သတင်းများ

ပီရူးနိုင်ငံ၌ Chancay ရေနက်ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပီရူးနိုင်ငံ၌ Chancay ရေနက်ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်၏ အဓိက စီမံကိန်းတစ်ခုဖြစ်သည်။

Chancay ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနားသို့ ပီရူးသမ္မတ ဒိုင်နာဘော်လူရာတီနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သမ္မတရှီကျင့်ဖျင်သည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဖိုရမ်အစည်းအဝေးသို့ တက်ရောက်ရန် ပီရူးနိုင်ငံသို့ ရောက်ရှိလျက်ရှိသည်။

Chancay ဆိပ်ကမ်းသည် တရုတ်နှင့် ပီရူးအပါအဝင် ပစိဖိတ်ကမ်းရိုးတန်းနိုင်ငံများ၏ ပူးပေါင်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင်က ဖွင့်ပွဲအခမ်း အနားတွင် ပြောကြားသည်။

အဆိုပါ ဆိပ်ကမ်းသည် ပီရူးနိုင်ငံမှ ထုတ်ကုန်များကို အာရှဈေးကွက်များနှင့် ချိတ်ဆက်ကာ နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ပီရူးသမ္မတ ဒိုင်နာဘော်လူရာတီက ပြောကြားသည်။

Chancay ဆိပ်ကမ်းသည် မြို့တော်လီမာ၏ မြောက်ဘက် ကီလိုမီတာ ၆၀ အကွာတွင် တည်ရှိ သည်။ တရုတ်အစိုးရပိုင် သင်္ဘောကုမ္ပဏီကြီးတစ်ခုသည် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့် တန်ကြေးရှိသော အဆိုပါ စီမံကိန်းတွင် ရှယ်ယာ ၆၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

Chancay ရေနက်ဆိပ်ကမ်းသည် ပီရူးနှင့် တရုတ်နိုင်ငံ ရှန်ဟိုင်းတို့ကြား တိုက်ရိုက်သင်္ဘော လမ်းကြောင်းသစ်ကိုလည်း ဖွင့်လှစ်နိုင်မည်ဖြစ်သည်။

ကိုးကား- အင်န်အိတ်ချ်ကေ

Source- ကြေးမုံသတင်းစာ

ဘိုးအင်းကုမ္ပဏီက အလုပ်သမား ၁၇၀၀၀ ကျော် လျှော့ချမည်

အမေရိကန်၏ လေကြောင်းအာကာသ ပစ္စည်းများထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် ဘိုးအင်း ကုမ္ပဏီက လာမည့်လများအတွင်း အလုပ်သမား ၁၀ ရာခိုင်နှုန်းဝန်းကျင်ဖြစ်သည့် လူအင်အား ၁၇၀၀၀ ကျော်လျှော့ချမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ဘိုးအင်းကုမ္ပဏီအနေဖြင့် ဆုံးရှုံးမှုများ မြင့်တက်လာနေစဉ်နှင့် သပိတ်မှောက်မှုတစ်ခုကြောင့် ရောင်းအားကောင်းသော ၎င်းတို့၏ လေယာဉ်များ ထုတ်လုပ်မှုကို ရပ်ဆိုင်းနေရစဉ် ယခုကဲ့သို့ အလုပ်သမားများကို လျှော့ချမည့်အစီအစဉ်   ကြေညာလိုက်ခြင်းဖြစ်သည်။

လျှော့ချခံရမည့် အလုပ်သမားများထဲတွင် သာမန်ဝန်ထမ်းများသာမက အမှုဆောင်များ၊ မန်နေဂျာ များလည်း ပါဝင်နေကြောင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌအသစ်နှင့် အမှုဆောင်အရာရှိချုပ် ကယ်လီအော့ဘာ့က ပြောသည်။

အဆိုပါဘိုးအင်း ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်း၌ အလုပ်သမား အင်အားပေါင်း ၁၇၀၀၀၀ နီးပါးကို အလုပ်အကိုင်နေရာများ ဖန်တီးပေးထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source- Myawady Webportal

ဥရောပကော်မရှင် ဆုံးဖြတ်ချက် တရုတ်နှင့် ကုန်သွယ်ရေး စစ်ပွဲဆီဦးတည်စေ

ဥရောပကော်မရှင်၏  ဆုံးဖြတ်ချက်တစ်ခုဖြစ်သော တရုတ်နိုင်ငံထုတ် ဘက်ထရီကားများကို သွင်းကုန်အခွန်တိုးကောက် မည့်အစီအစဉ်က ဥရောပသမဂ္ဂနှင့်တရုတ် နိုင်ငံတို့ကြား ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားစေသည်အထိ ဦးတည်စေမည်ဟု ဝေဖန်ရေးသမားများက သတိပေး ထားသည်။

တက်စလာကဲ့သို့ အာရှနိုင်ငံများတွင် ထုတ်လုပ်မှုလုပ်ဆောင်ပြီး ဥရောပသို့တင်သွင်းလာသည့် ကားများကိုမူ  သွင်းကုန်အခွန် ၇ ဒသမ ၈ ရာခိုင်နှုန်းသာကောက်မည်ဖြစ်သော်လည်း တရုတ် ကုမ္ပဏီများအနေ ဖြင့်ထုတ်လုပ်သော ဘက်ထရီကားများကိုမူ သွင်းကုန်အခွန် ၃၅ ဒသမ ၃ ရာခိုင်နှုန်းကောက်ရန် ဥရောပကော်မရှင်က ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။

ထိုသို့ကောက်ခံမှုသည် ဥရောပသမဂ္ဂ၏ ကားများအပေါ် စံပြုသွင်းကုန်အခွန် ဖြစ်သော ၁၀ ရာခိုင်နှုန်းထက် များစွာမြင့်မားနေသည်။ ထိုဆုံးဖြတ်ချက်သည် နောက်ငါးနှစ်အထိ အသက်ဝင် နေမည်ဖြစ်သည်။

ထိုဆုံးဖြတ်ချက်ချမှုကို ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံအနက် ၁၀ နိုင်ငံကသာ ထောက်ခံခြင်း ဖြစ်ပြီး အဖွဲ့ဝင်ငါးနိုင်ငံက ကန့်ကွက်ကာ ၁၂ နိုင်ငံကကြားနေအဖြစ် ရပ်တည်သည်။

ယင်းသို့သွင်းကုန်အခွန်များ ကောက်ရခြင်းသည် ဥရောပရှိကားထုတ်လုပ်သူများအတွက် မျှတ သောပြိုင်ဆိုင်မှုဖြစ်စေရန်ဟု ပြောထားသော်လည်း   ထိုဒေသတွင် မော်တော်ကားများကို အများဆုံးထုတ်လုပ်နေသည့် ဂျာမနီနိုင်ငံက ထိုလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ထားသည်။

တရုတ်အစိုးရကမူ ဥရောပကော်မရှင်၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း၊ ဥရောပ၏ လုပ်ဆောင်မှုသည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရေးအတွက် တစ်ကမ္ဘာလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို အားနည်းစေကြောင်းနှင့် ဥရောပမှတင်သွင်းသည့်  ကုန်ပစ္စည်းများအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ပြောထားသည်ဟု သိရသည်။