သတင်းများ

Israel to invest 114 mln USD to restore tourist sites

ဂျေရုဆလင်  ဒီဇင်ဘာ ၁၉

အစ္စရေးနိုင်ငံတစ်ဝန်း၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံကိန်း ၅၅ ခုတွင် အမေရိကန်ဒေါ်လာ ၁၁၄ သန်းခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အစ္စရေးခရီးသွားလာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် အစ္စရေး၊ ဟားမတ်စ်နှင့် ဟစ်ဇ်ဘိုလာတို့ ပဋိပက္ခဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလမှစပြီး အစ္စရေးနိုင်ငံအတွင်းရှိခရီးသွားလုပ်ငန်းအားလုံး ရပ်တန့်ခဲ့ပြီးနောက် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းအားလုံး နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အစ္စရေးခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဓိက ခရီးသွားလုပ်ငန်းစီမံကိန်းများတွင် အမွေအနှစ်စင်တာများ၊ လမ်းမကြီးများ၊ လေဆာရှိုးပွဲများ၊ ပန်းခြံများ၊ လည်ပတ်သွားလာရေးအစီအစဉ်များ၊ ဆွဲဆောင်မှုရှိသောနေရာများနှင့် စက်ဘီးလမ်းများ စသည်တို့ပါဝင်ကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အောင်ကျော်ကျော်

Source: ကြေးမုံသတင်းစာ

Photo: Business Standard

အစ္စရေးခရီးသွားလုပ်ငန်းဆိုင်ရာ စီမံကိန်း ၅၅ ခုအတွက် အမေရိကန်ဒေါ်လာ ၁၁၄ သန်း ရင်းနှီးမြှုပ်နှံမည်

ဂျေရုဆလင်  ဒီဇင်ဘာ ၁၉

အစ္စရေးနိုင်ငံတစ်ဝန်း၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံကိန်း ၅၅ ခုတွင် အမေရိကန်ဒေါ်လာ ၁၁၄ သန်းခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အစ္စရေးခရီးသွားလာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။

CES 2025 မှာ ဟွန်ဒါရဲ့ 0 Series လျှပ်စစ်သုံးယာဉ်များ ထွက်ပေါ်လာမည်

ဟွန်ဒါကုမ္ပဏီဆိုတာ ကမ္ဘာ့ကားဈေးကွက်မှာ နေရာတစ်ခုကို ရယူထားနိုင်တဲ့ ကုမ္ပဏီဖြစ်ပေမယ့်လည်း လျှပ်စစ်သုံး ယာဉ်ဈေးကွက်မှာတော့ သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းကို မပြသနိုင်သေးပါဘူး။

ဒါပေမဲ့ မကြာခင်မှာကျင်းပတော့မယ့် CES 2025 ပွဲမှာ အများမျှော်လင့်နေကြတဲ့ 0 Series ထဲက လျှပ်စစ်သုံးယာဉ်အမျိုး အစားအသစ် ရှေ့ပြေးပုံစံနှစ်မျိုးကို ထုတ်ဖော်ပြသမိတ်ဆက်ခြင်းဖြင့် ဒီဈေးကွက်မှာလူအများရဲ့စိတ်ဝင်စားမှုကို ရယူနိုင်ဖို့ ကြိုးစားနေပါတယ်။

အဲဒီအမျိုးအစားအသစ် ရှေ့ပြေးပုံစံနှစ်မျိုးက ယမန်နှစ် CES ပွဲမှာထုတ်ဖော်မိတ်ဆက်ခဲ့တဲ့ Saloon နဲ့ Space-Hub ဆိုတဲ့ စိတ်ကူးပုံစံများရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ထားကြပါတယ်။ ဒီရှေ့ပြေးပုံစံတွေကတော့ ၂၀၂၆ ခုနှစ်မှာ ဈေးကွက်ဝင်လာနိုင်ခြေ ရှိနေပါတယ်။  

ကိုးကား - Myawady Web Portal

CES 2025 မှာ ဟွန်ဒါရဲ့ 0 Series လျှပ်စစ်သုံးယာဉ်များ ထွက်ပေါ်လာမည်

ဟွန်ဒါကုမ္ပဏီဆိုတာ ကမ္ဘာ့ကားဈေးကွက်မှာ နေရာတစ်ခုကို ရယူထားနိုင်တဲ့ ကုမ္ပဏီဖြစ်ပေမယ့်လည်း လျှပ်စစ်သုံး ယာဉ်ဈေးကွက်မှာတော့ သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းကို မပြသနိုင်သေးပါဘူး။

ဒါပေမဲ့ မကြာခင်မှာကျင်းပတော့မယ့် CES 2025 ပွဲမှာ အများမျှော်လင့်နေကြတဲ့ 0 Series ထဲက လျှပ်စစ်သုံးယာဉ်အမျိုး အစားအသစ် ရှေ့ပြေးပုံစံနှစ်မျိုးကို ထုတ်ဖော်ပြသမိတ်ဆက်ခြင်းဖြင့် ဒီဈေးကွက်မှာလူအများရဲ့စိတ်ဝင်စားမှုကို ရယူနိုင်ဖို့ ကြိုးစားနေပါတယ်။

ကမ္ဘောဒီးယား၌ အီး-အင်ဗွိုက်စ် စနစ် မဖြစ်မနေ ကျင့်သုံးမည်

ဖနောင်ပင်၊ဒီဇင်ဘာ ၁၇

ကမ္ဘောဒီးယားသည် လာမည့်နှစ်အစောပိုင်းတွင် ကုမ္ပဏီများသည် e-invoice စနစ်အသစ်ကို မဖြစ်မနေကျင့်သုံးရန် စတင် စမ်းသပ်နေကြောင်းသိရသည်။

“လောလောဆယ်မှာကျွန်တော်တို့က B2G (စီးပွားရေးမှအစိုးရထံ e – invoicing စနစ်) ကို စမ်းသပ်နေပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ဒစ်ဂျစ်တယ်စီးပွားရေးအထွေထွေဌာနမှ တာဝန်ရှိသူ Mengchhonhg Keang ကပြောကြားခဲ့သည်။

“ဒီစနစ်က ပိုပြီးထိရောက်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြီးတော့ ပိုလဲပွင့်လင်းလာမယ်။ဒီ့‌နောက်မှာတော့ B2B (စီးပွားရေးမှစီးပွားရေးလုပ်ငန်း) ကို စတင်ချင်ပါတယ်။ဒါက ‌ပိုကောင်းတဲ့အနာဂတ်ပါပဲ” ဟုလည်း ၎င်းကအလေးပေးပြောကြားခဲ့သည်။

“နောက်နှစ်မှာ B2B စနစ်ကို မဖြစ်မနေလုပ်နိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ အကယ်၍ နောက်နှစ်ကိုအကောင်အထည်မဖော်နိုင်ခဲ့ရင် နောက်သုံးနှစ်အတွင်းမှာအကောင်အထည်ဖော်နိုင်ဖို့ သေချာပါတယ်” ဟု လည်း၎င်းကပြောကြားခဲ့သည်။

ယင်းနောက် ၎င်းတို့သည် ဆက်လက်၍ စီးပွားရေးလုပ်ငန်းမှ စားသုံးသူများထံသို့ e – invoicing စနစ်ကိုဆက်လက်ကျင့်သုံးမည်ဖြစ်သည်ဟုလည်းသိရသည်။

e – invoicing စနစ်တွင် ကုန်ပစ္စည်းများ ဝယ်ယူခြင်းနှင့်ငွေပေးချေခြင်းစနစ်များပါဝင်သည်။ ယခုစနစ်အရပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုပိုကောင်းလာစေပြီး အီလက်ထရွန်းနစ် ပြေစာများအသုံးပြုမှုကို တွန်းအားပေးကာ အခွန်စည်းမျဉ်းများကို လိုက်နာစေကာ အာဆီယံဒစ်ဂျစ်တယ်စီးပွားရေးအတွက် ကူညီပေးနိုင်မည်ဟုလည်းပြောကြားခဲ့သည်။

Source- Popular Journal 

ကမ္ဘောဒီးယား၌ အီး-အင်ဗွိုက်စ် စနစ် မဖြစ်မနေ ကျင့်သုံးမည်

ဖနောင်ပင်၊ဒီဇင်ဘာ ၁၇

ကမ္ဘောဒီးယားသည် လာမည့်နှစ်အစောပိုင်းတွင် ကုမ္ပဏီများသည် e-invoice စနစ်အသစ်ကို မဖြစ်မနေကျင့်သုံးရန် စတင် စမ်းသပ်နေကြောင်းသိရသည်။

“လောလောဆယ်မှာကျွန်တော်တို့က B2G (စီးပွားရေးမှအစိုးရထံ e – invoicing စနစ်) ကို စမ်းသပ်နေပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ဒစ်ဂျစ်တယ်စီးပွားရေးအထွေထွေဌာနမှ တာဝန်ရှိသူ Mengchhonhg Keang ကပြောကြားခဲ့သည်။

ယခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေး တိုးတက်လာ

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် တိုးတက်လာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အထည်ချုပ်မဟုတ်သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာမှုနှင့်စပ်လျဉ်း၍ အထည်ချုပ်လုပ်ငန်းများ တဖြည်းဖြည်း ပြန်လည်ဦးမော့လာမှုတို့ကြောင့် ၂၀၂၄ ခုနှစ်တွင် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ခြောက်ရာခိုင်နှုန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး အန်းပွန်မိုနီရော့စ်က ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် တိုးတက်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း နိုဝင်ဘာလနှောင်းပိုင်းတွင် ပြုလုပ်သည့် ၂၀၂၅ ခုနှစ်ဆိုင်ရာ ဘတ်ဂျက်ဥပဒေဆွေးနွေးပွဲတွင် ၎င်းက ပြောကြားသည်။

၂၀၂၅ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးသည် တိုးတက်မှုနှုန်း ၆ ဒသမ ၃ ရာခိုင်နှုန်း ရောက်ရှိရန် မျှော်မှန်းထားပြီး ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၃၉ ဘီလီယံအထိ တိုးမြှင့်လာမည်ဟု မျှော်မှန်းထားကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

နိုင်ငံသားတစ်ဦးချင်းစီ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးသည် လာမည့်နှစ်တွင် ၂၉၂၄ ဒေါ်လာအထိရှိမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများ တင်ပို့မှု၊ ဆောက်လုပ်ရေးနှင့် အိမ်၊ ခြံမြေ၊ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့အပေါ်တွင် အခြေခံထားသည်။

အထည်ချုပ်နှင့်ဆောက်လုပ်ရေးလုပ်ငန်းများသည် ၂၀၂၅ ခုနှစ်တင် ၈ ဒသမ ၆ ရာခိုင်နှုန်း ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ကုန်သွယ်မှုနှင့် အိမ်ခြံမြေကဏ္ဍတွင် ၅ ဒသမ ၆ ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ၁ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ 

Source : ၁၇-၁၂-၂၀၂၄ ထုတ် ကြေးမုံသတင်းစာ

ယခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေး တိုးတက်လာ

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် တိုးတက်လာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အထည်ချုပ်မဟုတ်သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာမှုနှင့်စပ်လျဉ်း၍ အထည်ချုပ်လုပ်ငန်းများ တဖြည်းဖြည်း ပြန်လည်ဦးမော့လာမှုတို့ကြောင့် ၂၀၂၄ ခုနှစ်တွင် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ခြောက်ရာခိုင်နှုန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး အန်းပွန်မိုနီရော့စ်က ပြောကြားသည်။

Apple က iphone ဈေးကွက်ရရှိရန် အင်ဒိုနီးရှားတွင် ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

ဂျကာတာ  ဒီဇင်ဘာ ၁၁

Apple က ၎င်း၏ နောက်ဆုံးထွက် iphone ၁၆ မော်ဒယ်အတွက် ဈေးကွက်ရရှိရန် ကမ္ဘာ့စတုတ္ထလူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် သ‌ဘောတူခဲ့သည်ဟု ဝန်ကြီးတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ရိုဆန်ရိုဆလန်နီက အဆိုပြုရင်းနှီးမြှုပ်နှံမှုပုံစံနှင့် ရောင်းချသူများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားပြီး Apple နှင့် စာတိုပေးပို့သည့် အက်ပလီကေးရှင်းများမှတစ်ဆင့် ဆက်သွယ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

ဆက်သွယ်ဆွေးနွေးမှုများသည် အသေးစိတ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ Apple သည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုကို ၂၀၂၆ အစောပိုင်းတွင် စတင်ရန် စီစဉ်ထားသော်လည်း အင်ဒိုနီးရှားအစိုးရက Apple ကုမ္ပဏီအား ခမ်စောစောစရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆင်ဟွာ

Source- မြန်မာ့အလင်းသတင်းစာ

Apple က iphone ဈေးကွက်ရရှိရန် အင်ဒိုနီးရှားတွင် ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

ဂျကာတာ  ဒီဇင်ဘာ ၁၁

Apple က ၎င်း၏ နောက်ဆုံးထွက် iphone ၁၆ မော်ဒယ်အတွက် ဈေးကွက်ရရှိရန် ကမ္ဘာ့စတုတ္ထလူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် သ‌ဘောတူခဲ့သည်ဟု ဝန်ကြီးတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

မလေးရှားနိုင်ငံသည် BRICS အသင်းအဖွဲ့၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် သဘောတူကြောင်း ပြန်ကြား

မလေးရှားနိုင်ငံသည် BRICS အသင်းအဖွဲ့၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် သဘောတူကြောင်း ပြန်ကြားခဲ့သည်ဟု မော်စကိုမြို့ရှိ ရုရှားနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး Cheong Loon Lai မှ TASS သတင်းဌာနသို့ ပြောကြား ခဲ့သည်။

ကိုးကား - TASS 

Photo- Malaymail

ဥရောပသမဂ္ဂကိုယ်စားလှယ်များ ရုရှားနိုင်ငံအပေါ်  ၁၅ ကြိမ်မြောက် စီးပွားရေးပိတ်ဆို့မည့် အစီအစဉ်အသစ် မအောင်မြင်

ရုရှားနိုင်ငံအပေါ် ၁၅ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မည့် အစီအစဉ်အား ဥရောပသမဂ္ဂနိုင်ငံ ကိုယ်စားလှယ်များကဒီဇင်ဘာ ‌၆ ရက်နေ့တွင် ကန့်ကွက်ခဲ့ကြပါသည်။ အဆိုပါ အစီအစဉ်တွင် ရုရှားနိုင်ငံ၏ ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ဆလိုဗက်ကီးယားနိုင်ငံမှတစ်ဆင့် ချက်သမ္မတနိုင်ငံသို့ တင်သွင်းခွင့်ပြုသည့်ကာလအား သက်တမ်း တိုးမြှင့်ခြင်းအစီအစဉ်လည်း ပါဝင်ပါသည်။

ဥရောပအခြေစိုက်ကုမ္ပဏီများအနေဖြင့် ရုရှားနိုင်ငံရှိ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအား ပြန်လည်ရုပ်သိမ်းခြင်းဖြင့် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်း တိုးမည့်အစီအစဥ်အပေါ် အီးယူအဖွဲ့ဝင် နိုင်ငံ(၂) နိုင်ငံက ကန့်ကွက်ခဲ့ပါသည်။  သို့ဖြစ်ရာ အီးယူအဖွဲ့ဝင် နိုင်ငံများအနေဖြင့်  ထိုဒဏ်ခတ်ပိတ်ဆို့မှု အစီအစဉ်အား  မကြာမီကာလတွင် ထပ်မံဆွေးနွေးရန် လိုအပ်နေပါသည်။

ယခုအစီအစဉ်တွင် ရုရှားနိုင်ငံပိုင်ရေနံတင် သင်္ဘောများအား ဒဏ်ခတ်ပိတ်ဆို့ခြင်းလည်း ပါဝင်ပါသည်။ ချက်သမ္မတနိုင်ငံနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့ကို  ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအစီအစဉ်မှကင်းလွတ်ခွင့်ပြုထားပြီး  ဒီဇင်ဘာ ၅ ရက်နေ့ကထိုကင်းလွတ်ခွင့်ပြုသည့်သက်တမ်းကာလကုန်ဆုံး‌ခဲ့ပြီးဖြစ်ပါသည်။ ဆလိုဗက်ကီးယားနိုင်ငံအနေဖြင့် ရေနံထွက်ပစ္စည်းများအား အိမ်နီးချင်းနိုင်ငံဖြစ်သည့် ချက်သမ္မတနိုင်ငံသို့  ဆက်လက်တင်သွင်းခွင့်ပြု၊ မပြုကိုလည်း အီးယူအဖွဲ့ဝင် နိုင်ငံကိုယ်စားလှယ်များက  အလေးအနက်ဆွေးနွေးခဲ့ကြသည်ကို သိရှိရသည်။

ကိုးကား - Reuters

ဥရောပသမဂ္ဂကိုယ်စားလှယ်များ ရုရှားနိုင်ငံအပေါ် ၁၅ ကြိမ်မြောက် စီးပွားရေးပိတ်ဆို့မည့် အစီအစဉ်အသစ် မအောင်မြင်

ရုရှားနိုင်ငံအပေါ် ၁၅ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မည့် အစီအစဉ်အား ဥရောပသမဂ္ဂနိုင်ငံ ကိုယ်စားလှယ်များကဒီဇင်ဘာ ‌၆ ရက်နေ့တွင် ကန့်ကွက်ခဲ့ကြပါသည်။ အဆိုပါ အစီအစဉ်တွင် ရုရှားနိုင်ငံ၏ ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ဆလိုဗက်ကီးယားနိုင်ငံမှတစ်ဆင့် ချက်သမ္မတနိုင်ငံသို့ တင်သွင်းခွင့်ပြုသည့်ကာလအား သက်တမ်း တိုးမြှင့်ခြင်းအစီအစဉ်လည်း ပါဝင်ပါသည်။

ရုရှားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် စတင်အသက်ဝင်

ရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြားဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်သည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည်ဟု မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ သတင်းစာက ဖော်ပြထားသည်။

ကြာသပတေးနေ့ထုတ် Rodong Sinmun သတင်းစာ၌ မော်စကိုမြို့တွင် ဒီဇင်ဘာလ ၄ ရက်နေ့က လက်မှတ်ရေးထိုးထားသော သဘောတူစာချုပ်ကို နှစ်နိုင်ငံလဲလှယ်ခဲ့ကြသည်ဟု ဖော်ပြခဲ့ကြသည်။

နှစ်နိုင်ငံမှ ဒုတိယနိုင်ငံခြားရေး၀န်ကြီးများသည် အဆိုပါ လဲလှယ်မှုဆိုင်ရာ စာရွက်စာတမ်းတစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဤစာချုပ်သည် နိုင်ငံတကာ မဟာဗျူဟာ တည်ငြိမ်မှုကိုအာမခံသော "အားကောင်းသော လုံခြုံရေးဆိုင်ရာကိရိယာ" ဖြစ်သည်ဟု ယင်းသတင်းစာက ဆိုသည်။

ဇွန်လက ရုရှားသမ္မတ Vladimir Putin ပြုံယမ်းမြို့ကို လာရောက်ချိန်တွင် မြောက်ကိုးရီးယားခေါင်းဆောင် Kim Jong Un နှင့် မစ္စတာ Putin တို့ ယင်းသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ထိုစာချုပ်တွင် “ရုရှားနှင့်မြောက်ကိုရီးယားနှစ်နိုင်ငံထဲမှ တစ်နိုင်ငံကို ကျူးကျော်ဝင်ရောက်ခံရပြီး စစ်ဖြစ်သည့် အနေအထား ရှိခဲ့မည်ဆိုပါက နောက်တစ်နိုင်ငံအနေဖြင့် ၎င်းပိုင်ဆိုင်ထားသော စစ်ဘက်ဆိုင်ရာနှင့် အခြားအကူအညီများ အားလုံးကို နှောင့်နှေးမှုမရှိဘဲပေးရမည်”ဟု ပြဋ္ဌာန်းထားပါသည်။

ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံတို့ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အကြား မြောက်ကိုရီးယားက ရုရှားနိုင်ငံသို့ တပ်ဖွဲ့များစေလွှတ်နေချိန်တွင် ယင်း သဘောတူစာချုပ် အသက်ဝင်လာခြင်းဖြစ်ပါသည်။

ကိုးကား-NHK World

ရုရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ် စတင်အသက်ဝင်

ရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြားဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်သည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည်ဟု မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ သတင်းစာက ဖော်ပြထားသည်။

ကြာသပတေးနေ့ထုတ် Rodong Sinmun သတင်းစာ၌ မော်စကိုမြို့တွင် ဒီဇင်ဘာလ ၄ ရက်နေ့က လက်မှတ်ရေးထိုးထားသော သဘောတူစာချုပ်ကို နှစ်နိုင်ငံလဲလှယ်ခဲ့ကြသည်ဟု ဖော်ပြခဲ့ကြသည်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ စည်းကြပ်ခွန်သစ်အစီအစဉ်နှင့်ပတ်သက်ပြီး ဂျပန်ကားကုမ္ပဏီများ စိုးရိမ်

တိုကျို ဒီဇင်ဘာ ၄

ကနေဒါနှင့် မက္ကဆီကို နှစ်နိုင်ငံကို ပစ်မှတ်ထားသည့် အမေရိကန်ရွေးကောက်ခံသမ္မတ‌ ဒေါ်နယ်ထရမ့်၏ စည်းကြပ်ခွန်သစ် အစီအစဉ်နှင့်ပတ်သက်ပြီး ဂျပန်ကားထုတ်လုပ်သည့် ကုမ္ပဏီများက စိုးရိမ်စပြုလာကြောင်း သိရသည်။

ယင်းနှစ်နိုင်ငံသည် အမေရိကန်ဈေးကွက်အတွက် အရေးကြီးသော ထုတ်လုပ်မှုအခြေခံများ ဖြစ်သည်။

ဂျပန်ကားကုမ္ပဏီများဖြစ်သည့် တိုယိုတာမော်တာ (Toyota Motor) နှင့် ဟွန်ဒါမော်တာ (Honda Motor) တို့သည် ကနေဒါနိုင်ငံ၌ ကားထုတ်လုပ်ရေးစက်ရုံများရှိကြောင်း သိရသည်။

တိုယိုတာမော်တာသည် ဂျပန်နိုင်ငံအတွင်း ကားထုတ်လုပ်သည့်အကြီးဆုံး ကုမ္ပဏီဖြစ်ကြောင်း ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့က ပြောကြားသည်။

ယမန်နှစ်တွင် အစီးရေ ၅၂၀၀၀၀ ကျော်ထုတ်လုပ်ခဲ့ပြီး ကနေဒါနိုင်ငံထုတ် မော်တော်ကားအချို့ကို အမေရိကန်နိုင်ငံသို့  တင်ပို့လျက်ရှိကြောင်း သိရသည်။

ဟွန်ဒါမော်တာသည် ၂၀၂၃ ခုနှစ်တွင် မော်တော်ကားအစီးရေ ၃၇၀၀၀၀ ကျော်ထုတ်လုပ်ခဲ့ပြီး ၇၇ ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။

အမေရိကန်-မက္ကဆီကို-ကနေဒါ သဘောတူညီချက် စတင်အသက်ဝင်သည့် ၂၀၂၀ ပြည့်နှစ်တွင် ‌ဒေါ်နယ်ထရမ့်၏ အခွန်စည်းကြပ်မှုမူဝါဒသည် ဂျပန်မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီများအား ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုကို ချိန်ညှိရန် တွန်းအားပေးခဲ့သည်။

ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှ သွင်းကုန်အားလုံးအပေါ် ဒေါ်နယ်ထရမ့်၏ ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မှု မူဝါဒစတင်အသက်ဝင်မည်ဆိုပါက ဂျပန်မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီများသည် ၎င်းတို့၏ မော်တော်ကားများ အမေရိကန်နိုင်ငံအတွင်းသို့ တင်ပို့မှုနည်းလမ်းပုံစံများကို ပြောင်းလဲရန် လိုအပ်မည်ဖြစ်သည်။

သမ္မတဂျိုးဘိုင်ဒင် လက်ထက်တွင် အခွန်လျှော့ပေါ့ကောက်ခံလျက်ရှိသည့် လျှပ်စစ်ကားများ တင်သွင်းမှုအပေါ် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က မည်သို့ဆက်လက်ကိုင်တွယ်သွားမည် ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

မြောက်အမေရိကဒေသတွင် ထုတ်လုပ်သည့် ဘက်ထရီအစိတ်အပိုင်းများကို တပ်ဆင်အသုံးပြုသည့် လျှပ်စစ်ကားများသည် လက်ရှိတွင် အခွန်လျှော့ပေါ့ကောက်ခံမှုတွင် အကျုံးဝင် ကြောင်း သိရသည်။

ဟွန်ဒါကုမ္ပဏီသည် ကနေဒါနိုင်ငံ၌ လျှပ်စစ်ကားထုတ်လုပ်‌ရေးနှင့် ဘက်ထရီစက်ရုံများကို ၂၀၂၈ ခုနှစ်တွင် စတင်လည်ပတ်ရန် စီစဉ်ထားသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်

Source- ကြေးမုံသတင်းစာ

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ စည်းကြပ်ခွန်သစ်အစီအစဉ်နှင့်ပတ်သက်ပြီး ဂျပန်ကားကုမ္ပဏီများ စိုးရိမ်

တိုကျို ဒီဇင်ဘာ ၄

ကနေဒါနှင့် မက္ကဆီကို နှစ်နိုင်ငံကို ပစ်မှတ်ထားသည့် အမေရိကန်ရွေးကောက်ခံသမ္မတ‌ ဒေါ်နယ်ထရမ့်၏ စည်းကြပ်ခွန်သစ် အစီအစဉ်နှင့်ပတ်သက်ပြီး ဂျပန်ကားထုတ်လုပ်သည့် ကုမ္ပဏီများက စိုးရိမ်စပြုလာကြောင်း သိရသည်။

ယင်းနှစ်နိုင်ငံသည် အမေရိကန်ဈေးကွက်အတွက် အရေးကြီးသော ထုတ်လုပ်မှုအခြေခံများ ဖြစ်သည်။

ဂျပန်ကားကုမ္ပဏီများဖြစ်သည့် တိုယိုတာမော်တာ (Toyota Motor) နှင့် ဟွန်ဒါမော်တာ (Honda Motor) တို့သည် ကနေဒါနိုင်ငံ၌ ကားထုတ်လုပ်ရေးစက်ရုံများရှိကြောင်း သိရသည်။

အရေးပါသည့် ဓာတ်သတ္တုအချို့ အမေရိကသို့ တင်ပို့မှု တရုတ်ပိတ်ပင်

အမေရိကန်အစိုးရက တရုတ်နိုင်ငံကို တစ်ပိုင်းလျှပ်ကူး ပစ္စည်းတင်ပို့မှုအတွက် ကန့်သတ်ချက်များ တင်းကျပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံသို့ အရေးပါသည့် ဓာတ်သတ္တုအချို့ တင်ပို့မှုကို တားမြစ်လိုက်ပါသည်။

အမေရိကန်ပြည်ထောင်စုကို ဂဲလီယမ်၊ ဂျာမနီယမ်နှင့် ခနောက်စိမ်းတင်ပို့မှုများကို မူအားဖြင့် တားမြစ်ကြောင်းတရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့ပါသည်။

ထိုဓာတ်သတ္တုများသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ပြုလုပ်ရာတွင် အဓိကကျကြောင်း၊ ယင်းပစ္စည်းများကို  စစ်ရေးရည်ရွယ်ချက်များအတွက်လည်း အသုံးပြုနိုင် ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကဲ့သို့ နှစ်မျိုးသုံး ဓာတ်သတ္တုများ ထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်ပါသည်။

ထို့အပြင် လစ်သီယမ်-အိုင်ယွန် ဘက်ထရီများအတွက် ပစ္စည်းတစ်မျိုးဖြစ်သည့် ဂရပ်ဖိုက်အပေါ် ပိုမိုတင်းကျပ်သော ပို့ကုန်စစ်ဆေးမှုများကို စတင်မည်ဖြစ်ကြောင်း၊ ချပ်စ် ထုတ်လုပ်ရေး စက်ကိရိယာများ၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်းတီထွင်မှုနှင့် ထုတ်လုပ်မှုများအတွက်  software များ အပေါ် တင်ပို့မှုတားမြစ်ချက်အသစ်များကို အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် တရုတ်အစိုးရဘက်က ယခုကဲ့သို့ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနသည် တရုတ် နိုင်ငံသားပိုင် ကုမ္ပဏီ ၁၄၀ ကိုလည်း ပို့ကုန်တားမြစ်မှုစာရင်းတွင် ဖြည့်စွက်ထည့်သွင်းခဲ့ပါသည်။

တရုတ်နိုင်ငံက အဆင့်မြင့်နည်းပညာကို အသုံးပြုပြီး စစ်ရေးစွမ်းရည်များ မြှင့်တင်နေခြင်းအား တားဆီးရန် အတွက် ထိုကဲ့သို့သော စီမံချက်များကို ကျင့်သုံးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ 

ကိုးကား - NHK World