သတင်းများ

ထိုင်းနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ကုန်သွယ်မှု အဆိုပြုချက် ယခုရက် သတ္တပတ်အတွင်း တင်ပြရန်ရှိသည်ဟု ဘဏ္ဍာရေးဝန်ကြီး ပြောကြား

ထိုင်းနိုင်ငံ၏ တရားဝင်ကုန်သွယ်မှု အဆိုပြုချက်ကို အမေရိကန်နိုင်ငံသို့ ယခုရက်သတ္တပတ်အတွင်း ပေးပို့တင်ပြရန်ရှိပြီး၊ အမေရိကန်နိုင်ငံ၏ အကောက်အခွန်နှုန်းထားများ မြင့်တက်နေသည့် ခြိမ်းခြောက်မှုမှ ကင်းဝေးစေရန် ပထမအကျော့ ဆွေးနွေးပွဲကို Online မှ တစ်ဆင့် ပြုလုပ်မည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဘဏ္ဍာရေးဝန်ကြီးက အင်္ဂါနေ့ (ဇွန် ၁၇)က ပြောကြားလိုက်ပါကြောင်း ဘန်ကောက်အခြေစိုက် ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါသည်။ အရှေ့တောင်အာရှနိုင်ငံများ၏ ပို့ကုန်အပေါ် အကောက်အခွန် ၃၆ ရာခိုင်နှုန်း အမေရိကန်က ကောက်ခံလျက်ရှိပြီး၊ အဆိုပါနှုန်းထား ကို လျှော့ချလိုလျှင်  သမ္မတထရမ့်၏ “အပြန်အလှန်” အခွန်စည

ထိုင်းနိုင်ငံ၏ တရားဝင်ကုန်သွယ်မှု အဆိုပြုချက်ကို အမေရိကန်နိုင်ငံသို့ ယခုရက်သတ္တပတ်အတွင်း ပေးပို့တင်ပြရန်ရှိပြီး၊ အမေရိကန်နိုင်ငံ၏ အကောက်အခွန်နှုန်းထားများ မြင့်တက်နေသည့် ခြိမ်းခြောက်မှုမှ ကင်းဝေးစေရန် ပထမအကျော့ ဆွေးနွေးပွဲကို Online မှ တစ်ဆင့် ပြုလုပ်မည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဘဏ္ဍာရေးဝန်ကြီးက အင်္ဂါနေ့ (ဇွန် ၁၇)က ပြောကြားလိုက်ပါကြောင်း ဘန်ကောက်အခြေစိုက် ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါသည်။ အရှေ့တောင်အာရှနိုင်ငံများ၏ ပို့ကုန်အပေါ် အကောက်အခွန် ၃၆ ရာခိုင်နှုန်း အမေရိကန်က ကောက်ခံလျက်ရှိပြီး၊ အဆိုပါနှုန်းထား ကို လျှော့ချလိုလျှင်  သမ္မတထရမ့်၏ “အပြန်အလှန်” အခွန်စည်းကြပ်မှု ရပ်နားထားသည့်  ရက် ၉၀ သက်တမ်းကုန်သည့် ဇူလိုင်လ မတိုင်မီ တင်ပြရမည်ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စုနှင့် တရားဝင်ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲကို ယခုရက်သတ္တပတ်အတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊  နည်းပညာဆိုင်ရာ အရာထမ်းများအဆင့် ဆွေးနွေးပွဲများကျင်းပမည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavjira က သတင်းထောက်များကို ပြောကြားလိုက် ပါသည်။  “ယခုရက်သတ္တပတ် ဆွေးနွေးမှုများပြီးသည်နှင့် နောက်ဆုံးတရားဝင် အဆိုပြုချက်များကို တင်ပြ သွားရန်ရှိပါသည်၊ ပြီးလျှင် အမေရိကန်နှင့် ပထမအကျော့ ဆွေးနွေးပွဲကို Online ကနေ ကျင်းပမည် ဖြစ်ပါသည်”ဟု ၎င်းက ပြောကြားခဲ့သော်လည်း နေ့ရက်အတိအကျ ပြောကြားခဲ့ခြင်းမရှိပါ။

ကနဦး ဆွေးနွေးပွဲအပြီး လူချင်းတွေ့ဆုံဆွေးနွေးပွဲများ ဖြစ်လာနိုင်မည့် အလားအလာ တစ်ခုခု ရှိလာမည် ဖြစ်ကြောင်း၊ တင်ပြသည့် အဆိုပြုချက်တွင် ယခင်ထုတ်ပြန်ထားပြီဖြစ်သည့် အရေးပါသည့် စံနှုန်းများနှင့် အညီတင်ပြခြင်းဖြစ်ကြောင်း  Pichai က ပြောကြားပါသည်။ ကုန်သွယ်ရေးမညီမျှမှုကို ဖြေရှင်းရန်နှင့် အမေရိကန်ပို့ကုန်များအတွက် ဈေးကွက်ရရှိမှု တိုးမြှင့်ရန်နှင့် ထိုင်းနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုမှ တစ်ဆင့် အမေရိကန်၌ အလုပ်အကိုင်အခွင့် အလန်းများရရှိစေရန်စသည့် ရည်ရွယ်ချက် များဖြင့်  ဝါရှင်တန်သို့ အဆိုပြုတင်ပြသွားမှာဖြစ်ပါကြောင်း Pichai က ပြောပါသည်။ 

အခွန်နှုန်းထား ၁၀ ရာခိုင်နှုန်းအောက်၌သာ ထားရှိရေးအတွက် နှစ်နိုင်ငံလုံးက သဘောတူနိုင်ကြောင်း တနင်္လာနေ့ (ဇွန် ၁၆) က ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောကြားပါသည်။ ယမန်နှစ်က အမေရိကန် ပြည်ထောင်စုသည် ထိုင်းနိုင်ငံ၏ အကြီးမားဆုံးသော ပို့ကုန်ဈေးကွက်ကြီးဖြစ်ခဲ့ပြီး တင်ပို့မှု ပမာဏ စုစုပေါင်း၏ ၁၈.၃ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံဖိုးအထိ ရှိခဲ့ပါသည်။ ဝါရှင်တန်က ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၄၅.၆ ဘီလီယံရှိခဲ့ပါသည်။

နှေးကွေးနေသော စီးပွားရေးအခြေအနေကို အထောက်အကူပြုရန်အတွက် ဘတ် ၁၅၇ ဘီလီယံ (အမေရိကန်ဒေါ်လာ၄.၈ ဘီလီ) တန်ဖိုးရှိ စီးပွားရေး တိုးတက်မှုစေရေး စီမံကိန်းအစည်းအဝေး တစ်ရပ်ကို ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈)တွင် ကျင်းပရန်ရှိပြီး အမေရိကန်၏ အကောက်အခွန်နှုန်းထား၏ ရိုက်ခတ်မှုကြောင့် ယခုနှစ်တွင် တိုးတက်မှု ၁ ရာခိုင်နှုန်းအထက်သာ ရှိနိုင်မည်ဖြစ်သည်။ Pichai က လျှောက်ထားသည့် ကိုယ်စားလှယ်လောင်းများအနက်မှ ရွေးချယ်တင်မြှောက်ရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ နောက်တက်လာမည့် မည်သည့် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့်မဆို ပွင့်ပွင့်လင်းလင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ဗဟိုဘဏ်နှင့် ကဏ္ဍများစွာမှာ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားပါသည်။

ကိုးကား - Reuters

ဘာသာပြန်ဆိုသူ - ဦးခိုင်ထွဋ်လှ

ပထမဆုံး လွတ်လပ်သော ကုန်သွယ်ရေးဇုန် ထူထောင်ရန် ဗီယက်နမ် အစိုးရ အတည်ပြု

ဗီယက်နမ်အစိုးရက ၎င်းနိုင်ငံအလယ်ပိုင်းရှိ ဗဟိုမှ တိုက်ရိုက် အုပ်ချုပ်သော မြို့ ဒါနန်း (Da Nang) မြို့တွင် ဗီယက်နမ်၏ ပထမဆုံး လွတ်လပ်သော ကုန်သွယ်ရေးဇုန် ထူထောင်ရန် ဇွန် ၁၃ ရက်က အတည်ပြုခဲ့ကြောင်း ဗီယက်နမ်မီဒီယာ၏ ဇွန် ၁၆ ရက် သတင်းဖော်ပြမှုအရ သိရသည်။ ဒါနန်း လွတ်လပ်သော ကုန်သွယ်ရေးဇုန်ဧရိယာသည် ၁,၈၈၁ ဟက်တာရှိပြီး ထုတ်လုပ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်ထုတ်ကုန်လုပ်ငန်း၊ အချက်အလက် နည်းပညာ စသည့် စွမ်းဆောင်မှုဧရိယာအများအပြားရှိကြောင်း၊ ဒါနန်းအဆင့်မြင့်နည်းပညာဥယျာဉ်နှင့် စက်မှုလုပ်ငန်းဇုန်အသီးသီး စီမံခန့်ခွဲရေးကော်မတီအား အမျိုးသား စီ

ဗီယက်နမ်အစိုးရက ၎င်းနိုင်ငံအလယ်ပိုင်းရှိ ဗဟိုမှ တိုက်ရိုက် အုပ်ချုပ်သော မြို့ ဒါနန်း (Da Nang) မြို့တွင် ဗီယက်နမ်၏ ပထမဆုံး လွတ်လပ်သော ကုန်သွယ်ရေးဇုန် ထူထောင်ရန် ဇွန် ၁၃ ရက်က အတည်ပြုခဲ့ကြောင်း ဗီယက်နမ်မီဒီယာ၏ ဇွန် ၁၆ ရက် သတင်းဖော်ပြမှုအရ သိရသည်။ ဒါနန်း လွတ်လပ်သော ကုန်သွယ်ရေးဇုန်ဧရိယာသည် ၁,၈၈၁ ဟက်တာရှိပြီး ထုတ်လုပ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်ထုတ်ကုန်လုပ်ငန်း၊ အချက်အလက် နည်းပညာ စသည့် စွမ်းဆောင်မှုဧရိယာအများအပြားရှိကြောင်း၊ ဒါနန်းအဆင့်မြင့်နည်းပညာဥယျာဉ်နှင့် စက်မှုလုပ်ငန်းဇုန်အသီးသီး စီမံခန့်ခွဲရေးကော်မတီအား အမျိုးသား စီမံခန့်ခွဲမှုတာဝန် တိုက်ရိုက်ထမ်းဆောင်သော အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားကြောင်း သတင်းဖော်ပြမှုအရ သိရသည်။

ဗီယက်နမ်နိုင်ငံ ၁၅ ကြိမ်မြောက် အမျိုးသားလွှတ်တော်၏ နဝမ အကြိမ်မြောက် အစည်းအဝေးက ပြည်နယ်အဆင့် စီမံအုပ်ချုပ်ရေးဌာနများ ပေါင်းစည်းရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ဇွန် ၁၂ ရက်၌ မဲခွဲ ဆုံးဖြတ်၍ အတည်ပြုခဲ့ရာ နိုင်ငံတစ်ဝန်း ပြည်နယ်အဆင့် စီမံအုပ်ချုပ်ရေး ဌာန ၆၃ ခုမှ ၃၄ ခုအထိ ကျစ်လစ်စွာ ဖွဲ့စည်းခဲ့သည်။ ယင်းအနက် ဒါနန်းမြို့နှင့် ကွမ်နန် (Quang Nam) ပြည်နယ် ပေါင်းစည်းကာ ဒါနန်းမြို့ အသစ်ဧရိယာမှာ ၁၁,၀၀၀ စတုရန်းကီလိုမီတာ ရှိသည်။

ဒါနန်းမြို့၌ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ထူထောင်ရန် ရွေးချယ် ရခြင်းသည် နှစ်များစွာ အစီအစဉ်ရေးဆွဲခြင်း၊ စေ့စပ်သေချာစွာ ပြင်ဆင်ခြင်း ရလဒ်ဖြစ်ကြောင်း၊ ဒါနန်း လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်သည် တံခါးဖွင့် စီးပွားရေးပုံစံတစ်မျိုး ဖြစ်သည်သာမက စည်းစနစ်ဆိုင်ရာ စမ်းသပ်ခန်း အဖြစ် ဖြစ်လာရန်၊ ရင်းနှီးမြှုပ်နှံမှု၊ အခွန်စည်းကြပ်မှု၊ အကောက်ခွန်၊ သိပ္ပံနည်းပညာ၊ ဘဏ္ဍာရေး၊ လူအရင်းအမြစ်စွမ်းအားနှင့် ဒစ်ဂျစ်တယ် အသွင်ပြောင်းလဲရေးစသည့် မူဝါဒအသစ်များအတွက် စမ်းသပ်ကျင့်သုံးရာ နေရာဖြစ်လာရန်၊ ဗီယက်နမ်အလယ်ပိုင်း ကုန်းမြင့်ဒေသမှ နိုင်ငံတစ်ဝန်း တိုးတက်မှုဝင်ရိုးစွန်းအသစ်ဖြစ်လာရန် ပို၍ အလားအလာရှိကြောင်း Voice of Vietnam (VOV) ရေဒီယိုလိုင်း သတင်းဖော်ပြမှုအရ သိရသည်။ 

ကိုးကား- Xinhua Myanmar

အစ္စရေး-အီရန်ပဋိပက္ခကြောင့် ရေနံစျေးများ မြင့်တက်

ဇွန်လ ၁၅ ရက် (တနင်္ဂနွေနေ့) တွင် အစ္စရေးနှင့် အီရန်တို့အကြား ပစ်ခတ် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ခြင်းကြောင့် ဇွန်လ ၁၆ ရက် (တနင်္လာနေ့) တွင် အာရှစျေးကွက်အတွင်း ရေနံစျေးများ မြင့်တက်လာခဲ့သည်။ ထိုကဲ့သို့ အစ္စရေး-အီရန်စစ်ပွဲ အရှိန်မြင့်တက်လာခြင်းသည် ဒေသတွင်း နိုင်ငံများကို သက်ရောက်မှုရှိစေရုံသာမက အရှေ့အလယ်ပိုင်းမှ ရေနံတင်ပို့မှုများကို ပိုမိုနှောင့်နှေးစေနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာသည်။ 

အစ္စရေးနှင့် အီရန်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာခြင်းကြောင့် အရှေ့အလယ်ပိုင်းမှ ရေနံသယ်ယူပို့ဆောင်ရာတွင် အဓိက အရေးပါသည့် Hormuz ရေလက်ကြားမှ ရေနံသယ်ယူပို့ဆောင်ရေးအား ထိခိုက်စေမည်ကို စိုးရိမ်မှုများ ပိုမိုမြင့်တက်လာသည်။ ကမ္ဘာ့ရေနံ စုစုပေါင်းသုံးစွဲမှု၏ ၅ ပုံ ၁ ပုံခန့် (တစ်နေ့လျှင် ရေနံဆီ၊ လေဆီ နှင့် လောင်စာဆီ ၁၈ မှ ၁၉ မီလီယံ) သည် Hormuz ရေလက်ကြားမှ တစ်ဆင့် သယ်ယူပို့ဆောင်လေ့ရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁၅ ရက် (တနင်္ဂနွေနေ့)တွင် အစ္စရေးနှင့် အီရန်တို့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သော်လည်း နိုင်ငံတစ်ချို့သည် တစ်ခါတရံ အပြန်အလှန်တိုက်ခိုက်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးအား ဆက်လက် ထောက်ပံ့ မည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံ၌ ဇွန်လ ၁၅ ရက် (တနင်္ဂနွေနေ့)တွင် စတင်ကျင်းပမည့် G7 ခေါင်းဆောင်များ၏ အစည်းအဝေးတွင် အဆိုပါပဋိပက္ခကို ဖြေရှင်း နိုင်ရန်နှင့် နှစ်နိုင်ငံတင်းမာမှုအခြေအနေ ပိုမိုမြင့်တက်မလာစေရန် သဘောတူညီမှုရရှိမည်ဟု မျှော်လင့်ကြောင်း ဂျာမနီ၏ ဝန်ကြီးချုပ် Friedrich Merz က ပြောကြားခဲ့သည်။ 

OPEC အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် အီရန်နိုင်ငံသည် လက်ရှိတွင် တစ်နေ့လျှင် ရေနံနှင့် လောင်စာဆီ စည်ပေါင်း ၃.၃ သန်းဝန်းကျင် ထုတ်လုပ်လျက်ရှိပြီး ၂ သန်းကျော်အား တင်ပို့လျက်ရှိသည်။ OPEC နှင့် ရုရှားအပါအဝင် ၎င်း၏မဟာမိတ်နိုင်ငံများသည် အစ္စရေး-အီရန် ပဋိပက္ခကြောင့် ရေနံတင်ပို့မှုအား ထိခိုက်လာမည်ကို စိုးရိမ်သည့်အတွက် အကြမ်းအားဖြင့် အီရန်၏ ရေနံထုတ်လုပ်မှုပမာဏနှင့် ညီမျှသည့် ရေနံအား ပိုမိုထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း လေ့လာသူများနှင့် OPEC အား စောင့်ကြည့် လေ့လာသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ကိုးကား - CAN 

Photo: Business Recorder

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ဒေါ်နယ်ထရမ့်၏ အခွန်ရိုက်ချက် ဂျပန် ကားလောက အကြီးအကျယ် ထိနိုင်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန်သို့ တင်သွင်းလာသည့် မော်တော်ကား အစိတ်အပိုင်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှု အခွန်မူဝါဒသစ်မှာ ဂျပန်နိုင်ငံ၏ အဓိက မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သည့် Toyota၊ Honda နှင့် Subaru တို့ကို အကြီးအကျယ် ဒုက္ခပေးလျက်ရှိနေပါသည်။ ထိုအခွန်သစ်များမှာ ဂျပန် နိုင်ငံ၏ ရေရှည်တည်တံ့သော စီးပွားရေးပြန်လည်ထူထောင်ရေးတွင် ကြီးစွာ အဟန့်အတားတစ်ခုနိုင်ဖွယ်ရှိကြောင်း သတင်းစာများအရ သိရ ပါသည်။

အမေရိကန်သည် ဂျပန်၏ အကြီးဆုံးကားဈေးကွက်ဖြစ်ပါသည်။ ဂျပန် ကားထုတ်လုပ်ငန်း၏ ၃၀ ရာခိုင်နှုန်းမှာ အမေရိကန်သို့ တင်ပို့နေရပါသည်။ ယခုကဲ့သို့ ဒေါ်နယ်ထရမ့်၏ အခွန်သစ် ၂၅ ရာခိုင်နှုန်းကြောင့် Toyota Motor Corp., Honda Motor Co., Mazda Motor Corp. နှင့် Subaru Corp. ကုမ္ပဏီများအပါအဝင် အဓိက ကားကုမ္ပဏီကြီးများ အနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံကျော် ဆုံးရှုံးနိုင်ဖွယ် ရှိပါသည်။ 

ထို့ပြင် မော်တော်ကားထုတ်လုပ်ရေးသည် ဂျပန်နိုင်ငံ၏ GDP ၃ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုနေပြီး ထိုအခွန်မူသစ်ကြောင့် နိုင်ငံ့ စီးပွားရေးကို ပြန်လည်ကျဆင်းစေနိုင်ပါသည်။ UBS ခန့်မှန်းချက်အရ ဂျပန်ကားလုပ်ငန်း စုစုပေါင်းသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ (ယန်း ၃.၆ ထရီလီယံ) ဆုံးရှုံးနိုင်ပါသည်။ 

တိုယိုတာနှင့် ဟွန်ဒါတို့သည် အမေရိကန်ဈေးကွက်တွင် ကားဈေးနှုန်းများကို ယခုအချိန်တွင် တိုးမြှင့်ရန် မဆုံးဖြတ်ရသေးသော်လည်း အနာဂတ် တွင် ကုန်ကျစရိတ်များ မြင့်တက်လာပါက ဈေးနှုန်းများ တိုးမြှင့်ရန် ဖြစ်နိုင်သည်။ ငွေကြေးအရ ပိုမိုအားနည်းသော အစိတ်အပိုင်း ထုတ်လုပ် သည့် ကုမ္ပဏီများမှာ ပိုမိုကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ် ရှိပါသည်။ 

ယခုဒေါ်နယ်ထရမ့်၏ အခွန်မူသစ်မှာ ဂျပန်သာမက တောင်ကိုရီးယား၊ ဂျာမနီနှင့် အခြားနိုင်ငံများရှိ ကားထုတ်လုပ်သူများကိုပါ အကြီးအကျယ် ထိခိုက်စေနိုင်ဖွယ်ရှိပါသည်။ ထို့ပြင် IMF ၏ အဆိုအရ အဆိုပါ အကောက်ခွန် များသည် ကနေဒါနှင့် မက္ကဆီကိုတို့၏ စီးပွားရေးကိုပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။

ကိုးကား- Bloomberg

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

တရုတ်နှင့်အမေရိကန်တို့ ကုန်သွယ်ရေး သဘောတူညီချက် တစ်ခုရရှိ

လန်ဒန်၊ ကုန်သွယ်ရေး

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် ကုန်သွယ်ရေးဆွေးနွေးမှုတွင် သဘောတူညီချက်တစ်ခုရရှိခဲ့ပြီဖြစ်ပြီး ယခုအခါ နှစ်နိုင်ငံခေါင်းဆောင်များ၏ အတည်ပြုချက်ရရှိရေးသာကျန်ရှိတော့ကြောင်း သိရသည်။

အဆိုပါနှစ်နိုင်ငံမှကိုယ်စားလှယ်အဖွဲ့များက လန်ဒန်မြို့၌နှစ်ရက်ကြာတွေ့ဆုံ ဆွေးနွေးမှုများလုပ်ဆောင်ပြီးနောက် ဂျီနီ ဗာဘုံသဘောတူညီချက်ကို အကောင် အထည်ဖော်ရေးအတွက် သဘောတူညီ ချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဟောင်းဝပ်လတ်နစ်က ပြောသည်။

သို့သော် နှစ်နိုင်ငံကြားသဘောတူညီ ချက်များရရှိရေးအတွက် မဖြေရှင်းနိုင်သေးသည့်၊ သဘောထားကွဲလွဲနေသေးသည့် အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများလုပ်ရန်ကျန်ရှိနေသေးကြောင်း တရုတ်နိုင်ငံမှတာဝန်ရှိသူတစ်ဦးက ပြောထားသည်ဟု သိရသည်။

 Ref:  CNBC

Photo - The Indian Express

တရုတ်- အမေရိကန် ကုန်သွယ်ရေး “မညီမျှမှု” က ခေါင်းစဉ်ပြခြင်းသာဖြစ်

ယခုကာလများတွင် အမေရိကန်နိုင်ငံက တစ်ဖက်သတ် စည်းကြပ်ခွန်အစီအမံများစွာ ထုတ်ပြန်ခဲ့ရာ ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်စီးပွားအစီအစဉ်များကို ဆိုးရွားစွာ ရှုပ်ထွေးစေပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှု အနာဂတ် အလားအလာကို ထိခိုက်စေခဲ့သည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးတွင် အမေရိကန်ဘက်က တရုတ်-အမေရိကန် ကုန်သွယ်ရေး “မညီမျှ” ဟု ဆိုခြင်းမှာ ၎င်းစည်းကြပ်ခွန် ထပ်တိုးကောက်ခံသည့် အဓိက အကြောင်းပြချက်ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ အမေရိကန် ဘက်က ကုန်သွယ်စီးပွား အရေးကိစ္စကို လုံခြုံရေးအသွင် အကျယ်ချဲ့ခြင်းကသာ ပြဿနာ၏ အရင်းအမြစ်ဖြစ်ပြီး ယင်းအတွေးအခေါ်ကို အကယ်၍ ချိန်ညှိပြောင်းလဲခြင်းမရှိပါက ဘက်ပေါင

ယခုကာလများတွင် အမေရိကန်နိုင်ငံက တစ်ဖက်သတ် စည်းကြပ်ခွန်အစီအမံများစွာ ထုတ်ပြန်ခဲ့ရာ ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်စီးပွားအစီအစဉ်များကို ဆိုးရွားစွာ ရှုပ်ထွေးစေပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှု အနာဂတ် အလားအလာကို ထိခိုက်စေခဲ့သည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးတွင် အမေရိကန်ဘက်က တရုတ်-အမေရိကန် ကုန်သွယ်ရေး “မညီမျှ” ဟု ဆိုခြင်းမှာ ၎င်းစည်းကြပ်ခွန် ထပ်တိုးကောက်ခံသည့် အဓိက အကြောင်းပြချက်ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ အမေရိကန် ဘက်က ကုန်သွယ်စီးပွား အရေးကိစ္စကို လုံခြုံရေးအသွင် အကျယ်ချဲ့ခြင်းကသာ ပြဿနာ၏ အရင်းအမြစ်ဖြစ်ပြီး ယင်းအတွေးအခေါ်ကို အကယ်၍ ချိန်ညှိပြောင်းလဲခြင်းမရှိပါက ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖော်ဆောင်ရာတွင် အကြီးမားဆုံးသော အတားအဆီးဖြစ်လာ လိမ့်ပေမည်။

တရုတ်-အမေရိကန် ကုန်သွယ်ရေး ညီမျှမှု ရှိ၊ မရှိဆိုသည်မှာ ထဲထဲဝင်ဝင် ရှုမြင်ရန် လိုအပ်သည်။ အမေရိကန်၏ ဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍရှိ ဧရာမကြီးမားသော အားသာချက်ကို မဆိုထားဘိ ကုန်စည် ကုန်သွယ်ရေး ကဏ္ဍတွင်ပင်လျှင် အမေရိကန်အစိုးရက အဆင့်မြင့် သိပ္ပံနည်းပညာကုမ္ပဏီ လုပ်ငန်းများနှင့် ၎င်းတို့၏ ထုတ်ကုန်များအပေါ် ပို့ကုန်စီမံထိန်းချုပ်မှုများ လုပ်ဆောင်ခြင်းကြောင့် အဆင့်မြင့် သိပ္ပံနည်းပညာ ထုတ်ကုန် ရေရှည်ပို့ကုန်ကန့်သတ်မှုခံနေရသည်။ အမေရိကန်ဘက်က ကုန်သွယ်စီးပွားအရေးကိစ္စကို လုံခြုံရေးအသွင် အကျယ်ချဲ့ခြင်းနှင့်အတူ ယခုနှစ်များ၌ ကုန်သွယ် စီးပွားကဏ္ဍ ကန့်သတ်မှုမူဝါဒနှင့် အစီအမံများစွာကို အဆက်မပြတ် ထုတ်ပြန်ခဲ့ရာ ကန့်သတ်မှု အတိုင်းအတာ စဉ်ဆက်မပြတ် တိုးချဲ့ပြီး ပိတ်ဆို့မှုအင်အားကို အဆက်မပြတ် မြှင့်တင်ခဲ့သည်။ အမေရိကန် ကုန်သွယ်ရေးလိုငွေပြမှု ကြီးမားလာခြင်းမှာ အမေရိကန် ဘက်က မူဝါဒကြောင့် မလွဲမသွေ ဖြစ်လာရသည့် ရလဒ်ပင်ဖြစ်သည်။

တရုတ်-အမေရိကန် ကုန်သွယ်ရေး ညီမျှမှု ရှိ၊မရှိကို ဘက်စုံရှုမြင်ရန် လိုအပ်ပေသည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေးအခြေအနေသည် ၎င်း၏မက်ခရိုစီးပွားရေးဖွဲ့စည်းမှုပေါ်တွင် မူတည်ခြင်းဖြစ်ပြီး ကုန်သွယ်ရေး မိတ်ဖက်ပေါ်တွင် မူတည်ခြင်းမဟုတ်ပေ။ တရုတ်-အမေရိကန် ကုန်စည်ကုန်သွယ်ရေး ပမာဏ၏ ပို့ကုန်နှင့် သွင်းကုန်ပမာဏ ကွာဟမှုမှာ အမေရိကန် စီးပွားရေး ဖွဲ့စည်းပုံပြဿနာ၏ မလွဲမသွေ ရလဒ်ဖြစ်သလို နှစ်နိုင်ငံ နှိုင်းယှဉ်သည့်အားသာချက်နှင့် နိုင်ငံတကာ လုပ်ငန်းကဏ္ဍ ခွဲထားသည့် အခင်းအကျင်းများက အဆုံးအဖြတ် ပေးခြင်းလည်းဖြစ်သည်။ အမေရိကန် ကုန်သွယ်ရေးလိုငွေပြမှု၏ အရင်းအမြစ်မှာ အမေရိကန် ကုန်ထုတ်လုပ်မှုလုပ်ငန်း ဆယ်စုနှစ်ပေါင်းများစွာ ဆက်တိုက်ကျဆင်းလာခြင်း၊ ဝန်ဆောင်မှုလုပ်ငန်း အဆက်မပြတ် တိုးချဲ့ခြင်းကြောင့်ဖြစ်ပြီး ကုန်ပစ္စည်းအများအပြားကို သွင်းကုန်အားထားရခြင်းကြောင့် ဖြစ်သည်။ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍတွင်မူ အမေရိကန်သည် သိသာထင်ရှားသော အားသာချက် ရှိနေ ပေသည်။ အမေရိကန်သည် တရုတ်နိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေး လိုငွေပြမှုအကြီးဆုံး အရင်းအမြစ် ဖြစ်ပြီး လိုငွေပြသည့် အတိုင်းအတာမှာ ယေဘုယျအားဖြင့် ချဲ့ထွင်သောအနေအထား ရှိသည်။ ကုန်စည် ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် မိမိနိုင်ငံ၏ ကုမ္ပဏီလုပ်ငန်းများ တစ်ဖက်နိုင်ငံရှိ ဌာန အဖွဲ့ အစည်း၌ ဒေသရောင်းအားပမာဏ ဟူသော အကြောင်းအရင်း သုံးရပ်ကို ဘက်စုံ ထည့်သွင်းစဉ်းစားပါက တရုတ်-အမေရိကန် နှစ်ဖက်ကုန်သွယ် စီးပွားကူးသန်းမှု အကျိုးအမြတ် ခံစားရမှုမှာ အကြမ်းဖျင်းအားဖြင့် ညီမျှပေသည်။

တရုတ်-အမေရိကန် ကုန်သွယ်ရေး ညီမျှမှု ရှိ၊ မရှိကို ဖွံ့ဖြိုးတိုးတက်မှုဖြင့် ရှုမြင်ရန် လိုအပ်ပေသည်။ တရုတ် နိုင်ငံ၏ ပြည်ပကုန်သွယ်ရေး မှီခိုမှုအချိုးအစားမှာ ယခုရာစုနှစ် ကနဦးကာလက ၆၀ ရာခိုင်နှုန်းကျော်မှ ၂၀၂၄ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းကျော်အထိ လျော့နည်းခဲ့ကြောင်း ကိန်းဂဏန်း အချက်အလက်များတွင် ဖော်ပြထား သည်။ တရုတ်နိုင်ငံသည် ပြည်တွင်းဝယ်လိုအားကို စဉ်ဆက် မပြတ်မြှင့်တင်ခြင်း၊ ပြည်တွင်းလည်ပတ်မှုကို တိုးချဲ့လာခြင်းတို့နှင့်အတူ ယနေ့တွင် စားသုံးမှုမှာ တရုတ်စီးပွားရေး တိုးတက်မှု၏ အဓိကအကျဆုံး မောင်းနှင်အား ဖြစ်ခဲ့ပြီ ဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် ပိုငွေကို တမင်ရည်ရွယ်ချက်ရှိစွာ ဖော်ဆောင်ခြင်း မဟုတ်ပေ။ တရုတ်နိုင်ငံ၏ လက်ရှိ စာရင်း ပိုငွေ (Current Account Surplus) နှင့် စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ အချိုးအစားမှာ ၂၀၀၇ ခုနှစ်တွင် ၉.၉ ရာခိုင်နှုန်းမှ ၂၀၂၄ ခုနှစ်တွင် ၂.၂ ရာခိုင်နှုန်း အထိ လျော့နည်းလာခဲ့ပြီဖြစ်သည်။

တရုတ်-အမေရိကန် ကုန်သွယ်ရေး “မညီမျှမှု” သည် ခေါင်းစဉ်ပြခြင်းဖြစ်ပေသည်။ အမှန်စင်စစ် တွင်မူ တရုတ်- အမေရိကန်တွင် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားနှင့် ကျယ်ပြောသော ပူးပေါင်း ဆောင်ရွက်မှု အလားအလာ ရှိကြရာ နှစ်နိုင်ငံ ကုန်သွယ်စီးပွားဆက်ဆံရေး၏ အနှစ်သာရမှာ အပြန်အလှန် အကျိုးဖြစ် ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်ရန်ဖြစ်သည်။ တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ထူထောင်သည့် အချိန်မှစ၍ ကုန်သွယ်စီးပွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ်နက်ရှိုင်းခဲ့ရာ နှစ်နိုင်ငံသည် အပြန်အလှန်အားဖြင့် အရေးကြီးသည့် ကုန်သွယ်ရေး မိတ်ဖက်နှင့် နှစ်ဖက် အပြန်အလှန် ရင်းနှီးမြှုပ်နှံကြသော မိတ်ဖက်များ ဖြစ်သလို နိုင်ငံတကာ ဘဏ္ဍာရေးအကျပ်အတည်းများတွင် အခက်အခဲများကို အတူ တကွ ကျော်လွှားခဲ့ဖူးကြသည်။ ယင်းတွင် ဈေးကွက်အင်အား၏ မလွဲမသွေ ရွေးချယ်မှုများ ပါဝင်သလို နှစ်ဖက်၏ တူညီမှုများကို ရှာဖွေပြီး ကွဲပြားမှုများကို ထိန်းသိမ်းထားသည့် ဉာဏ်ပညာနှင့် အမြော်အမြင်အခင်းအကျင်း ပို၍ပင် ပါရှိကြပေသည်။

တရုတ်နိုင်ငံသည် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး၍ အဆင့်မြင့် ပြည်ပတံခါး ဖွင့်လှစ်မှု တိုးချဲ့ရေးကို မမှိတ်မသုန် အခိုင်အမာ ဆောင်ရွက်လျက်ရှိသလို ဈေးကွက်အသွင်၊ တရားဥပဒေ စိုးမိုးရေး အသွင်၊ နိုင်ငံတကာအသွင် ပထမတန်းစား စီးပွားရေးပတ်ဝန်းကျင်ကို တည်ဆောက်လျက်ရှိကြောင်း၊ အမေရိကန် ကုမ္ပဏီလုပ်ငန်းများ တရုတ်နိုင်ငံတွင် ဆက်လက် ရင်းနှီးမြှုပ်နှံရန်၊ ဖွံ့ဖြိုးတိုးတက်မှု၏ အခွင့် အလမ်းများကို အတူတကွ မျှဝေခံစားရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ စဉ်ဆက်မပြတ် တိုးတက်ရေးအတွက် တွန်းအားပေး အကျိုးဆောင်ရန် ကြိုဆိုကြောင်း တရုတ်နိုင်ငံဘက်က ကြိမ်ဖန်များစွာ ပြောကြား ခဲ့သည်။

“စည်ပင်သာယာဝပြောမှုကို အကောင်းဆုံးဖော်ဆောင်တဲ့နည်းလမ်းက အတားအဆီး တံတိုင်းမြင့် ကြီးထဲမှာ မရှိပါဘူး၊ တံခါးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ထားရမှာဖြစ်တယ်” ဟု အမေရိကန်နိုင်ငံ ဆီလီကွန်ဗယ်လီ နာမည်ကျော် incubators ကုမ္ပဏီဖြစ်သည့် “Founder Space” အမှုဆောင် အရာရှိချုပ် Steven Hoffman က ဆင်ဟွာ သတင်းထောက်၏ မေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ကုန်သွယ်မှု အရေးကိစ္စကို နိုင်ငံရေးအသွင်၊ ကိရိယာအသွင်၊ လက်နက်အသွင်၊ လုံခြုံရေးအသွင် အကျယ်ချဲ့ပြီး ကုမ္ပဏီလုပ်ငန်းများကို ဖိအားပေး ဘက်ရွေးရပ်တည်စေခြင်း၊ စီးပွားရေးစည်းမျဉ်း များကို ချိုးဖောက်သည့် ရွေးချယ်မှုလုပ်ခြင်းသည် ဈေးကွက်စည်းမျဉ်းစည်းကမ်း၊ တံခါးဖွင့် အခြေအနေကြီးနှင့်ကိုက်ညီမှုမရှိသလို တရုတ်-အမေရိကန် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း သမိုင်းက အဖန်တလဲလဲ သက်သေပြခဲ့သည်။ တရုတ်-အမေရိကန် သင့်မြတ်လျှင် နှစ်ဖက်အကျိုးဖြစ်ထွန်းမည် ဖြစ်ပြီး တိုက်ခိုက်လျှင် နှစ်ဖက်လုံး အထိနာမည် ဖြစ်ရာ တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်သော မုချမသွေ ရွေးချယ်မှု ဖြစ်ပေသည်။

ကိုးကား - ဆင်ဟွာ

ရေနံစိမ်းဈေးနှုန်း ကျဆင်းမှုနှင့် အကျိုးအမြတ်ပမာဏ လျော့ကျလာခြင်းတို့ကြောင့် Petronas ကုမ္ပဏီက လုပ်သားအင်အား ၁၀ ရာခိုင်နှုန်း လျှော့ချမည်

ကျဆင်းလာသည့် ရေနံစိမ်းဈေးနှုန်းနှင့် အကျိုးအမြတ် ပမာဏလျော့ကျလာခြင်းတို့ကြောင့် မလေးရှားနိုင်ငံပိုင် ရေနံကုမ္ပဏီကြီးဖြစ်သည့် Petronas က ကုန်ကျစရိတ်ကို လျှော့ချရန်အတွက် ၎င်း၏လုပ်သားအင်အားကို ၁၀ ရာခိုင်နှုန်း လျှော့ချမည်ဖြစ်သည်။

Petronas ကုမ္ပဏီအနေဖြင့် အကျိုးအမြတ် ကျဆင်းလာမှုနှင့် ဈေးကွက် မတည်ငြိမ်မှုများ၏ သက်ရောက်မှုများကြောင့် လုပ်သားဦးရေ ၅၀၀၀ ခန့်ကို လျှော့ချမည်ဖြစ်ကြောင်း အလုပ်အမှုဆောင်ချုပ် မူဟာမက် တောဖစ်က ဇွန်လ ၅ ရက်တွင်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ပြောသည်။ ထို့ပြင် အဆိုပါကုမ္ပဏီက လုပ်ဆောင်နေသည့် ဝန်ထမ်း အလုပ်ခန့်ထားခြင်းကိုလည်း လာမည့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအထိ ရပ်ဆိုင်းထားမည်ဖြစ်သည်။

Petronas ရေနံကုမ္ပဏီ၏ အကျိုးအမြတ် ပမာဏသည် ၂၀၂၃ ခုနှစ်တွင် ၂၁ ရာခိုင်နှုန်း၊ ၂၀၂၄ ခုနှစ်တွင် ၃၂ ရာခိုင်နှုန်းအသီးသီး ကျဆင်းခဲ့သည်။ ထို့ပြင် ရေနံစိမ်းဈေးနှုန်းများ ကျဆင်းလာမှုနှင့် ဈေးကွက်မတည်ငြိမ်မှုတို့ကြောင့် ၎င်းကုမ္ပဏီ၏ အကျိုးအမြတ်သည် ယခု ၂၀၂၅ ခုနှစ်တွင် ဆက်လက်ကျဆင်း လာနိုင်သည်ဟု ခန့်မှန်းထားသည်။

MWD Web Portal

ကုန်သွယ်ရေး တင်းမာမှုကြောင့် တရုတ်နှင့် အမေရိကန်တို့၏ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှု ၂၀ ရာခိုင်နှုန်း လျော့ကျ

တရုတ်နိုင်ငံနှင့်  အမေရိကန်ပြည်ထောင်စုတို့ကြား ဖြစ်ပွားသည့် ကုန်သွယ်ရေးတင်းမာမှုကြောင့် နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုသည် ယခုနှစ် ဧပြီလတွင် ၂၀ ရာခိုင်နှုန်း လျော့ကျသွားသည်ဟု တရုတ်အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နှစ်နိုင်ငံကြား အပြန်အလှန် ကုန်သွယ်မှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အလားတူကာလအတွင်း၌ ဒေါ်လာ ၅၆ ဒသမ ၄ ဘီလီယံရှိခဲ့သော်လည်း ယခုနှစ် ဧပြီလတွင်မူ ဒေါ်လာ ၄၅ ဒသမ ၆ ဘီလီယံအထိ ကျဆင်းသွားသည်။ အကယ်၍ ကုန်သွယ်ရေး တင်းမာမှုအခြေအနေသည် ပိုမိုဆိုးရွားလာမည်ဆိုပါက နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ထပ်မံကျဆင်းလာနိုင်ကြောင်း ကျွမ်းကျင်သူတစ်ဦးဖြစ်သူ အိုလ်ဂါ ဘီလန်ကာယာက သတိပေးထားသည်။

ထို့ပြင် တရုတ်နှင့်အမေရိကန် ပြည်ထောင်စုတို့ကြား အပြန်အလှန် ကုန်သွယ်မှု ကျဆင်းလာခြင်းသည် တရုတ်နိုင်ငံအတွင်းရှိ   စက်မှုထုတ်ကုန်ပစ္စည်း ဝယ်လိုအားကို ကျဆင်းလာစေနိုင်သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် စက်မှုကုန်ကြမ်းပစ္စည်း အများဆုံးကို တင်သွင်းနေသည့် နိုင်ငံဖြစ်ကြောင်း အကဲဖြတ်တစ်ဦးဖြစ်သူ နီကိုလိုင် ဒက်ချင်ကိုက ပြောသည်။

ထို့ပြင် ကုန်သွယ်ရေး တင်းမာမှုကြောင့် တရုတ်နိုင်ငံ အနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို အခြားနိုင်ငံများသို့ ဖြန့်ကြက်တင်ပို့ရန် လိုအပ်နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ကုန်သွယ်ရေးစင်္ကြံအတွက် ထိုင်း-ဗီယက်နမ်-တရုတ်တို့အား ဆက်သွယ် ပေးမည့် R12 လမ်းမကြီးတည်ဆောက်ရေးစီမံကိန်း လာအိုတွင် စတင်

ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်ပေးမည့် R12 အမည်ရှိ ကုန်သွယ်ရေးလမ်းမကြီးအား လာအိုနိုင်ငံတွင် စတင်တည်‌ဆောက်နေပြီ ဖြစ်ကြောင်း အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (Neighbouring Countries Economic Development Cooperation Agency-Neda) ဥက္ကဋ္ဌ Perames Vudthitornetiraks က ပြောကြားလိုက်ပါသည်။ အဆိုပါလမ်းမကြီး၏ စုစုပေါင်းအရှည်မှာ ၁၄၇ ကီလိုမီတာရှိမည်ဖြစ်ပါသည်။

R12 အမြန်လမ်းမကြီးတည်ဆောက်ခြင်းအား ထိုင်းနိုင်ငံ Nakhon Phanom နယ်စပ်ဂိတ်မှ ၁၇ ကီလိုမီတာအကွာတွင် တည်ရှိသည့် လာအိုနိုင်ငံ၏ Khammouane ပြည်နယ်ရှိ Thakhek မြို့မှ စတင်ဆောင်ရွက်မည် ဖြစ်ပြီး Yommalath နှင့် Boualapha မြို့များကိုလည်း ဆက်သွယ် ပေးမည်ဖြစ်ပါသည်။ ထို့နောက် လမ်းမကြီးတည်‌ဆောက်မှုမှာ ဗီယက်နမ် နိုင်ငံ Quang Binh ပြည်နယ်ရှိ Cha Lo နယ်စပ်ဂိတ်နှင့် မျက်နှာချင်း ဆိုင်တွင်ရှိသည့် လာအိုနိုင်ငံ Napao နယ်စပ်ဂိတ်တွင် ပြီးဆုံးမည် ဖြစ်သည်။ 

အဆိုပါလမ်းမကြီးသည် ထိုင်း-ဗီယက်နမ် ကုန်သွယ်ရေးလမ်းကြောင်းကို လွယ်ကူချောမွေ့စေရုံသာမက ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆက်သွယ် နိုင်ရန် လမ်းကြောင်းတစ်ခုအဖြစ်လည်း အရေးပါသည့်စီမံကိန်း ဖြစ်ပါသည်။ အဆိုပါအမြန်လမ်းမကြီးတည်ဆောက်မှုပြီးစီးပါက ထိုင်းနိုင်ငံ Nakhon Phanom မှ ဗီယက်နမ်သို့ ကားဖြင့်သွားရောက်ရာတွင် လက်ရှိကြာမြင့်ချိန် ၁၀ နာရီမှ  ၄ နာရီသို့ လျှော့ချပေးနိုင်မည်ဖြစ်ပါသည်။ လမ်းမကြီး ဖွင့်လှစ်ပြီး ပထမနှစ်အတွင်း ထိုင်းနိုင်ငံ၏ GDP မှာ ဘတ် ၁.၅၁ ဘီလီယံ အထိ လည်း‌ကောင်း၊ ဒုတိယနှစ်မှ ပဉ္စမနှစ်အတွင်း နှစ်စဉ် ဘတ် ၂.၈၄ ဘီလီယံ အထိလည်း‌ကောင်း ရရှိလာမည်ဟု ခန့်မှန်းထားပါသည်။

အဆိုပါလမ်းမကြီးစီမံကိန်းအတွက် Neda အေဂျင်စီအနေဖြင့် လာအို အစိုးရအား အတိုးနှုန်းသက်သာစွာဖြင့် တစ်နှစ်လျှင် ၁.၇၅%ဖြင့် ဘတ်ငွေ ၁.၇၄ ဘီလီယံ ချေးငွေထုတ်ပေးမည်ဖြစ်‌ကြောင်း ဥက္ကဋ္ဌ Perames က ပြောကြားခဲ့ပါသည်။ ချေးငွေပြန်ဆပ်ရမည့်ကာလမှာ စုစုပေါင်း နှစ် ၃၀ ကြာမြင့်မည်ဖြစ်သည်။ မိုးရာသီကာလပြီးဆုံးပါက လမ်းမကြီးအား စတင် တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ရေးကာလမှာ လ ၃၀ ခန့် ကြာမြင့်မည်ဟု မျှော်မှန်းထားပါသည်။

အဆိုပါစီမံကိန်းတွင် လမ်းမကြီးအား Asian Highway စံချိန်စံညွှန်း များနှင့်အညီ အဆင့်မြှင့်တင်ခြင်း၊ နယ်စပ်စစ်‌ဆေးရေးစခန်းများ၊ ရုံးခန်းများ၊ ကုန်သွယ်ရေးစခန်းများ၊ သိုလှောင်ရုံများ၊ အများပြည်သူသုံး ဝန်ဆောင်မှု များနှင့် နယ်စပ်အပန်းဖြေစခန်းများ တည်ဆောက်ခြင်းတို့ ပါဝင်မည် ဖြစ်ပါသည်။ ထို့ပြင် ရပ်ကွက်အတွင်းရှိ လမ်းဆုံများတွင် လျှပ်စစ် ဓာတ်အားပေးစနစ်များ ပြုပြင်သွားမည်ဖြစ်ပြီး အန္တရာယ်ရှိသော နေရာ များတွင် လုံခြုံရေးစနစ်များ တပ်ဆင်ကာ ခရီးသွားဧည့်ဝန်ဆောင်မှု များလည်း တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ကမ္ဘာ့ကုန်သွယ်ရေးတင်းမာမှုက လုပ်အားဈေးကွက်ကို ရိုက်ခတ်လျက် ရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ညွှန်ကြားရေးမှူးချုပ် ပြောကြား

ရိုက်ခတ်မှုများဖြစ်ပေါ်စေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ညွှန်ကြားရေးမှူးချုပ် Gilbert F. Houngbo က ဇွန် ၂ ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံတွင် ပြောကြားခဲ့သည်။

၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကို ဇွန် ၂ ရက်တွင် ဂျီနီဗာ၌ ဖွင့်လှစ် ကျင်းပ ခဲ့သည်။ ၂၀၂၅ ခုနှစ် ကမ္ဘာတစ်ဝန်း အသစ်တိုးလာသည့် အလုပ်အကိုင်အရေအတွက်သည် ၅၃ သန်း ရှိမည် ဟု ခန့်မှန်းထားပြီး ယမန်နှစ် အောက်တိုဘာလတွင် ခန့်မှန်းထားသည့် သန်း ၆၀ ထက် ၇ သန်း လျော့နည်း သွားရာ အဆိုပါအပြောင်းအလဲ၏ အဓိကအကြောင်းအရင်းမှာ ကုန်သွယ်ရေးတင်းမာမှုအခြေအနေ ပိုမို ဆိုးရွား လာခြင်းကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှောင့်နှေးလာရခြင်း ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (ILO) “ကမ္ဘာ့အလုပ်အကိုင်နှင့် လူမှုအဖွဲ့အစည်း အလားအလာများ အစီရင်ခံစာ” ၏ နောက်ဆုံး ခန့်မှန်းချက်အရ သိရသည်။

ဉာဏ်ရည်တုအား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းသည် ကမ္ဘာ့လုပ်အားဈေးကွက်အပေါ် နေ့စဉ် နှင့်အမျှ သိသာစွာသက်ရောက်လျက်ရှိပြီး မီဒီယာ၊ ဆော့(ဖ်)ဝဲ တီထွင်မှုနှင့် ဘဏ္ဍာရေးစသည့် ဒစ်ဂျစ်တယ် နည်းပညာအသွင် မြင့်မားသောအလုပ်အကိုင်များသည် နေ့စဉ်နှင့်အမျှ မြင့်တက်လာသော အန္တရာယ်များနှင့် ရင်ဆိုင်ရမည်ဖြစ်သလို တစ်ချိန်တည်းမှာပင် အလုပ်ပုံစံတစ်မျိုးတည်းအား ထပ်တလဲလဲလုပ်ကိုင်ရသည့် ကာယအားကိုးရသော အလုပ်အကိုင်များသည် “ပို၍ ထိလွယ် ခိုက်လွယ်ဖြစ်” လာမည်ဖြစ်ကြောင်း Houngbo က ပြောကြားခဲ့သည်။

ယခုအကြိမ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကို ဇွန် ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) မှ အဖွဲ့ဝင် ကိုယ်စားလှယ် ၁၈၇ ဦးက ဇီဝဘေး အန္တရာယ် ကာကွယ်ရေး၊ ဂုဏ်သိက္ခာရှိသောအလုပ်နှင့် “ပင်လယ်ရေကြောင်း အလုပ်သမားရေးဆိုင်ရာ သဘောတူ စာချုပ်” ပြင်ဆင်ရေး စသည့်ကိစ္စရပ်များကို အာရုံစိုက်ကာ အဓိကထားဆွေးနွေးသွားမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ၏ အာဏာ အကြီးဆုံး အဖွဲ့အစည်းဖြစ်ပြီး ညီလာခံကို မေလနှင့် ဇွန်လကြားတွင် ဂျီနီဗာ၌ နှစ်စဉ် တစ်ကြိမ် ကျင်းပ လေ့ရှိသည်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ကို ၁၉၁၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်တို့က ဖွဲ့စည်းထားသော သုံးပွင့်ဆိုင်အဖွဲ့အစည်းဖြစ်ရာ ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ အလုပ်အကိုင် အပြည့်အဝဖန်တီးရန်၊ အလုပ်သမားနှင့် အလုပ်ရှင်ကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်၊ အလုပ်သမား၏ အခြေအနေများ ပိုမိုကောင်းမွန်စေရန်၊ လူမှုဖူလုံရေးခံစားခွင့် ကျယ်ပြန့်စေရန်၊ အလုပ်သမားအခွင့်အရေးနှင့် အကျိုးစီးပွားကို အာမခံရန်၊ လူမှုတရားမျှတမှု ထိန်းသိမ်းရန် ဖြစ်သည်။ 

ကိုးကား- Xinhua