အမေရိကန်နှင့် အင်ဒိုနီးရှား ကုန်သွယ်ရေး သဘောတူညီမှု ရရှိ၊ အမေရိကန်က အင်ဒိုနီးရှားသွင်းကုန်အပေါ် အခွန် ၁၉ % သာ ကောက်ခံမည်

News Image

  • အမေရိကန်နှင့် အင်ဒိုနီးရှား ကုန်သွယ်ရေး သဘောတူညီမှု ရရှိ၊ အမေရိကန်က အင်ဒိုနီးရှားသွင်းကုန်အပေါ် အခွန် ၁၉ % သာ ကောက်ခံမည်

အမေရိကန်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ အခွန်ကိစ္စများ ဆွေးနွေးပြီးနောက် ယခုအခါ အမေရိကန်သည် အင်ဒိုနီးရှားမှ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၁၉ % သာ ကောက်ခံရန် သဘောတူညီချက် ရရှိသွားကြောင်း ဒေါ်နယ် ထရမ့်က ၎င်း၏ ထရမ့်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသား ဖော်ပြ ထားပါသည်။

ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်ရက်သတ္တပတ်က အရှေ့တောင် အာရှ နိုင်ငံများအပါအဝင် နိုင်ငံအများအပြားကို အခွန်နှုန်းထားသစ်ဖြင့် စည်းကြပ်ရန် အကြောင်းကြားစာပေးပို့ခဲ့ရာ ထိုအခါက အင်ဒိုနီးရှားမှ တင်သွင်းကုန်များအပေါ် အခွန် ၃၂ % ကောက်ခံရန် သတ်မှတ် ကြေညာ ခဲ့သည်။

ယခုအခါ နှစ်နိုင်ငံသမ္မတတို့အကြား ဆွေးနွေးညှိနှိုင်းများအရ  အမေရိကန် သည် အင်ဒိုနီးရှားတင်သွင်းကုန်အပေါ် အခွန် ၁၉ % သာ ကောက်ခံ တော့မည်ဖြစ်ပါသည်။ သို့ရာတွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အမေရိကန် နိုင်ငံမှ ဒေါ်လာဘီလီယံချီတန်သော ကုန်ပစ္စည်းများ ဝယ်ယူရန် ကတိကဝတ် ပြုလိုက်ရပါသည်။ ထိုထဲတွင် အင်ဒိုနီးရှားသည် အမေရိကန်ထံမှ စွမ်းအင်ပစ္စည်း ဒေါ်လာ ၁၅ ဘီလီယံ၊ စိုက်ပျိုးရေးထွက်ကုန် ဒေါ်လာ ၄.၅ ဘီလီယံနှင့် ဘိုရင်းလေယာဉ် အစီး ၅၀ ဝယ်ယူရန် ကတိပြု ထားကြောင်း၊ အပြီးသတ်သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်သည့် အတွက် ဂုဏ်ယူပါကြောင်း ထရမ့်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသား ဖော်ပြထားပါသည်။

ကိုးကား- Aljazeera

Photo: MSN

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃