ဘက်ထရီစွမ်းအင် ၇၀၀၀ အားနဲ့ ထွက်လာမယ့် Oppo K13
Oppo ကုမ္ပဏီက K13 မော်ဒယ်မြင့် ဖုန်းကိုမိတ်ဆက်ခြင်းအားဖြင့် K series စမတ်ဖုန်းတွေထုတ်လုပ်မှုကို တိုးချဲ့လိုက်ပါပြီ။ အခုမိတ်ဆက်လိုက်တဲ့ K13 ဖုန်းမှာ အထူးခြားဆုံးက သူ့ရဲ့ဘက်ထရီပါ။
ဘက်ထရီပမာဏကို ၇၀၀၀ အားထည့် သွင်းပေးထားပြီးတော့ ဒီလောက်များတဲ့ ဘက်ထရီအားအတွက် အားအဝင်မြန်စေဖို့ကို ဝပ်အား ၈၀ အားသွင်းစနစ်ကိုအသုံးပြုထားပါတယ်။ ဒီအတွက်ကြောင့် ၁၀၀ ရာခိုင်နှုန်းအထိ အားအပြည့်သွင်းမယ်ဆိုရင် အချိန်အားဖြင့် ၅၆ မိနစ်ပဲကြာမယ် လို့ဆိုပါတယ်။
စက်လည်ပတ်မှုအတွက် Snapdragon 6th Generation ကို RAM 8 GB နဲ့တွဲပြီး အသုံးပြုပေးထားတာပါ။ သိုလှောင်မှုစနစ်အတွက်ကိုတော့ 128 GB နဲ့ 256 GB ဆိုပြီးရွေးချယ်စရာ နှစ်မျိုးပေးထားပါတယ်။ ဒါ့အပြင် စက်လည်ပတ်မှုစနစ်ကိုအပ်ဒိတ် ဖြစ်စေဖို့ နှစ်နှစ်အထိ အာမခံချက်ပေးထားပြီး လုံခြုံရေးပိုင်းနဲ့ပတ်သက်ရင်လည်း သုံးနှစ်အထိ အာမခံချက်ပေးထားပါတယ်။
မျက်နှာပြင်အတွက်ဆိုရင် ၆ ဒသမ ၆၇ လက်မရှိတဲ့ FullHD+ 120Hz AMOLED display ကို ရှေ့ကင်မရာ 16 MP၊ နောက် ကင်မရာ 50 MP တို့နဲ့ တွဲဖက်ပေးထားတာဖြစ်ပါတယ်။
Source: https://myawady.net.mm/
နည်းပညာသတင်း