တရုတ်က Shenzhou-20 အာကာသယာဉ်ကိုလွှတ်တင်

News Image

  • တရုတ်က Shenzhou-20 အာကာသယာဉ်ကိုလွှတ်တင်

တရုတ်နိုင်ငံက   ၎င်းတို့၏ကိုယ်ပိုင်အာကာသစခန်းဖြစ်သည့်   ထျန်းကုန်း၌ သိပ္ပံစမ်းသပ်ချက်များစွာကို လုပ်ဆောင်မည့် Shenzhou-20 အာကာသယာဉ်ကို ဧပြီလ ၂၄ ရက်တွင် အောင်မြင်စွာလွှတ်တင်လိုက် ကြောင်းသိရသည်။

အဆိုပါအာကာသယာဉ်တွင် အာကာသယာဉ်မှူးသုံးဦးလိုက်ပါသွားပြီး ၎င်းတို့အနေဖြင့် အာကာသအတွင်းနေထိုင်မည့် သူများ ဒဏ်ရာရရှိပါက လွယ်လင့်တကူ ကုသမှုပေးနိုင်မည့် သိပ္ပံစမ်းသပ်ချက်များ၊ ထျန်းကုန်းအာကာသစခန်းကို အာကာသ အတွင်းလွင့်မျောနေသည့်အမှိုက်သရိုက်များ၏ ထိခိုက်မှုအန္တရာယ်များမှကာကွယ်ပေးနိုင်မည့်စနစ်များကို တပ်ဆင်စမ်းသပ်မှုများလုပ်ဆောင်သွားမည်ဖြစ်သည်။

Shenzhou-20 အာကာသယာဉ်ကို Long March 2F ဒုံးပျံပေါ်တွင်တင်ဆောင်၍ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျူကွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၇ မိနစ် တွင်လွှတ်တင်လိုက်ခြင်းဖြစ်သည်။ ၅ နာရီ ၃၆ မိနစ်တွင်မူ အာကာသယာဉ်သည် ပတ်လမ်းအတွင်းသို့အောင်မြင်စွာဝင်ရောက်သွားကြောင်းသိရသည်။      

Ref: SCMP

Source: https://myawady.net.mm/