇာခိုင် (ခ)အောင်ငဲ(၃၀)နှစ်နှင့် ဒေါ်အေးအေးထွေး(၃၆)နှစ်တို့သည် ယုန်တောင်ကျေးရွာမှ ထီးလှိုင်ကျေးရွာ အနီးရှိ ဒေသအခေါ် ငှက်တွင်းသို့ သွားရောက်စဉ် အဆိုပါနေရာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား ၁၀၀ ဦးခန့်(စိစစ်ဆဲ) ရောက်ရှိလာပြီး ဒေါ်အေးအေးထွေးအား ယုန်တောင်ကျေးရွာသို့ ပြန်လည်စေလွှတ်ကာ ဦးကျော်ရဲအောင်၊ ဦးဝင်းထူး၊ ဦးရှိန်းထက်အောင်၊ ကိုဇွဲထက်၊ ကိုဝေဠုနှင့် ဒေါ်တင်ဇာခိုင်(ခ)အောင်ငဲတို့ ခြောက်ဦးအား မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဖိုးအင်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေ တောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ပြည်သူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

Photo - Icon Scout

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊  ဇွန် ၁၇ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ အနိမ့်ကျေးရွာ၌ သာပေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းသိုက်(၃၉)နှစ်ပါ ပူးပေါင်းအဖွဲ့သည် လုံခြုံရေးဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၅ ဦးခန့်(စိစစ်ဆဲ)က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ဦးမင်းသိုက်တွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အမေရိကန်စစ်တပ်သည် အရှေ့အလယ်ပိုင်းရှိ လေယာဉ်အချို့နှင့် သင်္ဘောအချို့ကို ရွှေ့ပြောင်းထားဟု ကာကွယ်ရေးအရာရှိများပြောဆို

ကာကွယ်ရေးအရာရှိနှစ်ဦး၏ ပြောကြားချက်အရ အစ္စရေးနှင့် အီရန် အကြား ပဋိပက္ခကျယ်ပြန့်နေစဥ်တွင် အမေရိကန်စစ်တပ်သည် အရှေ့ အလယ်ပိုင်းရှိ ၎င်းတို့၏စစ်အင်အားနှင့် ပစ္စည်းများကို ကာကွယ်ရန် အဆင့်များစွာဆောင်ရွက်ခဲ့သည်။ ၎င်းတွင် ကာတာရှိ Al Udeid လေတပ် ၏ အကာအရံမဲ့လေယာဉ်အားလုံးကို ရွှေ့ပြောင်းခြင်းနှင့် ဘာရိန်းတွင် တပ်စွဲထားသော အမေရိကန်ရေတပ်သင်္ဘောများကို ရွှေ့ပြောင်းခြင်းတို့ ပါဝင်သည်ဟု သိရှိရပါသည်။

ထို့အပြင် US Central Command သည် ဒေသတွင်း သွေးသိုလှောင်မှု အပိုများကို ကြိုတင်စုဆောင်းထားကြောင်း အရာရှိများနှင့် နီးစပ်သူ တစ်ဦးက ပြောကြားခဲ့သည်။ ၎င်းမှာ အမေရိကန်စစ်အင်အား တိုက်ခိုက် နိုင်ခြေရှိသည့်အခါတိုင်း ကျင့်သုံးလေ့ရှိသော စံလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

အရာရှိတစ်ဦးက အဆိုပါပြောင်းလဲမှုများအား အမေရိကန်က အီရန်၏ နျူကလီးယားစက်ရုံများကို အစ္စရေးနှင့်အတူ တိုက်ခိုက်ရန် ဆုံးဖြတ်ပါက အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်သည်များနှင့်စခန်းများကို အီရန်က တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည့်အချိန်တွင် သတိထား၍ အစီအမံ ကြိုတင်ပြုလုပ်ထားခြင်းဟု ဖော်ပြခဲ့သည်။

အကာအရံမဲ့ အမေရိကန်လေယာဉ်များကို ယခုသီတင်းပတ် အစောပိုင်း တွင် ကာတာရှိ Al Udeid လေတပ်စခန်းမှ ရွှေ့ပြောင်းခဲ့ကြောင်း ဂြိုလ်တု ဓာတ်ပုံများတွင် လေယာဉ်မရှိတော့သည်ကို တွေ့ရပြီးနောက် အရာရှိ တစ်ဦးက အတည်ပြုခဲ့သည်။ ထို့အပြင် ဘာရိန်းရှိ Naval Support Activity (အမေရိကန်ရေတပ်၏ အခြေစိုက်စခန်း) တွင် ရှေ့တန်း တပ်စွဲ ထားသော အမေရိကန်ရေတပ်သင်္ဘောအားလုံးသည်လည်း ယခုသီတင်းပတ် အစောပိုင်းတွင် ဆိပ်ကမ်းမှ ထွက်ခွာသွားခဲ့သည်။ တင်းမာမှုမြင့်တက် နေစဥ်ကာလအတွင်း ထိုလေယာဉ်များနှင့် သင်္ဘောများကို မည်သည့် နေရာသို့ ရွှေ့ပြောင်းထားသည်ကိုမူ မသိရသေးပေ။

(CNN ၏သတင်းအရ သမ္မတ Donald Trump သည် အီရန်၏ နျူကလီးယား စက်ရုံများကို တိုက်ခိုက်ရန် မဆုံးဖြတ်ရသေးပေ။ သို့သော် အကယ်၍ ၎င်းက တိုက်ခိုက်ပါက တီဟီရန်က အမေရိကန်ကို တိုက်ရိုက်ပြန်လည်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ထားသည်။ အီရန်တွင် အမေရိကန်စစ်အင်အားနှင့် စခန်းများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်နိုင်သည့် ကြားခံအဖွဲ့များစွာ ရှိနေသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် အီရန်မှထောက်ခံသော Shia မွတ်စ်လင်အဖွဲ့က ဆီးရီးယား-အီရတ်နယ်စပ်ရှိ အမေရိကန်စခန်း Tower 22 ကို ဒရုန်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အမေရိကန်စစ်သား ၃ ဦးသေဆုံးကာ ဒါဇင်နှင့်ချီ ဒဏ်ရာ ရခဲ့သည်။)

ကိုးကား- CNN

Photo: Arab News

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဟန်ဂေရီ ရဲတပ်ဖွဲ့က ဘူဒါပက်စ်မြို့၌ ကျင်းပမည့် Pride ချီတက်ပွဲကို တားမြစ်

ဟန်ဂေရီ ရဲတပ်ဖွဲ့က လာမည့် ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပမည့် LGBTQ+ လိင်တူချစ်သူများ အသိုင်းအဝိုင်း၏ ဘူဒါပက်စ် Pride ချီတက်ပွဲကို တားမြစ်လိုက်ကြောင်း ကြာသပတေးနေ့ (ဇွန် ၁၉) က ထုတ်ပြန်ကြေညာခဲ့ ပါသည်။

ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်၏ လက်ယာယိမ်းအစိုးရ Fidesz ပါတီ အင်အားကြီးထွားနေသည့် ဟန်ဂေရီပါလီမန်က မတ်လအတွင်းတွင် ကလေး သူငယ်များကို ကာကွယ်ရန်ဆိုသည့် အကြောင်းပြချက်နှင့် LGBTQ ချီတက်ပွဲများကို ရဲတပ်ဖွဲ့က တားမြစ်နိုင်သည့် ဥပဒေတစ်ရပ်ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။

ဘူဒါပက်စ်မြို့တော်ဝန် လစ်ဘရယ်ဝါဒီ Gergely Karacsony က ယင်း ဥပဒေကို ဆန့်ကျင်ရန်ကြိုးစားခဲ့ပြီး တနင်္လာနေ့ (ဇွန် ၁၆) က ဘူဒါပက်စ် Pride ချီတက်ပွဲကို မြို့တော်အစိုးရပွဲအဖြစ်ကျင်းပမည်ဟု ကြေညာကာ “အာဏာပိုင်တွေဆီက ခွင့်ပြုချက်တောင်းစရာ မလို” ဟု ဆိုခဲ့ပါသည်။

သို့သော် ဘူဒါပက်စ်မြို့တော်ရဲတပ်ဖွဲ့က မြို့တော်ဝန် ကျင်းပမည့်ပွဲကိုလည်း အဆိုပါဥပဒေအတိုင်း သက်ရောက်စေမည်ဟုဆိုကာ တားမြစ်လိုက် ပါသည်။

Karacsony က ဖေ့စ်ဘွတ်တွင် ရဲတပ်ဖွဲ့၏ တားမြစ်ချက်က အရေးမပါဟု ပြောဆိုပြီး အာဏာပိုင်များထံသို့ ပွဲစီစဉ်မှုအကြောင်း တရားဝင် အကြောင်းကြားထားခြင်း မရှိသေးဟု ဆိုပါသည်။

“မြို့တော်အစိုးရအနေဖြင့် ဟန်ဂေရီလွတ်လပ်ရေးနေ့ဖြစ်သည့် ဇွန်လ ၂၈ ရက်တွင် ဘူဒါပက်စ် Pride လွတ်လပ်ရေးချီတက်ပွဲကို မြို့တော်ပွဲ အဖြစ် ကျင်းပမည်” ဟု မြို့တော်ဝန်က ရေးသားခဲ့ပါသည်။ လူပေါင်း သောင်းချီ၍ ၎င်းချီတက်ပွဲကို တက်ရောက်မည်ဟု မျှော်မှန်းထားကြောင်း ဆိုသည်။

အော်ဘန်သည် ၂၀၂၆ ခုနှစ်တွင် စိန်ခေါ်မှုများပြည့်နှက်နေသည့် ရွေးကောက်ပွဲကို ရင်ဆိုင်ရမည်ဖြစ်ပြီး အာဏာရှင်စနစ်ကို ခြိမ်းခြောက်နေသည့် အတိုက်အခံပါတီသစ်တစ်ခု ပေါ်ထွက်လာနေကြောင်း သိရှိရ ပါသည်။

၎င်းအစိုးရ၏ ခရစ်ယာန် ရှေးရိုးစွဲမူဝါဒများနှင့် LGBTQ အသိုင်းအဝိုင်းကို တိုက်ဖျက်ရေး စည်းရုံးမှုများသည် Fidesz ပါတီ၏ အခြေခံမဲဆန္ဒရှင်များကို ကျေနပ်စေရန် ရည်ရွယ်ပါသည်။ အထူးသဖြင့် ကျေးလက်ဒေသ မှ မဲဆန္ဒရှင်များဖြစ်သည်။

အော်ဘန်က ဖေဖော်ဝါရီလအတွင်းတွင် Pride ပွဲကို ဘူဒါပက်စ်၌ ယခု နှစ်ကျင်းပရန် စဉ်းစားစရာ မလိုဟု ပြောဆိုခဲ့ပါသည်။

အီရန်သည် အစ္စရေးသို့ ဒုံးကျည်ဒါဇင်နှင့်ချီ၍ ပစ်လွှတ်ခဲ့ပြီး အရပ်သား နေရာများကို အမြောက်အမြား ထိမှန်ခဲ့သည်ဟု အစ္စရေးစစ်ဘက် အရာရှိတစ်ဦးကပြောကြား

အစ္စရေးစစ်ဘက်အရာရှိတစ်ဦး၏ ပြောကြားချက်အရ အီရန်သည် ကြာသပတေးနေ့ (ဇွန် ၁၉) နံနက်ပိုင်းတွင် ဒုံးကျည်ဒါဇင်နှင့်ချီ၍ ပစ်လွှတ် တိုက်ခိုက်ခဲ့ပြီး အရပ်သားနေရာများကို အမြောက်အမြား ထိမှန် ခဲ့ကြောင်း သိရှိရပါသည်။

အစ္စရေး၏ တောင်ပိုင်းမြို့တစ်မြို့ဖြစ်သော Be’er-Sheva မြို့ရှိ အဓိက ဆေးရုံကြီးတစ်ခုသည်လည်း အီရန်၏ဒုံးကျည်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ကြောင်း ဆေးရုံပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“ဒဏ်ရာရရှိသူများအပါအဝင် ထိခိုက်ပျက်စီးမှုအခြေအနေကို ဆန်းစစ်နေပါသည်” ဟု Soroka ဆေးရုံကြီး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး နေရာအနှံ့အပြားတွင် ကြီးမားသော ထိခိုက်ပျက်စီးမှုများရှိကြောင်း ဖော်ပြခဲ့သည်။ လက်ရှိအချိန်တွင် ဆေးရုံသို့ လာရောက်ခြင်း မပြုရန်ကိုလည်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

အစ္စရေး၏ အဆင့်မြင့်ဆေးရုံကြီးများထဲမှ တစ်ခုအဖြစ် ဂုဏ်ယူစွာ ဖော်ပြထားသော Soroka ဆေးရုံအနီးတစ်ဝိုက် တိုက်ခိုက်မှု နောက်ပိုင်း အခြေအနေများကို ဖော်ပြထားသည့် တယ်လီဂရမ် ဗီဒီယိုများတွင် အဆောက်အဦများစွာ ပျက်စီးနေသည့်အပြင် မြေပြင်ပေါ်တွင် အပျက်အစီးများ စုပုံနေသည်ကို တွေ့ရသည်။

အစ္စရေးကာကွယ်ရေးတပ် (IDF) ၏ ပြည်တွင်းလုံခြုံရေးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို ထိခိုက်မှုဖြစ်ပွားသည်ဟု အစီရင်ခံထားသော နေရာများသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။

ဘောလ်တစ်နိုင်ငံက ရုရှား၏ အဓိက နယ်စပ်ဖြတ်ကျော်ရာနေရာကို ပိတ်သိမ်းမည်ဟု ခြိမ်းခြောက်

အက်စ်တိုးနီးယားနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီး Igor Taro က ရုရှားသို့ ဝင်ရောက်လိုသူများ၏ အရေအတွက်များပြားလာမှုကြောင့် အရှေ့ပိုင်း Narva မြို့ရှိ နယ်စပ်ဖြတ်ကျော်စခန်းကို ပိတ်သိမ်းရန် အလားအလာ ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဘောလ်တစ်နိုင်ငံဖြစ်သော အက်စ်တိုးနီးယားတွင် ရုရှားလူမျိုးများသည် လူဦးရေ၏ ငါးပုံတစ်ပုံထက် ပိုမိုနေထိုင်ပြီး လွန်ခဲ့သောလ အနည်းငယ် ကတည်းက နယ်စပ်တွင် စီတန်းစောင့်ဆိုင်းနေမှုများသည် ဒေသခံမီဒီယာ များ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။

ယခင်က Narva မြို့တော်ဝန်ဖြစ်ခဲ့ပြီး လက်ရှိတွင် အက်စ်တိုးနီးယား လွှတ်တော်အမတ်ဖြစ်သူ Aleksey Yevgrafov က ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ပိတ်ထားသော မြို့၏ ဒုတိယ နယ်စပ်ဖြတ်ကျော်စခန်းကို ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း ခဲ့ရာ Taro က နယ်စပ်တာဝန်ရှိသူများ အလုပ်ဖိအားများလာပါက Narva နယ်စပ်အပါအဝင် နယ်စပ်တစ်ခုလုံးကို ပိတ်လိုက်ခြင်းက ပိုမိုကောင်းမွန်သည် ဟု ပြန်လည်ဖြေကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးက အဆိုပါကိစ္စတွင် အက်စ်တိုးနီးယားအနေဖြင့် ဥရောပသမဂ္ဂ (Brussels) ၏ လမ်းညွှန်ချက်များကို အဓိက လိုက်နာရမည်ဖြစ်ပြီး ရုရှားသို့ဖြတ်ကျော်ဝင်ရောက်လိုသူများ၏ အခက်အခဲများ ထက် မော်စကိုအပေါ် ခရီးသွားလာရေးနှင့် ကုန်သွယ်ရေး ကန့်သတ်ချက်များကို ဦးစားပေးရမည်ဟု ထပ်လောင်းအတိအလင်း ပြောကြားခဲ့သည်။

ERR သတင်းဌာန၏ ဖော်ပြချက်အရ Taro က “နယ်စပ်တွင် စီတန်း စောင့်ဆိုင်းနေရခြင်းသည် ရုရှား၏ ယူကရိန်းအပေါ် စစ်ဆင်ရေးနှင့် ဆက်စပ်နေပြီး အက်စ်တိုးနီးယားနိုင်ငံသားနှင့် နေထိုင်သူအားလုံးသည် ရုရှားအပေါ် သီးခံပိတ်ဆို့ဒဏ်ခတ်မှုများကို အပြည့်အဝ အကောင်အထည်ဖော်ရန် တာဝန်ရှိသည်” ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သည့် လအတွင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ Narva မှ ရုရှားသို့ ဖြတ်ကျော်ဝင်ရောက်လိုသူများသည် ၁၆ နာရီမှ ၂၀ နာရီအထိ စောင့်ဆိုင်းခဲ့ရပြီး တစ်ခါတစ်ရံ နယ်စပ်ပိတ်ချိန်မတိုင်မီ ဖြတ်ကျော် နိုင်ခြင်း မရှိကြောင်း သိရသည်။

ERR ၏ အဆိုအရ အက်စ်တိုးနီးယား ပြည်ထဲရေးဝန်ကြီးဌာနက ထိုကဲ့သို့ စီတန်းမှုများ ဖြစ်ပေါ်ရခြင်းမှာ အက်စ်တိုးနီးယားမှ ရုရှားသို့ ဖြတ်ကျော် လာသည့် ကုန်စည်နှင့် ခရီးသွားအားလုံးကို “အပြည့်အဝ အကောက်ခွန် ထိန်းချုပ်မှု” (totally customs control) ကျင့်သုံးခြင်းကြောင့်ဟု ဝန်ခံ ထားသည်။

လတ်ဗီးယားနှင့် လစ်သူယေးနီးယားတို့ကဲ့သို့ပင် အက်စ်တိုးနီးယားသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် ယူကရိန်းပဋိပက္ခ စတင်ချိန်မှစ၍ မော်စကို အပေါ် ရန်လိုသောသဘောထား ပိုမိုပြင်းထန်လာခဲ့ပြီး ယူကရိန်းစစ်ပွဲ အပြီး ရုရှားက ၎င်းတို့အား ကျူးကျော်မည်ဟု မကြာခဏ ပြောဆိုခဲ့ သည်။

သို့သော် ရုရှားအစိုးရက အဆိုပါအချက်ကို အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီး အက်စ်တိုးနီးယားနှင့် အခြားဘောလ်တစ်နိုင်ငံများ၏ တင်းမာသည့် မူဝါဒများကို “ရုရှားဆန့်ကျင်ရေး” (Russophobic) အဖြစ် ရှုတ်ချခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မေလတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ထိုနိုင်ငံများ၏အရာရှိများသည် EU ၏ ထောက်ပံ့ငွေများအပေါ် အလွန်မှီခိုနေရပြီး ဘရပ်ဆဲလ်၏ အမိန့်များ ကိုသာ အာရုံစိုက်နေကြောင်း ပြောကြားခဲ့သည်။

သို့သော် ဘောလ်တစ်နိုင်ငံများ၏ ရုရှားဆန့်ကျင်ရေး လှုပ်ရှားမှုများသည် “၎င်းတို့နိုင်ငံသားများ၏ ဘဝကို ပိုမိုခက်ခဲစေပြီး တစ်ခါတစ်ရံ မခံမရပ် နိုင်အောင် ဖြစ်စေသည်” ဟု ၎င်းကထပ်လောင်း ဝေဖန်ခဲ့သည်။

ကိုးကား- RT

အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် ခါမေနီက အမေရိကန်သမ္မတ Donald Trump ၏ ဝေဖန်ပြောဆိုမှုများကို ပြန်လည်တုံ့ပြန်

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် Ayatollah Ali Khamenei က “အမေရိကန်က စစ်ရေးဝင်ရောက်စွက်ဖက်ပါက ပြန်လည်ကုစား မရနိုင်သော ဆုံးရှုံးမှုများ တွေ့ကြုံရမည်” ဟု ပြောကြားခဲ့သည်။ ၎င်း၏ ထုတ်ပြန်ချက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တိုက်ရိုက်ခြိမ်းခြောက်မှုများ အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ထရမ့်က အီရန်သည် အမေရိကန် ပစ်မှတ်များကို တိုက်ခိုက်လာပါက အမေရိကန်တပ်များက ချက်ချင်း တုံ့ပြန်ပစ်ခတ်နိုင်ကြောင်း သတိပေးခဲ့ပြီး ခါမေနီသည် “လွယ်ကူသော ပစ်မှတ်တစ်ခုဖြစ်သည်” ဟုလည်း ညွှန်းဆိုခဲ့သည်။

“ကျွန်တော်တို့က သူ့ကို အခုအချိန်မှာတော့ ဖယ်ရှားမှာ မဟုတ်ပါ” ဟု ထရမ့်က ၎င်း၏ Truth Social အကောင့်တွင် ရေးသားခဲ့သည်။ အခြား ပို့စ်များတွင် အီရန်သည် “ခြွင်းချက်မရှိလက်နက်ချရမည်” ဟု အတင်းအကျပ် တိုက်တွန်းကာ အမေရိကန်က “အီရန်ကောင်းကင်ယံကို အပြည့်အဝ ထိန်းချုပ်ထားသည်” ဟုလည်း ဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) တွင် ထရမ့်၏ ခြိမ်းခြောက်မှုများကို ရုပ်သံမှတစ်ဆင့် တုံ့ပြန်ရာတွင် ခါမေနီက “အီရန်နှင့် ၎င်း၏သမိုင်းကို နားလည်သူ၊ ပညာရှိ သူတိုင်းက ခြိမ်းခြောက်စကားနှင့် ဒီနိုင်ငံကို မပြောကြပါ” ဟု ပြောကြားခဲ့သည်။

အီရန်ခေါင်းဆောင်က “အီရန်သည် လက်နက်ချမည့်နိုင်ငံ မဟုတ်ပါ” ဟုဆိုကာ “အမေရိကန်၏ မည်သည့်စစ်ရေးဝင်ရောက်မှုမဆို ပြန်လည် ကုစားမရနိုင်တဲ့ဆုံးရှုံးမှုတွေ ဖြစ်လာစေမှာပါ” ဟု ဖြည့်စွက် ပြောကြား ခဲ့သည်။

ခါမေနီက ထရမ့်၏ “ခြွင်းချက်မရှိ လက်နက်ချရန်” နောက်ဆုံး သတ်မှတ်ချက်ကို လက်မခံနိုင်ဟု ရှင်းလင်းပြောဆိုခဲ့ပြီး အစ္စလာမ္မစ် သမ္မတနိုင်ငံအနေဖြင့် “အတင်းအကျပ် ချမှတ်ထားသော ငြိမ်းချမ်းရေးကို လက်မခံပါ” ဟု အတိအလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ “အမေရိကန် သမ္မတက မိမိတို့ကို ခြိမ်းခြောက်နေပါသည် ၊ ၎င်း၏အဓိပ္ပာယ်မရှိသည့် စကားလုံးများဖြင့် အီရန်ပြည်သူတွေကို လက်နက်ချရန် တောင်းဆိုနေပါသည်၊ ခြိမ်းခြောက်ခံရမှာကို ကြောက်နေသူတွေကိုသာ ခြိမ်းခြောက် သင့်တာပါ၊ အီရန်နိုင်ငံသားများသည် ယခုလိုခြိမ်းခြောက်မှုတွေကို လုံးဝ မကြောက်ရွံ့ပါ” ဟု ပြောကြားခဲ့သည်။ ထို့အပြင် ထရမ့်၏ ထုတ်ပြန်ချက် များက ဝါရှင်တန်သည် အစ္စရေး၏ အီရန်ကိုတိုက်ခိုက်မှုတွင် တိုက်ရိုက် ပါဝင်နေကြောင်း ညွှန်းဆိုနေသည်ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက် မွန်းလွဲ ၃ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူ့စစ် အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျေးရွာလုံခြုံရေးဆောင်ရွက်နေစဉ် အဆိုပါကျေးရွာ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာ တောတန်းအနီး၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် ဦးဇော်မြင့်(၃၅)နှစ်တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက် ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက် နံနက် ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ ကျောင်းသား/ကျောင်းသူ ၁၈၅ ဦး (ကျောင်းသား ၇၈ ဦး၊ ကျောင်းသူ ၁၀၇ ဦး) တို့အား ဆရာ/ဆရာမ ၁၃ ဦးဖြင့် ပညာသင်ကြားပေးလျက်ရှိသည့် “ငွေသော်တာ” ကိုယ်ပိုင်အလယ်တန်းကျောင်းအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် “ငွေသော်တာ” ကိုယ်ပိုင်အလယ်တန်းကျောင်းသို့ PDF အမည်ခံ အကြမ်းဖက်သမား ငါးဦးသည် ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ဆရာ/ဆရာမများအား “ကျောင်းအုပ်ဘယ်သူလဲ” ဟု မေးမြန်းရာ ဆရာ/ဆရာမများမှ “ကျောင်း၌ မရှိကြောင်း” ပြန်လည်ဖြေကြားခဲ့ရာ အဆိုပါအကြမ်းဖက် သမားများက သေနတ် သုံးချက် ပစ်ဖောက်၍ ပြန်လည်ထွက်ခွာသွားကြောင်းသိရှိခဲ့ရသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများ ပြန်လည်ထွက်ခွာသွားသည့် လမ်းကြောင်းအတိုင်း အကြမ်းဖက်ချေမှုန်းရေး လိုက်လံဆောင်ရွက်စဉ် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ စက်မှုဇုန်ရပ်အရောက်၌ အဆိုပါအကြမ်းဖက်သမားများသည် စက်မှုဇုန်ရပ်၊ အမှတ်(၉) လမ်းနေ အခြေခံပညာအထက်တန်းကျောင်းခွဲ(စက်မှုဇုန်)မှ ဒုတိယမူလတန်းပြဆရာမ ဒေါ်ခင်မိုးမြင့် (၄၂)နှစ်အား ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆရာမဒေါ်ခင်မိုးမြင့်အား ပြန်လည်ကယ်တင်နိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဘုန်းကံကျေးရွာနှင့် ကြီးရွာသွားလမ်းဘေး၌ ဆရာမ ဒေါ်ခင်မိုးမြင့်အား အန္တရာယ်ကင်းစွာ ပြန်လည်ကယ်တင်နိုင်ခဲ့ပါသည်။အထက်ပါဖြစ်စဉ်များမှ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ပစ်မှတ်ထား ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများ ပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ “တော်ဝင်” ကိုယ်ပိုင်အထက်တန်း ကျောင်း၌ Gread-12 တက်ရောက်နေသည့် ကျောင်းသူ နှစ်ဦးဖြစ်သည့် မပန်းအိဖြူ၊ မသင်းသင်းလှိုင်နှင့် အမှတ်(၁)ရပ်ကွက်ရှိ “အားမာန်” ဘော်ဒါဆောင်မှ ကျောင်းသူ မသိမ့်နန္ဒီထက်တို့၏ မိဘများအား အကြမ်းဖက်အဖွဲ့များမှ လာရောက်၍ သားသမီးများအား စာမေးပွဲဆက်လက်ဖြေဆိုခြင်းမပြုဘဲ ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာအုပ်စု၊ ကုလားတဲကျေးရွာသို့ ပြန်လာရန် ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရှိရပါသည်။

အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် စာသင်ကျောင်းများသို့ ခြိမ်းခြောက်စာ ပေးပို့ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။