ရုရှား နိုင်ငံခြားရေးဒုတိယဝန်ကြီး Sergey Ryabkov က အမေရိကန် ပြည်ထောင်စုက ရုရှား၏ ကုန်သွယ်ဖက်နိုင်ငံများအပေါ် အကောက်ခွန် ၅၀၀% အထိ မြှင့်တင် စည်းကြပ်ပါက မော်စကိုက လိုက်လျောညီထွေ ဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုကဲ့သို့သော ကန့်သတ် အရေးယူ မှုများက ၎င်း၏ အချုပ်အခြာအာဏာပိုင်လမ်းစဉ်မှ လွဲချော်သွားစေမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အလွန်မြင့်မားသော အကောက်ခွန်များ စည်းကြပ်မည့် ဥပဒေကြမ်းကိုပံ့ပိုးရန် အလေးအနက်ထား စဉ်းစားနေကြောင်း အင်္ဂါနေ့ (ဇူလိုင် ၈) တွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်အပေါ် အစာမကြေဖြစ်နေကြောင်း ဖော်ပြခဲ့သည်။ ယူကရိန်းပဋိပက္ခတွင် ရုရှား၏ တင်းမာသော ရပ်တည်မှုကို လျှော့ချရန် ဖိအားပေးနိုင်ရေးအတွက် ရည်ရွယ်သည့် အဆိုပါ ဥပဒေကြမ်းကို ရုရှားအပေါ် ဆန့်ကျင်ခက်ထန်သော သဘောထားရှိသူ ဆီးနိတ် လွှတ်တော်အမတ် Lindsey Graham က ယခုနှစ်အစောပိုင်းတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွင် သတင်းထောက်များက ၅၀၀% အထိ မြင့်မားလွန်းသော အကောက်ခွန်များ စည်းကြပ်ပါက မော်စကို၏ တုံ့ပြန်မှုကို Ryabkov အား မေးမြန်းခဲ့ရာတွင် ၎င်းက “ဖော်ပြချက် အတိုင်း အခြေအနေသစ်တစ်ရပ် ပေါ်ပေါက်လာပါက အပိုဆောင်း ဆန်းစစ်ချက် နှင့် စဉ်းစားဆင်ခြင်မှုများ လိုအပ်သော်လည်း အခြေအနေကို အကြီးအကျယ် ပြောင်းလဲသွားစေမည် မဟုတ်ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။ ပြည်ပ နိုင်ငံများက ရုရှားအပေါ် ယခုအချိန်ထိ ပိတ်ဆို့အရေးယူမှုပေါင်း ၃၀,၀၀၀ ကျော် ပြုလုပ်ထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြား ခဲ့သည်။
“ပိတ်ဆို့ဒဏ်ခတ်မှုများသည် ရုရှားထက် အနောက်နိုင်ငံများကို ပိုမို ဒုက္ခ ပေးနေသည်” ဟု ပူတင်က ယမန်လက ဘယ်လာရုဇ်နိုင်ငံ မင့်စ် မြို့တွင် ကျင်းပသည့် ယူရေးရှား စီးပွားရေး အသင်းအဖွဲ့၏ ထိပ်သီးညီလာခံတွင် ပြောကြားခဲ့သည်။ “ဒဏ်ခတ်မှုများ တိုးလာသည်နှင့်အမျှ ၎င်းတို့ကို ချမှတ်သူများ၏ ဆုံးရှုံးမှုလည်း ပိုကြီးလာမည်” ဟု ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကွာလာလမ်ပူ။ ကြာသပတေးနေ့က အမေရိကန်၏ ဂျပန်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံ များအပေါ် အကောက်အခွန်ဆိုင်ရာ တင်းမာသည့် အမိန့်များ ချမှတ်နေချိန် “လွတ်လပ်၊ မျှတ၍ ပွင့်လင်းသည့်” နိုင်ငံ့စီးပွားရေး ဖြစ်စဉ်ပေါ်ပေါက်ရေးအတွက် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တကဲရှိ အိဝယသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မလေးရှားနိုင်ငံတွင် တွေ့ဆုံခဲ့ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့ထုတ် ကျိုဒိုသတင်းတွင် ဖော်ပြပါရှိပါသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အရှေ့တောင်အာရှ နိုင်ငံများအသင်းသည် “ကမ္ဘာ့တိုးတက်မှု၏ ဗဟိုချက်” အဖြစ် အိယဝက မှတ်ချက်ပြု ပြောကြားခဲ့ပြီး၊ ဂျပန်နိုင်ငံသည် ယင်းဒေသဆိုင်ရာ အုပ်စုနှင့် ပိုမိုအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုမျိုး ပြုလုပ်လိုသည့် ဆန္ဒပြင်းပြလျက် ရှိကြောင်း၊ “ဒေသတွင်း ငြိမ်းချမ်း သာယာဝပြောရေးသည် ဒေသအတွက် အရေးကြီးပါ တယ်” ဟုလည်း ထပ်လောင်း ပြောကြားပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုထားသည့် အကောက်အခွန်များနှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးက “အားကောင်းအောင် ထိန်းထားရမယ်” ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ကို အပြန် အလှန် ကုန်သွယ်မှုစနစ်၏ ဗဟိုချက်အဖြစ်ထားရမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ထရမ့်က ဂျပန်နိုင်ငံ၏ သွင်းကုန်များကို ဩဂုတ်လ ၁ ရက်နေ့မှစ၍ အကောက်အခွန် ၂၅ ရာခိုင်နှုန်း အမေရိကန်ပြည်ထောင်စုက ကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပြုထားပြီး၊ အာဆီယံအဖွဲ့ဝင် ၆ နိုင်ငံက အကောက်အခွန် ၄၀ ရာခိုင်နှုန်းနှင့် ရင်ဆိုင်ရလျက်ရှိနေပါသည်။
အစည်းအဝေးတွင် အာဆီယံဝန်ကြီးများက တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းဖြင့် လွတ်လပ်စွာ သွားလာနိုင်ရေး၏ အရေးပါပုံနှင့် ရေကြောင်းအငြင်းပွားမှု ဖြေရှင်းရာတွင် ကုလသမဂ္ဂ၏ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေ ကွန်ဗင်းရှင်းကို အခြေခံရေးတို့ကို ထောက်ပြ ပြောကြားခဲ့ပြီး၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့အကြား ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပွားနေစဉ် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တိုကျို၏ အာဆီယံနိုင်ငံများနှင့် ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှု တိုးမြှင့်ရေးအစီအစဉ်၊ လာမည့်နှစ် မတ်လ ကုန်ပိုင်းတွင် ဒေသတွင်း “ဂျပန် ဘာသာစကား မိတ်ဖက်” ၆၀၀ ခန့်ကို စေလွှတ်ပေးသွားမည့် အစီအစဉ်ကို ချပြခဲ့ပါသည်။
အိဝယသည် မဲခေါင်ဒေသတွင်းနိုင်ငံများမှ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် တို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး၊ သဘာဝဘေး ကြိုတင်ကာကွယ် ရေး၊ ကာဗွန်ဓာတ်ငွေ့ လျော့ချရေး၊ ဒီဂျစ်တယ်နည်းပညာ အသုံးချရေး၊ နယ်စပ်ဖြတ်ကျော် မှုခင်းများ ကိုင်တွယ်ဖြေရှင်းရေးနှင့် အွန်လိုင်းလိမ်လည်မှုများ တားဆီးရေး တို့တွင် ဂျပန် နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ ကြပါသည်။
ဂျပန်နှင့် မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံတို့၏ ပူးတွဲကြေညာချက်တွင် ဆိုက်ဘာ ရာဇဝတ်မှု၊ အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေး ခဝါချမှု စသည့် နယ်စပ်ဖြတ်ကျော် မှုခင်းများကို အလေး ထား ဖော်ပြထားပါသည်။ မြန်မာနှင့် ကမ္ဘောဒီးယားကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံများ တွင် အခြေစိုက်သည့် ရာဇဝတ်မှုပြုလုပ်သည့် အဖွဲ့အစည်းများ၏ အွန်လိုင်း လိမ်လည်မှု များတွင် ဂျပန်နိုင်ငံသားများလည်း ပါဝင်ပတ်သက်မှုရှိသည်။
ဂျပန်နှင့် မဲခေါင်နိုင်ငံများမှ ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေး ကျင်းပရန်မှာ အရေးကြီးကြောင်းကိုလည်း အသိအမှတ်ပြုခဲ့ကြပါသည်။ ၎င်းတို့သည် ၂၀၂၀ ပြည့်နှစ်တွင် ခေါင်းဆောင်များ၏ အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ပုံစံဖြင့် နောက်ဆုံးကျင်းပခဲ့သည်။
ကိုးကား- Kyodo News
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ

အမေရိကန်ပြည်ထောင်စုသည် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ဘရာဇီး မှ တင်သွင်းသည့်ကုန်စည်များအပေါ် အကောက်ခွန် ၅၀% သတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာ လိုက်ပါသည်။
ထရမ့်သည် ဘရာဇီးသမ္မတ လူးဝစ် အီဂါစီယို လူလာ ဒါ ဆီလဗာထံသို့ ပေးပို့သည့် သဝဏ်လွှာအား ၎င်း၏ Truth Social စာမျက်နှာတွင် ထုတ်ပြန်ထားပါသည်။ ထိုအကောက်ခွန်သတ်မှတ်မှုအပေါ် ဘရာဇီးက တုံ့ပြန်အခွန်လုပ်ဆောင်လာပါက ဘရာဇီးကုန်စည်များအပေါ် ၎င်းထက် ပိုမိုမြင့်မားသော နှုန်းထားများဖြင့် တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဒေါ်နယ်ထရမ့်က သတိပေးထားပါသည်။

ထို့အပြင် အမေရိကန် ကုန်သွယ်ရေးညှိနှိုင်းရေးမှူး ဂျေမီဆန်ဂရီယာ သည် ဘရာဇီးနှင့် အမေရိကန်တို့၏ နှစ်နိုင်ငံကြား ကုန်သွယ်ရေး လုပ်ငန်းစဉ်များကို ချက်ချင်းစုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ထရမ့်က ဆိုထားပါသည်။ ထိုစစ်ဆေးမှုရလဒ်အရ ဘရာဇီးသည် အမေရိကန်၏ အကောက်ခွန်နှုန်းထား ထပ်မံတိုးမြှင့်ခြင်းကို ရင်ဆိုင်ရဖွယ် ရှိနေ ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ရုရှားနိုင်ငံတွင် ကျွမ်းကျင်လုပ်သား အလုံအလောက်မရှိမှုကို ဖြေရှင်းရန် ၂၀၂၅ ခုနှစ် နှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံသား တစ်သန်းခန့် ရွှေ့ပြောင်း လာနိုင်ကြောင်း Ural Chamber of Commerce and Industry (UCCI) ဥက္ကဋ္ဌ Andrey Besedin က ပြောကြားခဲ့သည်။

Eurasian News Agency (EAN) နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက ယခုနှစ်အစောပိုင်းက ကျင်းပခဲ့သည့် အစည်းအဝေးတစ်ခုတွင် အိန္ဒိယ တာဝန်ရှိသူများက အဆိုပါအရေအတွက်အား ပြောပြခဲ့ကြောင်း၊ ထို့အပြင် ရောက်ရှိလာမည့် အိန္ဒိယနိုင်ငံသားများအား စီမံဆောင်ရွက်နိုင်ရန် Yekaterinburg မြို့တွင် အိန္ဒိယကောင်စစ်ဝန်ရုံးအသစ် ဖွင့်လှစ်မည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
“မိမိအနေဖြင့် အိန္ဒိယလုပ်ဖော်ကိုင်ဖက်များဆီက ကြားသိရသလောက် ဆိုပါက ယခုနှစ်ကုန်မတိုင်ခင်မှာ အိန္ဒိယက ကျွမ်းကျင်သူ တစ်သန်း နီးပါး ရုရှားနိုင်ငံကို ရောက်လာမည်၊ Sverdlovsk ဒေသလို နေရာတွေမှာလည်း ရောက်နိုင်သည်” ဟု ရုရှားစီးပွားရေးခေါင်းဆောင်က ပြောသည်။
Besedin က ရုရှား၏ စက်မှုလုပ်ငန်းများသည် နိုင်ငံတော်၏ တင်သွင်း ကုန်အစားထိုးရေး မူဝါဒများနှင့် ယူကရိန်းတွင် ဆက်လက် ဖြစ်ပွား နေသည့် စစ်ဆင်ရေးလိုအပ်ချက်များကြောင့် ထုတ်လုပ်မှုတိုးချဲ့ရန် ဖိအားများနေကြောင်း ဖော်ပြခဲ့သည်။
သို့သော် ၎င်းက Sverdlovsk ဒေသတွင် လုံလောက်သော အရည်အချင်း ပြည့်မီသည့် အလုပ်သမားအင်အား မရှိကြောင်း ထောက်ပြခဲ့သည်။ “အလုပ်သမားအင်အားတစ်စိတ်တစ်ပိုင်းကို အထူးစစ်ဆင်ရေးအတွက် စေလွှတ်ထားရပြီး လူငယ်တွေကလည်း စက်ရုံတွေမှာ အလုပ်မလုပ်ချင် ကြပါ” ဟု ၎င်းက ဆိုသည်။
Besedin ၏ အဆိုအရ အိန္ဒိယအလုပ်သမားများအား သတ္တုတူးဖော်ရေး နှင့် စက်မှုအင်ဂျင်နီယာလုပ်ငန်းများတွင် အလုပ်လုပ်ရန် မျှော်မှန်းထားသည်။
၎င်းက သီရိလင်္ကာနှင့် မြောက်ကိုရီးယားနိုင်ငံများနှင့်လည်း အလုပ်သမား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း ဖော်ပြ ခဲ့သည်။ ရုရှားအနေဖြင့် ထိုနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်လုပ်ကိုင်ရန် အတွေ့အကြုံမရှိသေးသော်လည်း ၎င်းကဏ္ဍကို “နိုင်ငံတကာအလုပ်သမားပူးပေါင်းဆောင်ရွက်မှု၏ အဆင့်သစ်” အဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။
ရုရှားအလုပ်သမားဝန်ကြီးဌာနက ၂၀၃၀ ပြည့်နှစ်တွင် အလုပ်သမား ၃.၁ သန်း ချို့တဲ့မည်ဟု ခန့်မှန်းထားပြီး ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီများက ဗီဇာ လိုအပ်သော နိုင်ငံများမှ ကျွမ်းကျင်အလုပ်သမား ၄၇,၀၀၀ ခန့်သာ ခန့်ထားနိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ် မတ်လက Crocus City Hall တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုအပြီး ရုရှားနိုင်ငံသည် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ထိန်းချုပ်မှုများကို ပိုမိုတင်းကျပ်စွာ အကောင်အထည်ဖော်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားသား ၁၉၀,၀၀၀ ကျော်ကို နိုင်ငံမှ နှင်ထုတ်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် ရွှေ့ပြောင်းနေထိုင်မှုစည်းမျဉ်းများကို အကောင်အထည် ဖော်ရန်နှင့် စည်းကမ်းဖောက်ဖျက်မှုများ လျှော့ချရန် ဖက်ဒရယ် အေဂျင်စီ အသစ်တစ်ခု ဖွဲ့စည်းခဲ့သည်။

အီလွန်မက်က “အမေရိကန်ပါတီ” ဟု နာမည်ပေးထားသည့် နိုင်ငံရေး ပါတီတည်ထောင်ရန် ကြေညာလိုက်ပြီးနောက် ၎င်းပိုင် တက်စလာ ကုမ္ပဏီကြီး၏ စတော့ဈေးနှုန်းမှာ ၇ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားကြောင်း အဆိုပါကုမ္ပဏီကဇူလိုင် ၇ ရက် (တနင်္လာနေ့) ပြောကြားလိုက်ပါသည်။ ထိုရာခိုင်နှုန်းမှာ ကုမ္ပဏီဈေးကွက်တန်ဖိုးအနေဖြင့် ဒေါ်လာ ၆၈ ဘီလီယံ ကျော် ရှိပါသည်။

အီလွန်မက်သည် အမေရိကန်ပါတီကို ဆီးနိတ်တွင် ၂ နေရာမှ ၃ နေရာ နှင့် အောက်လွှတ်တော်တွင် ၈ နေရာမှ ၁၀ နေရာခန့် ရရှိသွားအောင် ကြိုးပမ်းသွားမည်ဟု ပြောကြားထားပါသည်။ ထိုမဲများက အငြင်းပွားဖွယ် ဥပဒေများကို အဆုံးအဖြတ်ပေးရာတွင် ပြည်သူလူထု၏ အမှန်တကယ် လိုအပ်ချက်ကို အာမခံနိုင်မည် ဟု မက်က ပြောကြားထားပါသည်။
ဘီလီယံနာသူဌေးကြီး အီလွန်မက် နိုင်ငံရေးနယ်ပယ်ထဲ ထပ်မံ ဝင်ရောက်လာခြင်းမှာ ရင်းနှီးမြှုပ်နှံသူများကို စိုးရိမ်မှုမြင့်တက်စေခဲ့ပါသည်။ ယခုနှစ် အစောပိုင်းကလည်း မက်သည် အစိုးရစွမ်းဆောင်ရည်ဌာန (DOGE)၏ အဓိကအခန်းကဏ္ဍမှ ပါဝင်ကာ သမ္မတဒေါ်နယ်ထရမ့်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ရာ တက်စလာ အမှတ်တံဆိပ်ကို ထိခိုက်စေနိုင် သည်ဟု ဝေဖန်သတ်မှတ်ခံခဲ့ရပါသည်။
မက်၏ နိုင်ငံရေးလှုပ်ရှားမှုများသည် အစောပိုင်းတွင် ဒေါ်နယ်ထရမ့် ချီးကျူးမှုကို ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် အခွန်အခ လျှော့ချမှုများ၊ နေရောင်ခြည်နှင့် လေစွမ်းအင်သုံးစက်များ၊ လျှပ်စစ်ကားများအတွက် အထောက်အပံ့များ ဖြတ်တောက်ခံရမှုတို့နှင့်ပတ်သက်၍ နှစ်ဦးအကြား လူသိရှင်ကြား အငြင်းပွားခဲ့ကြပါသည်။
ကိုးကား- CNBC

ဂျာမန် ဇိမ်ခံပြိုင်ကားထုတ်လုပ်သည့် Porsche ကုမ္ပဏီကြီးမှ တရုတ် နိုင်ငံ၌ ပြင်းထန်သောယှဉ်ပြိုင်မှုများကြောင့် ယခုနှစ်ပထမနှစ်ဝက်အတွင်း ကမ္ဘာလုံးဆိုင်ရာရောင်းအား ကျဆင်းကြောင်း အင်္ဂါနေ့ (ဇူလိုင် ၈) ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ရောင်းအား ၆% ကျဆင်းခဲ့ပြီး ၎င်းအနက် အာရှနိုင်ငံ များ (အဓိက တရုတ်) တွင် ၂၈% အထိ ထိုးကျခဲ့သည်။

Porsche အတွက် တရုတ်သည် သမိုင်းကြောင်းအရ အရေးပါသော ဈေးကွက်တစ်ခုဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ကုမ္ပဏီ၏ကမ္ဘာ့ရောင်းအား၏ ၃၀% ခန့်ကို ရရှိခဲ့သည်။ သို့သော် ၂၀၂၃ ခုနှစ်မှစ၍ ရောင်းအား ကျဆင်း မှုကြောင့် တရုတ်နိုင်ငံရှိ ကားရောင်းဝယ်ရေးကိုယ်စားလှယ်ဆိုင်များကို ပိတ်သိမ်းခဲ့ရသည်။
Porsche က ယခုလတ်တလော ရောင်းအားကျဆင်းမှုအတွက် တရုတ် ဈေးကွက်တွင် စိန်ခေါ်မှုများပြည့်နှက်နေသော ဈေးကွက်အခြေအနေနှင့် ပြင်းထန်သည့်ယှဉ်ပြိုင်မှုများကို အဓိကအကြောင်းအရင်းအဖြစ် ညွှန်းဆို ထားသည်။
Xiaomi အပါအဝင် တရုတ်ပြည်တွင်းကားလုပ်ငန်းများသည် စျေးနှုန်း ချိုသာစွာဖြင့် ထုတ်လုပ်မှုနှုန်းတိုးမြှင့်ကာ လျှပ်စစ်ကားများကို မိတ်ဆက် လာခြင်းဖြင့် ဈေးကွက်ဝေစုများ တိုးတက်ရယူလာကြသည်။ BYD နှင့် Chery ကဲ့သို့ တရုတ်ကားထုတ်လုပ်သူများသည် ကားထုတ်လုပ်ရေး လုပ်ငန်းစဉ်များကို ခေတ်မီနည်းပညာများဖြင့် သိသိသာသာ လျှော့ချနိုင် ခဲ့ပြီး ကမ္ဘာ့ပြိုင်ဘက်များထက် ပိုမိုမြန်ဆန်စွာ မော်ဒယ်အသစ်များမိတ်ဆက်နိုင်ခဲ့သည်။ Reuters ၏ ယခုလအစောပိုင်းသတင်းအရ တရုတ် ကုမ္ပဏီများသည် ကားထုတ်လုပ်ရေးကာလကို ၁၈ လအထိ လျှော့ချနိုင် ခဲ့ကာ နိုင်ငံခြားအမှတ်တံဆိပ်များ၏ ပျမ်းမျှ ၅.၄ နှစ် နှင့် နှိုင်းယှဉ်ပါက သိသာစွာ သာလွန်နေသည်။
အဆိုပါအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့် EU တို့က တရုတ်ကားလုပ်ငန်းများအား အစိုးရထောက်ပံ့မှုများဖြင့် မတရား ယှဉ်ပြိုင် သည်ဟုစွပ်စွဲကာ အကောက်ခွန်မြှင့်တင်ခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော် Reuters ၏ သုံးသပ်ချက်အရ တရုတ်ထုတ်ကုန်များ၏ နည်းပညာနှင့် စျေးနှုန်းချိုသာမှုသည် အစိုးရထောက်ပံ့မှုထက် ဖွံ့ဖြိုးရေးအရှိန်နှင့် စွမ်းဆောင်ရည် တို့ကြောင့် ပိုမိုအရေးပါသည်ဟု ဆိုသည်။
Porsche ၏ မူလဈေးကွက်ဖြစ်သော ဂျာမနီ တွင်လည်း ရောင်းအား ၂၃% ကျဆင်းခဲ့ပြီး ဥရောပဈေးကွက်တစ်ခုလုံးတွင် ၈% လျော့ကျခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ဂျာမနီစီးပွားရေး ၀.၂% ကျဆင်းခဲ့ပြီး ၂၀၂၃ ခုနှစ်က ၀.၃% လျော့နည်းခဲ့သည်။ စွမ်းအင်စျေးနှုန်းမြင့်မားမှု၊ အတိုးနှုန်းမြင့်တက်မှု၊ ဒစ်ဂျစ်တယ်ပြောင်းလဲရေး နှေးကွေးမှုနှင့် အရည်အချင်းပြည့်ဝသော အလုပ် သမားရှားပါးမှုတို့သည် ကားထုတ်လုပ်ရေးအပါအဝင် စက်မှုလုပ်ငန်းများ ကို ထိခိုက်စေခဲ့သည်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ဖြင့် အဓိက ဖွဲ့စည်းထားသော BRICS အဖွဲ့သည် အမေရိကန်နိုင်ငံနှင့် ထိပ်တိုက်တွေ့ဆုံမည့် နည်းလမ်းကို အကောင်အထည်ဖော်နေခြင်း မရှိကြောင်း တရုတ်အစိုးရက ဇူလိုင်လ ၇ ရက်တွင် ပြောသည်။
BRICS အဖွဲ့နှင့် စိတ်တူကိုယ်တူရှိသော နိုင်ငံများကို သွင်းကုန်အခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမည်ဟူသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကတိပြုမှု ထွက်ပေါ်လာအပြီးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

“သွင်းကုန်အခွန် တိုးမြှင့်ကောက်ခံခြင်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ရပ်တည်မှု သဘောထားကို အကြိမ်ကြိမ်ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကုန်သွယ်ရေးနဲ့ သွင်းကုန် အခွန်စစ်ပွဲတွေမှာ အနိုင်ရသူဆိုတာမရှိပါဘူး။ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ဆိုတာကလည်း ရှေ့ဆက်လျှောက်ဖို့လမ်း ကိုပိတ်ပင်တားဆီး ထားစေပါတယ်” ဟု မော်နင်းက ပြောသည်။
BRICS အဖွဲ့ဝင်နိုင်ငံများမှ ထိပ်သီး ခေါင်းဆောင်များက ဇူလိုင်လ ၆ ရက်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌တွေ့ဆုံ ဆွေးနွေးစဉ် ထရမ့်၏ လက်ရှိကျင့်သုံးနေသော သွင်းကုန်အခွန် တိုးမြှင့်ချမှတ်ခြင်း အပေါ် ဝေဖန်ထားသည်။
ထို့နောက် BRICS အဖွဲ့နှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိသူများသည် အမေရိကန်ကို ဆန့်ကျင်ရေးဝါဒီများ ဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ကြောင်း ထရမ့်က ပြောထားခြင်းဖြစ်သည်။
MWD Web Portal

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန်၊ တောင်ကိုရီးယားအပါအဝင် အာရှရှိ အဓိက မဟာမိတ်နိုင်ငံများအပေါ် ကုန်သွယ်ခွန်အသစ်များ စည်းကြပ်မည်ဟု ကြေညာခဲ့သည်။
တနင်္လာနေ့ (ဇူလိုင် ၇) တွင် ထရမ့်သည် ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba နှင့် တောင်ကိုရီးယားသမ္မတ Lee Jae-myung တို့ထံသို့ Truth Social ပေါ်တွင် တူညီသည့် စာများ ရေးသားကာ ဩဂုတ်လ ၁ ရက်မှစ၍ တင်သွင်းကုန်အားလုံးအပေါ် ၂၅% အကောက်ခွန် စည်းကြပ်မည်ဟုကြေညာခဲ့သည်။ ထို့ပြင် ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့် စီးပွားရေး ဆက်ဆံရေးတွင် မညီမျှမှုများရှိနေသည်ဟု ပြောကြားခဲ့သည်။

၎င်းက “မိမိတို့သည် ပိုမိုဟန်ချက်ညီပြီး မျှတသော ကုန်သွယ်ရေးကိုသာ ဆက်လက်လုပ်ဆောင်မည် ၊ ကမ္ဘာ့နံပါတ် ၁ ဈေးကွက်ဖြစ်သည့် အမေရိကန် ၏ ထူးကဲသော စီးပွားရေးတွင် ပါဝင်ရန် ဖိတ်ခေါ်ပါသည်” ဟု ရေးသား ခဲ့သည်။ ထို့အပြင် ဂျပန်နှင့် တောင်ကိုရီးယားတို့က တုံ့ပြန်တိုးမြှင့်ပါက နောက်ထပ် ၂၅% ထပ်မံစည်းကြပ်နိုင်ကြောင်း သတိပေးခဲ့သည်။
ထရမ့်သည် ကာဇက်စတန်၊ မလေးရှားနှင့် တူနီးရှားမှ ကုန်ပစ္စည်းများ အပေါ်လည်း ၂၅% အခွန်စည်းကြပ်မည်ဖြစ်ပြီး တောင်အာဖရိကနှင့် ဘော့ စနီးယားနှင့် ဟာဇီဂိုဗီးနား (၃၀%) ၊ အင်ဒိုနီးရှား (၃၂%) ၊ ဆားဘီးယား နှင့် ဘင်္ဂလားဒေ့ရှ် (၃၅%) ၊ ထိုင်းနှင့် ကမ္ဘောဒီးယား (၃၆%) နှင့် ဗီယက်နမ်၊ လာအိုနှင့် မြန်မာ (၄၀%) အစရှိသဖြင့် တင်သွင်းကုန်များ အတွက် ပိုမိုမြင့်မားသော နှုန်းထားများ သတ်မှတ်ထားသည်။
အမေရိကန်သမ္မတက ကုန်သွယ်ခွန်များသည် မမျှတသော ကုန်သွယ်ရေး လိုငွေပြမှုများကို ပြုပြင်ပေးပြီး အခြားနိုင်ငံများက အမေရိကန်ကို လှည့်စားခြင်းကို တားဆီးနိုင်သည်ဟု ကြာမြင့်စွာ အခိုင်အမာဆိုခဲ့သည်။ သို့သော် ဝေဖန်သူများက အဆိုပါမူဝါဒသည် ပြည်တွင်းဈေးနှုန်းများကို မြင့်တက်စေကာ စီးပွားရေးကို ထိခိုက်စေသည်ဟု ဆိုသည်။ ဒီမိုကရက် များနှင့် အချို့သော စီးပွားရေးပညာရှင်များက ယင်းအခွန်နှုန်းသစ် များသည် ကောင်းမွန်စွာ ဒီဇိုင်းရေးဆွဲထားခြင်းမဟုတ်ဟု ပြောဆိုနေသည်။
ဧပြီလ ၂ ရက်တွင် “Liberation Day package” အမည်ဖြင့် ပထမ အသုတ် အခွန်များကို စတင်ခဲ့သည်။ ၎င်းတွင် အားလုံးသော တင်သွင်း ကုန်များအပေါ် ၁၀% အခွန်နှင့် တရုတ်၊ မက္ကဆီကို၊ ကနေဒါနှင့် ဥရောပ သမဂ္ဂ (EU) တို့အတွက် ပိုမိုမြင့်မားသော နှုန်းထားများ ပါဝင်သည်။ အပြည့်အဝ ကုန်သွယ်ရေးစစ်ပွဲမဖြစ်စေရန်နှင့် ဆွေးနွေးမှုများအတွက် အချိန်ပေးရန် အချို့သော အခွန်များကို ၉၀ ရက်ခန့် ရွှေ့ဆိုင်းထား ခဲ့သည်။
ယခုလအစောပိုင်းတွင် သဘောတူညီချက်များ မရရှိပါက နောက်ထပ် ကုန်သွယ်ခွန်များ စည်းကြပ်မည်ဟု ထရမ့်က ပြောကြားခဲ့သည်။ “စက်တင်ဘာ ၉ ရက်မတိုင်မီ အပြည့်အဝ အကောင်အထည်ဖော်မည်” ဟု သောကြာနေ့ (ဇူလိုင် ၄) တွင် ၎င်းက သတင်းထောက်များအား ပြောကြားခဲ့ပြီး “အခွန်နှုန်းများမှာ ၆၀% သို့မဟုတ် ၇၀% အထိ မြင့်မား နိုင်သကဲ့သို့ ၁၀% နှင့် ၂၀% အထိ ကွာခြားမည်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က BRICS အဖွဲ့နှင့် ကုန်သွယ် ဆက်ဆံသော မည်သည့်နိုင်ငံကိုမဆို "ခြွင်းချက်မရှိ" အပို ၁၀% အကောက်ခွန် စည်းကြပ်မည်ဟု ခြိမ်းခြောက်လိုက်ပြီး စီးပွားရေးအစုအဖွဲ့အား အမေရိကန်ဆန့်ကျင်ရေး မူဝါဒများ ကျင့်သုံးသည်ဟု စွပ်စွဲခဲ့သည်။

အဆိုပါသတိပေးချက်သည် BRICS ခေါင်းဆောင်များ၏ ရီယိုဒီဂျနေးရိုး တွင်ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးပြီးဆုံးပြီး နာရီပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် အစုအဖွဲ့ က တစ်ဖက်သတ် အကောက်ခွန်အရေးယူမှုများကို ဝေဖန်ကာ ကုန်သွယ်ရေးအစီအမံများကို ရှုတ်ချခဲ့သော်လည်း အမေရိကန်ကို တိုက်ရိုက်မဖော်ပြခဲ့ပေ။
“BRICS ၏ အမေရိကန်ဆန့်ကျင်ရေး မူဝါဒများနှင့် သဘောတူညီသော မည်သည့်နိုင်ငံကိုမဆို အပို ၁၀% အကောက်ခွန် ကောက်ခံမည်။ အဆိုပါမူဝါဒတွင် ခြွင်းချက်မရှိပါ” ဟု ထရမ့်က တနင်္ဂနွေနေ့ (ဇူလိုင် ၆) တွင် Truth Social ၌ ရေးသားခဲ့သည်။
အဆိုပါသတိပေးချက်သည် ထရမ့်၏ ဖေဖော်ဝါရီလက ပိုမိုကြမ်းတမ်း သော ပြောကြားချက်များနှင့် ဆင်တူနေပြီး ထိုစဉ်က BRICS အဖွဲ့ဝင် များအား ၁၀၀% အထိ အကောက်ခွန်များ စည်းကျပ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။ ထိုအချိန်က ၎င်းက BRICS အဖွဲ့သည် ဘုံငွေကြေးတစ်ခု ထူထောင်ပါက သို့မဟုတ် အမေရိကန်ဒေါ်လာ၏ ကမ္ဘာ့ကုန်သွယ်ရေး လွှမ်းမိုးမှုကို စိန်ခေါ်ပါက ပြင်းထန်စွာ တုံ့ပြန်မည်ဟု ကြေညာခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တနင်္ဂနွေနေ့ကကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးတွင် ဝယ်ယူနိုင်စွမ်းအား ညီမျှမှု (PPP) အရ တွက်ချက်ပါက ထိုအစုအဖွဲ့၏ ပေါင်းစပ်ပြည်တွင်းထုတ်ကုန် (GDP) သည် G7 အုပ်စု၏ GDP ကို ကျော်လွန်သွားပြီဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ယခုအခါ BRICS အဖွဲ့သည် ကမ္ဘာ့လူဦးရေ၏ လေးပုံ တစ်ပုံ နီးပါးနှင့် ကမ္ဘာ့ GDP ၏ ၄၀% နီးပါးကို ကိုယ်စားပြုလျက်ရှိသည်။
ထရမ့်သည် ဇန်နဝါရီလတွင် ရာထူးပြန်လည်ရရှိပြီးနောက် အမေရိကန် ထုတ်လုပ်သူများကို ကာကွယ်ရန် ရည်ရွယ်သည့် အကောက်ခွန် စီမံချက် များကို စတင်ခဲ့သည်။ ဧပြီလ ၂ ရက်နေ့တွင် Liberation Day ဟု ၎င်းခေါ်ဝေါ်သော အစီအမံများဖြင့် ကုန်သွယ်ဖက်နိုင်ငံ အားလုံးအား ၁၀% အထိ အလုံးစုံအကောက်ခွန်နှင့် အမေရိကန်ကို အများဆုံး “မမျှတစွာ” ဆက်ဆံသည်ဟု စွပ်စွဲထားသော နိုင်ငံများအား ၇၀% အထိ အကောက်ခွန် များ ပါဝင်သည်။
အကောက်ခွန်အများစုကို ညှိနှိုင်းဆွေးနွေးရန် ရက် ၉၀ ခန့် ရွှေ့ဆိုင်း ထားခဲ့ပြီး သဘောတူညီချက်များ မရရှိသေးသည့်အတွက် နောက်ဆုံးရက် ကို ဩဂုတ်လ ၁ ရက်နေ့အထိ ထပ်မံဆိုင်းငံ့ထားသည်။ ထရမ့်သည် အမေရိကန်၏ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများထံ အကြောင်းကြားစာများ ပေးပို့မည်ဖြစ်ပြီး “လက်ခံရန် သို့မဟုတ် ငြင်းပယ်ရန်” ဆုံးဖြတ်ရမည့် သဘောတူညီချက်များကို ပထမဆုံးအသုတ်အဖြစ် တနင်္လာနေ့ (ဇူလိုင် ၇) တွင် ပေးပို့မည်ဖြစ်သည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က CNN သို့ ပြောကြား ရာတွင် ထရမ့်သည် “ကုန်သွယ်မှု အလွန်နည်းပါးသော” နိုင်ငံငယ် ၁၀၀ ခန့်ထံသို့လည်း စာများပေးပို့မည်ဖြစ်ပြီး၊ ၎င်းနိုင်ငံများစွာနှင့် အခြေခံ ၁၀% အကောက်ခွန်နှုန်းကို ယခင်ကတည်းက ကျင့်သုံးနေပြီဖြစ်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

(DW News, ဇူလိုင် ၇ ရက်)
(DW News, ဇူလိုင် ၇ ရက်)
တနင်္ဂနွေနေ့ (ဇူလိုင် ၆)က ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများ၏ ထွန်းသစ်စ BRICS ခေါင်းဆောင်များ ရေယိုဒီဂျနေရိုးတွင် တွေ့ဆုံ၍ ယင်းအုပ်စု၏ သံတမန်နည်းလမ်းဖြင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက် ရေး ဆိုင်ရာ ကတိကဝတ်ကို အတည်ပြုခဲ့ကြပါသည်။ ဘရာဇီးသမ္မတ Luiz Inacio Lula da Silva က “ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်သည့်စနစ် ယှဉ်ပြိုင်စွမ်းအားမရှိဘဲ ပြိုလဲလာနေပြီကို မိမိတို့ မျက်ဝါးထင်ထင် တွေ့မြင် နေရပါပြီ” “အကယ်၍ နိုင်ငံတကာအုပ်ချုပ်မှုအစဉ်သည် ၂၁ ရာစု ဗဟု မဏ္ဍိုင်စနစ်ကို အမှန်တကယ် ထင်ဟပ်ပေါ်လွင်မှု မရှိခဲ့ပါလျှင်၊ ယင်းဖြစ်စဉ်ကို ကူညီရန်အတွက် BRICS တွင် တာဝန်ရှိပါသည်”ဟု ပြောကြားပါသည်။
၎င်းက NATO နေတိုး၏ စစ်အသုံးစရိတ်ကို ဂျီဒီပီ၏ ၅ % အသုံးပြုရန် ယခင်လက လျာထားသတ်မှတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ယင်းစစ်အုပ်စုသည် ကမ္ဘာ့စစ်မက်များကို မီးထိုးပေးနေသည့် အဖွဲ့ အဖြစ် အပြစ်တင်လိုက်ပါသည်။ BRICS နိုင်ငံများအနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏ “မခွဲခြားဘဲ”ချမှတ်သည့် အကောက်အခွန်နှုန်းထားဆိုင်ရာမူဝါဒကို ရှုတ်ချခဲ့ကြပါသည်။ "ကုန်သွယ်မှု ကို ကမောက်ကမဖြစ်စေပြီး WTO စည်းမျဉ်းများနှင့် မကိုက်ညီသည့် တစ်ဖက်သတ် အကောက် အခွန်နှင့် အကောက်ခွန်မဲ့ အစီအမံများ တိုးမြှင့်လာခြင်းအတွက် စိုးရိမ်ပူပန်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို အကျိုးသက်ရောက်စေနိုင်ကြောင်း” ၎င်းတို့က ဆိုပါသည်။
ယခုအချိန်အထိ ဝါရှင်တန်နှင့်ညှိနှိုင်းမှု မပြုရသေးသည့် နိုင်ငံများအား ဩဂုတ်လ ၁ ရက်နေ့တွင် အကောက်အခွန် နှုန်းထား ၅၀ % ကောက်ခံရန် ချမှတ်နိုင်ဖွယ်ရှိကြောင်း ထရမ့်က ပြောပါသည်။ တနင်္ဂနွေနေ့(ဇူလိုင် ၆)က အမေရိကန်သမ္မတက BRICS နိုင်ငံများပေါ် အကောက်အခွန်နှုန်းထား ၁၀ % ထပ်ဆောင်း ချမှတ်လိုက်ပါသည်။ “BRICS ကဲ့သို့သော အမေရိကန်ကို ဆန့်ကျင်သည့် မူဝါဒ ရှိသည့် မည်သည့် နိုင်ငံအဖွဲ့အစည်း မဆို ထပ်ဆောင်း အကောက်အခွန်နှုန်းထား ၁၀ % ကောက်ခံသွားမည် ဖြစ်ပြီး၊ ယင်း မူဝါဒအတွက် ကင်းလွတ်ခွင့် လုံးဝမရှိ” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာ တွင် ရေးသားခဲ့ပါသည်။
ယင်းသို့ ရေးသားရာတွင် ထရမ့်က “အမေရိကန် ဆန့်ကျင်သည့် မူဝါဒ”နှင့်ပတ်သက်၍ ရှင်းလင်း ဖွင့်ဟထားခြင်း မရှိပါ။ ယင်း BRICS အုပ်စု၏ မူလအဖွဲ့ဝင်နိုင်ငံများမှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ ဖြစ်ကြပြီး၊ နောက်ပိုင်းတွင် အဖွဲ့ဝင်များတိုးတက်လာကာ အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် အင်ဒိုနီးရှားတို့ ယမန်နှစ်က အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့ကြပါသည်။ ယင်းတွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ရှိပါသည်။
၂၀၁၂ ခုနှစ် တရုတ်နိုင်ငံခေါင်းဆောင် ဖြစ်လာပြီးကတည်းက ယခုအကြိမ်သည် ပထမဆုံး တရုတ် သမ္မတ ရှီကျင့်ဖျင် BRICS ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။ ရှီက တရုတ် ဝန်ကြီးချုပ် လီကျင်းကို ပေကျင်းကိုယ်စား အစည်းအဝေးတက်ရောက်စေခဲ့ပါသည်။ ရေယိုဒီ ဂျနေရိုး သို့ ရှီကျင်ဖျင် အစည်းအဝေး မတက်ရောက်ဖြစ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက တစ်စုံတစ်ရာ ပြောကြားခြင်းမရှိခဲ့ပါ။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်လည်း အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း မရှိခဲ့သော်လည်း ဗီဒီယို စနစ်ဖြင့် ပါဝင်ခဲ့ပါသည်။ ပူတင်သည် နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှ ယူကရိန်းအရေးနှင့် ပတ်သက်၍ အလိုရှိနေသူ တစ်ဦးဖြစ်ပြီး ၊ ဘရာဇီးနိုင်ငံသည် အဆိုပါ ခုံရုံး၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်ရာ၊ အကယ်၍ နိုင်ငံအတွင်းသို့ ဝင်ရောက်လာလျှင် ဖမ်းဆီးပေးရန် တာဝန်ရှိသည့် နိုင်ငံဖြစ်ပါသည်။
“လွတ်လပ်မှုရှိသည့် ကမ္ဘာ့လွှမ်းခြုံမှုဖြစ်စဉ်၏ အားနည်းချက်များကို အရာအားလုံးက ညွှန်ပြ နေကြ ပြီဖြစ်ပြီး” “စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုများ၏ ဗဟိုချက်သည် ထွန်းသစ်စ ဈေးကွက်သို့ ဦးတည် နေပါသည်” ဟု ပူတင်က ထပ်လောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများ အားလုံးကို သဘာဝအရင်းအမြစ်များဆိုင်ရာကဏ္ဍ၊ ကုန်စည်ဖြန့်ဖြူးမှုကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍနှင့် ဘဏ္ဍာရေး ကဏ္ဍ စသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် ဆောင်ရွက်ကြ ရန် တိုက်တွန်း ခဲ့ပါသည်။
တစ်ချိန်တည်းမှာ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီကလည်း BRICS သည် ကမ္ဘာ့တောင်ခြမ်းကို ပိုမို ကောင်းမွန်သည့် ကမ္ဘာ့ဗဟုမဏ္ဍိုင်စနစ်ဖြင့် ဦးဆောင်ရမည်ဟု ပြောကြားခဲ့ပါသည်။
ကိုးကား- DW News