BYD ရဲ့ Sealion အမျိုးအစားထဲမှာ 06 လည်း ပါဝင်လာ
BYD ဆိုတာ လျှပ်စစ်ကားလောကမှာ ရောင်းအားအကောင်းဆုံး ကားကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ အလားတူပဲ သူ့ကုမ္ပဏီ ကထုတ်လုပ်တဲ့ Sealion ဆိုတာကလည်း နာမည်ကျော် လျှပ်စစ်ကားအမျိုးအစား တစ်မျိုးဖြစ်ပါတယ်။
အခု BYD က သူတို့ရဲ့နာမည်ကျော် Sealion လျှပ်စစ်ကား အမျိုးအစားထဲမှာ Sealion 06 ဆိုတဲ့ မော်ဒယ်တစ်မျိုးကို ထပ်မံ ထည့်သွင်းပေးလိုက်ပါပြီ။ ဒီမော်ဒယ်မှာတော့ အရင်လိုမျိုးလျှပ်စစ်ကား စွမ်းအင်သက်သက်ကိုသာ အသုံးပြုထားတဲ့မော်ဒယ်တစ်မျိုးတည်း မဟုတ်ဘဲ လျှပ်စစ်မော်တာနဲ့ အတွင်းလောင်အင်ဂျင်ကို ပေါင်းစပ်အသုံးပြုထားတဲ့ မော်ဒယ်ကိုပါ ထုတ်ဖော်ပြသလိုက်တာပါ။
အမြန်နှုန်းအနေနဲ့ လျှပ်စစ်စွမ်းအင် သီးသန့်သုံးကားက တစ်နာရီမှာ ၁၈၅ ကီလိုမီတာနှုန်းနဲ့သွားနိုင်ပြီး စွမ်းအင်နှစ်မျိုးစပ်သုံးကားက ကီလိုမီတာ ၁၈၀ နှုန်းနဲ့သွားနိုင်မှာဖြစ်တယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Source: https://myawady.net.mm/
နည်းပညာသတင်း