သတင်းများ

အီရန်ဆိပ်ကမ်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ ဦးရေ (၄၀) ဦးထိ မြင့်တက်လာ

အီရန်၏အကြီးဆုံးစီးပွားရေးဆိပ်ကမ်းတစ်ခုတွင် ကြီးမားသည့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူဦးရေမှာ (၄၀)ဦးထိ မြင့်တက်လာခဲ့ပြီး အခြားလူ(၁၀၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကြက်ခြေနီအဖွဲ့အကြီးအကဲ Pirhossein Koolivand က ပြောကြားခဲ့ပါသည်။ ပေါက်ကွဲမှုသည် Hormuz ရေလက်ကြားအနီး အီရန်နိုင်ငံ တောင်ပိုင်း Shahid Rajaee ဆိပ်ကမ်း၌ ဧပြီလ(၂၆)ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ အဆိုပါပေါက်ကွဲမှုသည် အန္တရာယ်ရှိသည့် ဓါတုဗေဒပစ္စည်းများ သိုလှောင်သည့်နေရာတွင် မီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိပ်ကမ်း၏အကောက်ခွန်ရုံးက ထုတ်ပြန်ပြောကြားခဲ့ပါသည်။

ထို့အပြင် ပေါက်ကွဲမှုအတွင်း ကွန်တိန်နာအများအပြားလည်း ပေါက်ကွဲသွားခဲ့သည်ဟု ဒေသဆိုင်ရာအရေးပေါ်အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။ Pirhossein Koolivand က “ကံမကောင်းစွာဖြင့် အဆိုပါ ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေသည် (၄၀) ဦး ထိ မြင့်တက်လာခဲ့ပြီဖြစ်ပါကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် လူပေါင်း (၁၀၀၀) ကျော်ကို ကုသမှုများ လုပ်ဆောင်ရန်အတွက် တီဟီရန်မြို့ကို လွှဲပြောင်းပေးထားပါကြောင်း၊ လက်ရှိအချိန်အထိ မီးကို ထိန်းချုပ်နိုင်ခဲ့သော်လည်း အပြီးတိုင် ငြိမ်းသတ်နိုင်ခြင်းမျိုး မရှိသေးပါ” ဟု ပြောခဲ့ပါသည်။

ကိုးကား-NP News

အီလီနွိုင်းပြည်နယ် Chatham မြို့ရှိ ကျောင်းဆင်းချိန် ကလေး စုဝေးရာနေရာသို့ ကားဝင်တိုက်မှုကြောင့် ကလေး ၄ ဦးသေဆုံး၊ ဒဏ်ရာရသူ များပြား

ပြီးခဲ့သည့် တနင်္လာနေ့ (ဧပြီ ၂၈) ညနေ ၃:၂၀ ခန့်တွင် ယာဉ်တစ်စီးသည် YNOT အမည်ရှိ ကျောင်းဝင်း၏ အရှေ့ဘက်အခြမ်းကို ဖြတ်မောင်းလာခဲ့ရာ ကျောင်းဆင်းချိန်ဖြစ်သဖြင့် ကလေးများ စုဝေးရာနေရာသို့ ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ကလေး ၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြကြောင်း အီလီနွိုင်းပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား ပါသည်။

သေဆုံးသူများသည် အသက် ၄ နှစ်မှ ၁၈ နှစ်ကြား ကလေးများ ဖြစ်နိုင်ကြောင်း၊ အဆောက်အဦအပြင်ဘက်တွင် ၃ ဦး၊ အတွင်းတွင် ၁ ဦး ထိခိုက် သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲများက ပြောကြားထားပါသည်။

ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ခဲ့ရပြီး တစ်ဦးမှာ ရဟတ်ယာဉ်ဖြင့် သယ်ဆောင်ခဲ့ရသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ က ပြောကြားထားပါသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

စပိန်နှင့် ပေါ်တူဂီတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပွား

စပိန်နှင့် ပေါ်တူဂီနိုင်ငံ၏ နေရာအများအပြားတွင် အကြီးစား လျှပ်စစ်မီး ပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရပြီး၊ ယာဉ်အချက်ပြစနစ်များ ရပ်တန့်သွားခဲ့ကာ လေဆိပ်နှင့် ရထားဘူတာရုံများတွင် ကမောက်ကမ အခြေအနေ များ ဖြစ်ပေါ်ခဲ့သည်။

စပိန်နိုင်ငံ၏ ဓာတ်အားလိုင်း လည်ပတ်ရေးကုမ္ပဏီ Red Electrica က ပြန်လည်ပြုပြင်ရန် စွမ်းအင်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သည်။

“ဖြစ်ရသည့်အကြောင်းအရင်းများကို စစ်ဆေးလျက်ရှိပြီး၊ ပြန်လည်ပြုပြင်ရန် လိုအပ်သောအရင်းအမြစ်အားလုံးကို အသုံးပြုဆောင်ရွက်လျက်ရှိသည်” ဟု ၎င်းတို့က ထုတ်ပြန်ခဲ့သည်။

စပိန်၏ ဓာတ်အားလိုင်း ကုမ္ပဏီ Red Electrica က ချို့ယွင်းမှု၏ အကြောင်းအရင်းကိုရှာဖွေကာ လျှပ်စစ်မီးပြန်လည်ပေးနိုင်ရေး စွမ်းအင်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

မက်ဒရစ် အပြည်ပြည်ဆိုင်ရာလေဆိပ် (Adolfo Suárez Madrid-Barajas) နှင့် ဘာစီလိုနာ လေဆိပ် (Josep Tarradellas Barcelona-El Prat) တို့တွင် “လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အချို့သော နှောင့်နှေးမှုများ ဖြစ်ပေါ်နေ” ဟု အသိပေးချက်များ ထုတ်ပြန်ထားသည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တရုတ်နိုင်ငံက နျူကလီးယားစွမ်းအင်အသုံးပြုမှုတွင် ကမ္ဘာ့ထိပ်တန်းအဆင့်သို့ရောက်ရှိလာ

တရုတ်နိုင်ငံသည်   နျူကလီးယားစွမ်းအင်အသုံးပြုမှုတွင်  ကမ္ဘာ့ထိပ်တန်းအဆင့်သို့   ရောက်ရှိလာပြီဖြစ်ကြောင်း တရုတ်အစိုးရ၏  နျူကလီးယားစွမ်းအင်အာဏာပိုင်အဖွဲ့ (CNEA) က ဧပြီလ ၂၇ ရက်တွင်ထုတ်ပြန်သည်။

“လက်ရှိအချိန်မှာ   တရုတ်နိုင်ငံကပိုင်ဆိုင်ထားပြီး လုပ်ငန်းလည်ပတ်နေဆဲ၊ တည်ဆောက်နေဆဲနှင့် တည်ဆောက်ရန် ခွင့်ပြုထားတဲ့  နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံပေါင်း ၁၀၂ လုံးရှိပြီး လည်ပတ်စက်စွမ်းအားက ကီလိုဝပ် ၁၁၃ သန်းရှိပါတယ်။ ဒါကြောင့် နျူကလီးယား စွမ်းအင် အသုံးပြုနိုင်မှုပမာဏမှာဆိုရင် တရုတ်နိုင်ငံက ကမ္ဘာ့ထိပ်တန်းအဆင့်ကို ပထမဆုံးအကြိမ်ရောက်ရှိလာပြီလို့ပြော လို့ရပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိတည် ဆောက်လျက်ရှိသော  နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအလုံးပေါင်း ၂၈ လုံးအထိရှိပြီး ထိုစက်ရုံများမှထွက်ရှိလာမည့်လျှပ်စစ်ဓာတ်အားပမာဏသည် ကီလိုဝပ် ၃၃ ဒသမ ၆၅ သန်းအထိရှိမည်ဖြစ်သည်။

ထို့ပြင် လက်ရှိလည်ပတ်အသုံးပြုနေ သော နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံပေါင်း ၅၈ လုံးရှိပြီး စုစုပေါင်း လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၆၀ ဒသမ ၉၆ သန်းကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။ ပြီးခဲ့သည့်နှစ်တွင် နိုင်ငံ၏စွမ်းအင်သုံးစွဲမှုပမာဏစုစုပေါင်းအနက် ၄ ဒသမ ၇၂ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင်သုံး  ဓာတ်အားပေးစက်ရုံများမှ ရရှိခြင်းဖြစ် ကြောင်းသိရသည်။           

Ref: Sputnik

Source: https://myawady.net.mm/

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား သယ်ယူပို့ဆောင်ပေးသည့် ခရီးသည်ဦးရေ စုစုပေါင်း ၉ သန်းရှိလာ

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်တွင် စတင်ပြေးဆွဲသည့်အချိန်မှစ၍ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇ ရက် အထိ ခရီးသွားဦးရေ စုစုပေါင်း ၉ သန်း ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကာ EMU ကျည်ဆန်ရထား ၂၆,၁၆၈ စင်း ပြေးဆွဲခဲ့ပြီး ဘေးကင်းလုံခြုံစွာ ပြေးဆွဲသည့် ခရီးစဉ် အကွာအဝေးသည် ကီလိုမီတာပေါင်း ၄.၁၁ သန်းကျော်ရှိကြောင်း သတင်းထောက်က ဧပြီ ၂၈ ရက်တွင် အင်ဒိုနီးရှား-တရုတ် မြန်နှုန်းမြင့် ရထား ကုမ္ပဏီလီမိတက် (KCIC) ထံမှ သိရှိရသည်။

ဂျကာတာနှင့် ဘန်ဒေါင်းအား ချိတ်ဆက်ထားသည့် အရေးပါသည့် လမ်းပန်းဆက်သွယ်ရေး နည်းလမ်းအနေဖြင့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်း မြင့်ရထားသည် ဘေးကင်းလုံခြုံသော၊ အစိမ်းရောင်ဖြစ်သော၊ ထိရောက်မှုမြင့်သော၊ သက်သောင့်သက်သာရှိသောသွားလာမှုကို ခံစားနိုင်သောကြောင့်အင်ဒိုနီးရှားပြည်သူများ၏ ကြိုက်နှစ်သက်ခြင်းခံရသည်။ လက်ရှိတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားသည် နေ့စဉ် ရထားအစင်းရေ ၆၂ စင်း ပြေးဆွဲလျက်ရှိပြီး တစ်နေ့ချင်း ပို့ဆောင်သော ခရီးသည် ခရီးသွား ဦးရေသည် အများဆုံး ၂၄,၃၅၀ ရှိကြောင်း သိရသည်။

ဧပြီလဆန်းပိုင်းတွင် ပြီးဆုံးခဲ့သည့် ၂၀၂၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ရာမ်ဇန် ဥပုသ် ပိတ်ရက်ကာလအတွင်း ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထား၏ ခရီးသွားဧည့်သည်ပမာဏသည် အဆက်မပြတ်တိုးတက်လာပြီး စုစုပေါင်း ခရီးသည် ဦးရေ ၃၄၁,၁၀၀ ပို့ဆောင်ပေးခဲ့ကာ တစ်နေ့ပျမ်းမျှ ပို့ဆောင်ပေးသည့် ခရီးသည် ခရီးသွားပမာဏကို အကြိမ်ရေ ၁၆,၅၀၀ မှ ၂၃,၅၀၀ ကြားတွင် ထိန်းထားကြောင်း သိရသည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းကို တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံက ပူးပေါင်းတည်ဆောက်ခြင်းဖြစ်ပြီး စုစုပေါင်းအရှည် ၁၄၂.၃ ကီလိုမီတာရှိသည်။ အမြင့်ဆုံး ပြေးဆွဲမှုအမြန်နှုန်းမှာ တစ်နာရီလျှင် ၃၅၀ ကီလိုမီတာဖြစ်သဖြင့် ဂျကာတာမှ ဘန်ဒေါင်းအထိ ခရီးသွားသည့် ကြာချိန်ကို မူလက ၃ နာရီကျော်မှ ၄၆ မိနစ်အထိ လျှော့ချပေးကာ အင်ဒိုနီးရှား ပြည်သူများအတွက် ထိရောက်မှုမြင့်မားသော၊ လွယ်ကူသော ခရီးသွားလာမှုနည်းလမ်းကို ပံ့ပိုးပေးခဲ့သည်။ 

ကိုးကား- Xinhua

တရုတ်က ကမ္ဘာ့အမြင့်ဆုံး တံတားဆောက်လုပ်နေ

ကမ္ဘာ့အမြင့်ဆုံးတံတား ၁၀၀ တွင် ထက်ဝက်နီးပါးခန့်သည် တရုတ်နိုင်ငံ၊ တောင်တန်းဒေသဖြစ်သည့် တရုတ်နိုင်ငံ ကွေကျိုးပြည်နယ်၌ တည်ရှိပါသည်။ အဆိုပါတံတားများထက် ပိုမြင့်မားမည့် ကမ္ဘာ့အမြင့်ဆုံး တံတားတစ်စင်းကို လာမည့်ဇွန်လအတွင်းတွင် ဖွင့်လှစ်သွားမည်ဟု သိရပါသည်။ Huajiang Grand Canyon အမည်ရှိ တံတားသစ်သည် မြစ်ရေ မျက်နှာပြင်အထက် ၂,၀၅၁ ပေ (၆၂၅ မီတာ) မြင့်ပြီး လက်ရှိ ကမ္ဘာ့အမြင့်ဆုံး တံတားဖြစ်သည့် ပြင်သစ်နိုင်ငံ၏ Millau Viaduct တံတားထက် ၉၄၇ ပေ မြင့်မားမည် ဖြစ်ပါသည်။ အဆိုပါတံတားသစ်သည် ချောက်ကမ်းပါးကို ဖြတ်သန်းသွားလာနေရသည့် ခရီးသွားလာချိန်ကို နှစ်နာရီမှ တစ်မိနစ်သို့ လျှော့ချပေးနိုင်မည်

ကမ္ဘာ့အမြင့်ဆုံးတံတား ၁၀၀ တွင် ထက်ဝက်နီးပါးခန့်သည် တရုတ်နိုင်ငံ၊ တောင်တန်းဒေသဖြစ်သည့် တရုတ်နိုင်ငံ ကွေကျိုးပြည်နယ်၌ တည်ရှိပါသည်။ အဆိုပါတံတားများထက် ပိုမြင့်မားမည့် ကမ္ဘာ့အမြင့်ဆုံး တံတားတစ်စင်းကို လာမည့်ဇွန်လအတွင်းတွင် ဖွင့်လှစ်သွားမည်ဟု သိရပါသည်။ Huajiang Grand Canyon အမည်ရှိ တံတားသစ်သည် မြစ်ရေ မျက်နှာပြင်အထက် ၂,၀၅၁ ပေ (၆၂၅ မီတာ) မြင့်ပြီး လက်ရှိ ကမ္ဘာ့အမြင့်ဆုံး တံတားဖြစ်သည့် ပြင်သစ်နိုင်ငံ၏ Millau Viaduct တံတားထက် ၉၄၇ ပေ မြင့်မားမည် ဖြစ်ပါသည်။ အဆိုပါတံတားသစ်သည် ချောက်ကမ်းပါးကို ဖြတ်သန်းသွားလာနေရသည့် ခရီးသွားလာချိန်ကို နှစ်နာရီမှ တစ်မိနစ်သို့ လျှော့ချပေးနိုင်မည်ဟု သိရပါသည်။ 

ဉာဏ်ရည်တုနည်းပညာဖြင့် အခြားနိုင်ငံများထက် အသာစီးရစေရန် ကြိုးပမ်းလာသည့် ရုရှား

ရုရှားနိုင်ငံသည် လက်ရှိကာလနှင့် လာမည့်အနာဂတ်ကာလတို့တွင် ကာကွယ်ရေးနှင့် သက်ဆိုင်သည့် အရေးကိစ္စရပ်များတွင်   ဉာဏ်ရည်တုနည်းပညာကို အသုံးချခြင်းဖြင့် အသာစီးရယူနိုင်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က တိုက်တွန်းလိုက်သည်ကို တွေ့ရသည်။

ဉာဏ်ရည်တုနည်းပညာကို ကာကွယ်ရေးကဏ္ဍနှင့် အသုံးပြုနိုင်ခြင်းသည် အလွန်အရေးပါသည့် ဆောင်ရွက်မှုဖြစ်ပြီး မည်သည့်နိုင်ငံ၊   မည်သည့်အဖွဲ့အစည်းကဖြစ်စေ အဆိုပါနည်းပညာကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရေး၊ အထူးသဖြင့် ကာကွယ်ရေးကဏ္ဍ၌ အသုံးပြုနိုင်ရန်အတွက် အလျင်အမြန်ကြိုးပမ်းလုပ်ဆောင်နိုင်ခြင်းသည် စစ်မြေပြင်၌ ပြိုင်ဘက်ရန်သူများအပေါ် အသာစီးရရှိနိုင်မည်ဖြစ်ကြောင်း သမ္မတပူတင်က ယခုရက်သတ္တပတ်အတွင်းက ကျင်းပခဲ့သည့် ကာကွယ်ရေးကော်မရှင်အစည်းအဝေးပွဲတစ်ခု၌ တိုက်တွန်းပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် အထူးစစ်ဆင်ရေးဆင်နွှဲနေသည့် နယ်မြေအတွင်းရှိ တပ်ဖွဲ့ဝင်များအတွက် လက်နက်ခဲယမ်းထောက်ပံ့ပေးနိုင်ရေးအတွက် ဦးစားပေးလုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံအနေဖြင့်   ကမ္ဘာပတ်လမ်းအတွင်း၌ ထောက်လှမ်းရေးစနစ်တစ်ခု ဖွဲ့စည်းတည်ထောင်ရေးကိုလည်း အချိန်မီအပြီးသတ်လုပ်ဆောင်ရန်  အဆိုပါအစည်းအဝေး၌ ညွှန်ကြားခဲ့သည်။ အဆိုပါထောက်လှမ်းရေးစနစ်သည် ရန်သူတပ်များ၏ လုပ်ဆောင်မှု အားလုံးကို ထောက်လှမ်းနိုင်မည်ဖြစ်သည်။

ကမ္ဘာပတ်လမ်းအတွင်း၌ ထောက်လှမ်းရေးစနစ်တစ်ခု ဖွဲ့စည်းတည်ထောင်ရေးကို အပြီးသတ် လုပ်ဆောင်နိုင်ပြီဆိုပါက ဘက်စုံအသုံးပြုနိုင်သည့် အာကာသယာဉ်များပါဝင်သည့် ထောက်လှမ်းရေး စနစ်ကို အသုံးပြု၍ ရုရှားတပ်ဖွဲ့ဝင်များ သွားလာရာတွင် အခက်အခဲနှင့် တွေ့ကြုံနိုင်သည့် နေရာဒေသများတွင် စုံစမ်းထောက်လှမ်းမှုများကို လုပ်ဆောင်နိုင်ရန် ရုရှားနိုင်ငံက ရည်မှန်းထားခြင်းဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရပါမူ ရုရှားနိုင်ငံသည် ဉာဏ်ရည်တုနည်းပညာကို အသုံးပြု၍  ပြိုင်ဘက်နိုင်ငံများနှင့် ရန်လိုသည့်နိုင်ငံများအပေါ် အသာစီးရရှိနိုင်ရေးအတွက် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည် ဟုဆိုနိုင်သည်။

အဘယ့်ကြောင့်ဆိုသော် ဉာဏ်ရည်တုနည်းပညာကို  ကာကွယ်ရေးကဏ္ဍ၌ ထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် အဆိုပါနည်းပညာတွင် အခြားနိုင်ငံများထက် သာလွန်နိုင်စေရန်အတွက် အင်အားကြီးနိုင်ငံများက သူ့ထက်ငါအပြိုင်ယှဉ်ပြိုင်ကြိုးပမ်းနေခြင်းကြောင့်ဖြစ်သည်။

ထို့ပြင် လက်ရှိ ရုရှားနိုင်ငံက ဆင်နွှဲနေသည့် အထူးစစ်ဆင်ရေးမှ ရရှိသည့်အတွေ့အကြုံများကို ကမ္ဘာ့နိုင်ငံအများအပြားမှ တပ်မတော်များက နည်းဗျူဟာနှင့် စစ်လက်နက်ပစ္စည်းဆိုင်ရာ နည်းပညာရှုထောင့်မှစောင့်ကြည့်နေခြင်းကြောင့် ရုရှားအနေဖြင့် နည်းပညာပိုင်းတွင် အသာစီး ရရှိနိုင်ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်သည်။

ရုရှားနိုင်ငံသည် ယူကရိန်းတွင် လက်ရှိဆင်နွှဲနေသည့် အထူးစစ်ဆင်ရေးအတွက် လိုအပ်သည့် နည်းပညာမြင့် ဒရုန်းများကို ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာပင် အစင်းပေါင်း ၁ ဒသမ ၅ သန်းထုတ်လုပ်ပေးပို့ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ရုရှားတပ်ဖွဲ့ဝင်များသည် သံချပ်ကာယာဉ် အစင်းပေါင်း ၄၀၀၀  ကျော်၊ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်အစင်းပေါင်း ၁၈၀ ကိုလည်း ပေးပို့ထားပြီးဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် လိုအပ်ချက်များရှိနေသေးခြင်းကြောင့် ရုရှားအစိုးရအနေဖြင့် သက်ဆိုင်ရာ လေ့လာမှုများကို လုပ်ဆောင်လျက်ရှိပြီး တပ်ဖွဲ့ဝင်များ၏နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ရုရှားနိုင်ငံအနေဖြင့် အဆင့်မြင့်နည်းပညာသုံး ဒရုန်းများအပါအဝင် လက်နက်ဆန်းများကို ထုတ်လုပ်ရန်အတွက်လည်း    ပူတင်က ညွှန်ကြားထားပြီးဖြစ်သည်။

လက်ရှိတွင် ရုရှားနိုင်ငံ၏ အီလက်ထရွန်နစ်စစ်ဆင်ရေးသုံး လက်နက်များနှင့် ဆက်သွယ်ရေး စနစ်များအား ထုတ်လုပ်နိုင်မှုသည် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်က ထုတ်လုပ်သည့် ပမာဏနှင့် နှိုင်းယှဉ်ပါက နှစ်ဆ မြင့်တက်လာခဲ့ သည်ကိုတွေ့ရသည်။

ရုရှားနိုင်ငံသည်   ကာကွယ်ရေးနည်းပညာတိုးတက်မှုကို ဦးစားပေးလုပ်ဆောင်ခဲ့ခြင်းကြောင့် ယခုအခါ အနောက်နိုင်ငံများမှ ထုတ်လုပ်ထားသည့် ဒရုန်းများကို ယှဉ်ပြိုင်ချေမှုန်းနိုင်သည့် Supercam S350 ဒရုန်းကို ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါဒရုန်းကို     ထုတ်လုပ်ရာတွင် အဆင့်မြင့်နည်းပညာများကို အသုံးပြုထားပြီး ရုပ်ထွက်ကြည်လင်မှုရှိသည့် ဗီဒီယိုနှင့် ကင်မရာများကို တပ်ဆင်ထားခြင်းကြောင့် အကွာအဝေး ၁၂၀၀ မီတာရှိ ရန်သူ၏ ပစ်မှတ်များကို ရန်သူတပ်ဖွဲ့ဝင်များက သတိထားခြင်းမရှိဘဲ ပစ်ခတ်ချေမှုန်းနိုင်စွမ်းရှိသည်။

Supercam S350 ဒရုန်းသည် အစ္စရေးနှင့် အမေရိကန်တို့က ထုတ်လုပ်ထားသည့် ဒရုန်းများနှင့်မတူသည့်အချက်မှာ ထုတ်လုပ်ရာတွင် ကုန်ကျစရိတ်နည်းပါးခြင်းဖြစ်သည်။

ထို့ကြောင့် လာမည့် အနာဂတ်ကာလတွင် အခြားနိုင်ငံများမှ တပ်မတော်များအနေဖြင့် အဆိုပါဒရုန်းကို  ပိုမိုအသုံးပြုလာမည့် အလားအလာရှိသည်။ အဆိုပါဒရုန်းကို လျှပ်စစ်မော်တာဖြင့် ထိန်းချုပ်မောင်းနှင်ခြင်းဖြစ်သောကြောင့် တိတ်တဆိတ်လုပ်ဆောင်ရသည့် လျှို့ဝှက်စစ်ဆင်ရေးများအတွက် အထူးပင်သင့်လျော်မှု ရှိသည်။ ၎င်းဒရုန်း၏ ကိုယ်ပျောက်စွမ်းရည် (ရေဒါရှောင်ရှားနိုင်မှု) သည် ရန်သူ၏ တည်နေရာနှင့်ထောက်လှမ်းရေးသတင်းများကို ရယူစုဆောင်းရာတွင်လည်း များစွာသင့်တော်မှုရှိသည်ဟုဆိုသည်။

ရုရှားနိုင်ငံသည် ၎င်းတို့၏အဆင့်မြင့်နည်းပညာသုံး Supercam S350 ဒရုန်းကို အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) တွင် ပြီးခဲ့သည့်နှစ်အတွင်းက ကျင်းပခဲ့သည့် လေကြောင်းပြပွဲ၌ လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့သည်။

ထို့ကြောင့် ရုရှားနိုင်ငံ၏ နည်းပညာတိုးတက်မှုနှင့်အတူ စစ်မြေပြင်တွင်လက်ရှိ လိုအပ်နေသည့် လိုအပ်ချက်များကို ထိရောက်စွာဖြည့်ဆည်းနိုင်ရေးအတွက် ဉာဏ်ရည်တုနည်းပညာ တိုးတက်ရေးအတွက်  ဆက်လက်၍ ဦးစားပေးလုပ်ဆောင်နေခြင်းကြောင့် ကာကွယ်ရေးကဏ္ဍတွင် ရုရှားနိုင်ငံသည်ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်သည်။                          

 Ref;Sputnik

သက်ရှိထင်ရှား ကမ္ဘာ့အရပ်အရှည်ဆုံးလူသား

ယနေ့ကမ္ဘာပေါ်တွင် အရပ်အရှည်ဆုံးလူသားမှာ တူရကီနိုင်ငံသား ဆူလတန် ကိုဆမ်း (Sultan Kösen) ဖြစ်ပါသည်။ ၎င်းကို ၁၉၈၂ ခုနှစ် ၊ ဒီဇင်ဘာလ ၁၀ ရက်တွင် မွေးဖွားခဲ့ပါသည်။ ကိုဆမ်းသည် လယ်သမားတစ်ဦး ဖြစ်ပါသည်။ ၎င်း၏ အရပ်အမြင့်မှာ ၂၅၁ စင်တီမီတာ ၈ ပေ ၂.၈၂ လက်မ ရှိသဖြင့် ကမ္ဘာပေါ်တွင် အရပ်အရှည်ဆုံးလူသားအဖြစ် ၂၀၁၀ ပြည့်နှစ်တွင် ဂရင်းနစ်စံတော်ချိန် တင်ခံထားရသူဖြစ်ပါသည်။ 

ဆူလတန် ကိုဆန်း၏ ကိုယ်ခန္ဓာကြီးထွားမှုသည် gigantism နှင့် acromegaly ဆိုင်ရာ ရောဂါများကြောင့်ဖြစ်ပြီး၊ ဦးနှောက်အတွင်းရှိ pituitary gland ကို ထိခိုက်စေသော အကျိတ်တစ်ခုကြောင့် ဟော်မုန်းများ ပုံမှန်မဟုတ်ဘဲ ထုတ်လုပ်မှုများပြားခြင်းကြောင့် ဖြစ်ပါသည်။

ကိုးကား- ဝီကီပီးဒီးယား

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနအခမ်းအနားကို ရောမမြို့၌ကျင်းပ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပန အခမ်းအနားကို ရောမမြို့တော်ရှိ ဆန်တာမာရီယာ မက်ဂီရော်၌  ဧပြီလ ၂၆ ရက်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဈာပနအခမ်းအနားကို ဒေသစံတော်ချိန်  မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး၏  ရုပ်အလောင်းဂူသွင်းသင်္ဂြိုဟ်ခြင်းကို  မွန်းလွဲ   ၁   နာရီခွဲတွင် အပြီးကျင်းပခဲ့ခြင်းဖြစ်သည်။    ဈာပနအခမ်းအနားကို ကာဒီနယ် ချိန်ဘာလန်ဂို၏ ဦးဆောင်မှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရိုမန်ကက်သလစ်ဘာသာဝင်တို့၏ ထုံးတမ်းဓလေ့နှင့်အညီ   လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီး၏ နောက်ဆုံးနှုတ်ဆက်ပွဲဈာပနအခမ်းအနားကို ဗာတီကန်စီးတီး၌လည်း ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် နိုင်ငံ့အကြီးအကဲ   ၅၀   ခန့်တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရုရှားယဉ်ကျေးမှုဝန်ကြီး အိုလ်ဂါ လူဘီမိုဗာ တက်ရောက်ခဲ့ကြောင်းသိရသည်။

ပုပ်ရဟန်းမင်းကြီးသည် သက်တော် ၈၉ နှစ်အရွယ် ဧပြီလ ၂၁ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဈာပနအခမ်းအနားသို့ လူပေါင်းသိန်းချီ၍    လိုက်လံပို့ဆောင်ခဲ့ကြောင်းသိရသည်။                                                        

 Ref: Ivt

သက်ရှိထင်ရှား ကမ္ဘာ့အရပ်အပုဆုံးလူသား

ကမ္ဘာ့အရပ်အပုဆုံးလူသားမှာ အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး) နိုင်ငံသား Afshin Ghaderzadeh ဆိုသူဖြစ် ပါသည်။ ၎င်းကို ၂၀၀၂ ခုနှစ် ၊ ဇူလိုင် ၁၃ ရက်တွင် အီရန်နိုင်ငံ၌ မွေးဖွားခဲ့ပါသည်။ ၎င်း၏ အရပ်အမြင့် မှာ ၂၀၂၂ ခုနှစ်တွင် တိုင်းတာချက်အရ ၆၅.၂၄ စင်တီမီတာ (၂ ပေ ၁.၆၈ လက်မ)ရှိသဖြင့် သက်ရှိထင်ရှား ကမ္ဘာ့အရပ်အပုဆုံးလူသားအဖြစ် ဂရင်းနစ် စံချိန် မှတ်တမ်းဝင်ခဲ့ပါသည်။

Afshin သည် ဂင်းနစ်ကမ္ဘာ့စံချိန်မှ အတည်ပြုထားသော စတုတ္ထမြောက် အရပ်အပုဆုံး လူသားဖြစ်ပါသည်။ မွေးဖွားချိန်ကိုယ်အလေးချိန်မှာ ၇၀၀ ဂရမ် (၁.၅ ပေါင်) ရှိပြီး လက်ရှိအချိန်တွင် ၆.၅ ကီလိုဂရမ်နီးပါး (၁၄.၃ ပေါင်) ရှိပါသည်။

၎င်းသည် ကာတွန်းကားကြည့်ရှုခြင်း၊ လူမှုမီဒီယာသုံးစွဲခြင်းနှင့် ဘောလုံးပွဲ များ ကြည့်ရှုခြင်းတို့ကို အထူးစိတ်ဝင်စားပါသည်။ 

၎င်း၏ ထူးခြားသော ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် ကမ္ဘာတစ်ဝှမ်းမှ လူသိများပြီး ၎င်း၏ ရဲရင့်မှုနှင့် ပျော်ရွှင်သော ဘဝနေထိုင်မှုပုံစံအတွက် လူအများ၏ အားကျအတုယူမှုကို ရရှိထားသူဖြစ်သည်။

ကိုးကား - ဂရင်းနစ်ကမ္ဘာ့မှတ်တမ်း website