သတင်းများ

လွှမ်းပိုင်နှင့် ဂျီဖက်တို့၏ Pre Water Festival in Judson ဖျော်ဖြေပွဲကို Judson Entertainment Bar တွင် ပြုလုပ်မည်

ရန်ကုန်  မတ် ၂၄

လူငယ်တေးသံရှင် လွှမ်းပိုင်နှင့် ဂျီဖက်တို့၏ Pre Water Festival in Judson တေးဂီတ ဖျော်ဖြေပွဲကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Judson Entertainment Bar တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တေးသံရှင် လွှမ်းပိုင်ထံမှ သိရသည်။

အဆိုပါ Pre Water Festival in Judson တေးဂီတဖျော်ဖြေပွဲကို လာမည့် မတ် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် Judson Entertainment Bar တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တေးသံရှင် လွှမ်းပိုင် ထံမှ သိရသည်။ 

အဆိုပါ Pre Water Festival in Judson တေးဂီတဖျော်ဖြေပွဲကို လာမည့် မတ် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် Judson Entertainment Bar ရှိ Judson Indoor & Outdoor Area တွင် သင်္ကြန်ပွဲတော်ပုံစံအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဖျော်ဖြေရေးကတော့ Day 1 Day 2 ဆိုပြီး နှစ်ရက်ရှိပါမယ်။ ကျွန်တော်ကတော့ Day 2 တစ်နေကုန်ရှိနေမှာ ဖြစ်ပါတယ်။ Day 1 မှာတော့ ဂျီဖက်ရှိပါမယ်။ သင်္ကြန်ကာလရဲ့ ရေကစားပွဲတော်တွေကို အကြိုခံစားမှုအနေနဲ့ Judson ရဲ့ Indoor & Outdoor Area မှာ Water System အပြည့်ပြင်ဆင်ထားပြီး သင်္ကြန်ဖီလင်ကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒီ Pre Thingyan Day Event လေးမှာ အမှန်တကယ်သင်္ကြန်ကာလကို ရောက်သွားသလို ခံစားရမှာမို့ ခင်မင်သူတွေနဲ့ ရေကစားရင်း သီချင်းတွေ နားဆင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်” ဟု တေးသံရှင် လွှမ်းပိုင်က ပြောပြသည်။

အဆိုပါ Pre Water Festival in Judson တေးဂီတဖျော်ဖြေပွဲတွင် တေးသံရှင် လွှမ်းပိုင်၊ ဂျီဖက် တို့နှင့်အတူ Judson Band တေးဂီတအဖွဲ့က တီးခတ်ပံ့ပိုးပေးသွားမည့်အပြင် DJ Artists များနှင့်အတူ နာမည်ကျော် Dancer များက အလန်းစားကကွက်များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Source: ရတနာပုံသတင်းစာ

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးနှင့် ဟားမတ်စ်တို့အကြား တိုက်ပွဲများကြောင့် သေဆုံးသူ ၅၀၀၀၀ ကျော် ရှိလာ

ဂါဇာစီးတီး  မတ် ၂၃

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးနှင့် ဟားမတ်စ်တို့အကြား တိုက်ပွဲများကြောင့် သေဆုံးသူ ၅၀၀၀၀ ကျော်ရှိလာခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့ ပြောကြားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်၍ လက်ရှိအချိန်ထိ လူပေါင်း ၅၀၀၂၁ ဦးသေဆုံးပြီး ၁၁၃၂၇၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီလတွင် နှစ်ဖက်ကြားအပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ခဲ့သည်။ သို့သော် အစ္စရေးတပ်မတော်သည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများဖြင့် တိုက်ခိုက်မှုများကို ပြန်လည်စတင်ခဲ့သည့်အတွက် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် အဆိုပြုချက်ကို ဟားမတ်စ်က ပယ်ချခဲ့ကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ 

မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်ကို ဆက်သွယ်ထားသည့် မင်းသန်း-မောင်းလှော်(တနင်္သာရီမြစ်ကူးတံတားကြီး) တည်ဆောက်ပြီးစီးပြီ

မြိတ်   မတ် ၂၃

မြိတ်နှင့် ကျွန်းစုကို ဆက်သွယ်ထားသည့် မင်းသန်း- မောင်းလှော် (တနင်္သာရီမြစ်ကူးတံတားကြီး) တည်ဆောက်မှုရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့နယ်နှင့်ကျွန်းစုမြို့နယ်သို့ ဆက်သွယ်ထားသည့် အဆိုပါ တံတားကြီးကို တနင်္သာရီမြစ်ကူးတံတား(ဒေသအခေါ် မင်းသန်း-မောင်းလှော်တံတား) ဟုခေါ်ဆိုကြပြီး တနင်္သာရီမြစ်ကြီးကို ဖြတ်သန်းဖောက်လုပ်ထားကြောင်း သိရသည်။

အဆိုပါ တံတားကြီးကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

“ယခုလက်ရှိ တံတားပေါ်ကနေ ဆိုင်ကယ်၊ ကားတွေ ဖြတ်သန်းသွားလို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် တံတားဖွင့်ပွဲပြီးမှ ဒေသခံပြည်သူတွေအားလုံး ဖြတ်သန်းအသုံးပြုနိုင်မှာပါ။ အရင်က ရေလမ်းခရီးကိုပဲ အဓိကအသုံးပြုနေရတဲ့ မြိတ်မြို့နယ်နဲ့ ကျွန်းစုမြို့နယ်က ဒေသခံတွေအတွက် ယခုအခါ ကုန်းလမ်းကနေ တိုက်ရိုက်သွားလို့ရပါပြီ” ဟု မောင်းလှော်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ စီမံကိန်းကို ငွေကျပ်သန်းပေါင်း ၁၃၉၁၀ (၁၃ ဘီလီယံကျော်) အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း၊ ယင်းတံတားကြီးသည် မြိတ်မြို့နယ်ရှိ မင်းသန်းကျေးရွာနှင့် ကျွန်းစုမြို့နယ်ရှိ မောင်းလှော်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် မြစ်ကူးတံတားဖြစ်ကြောင်း တံတားဦးစီးဌာနက တည်ဆောက်ရေးအဖွဲ့ (၄)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မင်းသန်း- မောင်းလှော်မြစ်ကူးတံတားမှာ အရှည်ပေ ၂၁၀၀ (၆၄၀ မီတာ) ရှည်လျားပြီး ယာဉ်သွားလမ်းအကျယ် ၂၂ ပေ၊ ရေလမ်းကင်းလွတ် အမြင့် ၂၆ ပေ ရှိပြီး ပြည်ထောင်စုကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရန်ပုံငွေနှင့် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရန်ပုံငွေတို့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားကြီးမှာ ကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်တို့မှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့အတွက် ရာသီမရွေးသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြင့်ဦး(မြိတ်)

Source: မြန်မာ့အလင်းသတင်းစာ

ထိုင်းနိုင်ငံတွင် Social influencer များနှင့် Online seller များကို အခွန်ပေးဆောင်ရန်ထုတ်ပြန်

ထိုင်းအခွန်ဌာနက နိုင်ငံအတွင်းရှိ Social influencer များနှင့် Online seller များကို ၎င်းတို့၏နှစ်စဉ်ဝင်ငွေခွန်များကို မတ်လကုန်မတိုင်မီ ပေးဆောင်ကြရန်နှင့် ပျက်ကွက်ပါက ဒဏ်ကြေးနှင့် ပြစ်ဒဏ်များ ချမှတ်ခံရမည်ဟု ထုတ်ပြန်ထားသည်။ အခွန်ဌာန ညွှန်ကြားရေးမှူးချုပ် Pinsai Suraswadi က Social influencer များနှင့် Online seller များသည် ဝင်ငွေခွန်ပေးဆောင်ရန် ပျက်ကွက်လျက်ရှိပြီး ထိုအခြေအနေအတွက် စိုးရိမ်ကြောင်းဆိုသည်။ Shopee ၊ Lazada နှင့် Tiktok ကဲ့သို့သော ထိုင်းနိုင်ငံရှိ အီလက်ထရောနစ် စီးပွားရေးပလက်ဖောင်းများတွင် Social influencer နှင့် Online seller ၃ သန်းခန့်ရှိပြီး အချိန်ပြည့် ထ

ထိုင်းအခွန်ဌာနက နိုင်ငံအတွင်းရှိ Social influencer များနှင့် Online seller များကို ၎င်းတို့၏နှစ်စဉ်ဝင်ငွေခွန်များကို မတ်လကုန်မတိုင်မီ ပေးဆောင်ကြရန်နှင့် ပျက်ကွက်ပါက ဒဏ်ကြေးနှင့် ပြစ်ဒဏ်များ ချမှတ်ခံရမည်ဟု ထုတ်ပြန်ထားသည်။ အခွန်ဌာန ညွှန်ကြားရေးမှူးချုပ် Pinsai Suraswadi က Social influencer များနှင့် Online seller များသည် ဝင်ငွေခွန်ပေးဆောင်ရန် ပျက်ကွက်လျက်ရှိပြီး ထိုအခြေအနေအတွက် စိုးရိမ်ကြောင်းဆိုသည်။ Shopee ၊ Lazada နှင့် Tiktok ကဲ့သို့သော ထိုင်းနိုင်ငံရှိ အီလက်ထရောနစ် စီးပွားရေးပလက်ဖောင်းများတွင် Social influencer နှင့် Online seller ၃ သန်းခန့်ရှိပြီး အချိန်ပြည့် ထုတ်လွှင့်ရောင်းချနေသူ ၂ သန်းခန့်သည် ဝင်ငွေ ဘီလီယံများစွာရရှိနေကြောင်း ခန့်မှန်းထားသည်။ စစ်တမ်းများအရ Social influencer များနှင့် Online seller များဖြစ်သည့် လူငယ်အများစုသည် ၎င်းတို့၏ဝင်ငွေကို စာရင်းသွင်းရန်နှင့် အခွန်ပေးဆောင်ရန် ပျက်ကွက်လျက်ရှိသည်ဟုဆိုသည်။

အခွန်ဌာနသည် မှတ်တမ်းများကို ငါးနှစ်အထိ နောက်ပြန်စစ်ဆေးနိုင်ပြီး အခွန်စာရွက်စာတမ်းများ မတင်ပြနိုင်ပါက ပြစ်ဒဏ်ချမှတ်မည် ဖြစ်ကြောင်း Pinsai က သတိပေးခဲ့သည်။ သို့သော် ၎င်းတို့အနေဖြင့် အမှားများကို ပြင်ဆင်နိုင်ကြောင်း Pinsai က အာမခံခဲ့သည်။ Tellscore, FutureTales LAB, and the Thailand Institute for Mental Health Sustainability (Tims) တို့၏လေ့လာဆန်းစစ်ချက်များအရ ထိုင်းနိုင်ငံရှိ Social influencer နှင့် Online seller များသည် နှစ်စဉ်ဝင်ငွေ ဘတ် ၄၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၂၅ ဘီလီယံ)ရရှိနေကြောင်း ခန့်မှန်းထားကြသည်။ ထိုင်းနိုင်ငံတွင် အချိန်ပြည့် ထုတ်လွှင့်ရောင်းချသူ ၂ သန်းခန့် ရှိပြီး Micro-influencer များအပါအဝင် အချိန်ပိုင်းထုတ်လွှင့်ရောင်းချသူ ၉ သန်းခန့်အထိ မြင့်တက်လာသည်ဟုဆိုသည်။ 

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရွှေစက်တော်ဘုရားပွဲရာသီတွင် ရှားပါးမျိုးစိတ်စာရင်းဝင် မြန်မာ့ကြယ်လိပ်များအား လာရောက်လေ့လာနိုင်

မင်းဘူး မတ် ၁၆

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်ရှိ ရှားပါး စာရင်းဝင်ဒေသရင်းမျိုးစိတ် မြန်မာ့ကြယ်လိပ်များကို ရွှေစက်တော်ဘုရားပွဲရာသီအတွင်း လာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း ရွှေစက်တော်ဘေးမဲ့တောဥယျာဉ် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းထံမှ သိရသည်။

ရွှေစက်တော် ဘေးမဲ့တောရှိ ကြယ်လိပ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် သာတွေ့ရသောဒေသရင်းဖွား မျိုးစိတ်ဖြစ်သည်။ မြန်မာ့ ကြယ်လိပ် (Burmese Star Tortoise) များကို ဒေသသုံး အမည်များအဖြစ် မြလိပ်၊ ဆီချို လိပ်၊ တောင်ပုံလိပ်နှင့် နတ်လိပ်ဟူ၍လည်း ခေါ်ဆိုကြပြီး ၂၀၀၄ ခုနှစ်မှစတင်ကာ မန္တလေး ရတနာပုံဥယျာဉ်၊ လောကနန္ဒာ ဘေးမဲ့တော၊ မင်းစုံတောင် ဘေးမဲ့ တော၊ ရွှေစက်တော် ဘေးမဲ့တော တို့တွင် ခြံခတ်မွေးမြူခြင်းကို သစ်တောဦးစီးဌာန၊ သားငှက် ထိန်းသိမ်းရေးအဖွဲ့နှင့် လိပ်မျိုးစိတ် ရှင်သန်ရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ကြယ်လိပ်များကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ တောခွေးများက ဖမ်းဆီးကိုက်ဖြတ် စားသောက် ခြင်း၊ ကြယ်လိပ်များကို အိမ်အလှမွေးတိရစ္ဆာန်အဖြစ် တွင်ကျယ်စွာမွေးမြူလာကြပြီး တရားမဝင် ရောင်းဝယ်မှုများရှိခြင်း၊ လိပ်များကျက်စားသည့် နယ်မြေရှိသစ်တော၊ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်း၍ စိုက်ပျိုး မြေ ပြုလုပ်လာခြင်းတို့ကြောင့် ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်မှ ဝန်ထမ်းများက ကြယ်လိပ်အကောင်ရေ ၂၀၀၀ ကျော်ကို မွေးမြူထိန်းသိမ်းထားသဖြင့် ရွှေစက်တော်ဘုရား ပွဲတော်ရာသီတွင် ဘုရားဖူးရင်းတစ်ဆက်တည်း ကြယ်လိပ်များပါ လေ့လာကြည့်ရှုနိုင်ကြကြောင်း ရွှေစက်တော်ဘေးမဲ့တောဥယျာဉ် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

ဇေယျာထက်(မင်းဘူး)

Source: Myanmar National Portal

လူမည်းနှင့် အမျိုးသမီးတို့ကို လပေါ်သို့ ပထမဆုံးစေလွှတ်မည့် စီမံကိန်းကို နာဆာ ဖျက်သိမ်း

နာဆာသည် ယခင်က ကတိကဝတ်ပြုကြေညာထားသော လပေါ်သို့ အမျိုးသမီးနှင့် အသားအရောင်ရှိသူ (လူမည်း) တို့ကို ကမ္ဘာ့ပထမဆုံးအဖြစ် စေလွှတ်ရန် ဆောင်ရွက်မည့် Artemis အမည်ရှိ စီမံကိန်းကို ယခုအခါ ဖျက်သိမ်းလိုက်ပြီဖြစ်ပါသည်။ 

Artemis မှာ ၁၉၇၂ ခုနှစ်နောက်ပိုင်းတွင် လူသားများ လပေါ်သို့ ထပ်မံ ခြေချနိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မည့်စီမံကိန်းဖြစ်ပါသည်။ ယခင်က လပေါ်သို့ သွားရောက်ခဲ့သူများမှာ အမျိုးသားများနှင့် လူဖြူများသာ ဖြစ်သဖြင့် ထိုစီမံကိန်းကို နာဆာက (Diversity in Employment Opportunity- DEO) အစီအစဉ်အဖြစ် အကောင်အထည်ဖော် လုပ်ဆောင်ရန် ယခင်နှစ်များက တရားဝင်ကြေညာခဲ့ပါသည်။

Artemis စီမံကိန်းဖျက်သိမ်းလိုက်ရသည့် အကြောင်းအရင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်ဇန်နဝါရီလက လူအမျိုးမျိုး တန်းတူ ညီမျှမှုနှင့် အခွင့်အရေး (Diversity, Equity and Inclusion- DEI) မူဝါဒကို ဖျက်သိမ်းလိုက်ခြင်းနှင့် သက်ဆိုင်နေပါသည်။ ထိုမူဝါဒအစား လုပ်ငန်းကျွမ်းကျင်မှုကို အခြေခံသည့် အလုပ်တာဝန်ပေးအပ်ခြင်းစနစ် (merity-basedsystem) ကို ဒေါ်နယ်ထရမ့်က ပြန်လည် အသက်သွင်းခြင်းဖြစ်သည်ဟု သိရပါသည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဇွဲကပင်တောင် တောမီးလောင်၊ လောင်ကျွမ်းမှုက နှစ်တိုင်းထက်များပြားသဖြင့် ဒေသခံများ စိုးရိမ်

ကရင်ပြည်နယ်၊ ဘားအံမြို့၏ နာမည်ကျော် ဇွဲကပင်တောင်သည် မတ်လ ၂၃ ရက်၊ နေ့လယ်ကစတင်၍ တောမီးလောင်ကျွမ်းနေပြီး မီးများသလို ယခုအချိန်အထိ မီးငြိမ်းမှုမရှိသေးကြောင်း ဒေသခံများဆီက စုံစမ်းသိရပါသည်။

ဖြစ်စဥ်မှာ မတ်လ ၂၃ ရက်၊ နေ့လယ် ၂ နာရီကျော်အချိန်ကစတင်၍ ဇွဲကပင်တောင်ရှိ နွားလပို့စေတီအနီးနား လျှိုအနီးတစ်ဝိုက်နှင့် ဝိဇ္ဇာ ညီနောင်ဘုရားရှိရာ တောင်အနီးတစ်ဝိုက်တွင် မီးလောင်ကျွမ်းနေကြောင်း သိရှိရပါသည်။

“ခါတိုင်းနှစ်များတွင်လည်း တောမီးကလောင်နေကြပါ။ ဒါပေမဲ့ဒီနှစ်ကတော့ ခါတိုင်းနှစ်နှင့်မတူဘဲ အရမ်းများနေပါသည်။ ယခုထိလည်း မငြိမ်းသေးပါ” ဟု ဒေသခံ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။

လက်ရှိတွင် မြို့ခံပရဟိတအသင်းအဖွဲ့များက စုဖွဲ့၍ မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေကြပြီး လူမှုကွန်ရက်မှာမြင်နေရသကဲ့သို့ တစ်တောင်လုံးမီးလောင်နေပုံ မဟုတ်တော့ဘဲ မီးခိုးငွေ့အများအပြားထွက်ပြီး လှိုက်လောင် နေသည့် ပုံစံမြင်နေရခြင်းဖြစ်ပါကြောင်း ​ဒေသခံတစ်ဦးက MT News ကို မတ်လ ၂၃ ရက်နေ့၊ ည ၁၀ နာရီခန့်မှာ ပြောခဲ့ကြောင်း သတင်းရရှိပါသည်။

ကိုးကား- https://www.mtnewstoday.com/?p=94913

တောင်ကိုရီးယားတွင် တောမီးလောင် ကျွမ်းမှုဖြစ်ပွား အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွားရာ အနည်းဆုံးလူ ၄ ဦးသေဆုံးခဲ့ပြီး ဒေသတွင်းအရေးပေါ် အခြေအနေတစ်ရပ် ထုတ်ပြန်ခဲ့ရကြောင်း အာဏာပိုင်အဖွဲ့က မတ်လ၂၂ ရက်တွင် ပြောသည်။

အဆိုပါတောမီးလောင်ကျွမ်းမှုသည် ဆန်ချုန်ခရိုင်တွင် မတ်လ ၂၁ ရက် မွန်းလွဲပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး မီးငြှိမ်းသတ်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်  ရာပေါင်းများစွာနှင့် မီးသတ်ရဟတ်ယာဉ် အစင်း ၂၀ ခန့်ကို စေလွှတ်ခဲ့ရကြောင်း   သိရသည်။

တောမီးလောင်ကျွမ်းမှုအတွင်း သေဆုံးသွားသူများတွင် မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးနှင့် အစိုးရဝန်ထမ်းတစ်ဦးပါဝင်ပြီး ကျေးရွာ ၁၅ ရွာမှ ဒေသခံပြည်သူ ၂၀၀ ကျော်ကိုလည်း  ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန်  အာဏာပိုင်များက  တိုက်တွန်းခဲ့ရသည်။

တောမီးလောင်ကျွမ်းမှုများသည် နိုင်ငံအတွင်းရှိ အခြားဒေသများတွင်လည်း ဖြစ်ပွားလျက်ရှိပြီး မတ်လ၂၂ ရက်တစ်ရက်တည်းမှာပင် တောမီးလောင်ကျွမ်းမှု ၁၆ ခုဖြစ်ပွားခဲ့ကြောင်း ကိုရီးယားသစ်တောဌာနက  ထုတ်ပြန်ထားကြောင်း   သိရသည်။

လက်ရှိတွင် ကိုရီးယားသစ်တောဌာနက မြောက်ဂျုန်ဆန်၊ တောင်ဂျုန်ဆန်ပြည်နယ်များ၊ ဘူဆန်နှင့်   ဒေးဂျုန်မြို့တို့အပါအဝင် ဒေသ  ၁၂ ခုတွင် တောမီးသတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။   

Source: https://myawady.net.mm/

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘာ့ရေနေ့ ၂၀၂၅ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၂၂

ကမ္ဘာ့ရေနေ့ ၂၀၂၅ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ရေသယံဇာတသည် မိမိတို့သက်ရှိအားလုံး၏ အရေးကြီးသည့် သဘာဝအရင်းအမြစ်တစ်ခုဖြစ်သည့်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် အသက်မွေးဝမ်းကျောင်းနှင့် အသက်ရှင်နေထိုင်ရေးအတွက် အလွန်အရေးကြီးသည့် အခြေခံလိုအပ်ချက်တစ်ခုလည်းဖြစ်ကြောင်း၊ လုံခြုံဘေးကင်းသန့်ရှင်းသည့်ရေသည် မိမိတို့လူသားများ၏ ကျန်းမာရေးကို အထောက်အကူပြုရုံသာမက သဘာဝပတ်ဝန်းကျင်ကိုလည်း ကောင်းကျိုးပြုကြောင်း၊ ထို့ကြောင့် လူတိုင်းလူတိုင်း ကျန်းမာသန်စွမ်းစေရေး သန့်ရှင်းဘေးကင်းသည့်ရေရရှိရန် အစဉ်လိုအပ်လျက်ရှိကြောင်း။

ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ရေကောင်းရေသန့်၏ အရေးကြီးပုံများကို အသိပညာပေးရန်၊ ရေအရင်းအမြစ်များကို ရေရှည်စနစ်တကျအသုံးပြုနိုင်ရေး စီမံခန့်ခွဲမှုများကိုအားပေးရန်၊ ကမ္ဘာ့လူဦးရေ၏ သိသာသည့်အချိုးနှင့် အရေအတွက်တစ်ခုသည် သန့်ရှင်းသောရေမရရှိသည့် ဒေသများတွင်နေထိုင်နေကြရပြီး၊ ရေအခက်အခဲများနှင့် ကြုံတွေ့နေရမှုများကို သတိပြုမိစေရန်၊ ရေအခက်အခဲများနှင့်ပတ်သက်ပြီး ဖြေရှင်းနိုင်ရန်တို့အတွက် လိုအပ်ချက်များကို တွန်းအားပေးရန်နှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ၂၀၂၀ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်အမှတ် (၆) ဖြစ်သည့် လူတိုင်းလုံခြုံဘေးကင်းသန့်ရှင်းသည့် သောက်သုံးရေရရှိနိုင်စေရန် တိုးမြှင့်ဆောင်ရွက်နိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် မတ်လ (၂၂) ရက်ကို ကမ္ဘာ့ရေနေ့အဖြစ်သတ်မှတ်ပြီး၊ ၁၉၉၃ ခုနှစ်ကစ၍ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း။

နှစ်စဉ်နှစ်တိုင်းတွင်လည်း အထူးပြုအသိပေးလိုသည့် ကမ္ဘာ့ရေနေ့ဆိုင်ရာအဓိက အကြောင်းအရာဆောင်ပုဒ်များကို သတ်မှတ်ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုနှစ်ကမ္ဘာ့ရေနေ့ ၂၀၂၅ အတွက် အဓိကအကြောင်းအရာဆောင်ပုဒ်မှာ “ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” “The Glacier Preservation" ပင်ဖြစ်ကြောင်း။

ကမ္ဘာပေါ်တွင် ရေထုစုစုပေါင်း၏ ၉၇ ဒသမ ၅ ရာခိုင်နှုန်းသည် ဆားငန်ရေများဖြစ်ကြပြီး ကျန် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရေချိုများဖြစ်ကြောင်း၊ သို့သော်လည်း ယင်းရေချိုများ၏ ၆၈ ဒသမ ၇ ရာခိုင်နှုန်းသည်လည်း ဝင်ရိုးစွန်းရေခဲမြစ်များနှင့် ရေခဲတောင်များအဖြစ် တည်ရှိနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရေခဲမြစ်များသည် ကမ္ဘာ့ရေချိုအရင်းအမြစ်များအတွက် အရေးပါသည့်အခန်းကဏ္ဍကပါဝင်နေပြီး ကမ္ဘာ့လူဦးရေသန်းပေါင်းများစွာအတွက် သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် စွမ်းအင်ထုတ်လုပ်နိုင်ရန်အတွက် အဓိကကျနေသည့် အရင်းအမြစ်တစ်ခုဖြစ်ကြောင်း။

ကမ္ဘာပေါ်တွင်ရှိသည့် ရေခဲမြစ်များ၏ (၉၁) ရာခိုင်နှုန်းသည် အန္တာတိကတိုက်တွင်တည်ရှိပြီး (၈) ရာခိုင်နှုန်းခန့်က ဂရင်းလန်းတွင်တည်ရှိနေကြောင်း၊ ကျန်ရှိသည့် (၁) ရာခိုင်နှုန်းခန့်မှာ ဟိမဝန္တာတောင်တန်း၊ အန်ဒီးစ်တောင်တန်းစသည့် ဒေသများတွင် တည်ရှိနေခြင်းဖြစ်ကြောင်း။

လေ့လာထားသည့်စစ်တမ်းများအရ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရေခဲမြစ်များသည် နှစ်စဉ်ရေခဲတန်ချိန် ၂၆၇ ဘီလီယံခန့်ဆုံးရှုံးခဲ့ပြီး ယင်းဖြစ်စဉ်သည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၏ ၂၁ ရာခိုင်နှုန်းကို ဖြစ်စေခဲ့သည်ဟုသိရကြောင်း။

ဟိမဝန္တာတောင်တန်းများတွင်ရှိသည့် ရေခဲမြစ်များသည် လွန်ခဲ့သည့်နှစ် (၄၀) အတွင်း အရည်ပျော်မှုနှုန်း သိသိသာသာမြင့်တက်လာခဲ့ပြီး မကြာသေးမီနှစ်များအတွင်း ရေခဲပမာဏများစွာ လျော့နည်းလာခဲ့ကြောင်း၊ ကမ္ဘာ့အပူချိန်သည် စက်မှုခေတ်မတိုင်မီက အပူချိန်ထက် (၂) ဒီဂရီစင်တီဂရိတ် မြင့်တက်လာမည်ဆိုပါက ၂၁၀၀ ပြည့်နှစ်မတိုင်မီ ကမ္ဘာ့ရေခဲမြစ်များ၏ တစ်ဝက်ကျော်ခန့် ပျောက်ကွယ်သွားနိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထားကြောင်း၊ ကုလသမဂ္ဂကလည်း ၂၀၂၅ ခုနှစ်ကို အပြည်ပြည်ဆိုင်ရာ ရေခဲမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှစ်အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး ၂၀၂၅ ခုနှစ်မှစတင်ကာ နှစ်စဉ် မတ်လ (၂၁) ရက်နေ့ကို “ကမ္ဘာ့ရေခဲမြစ်များနေ့ (World Day for Glaciers)” အဖြစ် ကြေညာခဲ့ကြောင်း၊ ယင်းသည် ရာသီဥတု၊ ဇလဗေဒလည်ပတ်မှု၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများတွင် ရေခဲမြစ်များ၏ အရေးပါသည့် အခန်းကဏ္ဍကို တစ်ကမ္ဘာလုံးက သတိပြုမိစေခဲ့ကြောင်း။

မိမိတို့ မြန်မာနိုင်ငံတွင် ရေခဲမြစ်အဖြစ်ဖော်ပြနိုင်ရန် အထင်အရှားမရှိသော်လည်း ဧရာဝတီမြစ်၏ မြစ်ဖျားခံရာ မေခနှင့် မလိခမြစ်တို့၏ အထက်ပိုင်းဒေသတွင်တည်ရှိသည့် ခါကာဘိုရာဇီတောင်တန်းနှင့်တိဘက်ကုန်းပြင်မြင့်မှ စီးဆင်းလာသည့်ရေခဲမြစ်များသည် နွေရာသီတွင် စုစည်းဖြစ်ပေါ်သည့် ရေခဲမြစ်များဖြစ်ကြပြီး ဧရာဝတီမြစ်ရေကို တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖြည့်တင်းပေးလျက်ရှိကြောင်း။

ရာသီဥတုပြောင်းလဲလာပြီး အပူချိန်မြင့်တက်လာမှုသည် ရေခဲမြစ်များ၏ အရည်ပျော်မှုကို မြန်ဆန်စေပြီး ရေခဲမြစ်များ၏ထုထည်ကို လျော့နည်းစေကြောင်း၊ လေ့လာတွေ့ရှိချက်များအရ ဟိမဝန္တာတောင်တန်းတွင်ရှိသည့် အခြားရေခဲမြစ်များထက် ဧရာဝတီမြစ်အထက်ပိုင်းရှိ ရေခဲမြစ်များသည် ထုထည်နှင့် ဧရိယာသေးငယ်မှုကြောင့် ပိုမိုမြန်ဆန်စွာလျော့နည်းလျက်ရှိပြီး ၂၁၀၀ ပြည့်နှစ်တွင် ကချင်ပြည်နယ်၏ ပျမ်းမျှအပူချိန်သည် ၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ် မြင့်တက်လာလိမ့်မည်ဟု ခန့်မှန်းထားကြကြောင်း၊ ယင်းအခြေအနေသည် ဧရာဝတီမြစ်အထက်ပိုင်းတွင်ရှိသည့် ရေခဲမြစ်များ လုံးဝပျောက်ကွယ်သွားနိုင်ကြောင်းကို ညွှန်းဆိုနေကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ အနာဂတ်ရေချိုအရင်းအမြစ်များ တည်ရှိမှုကို ခြိမ်းခြောက်နေသည်ကို သတိပြုမိကြရန်ပြောကြားလိုကြောင်း။

မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ရေစီးကြောင်းအပေါ် ရေခဲမြစ်များ၏ သက်ရောက်မှုများကို တိတိကျကျလေ့လာနိုင်ရန် ရေဆိုင်ရာအချက်အလက်များ လိုအပ်နေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ရေခဲမြစ်များ၏ ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်များကို စနစ်တကျစုစည်းခြင်းသည် အနာဂတ်ရေအရင်းအမြစ်စီမံခန့်ခွဲမှုများအတွက် အရေးကြီးသည့်အချက်ဖြစ်ကြောင်း။

မိမိတို့မြန်မာနိုင်ငံတွင်လည်း ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်အဖြစ် ၂၀၂၄ ခုနှစ်၊ မိုးရာသီအတွင်း ရေကြီးမှုဖြစ်စဉ်များအနေဖြင့် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ကချင်ပြည်နယ် (မြစ်ကြီးနား)၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း။

ရေစီမံအုပ်ချုပ်မှုအနေဖြင့် ကုလသမဂ္ဂကချမှတ်တိုက်တွန်းထားသည့် ရေဘက်စုံစီမံခန့်ခွဲမှု (Integrated Water Resources Management - IWRM) များကို လိုက်နာပြီး ရေရှည်တည်တံ့သည့်ရေစီမံခန့်ခွဲမှုကို အလေးပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ရေဆိုင်ရာအခက်အခဲပြဿနာများဖြေရှင်းရန်နှင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးသက်သာစေရန်၊ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် ရေအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်ရန် “အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ” ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူဆောင်ရွက်ပြီးနောက် “အမျိုးသားအဆင့်ရေ အရင်းအမြစ်ကော်မတီ” ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်တွင် မိမိကိုယ်တိုင်ဥက္ကဋ္ဌအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း။

“အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ” အနေဖြင့် မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲမှုစနစ်ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ပြီး ရေအရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးရှိအောင်အသုံးချနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် ရေဆိုင်ရာစီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများနှင့် အမျိုးသားအဆင့် ရေမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ကြီးကြပ်ခြင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများကို ပေါင်းစပ်ညှိနှိုင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ရေနေ့အခမ်းအနားများကျင်းပခြင်းနှင့် ရေဆိုင်ရာအသိပညာပေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း။

ထို့အပြင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့၏ မြစ်ဖျားမှစတင်ပြီး ပင်လယ်ထဲသို့ရောက်သည်အထိ ရေစီးနှုန်းတိုင်းတာရန်နှင့် ရေလမ်းကြောင်းအခြေအနေအပါအဝင် ရေအရင်းအမြစ်ပမာဏကို စူးစမ်းလေ့လာ ဆောင်ရွက်နိုင်ရေးအတွက် ရေအားအရင်းအမြစ်စူးစမ်းလေ့လာရေးအဖွဲ့ကို ၂၀၂၂ ခုနှစ်၊ မတ်လ (၇) ရက်တွင် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယင်းအဖွဲ့သည်လည်း လုပ်ငန်းတာဝန်များအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ရေအားအရင်းအမြစ်စူးစမ်းလေ့လာရေးလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေကို ပြည်ထောင်စုအစိုးရအဖွဲ့ထံ အစီရင်ခံတင်ပြလျက်ရှိကြောင်း၊ လက်ရှိအနေအထားတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့သည် လူတို့၏လုပ်ဆောင်ချက်ကြောင့် သောင်ပို့မှုများ များပြားလာပြီး ရေကြောင်းသွားလာရေးတွင် ကန့်သတ်ချက်များ များလာကြောင်း၊ ထို့ကြောင့် မြစ်ကြောင်းများထိန်းသိမ်းရေးသည် အရေးကြီးသည့်အခြေအနေရှိနေပြီး စောလျင်စွာဖြေရှင်းရန်လိုကြောင်း၊ အဓိကမြစ်များနှင့် ယင်းမြစ်များအတွင်းစီးဝင်သည့် မြစ်၊ ချောင်းများ ဘေးဝဲယာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်စေသည့် လုပ်ငန်းများကို ဒေသဆိုင်ရာအစိုးရ၊ အုပ်ချုပ်ရေးအဖွဲ့များက ကြပ်မတ်ရန်လိုကြောင်း၊ အဆိုပါမြစ်များသည် ကူးသန်းသွားလာမှုတွင် အဓိကျခြင်းကြောင့် ဆောလျင်စွာ သောင်တူးရှင်းလင်းနိုင်ရေး၊ ဟိမဝန္တာတောင်မှ စီးဆင်းလာသည့် ရေချိုများကို စိုက်ပျိုးရေးကဏ္ဍတွင် အကျိုးရှိစွာအသုံးချနိုင်ရေး၊ ရာသီမရွေး ရေကြောင်းသွားလာနိုင်ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး၊ မြစ်ဘေး ဝဲ ၊ ယာနှင့် သက်ရောက်သည့် နေရာများစိမ်းလန်းစိုပြေလာစေရေးတို့ကို ဖြစ်ပေါ်လာစေရန် သတ်မှတ်ရှာဖွေထားသည့်နေရာများတွင် အနိမ့်တမံ (Low-Head Dam) များ ဖြစ်နိုင်သမျှ အမြန်ဆောင်ရွက်သွားရန်လိုကြောင်း။

အနာဂတ်ရေဖူလုံစေရေးအတွက် ရေစီမံအုပ်ချုပ်ရေးလုပ်ငန်းများသည် အလွန်အရေးကြီးကြောင်း၊ ရေရှည်တည်တံ့သည့် ရေစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများရရှိစေရေး လူတိုင်းကို အသိပညာပေးခြင်းအပြင် နည်းပညာအသစ်များတီထွင်ကြံဆခြင်း၊ ရေအသုံးပြုမှုဆိုင်ရာ အလေ့အကျင့်ကောင်းများ ဖော်ထုတ်ခြင်းစသည့် နည်းစနစ်အသစ်များကို ကျင့်သုံးသွားရမည်ဖြစ်ကြောင်း။

ယခုနှစ် ကမ္ဘာ့ရေနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “ရေအရင်းအမြစ်များ တည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” ဟူသည့်အတိုင်း မိမိတို့နိုင်ငံအတွင်း၌ ရေအရင်းအမြစ်များ ရေရှည်ပေါများကြွယ်ဝစေရန်နှင့် ရေနှင့်ဆိုင်သည့် သဘာဝဘေးဒဏ်များ လျော့ပါးစေရန်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု၊ တိုးတက်နေသည့် နည်းပညာများနှင့်ပြည်သူလူထု၏ပူးပေါင်းမှုကိုရယူပြီး ဆက်လက်ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ လက်ရှိပိုင်ဆိုင်ထားသည့် ရေချိုအရင်းအမြစ်များကို အမြော်အမြင်ရှိစွာဖြင့် ရေရှည်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ကြရန်၊ တက္ကသိုလ်များ၊ သုတေသနစင်တာများကလည်း ရေကဏ္ဍကိုမြှင့်တင်ပေးနိုင်ရေး လေ့လာမှုများ၊ အသိပညာပေးမှုများ ဆက်လက်ဆောင်ရွက်ပေးကြရန်၊ မိမိတို့နိုင်ငံ အနာဂတ်ရေဖူလုံစေရေး ရေကဏ္ဍကိုမြှင့်တင်ရန် ရေစီမံခန့်ခွဲမှုနည်းပညာများဖြင့် ကြိုးစားမြှင့်တင်ကြရန်၊ နိုင်ငံ၏ရေချိုအရင်းအမြစ်များကို အထောက်အပံ့ပေးနိုင်သည့် တည်ရှိပြီးရေခဲတောင်များ၊ ရေခဲမြစ်များရေရှည်တည်မြဲစေရေး မိမိတို့တတ်နိုင်သည့်နေရာများမှ ပါဝင်ထိန်းသိမ်းဆောင်ရွက်ပေးကြရန်၊ မိမိတို့၏လက်ရှိနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် နိုင်ငံ၏ရေအရင်းအမြစ်များကိုရေရှည်တည်တံ့ပြီးစနစ်တကျ၊ မျှမျှတတအကျိုးရှိစွာ ရေရှည်အသုံးပြုသွားနိုင်ရေး ရေဆိုင်ရာစီမံခန့်ခွဲမှုကဏ္ဍများတွင် မိမိတို့ပြည်သူများအားလုံး အတူတကွပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ်အလွတ်တန်းအဆင့်ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိခဲ့ကြသူများကို ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အမျိုးသားအဆင့်ရေအရင်းမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ် ဝါသနာရှင်အဆင့် ဆောင်းပါး ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများကို ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုအားကြည့်ရှုကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ် ဓာတ်ပုံပြခန်းများအားပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်းသတင်းရရှိသည်။

Source: MOI

အိန္ဒိယနိုင်ငံသည် ကျောက်မီးသွေးထုတ်လုပ်မှုတွင် သမိုင်းဝင်မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်

အိန္ဒိယနိုင်ငံသည် ကျောက်မီးသွေးထုတ်လုပ်မှုတွင် သမိုင်းဝင်မှတ်တိုင် သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါသည်။ 

အိန္ဒိယနိုင်ငံသည် စွမ်းအင်လိုအပ်ချက်မြင့်မားနေသော စီးပွားရေးကို ထောက်ပံ့ရန် ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း ကျောက်မီးသွေးတန်ချိန် ၁ ဘီလီယံ ထုတ်လုပ်ကာ စံချိန်သစ်တင်နိုင်ခဲ့ပါသည်။

သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဂျီ. ကီရှန် ရက်ဒီ (G. Kishan Reddy) က မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်မီးသွေးထုတ်လုပ်မှု စံချိန်တင်မြင့်တက်လာကြောင်း ထုတ်ပြန် ခဲ့ပါသည်။ စီးပွားရေးအလျင်အမြန် တိုးတက်ကြီးထွားလာနေသော အိန္ဒိယသည် ပြည်တွင်းလျှပ်စစ်ထုတ်လုပ်ရေးအတွက် ကျောက်မီးသွေး ကို အဓိကအားထားနေရဆဲဖြစ်ပါသည်။ 

တရုတ်ပြီးလျှင် ကမ္ဘာ့ဒုတိယမြောက် ကျောက်မီးသွေး အသုံးပြုမှု အများဆုံး နိုင်ငံဖြစ်သော အိန္ဒိယတွင် လျှပ်စစ်ဓာတ်အား၏ ၇၄% ခန့်ကို ကျောက်မီးသွေးမှ ထုတ်လုပ်လျက်ရှိပြီး၊ စုစုပေါင်းစွမ်းအင် အရင်းအမြစ် များတွင် ကျောက်မီးသွေး၏ပါဝင်မှုမှာ ၅၅% အထိရှိပါသည်။ 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က ကျောက်မီးသွေးတန်ချိန် ၉၉၇.၈၃ သန်း ထုတ်လုပ်ခဲ့သော်လည်း ယခုနှစ်တွင် တန်ချိန် ၁ ဘီလီယံကျော်သို့ ရောက်ရှိ လာကာ တစ်နှစ်တာအတွင်း ကျောက်မီးသွေးထုတ်လုပ်မှုတွင် တရုတ် နှင့်အတူ ထိပ်တန်းနိုင်ငံများစာရင်းဝင်လာခဲ့ပါသည်။ 

 သတ္တုတွင်းဝန်ကြီး ရက်ဒီက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ X တွင် “အဆိုပါအောင်မြင်မှုသည် လျှပ်စစ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး စီးပွားရေးတိုးတက်စေကာ အိန္ဒိယနိုင်ငံသားတိုင်းအတွက် ပိုမို တောက်ပ သော အနာဂတ်ကို ဖန်တီးပေးလိမ့်မည်” ဟု ရေးသားခဲ့ပါသည်။ထို့အပြင် ကျောက်မီးသွေးထုတ်လုပ်သည့် ကုမ္ပဏီများသည် “ထုတ်လုပ်မှု တိုးမြှင့်ရုံသာမက ရေရှည်တည်တံ့ပြီး တာဝန်ယူမှုရှိသော သတ္တုတူးဖော်ရေး လုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိသည်” ဟု ထောက်ပြခဲ့ပါသည်။ 

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီက အဆိုပါအောင်မြင်မှုကို “အိန္ဒိယ အတွက် ဂုဏ်ယူစရာ” ဟု ဂုဏ်ပြုပြောဆိုကာ စွမ်းအင်လုံခြုံရေး၊စီးပွားရေးတိုးတက်မှုနှင့် ကိုယ့်အားကိုယ်ကိုးမှုဆီသို့ အစိုးရ၏ ကတိကဝတ်ကို အလေးထားဖော်ပြခဲ့ပါသည်။ ပြည်တွင်းထုတ်လုပ်မှု တိုးလာခြင်းဖြင့် သွင်းကုန်မှုလျော့ကျလာခဲ့ပြီး၊ ၂၀၂၄ ခုနှစ်၊ ဧပြီမှ ဒီဇင်ဘာအထိ ကျောက်မီးသွေးသွင်းကုန်မှာ ယခင်နှစ်ကထက် ၈.၄% လျော့ကျကာ နိုင်ငံခြားငွေစုဆောင်းမှု အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလီယံခန့် သက်သာခဲ့ကြောင်း အစိုးရက ဖော်ပြခဲ့ပါသည်။   

အစိုးရသည် ၎င်း၏ “ကျောက်မီးသွေးလုပ်ငန်းစဉ်” အရ လက်ရှိ ဘဏ္ဍာ နှစ်အတွက် တန်ချိန် ၁.၀၈ ဘီလီယံထုတ်လုပ်ရန် ရည်မှန်းထားသည်။ အိန္ဒိယနိုင်ငံသည် နွေရာသီတွင် လျှပ်စစ်လိုအပ်ချက်ပြည့်မီစေရန်ကျောက်မီးသွေးကို ဆက်လက်တင်သွင်းနေသော်လည်း ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်ခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ် များကို ချဲ့ထွင်ခြင်းဖြင့် ၂၀၂၆ ခုနှစ်တွင် ကျောက်မီးသွေးတွင် မိမိကိုယ် ကို အားကိုးနိုင်ရန် အစိုးရက ရည်မှန်းထားပါသည်။ 

ကိုဗစ်-၁၉ မတိုင်မီ နှစ်ပေါင်း ၂၀ အတွင်း အိန္ဒိယစီးပွားရေးသည် ပျမ်းမျှ ၆.၅% အထိ တိုးတက်ခဲ့ပြီး၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ၆.၄%၊ ယခင် နှစ်က ၈.၂% တိုးတက်ကာ ကမ္ဘာ့အမြန်ဆုံးတိုးတက်လာသည့် စီးပွားရေး နိုင်ငံဖြစ်လာခဲ့သည်။ အိန္ဒိယဗဟိုဘဏ်က ဧပြီလမှစတင်မည့် လာမည့် ဘဏ္ဍာနှစ်တွင် စက်မှုလုပ်ငန်းနှင့် အိမ်ထောင်စု အသုံးစရိတ် တိုးလာမှု များကြောင့် ၆.၇% အထိ တိုးတက်လာမည်ဟု မျှော်မှန်းထားသည်။

ကိုးကား - RT