ဘရာဇီး၊ မလေးရှားနှင့် ပါကစ္စတန်သို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲရန် စဉ်းစားနေကြောင်း ရုရှားပို့ဆောင်ရေးဝန်ကြီးပြောကြား

News Image

  • ဘရာဇီး၊ မလေးရှားနှင့် ပါကစ္စတန်သို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲရန် စဉ်းစားနေကြောင်း ရုရှားပို့ဆောင်ရေးဝန်ကြီးပြောကြား

ရုရှားပို့ဆောင်ရေးဝန်ကြီးဌာနသည် ဘရာဇီး၊ မလေးရှား နှင့်ပါကစ္စတန်နိုင်ငံများသို့ တိုက်ရိုက်လေကြောင်း ပျံသန်းမှု စတင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ရုရှားပို့ဆောင်ရေးဝန်ကြီးဝန်ကြီး Roman Starovoyt က TASS နှင့် အင်တာဗျူးတွင် ပြောကြားသွားပါသည်။

“မလေးရှားနှင့် ဘရာဇီးကို လေကြောင်းလိုင်းပြေးဆွဲရန် စဉ်းစားနေကြောင်း၊ ပါကစ္စတန်နှင့်လည်း မကြာခင် ကပဲ ဆက်သွယ်ထားကြောင်း၊ ယခုကိစ္စအတွက် အဆက်မပြတ်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ ယခုညှိနှိုင်းမှုမှာ ခရီးသွားလုပ်ငန်းက ကိုယ်စားလှယ် များလည်း ပါဝင်ရန် လိုကြောင်း၊ ရုရှားသည် မိတ်ဖက် နိုင်ငံများ၏ လေကြောင်းလိုင်းများနှင့် ဆွေးနွေးညှိနှိုင်းမှု များပြုလုပ်နေကြောင်း၊ မိမိတို့လေကြောင်းကွန်ရက်မှာ အဆက်မပြတ် ပြောင်းလဲနေကြောင်း၊ နိုင်ငံတကာ စည်းမျဉ်းများနှင့်အညီ တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားလိုက်နာမှုတို့အပေါ် အခြေခံ၍ လုပ်ဆောင် သွားရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း”  ဝန်ကြီးက ပြောကြားထားပါသည်။ 

ကိုးကား- Donat Sorokin/TASS