ကနေဒါအစိုးရက တနင်္ဂနွေနေ့ (ဇွန် ၂၉) တွင် အွန်လိုင်းကုမ္ပဏီများကို အခွန်ကောက်ခံသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် (Digital Services Tax - DST) ကို ရုပ်သိမ်းသွားမည်ဟု ကြေညာခဲ့သည်။ အဆိုပါ ဆောင်ရွက် ချက်သည် အမေရိကန်နှင့် ကုန်သွယ်ရေးဆွေးနွေးမှုများ ပြန်လည် စတင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ (ဇွန် ၂၇) တွင် ကနေဒါနိုင်ငံအား အမေရိကန်ကို တိုက်ရိုက်နှင့် ထင်ရှားသော စော်ကားမှု ဟုခေါ်ဆိုကာ အဆိုပါ အခွန်စနစ်ကို အပြစ်တင်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆွေးနွေးပွဲများကို ရုတ်သိမ်းလိုက်ကြောင်း ကြေညာ ခဲ့သည်။
တနင်္ဂနွေ (ဇွန် ၂၉) ညနေပိုင်းတွင် ထုတ်ပြန်သော ကနေဒါအစိုးရ၏ ကြေညာချက်အရ အခွန်စနစ်ကို ယာယီရပ်ဆိုင်းခြင်းဖြင့် နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းမည်ဟု ဆိုသည်။
“အဆိုပါညှိနှိုင်းမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီး Francois-Philippe Champagne က ကြေညာချက် တွင် အမေရိကန်နှင့် အပြန်အလှန်အကျိုးရှိသော ကုန်သွယ်ရေး သဘော တူညီချက် ရရှိရန် မျှော်မှန်းချက်ဖြင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် (DST) ကို ရုပ်သိမ်းသွားမည်ဟု ပြောကြားခဲ့သည်” ဟု ကြေညာချက်တွင် ဖော်ပြ ထားသည်။
“အဆိုပါလုပ်ဆောင်ချက်နှင့်အညီ ဝန်ကြီးချုပ် ကာနီနှင့် သမ္မတ ထရမ့် တို့သည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မတိုင်မီ သဘောတူညီချက် ရရှိရန် ရည်ရွယ်၍ ဆွေးနွေးမှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ ကြသည်။”
CNN သတင်းဌာနက ထိုကိစ္စနှင့်ပတ်သက်၍ အိမ်ဖြူတော်ထံမှ သဘောထားမှတ်ချက်တောင်းခံထားသော်လည်း ယခုအချိန်အထိ အကြောင်း ပြန်ကြားခြင်း မရရှိသေးပေ။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်များ ချုပ်ဆိုမည့် နိုင်ငံများအနေဖြင့် အကျိုးစီးပွားကို ထိခိုက်စေသည့် ကုန်သွယ်ရေးဆိုင်ရာ အလဲအလှယ်များမပြုလုပ်ကြရန် တရုတ်နိုင်ငံက သတိပေးချက် ထုတ်ပြန် ခဲ့သည်။ အမေရိကန်၏ ကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် အကောက်ခွန် နှုန်းတိုးမြှင့်ခြင်းအား ဇူလိုင် ၉ ရက်နေ့အထိ ရက် ၉၀ ကြာ ဆိုင်းငံ့ခွင့်ရရှိ ထားပြီး အဆိုပါဆိုင်းငံ့ကာလပြီးဆုံးပြီးနောက် ပြန်လည် အသက်ဝင် လာမည့် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံမည့် အစီအစဉ်များအား ရှောင်ရှားရန်အတွက် အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီချက် များချုပ်ဆိုရန် အပြင်းအထန်ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ထိုသို့ သတ
အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်များ ချုပ်ဆိုမည့် နိုင်ငံများအနေဖြင့် အကျိုးစီးပွားကို ထိခိုက်စေသည့် ကုန်သွယ်ရေးဆိုင်ရာ အလဲအလှယ်များမပြုလုပ်ကြရန် တရုတ်နိုင်ငံက သတိပေးချက် ထုတ်ပြန် ခဲ့သည်။ အမေရိကန်၏ ကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် အကောက်ခွန် နှုန်းတိုးမြှင့်ခြင်းအား ဇူလိုင် ၉ ရက်နေ့အထိ ရက် ၉၀ ကြာ ဆိုင်းငံ့ခွင့်ရရှိ ထားပြီး အဆိုပါဆိုင်းငံ့ကာလပြီးဆုံးပြီးနောက် ပြန်လည် အသက်ဝင် လာမည့် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံမည့် အစီအစဉ်များအား ရှောင်ရှားရန်အတွက် အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီချက် များချုပ်ဆိုရန် အပြင်းအထန်ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ထိုသို့ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် “မှန်ကန်သော ရပ်တည်ချက်များဖြင့်သာ ၎င်းတို့၏ အခွင့်အရေးများကို အထိရောက်ဆုံး ကာကွယ်နိုင်မည်” ဟု အမေရိကန်နှင့် သဘောတူညီချက်ရရန် ကြိုးပမ်းနေသော နိုင်ငံများကို သတိပေး ခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေး ပဋိပက္ခများကို တန်းတူညီမျှသည့် အပြန်အလှန်ဆွေးနွေးမှုများဖြင့် ဖြေရှင်းရန် နိုင်ငံအားလုံးကို ကြိုဆိုပါကြောင်း၊ ၎င်းတို့အနေဖြင့် တရား မျှတမှုဘက်တွင် အခိုင်အမာ ရပ်တည်၍ နိုင်ငံတကာ ကုန်သွယ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန် တိုက်တွန်း ခဲ့သည်။
မကြာသေးမီက အမေရိကန်အရာရှိများသည် ဥရောပသမဂ္ဂ၊ ဂျပန်၊ ဗီယက်နမ်နှင့် အိန္ဒိယ အပါအဝင် ကုန်သွယ်ဖက်နိုင်ငံ ၁၀ နိုင်ငံကျော်နှင့် ညှိနှိုင်းမှုများ ကြိုးပမ်းဆောင်ရွက်နေပြီး အဆိုပါနိုင်ငံများနှင့် သဘော တူညီချက်များ ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် သဘော တူညီချက် မရရှိသော နိုင်ငံများကိုလည်း အမေရိကန်က တစ်ဖက်သတ် ကုန်သွယ်ခွန်များ သတ်မှတ်နိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထရမ့်အစိုးရအဖွဲ့သည် ယနေ့အထိ တရုတ်၊ ဗြိတိန်နိုင်ငံ တို့နှင့် ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက်အား အကန့်အသတ်ဖြင့် ရရှိထားပြီး အပြီးသတ် သဘောတူညီချက်များထက် အခြေခံသဘောတူညီချက် မူဘောင်အနေ ဖြင့်သာ ရရှိထားသည်။
ကိုးကား - Bangkok Post
ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

တရုတ်နှင့်အမေရိကန်အစိုးရတို့အနေဖြင့် နှစ်နိုင်ငံကြား ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာသဘောတူညီချက် ရရှိပြီဖြစ်ကြောင်းသိရသည်။ အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံက သတ်မှတ်ထားသော ထိန်းချုပ်ပို့ကုန်များအတွက် ပို့ကုန်လျှောက်လွှာများကို စစ်ဆေးခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဇွန်လ ၂၇ ရက်တွင်ထုတ်ပြန်ထားသည်။

အလားတူ အမေရိကန်နိုင်ငံကလည်း အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များအနက် အချို့ကိုရုပ်သိမ်းပေးမည် ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း ၎င်းသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ထိုးပေးလိုက်ပြီဖြစ်ကြောင်း ဇွန်လ ၂၆ ရက်တွင်ပြောသည်။ သို့သော် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောထားခြင်းမရှိပေ။
တရုတ်နိုင်ငံမှ ဒုတိယဝန်ကြီးချုပ် ဟီလိုင်ဖန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန်နိုင်ငံမှ ဘဏ္ဍာရေး ဝန်ကြီး စကော့ဘတ်ဆန့်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က ဇွန်လ ၉ ရက် တွင် လန်ဒန်မြို့၌တွေ့ဆုံကာ နှစ်ရက်ကြာ ဆွေးနွေးမှုများလုပ်ဆောင်ပြီးနောက် ယခုကဲ့သို့ကုန်သွယ်ရေး သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်။
Ref: SCMP
MWD Web Portal

လာမည့်အပတ်တွင် ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် အမေရိကန်သို့ သွားရောက်မည်ဟု ထိုင်းနိုင်ငံဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira က ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ ပို့ကုန်များအပေါ်တွင် အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံမှု အား ဇူလိုင်လ ကုန်အထိ ခေတ္တဆိုင်းငံ့ထားပြီး အဆိုပါ ဆိုင်းငံ့ကာလ အတွင်း အမေရိကန်အနေဖြင့် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအများစု အတွက် အကောက်ခွန် ၁၀ ရာခိုင်နှုန်းသာ သတ်မှတ်ထားသည်။

အကယ်၍ ဇူလိုင်လမတိုင်မီ အကောက်ခွန်နှုန်းလျှော့ချရန် ညှိနှိုင်း ဆွေးနွေးမှု မအောင်မြင်ပါက ထိုင်းနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသည့် ပြည်ပပို့ကုန်များ အပေါ်တွင် အမေရိကန်နိုင်ငံက အကောက်ခွန် ၃၆ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံမည် ဖြစ်သည်။
အကောက်ခွန်နှုန်းထားနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား ဆွေးနွေးမှုများမှ ကောင်းမွန်သောသဘောတူညီမှုများရရှိနိုင်ပြီး အကောက်ခွန် ၁၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ကြောင်း ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Pichai Naripthaphan က ယခုလအစောပိုင်းတွင် ပြောကြား ခဲ့သည်။
ကိုးကား - CNA
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

နေပြည်တော် ဇွန် ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဥရောပ-အာရှ စီးပွားရေးကော်မရှင် (EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr.Bakytzhan Abdirovich Sagintayev နှင့် Minsk International Exhibition Center BELEXPO ၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဥရောပ-အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/71541

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့ရှိ Minsk International Exhibition Center BELEXPO ၌ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ၏မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်သည်။
အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/71551

မင့်စ်၊ ဇွန် ၂၆
ဘယ်လာရုစ်နိုင်ငံ မင့်မြို့တော်၌ ကျင်းပလျက်ရှိသည့် ယူရေးရှား စီးပွားရေး ဖိုရမ်သို့ ရုရှားသမ္မတဗလာဒီမာပူတင် တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့ပါသည်။

အဆိုပါမိန့်ခွန်း၌ ယူရေးရှားစီးပွားရေးသမဂ္ဂ (EAEU) အတွင်း ကုန်သွယ်ရေး ပမာဏမှာ နှစ်ဆတိုးတက်လာပြီး ဒေါ်လာ ၉၇ ဘီလီယံအထိ ရောက်ရှိ လာပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား ငွေပေးချေမှု၏ ၉၃ % ကို နိုင်ငံတကာငွေကြေးများအစား မိမိတို့၏ ငွေကြေးဖြင့် ဆောင်ရွက် နိုင်ခဲ့ ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ ဘဏ်ကတ်များ ချိတ်ဆက် အသုံးပြုရာ တွင် အောင်မြင်မှုများ ရရှိလာကြောင်း၊ နိုင်ငံတကာနယ်ပယ်တွင် EAEU ၏ ဩဇာလွှမ်းမိုးမှုတိုးတက်လာစေရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ရုရှားငွေကြေး ပိုမိုခိုင်မာအားကောင်းလာရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ရုရှားရွှေနှင့် နိုင်ငံခြားငွေကြေး အရန်ငွေများ အမြောက်အမြားမှာ အနောက်နိုင်ငံများ၏ ဘဏ်များတွင် ထိန်းချုပ်ခံထားရပြီး ၎င်းတို့က မိမိတို့၏ ပိုက်ဆံများကို ခိုးယူရန် ထပ်ခါတလဲလဲ ပြောကြားနေကြပါကြောင်း၊ အနောက်ယိမ်း ငွေကြေးအဖွဲ့အစည်းများ အပေါ် မှီခိုမှုလျှော့ချရန်နှင့် နိုင်ငံခြားငွေပေးချေမှုစနစ်များ အသုံးပြု ခြင်းကို အနည်းဆုံးဖြစ်အောင် လျော့ချရန် ကြိုးပမ်းလျက်ရှိပါကြောင်း ရုရှားသမ္မတက ပြောကြားထားပါသည်။
ယခုအခါ အစ္စရေးနှင့် အီရန်တို့အကြား ပဋိပက္ခ ပြီးဆုံးသွားပြီဖြစ်ကာ EAEU သည် အရှေ့အလယ်ပိုင်းရှိ နိုင်ငံများအားလုံးနှင့် ဆက်ဆံရေး တိုးချဲ့ နိုင်သည့် အခြေအနေ ရောက်ရှိလာပြီဖြစ်ကြောင်း ရုရှားခေါင်းဆောင်က ပြောကြားခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

မင့်စ်၊ ဇွန် ၂၅
ယူရေးရှားဒေသဆိုင်ရာ စီးပွားရေးကောင်စီ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် ယူရေးရှားဒေသ စီးပွားရေး ဖိုရမ် တို့ကို မင့်စ်မြို့တွင် ဇွန်လ ၂၆ မှ ၂၇ အထိ ကျင်းပသွားမည် ဖြစ်ပါသည်။ အဆိုပါအခမ်းအနားများ ၂၀၂၅ ခုနှစ် Eurasian Economic Union (EAEU) ဥက္ကဋ္ဌအဖြစ် ဘယ်လာရုစ်က ဆောင်ရွက်စဉ် ကျင်းပခြင်းဖြစ်ကြောင်း ဘယ်လာရုစ် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ဘီတာ သတင်းဌာနသို့ ပြောကြားပါသည်။

ဘယ်လာရုစ်သမ္မတ Aleksandr Lukashenko က EAEU ထိပ်သီး အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး၊ အခြား နိုင်ငံ အကြီးအကဲများနှင့်အတူ Eurasian Econimic Forum သို့ တက်ရောက် မည်ဖြစ်ပါသည်။ ဒါဇင်ပေါင်းများစွာသော နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ များလည်း အဆိုပါ အခမ်းအနားကို တက်ရောက်မည်ဟု မျှော်လင့် ရပါကြောင်း ဖော်ပြထားပါသည်။
Eurasia Economic Forum သည် ဇွန်လ ၂၆ ရက်နေ့တွင် Minsk International Exhibition Center တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ဘယ်လာရုစ် သမ္မတသည် အဆိုပါဖိုရမ်၏ “The Strategy of Eurasian Economic Integration: Results and Prospects” ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်မည့် စုံညီအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ပါကြောင်း၊ အဆိုပါ ဖိုရမ်တွင် အဓိက ဘာသာရပ်ဆိုင်ရာ အစုအဖွဲ့ကြီး ၆ ခုဖြင့် ဆွေးနွေးမှု ပေါင်း ၃၅ ခု ပြုလုပ်ရန်လျာထားပါကြောင်း နှင့် ဖိုရမ်သို့ နိုင်ငံပေါင်း ၃၃ နိုင်ငံမှ ကိုယ်စားလှယ် ၂,၇၀၀ ဦးကျော် တက်ရောက်လိမ့်မည်ဟု မျှော်မှန်းထားပါကြောင်း အဆိုပါသတင်းတွင် ဖော်ပြပါရှိပါသည်။
ဘယ်လာရုစ် သမ္မတ Aleksandr Lukashenko က သဘာပတိအဖြစ် ဆောင်ရွက်မည့် EAEU ထိပ်သီးအစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့တွင် the Palace of Independence တွင် ကျင်းပရန် ရှိပါသည်။ အဆိုပါ အခမ်းအနားတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ ပေါင်းစည်းရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာလမ်းညွှန်ချက်များချမှတ်ရေး၊ EAEU အတွင်း ဝန်ဆောင်မှုများ ဖြေလျှော့ပေးရေး၊ အားကစား၌ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေး၊ EAEU၏ အဓိက မိတ်ဖက်များနှင့် ကုန်သွယ်မှု နှင့်စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ ချဲ့ထွင်ရေးစသည့် အစီအစဉ်များ ပါဝင်ပါသည်။
ကိုးကား- BeTA News
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများနှင့် အမေရိကန်ရေနံသိုလှောင်မှု အချက်အလက်များအပေါ် ရင်းနှီးမြှုပ်နှံသူများ တုံ့ပြန်မှုကြောင့် ကမ္ဘာ့ ရေနံစျေးနှုန်းများသည် ကြာသပတေးနေ့ (ဇွန် ၂၆) တွင် ဆက်လက် မြင့်တက်ခဲ့သည်။
ကမ္ဘာ့စံချိန်စံညွှန်း ဘရန့် ရေနံစိမ်းစျေးသည် ၀.၂ % တက်ကာ ၁ စည် လျှင် ၆၇ ဒေါ်လာရှိပြီး အမေရိကန် West Texas Intermediate (WTI) ရေနံစိမ်းစျေးမှာ ၀.၃% တက်ကာ ၁ စည်လျှင် ၆၅ ဒေါ်လာ ရှိသည်။

အမေရိကန်ရေနံဝယ်လိုအား ခိုင်မာနေကြောင်း သတင်းများ ထွက်ပေါ် ပြီးနောက် ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅)တွင် ရေနံစျေးနှုန်းနှစ်မျိုးစလုံးသည် ၁% နီးပါးမြင့်တက်ကာ ယခုသီတင်းပတ်အစောပိုင်းက ကျဆင်းမှုများမှ ပြန်လည်မြင့်တက်လာခဲ့သည်။ ဘရန့် ရေနံစိမ်းစျေးသည် ၁ စည်လျှင် ၆၈ ဒေါ်လာအနားတွင် ရပ်တည်နေပြီး WTI ရေနံစိမ်းမှာ ၆၅ ဒေါ်လာ အထက် ရောင်းဝယ်နေသည်။ အရှေ့အလယ်ပိုင်းမှ ရေနံထောက်ပံ့မှုများ ပြတ်တောက်နိုင်ခြေအား စိုးရိမ်မှုများကြောင့် သီတင်းပတ်အစောပိုင်းက စျေးနှုန်းများ မြင့်တက်ခဲ့သော်လည်း အစ္စရေးနှင့် အီရန်တို့ စစ်ပြေငြိမ်းရေး သဘောတူပြီးနောက် စျေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် အစ္စရေး နှင့် ၁၂ ရက်ကြာ စစ်ပြေငြိမ်းရေးသဘောတူညီချက်အပြီး ဝါရှင်တန်သည် လာမည့်အပတ်တွင် အီရန်နှင့် နျူကလီးယားဆွေးနွေးပွဲများ ပြုလုပ်မည် ဟု ပြောကြားခဲ့သည်။ “မိမိအနေဖြင့် ၎င်းတို့နှင့် လာမည့်အပတ်တွင် ဆွေးနွေးမည်ဖြစ်ပြီး သဘောတူညီချက် ရရှိနိုင်ကြောင်း” နေတိုး ထိပ်သီး အစည်းအဝေးအပြီးတွင် ၎င်းက သတင်းထောက်များအား ပြောကြားခဲ့ပြီး ရက်စွဲအတိအကျကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။
ထို့အပြင် ၎င်းက အီရန်ရေနံတင်ပို့မှုအား ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ပေးနိုင်ကြောင်း ညွှန်းဆိုကာ အီရန်အနေဖြင့် ရေနံရောင်းချခွင့်ပြုခြင်းသည် နိုင်ငံတည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေနိုင်ကြောင်း ဖော်ပြခဲ့ သည်။
ကိုးကား- RT

သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းပဋိပက္ခကြောင့် ရုရှားဈေးကွက်မှ ထွက်ခွာသွားခဲ့သော နိုင်ငံခြားကုမ္ပဏီများ ပြန်လည်ဝင်ရောက်ရန်အတွက် အခြေခံအဆောက်အအုံများ ပြင်ဆင်ရန် ရုရှားအစိုးရအား ညွှန်ကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် မိုက်ခရိုဆော့ဖ် (Microsoft) နှင့် မက်ဒေါ်နယ် (McDonald’s) အပါအဝင် နိုင်ငံတကာ ကုမ္ပဏီကြီးများစွာသည် ရုရှား၏ ယူကရိန်းစစ်ဆင်ရေးစတင်မှုကို အကြောင်းပြ၍ ရုရှားနှင့် ဆက်ဆံရေး ဖြတ်တောက်သွားခဲ့ကြသည်။ ထို့အပြင် အနောက်နိုင်ငံများ၏ ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုများကလည်း နိုင်ငံခြားလုပ်ငန်းများ ထွက်ခွာသွားစေရန် အရှိန်မြှင့်တင် ပေးခဲ့သည်။
ပူတင်က နိုင်ငံခြား စီးပွားရေးလုပ်ငန်းများသည် မိမိတို့၏ ဆန္ဒအလျောက် ထွက်ခွာသွားခြင်း ဖြစ်ပြီး ရုရှားနိုင်ငံအနေဖြင့် ၎င်းတို့ ပြန်လည် ဝင်ရောက်လာပါက ကြိုဆိုမည်ဖြစ်ကြောင်း မကြာခဏ ပြောဆိုခဲ့သည်။ သို့သော် ရုရှားကုမ္ပဏီများ၏ အကျိုးစီးပွားကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းက အတိအလင်းပြောကြား ခဲ့သည်။
တနင်္လာနေ့ (ဇွန် ၂၃) တွင် ရုရှား ပြည်တွင်းစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ Delovaya Rossiya နှင့် တွေ့ဆုံပြီးနောက် ပူတင်က မိတ်ဖက် မဟုတ်သော နိုင်ငံများမှ နိုင်ငံခြားသားလုပ်ငန်းရှင်များ ရုရှားတွင် စီးပွားရေး လုပ်ကိုင် နိုင်ရန်၊ အိမ်ခြံမြေ နှင့် စတော့ရှယ်ယာများ ဝယ်ယူနိုင်ရန်အတွက်စည်းမျဉ်းများချမှတ်ရေး အဆိုပြုချက်များကို အစိုးရအား စိစစ် ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
ရုရှား၏ မိတ်ဖက်မဟုတ်သော နိုင်ငံများစာရင်းတွင် လက်ရှိအချိန်အထိ အီးယူအဖွဲ့ဝင် နိုင်ငံအများစု၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ နှင့် နယူးဇီလန် တို့ ပါဝင်နေပါသည်။ ရုရှားဘဏ္ဍာရေးဝန်ကြီး Anton Siluanov က မကြာသေးမီက မိတ်ဖက် မဟုတ်သောနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့နိုင်ကြောင်း ပြောကြားခဲ့သည်။
မေလတွင် ပူတင်က နိုင်ငံခြားကုမ္ပဏီများနှင့်ပတ်သက်၍ လက်တွေ့ကျသော ချဉ်းကပ်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း၊ ၎င်းတို့၏ ယခင်လုပ်ဆောင် ချက်များကို တစ်ခုချင်းစီ အလိုက် အကဲဖြတ်ရမည်ဟု ပြောကြားခဲ့သည်။
“တစ်ခုခုက မိမိတို့အတွက် အကျိုးရှိမည်ဆိုပါက ပြန်လာခွင့်ပေးသင့်ပြီး အကျိုးမရှိဘူးဆိုပါက မဝင်ရောက်နိုင်အောင် အကြောင်းပြချက် မြောက်မြား စွာရှာဖွေသင့်ပါသည်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ကရင်မလင်၏ ရင်းနှီးမြှုပ်နှံမှုကိုယ်စားလှယ် Kirill Dmitriev က ဧပြီ လတွင် အမေရိကန်ကုမ္ပဏီများ ရုရှားဈေးကွက်မှ ထွက်ခွာရခြင်းကြောင့် ခန့်မှန်းခြေ ဒေါ်လာ ၃၀၀ ဘီလီယံ ဆုံးရှုံးခဲ့ရကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် ရုရှားတို့သည် ယခုနှစ်အစောပိုင်းတွင် တိုက်ရိုက် ဆွေးနွေးမှုများ ပြန်လည်စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်က ဘိုင်ဒင် အစိုးရ လက်ထက်တွင် ဖြတ်တောက်ခဲ့သော ဆက်ဆံရေးများကို တဖြည်းဖြည်း ပြန်လည်တည်ဆောက်ရန် သဘောတူညီခဲ့ကြသည်။