သတင်းများ

လူနေမှုစရိတ် ကြီးမြင့်လာခြင်းကြောင့် ဗြိတိန်ပြည်သူများ၏ တစ်ပတ်နွမ်းကုန်ပစ္စည်း အသုံးပြုမှုမှာ ၂၀၂၅ ခုနှစ်တွင် စတာလင်ပေါင် ၄ ဒသမ ၈ ဘီလီယံအထိ ရောက်ရှိလာနိုင်

ဗြိတိန်နိုင်ငံတွင် လူနေမှုစရိတ် ကြီးမြင့်လာခြင်းကြောင့် နိုင်ငံအတွင်းရှိ ပြည်သူများသည် အသုံးစရိတ်ချွေတာသည့် အနေဖြင့် အသုံးပြုပြီး တစ်ပတ်နွမ်းပစ္စည်းများကို တိုးမြှင့်ဝယ်ယူ အသုံးပြုလာခဲ့ရာ  ထိုသို့   ဝယ်ယူအသုံးပြုမှု တန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် စတာလင်ပေါင် ၄ ဒသမ ၈ ဘီလီယံ (ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံခန့်) အထိရောက်ရှိလာနိုင်ကြောင်း Amazon.com မှထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။

ဗြိတိန်ပြည်သူများသည် မြင့်တက်လာသည့်   လူနေမှုစရိတ်နှင့်  ကာမိစေရန်အတွက် တန်ဖိုးကြီးမားပြီး ပတ်ဝန်းကျင် ထိခိုက်မှုရှိစေသည့် ကုန်ပစ္စည်းများအစား အသုံးပြုပြီး   တစ်ပတ်နွမ်းပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူအသုံးပြုလာခဲ့ခြင်းဖြစ်သည်။    ဗြိတိန်ပြည်သူများ၏ တစ်ပတ်နွမ်းပစ္စည်းဝယ်ယူ အသုံးပြုမှုသည်  ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် တန်ဖိုးအားဖြင့် စတာလင်ပေါင်  ၄ ဒသမ ၃ ဘီလီယံရှိခဲ့သည်ဟု Amazon.com မှ တင်သွင်းသည့် စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ သုတေသနစင်တာ အစီရင်ခံစာတွင်ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံတွင်   တစ်ပတ်နွမ်းကုန်ပစ္စည်း ဈေးကွက်သည် ဆက်လက်မြင့်တက်လာမည့်  အလားအလာရှိသောကြောင့် ဥရောပ၏ အကြီးဆုံးသော  တစ်ပတ်နွမ်းကုန်ပစ္စည်း ရောင်းချရေးကုမ္ပဏီကြီး တစ်ခုဖြစ်သည့်  Vinted  အနေဖြင့် ၎င်းတို့၏ ကုန်ပစ္စည်းများအတွက်   ဈေးကွက်ကို တိုးချဲ့လျက်ရှိသည်။ 

Vinted ကုမ္ပဏီသည် ယခင်က အဝတ်အစားများကိုသာ အဓိကထား ရောင်းချခဲ့သော်လည်း ယခုအခါ ကလေးကစားစရာ အရုပ်များ၊  တယ်လီဖုန်းများ၊ ဂိမ်းများအပြင် တန်ဖိုးကြီးလက်ပတ်နာရီများကိုပါ ထည့်သွင်း ရောင်းချလျက် ရှိကြောင်း ၎င်းကုမ္ပဏီမှ   အမှုဆောင် အရာရှိချုပ် သောမတ်စ်ပလန်တင်ဂါက  ပြောကြားထားသည်။

MWD Web Portal

မော်လမြိုင်ကမ်းနားတွင် ရပ်ထားသည့် အပျော်စီးသင်္ဘော (ထီးလှိုင်ရှင်) နစ်မြုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မော်လမြိုင်ကမ်းနားလမ်း၊ ထားဝယ်တံတားဆိပ်ကမ်းတွင် ရပ်ထားသည့် အပျော်စီးသင်္ဘော (ထီးလှိုင်ရှင်) နစ်မြှုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနက်ကျမှ သိကြတာ၊ ဘယ်လိုမြုပ်သွားလဲတောင် မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းသင်္ဘောသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနပိုင်သင်္ဘောဖြစ်ပြီး ဟာမိုနီ အပျော်စီးသင်္ဘောအဖြစ် ပြေးဆွဲခဲ့သည့် သင်္ဘောလည်း ဖြစ်သည်။

လက်ရှိတွင် ရေတက်လျက်ရှိနေသောကြောင့် ရေပြန်ကျသွားသည့်အချိန်မှသာ ပြန်လည်ဆယ်ယူမည် ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် (ဇူလိုင်၁၉)ရက်နေ့ကလည်း ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင် ရန်ကုန်မြစ်ဝ ရေကြောင်းပြစခန်းနှင့် ရေမိုင် ၇ မိုင်အကွာ ပင်လယ်ပြင်၌ ကမ်းရိုးတန်းသွားကုန်တင်သင်္ဘောတစ်စီး မတော်တဆဖြစ်ပြီး နစ်မြုပ်ခဲ့သေးသည်။

Popular Myanmar

At least 27 killed as Bangladesh air force jet crashes into Dhaka school

ဘင်္ဂလားဒေ့ရှ် လေတပ်ပိုင် ဂျက်လေယာဉ်တစ်စင်း တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် မြို့တော်ဒါကာရှိ ကောလိပ်ကျောင်းဝင်းတစ်ခုအတွင်း ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ပြောကြားခဲ့သည်။ ယခုဖြစ်စဉ်သည် လွန်ခဲ့သည့် နှစ်များအတွင်း နိုင်ငံ၏ သမိုင်း၌ အသေအပျောက်အများဆုံး လေယာဉ်ပျက်ကျမှုတစ်ခု ဖြစ်သည်။

မြို့တော် ဒါကာ မြောက်ပိုင်းရှိ ဒီယာဘာရီရပ်ကွက်အပါအဝင် Milestone ကျောင်းဝင်းအတွင်း လေယာဉ်ပျက်ကျခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာ ရရှိ ခဲ့ကြောင်း နိုင်ငံ၏ ယာယီခေါင်းဆောင် မိုဟာမက်ယူနွတ်၏ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ဆက်လက်၍ ပြောရေးဆိုခွင့်ရှိသူက အထူးကြပ်မတ်ကုသမှုခံယူနေရသည့် ဒဏ်ရာရရှိသူ ၈၃ ဦးအပါအဝင် အများစုမှာ ကျောင်းသားများဖြစ်ပြီး မြို့တော်ရှိ ဆေးရုံများတွင် ကုသမှု ခံယူနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ 

Associated Press သတင်းဌာနက ဒေသဆိုင်ရာ အရာရှိများကို ကိုးကား၍ လေယာဉ်မှူးအပါအဝင် သေဆုံးသူများရှိခဲ့ကြောင်း ဖော်ပြခဲ့ပြီး ကယ်ဆယ်ရေး ဝန်ထမ်းများက မီးလောင်ကျွမ်းနေသော လေယာဉ်အကြွင်းအကျန်များကို ငြှိမ်းသတ်ရန် ကြိုးစားခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံပိုင်မီဒီယာ BSS News မှတစ်ဆင့် ဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့ကာ အထူးဆုတောင်းပွဲများ ကျင်းပရန်ကြေညာခဲ့သည်။ "လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးဒဏ်ရာရရှိသူများအတွက် လွန်စွာ ဝမ်းနည်းမိပါသည်" ဟု ယူနွတ်က X (တွစ်တာ) တွင် ရေးသားခဲ့သည်။

"ဤသည်မှာ နိုင်ငံတော်အတွက် လွန်စွာဝမ်းနည်းရသော အခိုက်အတန့် ဖြစ်ပါသည်၊ ဒဏ်ရာရသူများ မြန်ဆန်စွာသက်သာပျောက်ကင်းပြီး ဆေးရုံ များအပါအဝင် သက်ဆိုင်ရာအာဏာပိုင်အားလုံးအား အရေးပေါ် အခြေအနေ အဖြစ် အမြင့်ဆုံးဦးစားပေး ကိုင်တွယ်ဖြေရှင်းရန် ညွှန်ကြားထားပါသည်" ဟု ၎င်းက ဖြည့်စွက်ရေးသားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဖားကန့် မှော်စီစာတောင်ယာကုန်း မြေစာပြိုကျမှုဖြစ်ပွား လူသေဆုံးပျောက်ဆုံးမှု ၁၇ ဦး ထိရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် က မှော်စီစာတောင်ယာကုန်းမှာ ယနေ့(ဇူလိုင်၂၁ရက်) မနက်ပိုင်းက မြေစာပြိုကျမှုဖြစ်ပွားခဲ့ပြီး ကနေဦးသတင်းများအရ လူသေဆုံး ပျောက်ဆုံး (၁၇) ဦး ထိရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေစာပြိုကျမှုကြောင့် လူသေဆုံးပျောက်ဆုံးမှုဦးရေမှာ တိုးလာနိုင်သေးကြောင်း ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။

လက်ရှိနေလည်ပိုင်းထိ ​သေဆုံးနေသည့်အလောင်းတစ်လောင်းကိုဘဲ တူးဖော်နိုင်သည့် အခြေအနေတွင်ရှိနေကြောင်းလည်း သိရသည်။

မြေစာပြိုကျသည့်နေရာမှာ မှော်စီစာတောင်ယာကုန်း စိန်စိန် ဂျိတ်ပါဝါကြောဖြစ်ပြီး ပြိုကျသည့်အချိန်တွင် ဆိုင်ကယ်သုံးစီးနှင့် လူများလည်းပါဝင်ကြောင်း သိရသည်။

ကမ္ဘာ့သတင်းမီဒီယာကောင်စီအစည်းအဝေး တန်ဇန်းနီးယားနိုင်ငံ၌ ကျင်းပ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ တက်ရောက်ဆွေးနွေး

နေပြည်တော် ဇူလိုင် ၂၀

တန်ဇန်းနီးယားနိုင်ငံ Arusha မြို့တွင် ကမ္ဘာ့သတင်းမီဒီယာကောင်စီ (WAPC) (World Association of Press Councils) ၏ အထွေထွေအစည်းအဝေးနှင့် 2nd Pan-African Media Councils’ Summit 2025 ကို ဇူလိုင် ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ တက်ရောက်ဆွေးနွေးသည်။

ညီလာခံသို့ တန်ဇန်းနီးယားနိုင်ငံ ဒုတိယသမ္မတ Dr. Philip Isdor Mpango နှင့် ဝန်ကြီးများ၊ အာဖရိက၊ အာရှနှင့်ဥရောပတိုက်တို့ရှိ နိုင်ငံပေါင်း ၃၀ ခန့်မှ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အိမ်ရှင်နိုင်ငံမှ သတင်းမီဒီယာသမားများ တက်ရောက်ကြပြီး ဒုတိယသမ္မတက အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် အခြားသော ကမ္ဘာ့သတင်း မီဒီယာကောင်စီဝင်များနှင့်အတူ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက မြန်မာနိုင်ငံမီဒီယာလောကနှင့် သတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍကို ဆွေးနွေးပြောကြားသည်။

ညီလာခံတွင် ကမ္ဘာနှင့်အာဖရိကတိုက်နိုင်ငံများ၌ သတင်းမီဒီယာသမားများအတွက် သတင်းမီဒီယာ ဆိုင်ရာကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေး၊ ကျင့်ဝတ်နှင့်ညီညွတ်၍ တာဝန်ယူမှု တာဝန်ခံမှုရှိသော သတင်းမီဒီယာသမားများအတွက် စာနယ်ဇင်း လွတ်လပ်ခွင့်ရရှိစေရေး၊ သတင်းတုသတင်းမှားများ လျော့နည်းပပျောက်စေရေးနှင့် AI (Artificial Intelligence) နည်းပညာကို မီဒီယာကဏ္ဍတွင် စနစ်တကျအသုံးချနိုင်စေရေး စသည်တို့ကို ဆွေးနွေးကြသည်။ ဇူလိုင် ၁၇ ရက်တွင် နိုင်ငံတကာမှ တက်ရောက်လာကြသူများ Arusha National Park အမျိုးသားသဘာဝဥယျာဉ်ကို လေ့လာကြသည်။ အစည်းအဝေးတွင် ကောင်စီအတွင်းရေးမှူး ဦးအေးချမ်းလည်း တက်ရောက်ကြောင်း သိရသည်။

MOI

ဝေဟင်စောင့်ကြည့်ရေး စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် Thales ကုမ္ပဏီမှ GM400a ရေဒါစနစ်နှစ်ခုကို မလေးရှား ဝယ်ယူ

အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသည် ၎င်းတို့၏ ဝေဟင်စောင့်ကြည့်ရေး စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် Thales ကုမ္ပဏီမှ GM400a ရေဒါစနစ်နှစ်ခုကို ဝယ်ယူမည်ဖြစ်သည်။

အဆိုပါ ရေဒါစနစ်များ ဝယ်ယူရေးကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ ပြင်သစ်နိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မလေးရှားနိုင်ငံက အသုံးပြုနေသည့် GM400a ရေဒါစနစ်အရေအတွက်မှာ လေးခုအထိ ရှိလာမည်ဖြစ်သည်။ GM400a ရေဒါစနစ်သည် အကွာအဝေး  ၅၁၅   ကီလိုမီတာအထိ ထောက်လှမ်း စောင့်ကြည့်နိုင်စွမ်းရှိပြီး အခြားလေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုများဖြစ်သည့် တိုက်လေယာဉ်များ၊ ဒုံးကျည်များ၊   ရဟတ်ယာဉ်များနှင့် ဒရုန်းများကိုလည်း ရှာဖွေဖော်ထုတ်နိုင်သည်။

လက်နက်ပစ္စည်း ရောင်းဝယ်ရေး သဘောတူညီချက်အရ Thales ကုမ္ပဏီက မလေးရှားနိုင်ငံသို့ လေ့ကျင့်သင်ကြားမှုများနှင့် မလေးရှားရေဒါစနစ် ကျွမ်းကျင်သူများထံ  နည်းပညာလွှဲပြောင်းပေးမှုများကိုပါ ပေးအပ်မည် ဖြစ်သည်။

Thales ကုမ္ပဏီသည် မလေးရှားနိုင်ငံသို့ ၎င်းတို့၏   ကာကွယ်ရေးပစ္စည်းများကို ပြီးခဲ့သည့် ဆယ်စုနှစ်လေးခု အတွင်းမှစ၍ ပေးပို့ခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသည် ၎င်းကုမ္ပဏီထုတ်  GM400a  ရေဒါစနစ်ကို    ပထမဆုံး ဝယ်ယူခဲ့သည့်နိုင်ငံဖြစ်သည်။

သီးနှံမျိုးစုံ (၃၀၀၅) ဧက ရေပြည့်ဝစွာပေးနိုင်ရေး ထုံးကြီးမြောင်းအား သဲနုန်းတူးဖော်ခြင်းနှင့် နိမ့်ကျနေသည့် မြောင်းပေါင် အစိတ်အပိုင်းများ အား မြှင့်တင်ပေးသွားမည်ဖြစ်

ကျောက်ဆည်၊ ဇူလိုင်-၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာနှစ်အလိုက် ဆည်၊ မြောင်းများအား ပြန်လည် ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ(၃၀၀၅)ဧက ရေပြည့်ဝစွာပေးနိုင်ရေး ထုံးကြီးမြောင်းအား သဲနုန်းတူးဖော်ခြင်းနှင့် နိမ့်ကျနေသည့် မြောင်းပေါင် အစိတ်အပိုင်း များအား မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထုံးကြီးမြောင်းသည် တူးဖော်ခြင်းမရှိသည်မှာ နှစ်ကာလကြာမြင့်ပြီဖြစ်၍ တူးမြောင်းအတွင်း ခြုံနွယ်များ ပေါက်ရောက်၍ သဲနုန်းပို့ချခြင်းများကြောင့် ရေစီးရေလာကောင်းမွန်ခြင်း မရှိဖြစ်ကာ မြောင်းဆုံးမြောင်းဖျား များရှိ သီးနှံစိုက်ခင်းများ ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများပေးဝေနိုင်ရေး၊ မြို့နယ်ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း(၂၃)သန်း အကုန်အကျ ခံပြီး လေးဆယ်ကုန်းကျေးရွာအနီးရှိ မြောင်း၏ပေတိုင်အမှတ်(၂၀၀၀၀)ပေနှင့်(၂၈၀၀၀)ပေ အတွင်းရှိ နိမ့်ကျနေသည့် မြောင်းပေါင်အား (၄)ပေအထိ မြှင့်တင်ပေးပြီး မြောင်းအကျယ်(၁၀)ပေနှင့် အလျား(၈၀၀၀)ပေအထိ သဲနုန်း တူးဖော်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မြောင်းဘောင်မြှင့်တင်ခြင်း၊ သဲနုန်းတူးဖော်ပေးခြင်းလုပ်ငန်းများ ပြီးစီးခဲ့ပါက မြောင်း အသုံးပြုသူ ပြည်သူများ၏ သွားလာရေးနှင့် စိုက်ပျိုးရေပေးဝေနေသည့် သီးနှံမျိုးစုံ (၃၀၀၅)ဧကအတွက် စိုက်ပျိုးရေများအား ရေစီး ရေလာ ကောင်းမွန်စွာဖြင့် ပြည့်ဝစွာပေးဝေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အစာအဆိပ်သင့်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု အစာအဆိပ်သင့်ပြီး နေအိမ်မှအလုပ်တာဝန်များကို ဆောင်ရွက်လျက်ရှိကာ ၎င်း၏တရားရုံးစစ်ဆေးမှုများကို စက်တင်ဘာအထိ ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း သိရှိ ရသည်။

ဘင်ဂျမင် နေတန်ယာဟုသည် ဇူလိုင် ၁၉ ရက်နေ့ညတွင် မအီမသာ ခံစား နေခဲ့ရပြီး Hadassah Ein Kerem ဆေးရုံမှ အစာအိမ်နှင့်အူလမ်းကြောင်း သမားတော် ဒေါက်တာ အလွန် ဟာရှကို က ၎င်းအား နေအိမ်တွင် စမ်းသပ် စစ်ဆေးခဲ့ရာ အစာအဆိပ်သင့်မှုကြောင့်ဖြစ်သော အူရောင်ရမ်းခြင်း (enteritis) ရောဂါကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ဇူလိုင် ၂၀ ရက်နေ့တွင် ကြေညာခဲ့သည်။

အခြားစမ်းသပ်မှုများအရ နေတန်ယာဟု၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ရေဓာတ်ဆုံးရှုံးမှုကြောင့် လိုအပ်သည့်ကုသမှုများ လုပ်ဆောင်ပေးခဲ့သည်ဟု သိရှိရသည်။ "ဝန်ကြီးချုပ်သည် အိမ်တွင် ၃ ရက်ခန့် အနားယူမည်ဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်အရ နေအိမ်မှသာ အလုပ်တာဝန်များကို ဆက်လက်ဆောင်ရွက်သွားမည်" ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဂျေရုဆလင်ခရိုင်တရားရုံးက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ၏ ဇူလိုင် ၂၁ နှင့် ၂၂ ရက်တွင် စီစဉ်ထားသော တရားရုံးကြားနာ စစ်ဆေးမှု များကို ပယ်ဖျက်လိုက်သည်။ အဆိုပါဆုံးဖြတ်ချက်ကြောင့် တရားရုံး ကြားနာစစ်ဆေးမှုများကို စက်တင်ဘာအထိ ရွှေ့ဆိုင်းရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးတရားရုံးများသည် ယခုအချိန်မှစ၍ စက်တင်ဘာ ၅ ရက်အထိ နွေရာသီအားလပ်ရက်အဖြစ် အကျုံးဝင်မည် ဖြစ်ပြီး အကန့်အသတ်ဖြင့်သာ လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်။

အသက် ၇၅ နှစ်အရွယ် နေတန်ယာဟုအား အာဏာသိမ်းမှု၊ လာဘ်ပေး လာဘ်ယူမှုနှင့်ဆိုင်သည့် တရားစွဲဆိုမှုများကို ၂၀၂၄ ဒီဇင်ဘာတွင် စတင် စစ်ဆေးရန်စီစဉ်ထားသော်လည်း ၎င်း၏ကျန်းမာရေးပြဿနာများ၊ ဂါဇာ စစ်ပွဲ၊ အီရန်-အစ္စရေးပဋိပက္ခ၊ နိုင်ငံခြားခရီးစဉ်များနှင့် ဝန်ကြီးချုပ် တာဝန် များကြောင့် အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရသည်။

နေတန်ယာဟုသည် လွန်ခဲ့သော နှစ်များအတွင်းတွင်လည်း ကျန်းမာရေး ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၂၀၂၄ မတ်လတွင် အူကျရောဂါ ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ဖျားနာမှုကြောင့် အနားယူခဲ့ရသည်။ ထို့အပြင် ၉ လအကြာတွင် ဆီးကျိတ်ခွဲစိတ်ဖယ်ရှားမှုပြုလုပ်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ်တွင် နှလုံးအကူစက်ကိရိယာ (pacemaker) တပ်ဆင်ရန် ခွဲစိတ်ကုသမှုလည်း ခံယူခဲ့ဖူးသည်။

၎င်း၏တရားစွဲဆိုမှုများသည် ကျန်းမာရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာ အခြေအနေများကြောင့် ဆက်လက်ရွှေ့ဆိုင်းနေရဆဲဖြစ်သည်။

ကိုးကား- VN Express

ကျောက်ဆည်၊ဇူလိုင်-၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါးသီးနှံများ စိုက်ပျိုးရာ၌ စက်မှုလယ်ယာစနစ်ကူးပြောင်း၍ စပါးသီးနှံများစိုက်ပျိုးခြင်းဖြင့် လုပ်သားအင်အား ရှားပါးမှု ပြဿနာဖြေရှင်းနိုင်ခြင်း၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို စိုက်ပျိုးနိုင်ခြင်း၊ ကောက်ကွက်ပြည့်မီပြီး ပန်းတိုင် အထွက်နှုန်းရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရနိုင်သည့်အတွက် ကောက်စိုက်စက်များ အသုံးပြု၍ ပြောင်းလဲ စိုက်ပျိုးလျက်ရှိကြောင်းနှင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ လက်ပံကျေးရွာ အုပ်စု ကွင်းအမှတ် (၁၁၅-ခ၊ ဦးပိုင်အမှတ် ၁၃၇/၁၃၈) တောင်သူဦးသိန်းဇော်ဌေး၏ လယ်မြေ(၃)ဧကတွင် ကိုဘိုတာ(၆) တန်းသွားကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်တို့ကို အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

သရုပ်ပြပွဲတွင် ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရဲနောင်က  ကိုဘိုတာ (၆) တန်းသွားကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်များ အသုံးပြု၍ စပါးသီးနှံစိုက်ပျိုးခြင်း ဖြင့်ပျိုးထောင်မှု ကုန်ကျစရိတ်သက်သာလွယ်ကူခြင်း၊ ပျိုးသက်နုချိန်တွင်ပြောင်းရွေ့စိုက်ပျိုးခြင်းဖြင့် ကောက်ပင်သန်စွမ်းခြင်း၊ ကောက်ကွက်ပြည့်မီပြီး ကောက်ပင်မနာသဖြင့် ကောက်ပင်လှန်ရက်မစောင့်ရခြင်း၊ အချိန်၊ လုပ်သား၊ သွင်းအား စုများ သက်သာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်းနှင့် စက်ပိုင်းဆိုင်ရာ အချက်အလက်များ အကြောင်းနှင့် သတိပြုလိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

သရုပ်ပြပွဲသို့ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးမိုးကျော်၊ မြန်မာ့လယ်ယာသုံး စက်ကိရိယာ စက်ရုံ (အင်းကုန်း)မှ  စက်ရုံမှူးဦးမျိုးလွင်ဦး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံစပါးစိုက် တောင်သူများ တက်ရောက်ခဲ့ပြီး ကောက်စိုက်စက်ဖြင့်စပါးစိုက်ပျိုးနေမှုများအား စိတ်ပါဝင်စားစွာလေ့လာကြည့်ရှု ခဲ့ကြောင်း သိရှိရသည်။

စုစုအေး(ကျောက်ဆည်)