သတင်းများ

ကမ္ဘာ့ရွှေဈေးနှင့်ရေနံဈေးနှုန်းများ ထပ်မံမြင့်တက်လာ

ဝါရှင်တန်၊ စီးပွားရေး

အမေရိကန်က အီရန်ကိုတိုက်ခိုက်မှုအပေါ် အီရန်ဘက်ကလက်တုံ့ပြန်မှုများ လုပ်ဆောင်လာပြီးနောက် ဇွန်လ ၂၃ ရက် တွင် ကမ္ဘာ့ရွှေဈေးနှင့်ရေနံဈေးနှုန်းများ ထပ်မံမြင့်တက်လာကြောင်းသိရသည်။

ကမ္ဘာ့ရွှေဈေးသည် သုည ဒသမ ၈ ရာခိုင်နှုန်းအထိမြင့်တက်လာရာ ယခုနှစ်အတွင်း ရွှေဈေးမြင့်တက်မှုမှာ၃၀ ရာခိုင်နှုန်း နီးပါးရှိလာသည်။ အလားတူ ရေနံဈေး နှုန်းသည်လည်း ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံးအဖြစ် ဇွန်လ ၂၃ ရက်နံနက်ပိုင်းအထိ ဘရန့်ရေနံစိမ်းတစ်စည်လျှင် ၇၈ ဒသမ ၉၃ ဒေါ်လာသို့လည်းကောင်း၊ WTI ရေနံစိမ်းတစ်စည်လျှင် ၇၅ ဒသမ ၇၃ ဒေါ်လာသို့လည်းကောင်း အသီးသီး မြင့်တက်လာကြောင်း သိရသည်။

Ref: BP

MWD Daily Newspaper

Photo - Market Watch

အီရန်နှင့် အစ္စရေးတို့ကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကြောင့် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်း

အီရန်နှင့် အစ္စရေးတို့ကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ထွက်ပေါ်လာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ရေနံသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းပြတ်တောက်မည့်စိုးရိမ်မှုများ လျော့ပါးသွားကာ အင်္ဂါနေ့ (ဇွန် ၂၄) တွင် ဥရောပဈေးကွက်အတွင်း ရေနံစျေးနှုန်းများ ဆက်လက် ကျဆင်းသွားခဲ့သည်။

ယခုအချိန်တွင် အမေရိကန် West Texas Intermediate (WTI) အမျိုးအစား ရေနံစိမ်း စျေးနှုန်းသည် ၁ စည်လျှင် ၆၅.၉ ဒေါ်လာဖြင့် ၃.၇% ကျဆင်းနေပြီး ကမ္ဘာ့စံချိန်စံညွှန်း ဘရန့် ရေနံစိမ်း စျေးမှာလည်း ၃.၈% ကျကာ ၁ စည်လျှင် ၆၈.၈ ဒေါ်လာသို့ ရောက်ရှိလာသည်။

ယမန်နေ့ည (ဇွန် ၂၃) က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်ပေါ်တွင် အစ္စရေးနှင့် အီရန်တို့ကြား အလုံးစုံ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကို သဘောတူညီပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ နောက်ပိုင်းတွင်နိုင်ငံနှစ်နိုင်ငံအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသည် “အာဏာ သက်ရောက်နေပြီ” ဟု ပြောကြားခဲ့သည်။ အီရန်နှင့် အစ္စရေး မီဒီယာများကလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစတင်ပြီဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း တိကျသောအချက်အလက်များကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

တနင်္လာနေ့ (ဇွန် ၂၃) က အီရန်မှ ကာတာရှိ အမေရိကန်စခန်းများကို ပစ်မှတ်ထားပြီး ဒုံးကျည်များဖြင့် ကန့်သတ်ပစ်ခတ်မှုများ ပြုလုပ်ပြီးနောက် ရေနံစိမ်းစျေးနှုန်းများ ၇% ကျော် ကျဆင်းသွားခဲ့သည်။ အမေရိကန် ရေနံစိမ်း စျေးမှာ ၇.၂% ကျဆင်းကာ ရေနံစိမ်း ၁ စည်လျှင် ၆၈.၅၁ ဒေါ်လာသို့ ရောက်ရှိခဲ့ပြီး ယင်းမှာ ဧပြီလအစောပိုင်းကတည်းကအကြီးမားဆုံး တစ်ရက်အတွင်း ကျဆင်းမှုဖြစ်ကာ ပြီးခဲ့သည့် သုံးနှစ်အတွင်း အဆိုးရွားဆုံး ဈေးနှုန်းကျဆင်းမှုများထဲမှ တစ်ရက်လည်း ဖြစ်သည်။ Reuters ၏ ဖော်ပြချက်အရ ဘရန့် ရေနံစိမ်းစျေးမှာ ၇.၂% ကျဆင်းကာ ရေနံစိမ်း ၁ စည်လျှင် ၇၁.၄၈ ဒေါ်လာဖြင့် ပိတ်သွားခဲ့ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လကတည်းက အဆိုးရွားဆုံး ကျဆင်းမှုလည်း ဖြစ်သည်။

ကိုးကား- CNN

Photo: Yahoo Finance

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့တွင် နွေရာသီဒဲဗော့စ်အစည်းအဝေး (Summer Davos) စတင် ကျင်းပ

ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economics Forum) ၏ ဒုတိယအကြီးဆုံး နွေရာသီဒဲဗော့စ်အစည်းအဝေး (Summer Davos) ကို တရုတ်နိုင်ငံ မြောက်ပိုင်း၊ ထျန်းကျင်းမြို့၌ ဇွန် ၂၄ ရက် (အင်္ဂါနေ့) မှစတင်၍ သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။ 

ထိုအစည်းအဝေးသို့ နိုင်ငံပေါင်း ၉၀ မှ အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဘက်အဖွဲ့အစည်းမှ ကိုယ်စားလှယ် ၁၇၀၀ ကျော် တက်ရောက်မည်ဖြစ်ပြီး ကိုဗစ် ၁၉ ကပ်ရောဂါအလွန် အများဆုံး တက်ရောက်မှုစံချိန်သစ်အဖြစ် သတ်မှတ်နိုင်မည်ဟု မျှော်လင့်ရသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသများမှ ကိုယ်စားလှယ် ၁၂၀ ခန့် တက်ရောက်မည်ဖြစ်ပြီး ယခုနှစ်တွင် ယခင်နှစ် ထက်နှစ်ဆပိုများလာသည်။

WEF ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mirek Dusek က ယခု အစည်းအဝေး တွင် စွန့်ဦးတီထွင်မှု၊ နည်းပညာဆန်းသစ်တီထွင်မှုများနှင့် အာရှနှင့် အရှေ့အလယ်ပိုင်းဒေသအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေး စသည့်အကြောင်းအရာများကို အလေးထား ဆွေးနွေးမည် ဟု ပြောကြားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီတိုးတက်မှု၏ ၆၀ ရာခိုင်နှုန်းကို အာရှဒေသမှ အားဖြည့်ပေးရန် မျှော်လင့်ထားသဖြင့် ကမ္ဘာ့ဒုတိယ အကြီးဆုံးစီပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေး မှာလည်း အရေးပါနေကြောင်း CNA သတင်းဌာနသို့ ပြောကြားခဲ့သည်။

တရုတ်ဝန်ကြီးချုပ် လီချန်းသည် အဖွင့်အခမ်းအနားသို့ တက်ရောက်ပြီး အထူးမိန့်ခွန်း ပြောကြားမည်ဖြစ်ကာ စင်ကာပူဝန်ကြီးချုပ် လောရန့်စ်ဝေါင် နှင့် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh တို့အပါအဝင် ကမ္ဘာ့ ခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်သည်။ 

(၁၆) ကြိမ်မြောက် New Champions နှစ်ပတ်လည်အစည်းအဝေးဟု လူသိများသော ဒဲဗော့စ်ဖိုရမ်၏ ခေါင်းစဉ်မှာ ခေတ်သစ်စွန့်ဦးတီထွင်မှု စီးပွားရေးဟူ၍ဖြစ်ကာ စွမ်းအင်အသစ်နှင့် ကုန်ကြမ်းပစ္စည်းများ၊ကမ္ဘာ့စီးပွားရေးနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးအလားအလာ စသည့် အကြောင်းအရာများကို ဆွေးနွေး သွားမည်ဖြစ်သည်။ 

ကိုးကား - CNA

ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃

အမေရိကန်၏ ကုန်သွယ်ရေးဟန့်တားနိုင်မှုကို တောင်ကိုရီးယားက စိုးရိမ်ပူပန်

အမေရိကန်အစိုးရကလုပ်ဆောင်လာနိုင်သည့် ကုန်သွယ်ရေးဆိုင်ရာဟန့်တားနိုင်မှုတစ်ခုနှင့်ပတ်သက်၍ တောင်ကိုရီးယားအစိုးရက စိုးရိမ်ပူပန်နေကြောင်း သိရသည်။

နှစ်နိုင်ငံမှ ကုန်သွယ်ရေးတာဝန်ရှိသူများသည် ယခုသီတင်းပတ်တွင် တတိယအကြိမ်ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးပွဲကို ဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ် နိုင်ငံ၌ လုပ်ငန်းလည်ပတ်လျက်ရှိသော ချစ်ပြားထုတ်လုပ်သူများအပေါ် အမေရိကန်ဘက်က ကန့်သတ်ချက်များချမှတ်လာနိုင်ခြင်းနှင့်ပတ်သက်၍ စိတ်ပူနေခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားကုန်သွယ်ရေးဝန်ကြီး ယိုဟန်ကူးကဇွန်လ ၂၂ ရက် တွင်ပြောသည်။

ထို့ပြင် ဇူလိုင်လတွင် ကုန်သွယ်ရေး ဆွေးနွေးမှုများအပြီးသတ်ရမည်ဟူသော အချိန်သတ်မှတ်ချက်ကို မမီနိုင်ကြောင်း၊ အမေရိကန်နိုင်ငံအတွင်း မရေရာမသေ ချာမှုများကြောင့် ဆွေးနွေးမှုများသည် ဇူလိုင်လ ၈ ရက်နောက်ပိုင်းသို့ပင်ဆက် သွားနိုင်ကြောင်း ၎င်းကပြောထားသည်။

Ref: TST

Photo- The Economic Times

ရန်ကုန် ဇွန် ၂၂

တောင်ကိုရီးယားနိုင်ငံ၌ အောက်တိုဘာလ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် ASEAN-Korea Startup Innovation Week 2025 ပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ အစပျိုး လုပ်ငန်းရှင်များအား ပါဝင်ပြသရန် အာဆီယံ-ကိုရီးယား ဗဟိုဌာနမှ ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အစပျိုးလုပ်ငန်းရှင်များကြား တီထွင်ဆန်းသစ်မှုအတွေးအခေါ်များ ဝေမျှနိုင်စေရန်၊ အလားအလာရှိသော တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်စေရန်၊ အစပျိုးလုပ်ငန်းရှင်များကို စွမ်းဆောင်ရည် မြင့်တင်ပေးနိုင်ရန်နှင့် အာဆီယံနှင့် တောင်ကိုရီးယားနိုင်ငံရှိအစပျိုးလုပ်ငန်းရှင်များကြား ကွန်ရက် ခိုင်မာလာစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ပြပွဲကိုကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။

ထိုပြပွဲတွင် ပါဝင်ရန် အာဆီယံနိုင်ငံအသီးသီးမှ လုပ်ငန်းရှင်နှစ်ဦးစီကို ဆိုးလ်မြို့ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏သံရုံးများမှ တစ်ဆင့်အဆိုပြုပေးရန်ဖိတ်ခေါ်ထားပြီး The ASEAN Coordinating Committee on Micro, Small and Medium Enterprises (ACC MSME) ထံမှလည်း လုပ်ငန်းရှင်တစ်ဦးစီ ထပ်မံအဆိုပြုပေးရန် တောင်းခံထားကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၌ ဈေးကွက်ထိုးဖောက်ရန်နှင့် စီးပွားရေးတိုးချဲ့နိုင်ရန် ရည်မှန်းချက်ထားကာ ကြိုးပမ်းနေသည့် အစပျိုးလုပ်ငန်းရှင်များ၊ သက်တမ်းငါးနှစ်အောက်စီးပွားရေး လုပ်ငန်းဖြစ်ပြီး ဝန်ထမ်းအင်အား ၃၀ ဦးအောက် ခန့်ထားကာ အခွန်ထမ်းနေသော အစပျိုးလုပ်ငန်းရှင်များ၊ အင်္ဂလိပ်ဘာသာ စကားကို ကျွမ်းကျင်စွာပြောနိုင်သော အစပျိုးလုပ်ငန်းရှင်များ၊ AI Mobility Tech Fintech သို့မဟုတ် Healthcare Platform စသည့် နည်းပညာအသုံးပြုသောကဏ္ဍများအပါအဝင် လူ့ဘောင်အဖွဲ့အစည်းအား အကျိုးရှိစေမည့် နည်းပညာအသုံးပြုနေသော အစပျိုးလုပ်ငန်းရှင်များအား အဆိုပြုပေးရန် ဖိတ်ခေါ်ထားပြီး ရွေးချယ်ခံရသည့် အစပျိုးလုပ်ငန်းရှင်များအတွက် လေယာဉ်စရိတ်နှင့် တည်းခိုနေထိုင်စရိတ်တို့ကို အာဆီယံ-ကိုရီးယားဗဟိုဌာနမှ ကျခံပေးမည်ဖြစ်သည်။

အဆိုပါပြပွဲတွင် ပါဝင်ပြသလိုသည့် မြန်မာနိုင်ငံမှ အစပျိုးလုပ်ငန်းရှင်များနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်းနံပါတ် ၀၆၇- ၄၀၈၆၂၃ နှင့် event.td. myantrade@gmail.com သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
ဆောင်းဦး

SPIEF ၌ ဒေါ်လာဘီလီယံ ၈၀ တန်ဖိုးရှိသည့် စာချုပ်ပေါင်း ၁၀၆၀ ကို လက်မှတ်ရေးထိုးနိုင်

ရုရှားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် စိန့်ပီတာစဘာ့ အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် (SPIEF)၌ အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ တန်ဖိုးရှိသည့် စာချုပ်ပေါင်း ၁၀၆၀ ကို လက်မှတ်ရေးထိုးနိုင်ကြောင်း အခမ်းအနား ဖြစ်မြောက်ရေးကော်မတီ အမှုဆောင် အတွင်းရေးမှူး အန်တွန်ကော့ယာကော့က ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ 

အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း ၁၄၀ ကျော်မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကာ ယခုသဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကော့ယာကော့က ဆက်ပြောသည်။

ထိုဖိုရမ်တွင် ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့အပါအဝင် အဓိကကျသော နိုင်ငံကြီးများကြား စီးပွားရေးဆွေးနွေးမှု စုစုပေါင်း ၂၄ ခုကို ဆောင်ရွက်နိုင်ခဲ့သည်။ (၂၈) ကြိမ်မြောက် SPIFE ဖိုရမ်ကို “မျှဝေသော တန်ဖိုးများ” ခေါင်းစဉ်ဖြင့် ဇွန်လ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Ref : Sputnik

ရုရှားနှင့်အင်ဒိုနီးရှားက ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းကို ထူထောင်ရန် သဘောတူ

ရုရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းကို ထူထောင်ရန် သဘောတူညီမှုရရှိလိုက်ပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါပလက်ဖောင်းသည်  နှစ်နိုင်ငံကြား နည်းပညာ လွှဲပြောင်းမှု၊ လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံများ    ဖလှယ်မှုစသည်တို့အတွက် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ရုရှား-အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှုပလက်ဖောင်း ထူထောင်ရေးသဘောတူညီချက်ကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တို၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတာဝန်ရှိသူများက လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ရုရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍအပြင်ကဏ္ဍအစုံ၌ မဟာဗျူဟာမြောက် ဆက်ဆံရေးခိုင်မာစေရန် နှစ်ဖက်စလုံးကကတိပြုထားသည်ဟု အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

နှစ်နိုင်ငံကြားရရှိသည့်သဘောတူညီချက်များတွင် ပညာရေး၊ သယ်ယူပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူထုမီဒီယာကဏ္ဍတို့ ပါဝင်သည်။

MWD Web Portal

မလေးရှား-အမေရိကန် ကုန်သွယ်မှု အခွန်အခဆိုင်ရာ ဆွေးနွေးပွဲ “အခြေအနေ အလွန်ကောင်းကြောင်း” ၊ အန်နဝါက အာဆီယံအတွက်ပါ သမမျှတတဲ့ သဘောတူညီချက်ဖြစ်ရန် တိုက်တွန်း

ကွာလာလမ်ပူ၊ ဇွန် ၁၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တစ်ဖက်သတ် အခွန်နှုန်းထားများ သတ်မှတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဝါရှင်တန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီး “အခြေအနေ အလွန်ကောင်းကြောင်း” မလေးရှား ဝန်ကြီးချုပ် ဒါတွတ်ဆရီအန်နဝါ အီဘရာဟင်က ယနေ့ ပြောကြားလိုက် ကြောင်း ဇွန်လ ၁၉ ရက်နေ့ထုတ် မလေးမေးလ် သတင်းတွင် ဖော်ပြ ပါရှိပါသည်။

ယင်းဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဒါတွတ် ဆရီ တန်းကု ဇာဖ်ရူ အဘဒူ အဇစ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဒါတွတ် ဆရီ အမာ ဟန်ဇတ် အာဇီဇန် နှင့် အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Howard Lutnick တို့ အကောက်အခွန်ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲ မနေ့က ကြိုတင်ဆွေးနွေးခဲ့ကြကြောင်း “မိမိက ဝန်ကြီးတွေကို  အဆိုပါကိစ္စနှင့် ပတ်သက်၍ မလေးရှားအတွက် မျှမျှတတဖြစ်စေဖို့အပြင် အာဆီယံအတွက်ပါ အကောင်းဆုံး ဖြစ်အောင် သေချာစွာ ဆွေးနွေးခဲ့ကြဖို့ ပြောကြား လိုက်သည်”ဟု ယနေ့ ကွာလာလမ်ပူမြို့ရှိ Hilton ဟိုတယ်တွင် ကျင်းပ ပြုလုပ်သည့် 38th Asia-Pacific Roundtable (APR) အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ 

လက်ရှိတွင် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ကုန်များအားလုံးကို အကောက် အခွန် ၂၄ ရာခိုင် နှုန်း ကောက်ခံလျက်ရှိရာ အခြေခံအခွန်အခနှုန်းထား ၁၀ ရာခိုင်နှုန်းအထိ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ “အချို့သော မိမိတို့၏ နိုင်ငံခြားရေး မူဝါဒများတွင် ကွဲလွဲမှုများ ရှိနေပါကြောင်း၊ အကျယ်ချဲ့၍ မပြောလိုသော်လည်း၊ အမေရိကန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေး မှာ အားကောင်း ခိုင်မာနေဆဲဖြစ်ကြောင်း” အန်နဝါက ပြောကြားပါသည်။ ၎င်းက အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံအကြား ကုန်သွယ်ရေး သဘောတူညီမှု အသစ်တစ်ရပ် ပေါ်ထွန်းရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမေရိကန်၏ အကောက်အခွန်နှုန်းထား ပြဿနာသည် ဒေသတွင်း အရိပ်တစ်ခုသဖွယ်ဖြစ်နေကြောင်း ထပ်လောင်း ပြောကြားလိုက်ပါသည်။ 

ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းမူဘောင် သဘောတူညီချက် (DEFA) အပြီးသတ်ရေးသည် ဒေသတွင်း ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုမည့် အလားအလာ ရှိပါကြောင်း၊ ယင်းသဘော တူညီချက်သည် ဒီဂျစ်တယ် စီးပွားရေးကို ဥပဒေနှင့်အညီ ချီနှောင် ထိန်းချုပ်နိုင်သည့် ဒေသတစ်ခုလုံး၏ ကမ္ဘာ့ပထမဆုံးသော သဘော တူညီချက်ဖြစ်ကြောင်း ၎င်းက ပြောကြားပါသည်။

အာဆီယံခေါင်းဆောင်များ BRICS အုပ်စုနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း အပေါ်တွင်လည်း   အဆိုပါကိစ္စများသည် အနောက်ကို ဆန့်ကျင်နေခြင်း ဖြစ်သည်ဟု မရှုမြင်သင့်ကြောင်း၊ စိန်ခေါ်မှုများကို မျှဝေကိုင်တွယ် ဖြေရှင်းနေသည့် သဘောဖြစ်ကြောင်း ခုခံပြောကြားပါသည်။ 

BRICS သည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ ပါဝင်ပါသည်။ “မကြာသေးမီက BRICS သို့ အရှေ့အလယ်ပိုင်း၊ အရှေ့ တောင်အာရှ၊ အာရှအလယ်ပိုင်း၊ အာဖရိကနှင့် တောင်အမေရိက တိုက်မှ နိုင်ငံများ အဖွဲ့ဝင်နှင့် မိတ်ဖက်အဖွဲ့ဝင် နိုင်ငံများအဖြစ် ပါဝင်လာပါ သည်ဖြစ်ရာ ယင်းသည် အလွန်အနှစ်သာရရှိသော ဒေသများဖြစ်ကြောင်း၊ ယင်းသည် မိတ်ဖက်သစ်များဖြင့် မူလအဖွဲ့ဝင်များကို ပိုမိုသစ်လွင်လာ စေမည့် အခွင့်အလမ်း ဖြစ်ပါကြောင်း” ပြောကြားပါသည်။  မလေးရှား နိုင်ငံသည် BRICS အဖွဲ့ဝင်ဖြစ်ရေး အတွက် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် လျှောက်ထားခဲ့ပြီး၊ အောက်တိုဘာလတွင် မိတ်ဖက်နိုင်ငံအဆင့်ကို ရရှိခဲ့ပါသည်။ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သည်လည်း အဆိုပါအဖွဲ့၏ မိတ်ဖက်နိုင်ငံများဖြစ်ကြပါသည်။

ကိုးကား- Malay Mail

ဘာသာပြန်ဆိုသူ-ဦးခိုင်ထွဋ်လှ

အမေရိကန်ကုမ္ပဏီများ ရုရှားသို့ ပြန်လာလိုကြသည်ဟု AmCham ဥက္ကဋ္ဌ Robert Agee ပြောကြား

အမေရိကန်လုပ်ငန်းရှင်များသည် ရုရှားဈေးကွက်ကို ပြန်ဝင်နိုင်ရန် မျှော်လင့်ချက်ဖြင့် ထရမ့်အစိုးရ၏ မော်စကိုနှင့် ဆက်သွယ်ရေး ပြန်လည် တည်ဆောက်ရေးအားထုတ်မှုကို ကြိုဆိုနေကြောင်း ရုရှားနိုင်ငံရှိ အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham) ဥက္ကဋ္ဌ Robert Agee က RT ကို ပြောကြားခဲ့ပါသည်။

AmCham သည် ဒီဇင်ဘာလတွင် ရာထူးစတင်ယူချိန်ကတည်းက ဒေါ်နယ်ထရမ့်၏ ရုရှားနှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရေးအားထုတ်မှုကို ထောက်ခံခဲ့ပြီး လအတန်ကြာကပင် ရုရှားအပေါ် ဒဏ်ခတ် အရေးယူမှုများလျှော့ချရန် ဝါရှင်တန်ကို တိုက်တွန်းခဲ့ပါသည်။

“ရုရှားနှင့် အမေရိကန်ကြား ကောင်းမွန်သည့် စီးပွားရေး ဆက်ဆံရေး ရှိခြင်းက ပိုကောင်းပါသည်” ဟု Agee က ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) တွင် စိန့်ပီတာစဘက်အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် (SPIEF 2025) ၌ RT ကို ပြောကြားခဲ့ပါသည်။ “လေးနှစ်အကြာက မိမိတို့ လုပ်ငန်းများ၏ ၇၀% က ရုရှားကို နည်းဗျူဟာမြောက်ဈေးကွက်အဖြစ် မြင်ခဲ့ကြသည်” ဟုလည်း ၎င်းကဆိုပါသည်။

AmCham ဥက္ကဋ္ဌ၏အဆိုအရ ၂၀၂၂ ခုနှစ်နောက်ပိုင်း အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ၏ ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများနှင့် ဝါရှင်တန် ၏ဖိအားများကြားတွင် ရုရှား၌ ဆက်လက်ရပ်တည်ခဲ့သော ကုမ္ပဏီများ သည် အချိန်ကြာလာသည်နှင့်အမျှ အကျိုးကျေးဇူးရရှိခဲ့ကြပါသည်။

“စားသုံးကုန်ကုမ္ပဏီများ၊ သကြားလုံးနှင့် ချောကလက် ထုတ်လုပ်ရေးလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းတင်ပို့သူများ အားလုံးသည် ရုရှားတွင် ဆက်လက်ရှိနေပြီး တက်ကြွစွာလည်ပတ်ကာ အောင်မြင် နေကြပါသည်” ဟု ၎င်းကပြောကြားခဲ့သည်။

Agee ၏အဆိုအရ ရုရှားမှထွက်ခွာသွားသူများသည် အမေရိကန်-ရုရှား ဆက်ဆံရေး ပြန်လည်နွေးထွေးလာမည်ကို မျှော်လင့်ကာ စောင့်ကြည့် နေကြသည် ဟုဆိုသည်။ ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံပြီးနောက် ကုမ္ပဏီများစွာသည် ရုရှားသို့ ပြန်လည်ဝင်ရောက်လာ နိုင်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) ညနေပိုင်းတွင် စိန့်ပီတာစဘက် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် (SPIEF 2025) ဘေးဘက်ဆွေးနွေးပွဲ၌ ပူတင်က သတင်း ထောက်များအား “အမေရိကန်လုပ်ငန်းရှင်များသည် ရုရှားဈေးကွက်သို့ ပြန်လည်ဝင်ရောက်ရန် အလားအလာပြသခဲ့ကြပြီး၊ ရုရှား-အမေရိကန် ကုမ္ပဏီများအကြား ဆက်သွယ်မှုများ ပြန်လည်စတင်နေသည်ကို သတိ ထားကာ မျှော်လင့်ချက်ရှိစေသည်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက “ဒေါ်နယ်ထရမ့်သည် နိုင်ငံရေးသမားတစ်ဦး အနေဖြင့်သာမက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေဖြင့်လည်း အမေရိကန်၏ ရုရှား ဆိုင်ရာမူဝါဒများကို ပြန်လည်သုံးသပ်ကာ မတူညီသောချဉ်းကပ်မှုများ၏ အကျိုးအပြစ်များကို ထည့်သွင်းစဉ်းစားမည်ဟု မျှော်လင့်ကြောင်း” ဖြည့်စွက်ပြောကြားခဲ့သည်။

Izvestia သတင်းစာက လွန်ခဲ့သောလတွင် ရုရှားပါလီမန်သည် နိုင်ငံခြား ကုမ္ပဏီများအား ရုရှားမှထွက်ခွာစဉ်က ရောင်းချခဲ့သော ပိုင်ဆိုင်မှုများကို ပြန်လည်ဝယ်ယူပိုင်ခွင့်ကို စည်းမျဉ်းသတ်မှတ်မည့် ဥပဒေကြမ်း တစ်ရပ်ကို အတည်ပြုရန် စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။ အဆိုပါဥပဒေတွင် အစိုးရသို့မဟုတ် လက်ရှိပိုင်ဆိုင်သူများအနေဖြင့် အချို့သော အခြေအနေများတွင် ပြန်လည်ဝယ်ယူမှုကို ငြင်းဆန်ခွင့်ရှိမည်ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားအပါအဝင် အခြားနိုင်ငံများနှင့် ကုန်သွယ်ရေးပိုမိုတိုးမြှင့်ရန် ကြိုးပမ်းလာသည့်အိန္ဒိယ

အာရှအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာသည့် အိန္ဒိယနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံအပါအဝင်  ကမ္ဘာ့နိုင်ငံအများအပြားနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်များ တိုးမြှင့်ချုပ်ဆိုရန် စီစဉ်လျက်ရှိသည်။

အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ အလျင်အမြန်ကြီးထွားလာသည့် ဈေးကွက်ကို ချဲ့ထွင်ရန်အတွက် ရုရှားအပါအဝင် အခြားနိုင်ငံများနှင့်  လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်များချမှတ်ရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုလေ့လာရေးအဖွဲ့ကြီး (GTRI) က ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

လက်ရှိတွင် အိန္ဒ္ဒိယနှင့် ဗြိတိန်၊ အမေရိကန်၊ အီးယူ၊ ဆွစ်ဇာလန်၊ နော်ဝေနှင့် ရုရှား ဦးဆောင်သည့် ယူရေရှားစီးပွားရေးသမဂ္ဂအဖွဲ့တို့နှင့်   စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိပြီး ယင်းနိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းမှုများကို အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ်ကုန်ခန့်တွင် အပြီးသတ်လုပ်ဆောင်နိုင်မည့် အလားအလာ ရှိကြောင်း အိန္ဒိယ နိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာအစီရင်ခံစာ ဟု အမည်ပေးထားသည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

နိုင်ငံအများအပြားသည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်များ ချမှတ်ရန် လိုလားလျက်ရှိသော်လည်း   အိန္ဒိယနိုင်ငံ၏ ဈေးကွက်အတွင်းသို့ ဝင်ရောက်ရာတွင် ကြုံတွေ့ရသည့် အခွန်ကောက်ခံမှု ကြီးမြင့်မှုကြောင့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံနှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များ ချမှတ်နိုင်ခြင်းအားဖြင့် ယင်းနိုင်ငံများက ကုန်သွယ်မှုများ လုပ်ဆောင်ရာ၌ ကြီးမားသည့်အခွန်အခများ ပေးဆောင်ရန်   လိုအပ်မည်မဟုတ်ကြောင်း GTRI ၏ အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည် လက်ရှိတွင် နိုင်ငံပေါင်း ၂၂ နိုင်ငံနှင့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်များ ချမှတ်ထားပြီး မကြာမီကာလတွင် အခြားနိုင်ငံများနှင့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်များ ထပ်မံတိုးမြှင့်ချုပ်ဆိုနိုင်ပါက လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်ချမှတ်သည့် နိုင်ငံအရေအတွက်မှာ ၇၁ နိုင်ငံအထိ မြင့်တက်လာနိုင်မည်ဖြစ်သည်။

ထို့ပြင် အဆိုပါနိုင်ငံများသို့ တင်ပို့နိုင်မည့် အိန္ဒိယနိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာလည်း ဒေါ်လာ ၃၃၇ ဘီလီယံအထိမြင့်တက်လာနိုင်မည်ဖြစ်သည်။ ယင်းပမာဏသည် အိန္ဒိယအစိုးရအတွက် ရှာဖွေပေးနေသည့် ဘဏ္ဍာငွေစုစုပေါင်း၏ ၇၄ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

ထို့ကြောင့်   အိန္ဒိယနိုင်ငံအနေဖြင့် ကမ္ဘာ့ဈေးကွက်သို့တင်ပို့မည့်  နိုင်ငံထုတ်ကုန်များ၏ အရည်အသွေးကို တိုးမြှင့်နိုင်ရန် အဓိကလုပ်ဆောင်ပြီး ပြည်တွင်းဈေးကွက်ကိုလည်း   ထိခိုက်ခြင်းမရှိစေရန်အတွက် မဟာဗျူဟာမြောက်စွာ စီစဉ်လုပ်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည် လက်ရှိတွင် ဗြိတိန်၊ အိုမန်နှင့် အီးယူတို့နှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များကို အပြီးသတ် ချမှတ်နိုင်ရေးအတွက် ဆွေးနွေးလျက်ရှိသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် ကနေဒါနိုင်ငံနှင့်လည်း ကုန်သွယ်ရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိသည်။ သို့ရာတွင် အိန္ဒိယနှင့် ကနေဒါ နိုင်ငံတို့ကြား တင်းမာမှုများကြောင့် အိန္ဒိယ-ကနေဒါ လွတ်လပ်စွာ ကုန်သွယ်ရေးသဘော တူညီချက် ချမှတ်ရေး  ဆွေးနွေးမှုအား လက်ရှိတွင်ဆိုင်းငံ့ထားသည်။

တစ်ချိန်တည်းမှာပင်   အိန္ဒိယအစိုးရသည် ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ ဘီလာရုဇ်တို့နှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များချမှတ်နိုင်ရေး အတွက် လိုအပ်သည့်စေ့စပ်ဆွေးနွေးမှုများကို ယခုလအတွင်း ပြန်လည်စတင်ရန် စီစဉ်လျက်ရှိရာ မကြာမီကာလအတွင်း အိန္ဒိယအနေဖြင့် ၎င်းတို့ထုတ်လုပ်ထားသည့် ထုတ်ကုန်များကို ရုရှားအပါအဝင် အခြားနိုင်ငံအများအပြားတင်ပို့နိုင်မည့် အလားအလာရှိနေသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၃   ခုနှစ်အတွင်း ၅ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းအထိမြင့်တက်လာဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။               

Ref: BS, Rtnews