သတင်းများ

ထရမ့်က တောင်ကိုရီးယားနှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို ကြေညာ

သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နှင့် တောင်ကိုရီးယားတို့အကြား ကုန်သွယ်ရေးသဘောတူညီချက် ညှိနှိုင်းမှုပြီးဆုံးကြောင်း ကြေညာခဲ့ပြီး ယင်းသဘောတူညီချက်တွင် တောင်ကိုရီးယားမှ တင်သွင်းကုန်များ အပေါ် အကောက်ခွန် ၁၅% ကောက်ခံမည်ဖြစ်သည်။ ထို့အပြင် တောင် ကိုရီးယားဘက်မှ အမေရိကန်ထိန်းချုပ်သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဒေါ်လာ ၃၅၀ ဘီလီယံ နှင့် အမေရိကန် စွမ်းအင်ထုတ်ကုန်များ ဝယ်ယူရန် ဒေါ်လာ ၁၀၀ ဘီလီယံ ကတိပြုထားသည်။

ဇူလိုင်လ ၃၀ ရက်နေ့တွင် Truth Social ၌ ထရမ့်က အမေရိကန် ကုန်ပစ္စည်းများအပေါ် ပြန်လည်ကောက်ခံမည့် အကောက်ခွန်မရှိဟု ဂုဏ်ယူစွာဖော်ပြခဲ့ပြီး၊ ယင်းကို အာရှရှိ အဓိက မဟာမိတ်နိုင်ငံနှင့် စီးပွားရေး ဆက်ဆံရေး တည်ငြိမ်စေရန်ရည်ရွယ်သည့် ပြီးပြည့်စုံသော ကုန်သွယ်ရေးသဘောတူညီချက်အဖြစ် ရည်ညွှန်းခဲ့သည်။

တောင်ကိုရီးယားသမ္မတ Lee Jae‑myung က အဆိုပါရလဒ်သည် ဂရု တစိုက် ပြင်ဆင်မှု၏ ရလဒ်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ပို့စ်တွင် ဖော်ပြခဲ့ပြီး သဘောတူညီချက်ရရှိရန် "မတူညီသော အမြင်များကို စုစည်းကာ မဟာ ဗျူဟာများကို ပြုပြင်ခဲ့ကြောင်း" ပြောကြားခဲ့သည်။ Lee Jae‑myung က အမေရိကန်စီးပွားရေးတွင် ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီး မြှုပ်နှံမှု သည် သင်္ဘောတည်ဆောက်ရေး၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ဘက်ထရီ၊ ဇီဝ နည်းပညာနှင့် စွမ်းအင်ကဏ္ဍများတွင် ကိုရီးယားစက်မှုလုပ်ငန်းများ အမေရိကန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် အထောက်အကူဖြစ်စေမည် ဟု ဆိုသည်။

ကူးသန်းရောင်းဝယ်ရေးဌာန၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် တောင်ကိုရီးယားသည် အမေရိကန်သို့ ဒေါ်လာ ၁၃၂ ဘီလီယံ တန်ဖိုးရှိ မော်တော်ကား၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အီလက်ထရောနစ်ပစ္စည်း များတင်ပို့ခဲ့ပြီး၊ အမေရိကန်ဘက်မှ တောင်ကိုရီးယားသို့ ဒေါ်လာ ၆၆ ဘီလီယံ တန်ဖိုးရှိ စက်မှုလုပ်ငန်းသုံး စက်ယန္တရားများ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ တင်ပို့ခဲ့သည်။ ဤသည်မှာ ဝန်ဆောင်မှုမပါဘဲ အမေရိကန် ၏ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၆၆ ဘီလီယံ ဖြစ်စေခဲ့သော်လည်း ဝန်ဆောင်မှုများပါဝင်ပါက အဆိုပါကွာဟချက်မှာ ပိုမို ကျဉ်းမြောင်းသွားမည် ဖြစ်သည်။

ဝါရှင်တန်-ဆိုးလ် သဘောတူညီချက်သည် ထရမ့်၏ သီးသန့် သတ်မှတ် ထားသော ဩဂုတ် ၁ ရက် အကောက်ခွန်နောက်ဆုံးရက်စွဲမတိုင်မီယူကေ၊ ဂျပန်၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများနှင့် ရရှိထားသည့် အလားတူ သဘောတူညီချက်များပါဝင်သော ကျယ်ပြန့်သည့် မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဧပြီလတွင် တောင်ကိုရီးယားသည် ၂၅% "ပြန်လည်ကောက်ခံသော" အကောက်ခွန် ကို ခဏတာ ရင်ဆိုင်ခဲ့ရ သော်လည်း နောက်ဆုံး ၁၅% နှုန်းထားသည် အခြားနိုင်ငံများတွင် ယခု အသုံးပြု နေသော ၁၀% အခြေခံနှုန်းထက် ပိုမိုမြင့်မားနေဆဲဖြစ်သည်။

ဥရောပသမဂ္ဂသည်လည်း လွန်ခဲ့သည့်သီတင်းပတ်က ညှိနှိုင်းခဲ့သော သဘောတူညီချက်အရ အလားတူ အကောက်ခွန်နှုန်းထားကို ရင်ဆိုင် ရမည်ဖြစ်သည်။ အဆိုပါသဘောတူညီချက်ကို အမေရိကန်၏ တစ်ဖက်သတ် တောင်းဆိုမှုများကို အညံ့ခံခြင်းဟု ဝေဖန်သူများက သုံးသပ်ခဲ့ကြသည်။ အိမ်ဖြူတော်အကြံပေးတစ်ဦးကပင် "ထရမ့်ရှေ့တွင် ဒူးထောက်လိုက်ခြင်း" ဟု ခိုင်းနှိုင်းပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ထရမ့်က အိန္ဒိယနှင့် ကုန်သွယ်ရေးသဘောတူညီချက် မပြီးဆုံးသေးဘဲ အကောက်ခွန်များ တိုးမြှင့်နိုင်သည်ဟု သတိပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိန္ဒိယနှင့် ကုန်သွယ်ရေး သဘော တူညီချက်ကို ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံးရက် သတ်မှတ်ချက်မတိုင်မီ အပြီးသတ်ရန် မလွယ်ကူသေးကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ ပြောကြားချက်များသည် Reuters ၏ ဖော်ပြချက်တစ်ခုနှင့် ဆက်စပ် နေပြီး အိန္ဒိယသည် ကုန်သွယ်ရေးသဘောတူညီချက်မရှိပါက အမေရိကန် သို့ တင်ပို့မည့် ကုန်ပစ္စည်းများအတွက် ၂၀%-၂၅% အထိ အကောက်ခွန် များ တိုးမြှင့်ကျခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထရမ့်က "အိန္ဒိယသည် မိတ်ဆွေကောင်းတစ်ဦးဖြစ်သော်လည်း အခြား နိုင်ငံများထက် ပိုမိုမြင့်မားသော အကောက်ခွန်များ ကောက်ခံခဲ့သည်" ဟု ပြောကြားခဲ့ပြီး ၎င်းကိစ္စသည် မကြာမီ အဆုံးသတ် သွားမည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ အိန္ဒိယသည် သြဂုတ်လလယ် တွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ လာရောက်မည့်အချိန်တွင် ပိုမို ကျယ်ပြန့်သော ကုန်သွယ်ရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် စီစဉ် နေပြီး အောက်တိုဘာလတွင် နှစ်နိုင်ငံအကြား ကျယ်ပြန့်သော ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ် ရရှိရန် မျှော်လင့်ထားကြောင်း အိန္ဒိယ အရာရှိ များက ပြောကြားခဲ့သည်။

အိန္ဒိယသည် ကုန်ပစ္စည်းများစွာတွင် အကောက်ခွန်များ လျှော့ချရန် ကမ်းလှမ်းထားပြီး အကောက်ခွန်မဟုတ်သော အဟန့်အတားများကို ဖြေလျှော့ရန် လုပ်ဆောင်နေသော်လည်း စိုက်ပျိုးရေးနှင့် နို့ထွက်ပစ္စည်း များတင်ပို့မှု ကန့်သတ်ချက်များကို ရင်ဆိုင်နေရဆဲဖြစ်သည်။ ၂၀၂၄ ခုနှစ် တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၂၉ ဘီလီယံ ခန့်ရှိခဲ့ပြီး အိန္ဒိယသည် အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံခန့် ပိုလျှံမှု ရှိခဲ့သည်။

အိန္ဒိယသည် BRICS နိုင်ငံများကို ပစ်မှတ်ထားသော အမေရိကန်၏ အကောက်ခွန်ခြိမ်းခြောက်မှုများကြားတွင် မဟာဗျူဟာကို ချိန်ညှိနေပြီး အိန္ဒိယတင်ပို့သူများအား အခြားနိုင်ငံများထက် ဦးစားပေး အခွင့်အရေး များ ရရှိစေမည့် သဘောတူညီချက်တစ်ရပ်ကို ရရှိရန် မျှော်လင့်နေကြောင်း အရာရှိများက ပြောကြားခဲ့သည်။

ကိုးကား- Reuters

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ထရမ့်၏ အကောက်ခွန်မူဝါဒကြောင့် အမေရိကန်ပြည်သူများ ဈေးနှုန်း မြင့်တက်မှုခံစားနေရ

သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးအကောက်ခွန်များ တိုးမြှင့်မှုကြောင့် အမေရိကန်ကုမ္ပဏီကြီးများက ကုန်ကျစရိတ်ကို စားသုံးသူများထံသို့ လွှဲပြောင်းရန် စီစဉ်နေသည်။ Procter & Gamble (P&G) အပါအဝင် ကုမ္ပဏီများက ၂၀၂၅ ခုနှစ်အတွက် စျေးနှုန်းများ မြှင့်တင်မည်ဟု ကြေညာ ခဲ့ပြီး အကောက်ခွန်များ၏ သက်ရောက်မှုကို ခံစားရမည်ဖြစ်သည်။

ထရမ့်၏ အကောက်ခွန်မူဝါဒကြောင့် P&G၊ Nestle၊ Kimberly-Clark၊ PepsiCo စသည့် ကုမ္ပဏီများ၏ စတော့ရှယ်ယာများ ကျဆင်းခဲ့ပြီး၊ စားသုံးသူများက စျေးကြီးသော အမှတ်တံဆိပ်ပစ္စည်းများကို ဝယ်ယူရန် လျှော့ချလာကြသည်။ Walmart၊ Amazon၊ Best Buy ကဲ့သို့သော ကုမ္ပဏီများကလည်း စျေးနှုန်းများ မြှင့်တင်ရန် ဖိအားခံစားနေရသည်။

အကောက်ခွန်များ၏ သက်ရောက်မှုကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပိုမို သိသာစွာ ခံစားရမည်ဟု ခန့်မှန်းထားသည်။ အချို့သော ကုမ္ပဏီများက စျေးနှုန်းများကို လက်ရှိတွင်ပင် မြှင့်တင်လိုက်ပြီဖြစ်သည်။ ဥပမာ Swatch က နာရီဈေးနှုန်းကို ၅% မြှင့်တင်ခဲ့သော်လည်း အရောင်းအ၀ယ်အပေါ် သက်ရောက်မှု မရှိဟု ဆိုသည်။

အဆိုပါအခြေအနေသည် အမေရိကန်စီးပွားရေးနှင့် စားသုံးသူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထား ကြသည်။

အမေရိကန်ပြည်ထောင်စုမှ Nvidia၏ နည်းပညာအဆင့်နိမ့်သော မိုက်ခရိုချစ်ပ်များကို တရုတ်နိုင်ငံသို့ ဆက်လက်တင်ပို့မည်

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၃၀ ရက်

အမေရိကန်ပြည်ထောင်စုသည် Nvidia ၏ နည်းပညာအဆင့်နိမ့်သော မိုက်ခရိုချစ်ပ်များကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း အိမ်ဖြူတော်၏ အမျိုးသားစီးပွားရေးကောင်စီဥက္ကဋ္ဌ Kevin Hassett က ပြောကြားခဲ့ပါသည်။ သို့သော် အဆင့်မြင့်ဆုံး ပရိုဆက်ဆာများကိုမူအမေရိကန်ပြည်ထောင်စုတွင်သာ ထားရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

"အချက်အလက်အားလုံးကို သေချာစွာလေ့လာသုံးသပ်ပြီးနောက် သမ္မတ ထရမ့်နှင့် ၎င်း၏အဖွဲ့သည် Nvidia ချစ်ပ်များကို တင်ပို့ရန် ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ကြောင်း" Hassett က Fox News သို့ ပြောကြားခဲ့ပါသည်။ "တရုတ်နိုင်ငံကို မိမိတို့၏ နည်းပညာနိမ့် ချစ်ပ်တွေ ဝယ်ယူခွင့်ပြုပြီး အကောင်းဆုံးချစ်ပ်တွေကိုတော့ မိမိတို့ဆီမှာပဲ ထားရှိခြင်းသည် ဉာဏ် အမြော်အမြင်ရှိသည့် ဆုံးဖြတ်ချက်ဟု မိမိထင်မြင်မိကြောင်း" ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

အမေရိကန်အနေဖြင့် တရုတ်နိုင်ငံက ၎င်းတို့၏ ပြည်တွင်းဈေးကွက်တွင် တစ်ဦးတည်း ပိုင်ဆိုင်ခွင့် (monopoly) ရယူသွားခြင်းကို မလိုလား ကြောင်း Hassett က ပြောကြားခဲ့ပါသည်။ "ချစ်ပ်ထုတ်လုပ်မှု ပြိုင်ဆိုင်မှု မှာ ၎င်းတို့ (တရုတ်) ဦးဆောင်သွားခြင်း၊ တစ်ဦးတည်းပိုင်ဆိုင်ခွင့်ကနေ အကျိုးအမြတ်များ အားလုံး ရယူပြီး အဆိုပါအကျိုးအမြတ်များကနေ ရရှိသည့် ငွေကြေးများဖြင့် မိမိတို့ကို ကျော်တက်သွားရန် အသုံးချခြင်း မျိုးကို မိမိတို့ မလိုလားကြောင်း" ၎င်းက ထောက်ပြခဲ့သည်။

ပြီးခဲ့သည့် ဧပြီလအစောပိုင်းတွင် အမေရိကန်အာဏာပိုင်များက Nvidia အား ၎င်းတို့၏ AI နည်းပညာအတွက် H20 ချစ်ပ်များကို တရုတ်နိုင်ငံသို့ အထူးလိုင်စင်မပါဘဲ တင်ပို့ခွင့်မပြုတော့ကြောင်း အကြောင်းကြားခဲ့သည်။ ဝါရှင်တန်က ယင်းလိုအပ်ချက်အသစ်ကို "အဆိုပါ ထုတ်ကုန်များသည် စူပါကွန်ပြူတာများတွင် အသုံးပြုနိုင်သောကြောင့်" ဟု ရှင်းပြခဲ့သည်။ Nvidia သည် ယခင်သမ္မတ ဘိုင်ဒင် အစိုးရမှ ချမှတ်ခဲ့သော မိုက်ခရိုချစ်ပ် တင်ပို့မှု ကန့်သတ်ချက်များ၏ စံနှုန်းများနှင့် ကိုက်ညီစေရန်အတွက် တရုတ်ဈေးကွက်အတွက် အထူးဒီဇိုင်းထုတ်ထားသော H20 မော်ဒယ်ကို ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။

ကိုးကား - tass

ထရမ့်က ရုရှားနှင့်ကုန်သွယ်မှုကြောင့် အိန္ဒိယအပေါ် အကောက်ခွန် စည်းကြပ်မှုများ ချမှတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနှင့်ဆက်လက်ကုန်သွယ်မှု ပြုနေခြင်းကြောင့် အိန္ဒိယအပေါ် လာမည့်ဩဂုတ်လမှစ၍ ၂၅% အကောက်ခွန်နှင့် အပိုဒဏ်ကြေးများ စည်းကြပ်မည်ဟု ကြေညာလိုက် သည်။ ပြီးခဲ့သည့် ရက်ပိုင်းတွင် ထရမ့်က ရုရှားအား ယူကရိန်းနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရန် ၁၀ ရက်အချိန် ပေးထားခဲ့ပြီးနောက် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဇူလိုင် ၃၀ ရက်နေ့တွင် ၎င်း၏ Truth Social အကောင့်၌ ရေးသားရာ တွင် ထရမ့်က "အိန္ဒိယသည် မိမိတို့၏မိတ်ဆွေဖြစ်သည်" ဟု ဆိုသော် လည်း အမေရိကန်သည် ၎င်းတို့နှင့်ကုန်သွယ်မှု အနည်းငယ်သာ ရှိသည် ဟု ဖော်ပြခဲ့သည်။ ထို့အပြင် ၎င်းက ယူကရိန်းပဋိပက္ခကာလအတွင်း အိန္ဒိယသည် ရုရှားထံမှ စစ်လက်နက်ပစ္စည်းများနှင့် စွမ်းအင်ဝယ်ယူမှုကို ဆက်လက်ပြုလုပ်နေကြောင်း ထောက်ပြခဲ့သည်။ ထို့အတွက်ကြောင့် အိန္ဒိယသည် သြဂုတ်လ ၁ ရက်မှစတင်၍ ၂၅% အကောက်ခွန်အပြင် အပိုဒဏ်ကြေးများလည်း ပေးဆောင်ရမည်ဟု ထရမ့်က ရေးသား ခဲ့သည်။

အမေရိကန်သည် ပြီးခဲ့သည့်မတ်လတွင် အိန္ဒိယကုန်ပစ္စည်းများအပေါ် ၂၆% အကောက်ခွန်စည်းကြပ်ခဲ့ဖူးပြီး ယင်းသည် ထရမ့်၏ 'Liberation Day' အကောက်ခွန်များတွင် ပါဝင်ကာ အလူမီနီယမ်၊ သံမဏိနှင့် အခြား ဆက်စပ်ကုန်ပစ္စည်းများ ပါဝင်ခဲ့သည်။ သို့သော် ယင်းအကောက်ခွန်များကို ယာယီရပ်ဆိုင်းထားခဲ့သည်။ နယူးဒေလီက အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို အားကောင်းသော အနေအထား မှသာ ချုပ်ဆိုမည်ဖြစ်ပြီး အချိန် သတ်မှတ်ချက် ပြုလုပ်ခြင်း သို့မဟုတ် "ညှိနှိုင်းရေးကိရိယာ" အဖြစ် အသုံးမပြုရန် ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ထရမ့်က ယူကရိန်းပဋိပက္ခကို ဖြေရှင်း ရန် အချိန်ကာလကို ၅၀ ရက်မှ ၁၀ ရက်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး မော်စကိုသည် ကိယက်ဗ်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်မရရှိပါက ရုရှားနှင့် ၎င်း၏ကုန်သွယ်ဖက်နိုင်ငံများအပေါ် ၁၀၀% အထိ အကောက်ခွန် များစည်းကြပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ရုရှားဘက်မှ ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရန် ညှိနှိုင်း ဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ထပ်ခါတလဲလဲပြောဆိုခဲ့သော်လည်း ထရမ့်၏နောက်ဆုံးသတ်မှတ်ချက်ကို ငြင်းဆန်ခဲ့ပြီး ယင်းသည် ငြိမ်းချမ်းရေး အားထုတ်မှုများကို ထိခိုက်စေသည်ဟု ဆိုခဲ့သည်။ ရုရှားအရာရှိများက မည်သည့်ညှိနှိုင်းမှုမဆို မြေပြင်အခြေအနေများနှင့်ကိုက်ညီရမည်ဖြစ်ပြီး ပဋိပက္ခ၏မူလအကြောင်းရင်းများကို ဖြေရှင်းရမည်ဟု အတိအလင်း ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီး Sergey Ryabkov က “ဖိအားများ သည် ရုရှား၏ အမျိုးသားအကျိုးစီးပွားနှင့် လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်သည့် ကိုယ်ပိုင်လမ်းကြောင်းပေါ် ခရီးဆက်လှမ်းမှုကို မတား ဆီးနိုင်” ဟု လွန်ခဲ့သောလအတွင်းက ပြောကြားခဲ့သည်။ ထရမ့်ကလည်း ရုရှားနှင့် ၎င်း၏ကုန်သွယ်ဖက်နိုင်ငံများအပေါ် ထပ်ဆောင်း ကန့်သတ်မှု များ အလုပ်ဖြစ်၊ မဖြစ်ကို မသေချာကြောင်း ဝန်ခံခဲ့သည်။ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အိန္ဒိယနိုင်ငံ အပေါ် ၂၅% အခွန် ကောက်ခံရန် ရည်ရွယ်ထားကြောင်း ပြောကြား

ဝါရှင်တန်၊ ဇူလိုင် ၃၀ ရက် 

အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယနိုင်ငံမှ တင်သွင်းလာသော ကုန် ပစ္စည်းများအပေါ် ၂၅% သွင်းကုန်ခွန်များ ချမှတ်ရန် ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါသည်။

အဘာဒင်း (Aberdeen) မှ ဝါရှင်တန်သို့ ပြန်လာစဉ် ၎င်း၏ လေယာဉ် ပေါ်တွင် သတင်းထောက်များနှင့် စကားပြောဆိုရာ၌ သမ္မတထရမ့်က "အိန္ဒိယ က ၂၅% ပေးဆောင်ရလိမ့်မည်" ဟု ပြောကြားခဲ့ပါသည်။ အမေရိကန်နှင့် အိန္ဒိယတို့အကြား ကုန်သွယ်ရေးသဘောတူညီချက် ပြင်ဆင်မှု ပြီးစီးပြီ လားဟု မေးမြန်းသောအခါ အိမ်ဖြူတော်အကြီးအကဲက "မိမိ သိသလောက် တော့ မပြီးသေးကြောင်း" ပြန်လည်ဖြေကြားခဲ့ပါသည်။

"အိန္ဒိယသည် ကောင်းမွန်သည့် မိတ်ဆွေတစ်ဦးဖြစ်ခဲ့သော်လည်း ၎င်းတို့က တခြားမည်သည့်နိုင်ငံနှင့်မဆို နှိုင်းယှဉ်ပါက အခြေခံအားဖြင့် ပိုမိုမြင့်မားသည့် အခွန်တွေကို ကောက်ခံခဲ့ကြောင်း၊ သို့သော် ယခု မိမိ အာဏာရချိန်တွင် ယခုလို ဆက်လက်ဆောင်ရွက်ရန် မဖြစ်နိုင်တော့ ကြောင်း" အမေရိကန်သမ္မတက အလေးပေးပြောကြားခဲ့ပါသည်။

အစောပိုင်းတွင် The Indian Express သတင်းစာက သတင်းရင်းမြစ် များကို ကိုးကား၍ အိန္ဒိယနှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေး သဘောတူညီချက်အသစ်အတွက် ဆွေးနွေးမှုများသည် တိုးတက်မှု မရှိခြင်းကြောင့် ရပ်ဆိုင်းနေကြောင်း ဖော်ပြခဲ့ပါသည်။ 

ထိုထုတ်ပြန်ချက်အရ အမေရိကန်အစိုးရက အမေရိကန် ကုန်ပစ္စည်းများ ကို အိန္ဒိယဈေးကွက်သို့ အခွန်လွတ်ဝင်ရောက်ခွင့်ပေးရန် တောင်းဆို နေပြီး အိန္ဒိယကမူ အိန္ဒိယကုန်ပစ္စည်းများအပေါ် အမေရိကန်က ချမှတ် သည့် အခွန်နှုန်းသည် ၁၅% ထက် မပိုရန် တောင်းဆိုနေကြောင်း သိရှိ ရပါသည်။

ထို့အပြင် အိန္ဒိယသည် အမေရိကန်လက်နက်များ၊ သဘာဝဓာတ်ငွေ့နှင့် နျူကလီးယားဓာတ်ပေါင်းဖိုများ ဝယ်ယူရန် ဆန္ဒရှိကြောင်းလည်း ဖော်ပြ ခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ၅ ရက်တာ ပဋိပက္ခအတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ဆုံးရှုံးခဲ့

ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဖီချိုင်ချွန် ဟာဝီရာ က ကမ္ဘောဒီးယားနှင့် နယ်စပ်ပဋိပက္ခ၏ စီးပွားရေးအပေါ် သက်ရောက်မှု ကို အမြန်ဆုံးပြန်လည်သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။

ကနဦးခန့်မှန်းချက်အရ ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနှင့် ၅ ရက်ကြာ ပဋိပက္ခတွင် ဘတ်ငွေ ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၀၇ သန်း) ခန့် ဆုံးရှုံးခဲ့သည်။ ယင်းပမာဏတွင် ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်များနှင့် ပျက်စီး ဆုံးရှုံးမှုများ ပါဝင်သော်လည်း စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှု မပါဝင်ပေ။

ထိုင်းအစိုးရတွင် စီးပွားရေးလှုံ့ဆော်မှုအတွက် ဘတ်ငွေ ၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၆၈ သန်း) ကျန်ရှိသော်လည်း ဖီချိုင်က အဆိုပါ ငွေပမာဏသည် မလုံလောက်နိုင်ကြောင်း သတိပေးခဲ့သည်။

ပဋိပက္ခကို ပြီးဆုံးစေရန် သဘောတူညီချက်ရရှိရခြင်း၏ အဓိက အကြောင်းရင်းမှာ စီးပွားရေးဆုံးရှုံးမှုပမာဏ ကြီးမားခြင်းကြောင့် ဖြစ်သည်။ပဋိပက္ခတစ်လကြာပါက ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ (GDP ၏ ၀.၂၅%) ၊ ကမ္ဘောဒီးယားမှာ အမေရိကန်ဒေါ်လာ ၄၇၃ သန်း (GDP ၏ ၁.၁%) ဆုံးရှုံးနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်း ခဲ့သည်။

ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် ဇူလိုင် ၂၈ ရက်တွင် မေလေးရှားတွင် ဆွေးနွေးပြီးနောက် ပဋိပက္ခကို ချက်ချင်းရပ်စဲရန် သဘောတူညီခဲ့သည်။ အဆိုပါပဋိပက္ခတွင် လူ ၃၈ ဦး သေဆုံးခဲ့ပြီး နှစ်နိုင်ငံမှ ကျေးရွာသား ၂၇၈,၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ရသည်။

ကိုးကား- VN Express

ထရမ့်က ဗွန်ဒါလိုင်းယန်အား အလွယ်တကူ အနိုင်ရယူခဲ့ဟု အော်ဘန် ဝေဖန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်းယန်အား ကုန်သွယ်ရေးညှိနှိုင်းမှုများတွင် အပြတ် အသတ် လွှမ်းမိုးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ဥရောပသမဂ္ဂ (EU) အတွက် အလွန်ဆိုးရွားသော သဘောတူညီမှုမျိုး ဖြစ်သွားရကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

လပေါင်းများစွာက တင်းမာစွာ ညှိနှိုင်းခဲ့ရသည့် ကုန်သွယ်ရေး သဘော တူညီမှုကို ဇူလိုင်လ ၂၈ ရက်နေ့တွင် အဆုံးသတ်ခဲ့သည်။ သို့သော် အော်ဘန်က “သဘောတူညီမှုတစ်ခု မဟုတ်ဘဲ ဒေါ်နယ်ထရမ့်သည် ဗွန်ဒါလိုင်းယန် အား နံနက်စာအဖြစ် အလွယ်တကူ စားသွားနိုင်ခဲ့သည်” ဟု ခိုင်းနှိုင်းကာ မှတ်ချက်ပြုခဲ့သည်။

ထို့အပြင် ၎င်းက "အဆိုပါ ဥရောပသဘောတူညီမှုသည် ဗြိတိန်နှင့် အမေရိကန်ချုပ်ဆိုထားသော သဘောတူညီမှုထက် ပိုမိုဆိုးရွားနေပြီးနောင်တွင် အောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော်နိုင်ရန် အလွန် ခက်ခဲလိမ့်မည်" ဟု သုံးသပ်ခဲ့သည်။

အမေရိကန်သည် ဗြိတိန်နှင့်ချုပ်ဆိုထားသော သဘောတူညီမှုတွင် ဗြိတိန် ကုန်သွင်းကုန်များအား ၁၀% အကောက်ခွန်သတ်မှတ်ထားသော်လည်း၊ EUမှ အမေရိကန်သို့ တင်ပို့သည့် ကုန်စည်များအတွက် ၁၅% အကောက်ခွန် ကျသင့်မည်ဖြစ်ပြီး အမေရိကန်က EUဈေးကွက်တွင် ရောင်းချသည့် ကုန်စည်များအား ပြန်လည်စည်းကြပ်သည့် အကောက်ခွန်များ မကျသင့် စေရန် သဘောတူညီခဲ့သည်။

ထို့အပြင် ထရမ့်၏ပြောကြားချက်အရ EUသည် အမေရိကန်၏ စက်မှု လုပ်ငန်းများတွင် နောက်ထပ် ဒေါ်လာ ၆၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်၊ အမေရိကန်စွမ်းအင်ထုတ်ကုန်များ ဒေါ်လာ ၇၅၀ ဘီလီယံ ဝယ်ယူရန်နှင့် အမေရိကန်လက်နက်များ ဒေါ်လာဘီလီယံပေါင်းရာချီ ဝယ်ယူရန်ကတိပြုထားသည်။ ဗွန်ဒါလိုင်းယန်ကမူ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကိုလာမည့် ၃ နှစ်အတွင်း အဆင့်ဆင့် အကောင်အထည်ဖော်သွားမည်ဟု ပြောကြားခဲ့သည်။

အီးယူနှင့်အမေရိကန်တို့ ချမှတ်ခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်က အီးယူအတွက် ထိုးနှက်ချက်ဖြစ်ဟု လက်ရော့ပြော

အီးယူအဖွဲ့က အမေရိကန်ပြည်ထောင်စုနှင့် ချမှတ်ခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်သည် အဆိုပါအဖွဲ့အတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ရော့က ဇူလိုင်လ ၂၈ ရက်တွင် ပြောသည်။

အီးယူ သို့မဟုတ် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့အကြား  ချမှတ်ခဲ့သည့် ကုန်သွယ်ရေး သဘောတူညီချက်သည် ဥရောပရှိစက်မှုလုပ်ငန်းများကို လျော့ပါးစေရန်ခြိမ်းခြောက်လျက်ရှိသည့်အပြင် ဥရောပ၏ရင်းနှီးမြှုပ်နှံမှုများကို အမေရိ ကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းစေရန် ဖိအားပေးနိုင်ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း စွမ်းအင်ကဏ္ဍအတွက် အမေရိကန်အပေါ် ပိုမိုအမှီသဟဲပြုရမည့်အလားအလာရှိကြောင်း   လက်ရော့ကပြောသည်။

လက်ရော့၏ အဆိုပါပြောကြားချက်များသည် အီးယူအဖွဲ့မှ ဥရောပကော်မရှင်ဥက္ကဋ္ဌ     အူဆူလာ    ဗွန်ဒါလေယန်က အမေရိကန်   သမ္မတဒေါ်နယ်ထရမ့်နှင့် ဇူလိုင်လ  ၂၇  ရက်တွင်တွေ့ဆုံ၍  နှစ်ဦးနှစ်ဖက်အကြား   ကုန်သွယ်ရေးစစ်ပွဲကို ရှောင်ရှားနိုင်ရန်အတွက်  အငြင်းပွားဖွယ် ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ချမှတ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါသဘောတူညီချက်အရ အမေရိကန်အစိုးရအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် ယခင်ကအဆိုပြုထားသည့် အခွန် ၃၀ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်သည်။

ထို့ပြင် အီးယူအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ ဒေါ်လာ ၇၅၀ ဘီလီယံတန်ဖိုးရှိ ဓာတ်ငွေ့အရည်နှင့်နျူကလီးယား လောင်စာကဲ့သို့သော စွမ်းအင်အရင်းအမြစ် များကို  ဝယ်ယူရန်  လိုအပ်မည့်အပြင် အမေရိကန်နိုင်ငံ၏စက်မှုကဏ္ဍတွင်လည်း ဒေါ်လာ ၆၀၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရ မည်ဖြစ်ကြောင်းသိရသည်။

အီးယူနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ချမှတ်ခဲ့သည့် ကုန်သွယ်ရေး သဘောတူညီချက်သည်  အမေရိကန် အစိုးရက   ချမှတ်သည့်  အခွန်တိုးမြှင့်ကောက်ခံမှုအပေါ် အီးယူအဖွဲ့က လက်သင့်ခံသည် ဟူသော သဘောထားကို ပြသခြင်း ဖြစ်သောကြောင့် အဖွဲ့ဝင်နိုင်ငံများအတွက် သတိထားစရာ ဖြစ်ကြောင်း ဂျာမနီစက်မှု လုပ်ငန်းအဖွဲ့ကြီးမှ စီးပွားရေးလုပ်ငန်းရှင် များက   ပြောကြားထားကြောင်း  သိရသည်။

Ref: Rt

petro

ရုရှားအစိုးရသည် ပြည်တွင်းလိုအပ်ချက်များနှင့် စိုက်ပျိုးရေး ရာသီအတွက် ဈေးကွက်တည်ငြိမ်ရန်အတွက် ဓာတ်ဆီတင်ပို့မှုအား ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လကုန်အထိ သို့မဟုတ် စက်တင်ဘာလအထိ ယာယီတားမြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါအမိန့်တွင် အစိုးရများအကြား ကုန်သွယ်မှု သဘောတူညီထားသော နိုင်ငံများဖြစ်သည့် ယူရေးရှားစီးပွားရေး သမဂ္ဂ နိုင်ငံများ၊ မွန်ဂိုလီးယားနှင့် ဥဇဘက်ကစ္စတန်တို့ မပါဝင်ပေ။

ယခုတားမြစ်မှုသည် ဇွန်လနှောင်းပိုင်းမှစတင်၍ ဓာတ်ဆီဈေးများ မြင့်တက် လာမှုကို တုံ့ပြန်လုပ်ဆောင်ခြင်းဖြစ်ပြီး လက်ရှိတွင် AI-92 ဓာတ်ဆီဈေး သည် ၁၄.၈%၊ AI-95 ဓာတ်ဆီဈေးသည် ၂၃% အထိ တက်ရှိလျက်ရှိသည်။ ထို့အပြင် လောင်စာဆီထုတ်လုပ်ရေးစက်ရုံများ၏ ပြုပြင်မှု လုပ်ငန်း များ၊ ကုန်သွယ်မှုအခွန်များ တိုးမြင့်ခြင်းတို့ကြောင့်လည်း ဈေးနှုန်းများ ပိုမို မြင့်တက်လာခြင်းဖြစ်သည်။

ရုရှားစွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်းလောင်စာဆီဈေးကွက် တည်ငြိမ် နေကြောင်း ထုတ်ပြန်ထားသော်လည်း အဆိုပါတားမြစ်မှုဖြင့် ရေနံ ကုမ္ပဏီများအနေဖြင့် ပြည်တွင်းဈေးကွက်သို့ လောင်စာဆီပိုမို ရောက်ရှိ စေရန် ဦးတည်ထားသည်။