အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က BRICS အဖွဲ့နှင့် ကုန်သွယ် ဆက်ဆံသော မည်သည့်နိုင်ငံကိုမဆို "ခြွင်းချက်မရှိ" အပို ၁၀% အကောက်ခွန် စည်းကြပ်မည်ဟု ခြိမ်းခြောက်လိုက်ပြီး စီးပွားရေးအစုအဖွဲ့အား အမေရိကန်ဆန့်ကျင်ရေး မူဝါဒများ ကျင့်သုံးသည်ဟု စွပ်စွဲခဲ့သည်။

အဆိုပါသတိပေးချက်သည် BRICS ခေါင်းဆောင်များ၏ ရီယိုဒီဂျနေးရိုး တွင်ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးပြီးဆုံးပြီး နာရီပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် အစုအဖွဲ့ က တစ်ဖက်သတ် အကောက်ခွန်အရေးယူမှုများကို ဝေဖန်ကာ ကုန်သွယ်ရေးအစီအမံများကို ရှုတ်ချခဲ့သော်လည်း အမေရိကန်ကို တိုက်ရိုက်မဖော်ပြခဲ့ပေ။
“BRICS ၏ အမေရိကန်ဆန့်ကျင်ရေး မူဝါဒများနှင့် သဘောတူညီသော မည်သည့်နိုင်ငံကိုမဆို အပို ၁၀% အကောက်ခွန် ကောက်ခံမည်။ အဆိုပါမူဝါဒတွင် ခြွင်းချက်မရှိပါ” ဟု ထရမ့်က တနင်္ဂနွေနေ့ (ဇူလိုင် ၆) တွင် Truth Social ၌ ရေးသားခဲ့သည်။
အဆိုပါသတိပေးချက်သည် ထရမ့်၏ ဖေဖော်ဝါရီလက ပိုမိုကြမ်းတမ်း သော ပြောကြားချက်များနှင့် ဆင်တူနေပြီး ထိုစဉ်က BRICS အဖွဲ့ဝင် များအား ၁၀၀% အထိ အကောက်ခွန်များ စည်းကျပ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။ ထိုအချိန်က ၎င်းက BRICS အဖွဲ့သည် ဘုံငွေကြေးတစ်ခု ထူထောင်ပါက သို့မဟုတ် အမေရိကန်ဒေါ်လာ၏ ကမ္ဘာ့ကုန်သွယ်ရေး လွှမ်းမိုးမှုကို စိန်ခေါ်ပါက ပြင်းထန်စွာ တုံ့ပြန်မည်ဟု ကြေညာခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တနင်္ဂနွေနေ့ကကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးတွင် ဝယ်ယူနိုင်စွမ်းအား ညီမျှမှု (PPP) အရ တွက်ချက်ပါက ထိုအစုအဖွဲ့၏ ပေါင်းစပ်ပြည်တွင်းထုတ်ကုန် (GDP) သည် G7 အုပ်စု၏ GDP ကို ကျော်လွန်သွားပြီဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ယခုအခါ BRICS အဖွဲ့သည် ကမ္ဘာ့လူဦးရေ၏ လေးပုံ တစ်ပုံ နီးပါးနှင့် ကမ္ဘာ့ GDP ၏ ၄၀% နီးပါးကို ကိုယ်စားပြုလျက်ရှိသည်။
ထရမ့်သည် ဇန်နဝါရီလတွင် ရာထူးပြန်လည်ရရှိပြီးနောက် အမေရိကန် ထုတ်လုပ်သူများကို ကာကွယ်ရန် ရည်ရွယ်သည့် အကောက်ခွန် စီမံချက် များကို စတင်ခဲ့သည်။ ဧပြီလ ၂ ရက်နေ့တွင် Liberation Day ဟု ၎င်းခေါ်ဝေါ်သော အစီအမံများဖြင့် ကုန်သွယ်ဖက်နိုင်ငံ အားလုံးအား ၁၀% အထိ အလုံးစုံအကောက်ခွန်နှင့် အမေရိကန်ကို အများဆုံး “မမျှတစွာ” ဆက်ဆံသည်ဟု စွပ်စွဲထားသော နိုင်ငံများအား ၇၀% အထိ အကောက်ခွန် များ ပါဝင်သည်။
အကောက်ခွန်အများစုကို ညှိနှိုင်းဆွေးနွေးရန် ရက် ၉၀ ခန့် ရွှေ့ဆိုင်း ထားခဲ့ပြီး သဘောတူညီချက်များ မရရှိသေးသည့်အတွက် နောက်ဆုံးရက် ကို ဩဂုတ်လ ၁ ရက်နေ့အထိ ထပ်မံဆိုင်းငံ့ထားသည်။ ထရမ့်သည် အမေရိကန်၏ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများထံ အကြောင်းကြားစာများ ပေးပို့မည်ဖြစ်ပြီး “လက်ခံရန် သို့မဟုတ် ငြင်းပယ်ရန်” ဆုံးဖြတ်ရမည့် သဘောတူညီချက်များကို ပထမဆုံးအသုတ်အဖြစ် တနင်္လာနေ့ (ဇူလိုင် ၇) တွင် ပေးပို့မည်ဖြစ်သည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က CNN သို့ ပြောကြား ရာတွင် ထရမ့်သည် “ကုန်သွယ်မှု အလွန်နည်းပါးသော” နိုင်ငံငယ် ၁၀၀ ခန့်ထံသို့လည်း စာများပေးပို့မည်ဖြစ်ပြီး၊ ၎င်းနိုင်ငံများစွာနှင့် အခြေခံ ၁၀% အကောက်ခွန်နှုန်းကို ယခင်ကတည်းက ကျင့်သုံးနေပြီဖြစ်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသည့် ၁၇ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတွင် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က BRICS အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်ရန် တိုက်တွန်း ခဲ့ပြီး တစ်ဖက်သတ်အကောက်ခွန်ဆိုင်ရာအစီအမံများနှင့် တစ်ဖက်သတ် အကာအကွယ်ပေးရေးမူဝါဒများအကြား အားကောင်းပြီး အခြေခံမူများ ရှိသောအဖွဲ့အဖြစ် ရပ်တည်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသော BRICS အုပ်စုသည် လက်ရှိကမ္ဘာ့စီးပွားရေး၏ ၄၀% ခန့်ကို ကိုယ်စားပြုပြီး BRICS အဖွဲ့ဝင်နိုင်ငံ အချင်းချင်းအကြား ကုန်သွယ်မှု တိုးမြှင့်ရန် အလားအလာများရှိသည်ကို ယုံကြည်ကြောင်း Anwar က ပြောကြားခဲ့ပြီး မလေးရှားကုမ္ပဏီများအနေဖြင့်လည်း နိုင်ငံတကာ ဈေးကွက် သစ်များနှင့် ကုန်သွယ်မှုအခွင့်အလမ်းများကို ရှာဖွေလိုကြောင်း Anwar က ပြောကြားခဲ့သည်။
မလေးရှားဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သူ Anwar က BRICS နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုး စီးပွား အပြန်အလှန် ဖြစ်ထွန်းစေရန်အတွက် နိုင်ငံဖြတ်ကျော် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းအပါအဝင် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန် ဆက်လက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
မလေးရှားနိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် BRICS အဖွဲ့၏ တရားဝင်မိတ်ဖက်နိုင်ငံ ဖြစ်လာခဲ့ပြီး ဇူလိုင် ၆ ရက်နေ့တွင် ကျင်းပ ပြုလုပ် သည့် BRICS ထိပ်သီးအစည်းအဝေး တွင် မိတ်ဖက်နိုင်ငံအဖြစ် လည်းကောင်း၊ ၂၀၂၅ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ် လည်းကောင်း ပါဝင် တက်ရောက် ခဲ့သည်။
ဘရာဇီးနိုင်ငံသည် လက်တင်အမေရိကတွင် မလေးရှား၏ အဓိက ကုန် သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး မလေးရှားနှင့် ဘရာဇီးနိုင်ငံတို့၏ နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ၂၀၂၃ ခုနှစ်တွင် မလေးရှားရင်းဂစ် RM ၁၇.၄၃ ဘီလီယံမှ ၂၀၂၄ ခုနှစ်တွင် ၁၄.၆% အထိတိုးတက်ကာ မလေးရှားရင်းဂစ် RM ၂၀.၃၅ ဘီလီယံ၊ အမေရိကန်ဒေါ်လာ ၄.၃၈ ဘီလီယံအထိ ရရှိ ခဲ့သည်။
ကိုးကား -CNA
Photo: Malay Mail
ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃

၂၀၂၅ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံး လူပုဂ္ဂိုလ် ၅၀ တွင် Red Bull အချိုရည် မိသားစုမှ ပထမနေရာတွင်ဦးဆောင်နေပြီး အဆိုပါ ထိပ်တန်း အယောက် ၅၀ ၏ စုပေါင်းကြွယ်ဝမှုသည် ဒေါ်လာ ၁၇၀ ဘီလီယံ (ယခင် ကထက် ၁၁%) အထိ ခုန်တက်သွားသည်ဟု Forbes သတင်းက ဖော်ပြ သည်။

ကုန်သွယ်ရေးတင်းမာမှုများနှင့် နိုင်ငံရေးမသေချာမရေရာမှုများ မြင့်တက် နေသည့်ကြားတွင် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် မျှော်လင့်ထားသည် ထက် နှေးကွေးနေသည်။ ပိုမိုအားကောင်းသော ဘတ်ငွေသည် လွန်ခဲ့သည့် တစ်နှစ်က စတော့ရှယ်ယာဈေးကွက်အညွှန်းကိန်း၏ ၁၄% ကျဆင်းမှုကို ကာမိသော်လည်း ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု များဖြင့် ၁၁% ကျော်သည် အမေရိကန်ဒေါ်လာ $170.5 ဘီလီယံအထိ တိုးလာခဲ့သည်။
ယေဘုယျအားဖြင့် နိုင်ငံ၏ အချမ်းသာဆုံး ပထမ နေရာတွင် Chalerm Yoovidhya ဦးဆောင်သော Red Bull အချိုရည်မိသားစု၏ အသားတင် တန်ဖိုးသည် အမြင့်မားဆုံး ဒေါ်လာ $8.5 ဘီလီယံ အထိ တိုးတက်သွား ခဲ့သည်။ အားဖြည့်အချိုရည် ကုမ္ပဏီကြီး၏ နှစ်စဉ်ဝင်ငွေသည် ၂၀၂၄ ခုနှစ်တွင် 11.2 ဘီလီယံ (ဒေါ်လာ 12.9 ဘီလီယံ) အထိ မြင့်တက် လာသဖြင့် ၎င်းတို့၏ ကြွယ်ဝမှုသည် စံချိန်တင် $44.5 ဘီလီယံအထိ မြင့်တက် လာခဲ့သည်။
Charoen Pokphand အဖွဲ့မှ Chearavanont ညီအစ်ကိုများသည် ၎င်းတို့၏ အသားတင် ၂၃ ရာခိုင်နှုန်း တိုးလာပြီးဒေါ်လာ ၃၅.၇ ဘီလီယံ အထိ နိုင်ငံ၏ ဒုတိယအချမ်းသာဆုံးအဖြစ် ၎င်းတို့၏ ရာထူးကို ဆက်လက် ထိန်းသိမ်းထားသည်။ အဖွဲ့သည် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံ အပေါ် နှစ်ဆတိုးကာ ဒေတာစင်တာများတည်ဆောက်ရန်အတွက် BlackRock နှင့် ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။ ၎င်း၏ fintech ယူနစ် Ascend Money သည် မကြာသေးမီက virtual bank တစ်ခုတည်ထောင်ရန် ခွင့်ပြုချက်ရခဲ့သည်ဟု ရေးသားဖော်ပြပါသည်။
ကိုးကား- Forbes

အလုပ်အကိုင်အခြေအနေ နှင့်ပတ်သက်သည့် အချက်အလက်များ မျှော်မှန်းထားသည်ထက် ပိုကောင်းမွန်မှုကြောင့် ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၃၀ ကျော်ကျဆင်းသွားသော်လည်း Wall Street စတော့ ရှယ်ယာဈေး မှာမူ ဒုတိယအကြိမ်ဆက်တိုက် စံချိန်တင်မြင့်တက်နေသည်။
ဇူလိုင် ၃ ရက်က ဈေးကွက်ပိတ်သိမ်းချိန်တွင် ကမ္ဘာ့ရွှေစျေးသည် တစ် အောင်စလျှင် ၃,၃၂၅ ဒေါ်လာဖြင့် ဒေါ်လာ ၃၁ ကျဆင်းခဲ့သည်။ ဈေးကွက်ဖွင့်လှစ်ထားစဉ်အချိန်အတွင်း တစ်ချိန်တွင် ရွှေစျေးသည် ၃,၃၁၅ ဒေါ်လာအထိ ကျဆင်းသွားခဲ့သည်။

အမေရိကန်အလုပ်သမားရေးရာဌာနမှ ဇွန်လအတွက် မျှော်မှန်းထားသည် ထက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခြေအနေဆိုင်ရာ အစီရင်ခံစာ ထွက်ရှိပြီးနောက် ဈေးကွက်တည်ငြိမ်သွားခဲ့သည်။ အမေရိကန်နိုင်ငံတွင် အလုပ်အကိုင်အသစ် ၁၄၇,၀၀၀ ရရှိခဲ့ပြီး မျှော်မှန်းထားသည့် ၁၁၀,၀၀၀ ထက် ပိုမိုများပြားခဲ့သည်။ အဆိုပါအချက်အလက်များက အမေရိကန်ဗဟိုဘဏ် (Fed) ၏ အတိုးနှုန်းလျှော့ချမှုကို မကြာမီကာလအတွင်းလုပ်ဆောင်နိုင်ခြေကို လျော့နည်းစေသည်။ အတိုးနှုန်းမြင့်မားခြင်းက ရွှေကို စိတ်ဝင်စားမှုနည်းစေသည်။
အလုပ်အကိုင်အခြေအနေကောင်းမွန်မှုက အမေရိကန်ဒေါ်လာကို အားကောင်း စေခဲ့ပြီး ဒေါ်လာတန်ဖိုးတက်လာခြင်းက အခြားငွေကြေးသုံးစွဲသည့် ရွှေဝယ်လိုအားအတွက် ပိုမိုစျေးနှုန်းမြင့်မားစေသည်။ သို့သော် Julius Baer အဆိုအရ ဇူလိုင် ၃ ရက်က အမေရိကန်အောက်လွှတ်တော်မှဒေါ်နယ်ထရမ့်၏ အခွန်လျှော့ချရေးနှင့် အသုံးစရိတ်တိုးမြှင့်ရေး ဥပဒေကြမ်း အတည်ပြုခဲ့ခြင်းက ရေရှည်တွင် ရွှေအတွက်အကျိုးရှိစေမည်ဟု ဆိုသည်။ “အမေရိကန်အစိုးရ၏ ကြွေးမြီသည် ဒေါ်လာ ၃.၄ ထရီလီယံအထိ တိုးလာနိုင်ပြီး၊ ရင်းနှီးမြှုပ်နှံသူများက ဒေါ်လာအပေါ် စိုးရိမ်မှုတိုးလာကာ ရွှေဈေးကိုမြင့်တက်စေမည်” ဟု ၎င်းက ရှင်းပြခဲ့သည်။
ဇွန်လအတွင်း အလုပ်အကိုင်အခြေအနေကောင်းမွန်မှုက အမေရိကန်စတော့ ရှယ်ယာဈေးကို ဆက်လက်မြင့်တက်စေခဲ့သည်။ S&P 500 နှင့် Nasdaq Composite အညွှန်းကိန်းများသည် အသီးသီး ၀.၈% နှင့် ၁% တက်ကာ ဒုတိယအကြိမ်ဆက်တိုက် စံချိန်သစ်တင်ခဲ့သည်။ DJIA လည်း ၀.၇၇% တက်ပြီး ၄၄,၈၂၈ ပွိုင့် အထိရောက်ရှိခဲ့သည်။
ချစ်ပ်ထုတ်လုပ်သူ Nvidia ၏ စတော့ရှယ်ယာဈေးသည် ၁.၃% တက်ကာ ကုမ္ပဏီ၏ စျေးကွက်တန်ဖိုးသည် ဒေါ်လာ ၃.၈၉ ထရီလီယံ အထိ ရောက်ရှိခဲ့သည်။ ဈေးကွက်ဖွင့်စဉ်ကာလအတွင်း ၎င်း၏တန်ဖိုးသည် ဒေါ်လာ ၃.၉၂ ထရီလီယံ အထိရောက်ရှိခဲ့ပြီး Apple ၏ စံချိန်တင် ဒေါ်လာ ၃.၉၁၅ ထရီလီယံ ကိုပင် ကျော်လွန်သွားခဲ့သည်။
ဇူလိုင် ၃ ရက်တွင် အမေရိကန်စတော့ရှယ်ယာစျေးကွက်သည် လွတ်လပ်ရေး နေ့ အခမ်းအနားအတွက် အချိန်တိုတောင်းစွာ ဖွင့်လှစ်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ နည်းပါးခဲ့သည်။ Man Group ၏ စျေးကွက် လေ့လာ သုံးသပ်ရေးပညာရှင် Kristina Hooper က “အဆိုပါတိုးတက်မှုကို အဓိကဦးဆောင်နေသည်မှာ လက်လီရင်းနှီးမြှုပ်နှံသူများဖြစ်ပြီး ၎င်းတို့ သည် ငွေကြေးဖောင်းပွမှုဖိအားနှင့် ကုန်သွယ်ခွန် မတည်ငြိမ်မှုများကို လျစ်လျူရှုကာ အလုပ်အကိုင်အခြေအနေကောင်းမွန်မှုမှ အကောင်းမြင် စိတ်ကိုသာ အာရုံစိုက်နေကြသည်” ဟု ရှင်းပြခဲ့သည်။
ကိုးကား- VN Express

ဝါရှင်တန် ဇူလိုင် ၃
ထိုင်းနိုင်ငံ၏ ယခုနှစ်စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းနှင့် ၂၀၂၆ ခုနှစ် စီးပွား ရေးဖွံ့ ဖြိုးမှုနှုန်းတို့ကို ကမ္ဘာ့ဘဏ်က ယနေ့တွင် ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ယခုနှစ်စီးပွားရေးဖွံ့ဖြိုးမှုနှုန်းသည် ၁ ဒသမ ၈ ရာခိုင် နှုန်းသာရှိနိုင်ပြီး ၂၀၂၆ ခုနှစ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ ၁ ဒသမ ၇ ရာခိုင်နှုန်းအထိသာ ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားသည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ကမ္ဘာ့စီးပွားရေး အခြေအနေ နှင့် ထိုင်းပြည်တွင်းစီးပွားရေးအခြေအနေများမရေမရာဖြစ်နေချိန်တွင် ကမ္ဘာ့ဘဏ်က ထိုင်းနိုင်ငံ၏ ယခု နှစ်စီးပွားရေးဖွံ့ဖြိုးမှုနှုန်းနှင့် ၂၀၂၆ ခုနှစ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းများကို ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်အစီ ရင်ခံစာတွင် ထိုင်းနိုင်ငံ၏ ယခုနှစ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို ၂ ဒသမ ၉ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ထား ပြီး ၂၀၂၆ ခုနှစ် စီးပွားရေးဖွံ့ ဖြိုးမှု နှုန်းကို ၂ ဒသမ ၇ ရာခိုင်နှုန်း သတ်မှတ်ထားသည်။
ထိုင်းနိုင်ငံသည် လက်ရှိအချိန်တွင် ပြည်ပပို့ကုန်ကဏ္ဍကျဆင်းလာမှု၊ ခရီးသွားလုပ်ငန်းကျဆင်းလာမှုတို့နှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ၏ခရီးသွားလုပ်ငန်းမှာ ပြန်လည်နာလန်ထူ နိုင်ရေးအတွက် မျှော်လင့်ထားသည်ထက် ပိုမိုကြာမြင့်နိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
Ref: Xinhus
Trs: KKO
YDNB Newspaper

အမေရိကန်နှင့် ပြုလုပ်မည့် ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးပွဲ၌ အခွန် စည်းကြပ်မှုဆိုင်းငံ့ကာလကို သက်တမ်းတိုးရန် တောင်းဆိုနိုင်ကြောင်း ဇူလိုင် ၄ ရက်တွင် တောင်ကိုရီးယားကုန်သွယ်ရေးဝန်ကြီး Yeo Han-koo က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လတွင် တောင်ကိုရီးယား၏ ကုန်သွယ်ရေး သံတမန် အသစ် ဖြစ်လာသည့် Yeo သည် ဇူလိုင် ၄ ရက် (သောကြာနေ့)တွင် အမေရိကန် သို့ သွားရောက်၍ ဇူလိုင် ၅ ရက်တွင် အမေရိကန်နိုင်ငံဆိုင်ရာ ကုန်သွယ်ရေး ကိုယ်စားလှယ် Jamieson Greer အပါအဝင် အခြားအဆင့်မြင့် အရာရှိ များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။

အမေရိကန်သို့ တင်သွင်းသည့် ကုန်ပစ္စည်းများအတွက် တိုးမြှင့်အခွန်နှုန်း မည်မျှ ကျသင့်မည်ကို သက်ဆိုင်ရာနိုင်ငံများသို့ ဇူလိုင် ၄ ရက်နေ့တွင် စာဖြင့် ပေးပို့အကြောင်းကြားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့သည်။
တောင်ကိုရီးယားသည် အမေရိကန်သို့ တင်သွင်းသည့် မော်တော်ကား နှင့် သံမဏိထုတ်ကုန်များအပေါ် ထရမ့်၏ အခွန်နှုန်း တိုးမြှင့် ကောက်ခံခြင်း မှ ကင်းလွတ်ခွင့်ရရှိရန်နှင့် လက်ရှိ ဆိုင်းငံ့ပေးထားသည့် ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့်စည်းကြပ်မှုအား ရှောင်ရှားရန် ကြိုးပမ်းလျက်ရှိသည်။
အမေရိကန်သည် ဗီယက်နမ်၏ သွင်းကုန်ပစ္စည်းများအတွက် မူလက သတ်မှတ်ထားသည့် အခွန် ၄၆% မှ ၂၀% အထိ လျှော့ချရန် သဘော တူညီခဲ့ကြောင်း ထရမ့်က ကြေညာခဲ့ပြီးနောက် တောင်ကိုရီးယား နိုင်ငံ သည် အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် ကြိုးပမ်း ဆောင်ရွက်ခြင်းဖြစ်သည်။
ထရမ့်အစိုးရသည် ဗီယက်နမ်မှ သွင်းကုန်ပစ္စည်းများအတွက် အခွန်နှုန်း ကို ၄၆% မှ ၂၀% သို့ လျှော့ချပေးမည်ဖြစ်သော်လည်း ဗီယက်နမ်တွင် စက်ရုံများတည်ထောင်ထားသည့် Samsung အပါအဝင် တောင်ကိုရီးယား ကုမ္ပဏီများအနေဖြင့် အဆိုပါအခွန်များကြောင့် ကုန်ထုတ်စရိတ် တက်လာ နိုင်ကြောင်း၊ အဆိုပါကုမ္ပဏီများသည် ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံထားကြောင်း Yeo က ပြောကြား ခဲ့သည်။
ကိုးကား -CNA
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အကောက်ခွန်တိုးမြှင့်မှုအား ရက် ၉၀ ဆိုင်းငံ့ ကာလ သက်တမ်းမကုန်ဆုံးမီ ဗီယက်နမ်နိုင်ငံနှင့်ကုန်သွယ်ရေး သဘောတူညီမှုရရှိကြောင်း ကြေညာခဲ့သည်။ အခြား ကုန်သွယ် ဖက်နိုင်ငံများကလည်း အခွန်စည်းကြပ်မှုဆိုင်းငံ့ကာလ သက်တမ်း ကုန်ဆုံးမည့်လာမည့် ဇူလိုင်လ ၉ ရက်နေ့မတိုင်မီ အမေရိကန်နှင့် ကုန်သွယ်မှုသဘောတူညီချက် ရရှိရန် ကြိုးပမ်းနေကြသည်။

ထရမ့်က ဗီယက်နမ်ထုတ်ကုန်ပစ္စည်းများအပေါ်တွင် ၂၀% အခွန် စည်းကြပ် မည်ဖြစ်ပြီး ဗီယက်နမ်မှတစ်ဆင့် အမေရိကန်သို့ တင်သွင်းလာသည့် အခြားနိုင်ငံများ၏ကုန်ပစ္စည်းများ အပေါ် အခွန် ၄၀ % စည်းကြပ်မည်ဖြစ်ကြောင်း ထရမ့်က သတိပေးခဲ့သည်။ တရုတ်ကုန်ပစ္စည်းများအားဗီယက်နမ်မှတစ်ဆင့် လှည့်ပတ်တင်သွင်းခြင်းကို တားဆီးရန်အတွက် ထိုသို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြ ထားသည်။ အပြန်အလှန်အားဖြင့် ဗီယက်နမ်က အမေရိကန် ကုန်ပစ္စည်း များအား ၎င်း၏ စျေးကွက်သို့ အပြည့်အဝဝင်ရောက်ခွင့်ပေးရန် အကောက်ခွန် လျှော့ချပေးရန် သဘောတူညီထားသည်။
အမေရိကန် စီးပွားရေးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ အမေရိကန်သည် မက္ကဆီကို၊ ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံတို့ပြီးလျှင် ဗီယက်နမ်နှင့် စတုတ္ထမြောက် အကြီးဆုံး ကုန်သွယ်ရေး လိုငွေပြမှု ရှိနေသည်။
လက်ရှိတွင် အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် တရားဝင် လက်မှတ်ရေးထိုးပြီးစီးသည့် တစ်ခုတည်းသော နိုင်ငံမှာ ဗြိတိန်နိုင်ငံ ဖြစ်သည်။ အမေရိကန်သည် တရုတ်နှင့် ကုန်သွယ်ရေး သဘောတူညီချက် ရရှိရန် ဆက်လက်ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပြီး ယခုသီတင်းပတ်အတွင်း အိန္ဒိယနှင့် ယာယီသဘောတူညီချက်ရရှိနိုင်သည်ဟု Financial Times တွင် ဖော်ပြထားသည်။
ကိုးကား - NHK
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃

The Hindu ၊ ဇူလိုင် ၁
အိန္ဒိယနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသအတွင်းရှိ မဟာဗျူဟာ မိတ်ဖက်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၏ အရေးပါမှုကို တနင်္လာနေ့ (၃၀ ဇွန် ၂၀၂၅) ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အိမ်ဖြူတော် Press Secretary Karoline Leavitt ပြောကြားလိုက်ပါသည်။ သူမက အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နှင့် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့၏ အားကောင်း ခိုင်မာသည့် ပုဂ္ဂိုလ်ရေး ဆက်ဆံမှုရှိနေခြင်းကို အလေးထားပြောကြားခဲ့ပါသည်။

အင်ဒို-ပစိဖိတ်ဒေသတွင်း တရုတ်၏ ဩဇာသက်ရောက်မှုအပေါ် အမေရိကန်ပြည်ထောင်စု၏ အမြင်နှင့် ပတ်သက်၍ ANI သတင်းဌာနကမေးမြန်းရာတွင် Ms. Leavitt က “အာရှ-ပစိဖိတ်ဒေသတွင် အိန္ဒိယ အလွန်မဟာဗျူဟာကျသည့် မိတ်ဖက်အဖြစ်တည်ရှိနေကြောင်း၊ သမ္မတနှင့်ဝန်ကြီးချုပ် မိုဒီ တို့မှာ အလွန် ကောင်းမွန်သည့် ဆက်ဆံရေးရှိကြောင်း၊ ယင်းအခြေအနေများကို သူ(သမ္မတထရမ့်) က ဆက်လက် ထိန်းသိမ်းသွားမှာ ဖြစ်ကြောင်း” ဖြေကြားခဲ့ပါသည်။
Ms. Leavitt က သတင်းမီဒီယာများကို ဖြေကြားရာတွင် “ အမေရိကန်သမ္မတသည် ယခင် ရက်သတ္တပတ်က အမေရိကန်နှင့် အိန္ဒိယတို့မှာ အလွန်နီးနီးစပ်စပ် ကုန်သွယ်ရေးညှိနှိုင်းမှုရှိကြောင်း ပြောကြားမှုမှာ မှန်နေဆဲပါ၊ ကျွန်မအခုပဲ သမ္မတ၏ Oval Office တွင် သမ္မတနှင့်အတူ ရှိနေစဉ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကို ထိုအကြောင်း ပြောခဲ့ပါသေးသည်။ ၎င်းတို့က အဆိုပါ သဘောတူညီချက်ကို အပြီးသတ်ရေး ဆောင်ရွက်လျက်ရှိကြပါသည်၊ မကြာခင် သမ္မတနှင့် ၎င်း၏ ကုန်သွယ်ရေး အဖွဲ့တွေဆီကနေ အိန္ဒိယနှင့် ပတ်သက်သည့် သတင်းကို မိတ်ဆွေတို့ ကြားကြ ရမှာဖြစ်ပါသည်” ဟု ပြောကြားခဲ့ပါသည်။
သူမက သမ္မတထရမ့်၏ မကြာသေးမီက အိန္ဒိယနှင့် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းချက်အပေါ် အပြုသဘောဆောင်သည့် ကြေညာချက်အပေါ် မှတ်ချက်ပြုပြောကြားခြင်းဖြစ်ပါသည်။ ကုန်သွယ်ခွန် အပြန်အလှန်ကောက်ခံခြင်းနှင့်ပတ်သက်၍ မေးမြန်းချက်ကို ထရမ့်ကဖြေကြားရာတွင် “ကုန်သွယ်ရေး အဟန့်အတားတွေကို လုံးဝလျော့ချလိုက်ပြီ” (full trade barrier dropping) ဟု ပြောကြားခဲ့ပြီး အိန္ဒိယဈေးကွက်ကို ကောင်းကောင်းရရှိနိုင်မှာ ဖြစ်သော်လည်း၊ ရလဒ်ပိုင်းနှင့် စပ်လျဉ်း၍အသေအချာ မပြောနိုင်ကြောင်း “အိန္ဒိယ နှင့် မိမိတို့ ညှိနှိုင်းမှုတွေ ရရှိတော့မည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးလုပ်ရန် အခွင့်အရေးများ ရရှိလာတော့မည်ဖြစ်ကြောင်း၊ ယခုတော့ ဒါကို ကန့်သတ်ထားဆဲဖြစ်ကြောင်း၊ မိတ်ဆွေတို့အနေဖြင့် မသိနိုင်၊ မတွေးနိုင်သေးပါ၊ မိမိတို့ မတွေးထင်နိုင် လောက်သည့် ကုန်သွယ်မှု အဟန့်အတား အားလုံးကို လျော့ချလိုက်ရန် ဆောင်ရွက်နေပါကြောင်း၊ ဘာတွေဖြစ်လာမလဲ ဆိုတာကတော့ သေသေချာချာ မပြောနိုင်ပါ၊ သို့သော် ယခုအချိန်မှာ မိမိတို့ အိန္ဒိယနှင့် ကုန်သွယ်မှု သဘောတူညီရန် လုပ်နေကြပါကြောင်း…..”ဟု ပြောပါသည်။
ဇူလိုင် ၉ ရက်နေ့မတိုင်မီ သီတင်းနှစ်ပတ်မပြည့်မီတွင် နှစ်ဖက်စလုံးသည် ကုန်သွယ်ရေးအခွန် အကောက်တိုးမြှင့်မှုအပေါ် ရက်ပေါင်း ၉၀ ရပ်နားထားချိန်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု သဘောတူညီ ချက် (BTA) ကို အပြီးသတ်ရန် လုပ်ဆောင် အရေးကြီးပါသည်။
အိန္ဒိယ ပြည်ပရေးရာဝန်ကြီး S. Jaishankar သည် QUAD နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေပါသည်။ တနင်္လာနေ့က ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေက ဦးဆောင်သည့် အကြမ်းဖက်ဝါဒကို အာရုံစိုက်လာစေရန် ကုလသမဂ္ဂက ပြုလုပ်သည့် “The Human Cost of Terrorism” အမည်ပါ ပြပွဲကိုတက်ရောက်ခဲ့ပါသည်။
QUAD သည် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ကြား သံတမန်ရေးရာ မိတ်ဖက်အဖွဲ့ တစ်ခုဖြစ်ပါသည်။ ယင်းသည် ပွင့်လင်းမှုရှိသော၊ တည်ငြိမ်၍ သာယာဝပြောသော အင်ဒို-ပစိဖိတ် ဒေသကို ပံ့ပိုးပေးရန် ကတိကဝတ်ပြုထားသည်။ အဖွဲ့သည် ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် အိန္ဒိယ သမုဒ္ဒရာ ဆူနာမီအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးတွဲ တုံ့ပြန် ဆောင်ရွက်မှုမှ စတင်ခဲ့ခြင်းဖြစ်ပါသည်။
ယခုနှစ်နှောင်းပိုင်းတွင် နယူးဒေလီ၌ ပြုလုပ်မည့် QUAD ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၁၈ ရက် အစောပိုင်း တွင် လက်ခံခဲ့ကြောင်း အတည်ပြုခဲ့ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး Vikram Misri က ကနေဒါနိုင်ငံ၌ ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးပြင်ပ ခေါင်းဆောင်နှစ်ဦးကြား ပြုလုပ်ခဲ့သည့် ဖုန်းပြောဆိုမှု အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ရာတွင် “လာမည့် QUAD အစည်းအဝေးအတွက် ၀န်ကြီးချုပ် Modi က သမ္မတ Trump ကို အိန္ဒိယသို့ ဖိတ်ကြားခဲ့သည်။ ဖိတ်ကြားချက်ကို လက်ခံစဉ်မှာ သမ္မတ Trump က အိန္ဒိယကို လာဖို့ စိတ်လှုပ်ရှားနေပါသည်” ဟု မစ္စတာ Misri က ဗီဒီယို မက်ဆေ့ချ်တွင် ပြောကြားခဲ့သည်။
ကိုးကား- The Hindu
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အိန္ဒိယနှင့် ကုန်သွယ်ခွန်များကို သိသိသာသာ လျှော့ချနိုင်ရေး သဘောတူညီမှုရရှိရန် မျှော်လင့်နေ သော်လည်း ဂျပန်နှင့်ညှိနှိုင်းမှုများနှင့် ပတ်သက်၍ အဆင်မပြေမှုများ ရှိနေကြောင်း ပြောကြားခဲ့သည်။ ဇူလိုင်လ ၁ ရက်နေ့တွင် လေယာဉ်ပေါ်၌ သမ္မတထရမ့်က “အိန္ဒိယသည် အမေရိကန်ကုမ္ပဏီများအတွက် ကုန်သွယ်မှုအဟန့်အတားများကို လျှော့ချရန် အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်း” ပြောကြားခဲ့သည်။ ထိုသို့ဖြစ်ပါက ဇူလိုင် ၉ ရက်မှ စတင်၍ ကျသင့်မည့် ၂၆% ပြန်လည်ကောက်ခံမည့် ကုန်သွယ်ခွန်များမှ ရှောင်ရှားနိုင်မည့် သဘောတူညီမှုအတွက် လမ်းခင်းပေးနိုင်မည်ဖြစ်သည်။

“လောလောဆယ် အိန္ဒိယက ဖွင့်မပေးသေးဘူး။ ၎င်းတို့ပြောင်းလဲမည် ဆိုပါက အခွန်နှုန်းအများကြီးလျှော့ပြီး သဘောတူညီမှုရနိုင်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်ကလည်း Fox News သို့ ပြောကြားရာတွင် အမေရိကန်နှင့် အိန္ဒိယတို့သည် နှစ်ဖက်စလုံးအတွက် ကုန်သွယ်ခွန်လျှော့ချရေး သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။
အိန္ဒိယအရာရှိများသည် ထရမ့်အစိုးရနှင့် သဘောတူညီမှုရရှိရန် ရည်ရွယ်၍ ၎င်းတို့၏ဝါရှင်တန်ခရီးစဉ်ကို ယခုသီတင်းပတ် အစောပိုင်း အထိ ဆက်လက်တိုးချဲ့ထားကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦး၏ ကိုးကား ပြောကြားချက်အရ သိရသည်။ အိမ်ဖြူတော်အရာရှိက “အမေရိကန် အစိုးရသည် နောက်ဆုံးရက်စွဲနီးကပ်လာသည်နှင့်အမျှ အိန္ဒိယအပါအဝင် နိုင်ငံအချို့နှင့် ကုန်သွယ်ရေးသဘောတူညီမှုများကို ဦးစားပေးဆောင်ရွက် နေသည်” ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် အမေရိကန်နှင့် အိန္ဒိယတို့အကြား ညှိနှိုင်းမှုများသည် မော်တော်ကားအစိတ်အပိုင်းများ၊ သံမဏိနှင့် စိုက်ပျိုးထုတ်ကုန်များအပေါ် ကုန်သွယ်ခွန်များနှင့်ပတ်သက်၍ အဆိုပြုချက်များတွင် ရှေ့မဆက် နိုင်ဘဲရှိနေသည်။ ဇူလိုင် ၁ ရက်နေ့က နယူးယောက်မြို့တွင် ကျင်းပသော အခမ်းအနားတစ်ခု၌ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က “မိမိတို့သည် အလွန်ရှုပ်ထွေးသည့် ကုန်သွယ်ရေးညှိနှိုင်းမှုများ၏ အလယ်မှာရှိနေပြီး အောင်မြင်မည်ဟု မျှော်လင့်သော်လည်း နှစ်ဖက်ညှိနှိုင်းမှုဖြစ်သောကြောင့် အာမမခံနိုင်ပါ” ဟု ပြောကြားခဲ့သည်။ ၎င်းက အဆိုပါသဘောတူညီမှုရရှိရန် နှစ်ဖက်စလုံးမှ ရပ်စဲမှုများ လိုအပ် မည်ဟုလည်း ထပ်လောင်းအလေးပေးပြောကြားခဲ့သည်။
အမေရိကန်သမ္မတထရမ့်က ဂျပန်နှင့်ညှိနှိုင်းရာတွင် အခက်အခဲများရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ၎င်းသည် ယခင်က ကုန်သွယ်ခွန် ဆိုင်းငံ့မှုကို တိုးချဲ့ရန် စဉ်းစားမထားကြောင်း ပြောဆိုခဲ့ဖူးသည်။ အမေရိကန် သည် ဇူလိုင် ၉ ရက်မှစတင်၍ စည်းကြပ်မည့်အခွန်များနှင့် ပတ်သက်သည့် အကြောင်းကြားစာများကို နိုင်ငံတစ်ခုချင်းစီသို့ ပေးပို့မည် ဖြစ်သည်။ ထရမ့်က ဂျပန်ထုတ်ကုန်များအပေါ် ၃၀-၃၅% အထိ ကုန်သွယ်ခွန် တိုးမြှင့်နိုင်ကြောင်း ပြောကြားခဲ့ပြီး၊ ၎င်းသည် ဧပြီလ ၂ ရက်က ကြေညာခဲ့သော ၂၄% ထက် သိသိသာသာ မြင့်မားနေသည်။
ထရမ့်က ဂျပန်သည် အမေရိကန်၏တောင်းဆိုမှုရှိသော်လည်း အမေရိကန် ဆန်ကို ဝယ်ယူရန် ငြင်းဆန်နေဆဲဖြစ်ကြောင်း ရှင်းပြခဲ့သည်။
လောလောဆယ်တွင် အမေရိကန်သည် ဗြိတိန်နှင့်သာ သေးငယ်သည့် ကုန်သွယ်ရေး သဘောတူညီမှုတစ်ခုကို ရရှိထားပြီး ထိုသဘောတူညီမှုတွင် ဗြိတိန်သည် အမေရိကန်ဈေးကွက်သို့ဝင်ရောက်မည့် မော်တော်ကား အပါအဝင် ကုန်ပစ္စည်းများအပေါ် ၁၀% ခွန်ကောက်ခံမှုကို လက်ခံထားသည်။

အမေရိကန်နှင့် ကုန်သွယ်ဖက်နိုင်ငံများအကြား ကုန်သွယ်ရေး သဘော တူညီမှုများ ရရှိနိုင်သည်ဟူသော မျှော်လင့်ချက်များကြောင့် အာရှ စတော့ရှယ်ယာဈေးကွက် မြင့်တက်လာသော်လည်း မကြာသေးမီက ကောင်းမွန်စွာ ရပ်တည်နေခဲ့သည့် တိုကျို စတော့ရှယ်ယာ ဈေးကွက်၏ အဓိကအညွှန်းကိန်းမှာ ၁% ကျဆင်းသွားခဲ့သည်။ ထိုသို့ ကျဆင်းရခြင်း အကြောင်းမှာ ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ဆန်တင်ပို့မှုကို လက်မခံ သည့်ကိစ္စနှင့်ပတ်သက်၍ ထရမ့်က မကျေနပ်သဖြင့် ဂျပန်ကား တင်သွင်းမှု အပေါ် အခွန်တိုးမြှင့်ကောက်ခံမည့်အစီအစဉ်အား ဆက်လက်ဆောင်ရွက် သွားမည်ဟု ခြိမ်းခြောက်မှုကြောင့်ဖြစ်သည်။

ဆန်နှင့်ပတ်သက်သည့်ကိစ္စရပ်များ မတိုင်မီကလည်း ဂျပန်နှင့် အမေရိကန် အကြား မော်တော်ကားဆိုင်ရာကုန်သွယ်မှုတွင် မညီမျှမှုရှိသည်ဟု ထရမ့် က ဝေဖန်ခဲ့ပြီး ဂျပန်နိုင်ငံ၏ မော်တော်ကားတင်သွင်းမှုအပေါ် အခွန် ၂၅% ဆက်လက်ကောက်ခံရန် အဆိုပြုခဲ့သည်။
ပြီးခဲ့သည့်နှစ်မှစ၍ ဂျပန်နိုင်ငံတွင် ဆန်အထွက်နှုန်းနည်းပြီး ဝယ်လိုအား မြင့်တက်မှုကြောင့် ဆန်ဈေးနှုန်း နှစ်ဆမြင့်တက်ခဲ့ပြီး အဆိုပါ ဆန်ရှားပါးမှုပြဿနာက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာအား ဖိအားပေးလျက်ရှိသည်။
ထရမ့်က မော်တော်ကားနှင့်ဆန်ကဲ့သို့သော ပြဿနာများအပေါ် မကျေ နပ်မှုများကို ဖော်ပြ၍လည်းကောင်း၊ အမေရိကန်အနေဖြင့် ဂျပန်နိုင်ငံနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲများကို ရပ်ဆိုင်းထားနိုင်သည်ကို ပြသခြင်း ဖြင့်လည်းကောင်း ခြိမ်းခြောက်ပြောဆိုလျက်ရှိကြောင်း Nomura Asset Management မှ Hideyuki Ishiguro က ပြောကြားခဲ့သည်။ အမေရိကန် နှင့် ဂျပန်အကြား ကုန်သွယ်ရေးဆွေးနွေးပွဲများ ရပ်ဆိုင်းသွားပါက ဂျပန် စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံမှုများအား ထိခိုက်စေနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။
လက်ရှိ လွှတ်တော်တွင် အကြိတ်အနယ်ဆွေးနွေးလျက်ရှိသည့် အမေရိကန် ၏ One Big, Beautiful Bill ဟု ခေါ်ဆိုသည့် အခွန်လျှော့ချကောက်ခံ၍ အသုံးစရိတ်တိုးမြှင့်မည့် ဥပဒေကြမ်းအား အမေရိကန်သမ္မတက လက်မှတ် ရေးထိုး၍ တရားဝင်ထုတ်ပြန်ကြေညာမည့်အပေါ် ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်လျက်ရှိသည်။ ထရမ့်က အဆိုပါဥပဒေကြမ်း ကို ဇူလိုင် ၄ ရက်နေ့မတိုင်မီ ၎င်းထံတင်ပြရန် ဥပဒေပြုသူများအား တောင်းဆို ထားသည်။
ကိုးကား - CNA
ဘာသာပြန်ဆိုသူ - ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃