တရုတ်နိုင်ငံ၏ ယခုနှစ်ဒုတိယသုံးလပတ် စီးပွားရေးဖွံ့ဖြိုးနှုန်း ၅ ဒသမ ၂ ရာခိုင်နှုန်းထိရှိ
ပေကျင်း ဇူလိုင် ၁၅
တရုတ်နိုင်ငံ၏ယခုနှစ်ဒုတိယ သုံးလပတ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ မျှော်မှန်းထားသည်ထက်ပို၍ အားကောင်းခဲ့ကြောင်း ယနေ့ သတင်းများတွင် ရေးသားဖော်ပြထားသည်။
တရုတ်အစိုးရက ယနေ့ ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ယခုနှစ်ဧပြီလမှဇွန်လထိအကျုံးဝင်သောသုံးလတာကာလအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ)တိုးနှုန်းမှာ ၅ ဒသမ ၂ ရာခိုင်နှုန်းထိရှိခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် မြင့်မားလာခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ ယခုနှစ် ဒုတိယသုံးလပတ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ ဘောဂဗေဒ ပညာရှင်အများအပြား ခန့်မှန်းထားသည်ထက် မြင့်မားခဲ့ကြောင်း တရုတ်တာဝန်ရှိသူများက ပြောကြားထားသည်။
တရုတ်နိုင်ငံ၏ယခုနှစ်ဒုတိယ သုံးလပတ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်း မှာ ၅ ဒသမ ၁ ရာခိုင်နှုန်းထိသာ ရှိနိုင်ကြောင်း ဘောဂဗေဒ၊ ပညာရှင်များက ယခင်ကခန့်မှန်းထားသည်။
အမေရိကန်အစိုးရက တရုတ်ထုတ်ကုန်များအပေါ် အခွန်စည်းကြပ်မှုများ ပြုလုပ်ထားသည့်တိုင် ယခုနှစ် ဒုတိယသုံးလပတ် စီးပွားရေးဖွံ့ဖြိုးနှုန်းမှာ မျှော်လင့်ထားသည်ထက် ပိုမိုအားကောင်းလာခြင်းဖြစ်သည်။ တရုတ် ကွန်မြူနစ်ပါတီ
ပေါ်လစ်ဗျူရိုကော်မတီသည် ယခုလကုန်ပိုင်းတွင် ကျင်းပမည့် အစည်းအဝေး၌ ၂၀၂၅ ခုနှစ် လက်ကျန်လများအတွက် စီးပွားရေးမူဝါဒများချမှတ်ဖွယ်ရှိကြောင်း သိရသည်။
Ref: Xinhua
Trs: KKO
YDNB Newspaper