သတင်းများ

ရုရှားနိုင်ငံ၏ အရန်ရွှေပမာဏ ၁၀ နှစ်အတွင်း အမြင့်ဆုံး အဆင့်သို့ရောက်ရှိ

ရုရှားနိုင်ငံ၏ အရန်ရွှေပမာဏသည် ယခုနှစ် ပထမခြောက်လ အတွင်းမှာပင် တန်ဖိုးအားဖြင့် ဒေါ်လာ ၂၄၈ ဒသမ ၇ ဘီလီယံအထိ  စံချိန်တင်မြင့်တက်လာခဲ့ခြင်းကြောင့်  ယခုနှစ်အစပိုင်းမှစတင်၍ ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။

ရုရှားနိုင်ငံ၏ အရန်ရွှေပမာဏ မြင့်တက်လာခြင်းတွင် အကြောင်းရင်းနှစ်မျိုး ပါဝင်လျက်ရှိပြီး ပထမအကြောင်းရင်းမှာ ဗဟိုဘဏ်က ရွှေတုံးများနှင့် ရွှေချောင်းများကို ဝယ်ယူ၍ အရန်ရွှေပမာဏအတွင်းသို့ ထပ်မံ ပေါင်းထည့်ခြင်း ဖြစ်သည်။

ဒုတိယအကြောင်းရင်းမှာ ဈေးကွက်အတွင်း၌ ရွှေဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ရုရှားဗဟိုဘဏ်ရှိ အရန်ရွှေများ၏ ဈေးနှုန်းမှာလည်း တန်ဖိုးအားဖြင့်လိုက်ပါ မြင့်တက်လာခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံ    ပလီခါနော့ဗ် စီးပွားရေး တက္ကသိုလ်ရှိ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးဈေးကွက်နှင့်   ဘဏ္ဍာရေးဆိုင်ရာနည်းပညာဌာနမှ    ယာယီအကြီးအကဲဖြစ်သူ ဆဗက်လာနာဖရူမီနာက ပြောကြားသည်။

၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်းမှာပင် ငွေဖြစ်လွယ်သည့်သတ္တု သို့မဟုတ် ရွှေ၏ဈေးနှုန်းသည် တစ်အောင်စလျှင် ဒေါ်လာ ၃၃၀၀ အထိ မြင့်တက်လာခြင်းကြောင့် တန်ဖိုးအားဖြင့် ၂၄ ရာခိုင်နှုန်းခန့်မြင့်တက်လာခဲ့ကြောင်း TradingView တွင် ဖော်ပြထားသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့က ၎င်းတို့နိုင်ငံအတွင်းရှိ ရုရှားနိုင်ငံမှပိုင်ဆိုင်သည့် ဘဏ္ဍာရေးအရင်းအမြစ်များနှင့် ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ပြီးချိန်မှစ၍ ရုရှားနိုင်ငံသည် နိုင်ငံခြား အရန်ငွေ အတွက် ထားရှိသည့် အရန်ရွှေပမာဏနှင့် နိုင်ငံအတွက် ထိန်းသိမ်းထားသည့် အရန်ရွှေပမာဏ ပိုမိုတိုးမြင့်လာစေရန်အတွက် ရွှေဝယ်ယူမှုကို တိုးမြှင့်ခဲ့သည့် အပြင် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေကြေးများအစား  တရုတ်ယွမ်ငွေ အမြောက်အမြားကိုပါ ဝယ်ယူခဲ့ကြောင်း Freedom Finance Global မှ ကျွမ်းကျင်သူနှင့် အကဲဖြတ်သူတစ်ဦးဖြစ်သူ ဗလာဒီမာချာနော့ဗ်က ပြောကြားထားသည်။

ထို့ပြင်  ရုရှားအစိုးရသည်  ငွေကြေးဖောင်းပွမှုကို  ထိန်းချုပ်ရန်၊  ပြည်တွင်းကုန်ပစ္စည်းများ ထုတ်လုပ်မှုကို   အကာအကွယ်ပေးရန်နှင့် နိုင်ငံ့ငွေကြေးဖြစ်သည့် ရူဘယ်တန်ဖိုးမြင့်တက် လာစေရန်အတွက် ရွှေကိုအဓိကထား၍ အရန်ငွေကြေးအဖြစ် စုဆောင်းလာခြင်းဖြစ်သည်။   ထို့ပြင် ဗလာဒီမာပူတင်အစိုးရ၏ ငွေကြေးဆိုင်ရာ မူဝါဒများကြောင့် ရူဘယ်ငွေကြေးတန်ဖိုးသည် ယခုနှစ် ဇူလိုင်လအတွင်း၌ ယူရိုငွေကြေးနှင့် လဲလှယ်ရာတွင် ၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။

MWD Web Portal

ဘရာဇီးလ်သမ္မတ လူလာက ထရမ့်သည် ကမ္ဘာ့ဧကရာဇ်မဟုတ်ဟု ပြောကြား

ဘရာဇီးလ်သမ္မတ Luiz Inacio Lula da Silva က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဘရာဇီးလ်ထုတ်ကုန်များကို ၅၀% အကောက်ခွန်အပြည့်အဝ စည်းကြပ်မည့် ကြေညာချက်ကို ပြင်းပြင်းထန်ထန် ပြန်လည် တုံ့ပြန်ခဲ့ပြီး ဘရာဇီးလ်နိုင်ငံသားများ၏ အကျိုးစီးပွားကာကွယ်ရန် သင့်လျော်သော အဖြေပေးမည်ဟု ကတိပြုခဲ့သည်။ 

CNN နှင့် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆) က ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်း တွင် လူလာက ထရမ့်၏ ခြိမ်းခြောက်မှုနှင့် ၎င်း၏ နည်းလမ်းနှစ်ခုလုံးကို အံ့အားသင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထရမ့်က ယခုသီတင်းပတ် အတွင်း ၎င်း၏ Truth Social လူမှုကွန်ယက်တွင် ဩဂုတ်လ ၁ ရက်မှစ၍ ဘရာဇီးလ်ထုတ်ကုန်အားလုံးကို ၅၀% အခွန်ကောက်ခံမှု စတင်မည်ဟု ကြေညာခဲ့သည်။ ထို့အပြင် ၂၀၂၂ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် စစ်အာဏာသိမ်းရန် ကြံစည်မှုဖြင့် အမှုစွဲတင်ခံထားရသော ၎င်းလေးစား ရသည့် သမ္မတဟောင်း Jair Bolsonaro အပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက်များကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

"ထိုစာကိုဖတ်လိုက်ရသည့်အခါ သတင်းမှား ဟု ထင်မိပါသည်" ဟု လူလာ က ပြောကြားခဲ့ပြီး ထရမ့်၏ လုပ်ရပ်ကို "နိုင်ငံနှစ်ခုကြား သမ္မတနှစ်ဦး၏ ဆက်ဆံရေးတွင် ရှိသင့်သည့် နည်းဥပဒေနှင့် ဓလေ့ထုံးစံများမှ လုံးဝ ခွဲထွက်သွားသည်" ဟု ဝေဖန်ခဲ့သည်။

"သမ္မတ ထရမ့်ကို အမေရိကန်နိုင်ငံကိုသာ အုပ်ချုပ်ရန် ရွေးချယ် တင်မြှောက် ခံရသဖြင့် ၎င်းကိုယ်တိုင် ကမ္ဘာ့ဧကရာဇ်ဟု မထင်မိရန် လိုပါသည်" ဟု လူလာက ပြောကြားခဲ့သည်။ "ဘရာဇီးလ်နိုင်ငံအနေဖြင့် မိမိတို့အပေါ် အတင်းအကျပ်ချမှတ်သည်များကို လက်မခံနိုင်ပါ၊ ညှိနှိုင်းဆွေးနွေးမှုကိုတော့လက်ခံနိုင်သော်လည်း အတင်းအဓမ္မဖြစ်သည့် ညှိနှိုင်းဆွေးနွေးမှုကို လက်မခံပါ"ဟု ဆိုသည်။

ဆွေးနွေးညှိနှိုင်းရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သော်လည်း လူလာ က ဘရာဇီးလ်နိုင်ငံအနေဖြင့် "သင့်တော်သည့်အဖြေပေးရန်လည်း အဆင်သင့် ပြင်ဆင်ထားပါသည်" ဟု ပြောကြားခဲ့သည်။ ထရမ့်က အကယ်၍ ဘရာဇီးလ်နိုင်ငံက ပြန်လည်တုံ့ပြန်မည်ဆိုပါက အကောက်ခွန်နှုန်းများ ပိုမိုမြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့သော်လည်း လူလာက "သမ္မတ ထရမ့်က ဘရာဇီးနှင့်အမေရိကန်ကြား လက်ရှိလုပ်ဆောင်နေသည့် ညှိနှိုင်းမှုများကို အလေးအနက်ထားမည်ဆိုပါက မိမိအနေဖြင့်လည်း လိုအပ်သမျှကို ဆွေးနွေးညှိနှိုင်းရန် အဆင်သင့်ဖြစ်နေပါသည်" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

လူလာက ထရမ့်၏ ကုန်သွယ်ရေး မညီမျှမှုများ၌ ဘရာဇီးတွင် တာဝန် ရှိသည်ဆိုသည့် စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး အမေရိကန်အစိုးရ၏ ကိန်းဂဏန်းများကို ညွှန်းဆိုကာ လွန်ခဲ့သော ၁၅ နှစ်အတွင်း ဘရာဇီးနှင့် အမေရိကန်ကြား ကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်ရေးတွင် အမေရိကန် က ပိုငွေ ၄၁၀ ဘီလီယံ ရရှိထားကြောင်း ထောက်ပြခဲ့ပါသည်။

ယခုသီတင်းပတ်အစောပိုင်း၌ အမေရိကန်က ဘရာဇီး၏ ကုန်သွယ်မှု လုပ်ငန်းစဉ်များတွင် မည့်သည့်အရာများက မမျှတမှုဖြစ်စေခဲ့သည်ဆိုသည့် အချက်အလက်များကို စုံစမ်းစစ်ဆေးရန် တရားဝင် စုံစမ်း စစ်ဆေးမှု တစ်ရပ်ကို စတင်ခဲ့ပါသည်။

ဘရာဇီးနိုင်ငံအနေဖြင့် ၅၀% အကောက်ခွန် စည်းကြပ်ခံရမည်ဆိုသည့် ကြေညာချက်သည် လက်ရှိအချိန်အထိ အမေရိကန်က ကြေညာခဲ့သည့် နိုင်ငံအလိုက် နှုန်းထားများတွင် အမြင့်ဆုံး အကောက်ခွန်နှုန်းထား ဖြစ်နေပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ထရမ့်က နိုင်ငံ ၁၅၀ ကျော်ကို အကောက်ခွန်အသစ် စည်းကြပ်မှုများအတွက် သတိပေးမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံပေါင်း ၁၅၀ ကျော်အား ၁၀% သို့မဟုတ် ၁၅% အကောက်ခွန်အသစ်များစည်းကြပ်မည်ဖြစ်ကြောင်း အသိပေးရန် အစီအစဉ်များကို ကြေညာခဲ့သည်။

ထရမ့်သည် ဇန်နဝါရီလတွင် တာဝန်စတင်ထမ်းဆောင်ပြီးနောက် ပြည်တွင်း စက်မှုလုပ်ငန်းများကို ကာကွယ်ရန် ကျယ်ပြန့်သော အကောက်ခွန်များကို စတင်ကာ အမေရိကန်ကုန်သွယ်ရေးမူဝါဒကို များစွာပြောင်းလဲခဲ့သည်။ ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော "Liberation Day" အစီအစဉ် အရ တင်သွင်းကုန်အများစုတွင် ၁၀% အကောက်ခွန် စည်းကြပ်မည် ဖြစ်ပြီး တရုတ်၊ မက္ကဆီကို၊ ကနေဒါနှင့် ဥရောပသမဂ္ဂကဲ့သို့သော အဓိက ကုန်သွယ်ဖက်နိုင်ငံများမှ ကုန်ပစ္စည်းများအတွက် ပိုမိုမြင့်မားသော နှုန်းထားများ သတ်မှတ်ခဲ့သည်။ သံမဏိ၊ အလူမီနီယမ်နှင့် မော်တော် ယာဉ်များအတွက် အပိုအကောက်ခွန်များကြောင့် ပျမ်းမျှအကောက်ခွန်နှုန်း များ သမိုင်းတစ်လျှောက် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ 

ဇူလိုင် ၁၆ ရက်နေ့တွင် အိမ်ဖြူတော်၌ သတင်းထောက်များအား ပြောကြား ရာတွင် ထရမ့်က "မိမိတို့သည် အကောက်ခွန်နှုန်းထား မည်မျှ ဖြစ်မည် ဆိုသည်ကို ဖော်ပြထားသည့် အသိပေးစာများကို နိုင်ငံပေါင်း ၁၅၀ ကျော် ကို ပို့မှာဖြစ်ပါသည်" ဟု ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းနိုင်ငံအများစုသည် အမေရိကန်နှင့် “အရေးမပါသော ၊ ကုန်သွယ်မှု မများသော” နိုင်ငံများဖြစ်ကြောင်း ဖြည့်စွက် ပြောကြား ခဲ့သည်။

ထိုနေ့ နှောင်းပိုင်းတွင် Real America's Voice ရုပ်သံဌာနနှင့် တွေ့ဆုံ မေးမြန်းရာတွင် ထရမ့်က အဆိုပါအကောက်ခွန်နှုန်းထားမှာ "၁၀% သို့မဟုတ် ၁၅% ဖြစ်နိုင်သည်" ဟု ရှင်းလင်းပြောကြားခဲ့သော်လည်း အဆုံးအဖြတ် ကိုမူ ယခုအချိန်ထိ မချမှတ်ရသေးကြောင်း ဖော်ပြခဲ့သည်။

အဆိုပါလုပ်ဆောင်ချက်သည် ထရမ့်၏ တိုက်ခိုက်မှုဆန်သော အကောက်ခွန် ကြေညာချက်များနောက်မှ လိုက်ပါလာခြင်းဖြစ်ပြီး မကြာသေးမီက ၎င်းသည် ဩဂုတ်လ ၁ ရက်မတိုင်မီ ကုန်သွယ်ဖက်နိုင်ငံများက ဝါရှင်တန် နှင့် ပိုမိုကောင်းမွန်သော သဘောတူညီချက်များ ညှိနှိုင်းမပြုလုပ်ပါက အကောက်ခွန်အသစ်များ စတင်အကျိုးသက်ရောက်မည်ဟု သတိပေးသည့် ကုန်သွယ်ရေးခြိမ်းခြောက်မှုများကို စတင်ခဲ့သည်။ အစီရင်ခံစာများအရ နိုင်ငံပေါင်း ၁၅၀ ကျော်သို့ အသိပေးစာများ ပေးပို့ခဲ့ပြီး ယခင် သတ်မှတ် ထားသော ဇူလိုင် ၉ ရက်နေ့ နောက်ဆုံးရက်ကို သုံးပတ်ရွှေ့ဆိုင်းကာ သက်ရောက်မည့် အကောက်ခွန်များကို ရှောင်ရှားရန် ထိခိုက်မည့် နိုင်ငံ များအကြား အလျင်အမြန် လုပ်ဆောင်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ကျယ်ပြန့်သော အကောက်ခွန်များ ပြန်လည်စတင်ချမှတ်ပြီးနောက် အမေရိကန်၏ စက်မှုလုပ်ငန်းလှုပ်ရှားမှုများ နှေးကွေးလာခဲ့ပြီး Institute for Supply Management ၏ အစီရင်ခံစာများတွင် ကုန်ထုတ်လုပ်မှု အားနည်းလာခြင်းနှင့် ထပ်တလဲလဲဖြစ်ပေါ်နေသော ပို့ဆောင်ရေး လမ်းကြောင်း ပိတ်ဆို့မှုများကို ဖော်ပြထားသည်။

စစ်တမ်းတစ်ခုအရ ကုမ္ပဏီများသည် ဆက်လက်ရပ်တည်နိုင်ရေး ရုန်းကန် နေရသည့် အခြေအနေတွင် ရှိနေပြီး ကုန်ကျစရိတ်များ တိုးလာခြင်းကို ဖောက်သည်များထံ မသက်ရောက်စေဘဲ ၎င်းတို့ဘာသာ ကျခံနေကြရသည်။ ထိုအတောအတွင်း ဈေးကွက်မတည်ငြိမ်မှုများ ဖြစ်ပေါ် ပြီးနောက် ယခင်က အကောက်ခွန်ခြိမ်းခြောက်မှုများ ပျော့ပျောင်းသွားခဲ့သည့် အတွက် ဈေးကွက်များက ထရမ့်၏ ခြိမ်းခြောက်မှုများကို တဖြည်းဖြည်း လျှော့တွက်လာကြသည်။ အစီရင်ခံစာများအရ ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဌာနမှ အရာရှိများက အကောက်ခွန်များ ဆက်လက်တည်ရှိနေ ပါက ငွေကြေးဈေးကွက် မတည်ငြိမ်မှုဖြစ်နိုင်သည်ဟု စိုးရိမ်ပူပန်မှုများ တိုးပွားလာခဲ့သည်ဟု ဆိုသည်။

အမေရိကန်နှင့် အင်ဒိုနီးရှား ကုန်သွယ်ရေး သဘောတူညီမှု ရရှိ၊ အမေရိကန်က အင်ဒိုနီးရှားသွင်းကုန်အပေါ် အခွန် ၁၉ % သာ ကောက်ခံမည်

အမေရိကန်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ အခွန်ကိစ္စများ ဆွေးနွေးပြီးနောက် ယခုအခါ အမေရိကန်သည် အင်ဒိုနီးရှားမှ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၁၉ % သာ ကောက်ခံရန် သဘောတူညီချက် ရရှိသွားကြောင်း ဒေါ်နယ် ထရမ့်က ၎င်း၏ ထရမ့်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသား ဖော်ပြ ထားပါသည်။

ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်ရက်သတ္တပတ်က အရှေ့တောင် အာရှ နိုင်ငံများအပါအဝင် နိုင်ငံအများအပြားကို အခွန်နှုန်းထားသစ်ဖြင့် စည်းကြပ်ရန် အကြောင်းကြားစာပေးပို့ခဲ့ရာ ထိုအခါက အင်ဒိုနီးရှားမှ တင်သွင်းကုန်များအပေါ် အခွန် ၃၂ % ကောက်ခံရန် သတ်မှတ် ကြေညာ ခဲ့သည်။

ယခုအခါ နှစ်နိုင်ငံသမ္မတတို့အကြား ဆွေးနွေးညှိနှိုင်းများအရ  အမေရိကန် သည် အင်ဒိုနီးရှားတင်သွင်းကုန်အပေါ် အခွန် ၁၉ % သာ ကောက်ခံ တော့မည်ဖြစ်ပါသည်။ သို့ရာတွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အမေရိကန် နိုင်ငံမှ ဒေါ်လာဘီလီယံချီတန်သော ကုန်ပစ္စည်းများ ဝယ်ယူရန် ကတိကဝတ် ပြုလိုက်ရပါသည်။ ထိုထဲတွင် အင်ဒိုနီးရှားသည် အမေရိကန်ထံမှ စွမ်းအင်ပစ္စည်း ဒေါ်လာ ၁၅ ဘီလီယံ၊ စိုက်ပျိုးရေးထွက်ကုန် ဒေါ်လာ ၄.၅ ဘီလီယံနှင့် ဘိုရင်းလေယာဉ် အစီး ၅၀ ဝယ်ယူရန် ကတိပြု ထားကြောင်း၊ အပြီးသတ်သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်သည့် အတွက် ဂုဏ်ယူပါကြောင်း ထရမ့်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသား ဖော်ပြထားပါသည်။

ကိုးကား- Aljazeera

Photo: MSN

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

တရုတ်နိုင်ငံ၏ ယခုနှစ်ဒုတိယသုံးလပတ် စီးပွားရေးဖွံ့ဖြိုးနှုန်း ၅ ဒသမ ၂ ရာခိုင်နှုန်းထိရှိ

ပေကျင်း ဇူလိုင် ၁၅ 
တရုတ်နိုင်ငံ၏ယခုနှစ်ဒုတိယ သုံးလပတ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ မျှော်မှန်းထားသည်ထက်ပို၍ အားကောင်းခဲ့ကြောင်း ယနေ့ သတင်းများတွင် ရေးသားဖော်ပြထားသည်။

တရုတ်အစိုးရက ယနေ့ ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ယခုနှစ်ဧပြီလမှဇွန်လထိအကျုံးဝင်သောသုံးလတာကာလအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး   (ဂျီဒီပီ)တိုးနှုန်းမှာ ၅ ဒသမ ၂ ရာခိုင်နှုန်းထိရှိခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် မြင့်မားလာခဲ့ကြောင်း သိရသည်။ 

သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ ယခုနှစ် ဒုတိယသုံးလပတ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ ဘောဂဗေဒ ပညာရှင်အများအပြား ခန့်မှန်းထားသည်ထက် မြ​င့်မားခဲ့ကြောင်း တရုတ်တာဝန်ရှိသူများက ပြောကြားထားသည်။

တရုတ်နိုင်ငံ၏ယခုနှစ်ဒုတိယ သုံးလပတ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်း မှာ ၅ ဒသမ ၁ ရာခိုင်နှုန်းထိသာ ရှိနိုင်ကြောင်း ဘောဂဗေဒ၊ ပညာရှင်များက ယခင်ကခန့်မှန်းထားသည်။

အမေရိကန်အစိုးရက တရုတ်ထုတ်ကုန်များအပေါ် အခွန်စည်းကြပ်မှုများ ပြုလုပ်ထားသည့်တိုင် ယခုနှစ် ဒုတိယသုံးလပတ် စီးပွားရေးဖွံ့ဖြိုးနှုန်းမှာ မျှော်လင့်ထားသည်ထက် ပိုမိုအားကောင်းလာခြင်းဖြစ်သည်။ တရုတ် ကွန်မြူနစ်ပါတီ

ပေါ်လစ်ဗျူရိုကော်မတီသည် ယခုလကုန်ပိုင်းတွင် ကျင်းပမည့် အစည်းအဝေး၌ ၂၀၂၅ ခုနှစ် လက်ကျန်လများအတွက် စီးပွားရေးမူဝါဒများချမှတ်ဖွယ်ရှိကြောင်း သိရသည်။

Ref: Xinhua

Trs: KKO

YDNB Newspaper
 
Apple က iPhone အတွက် အရေးကြီး ကုန်ကြမ်းတစ်ခုကို အမေရိကန်ထံမှ ဝယ်ယူရန် ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံ

Apple က အမေရိကန်ရှိ မြေရှားသတ္တုကုမ္ပဏီ MP Materials နှင့် ဒေါ်လာ ၅၀၀ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး သမ္မတ Trump ၏ ဖိအား ကြောင့် iPhone ထုတ်လုပ်မှုကို ပြည်တွင်းတွင် ပြုလုပ်ရန် လုပ်ဆောင် လျက်ရှိသည်။

ဇူလိုင် ၁၅ ရက်တွင် ကြေညာခဲ့သော ပူးပေါင်းဆောင်ရွက်မှုအရ Apple သည် MP Materials မှ မြေရှားသတ္တုအားအခြေခံသည့် သံလိုက် ကုန်ကြမ်းများကို တိုက်ရိုက်ဝယ်ယူမည်ဖြစ်ကာ အမေရိကန် ထောက်ပံ့ရေး ကွင်းဆက်ကို အားဖြည့်ပေးမည်ဖြစ်သည်။ ထို့အပြင် Apple သည် ကယ်လီဖိုးနီးယားတွင် အသစ်တည်ဆောက်မည့် Recycle စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး Recycle အခြေခံ မြေရှားသတ္တု ပစ္စည်း များကို Apple ထုတ်ကုန်များတွင် အသုံးပြုရန် စီစဉ်ထားသည်။

ယခုလုပ်ဆောင်ချက်သည် Apple ၏ အမေရိကန်တွင် လုပ်ငန်းချဲ့ထွင်ရန် ဒေါ်လာ ၅၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ထရမ့် အစိုးရအနေဖြင့် နည်းပညာထုတ်လုပ်မှုကို ပြည်တွင်းသို့ ပြန်လည်ရွှေ့ပြောင်းကာ တရုတ်အပေါ် မှီခိုမှုလျှော့ချရန် အားထုတ် နေချိန်ဖြစ်သည်။ စမတ်ဖုန်းမှသည် တီဗီနှင့် စစ်လေယာဉ်များအထိ အရေးပါသော မြေရှားသတ္တုများသည် အမေရိကန်-တရုတ် ကုန်သွယ်ရေး ဆွေးနွေးပွဲများတွင် အဓိက အလှည့်အပြောင်းအဖြစ် ပါဝင်နေသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်သည် မြေရှားသတ္တုများ ပြုပြင် ထုတ်လုပ်မှု၏ ၉၀% နီးပါးကို ထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။

“အမေရိကန်တီထွင်မှုများသည် မိမိတို့ Apple တွင် လုပ်ဆောင်သမျှ၏ အခြေခံဖြစ်ပြီး အမေရိကန်စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို နက်ရှိုင်း စေရန် ဂုဏ်ယူပါသည်” ဟု Apple CEO Tim Cook က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ “မြေရှားသတ္တု ဆက်စပ်ပစ္စည်းများသည် အဆင့်မြင့် နည်းပညာ ထုတ်လုပ်ရန်အတွက် အရေးကြီးပြီး အဆိုပါ ပူးပေါင်းမှုသည် အမေရိကန်တွင် ထိုအရေးပါသော ကုန်ကြမ်းများ ရရှိမှု ကို ပိုမိုခိုင်မာစေမည်ဖြစ်သည်” ဟု ဆိုသည်။

MP Materials ၏ တက္ကဆက်ပြည်နယ် Fort Worth ရှိ စက်ရုံသည် Apple ထုတ်ကုန်များအတွက် အရေးပါသည့် ကုန်ကြမ်းများ ထုတ်လုပ် နိုင်မည့် စက်လိုင်းတစ်ခု တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် စတင် ပို့ဆောင်မည်ဖြစ်ကာ Apple ပစ္စည်းသန်းပေါင်းများစွာအတွက် အထောက်အပံ့ ဖြစ်စေမည်ဟု MP Materials က ဆိုသည်။ ထိုကုန်ကြမ်းများကို အမေရိကန်တစ်ဝှမ်းနှင့် ကမ္ဘာတစ်ဝှမ်းသို့ ဖြန့်ဖြူးပေးမည်ဖြစ်သည်။

Apple က အဆိုပါ တိုးချဲ့စီမံကိန်းဖြင့် အလုပ်အကိုင်အသစ်များစွာ ဖန်တီးပေးမည်ဟု ဆိုကာ ကုမ္ပဏီနှစ်ခုစလုံးသည် အမေရိကန်လုပ်သားများအားသံလိုက်ကုန်ကြမ်းထုတ်လုပ်မှုအတွက် လေ့ကျင့်သင်ကြားပေးမည် ဖြစ်သည်ဟု ဆိုသည်။

ကိုးကား- CNN

မြေရှားသတ္တုတွင်း ပိုင်ဆိုင်သည့် ကုမ္ပဏီတွင် ပင်တဂွန်က ရှယ်ယာ ဒေါ်လာ သန်း ၄၀၀ ဖိုး ဝယ်ယူ

ကာကွယ်ရေးဝန်ကြီးဌာနသည် MP materials ကုမ္ပဏီ၏ စတော့ ရှယ်ယာ ဒေါ်လာသန်း ၄၀၀ ဖိုး ဝယ်ယူခြင်းဖြင့် ကုမ္ပဏီတွင် ရှယ်ယာ အများအပြား ပိုင်ဆိုင်သူဖြစ်လာမည်ဖြစ်ကြောင်းနှင့် စက်ရုံအသစ် တည်ဆောက် နိုင်ရန်ကူညီခြင်းဖြင့် တရုတ်ဈေးကွက်ကို ရှောင်လွှဲနိုင်ရန် လုပ်ဆောင် နေကြောင်း မြေရှား သတ္တုတူးဖော်သည့် MP materials ကုမ္ပဏီက ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွင် ပြောကြားခဲ့သည်။

အမေရိကန် လက်နက်စနစ်များအတွက် အရေးကြီးသည့်ပစ္စည်း ဖြစ်သော်လည်း တရုတ်ကုမ္ပဏီများ ကြီးစိုးနေသည့် မြေရှားသတ္တု ထုတ်လုပ်မှုကို ထရမ့်အစိုးရက မည်မျှအထိ ထောက်ပံ့ပေးရန် ဆန္ဒ ရှိနေကြောင်း အဆိုပါ သဘောတူညီချက်က ဖော်ပြနေပါသည်။

Las Vegas အခြေစိုက် MP materials သည် ကယ်လီဖိုးနီးယားပြည်နယ် Mountain Pass ရှိ အမေရိကန်၏ တစ်ခုတည်းသော မြေရှားသတ္တုတွင်း ကို ပိုင်ဆိုင်ပါသည်။

MP materials ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Jim Litinsky က ကုမ္ပဏီသည် US ရှိ မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်ကို အပြည့်အဝ ပြန်လည်ထူထောင်ရန်နှင့် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းများ အတွက် တစ်ခုတည်းသောအားနည်းချက်ကို ဖယ်ရှားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ မကြာသေးမီကဖြစ်ရပ်များသည် ထိုကိစ္စ၏ အရေးကြီးမှုအားမီးမောင်းထိုးပြခဲ့သည်ဟု ရင်းနှီးမြှုပ်နှံသူများ နှင့် ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွေ့ဆုံမှုတွင် Litinsky က ပြောကြား ခဲ့ပါသည်။

အမေရိကန်နှင့် တရုတ်တို့ကြား ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အငြင်းပွား မှုတွင် မြေရှားသတ္တုသည် အပေးအယူလုပ်စရာကိစ္စတစ်ခု ဖြစ်လာခဲ့ ပါသည်။ လွန်ခဲ့သည့်နှစ်များအတွင်း Mountain Pass မိုင်းသည် တရုတ် ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရန် ရုန်းကန်ခဲ့ရပါသည်။ တရုတ် ကုမ္ပဏီ အများစုမှာ အစိုးရပိုင်လုပ်ငန်းများဖြစ်ပြီး အစိုးရ အထောက်အပံ့ အများ အပြားရသည့်အပြင် အလုပ်သမားနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကုန်ကျစရိတ်များ သက်သာပါသည်။ မြေရှားသတ္တုတွင်း၏ ယခင် ပိုင်ရှင် ဖြစ်သော Molycorp သည် ၂၀၁၅ ခုနှစ်တွင် ဒေဝါလီခံရန် လျှောက်ထား ခဲ့ပြီးနောက် MP materials က ထိုမိုင်းကို ဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ 

MP materials ၏ ရှယ်ယာများကို ပင်တဂွန်က ဝယ်ယူရန် သဘော တူညီချက်သည် MP materials တွင် တရုတ်ရှယ်ယာပါဝင်မှုကိုလည်း လျော့နည်းစေသည်။ ယခုအချိန်တွင် Shenghe resources ဟုခေါ်သော တရုတ်ကုမ္ပဏီသည် MP ၏စတုတ္ထအကြီးဆုံးရှယ်ယာရှင်ဖြစ်ပြီး အကြမ်းဖျင်း အားဖြင့် အစုရှယ်ယာ ၈ ရာခိုင်နှုန်းရှိကြောင်း Bloomberg သတင်းက ဆိုပါသည်။

ကိုးကား- The Washington Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်မိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နစက

အမေရိကန်သွင်းကုန်အပေါ် အခွန် ၅၀ % တုံ့ပြန် စည်းကြပ်မည်ဟု ဘရာဇီးသမ္မတ ပြန်လည် ခြိမ်းခြောက်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်သို့ တင်သွင်းလာသည့် ဘရာဇီးကုန်ပစ္စည်းများအပေါ် အခွန် ၅၀ % စည်းကြပ်မည်ဟု ကြေညာ ပြီးနောက်နေ့မှာပင် ဘရာဇီးသမ္မတအီနာစီလို လူလာဒါဆီးလ်ဗါ က ဘရာဇီးဘက်ကလည်း တုံ့ပြန်သည့်အနေဖြင့် မိမိတို့နိုင်ငံထဲ တင်သွင်း လာသည့် အမေရိကန်ကုန်ပစ္စည်းများအပေါ် အခွန် ၅၀ % စည်းကြပ် သွားမည်ဖြစ်ကြောင်း ဘရာဇီး သတင်းဌာနတစ်ခုဖြစ်သည့် Record ကို ပြောကြားလိုက်ပါသည်။ 

“ဘရာဇီးအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို အယူခံ တင်သွင်း နိုင်ပါသည်၊ ထို့အပြင် အဆိုပါကိစ္စအတွက် အပြည်ပြည်ဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေ တောင်းဆိုပြီး ရှင်းလင်းချက်တွေ တောင်းခံနိုင်သော်လည်း အဓိကအရေးကြီးသည်က မိမိတို့၏ လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် အပြန်အလှန်ရပိုင်ခွင့်ဆိုင်ရာဥပဒေ (Reciprocity Law) က အဓိက ကျပါသည်” ဟု လူလာက ထည့်သွင်းပြောကြားထားပါသည်။ လူလာ ဆိုလိုခြင်းမှာ လက်တင်အမေရိကန်ကား၏ အကြီးဆုံးစီးပွားရေးအပေါ် အခွန်တိုက်ခိုက်မှုရန်မှ ကာကွယ်ရန် ရည်ရွယ်ပြီး  မကြာသေးခင်ကမှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေကို ရည်ညွှန်းပြောကြားခြင်း ဖြစ်ပါသည်။ 

ထရမ့်၏ အခွန်သတ်မှတ်ကြောင်း ကြေညာချက်ထွက်လာပြီးနောက်နေ့ ကြာသပတေးနေ့တွင် လူလာက အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ခေါ်ယူကာ အမေရိကန်အခွန်ကိစ္စကို တုံ့ပြန်ကိုင်တွယ်ဖြေရှင်းနိုင်ရန် အစည်းအဝေး တစ်ရပ်ကျင်းပပြုလုပ်ခဲ့ပါသည်။ လူလာ၏ ရုံးအဖွဲ့အကြီးအကဲ ပြောကြားချက် အရ အမေရိကန်အခွန်စည်းကြပ်မှုအပေါ် မိမိတို့ဘက်က တုံ့ပြန် လုပ်ဆောင် နိုင်ရေး လေ့လာရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်ကြသည်ဟု သိရှိ ရပါသည်။ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အာရှနိုင်ငံများအပါအဝင် နိုင်ငံ အတော်များများကို အခွန်တိုးမြင့်စည်းကြပ်ကောက်ခံရန် မကြာသေးမီ ရက်အတွင်းက ကြေညာထားပြီး ဆွေးနွေးညှိနှိုင်းရန် အချိန်ပေးသည့် အနေဖြင့် သုံးပတ်နောက်ဆုတ်ကာ လာမည့် ဩဂုတ်လ ၁ ရက်တွင် စတင် အသက်ဝင်မည်ဟု အသိပေးကြေညာထားပါသည်။

ကိုးကား- The Guardian

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

တင်းမာမှုများအကြားမှ ဂျပန်နိုင်ငံသည် အာဆီယံနှင့် လွတ်လပ်၍ မျှတသော ကုန်သွယ်ရေး ဆွေးနွေးပွဲကျင်းပ

ကွာလာလမ်ပူ။  ကြာသပတေးနေ့က အမေရိကန်၏ ဂျပန်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံ များအပေါ် အကောက်အခွန်ဆိုင်ရာ တင်းမာသည့် အမိန့်များ ချမှတ်နေချိန်  “လွတ်လပ်၊ မျှတ၍ ပွင့်လင်းသည့်” နိုင်ငံ့စီးပွားရေး ဖြစ်စဉ်ပေါ်ပေါက်ရေးအတွက် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တကဲရှိ အိဝယသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မလေးရှားနိုင်ငံတွင် တွေ့ဆုံခဲ့ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့ထုတ် ကျိုဒိုသတင်းတွင် ဖော်ပြပါရှိပါသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အရှေ့တောင်အာရှ နိုင်ငံများအသင်းသည် “ကမ္ဘာ့တိုးတက်မှု၏ ဗဟိုချက်” အဖြစ် အိယဝက မှတ်ချက်ပြု ပြောကြားခဲ့ပြီး၊ ဂျပန်နိုင်ငံသည် ယင်းဒေသဆိုင်ရာ အုပ်စုနှင့် ပိုမိုအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုမျိုး ပြုလုပ်လိုသည့် ဆန္ဒပြင်းပြလျက် ရှိကြောင်း၊ “ဒေသတွင်း ငြိမ်းချမ်း သာယာဝပြောရေးသည် ဒေသအတွက် အရေးကြီးပါ တယ်” ဟုလည်း ထပ်လောင်း ပြောကြားပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုထားသည့် အကောက်အခွန်များနှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးက “အားကောင်းအောင် ထိန်းထားရမယ်” ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ကို အပြန် အလှန် ကုန်သွယ်မှုစနစ်၏ ဗဟိုချက်အဖြစ်ထားရမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ထရမ့်က ဂျပန်နိုင်ငံ၏ သွင်းကုန်များကို ဩဂုတ်လ ၁ ရက်နေ့မှစ၍ အကောက်အခွန် ၂၅ ရာခိုင်နှုန်း အမေရိကန်ပြည်ထောင်စုက ကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပြုထားပြီး၊ အာဆီယံအဖွဲ့ဝင် ၆ နိုင်ငံက အကောက်အခွန် ၄၀ ရာခိုင်နှုန်းနှင့် ရင်ဆိုင်ရလျက်ရှိနေပါသည်။

အစည်းအဝေးတွင် အာဆီယံဝန်ကြီးများက တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းဖြင့် လွတ်လပ်စွာ သွားလာနိုင်ရေး၏ အရေးပါပုံနှင့် ရေကြောင်းအငြင်းပွားမှု ဖြေရှင်းရာတွင် ကုလသမဂ္ဂ၏ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေ ကွန်ဗင်းရှင်းကို အခြေခံရေးတို့ကို ထောက်ပြ ပြောကြားခဲ့ပြီး၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့အကြား ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပွားနေစဉ် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တိုကျို၏ အာဆီယံနိုင်ငံများနှင့် ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှု တိုးမြှင့်ရေးအစီအစဉ်၊ လာမည့်နှစ် မတ်လ ကုန်ပိုင်းတွင် ဒေသတွင်း “ဂျပန် ဘာသာစကား မိတ်ဖက်” ၆၀၀ ခန့်ကို စေလွှတ်ပေးသွားမည့် အစီအစဉ်ကို ချပြခဲ့ပါသည်။

အိဝယသည် မဲခေါင်ဒေသတွင်းနိုင်ငံများမှ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် တို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး၊ သဘာဝဘေး ကြိုတင်ကာကွယ် ရေး၊ ကာဗွန်ဓာတ်ငွေ့ လျော့ချရေး၊ ဒီဂျစ်တယ်နည်းပညာ အသုံးချရေး၊ နယ်စပ်ဖြတ်ကျော် မှုခင်းများ ကိုင်တွယ်ဖြေရှင်းရေးနှင့် အွန်လိုင်းလိမ်လည်မှုများ တားဆီးရေး တို့တွင်  ဂျပန် နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ ကြပါသည်။

ဂျပန်နှင့် မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံတို့၏ ပူးတွဲကြေညာချက်တွင် ဆိုက်ဘာ ရာဇဝတ်မှု၊ အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေး ခဝါချမှု စသည့် နယ်စပ်ဖြတ်ကျော် မှုခင်းများကို အလေး ထား ဖော်ပြထားပါသည်။   မြန်မာနှင့် ကမ္ဘောဒီးယားကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံများ တွင် အခြေစိုက်သည့် ရာဇဝတ်မှုပြုလုပ်သည့် အဖွဲ့အစည်းများ၏ အွန်လိုင်း လိမ်လည်မှု များတွင် ဂျပန်နိုင်ငံသားများလည်း ပါဝင်ပတ်သက်မှုရှိသည်။

ဂျပန်နှင့် မဲခေါင်နိုင်ငံများမှ ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေး ကျင်းပရန်မှာ အရေးကြီးကြောင်းကိုလည်း အသိအမှတ်ပြုခဲ့ကြပါသည်။ ၎င်းတို့သည် ၂၀၂၀ ပြည့်နှစ်တွင် ခေါင်းဆောင်များ၏ အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ပုံစံဖြင့် နောက်ဆုံးကျင်းပခဲ့သည်။ 

ကိုးကား- Kyodo News

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ

အကောက်ခွန် ၅၀၀% အထိ မြှင့်တင်သော်လည်း ရုရှားနိုင်ငံ၏ မူဝါဒကို လမ်းလွဲစေမည်မဟုတ်ဟု ဆို

ရုရှား နိုင်ငံခြားရေးဒုတိယဝန်ကြီး Sergey Ryabkov က အမေရိကန် ပြည်ထောင်စုက ရုရှား၏ ကုန်သွယ်ဖက်နိုင်ငံများအပေါ် အကောက်ခွန် ၅၀၀% အထိ မြှင့်တင် စည်းကြပ်ပါက မော်စကိုက လိုက်လျောညီထွေ ဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုကဲ့သို့သော ကန့်သတ် အရေးယူ မှုများက ၎င်း၏ အချုပ်အခြာအာဏာပိုင်လမ်းစဉ်မှ လွဲချော်သွားစေမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အလွန်မြင့်မားသော အကောက်ခွန်များ စည်းကြပ်မည့် ဥပဒေကြမ်းကိုပံ့ပိုးရန် အလေးအနက်ထား စဉ်းစားနေကြောင်း အင်္ဂါနေ့ (ဇူလိုင် ၈) တွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်အပေါ် အစာမကြေဖြစ်နေကြောင်း ဖော်ပြခဲ့သည်။ ယူကရိန်းပဋိပက္ခတွင် ရုရှား၏ တင်းမာသော ရပ်တည်မှုကို လျှော့ချရန် ဖိအားပေးနိုင်ရေးအတွက် ရည်ရွယ်သည့် အဆိုပါ ဥပဒေကြမ်းကို ရုရှားအပေါ် ဆန့်ကျင်ခက်ထန်သော သဘောထားရှိသူ ဆီးနိတ် လွှတ်တော်အမတ် Lindsey Graham က ယခုနှစ်အစောပိုင်းတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွင် သတင်းထောက်များက ၅၀၀% အထိ မြင့်မားလွန်းသော အကောက်ခွန်များ စည်းကြပ်ပါက မော်စကို၏ တုံ့ပြန်မှုကို Ryabkov အား မေးမြန်းခဲ့ရာတွင် ၎င်းက “ဖော်ပြချက် အတိုင်း အခြေအနေသစ်တစ်ရပ် ပေါ်ပေါက်လာပါက အပိုဆောင်း ဆန်းစစ်ချက် နှင့် စဉ်းစားဆင်ခြင်မှုများ လိုအပ်သော်လည်း အခြေအနေကို အကြီးအကျယ် ပြောင်းလဲသွားစေမည် မဟုတ်ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။ ပြည်ပ နိုင်ငံများက ရုရှားအပေါ် ယခုအချိန်ထိ ပိတ်ဆို့အရေးယူမှုပေါင်း ၃၀,၀၀၀ ကျော် ပြုလုပ်ထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြား ခဲ့သည်။

“ပိတ်ဆို့ဒဏ်ခတ်မှုများသည် ရုရှားထက် အနောက်နိုင်ငံများကို ပိုမို ဒုက္ခ ပေးနေသည်” ဟု ပူတင်က ယမန်လက ဘယ်လာရုဇ်နိုင်ငံ မင့်စ် မြို့တွင် ကျင်းပသည့် ယူရေးရှား စီးပွားရေး အသင်းအဖွဲ့၏ ထိပ်သီးညီလာခံတွင် ပြောကြားခဲ့သည်။ “ဒဏ်ခတ်မှုများ တိုးလာသည်နှင့်အမျှ ၎င်းတို့ကို ချမှတ်သူများ၏ ဆုံးရှုံးမှုလည်း ပိုကြီးလာမည်” ဟု ပြောကြားခဲ့သည်။