သတင်းများ

ရုရှားအရှေ့ဖျားဒေသတွင် ခရီးသည်တင်လေယာဉ် တစ်စင်းပျက်ကျ၊ လိုက်ပါလာသူအားလုံးသေဆုံး

ရုရှားနိုင်ငံ အရှေ့ဖျားဒေသရှိမြို့ကြီးတစ်မြို့အနီးတွင် ခရီးသည်တင်လေယာဉ် ပျက်ကျမှုအတွင်း လိုက်ပါလာသူအားလုံးသေဆုံးသွားကြောင်း ရုရှားထောက်လှမ်းရေးအေဂျင်စီက  ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ An-24 အမျိုးအစားခရီးသည်တင်လေယာဉ်ပေါ်တွင်  ခရီးသည်များအပါအဝင်  စုစုပေါင်း  ၄၉  ဦးလိုက်ပါလာပြီး တင်ဒါမြို့အနီးတွင် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်က ပျက်ကျသွားခြင်းဖြစ်သည်။   အဆိုပါလေယာဉ်ပေါ်တွင် လေယာဉ်မှူးနှင့်  အမှုထမ်းခြောက်ဦး ပါဝင်ကြောင်းသိရသည်။

အင်ဂျင်နှစ်လုံးတပ် An-24 ခရီးသည်တင်လေယာဉ်သည် ဒေသတွင်းအချက်အချာကျသည့် ခါဗာရော့ဗ်မှ   အခြားပြည်တွင်းခရီးစဉ်များအား ပျံသန်းနေစဉ် ပျက်ကျခြင်းဖြစ်သည်။  ပျက်ကျသွားသည့်  လေယာဉ်အပျက်အစီးများကို တင်ဒါလေဆိပ် မှ ၁၅ ကီလိုမီတာအကွာရှိသစ်တောထူထပ်သည့်  တောင်ကြောအတွင်း၌ ပြန်လည်တွေ့ရှိခဲ့ကြကြောင်းသိရသည်။

လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကိုမူ  အာဏာပိုင်အဖွဲ့က  စစ်ဆေးလျက်ရှိသည်။

An-24 အမျိုးအစားလေယာဉ်များကို ၁၉၆၀ ပြည့်နှစ်များမှစ၍ လေကြောင်းခရီးစဉ်များတွင် စတင်အသုံးပြုခဲ့သော်လည်း လက်ရှိအချိန်အထိ ရုရှားနိုင်ငံရှိအလွန်ဝေးကွာသည့် ခရီးလမ်းကြောင်းများတွင်   ဆက်လက်အသုံးပြုလျက်ရှိကြောင်း သိရသည်။

Ref: RT, Xinhua

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇူလိုင် ၂၄

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌ Mr. Chen Xiaodong ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည် တော်ရှိ Park Royal Hotel ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံပွဲတွင် မန္တလေးငလျင်ကြီးအလွန် ပြန်လည်ထူထောင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ကူညီပံ့ပိုးပေးနိုင်မည့်အခြေအနေ၊ မြန်မာအစိုးရ နှင့် CIDCA တို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရေး၊ ဆောက်လုပ်ရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍများ၌ ဦးစားပေးအကောင်အထည် ဖော်လိုသည့် စီမံကိန်းများ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရန်နှင့် မဟာဗျူဟာကျသည့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အေးအတူပူအမျှ အသိုက်အဝန်းထူထောင်မှုအရှိန်အဟုန်ကို ဆက်လက်မြှင့်တင်သွားရေးတို့ကို ဆွေးနွေးကြသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး၊ CIDCA မှ တာဝန်ရှိသူများနှင့် တရုတ်သံရုံးမှ သံတမန်များ တက်ရောက်ကြသည်။

အစည်းအဝေးအပြီးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဥက္ကဋ္ဌတို့က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံတကာ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီဥက္ကဋ္ဌတို့က တရုတ်-မြန်မာချစ်ကြည်ရေး အဆင့်မြင့်အထူးကုဆေးရုံကြီးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဖြစ်နိုင်ခြေလေ့လာ သုံးသပ်မှုအတွက် စာလွှာလက်မှတ်ရေးထိုးလဲလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။                          

MOI

တံတားဦးမြို့နယ် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချ

တံတားဦး ၊ ဇူလိုင် - ၂၅

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြည်သူများသို့ အခြေခံ စားသောက်ကုန်များ များအား ယနေ့နံနက် (၇) နာရီက တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး တောင်ဘက်လမ်းတွင် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးကြောင်းသိရသည် ။

ထိုသို့ရောင်းချပေးရာ၌ တံတားဦးခရိုင်/မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဆန်ကုန်သည်များအသင်း၊ ဆီကုန်သည် များအသင်းနှင့် ဥစားကြက်မွေးမြူရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများအတွက် လက်ရှိကာလပေါက် ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းလျော့ချ၍ ရောင်းချခဲ့ရာ အမဲသားမှာ မူရင်းဈေးဖြစ်သည့် တစ်ပိဿာလျှင် (၃၄၀၀၀) ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်ဖြင့် အချိန်(၃၀)ပိဿာ ၊ ဝက်သားမှာ မူရင်း ဈေးဖြစ်သည့် တစ်ပိဿာလျှင် (၃၆၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ် ဖြင့် အချိန်(၃၅)ပိဿာ ၊ ဆိတ်သားမှာ မူရင်းဈေး ဖြစ်သည့် တစ်ပိဿာလျှင်(၄၄၀၀၀)ကျပ်အစား  သက်သာသော ဈေးအဖြစ် တစ်ပိဿာလျှင် ၃၆၀၀၀ ကျပ်ဖြင့် အချိန်(၁၅)ပိဿာ ၊ ကြက်ဥတစ်လုံးလျှင် မူရင်းဈေးမှာ (၄၅၀) ကျပ် အစား သက်သာသောဈေးအဖြစ် တစ်လုံးလျှင်(၃၀၀)ကျပ်ဖြင့် ကြက်ဥ(၁၅၀၀)လုံး ၊ စားသုံးဆီ တစ်ပိဿာ လျှင် မူရင်းဈေးမှာ (၁၀၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင်(၇၄၀၀)ကျပ်ဖြင့် ဆီ(၁၁၀) ပိဿာ၊ ဆန်တစ်ပြည်လျှင် မူရင်းဈေးမှာ (၄၅၀၀) ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပြည်လျှင် (၃၅၀၀) ကျပ်ဖြင့် ဆန်(၂၆၀)ပြည်တို့ကို စားသုံးသူများ၏ လက်ဝယ်အရောက် ရောင်းချပေးကြောင်း သတင်းရရှိသည် ။

ဦးရဲတင့်( ပြန်/ဆက်)

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်

နေပြည်တော် ဇူလိုင် ၂၃

မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅၇) အခွန်အယူခံခုံအဖွဲ့ရုံး စုပေါင်းခန်းမ၌ ပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများနှင့် အခွန်အယူခံခုံအဖွဲ့ရုံးရှိ အရာထမ်း၊ အမှုထမ်းများ တက် ရောက်ကြသည်။

ဦးစွာ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်တို့က အမှာစကားအသီးသီးပြောကြားကြသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးခြင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ပတ်သက်၍ လက်တွေ့စမ်းသပ်အသုံးပြုခဲ့ကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းပြသမှုများအပေါ် သိရှိလိုသည်များ မေးမြန်းခဲ့ကြကြောင်း သိရသည်။

၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဋ္ဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

နေပြည်တော် ဇူလိုင် ၂၃

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး) ကလေးတစ်စီးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ခန့် ရှိသည်။

ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမံတော်မှာ “ရဋ္ဌနန္ဒက” ဖြစ်ပြီး အဆိုပါဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော်လေး ဖြစ်သည်။

အထက်ပါ ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” မှာ ယခုအသက် ၃ နှစ်သားအရွယ်တွင် အရပ်အမြင့် ၅ ပေ ၃ လက်မ၊ ကိုယ်လုံး လုံးပတ် ၈ ပေ၊ ကိုယ်အလေးချိန် ၁၅၇၃ ပေါင်ရှိလာပြီး ရတနာဆင်ဖြူတော်ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ် နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ပြည်သူများ ငလျင်ဘေးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ဆည်၊ ဇူလိုင်-၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ပြည်သူများ ငလျင်ဘေးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ကျောက်ဆည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက်(၁၀ ) နာရီက ဘောဂဝတီရပ်ကွက်၊ ရွှေကျွန်းမြေဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့်ငလျင်ဖြစ်စဉ် အကြောင်းများနှင့် ထိခိုက် ပျက်စီးခဲ့သည့်အကြောင်းများ၊ ငလျင်ဘေးအန္တရာယ်အတွက်  ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်ခတ် နေစဉ်အချိန်တွင် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ခတ်ပြီးနောက်ပြုလုပ်ရန် အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဘောဂဝတီရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများ၊ ရပ်ကွက်လူမှုကူညီရေး အဖွဲ့ဝင်များ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပေးပို့သူ- သက်မောင်(ကျောက်ဆည်)       

ဩစတြေးလျနိုင်ငံတောင်ပိုင်းရှိ ပင်လယ်ပြင်တွင် အဆိပ်ရှိရေညှိများစွာ ပေါက်ရောက်နေ

ကင်ဘာရာ   ဇူလိုင် ၂၃

ဩစတြေးလျ နိုင်ငံတောင်ပိုင်းရှိ ပင်လယ်ပြင်တွင် အဆိပ်ရှိ ရေညှိများစွာပေါက်ရောက်နေကြောင်း ပြည်နယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။

ဩစတြေးလျ နိုင်ငံတောင်ပိုင်းရှိ ပင်လယ်ပြင်တွင် အဆိပ်ရှိရေညှိများစွာ ပေါက်ရောက်နေခြင်းသည် ရေနေသတ္တဝါ မျိုးစိတ်များစွာ ပျက်စီးစေကာ ဒေသတွင်းခရီးသွားလာရေးနှင့် ငါးဖမ်းလုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေသည့်အတွက် မပေါ့ဆသင့်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ပီတာမာလင်နူ့ကတ်က ပြောကြားခဲ့သည်။

ထိုရေညှိများပေါက်ရောက်ရာရေပြင်ဧရိယာသည် စတုရန်းကီလိုမီတာ ၅၀၀၀ ကျော်ကျယ်ဝန်းပြီး သမုဒ္ဒရာအပူချိန်များ မြင့်တက်လာခြင်းကြောင့် ရေညှိများပိုမိုပွားများ ပေါက်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ရေညှိများတွင် အဆိပ်အတောက်များပါပြီး စားသုံးမိသော ရေနေသတ္တဝါမျိုးစိတ်များကို သေကြေစေကြောင်း၊ ထို့ပြင် ရေပြင်အတွင်းရှိ အောက်ဆီဂျင်ကို စုပ်ယူသွားသဖြင့် ရေနေသတ္တဝါများ အသက်ရှူကျပ်သေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုရေညှိများကို ဖယ်ရှားရှင်းလင်းရန်စီစဉ်နေပြီးခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၁ သန်းကုန်ကျမည်ဖြစ်ကြောင်း ပြည်နယ်သဘာဝပတ်ဝန်းကျင်ဌာနမှ သိရသည်။

ရတနာပုံသတင်းစာ

တရုတ်-ရုရှား ပင်လယ်သမုဒ္ဒရာ သိပ္ပံသုတေသန ပူးတွဲလုပ်ဆောင်မှုအား ရုရှားနိုင်ငံ၌ စတင်

“တရုတ်-ရုရှား ပင်လယ်သမုဒ္ဒရာ သိပ္ပံသုတေသန ပူးတွဲလုပ်ဆောင်မှု” စတင်ခြင်းအခမ်းအနားကို ဇူလိုင် ၂၂ ရက်တွင် ရုရှားနိုင်ငံ အရှေ့ဖျားဆိပ်ကမ်းမြို့ ဗလာဒီဗော့စ်တော့ခ်၌ ကျင်းပခဲ့သည်။ နှစ်နိုင်ငံမှ သိပ္ပံသုတေသနဝန်ထမ်းများက ဇူလိုင် ၂၃ ရက်တွင် ရုရှား Akademik M.A. Lavrentyev သိပ္ပံသုတေသနသင်္ဘောအား စီးနင်းလိုက်ပါ၍ စတင်ထွက်ခွာမည်ဖြစ်ရာ ဘဲရင်းပင်လယ်နှင့် ပစိဖိတ် သုမုဒ္ဒရာ အနောက်မြောက်ပိုင်း ပင်လယ်ပြင်သို့ သွားရောက်ပြီး သိပ္ပံသုတေသနလှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

ဗလာဒီဗော့စ်တော့ခ်မြို့ အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ဝမ်ကျွင်းက စတင်ခြင်း အခမ်း အနား၌ အမှာစကား ပြောကြားရာတွင် လွန်ခဲ့သည့် ၁၅ နှစ်က တရုတ်-ရုရှား ပင်လယ်သမုဒ္ဒရာ သိပ္ပံပညာရှင်များ ပထမဆုံးအကြိမ် ပူးတွဲသိပ္ပံသုတေသနလေ့လာမှုများ လုပ်ဆောင်သည့်အချိန်မှစ၍ သိပ္ပံပညာရပ် အခက်အခဲများစွာကို အတူလက်တွဲထိုးဖောက်ခဲ့ပြီး နက်ရှိုင်းသော အပြန်အလှန် ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် “တရုတ်-ရုရှား ပင်လယ်သမုဒ္ဒရာနှင့် ရာသီဥတု ပူးတွဲသုတေသနစင်တာ” သည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို ယန္တရားအသွင်၊ ပုံမှန်အသွင်ဆီသို့ ပို၍တွန်းအားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် ပူးတွဲသိပ္ပံသုတေသနလုပ်ဆောင်မှုသည် ပင်လယ်သမုဒ္ဒရာသမိုင်းသုတေသန (Paleoceanography)၊ ရာသီဥတုသမိုင်းသုတေသန (Paleoclimatology) နှင့် ဂေဟစနစ်သုတေသန လုပ်ဆောင်မှုများကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာရလဒ်များက လူသား မျိုးနွယ်တို့ မြောက်ပစိဖိတ်သမုဒ္ဒရာ-မြောက်ဝင်ရိုးစွန်းဒေသ၏ ရာသီဥတုဆင့်ကဲတိုးတက် ပြောင်းလဲမှုစနစ်အား ပိုမိုနက်ရှိုင်းစွာ နားလည်သိရှိရန် အထောက်အကူပြု၍ အနာဂတ်ပတ်ဝန်းကျင်ပြောင်းလဲမှုအား ကြိုတင်ခန့်မှန်းမှုအတွက် အရေးကြီးသည့်သိပ္ပံနည်းကျမှီငြမ်းမှုများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှု၊ ဒေသတွင်း တစ်သားတည်းဖြစ်တည်မှုတို့ နက်ရှိုင်းစွာ တိုးတက်လာသည့် နောက်ခံအခြေအနေတွင် တရုတ်-ရုရှား၏ ပူးတွဲသိပ္ပံသုတေသနလုပ်ဆောင်မှုအား ပြန်လည်စတင်ခြင်းသည် နှစ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်ခြင်း၊ ပင်လယ်သမုဒ္ဒရာသိပ္ပံပညာ ရှေ့ပြေးကဏ္ဍအား စူးစမ်းလေ့လာခြင်းတို့တွင် အတူတကွတာဝန် ထမ်းဆောင်မှုကို ပေါ်လွင်စေပြီး နှစ်နိုင်ငံ၏ ပင်လယ်သမုဒ္ဒရာ သိပ္ပံသုတေသနလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုသည် ခရီးစဉ်သစ်ဆီသို့ တက်လှမ်းနေသည်ကို အမှတ်သင်္ကေတပြုနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားသိပ္ပံအကယ်ဒမီ အရှေ့ဖျားဌာနခွဲ ပစိဖိတ်သမုဒ္ဒရာရေးရာအင်စတီကျူ (POI) ဒါရိုက်တာ Denis Makarov က စတင်ခြင်းအခမ်းအနားတွင် ယခုအကြိမ် သိပ္ပံသုတေသနလုပ်ဆောင်မှုကို ရုရှားသိပ္ပံ အကယ်ဒမီအရှေ့ဖျားဌာနခွဲ POI နှင့် တရုတ်နိုင်ငံ သဘာဝအရင်းအမြစ်ဝန်ကြီးဌာန အမှတ် (၁) ပင်လယ်သမုဒ္ဒရာ သုတေသနဌာနတို့ ပူးတွဲလုပ်ဆောင်ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါပြီးနောက် နှစ်ဖက်က ပထမဆုံးအကြိမ် ပူးတွဲသိပ္ပံသုတေသနပြုလုပ်မှု ပြန်လည်လုပ်ဆောင်ခြင်းဖြစ်သဖြင့် များစွာအနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် သိပ္ပံသုတေသနလုပ်ဆောင်မှုရလဒ်သည် ပင်လယ်သမုဒ္ဒရာနှင့် ရာသီဥတု၏ သမိုင်း ဆင့်ကဲတိုးတက်ပြောင်းလဲမှုဖြစ်စဉ်အား ပြန်လည်တည်ဆောက်ရန် အထောက်အကူပြု၍ လက်ရှိနှင့် အနာဂတ် ရာသီဥတုပြောင်းလဲမှုကြောင့် ဒေသတွင်း ပင်လယ်သမုဒ္ဒရာဂေဟစနစ်၊ ငါးလုပ်ငန်းနှင့် သယ်ယူပို့ဆောင်မှု စသည့်ကဏ္ဍများအပေါ် အကျိုးသက်ရောက်မှုအား ကြိုတင်ခန့်မှန်းမှု အတွက် အရေးကြီး အနက်အဓိပ္ပာယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုအကြိမ် ဘဲရင်းပင်လယ်-ပစိဖိတ်သုမုဒ္ဒရာ အနောက်မြောက်ပိုင်း ပူးတွဲသိပ္ပံသုတေသနလှုပ်ရှားမှု တွင် တရုတ်-ရုရှားနှစ်ဖက်က စုစုပေါင်း သိပ္ပံသုတေသနဝန်ထမ်း ၂၅ ဦးပါဝင်ပြီး ၎င်းအနက် တရုတ်ဘက်မှ ၅ ဦး ပါဝင်ကြောင်း၊ နှစ်နိုင်ငံ သိပ္ပံသုတေသနဝန်ထမ်းများသည် ဘဲရင်းပင်လယ်နှင့် ပစိဖိတ်သုမုဒ္ဒရာ အနောက်မြောက်ပိုင်း၏ စံထားထိုက်သော ပင်လယ်ရေပြင်၌ ဘက်စုံပတ်ဝန်းကျင် စောင့်ကြည့်လေ့လာမှုများ လုပ်ဆောင်သွားရန်၊ Quaternary ကာလ နှောင်းပိုင်းအတွင်း ဘဲရင်း ပင်လယ်-ပစိဖိတ်သုမုဒ္ဒရာ အနောက်မြောက်ပိုင်း၏ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအပေါ် တုံ့ပြန်မှုဖြစ်စဉ်နှင့် အကျိုးအကြောင်းများအား စုံစမ်းစစ်ဆေးရန် စီစဉ်ထားကြောင်း ယခုအကြိမ် သိပ္ပံသုတေသနပြုလုပ်မှု၏ တရုတ်ဘက် အဓိကသိပ္ပံပညာရှင်၊ ဘူမိဗေဒပညာရှင် ကျိုးကျန့်ကျွင်း၏ မိတ်ဆက်မှုအရ သိရသည်။ 

ကိုးကား- ဆင်ဟွာ

ကျောက်ဆည်မြို့နယ်၊ လေးဆယ်ကုန်းကျေးရွာ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီ(၁၁၀)ပိဿာ ရောင်းချပေး

ကျောက်ဆည်၊ ဇူလိုင်-၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ အခြေခံ စားသောက်ကုန်ဖြစ်သည့် စားသုံးဆီအခက်အခဲမရှိရေး ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လေးဆယ်ကုန်း ကျေးရွာ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီ(၁၁၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ရောင်းချပေးရာတွင် ပြည်သူများအဆင်ပြေစေရေး ဆီဝယ်ယူနိုင်သည့်စာအုပ်များပြုလုပ်ပြီး ဒေါ်တင်နွဲ့ ဗိုလ်တစ်ထောင် စားဆီလက်လီလက်ကား ရောင်းဝယ်ရေးဆိုင်မှ တစ်ပိဿာလျှင်ငွေ(၇၁၁၅)ကျပ်နှုန်းဖြင့် ဆီ ဝယ်စာအုပ်တစ်အုပ်လျင် ဆီ(၂)ပိဿာနှုန်းဖြင့် ဆီ(၁၁၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရှိရပြီး ခရိုင်ဆီ ကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့်  စက်ရုံ/ အလုပ်ရုံများ၊ ဌာနဆိုင်ရာဦးစီးဌာနများတွင်လည်း စားအုန်းဆီ များ စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။                    

နာရီပေါင်း ၁၃၀ ကျော်ကြာ မရပ်မနားဘဲ တစ်ဆက်တည်း မောင်းနှင်နိုင်စွမ်းရှိသည့် စက်ရုပ်ရေယာဉ် သို့မဟုတ် VENOM မောင်းသူမဲ့ ရေယာဉ်

မြင်းကောင်ရေ ၃၀၀ အားကို အသုံးပြုထားပြီး ရန်သူ၏သင်္ဘောများကို လျင်မြန်စွာ တားဆီးဟန့်တားနိုင်သည့်  မျိုးဆက်သစ် မောင်းသူမဲ့ရေယာဉ်တစ်စင်းကို အမေရိကန်ပြည်ထောင်စုတွင် အခြေပြုသည့် ကာကွယ်ရေးပစ္စည်း ကုမ္ပဏီတစ်ခုက ထုတ်ဖော်ပြသခဲ့သည်။

VENOM  ဟု   အမည်ပေးထားသည့် အဆိုပါမောင်းသူမဲ့ရေယာဉ်သည် အလျား ၉ မီတာ (၂၇ ပေခန့်) ရှိပြီး ရေပြင်အထက်တွင် ဘက်စုံအသုံးပြုနိုင်သည့် မောင်းသူမဲ့စက်ရုပ်ရေယာဉ် အမျိုးအစားဖြစ်သည်။ ၎င်းအား မက်ဆာချူးဆက်ပြည်နယ်တွင် အခြေပြုသည့်  Scientific   Systems ကုမ္ပဏီက  ရေတပ်ဖွဲ့၏  မစ်ရှင်များဖြစ်သည့်   စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် စစ်ဆင်ရေးတို့တွင်   အထောက်အကူပြုစေရန်အတွက် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ VENOM မောင်းသူမဲ့ရေယာဉ်တွင် မြင်းကောင်ရေ ၃၀၀ အားကို ထုတ်လုပ်ပေး နိုင်သည့် ဒီဇယ်အင်ဂျင်တစ်လုံး တပ်ဆင်ထားခြင်းကြောင့် တစ်နာရီလျှင် ရေမိုင် ၂၄ မိုင်နှုန်းဖြင့် ရေမိုင် ၅၀၀ ကျော်သို့ အလွယ်တကူနှင့် လျင်မြန်စွာ မောင်းနှင်နိုင်မည်ဖြစ်သည်။ ထို့ပြင် ၎င်းစက်ရုပ်ရေယာဉ်သည် မရပ်မနားဘဲ နာရီပေါင်း ၁၃၀ ကျော်ကြာ တစ်ဆက်တည်း မောင်းနှင်နိုင်စွမ်းရှိသောကြောင့် အမေရိကန် ရေတပ်မတော်၏ စစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်များထက်ပင် ပိုမိုကျော်လွန်လျက်ရှိသည်။

VENOM မောင်းသူမဲ့ရေယာဉ်ကို Scientific Systems ကုမ္ပဏီက မကြာသေးမီအချိန် အတွင်း၌ စမ်းသပ်ခဲ့ပြီးဖြစ်သော်လည်း နောက်ပိုင်းတွင် ပင်လယ်ပြင်၌ ရေချ၍ ထပ်မံစမ်းသပ်မည်ဖြစ်သည်။ ထိုသို့စမ်းသပ် ရာတွင်လည်း VENOM အနေဖြင့် ရေကြောင်းအဟန့်အတားများ တစ်လျှောက် အောင်မြင်စွာ  ဖြတ်သန်းမောင်းနှင်နိုင်ခြင်း  ရှိ၊ မရှိ၊ သတ်မှတ်ထားသည့် ကင်းလှည့်ရာနေရာများတွင်လည်း   သတ်မှတ်ထားသည့်ပုံစံအတိုင်း  ကင်းလှည့်စောင့်ကြည့်နိုင်ခြင်း ရှိ၊ မရှိတို့ကို စမ်းသပ်မည်ဖြစ်သည်။

အဆိုပါစမ်းသပ်မှုများ  အောင်မြင်ခဲ့မည်ဆိုပါက VENOM မောင်းသူမဲ့ရေယာဉ်သည် အမေရိကန်ရေတပ်မတော်၏ sea predator ဖြစ်လာနိုင်မည့်   အလားအလာရှိသည်။

MWD Web Portal