သတင်းများ

ထိုင်းနိုင်ငံသည် ၅ ရက်တာ ပဋိပက္ခအတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ဆုံးရှုံးခဲ့

ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဖီချိုင်ချွန် ဟာဝီရာ က ကမ္ဘောဒီးယားနှင့် နယ်စပ်ပဋိပက္ခ၏ စီးပွားရေးအပေါ် သက်ရောက်မှု ကို အမြန်ဆုံးပြန်လည်သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။

ကနဦးခန့်မှန်းချက်အရ ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနှင့် ၅ ရက်ကြာ ပဋိပက္ခတွင် ဘတ်ငွေ ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၀၇ သန်း) ခန့် ဆုံးရှုံးခဲ့သည်။ ယင်းပမာဏတွင် ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်များနှင့် ပျက်စီး ဆုံးရှုံးမှုများ ပါဝင်သော်လည်း စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှု မပါဝင်ပေ။

ထိုင်းအစိုးရတွင် စီးပွားရေးလှုံ့ဆော်မှုအတွက် ဘတ်ငွေ ၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၆၈ သန်း) ကျန်ရှိသော်လည်း ဖီချိုင်က အဆိုပါ ငွေပမာဏသည် မလုံလောက်နိုင်ကြောင်း သတိပေးခဲ့သည်။

ပဋိပက္ခကို ပြီးဆုံးစေရန် သဘောတူညီချက်ရရှိရခြင်း၏ အဓိက အကြောင်းရင်းမှာ စီးပွားရေးဆုံးရှုံးမှုပမာဏ ကြီးမားခြင်းကြောင့် ဖြစ်သည်။ပဋိပက္ခတစ်လကြာပါက ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ (GDP ၏ ၀.၂၅%) ၊ ကမ္ဘောဒီးယားမှာ အမေရိကန်ဒေါ်လာ ၄၇၃ သန်း (GDP ၏ ၁.၁%) ဆုံးရှုံးနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်း ခဲ့သည်။

ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် ဇူလိုင် ၂၈ ရက်တွင် မေလေးရှားတွင် ဆွေးနွေးပြီးနောက် ပဋိပက္ခကို ချက်ချင်းရပ်စဲရန် သဘောတူညီခဲ့သည်။ အဆိုပါပဋိပက္ခတွင် လူ ၃၈ ဦး သေဆုံးခဲ့ပြီး နှစ်နိုင်ငံမှ ကျေးရွာသား ၂၇၈,၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ရသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

နယူးဒေလီ ၊ ဇူလိုင် ၂၉

iPhone တင်ပို့မှုတွင် အိန္ဒိယနိုင်ငံသည် အထူးသဖြင့် အမေရိကန်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံကို သိသိသာသာကျော်လွန်ခဲ့ကာ အိန္ဒိယနိုင်ငံထုတ်ပစ္စည်းများ အပေါ် ဝယ်လိုအား လည်း တိုးတက်လာပါသည်။ မကြာသေးမီက ထုတ်ပြန်သည့်  အစီရင်ခံစာ တစ်စောင်တွင် အိန္ဒိယနိုင်ငံမှ အမေရိကန်သို့  iPhone တင်ပို့မှုသည် တရုတ်နိုင်ငံကို ကျော်လွန်ခဲ့ပြီး ယမန် နှစ်ကထက် ၇၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဆိုပါသည်။  ယင်းသို့ ဖြစ်ရခြင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ထုတ်ကုန်များပေါ် အပြန်အလှန် အခွန် (၃၀) ရာခိုင်နှုန်း ကောက်ခံခဲ့ခြင်းကြောင့်လည်းဖြစ်နိုင်ပြီး၊ ယင်းသည် အမေရိကန် ဈေးကွက်အတွင်းသို့ အိန္ဒိယမှ iPhone တင်ပို့မှုကို တိုးတက်စေရန် လမ်းဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်ပါသည်။

အပြည့်အစုံဖတ်ရှုရန် https://sacministry.gov.mm/my/subject/10321

ဘရာဇီးက ထရမ့်ကို ဆန့်ကျင်ပြီး BRICS ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကြိုးပမ်းမည်

ဘရာဇီးနိုင်ငံသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သတိပေးချက် များကို လျစ်လျူရှုကာ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေး ပိုမို ခိုင်မာစေရန် ကြိုးပမ်းနေကြောင်း သမ္မတ၏ အကြံပေး အကြီးတန်း အရာရှိက စနေနေ့ (ဇူလိုင် ၂၆) တွင် ပြောကြားခဲ့သည်။ ဘရာဇီး၏ BRICS နှင့် ဆက်ဆံရေးနှင့် ယခင်သမ္မတ Jair Bolsonaro အား တရားစွဲဆိုမှု များကြောင့် ဝါရှင်တန်မှ ကုန်သွယ်ခွန် အရေးယူမှုများဖြင့် ခြိမ်းခြောက် ခဲ့သည်။

Financial Times နှင့် တွေ့ဆုံမေးမြန်းခန်းတွင် Celso Amorim က "အမေရိကန်၏ဖိအားသည် BRICS နှင့် မိမိတို့၏ ဆက်ဆံရေးကို ပိုမို ခိုင်မာစေပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့သည် ဆက်ဆံရေး အမျိုးမျိုးရှိပြီး တစ်နိုင်ငံတည်းကိုသာ မှီခိုလိုခြင်း မရှိသောကြောင့် ဖြစ်သည်" ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဥရောပ၊ တောင်အမေရိကနှင့် အာရှရှိ မိတ်ဖက်နိုင်ငံများနှင့် နီးကပ်စွာ ဆက်ဆံရန် ကြိုးပမ်းနေကြောင်း၊ ၎င်းသည် သံတမန်ရေးနှင့် စီးပွားရေး ရွေးချယ်စရာများကို ပိုမိုကျယ်ပြန့်စေရန် ရည်ရွယ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်သမ္မတသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင် အာဖရိကတို့ ဦးဆောင်သည့် စီးပွားရေးဖွံ့ဖြိုးလာနေသော နိုင်ငံများ၏ ယင်းအုပ်စုကို အပြင်းအထန် ဝေဖန်လျက်ရှိသည်။ ထရမ့်က ၎င်းအုပ်စု အား "ဒေါ်လာကို လွှမ်းမိုးရန် ကြိုးပမ်းမှုများ" ဟု စွပ်စွဲခဲ့ပြီး အမေရိကန် ၏ ဩဇာလွှမ်းမိုးမှုကို ကာကွယ်ရန် အရာအားလုံးကို လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။

ရုရှားအရာရှိများက BRICS အနေဖြင့် ဘုံငွေကြေးတစ်ခု ဖော်ဆောင်ရန် မလိုလားသော်လည်း အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု၏ ၆၅% ကို နိုင်ငံတကာ ငွေကြေးများဖြင့် လုပ်ကိုင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ မော်စကိုက BRICS သည် အမေရိကန်ကို ပြိုင်ဘက်အဖြစ် ရည်ရွယ်ခဲ့ခြင်း မရှိဟုလည်း ထပ်လောင်းပြောကြားခဲ့ပြီး ဒေါ်လာမှ ခွဲထွက်ရန် ဆွေးနွေးမှု များသည် ဝါရှင်တန်၏လွှမ်းမိုးမှုများကို လျှော့ချရန်ဖြစ်သည်ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

ကိုးကား- RT

တရုတ်(တိုင်ပေ) ရှိ TSMC ကုမ္ပဏီက မတည်ရင်းနှီးငွေ ဒေါ်လာတစ်ထရီလီယံရှိ ပထမဆုံးသော အာရှကုမ္ပဏီဖြစ်လာ

တရုတ်(တိုင်ပေ)ရှိ ကမ္ဘာ့အကြီးဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်း   ထုတ်လုပ်ရေးကုမ္ပဏီ   TSMC   ၏ မတည်ရင်းနှီးငွေပမာဏသည် ဒေါ်လာတစ်ထရီလီယံအထိ မြင့်တက်လာပြီးနောက် ၎င်းကုမ္ပဏီသည် ရင်းနှီးမတည်ငွေ ဒေါ်လာတစ်ထရီလီယံအထိရောက်ရှိလာသည့် ပထမဆုံးသော အာရှကုမ္ပဏီ ဖြစ်လာခဲ့ကြောင်း ကုန်သွယ်ရေးအချက်အလက်များတွင် ဖော်ပြထားသည်။

TSMC ကုမ္ပဏီ၏  ရင်းနှီးမတည်ငွေပမာဏသည် ပြီးခဲ့သည့်ရက်သတ္တပတ်အကုန်ပိုင်းမှစ၍  ဒေါ်လာတစ်ထရီလီယံအထိ မြင့်တက်လာခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ ၎င်းတန်ဖိုးပမာဏကို  ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ အဆိုပါကုမ္ပဏီ၏ရင်းနှီးမတည်ငွေပမာဏ   မြင့်တက်လာခြင်းမှာ AI နည်းပညာတိုးတက်လာမှုကြောင့်တစ်ကမ္ဘာလုံးမှ chip ပြားဝယ်လိုအား အဆမတန်မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။

လက်ရှိတွင်  TSMC  ကုမ္ပဏီသည် အမေရိကန်  ကုမ္ပဏီကြီးများဖြစ်သည့် Nvidia၊ Apple၊ Microsoft၊ Amazon နှင့် Meta တို့နှင့် ရင်ပေါင်တန်းလျက်ရှိသည်။

ထို့ပြင် TSMC ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စုရှိ Nvidia နှင့် Apple စသည့် ကုမ္ပဏီကြီးများ အပါအဝင် အမေရိကန်ဖောက်သည်များအတွက် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ဖြန့်ချိပေးနေသည့် အဓိကကုမ္ပဏီကြီးအဖြစ်လည်း ရပ်တည်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာပင် TSMC ကုမ္ပဏီအတွက် ဝင်ငွေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို အမေရိကန် ပြည်ထောင်စုရှိ ကုမ္ပဏီများထံမှရရှိခဲ့ခြင်းဖြစ်ကြောင်း  Reuters  သတင်းဌာနကဖော်ပြထားသည်။

Ref: Rt

MWD Web Portal

ယခုနှစ်ဇွန်လအတွင်း ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှုန်း ဒုတိယမြောက်လအဖြစ် ဆက်လက်မြင့်တက်

ဗန်ကောက် ဇူလိုင် ၂၄ 
ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်  ထုတ်လုပ်မှုနှုန်းသည် ယခုနှစ်  ဇွန်လတွင် ဒုတိယမြောက်လ အဖြစ် ဆက်လက်မြင့်တက်လာခဲ့ သည်ဟု ယနေ့သတင်းများတွင် ရေးသားဖော်ပြထားကြောင်း သိရသည်။

ယခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှုန်းမှာ အစင်းရေ ၁၃၀၂၂၃ စီး  ရှိခဲ့ပြီး ယမန်နှစ် ဇွန်လကထယ်  ၁၁ ဒသမ ၉၈ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ်က ယနေ့တွင်ထုတ်ပြန် သည့်အစီရင်ခံစာ၌ ဖော်ပြထားသည်။ 

ထိုင်းနိုင်ငံ၏ ယခုနှစ်မေလ မော်တော်ယာဉ် ထုတ်လုပ်မှုနှုန်း မှာလည်း ယမန်နှစ်​ မေလကထက် ၁၀ ဒသမ ၃၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ 
ထိုင်းနိုင်ငံသည် အရှေ့တောင် အာရှ၏ အကြီးမားဆုံးမော်တော် ယာဉ်ထုတ်လုပ်မှုလုပ်ငန်းဗဟိုချက် နိုင်ငံဖြစ်သည်။ 
တိုယိုတာနှင့်ဟွန်ဒါ အပါအဝင်ကမ္ဘာ့ထိပ်တန်း မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီကြီးများ သည် ထိုင်းနိုင်ငံ၌ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ အခြေ စိုက်ထားသည်။

ထိုင်းပြည်တွင်း၌လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များ ထုတ်လုပ်မှုနှုန်းသည်လည်း ယခု နှစ်ဇွန်လတွင် မြင့်တက်လာခဲ့ကြောင်း သိရသည်။

Ref: Xinhua

Trs: KKO

ဆလိုဗက်ကီးယားနိုင်ငံက ရုရှားနိုင်ငံမှစွမ်းအင်များကို ရာနှုန်းပြည့်ဝယ်ယူရန် စီစဉ်လျက်ရှိ

ဆလိုဗက်ကီးယားနိုင်ငံပိုင် အကြီးဆုံးသဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးသည်  လာမည့်နှစ်မှစ၍ ရုရှားနိုင်ငံမှစွမ်းအင်များကို ရာနှုန်းပြည့်ဝယ်ယူရန်   စီစဉ်လျက်ရှိကြောင်း Bloomberg ကဖော်ပြသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ဝယ်ယူခြင်းအပေါ် ပိတ်ဆို့မှုများ   ချမှတ်ထားသော်လည်း ဆလိုဗက်ကီးယားနိုင်ငံက ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ကိုထောက်ရှု၍  ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့များဝယ်ယူရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ဆလိုဗက်အရာရှိများက ပြောသည်။

ထို့ပြင် ဥရောပသမဂ္ဂအဖွဲ့သည် လာမည့် ၂၀၂၇ ခုနှစ် အကုန်ပိုင်းမှစ၍ စွမ်းအင် စွန့်ပစ်ပစ္စည်းလျှော့ချရေးနှင့် သန့်စင်သောစွမ်းအင်အသုံးပြုမှု မြှင့်တင်ရေးဆိုင်ရာ မဟာဗျူဟာအရ ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့နှင့်စွမ်းအင်များအပေါ်  အမှီသဟဲပြုနေရခြင်းကို အဆုံးသတ်ရန် စီစဉ်ထားသည်။ ထို့အတူ အဆိုပါမဟာဗျူဟာအရ ဥရောပသမဂ္ဂအနေဖြင့် ရုရှားနိုင်ငံနှင့် ရေနံပိုက်လိုင်းအသစ်များ သွယ်တန်းခြင်းကိုပါ တားမြစ်မည်ဖြစ်သည်။

သို့သော် ဥရောပသမဂ္ဂအဖွဲ့၏အဆိုပါမဟာဗျူဟာအစီအစဉ်ကို ဆလိုဗက်ကီးယားနှင့် ဟန်ဂေရီနိုင်ငံတို့က ကန့်ကွက်လျက်ရှိသည်။ ထို့ပြင် ဆလိုဗက်ကီးယားနှင့် ဟန်ဂေရီနိုင်ငံတို့သည် ဥရောပသမဂ္ဂအဖွဲ့၏   အဆိုပါတားမြစ်ချက်များမှ ကင်းလွတ်ခွင့်ရရှိရန်မျှော်လင့်နေပြီး ရုရှားနိုင်ငံပိုင် Gazprom ကုမ္ပဏီနှင့် ရေရှည်သဘောတူညီချက်များကို  ဆက်လက်ထိန်းသိမ်းရန်ဆန္ဒရှိနေသည်။

ရုရှားနိုင်ငံမှသဘာဝဓာတ်ငွေ့ကို ဝယ်ယူနိုင်ခြင်းသည်  ဆလိုဗက်ကီးယားနိုင်ငံအတွက်   တွက်ခြေကိုက်သောကြောင့် နိုင်ငံ၏ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ရှိနေပြီး ၎င်းနိုင်ငံသည် တစ်နေ့လျှင်  သဘာဝဓာတ်ငွေ့ကုဗမီတာ ၈ သန်းခန့်ကို ရုရှားနိုင်ငံမှဝယ်ယူနေရသည်။ ထို့ပြင် ဥရောပ သမဂ္ဂအဖွဲ့အနေဖြင့် ရုရှားနိုင်ငံနှင့်စွမ်းအင်ဆိုင်ရာဆက်ဆံမှုများကို ဖြတ်တောက်ပစ် မည်ဆိုပါက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆိုးရွားသည့်  စီးပွားရေးအကျိုးဆက်နှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်ဟု ဆလိုဗက်ကီးယားနိုင်ငံက သတိပေးထားသည်။

အိန္ဒိယနှင့် ဗြိတိန်တို့က လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးမည်

အိန္ဒိယနှင့်    ဗြိတိန်နိုင်ငံတို့အကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို မကြာမီ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြသည်။

အိန္ဒိယနှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့် အဆိုပါ    လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို   ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏    ယခုရက်သတ္တပတ်အတွင်း သွားရောက်မည့် ဗြိတိန်ခရီးစဉ်အတွင်း၌ လက်မှတ်ရေးထိုးရန်စီစဉ်ထားသည်။

ဗြိတိန်နှင့်   လက်မှတ်ရေးထိုးမည့် ကုန်သွယ်ရေးသဘောတူညီချက်ကို အိန္ဒိယအစိုးရက ဇူလိုင်လ ၂၂ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ထိုသို့သော လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီ

ချက်တစ်ရပ်ကို  ချမှတ်နိုင်ရေးအတွက် ၂၀၀၁ ခုနှစ်မှစ၍  ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သို့သော် ဗြိတိန်အစိုးရက ကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ အိန္ဒိယနိုင်ငံသို့တင်ပို့သည့် ဗြိတိန်ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ယူမှု   လျှော့ချရေးကဲ့သို့သော  အလျှော့ပေးမှုများရရှိနိုင်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့်   ကုန်သွယ်ရေးသဘောတူညီချက်ချမှတ်နိုင်ရေးမှာ   ရပ်တန့်ခဲ့ရခြင်းဖြစ်ကြောင်း ဗြိတိန်အစိုးရအဖွဲ့မှ အမည်မဖော်လိုသူ  အရာရှိတစ်ဦးက ပြောသည်။

ဗြိတိန်နိုင်ငံသည်  လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ ဆဋ္ဌမမြောက်ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်လျက်ရှိပြီး အိန္ဒိယနိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည်   စုစုပေါင်းဒေါ်လာ ၃၆ ဘီလီယံရှိသည်။ အလားတူပင် အိန္ဒိယနိုင်ငံသည်   ဗြိတိန်နိုင်ငံအတွက်  အဓိကရင်းနှီးမြှုပ်နှံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စုစုပေါင်းဒေါ်လာ ၂၀ ဘီလီယံခန့်ကို ဗြိတိန်နိုင်ငံအတွင်း၌  ရင်းနှီးမြှုပ်နှံထားသည်။

ဥရောပသမဂ္ဂနှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေးသဘောတူညီချက် မချမှတ်နိုင်ပါက အမေရိကန် ပို့ကုန်များအပေါ် အခွန် ၁၅ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံရန် ဥရောပသမဂ္ဂအဖွဲ့စီစဉ်

ဥရောပသမဂ္ဂနှင့်   အမေရိကန်ပြည်ထောင်စုတို့အကြား   ယခုနှစ်ဩဂုတ်လအတွင်း ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် ချမှတ်နိုင်ခြင်း မရှိပါက အမေရိကန်မှ တင်ပို့သည့်ပို့ကုန်များအပေါ် အခွန် ၁၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန်စီစဉ်ထားကြောင်း သိရသည်။

အမေရိကန်အစိုးရနှင့်   ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို သတ်မှတ်ထားသည့် ကာလအတွင်း၌ ချမှတ်နိုင်ခြင်းမရှိပါက ဥရောပသမဂ္ဂနိုင်ငံများအနေဖြင့် ဒေါ်လာ ၁၀၉ ဘီလီယံ (ယူရို ၉၃ ဘီလီယံ)တန်ဖိုးရှိ အမေရိကန်၏ပို့ကုန်များအပေါ် အခွန် ၁၅ ရာခိုင်နှုန်း  တိုးမြှင့်ကောက်ခံရန် စီစဉ်ထားသည်ဟု  မီဒီယာများက ဖော်ပြသည်။

ဥရောပရှိ  အမေရိကန်၏မဟာမိတ်နိုင်ငံများ၊  အထူးသဖြင့်  ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည်  အမေရိကန် ပြည်ထောင်စုနှင့်    ကုန်သွယ်မှုပြုလုပ်ရာတွင် မျှတမှုမရှိသော အလေ့အကျင့်များကို အသုံးချလျက်ရှိပြီး အမေရိကန်နှင့် ဆွေးနွေးနိုင်ရန်အတွက်  အခွန်တိုးမြှင့်မည်ဟူသော    ခြိမ်းခြောက်မှုများကို  ကုပ်အားအဖြစ် အသုံးပြုလျက်ရှိသည်ဟု  အမေရိကန်အစိုးရက စွပ်စွဲထားသည်။

သို့သော် ဥရောပသမဂ္ဂအဖွဲ့အနေဖြင့် အခွန်တိုးမြှင့်ကောက်ခံမှု၊ ကုန်သွယ်ရေးသဘောတူညီချက် ချမှတ်နိုင်မှုတို့အတွက်သာ     ဆွေးနွေးရန်လုပ်ဆောင်နေခြင်းဖြစ်ပြီး   နှစ်ဦးနှစ်ဖက်အကြား သဘောတူညီချက်ချမှတ်နိုင်ခြင်းမရှိပါက တုံ့ပြန်နိုင်ရေးအတွက်သာ စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့ကတုံ့ပြန်ပြောကြားထားသည်။

အကယ်၍ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေး သဘောတူညီချက် ချမှတ်နိုင်ခြင်း မရှိပါက ဥရောပသမဂ္ဂအဖွဲ့က အဆိုပြုထားသည့် အခွန်တိုးမြှင့်မှုသည် အမေရိကန်ကတင်ပို့မည့် လေယာဉ်များ၊  မော်တော်ယာဉ်များ၊   အပျော်စီးသင်္ဘောများ၊ မော်တော်ယာဉ် အစိတ်အပိုင်းများနှင့် အပိုပစ္စည်းများ၊ ဖျော်ရည်၊ အသား၊သံမဏိ၊ အလူမီနီယံတို့အပါအဝင် ကုန်ပစ္စည်းအများအပြားအပေါ် သက်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

(Ref: RT)

အမေရိကန်နှင့် ဖိလစ်ပိုင် ကုန်သွယ်ရေးသဘောတူညီချက်ရရှိကြောင်း ထရမ့် ကြေညာ

အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ မားကို့စ်နှင့် ကုန်သွယ်ရေး သဘောတူညီချက်ရရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၂၂ ရက်တွင် ဆိုရှယ် မီဒီယာ ၌ ရေးသားဖော်ပြ၍ ကြေညာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်အပေါ် ဈေးကွက် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး စည်းကြပ်ခွန် ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း၊ အမေရိကန်ဘက်မှမူ ဖိလစ်ပိုင်မှ တင်သွင်းသည့် ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၁၉ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်ကြောင်း ထရမ့်က ဆိုခဲ့သည်။

ထရမ့်သည် အဆိုပါနေ့ နံနက်ပိုင်းတွင် အိမ်ဖြူတော်၌ မားကို့စ်နှင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ သတင်းထုတ်ပြန်ချိန်အထိ အိမ်ဖြူတော်က အဆိုပါကုန်သွယ်ရေးသဘောတူညီချက်၏ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။

ထရမ့်သည် ဇူလိုင် ၉ ရက်တွင် မားကို့စ်ထံ စာပေးပို့ခဲ့ပြီး ဩဂုတ် ၁ ရက်မှစ၍ ဖိလစ်ပိုင်နိုင်ငံမှ အမေရိကန်သို့ တင်သွင်းသော ကုန်ပစ္စည်းစည်းကြပ်ခွန်များကို ဧပြီလဆန်းတွင် ကြေညာခဲ့သော ၁၇ ရာခိုင်နှုန်းကို ၂၀ ရာခိုင်နှုန်းအထိ မြှင့်တင်မည်ဖြစ်ကြောင်းဆိုခဲ့သည်။ 

ကိုးကား -ဆင်ဟွာ

ရုရှားနိုင်ငံ၏ အရန်ရွှေပမာဏ ၁၀ နှစ်အတွင်း အမြင့်ဆုံး အဆင့်သို့ရောက်ရှိ

ရုရှားနိုင်ငံ၏ အရန်ရွှေပမာဏသည် ယခုနှစ် ပထမခြောက်လ အတွင်းမှာပင် တန်ဖိုးအားဖြင့် ဒေါ်လာ ၂၄၈ ဒသမ ၇ ဘီလီယံအထိ  စံချိန်တင်မြင့်တက်လာခဲ့ခြင်းကြောင့်  ယခုနှစ်အစပိုင်းမှစတင်၍ ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။

ရုရှားနိုင်ငံ၏ အရန်ရွှေပမာဏ မြင့်တက်လာခြင်းတွင် အကြောင်းရင်းနှစ်မျိုး ပါဝင်လျက်ရှိပြီး ပထမအကြောင်းရင်းမှာ ဗဟိုဘဏ်က ရွှေတုံးများနှင့် ရွှေချောင်းများကို ဝယ်ယူ၍ အရန်ရွှေပမာဏအတွင်းသို့ ထပ်မံ ပေါင်းထည့်ခြင်း ဖြစ်သည်။

ဒုတိယအကြောင်းရင်းမှာ ဈေးကွက်အတွင်း၌ ရွှေဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ရုရှားဗဟိုဘဏ်ရှိ အရန်ရွှေများ၏ ဈေးနှုန်းမှာလည်း တန်ဖိုးအားဖြင့်လိုက်ပါ မြင့်တက်လာခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံ    ပလီခါနော့ဗ် စီးပွားရေး တက္ကသိုလ်ရှိ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးဈေးကွက်နှင့်   ဘဏ္ဍာရေးဆိုင်ရာနည်းပညာဌာနမှ    ယာယီအကြီးအကဲဖြစ်သူ ဆဗက်လာနာဖရူမီနာက ပြောကြားသည်။

၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်းမှာပင် ငွေဖြစ်လွယ်သည့်သတ္တု သို့မဟုတ် ရွှေ၏ဈေးနှုန်းသည် တစ်အောင်စလျှင် ဒေါ်လာ ၃၃၀၀ အထိ မြင့်တက်လာခြင်းကြောင့် တန်ဖိုးအားဖြင့် ၂၄ ရာခိုင်နှုန်းခန့်မြင့်တက်လာခဲ့ကြောင်း TradingView တွင် ဖော်ပြထားသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့က ၎င်းတို့နိုင်ငံအတွင်းရှိ ရုရှားနိုင်ငံမှပိုင်ဆိုင်သည့် ဘဏ္ဍာရေးအရင်းအမြစ်များနှင့် ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ပြီးချိန်မှစ၍ ရုရှားနိုင်ငံသည် နိုင်ငံခြား အရန်ငွေ အတွက် ထားရှိသည့် အရန်ရွှေပမာဏနှင့် နိုင်ငံအတွက် ထိန်းသိမ်းထားသည့် အရန်ရွှေပမာဏ ပိုမိုတိုးမြင့်လာစေရန်အတွက် ရွှေဝယ်ယူမှုကို တိုးမြှင့်ခဲ့သည့် အပြင် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေကြေးများအစား  တရုတ်ယွမ်ငွေ အမြောက်အမြားကိုပါ ဝယ်ယူခဲ့ကြောင်း Freedom Finance Global မှ ကျွမ်းကျင်သူနှင့် အကဲဖြတ်သူတစ်ဦးဖြစ်သူ ဗလာဒီမာချာနော့ဗ်က ပြောကြားထားသည်။

ထို့ပြင်  ရုရှားအစိုးရသည်  ငွေကြေးဖောင်းပွမှုကို  ထိန်းချုပ်ရန်၊  ပြည်တွင်းကုန်ပစ္စည်းများ ထုတ်လုပ်မှုကို   အကာအကွယ်ပေးရန်နှင့် နိုင်ငံ့ငွေကြေးဖြစ်သည့် ရူဘယ်တန်ဖိုးမြင့်တက် လာစေရန်အတွက် ရွှေကိုအဓိကထား၍ အရန်ငွေကြေးအဖြစ် စုဆောင်းလာခြင်းဖြစ်သည်။   ထို့ပြင် ဗလာဒီမာပူတင်အစိုးရ၏ ငွေကြေးဆိုင်ရာ မူဝါဒများကြောင့် ရူဘယ်ငွေကြေးတန်ဖိုးသည် ယခုနှစ် ဇူလိုင်လအတွင်း၌ ယူရိုငွေကြေးနှင့် လဲလှယ်ရာတွင် ၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။