ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ဧက ၂၃၃၇၀ ရှိသောနယ်မြေကို “ခိုကျွန်းဒီရေတောကြိုးပြင် ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၇၁/၂၀၂၅) အရ ၁၃၈၇ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၃ ရက် (၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/လေမုန်တိုင်း ဒဏ်ခံစားရမှုများကို သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ကဏန်း၊ ပုစွန်စသောရေသယံဇာတများ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲ နိုင်ရန်နှင့် ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန် လာစေရန်ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ် တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။
ခိုကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် ဒီရေတောအဓိကသစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ လမု၊ လဘ၊ ကနစို၊ သမဲ့၊ ကျန၊ မဒမ၊ ပင်လယ် အုန်းစသည့်သစ်မျိုးများနှင့် သရော၊ နှံဗြူး(ငှက်)နှင့် ဓနိပင်စသည့် ဒေသမျိုးရင်း ဒီရေတောသစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဗျိုင်း၊ ဗျိုင်းအောက်၊ စွန်၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ခရုစုတ်ငှက်၊ ရေညှောင့်နှုတ်ဝိုင်းငှက်၊ တင်ကြီးငှက်၊ ငှက်တုံး ငှက် စသည့်ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင် မည်ဖြစ်ခြင်း၊ သား၊ ငါး၊ ကဏန်း၊ ပုစွန်များရှင်သန်ပေါက်ပွားရာ ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါသည့်ဂေဟ စနစ်တစ်ခုဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ဝေါလ်လ်စထရိတ်ဂျာနယ် (WSJ) ၏ သတင်းတစ်ရပ်အရ အမေရိကန် သမ္မတဟောင်း ဘီကလင်တန်သည် ကျော်ကြားသည့် ငွေကြေးအရှုပ်တော်ပုံနှင့် သက်ငယ်လိင်အဓမ္မခိုင်းစေမှု ကျူးလွန်သူအဖြစ်စွပ်စွဲကာ အကျဉ်းချခံခဲ့ရသူ ဂျက်ဖရီ အပ်စတိန်း၏ ၂၀၀၃ ခုနှစ် မွေးနေ့အထိမ်းအမှတ် မှတ်တမ်းတွင် ကိုယ်တိုင်ရေးမှတ်စုတစ်စောင် ရေးသားခဲ့ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါသတင်းသည် ထရမ့်နှင့် ဒီမိုကရက်ပါတီ အကြီးအကဲများအကြား အပ်စတိန်းနှင့် အတိတ်က ဆက်နွှယ်မှုများအပေါ် အပြန်အလှန် စွပ်စွဲနေကြချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အပ်စတိန်းသည် ၂၀၁၉ ခုနှစ် တွင် လိင်အဓမ္မခိုင်းစေမှုများဖြင့် အမှုစစ်ဆေးနေစဉ် မန်ဟက်တန် အကျဉ်းထောင်တွင် သေဆုံးခဲ့သည်။
WSJ ၏ ဖော်ပြချက်အရ အပ်စတိန်း၏ အသက် ၅၀ ပြည့် မွေးနေ့နှင့် ပတ်သက်၍ ပြုစုထားသော မှတ်တမ်းတွင် ကလင်တန်၏ လက်ရေး မှတ်စုပါရှိပြီး "သင်ယူမှု နှင့် သိရှိမှုများ၊ စွန့်စားမှုများနှင့်အတူ နှစ်ပေါင်း များစွာရှင်သန်ခဲ့ပြီး သင့်မှာ ကလေးဘဝကလို စူးစမ်းလိုစိတ်၊ အပြောင်းအလဲလုပ်ချင်သည့် စိတ်ဓာတ်နှင့် မိတ်ဆွေများ၏ နှစ်သိမ့်မှုများ ရှိနေပါသည်။ ဒါက စိတ်သက်သာစရာပဲဟု မထင်ဘူးလား" ဟု ရေးသား ထားသည်။
ဘီလီယံနာ Leon Black၊ ဖက်ရှင် ဒီဇိုင်နာ Vera Wang နှင့် မီဒီယာ လုပ်ငန်းရှင် Mort Zuckerman တို့အပါအဝင် အထင်ကရပုဂ္ဂိုလ်များကလည်း ၎င်း၏မွေးနေ့မှတ်တမ်းတွင် မွေးနေ့ဆုမွန်တောင်းလွှာများ ပေးပို့ ခဲ့ကြသည်ဟု သတင်းစာတွင် ထည့်သွင်းဖော်ပြချက်အရ သိရှိရသည်။
ကလင်တန်၏ ပြောရေးဆိုခွင့်ရှိသူက ထိုမှတ်စုနှင့်ပတ်သက်၍ မှတ်ချက်ပြုရန် ငြင်းဆိုခဲ့သော်လည်း၊ အပ်စတိန်းအနေဖြင့် ၂၀၁၉ ခုနှစ် တွင် အဖမ်း မခံရမီ ကြာမြင့်စွာကတည်းက သမ္မတဟောင်းနှင့် ၎င်း၏ ဆက်ဆံရေး ဖြတ်တောက်ပြီးဖြစ်ကြောင်း၊ ပြစ်မှုများနှင့်ပတ်သက်၍လည်း ၎င်း မသိ ရှိခဲ့ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။
လွန်ခဲ့သည့်သီတင်းပတ်က WSJ က အလားတူမှတ်တမ်းတွင် ဒေါ်နယ်ထရမ့်၏ စာတစ်စောင်ပါဝင်ကြောင်း ဖော်ပြခဲ့ပြီး၊ ယင်းစာတွင် အဝတ်ဗလာ အမျိုးသမီး ရုပ်ပုံဆွဲထားသည့် အချက်ပါရှိခဲ့သည်။ ထရမ့်က ယင်းသတင်းနှင့်ပတ်သက်၍ အသရေဖျက်မှုစွပ်စွဲချက် (defamation lawsuit) တစ်ရပ် အဖြစ် တုံ့ပြန်တင်သွင်းခဲ့သည်။
ဝါရင့် ဒီမိုကရက်များနှင့် ထရမ့်၏အချို့မဟာမိတ်များက အပ်စတိန်း၏ ဖောက်သည်စာရင်းမရှိဟု တရားရေးဌာန (DOJ) နှင့် FBI တို့၏ ငြင်းဆိုခဲ့မှုနှင့် သေဆုံးမှုကို မိမိကိုယ်ကို အဆုံးစီရင်မှုအဖြစ်သာ သတ်မှတ်ခဲ့ခြင်းအတွက် တမင်ဖုံးကွယ်မှုရှိသည်ဟု စွပ်စွဲနေကြသည်။ ထရမ့် ကိုယ်တိုင်ကမူ အပ်စတိန်းအမှုကို ၎င်း၏သမ္မတသက်တမ်းအတွင်း ဂုဏ်သိက္ခာကျစေရန် အသုံးချနေသည်ဟု ပြောဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

An-24 ခရီးသည်တင်လေယာဉ် ပျက်ကျမှုအတွင်း ပါဝင်ခဲ့သည့် ရုရှား နိုင်ငံ Amur ဒေသနှင့် Khabarovsk နယ်စပ်ဒေသတို့မှ သေဆုံးသူများ အတွက် ဇူလိုင် ၂၅ ရက် မှစ၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်ကြာ လုပ်ဆောင်မည်ဟု ဇူလိုင် ၂၄ ရက်က ကြေညာခဲ့သည်။

Amur ဒေသ အုပ်ချုပ်ရေးမှူး Vasily Orlov က ဇူလိုင် ၂၄ ရက်တွင် လူမှုကွန်ယက်မီဒီယာ၌ ၎င်းတို့ဒေသတစ်ခုလုံးသည် သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်ကြာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အထိ Amur ဒေသရှိ နေရာအားလုံးတွင် နိုင်ငံတော် အလံအား တိုင်ဝက်လွှင့်ထူမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ် အားလုံး ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Khabarovsk နယ်စပ်ဒေသ အုပ်ချုပ်ရေးမှူး Dmitry Demeshin ကလည်း ဇူလိုင် ၂၄ ရက်တွင် လူမှုကွန်ယက်မီဒီယာ၌ သေဆုံးသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ၃ ရက်ကြာ လုပ်ဆောင်သွားမည်ဟု ကြေညာ ခဲ့သည်။ Khabarovsk နယ်စပ်ဒေသသည် ဇူလိုင် ၂၅ ရက်မှ ၂၇ ရက် အထိ နိုင်ငံတော်အလံအား တိုင်ဝက်လွှင့်ထူသွားမည်ဟု ၎င်းက ဆိုသည်။
ရုရှား သမ္မတ ပူတင်က ဇူလိုင် ၂၄ ရက်တွင် Arkhangelsk ပြည်နယ်၌ စစ်ရေးဆိုင်ရာအစည်းအဝေး မကျင်းပမီ လေယာဉ်ပျက်မှုကြောင့် သေဆုံးသူ မိသားစုဝင်များအား နှစ်သိမ့်အားပေးကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်သူအားလုံး သေဆုံးသူများအတွက် တစ်မိနစ် ငြိမ်သက်ခြင်းဖြင့် ဂါရဝပြုရန် ကြေညာခဲ့သည်။
ရုရှားနိုင်ငံ Angara လေကြောင်းလိုင်းမှ ပျံသန်းပြေးဆွဲလျက်ရှိသည့် An-24 ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဇူလိုင် ၂၄ ရက်တွင် ရုရှားနိုင်ငံ Amur ဒေသ Tynda မြို့အစွန်နေရာ၌ ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ ခရီးသည် ၄၃ ဦးနှင့် လေယာဉ်ဝန်ထမ်း ၆ ဦး အားလုံး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါလေယာဉ်သည် ရုရှားနိုင်ငံ အရှေ့ဖျားဒေသ Khabarvosk မြို့မှ စတင်ပျံသန်းခဲ့ပြီး Blagoveshchensk မြို့တွင်ရပ်နားကာ Tynda မြို့သို့ ပျံသန်းခဲ့ခြင်းဖြစ်သည်။
ကိုးကား- Xinhua

ရုရှား၏ အရှေ့ဖျားဒေသတွင် ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ရှိ လူ ၄၉ ဦးစလုံး သေဆုံးခဲ့ကြောင်း ကြာသပတေးနေ့ (ဇူလိုင် ၂၄) တွင် အရေးပေါ်ဝန်ဆောင်မှုအဖွဲ့များက အတည်ပြုခဲ့သည်။
Angara Airlines ၏ Antonov An-24 အင်ဂျင်နှစ်လုံးတပ် တာဘိုပရော့ လေယာဉ်သည် Amur ဒေသ၊ Tynda မြို့အနီးတွင် ဒေသစံတော်ချိန် နေ့လယ် ၁ နာရီခန့်က ပျက်ကျခဲ့သည်။ လေယာဉ်သည် Khabarovsk မှ Blagoveshchensk ၊ ထိုမှတစ်ဆင့် Tynda အထိ ပြည်တွင်းခရီးစဉ်ကို ပျံသန်းနေခြင်းဖြစ်သည်။

ကနဦးအချက်အလက်များအရ လေယာဉ်ပေါ်တွင် ကလေးငယ် ၅ ဦး အပါအဝင် ခရီးသည် ၄၃ ဦးနှင့် လေယာဉ်အဖွဲ့သား ၆ ဦး ပါဝင်ခဲ့သည်။ လေယာဉ်ပျက်ကျသည့် အကြွင်းအကျန်များကို Tynda လေဆိပ်မှ ၁၅ ကီလိုမီတာခန့်အကွာ တောင်စောင်းတစ်ခုပေါ်တွင် တွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့များ ရောက်ရှိချိန်တွင် လေယာဉ်ကိုယ်ထည်၏ အစိတ်အပိုင်းအချို့ မီးလောင်ကျွမ်းနေဆဲဖြစ်သည်။
ရုရှား၏ စုံစမ်းစစ်ဆေးရေးကော်မတီက အဆိုပါဖြစ်စဉ်တွင် အသက်ရှင် ကျန်ရစ်သူ မရှိကြောင်း အတည်ပြုခဲ့သည်။ အေဂျင်စီသည် လေကြောင်း သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးစည်းမျဉ်းများကို ချိုးဖောက်ခဲ့သည် ဟု သံသယရှိသည့် အချက်များအား သေဆုံးမှုဖြစ်စေသော ရာဇဝတ်မှု အဖြစ် စုံစမ်းစစ်ဆေးလျက်ရှိသည်။
အစီရင်ခံချက်များအရ An-24 လေယာဉ်သည် ပထမအကြိမ် ဆင်းသက်ရန် ကြိုးပမ်းမှုကို အကြောင်းရင်း မရှင်းလင်းသေးဘဲ ရုတ်သိမ်းခဲ့ပြီး ဒုတိယ အကြိမ် ဆင်းသက်ရန် ကြိုးပမ်းနေစဉ် ရေဒါမှ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်က ရာသီဥတုအခြေအနေကို လက်ရှိအချိန်အထိ အများသိရှိ စေရန် ထုတ်ပြန်ခြင်း မရှိသေးပေ။
Irkutsk မြို့ အခြေစိုက် အန်ဂါရာ လေကြောင်းလိုင်းသည် ဆိုဗီယက် ခေတ်က တာဘိုပရော့ လေယာဉ်အဟောင်းများဖြင့် ဆိုက်ဘီးရီးယားနှင့် ရုရှား အရှေ့ဖျားဒေသတစ်လွှားရှိ ဒေသတွင်း လေကြောင်းခရီးစဉ်များကို အဓိကထားလုပ်ဆောင်လျက်ရှိသည်။ ကြာသပတေးနေ့က ပျက်ကျခဲ့သော An-24 လေယာဉ်အမျိုးအစားကို ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက စတင်အသုံးပြုခဲ့ပြီး ယနေ့ထိတိုင် ရုရှား၏ အဝေးဆုံးဒေသများသို့ ပျံသန်းသည့် လေကြောင်းခရီးစဉ်များတွင် အသုံးပြုလျက်ရှိသည်။
လူဦးရေ ၇၅၀,၀၀၀ ခန့် နေထိုင်လျက်ရှိသော Amur ဒေသသည် တရုတ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး သစ်တောများ၊ တောင်များနှင့် မြစ်များဖြင့် ကျယ်ပြန့်စွာ ဖုံးလွှမ်းထားသည်။ လူဦးရေ ၃၀,၀၀၀ ခန့် ရှိသော Tynda မြို့သည် ၁၉၇၀ ပြည့်လွန်နှစ်များက ရုရှား၏ ဒုတိယအကြီးဆုံး အရှေ့အနောက် ရထားလမ်း Baikal-Amur Mainline (BAM) အားပံ့ပိုးရန် တည်ဆောက်ခဲ့သော သယ်ယူပို့ဆောင်ရေး အချက်အချာမြို့ ဖြစ်သည်။ Tynda သည် အဆိုပါလေယာဉ်ခရီးစဉ် စတင်ရာမြို့ဖြစ်သော ဒေသဆိုင်ရာ မြို့တော် Khabarovsk မှ ကီလိုမီတာ ၂,၀၀၀ ကျော် ကွာဝေးသည်။

နေပြည်တော် ဇူလိုင် ၂၄
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌ Mr. Chen Xiaodong ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည် တော်ရှိ Park Royal Hotel ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံပွဲတွင် မန္တလေးငလျင်ကြီးအလွန် ပြန်လည်ထူထောင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ကူညီပံ့ပိုးပေးနိုင်မည့်အခြေအနေ၊ မြန်မာအစိုးရ နှင့် CIDCA တို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရေး၊ ဆောက်လုပ်ရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍများ၌ ဦးစားပေးအကောင်အထည် ဖော်လိုသည့် စီမံကိန်းများ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရန်နှင့် မဟာဗျူဟာကျသည့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အေးအတူပူအမျှ အသိုက်အဝန်းထူထောင်မှုအရှိန်အဟုန်ကို ဆက်လက်မြှင့်တင်သွားရေးတို့ကို ဆွေးနွေးကြသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး၊ CIDCA မှ တာဝန်ရှိသူများနှင့် တရုတ်သံရုံးမှ သံတမန်များ တက်ရောက်ကြသည်။
အစည်းအဝေးအပြီးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဥက္ကဋ္ဌတို့က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံတကာ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီဥက္ကဋ္ဌတို့က တရုတ်-မြန်မာချစ်ကြည်ရေး အဆင့်မြင့်အထူးကုဆေးရုံကြီးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဖြစ်နိုင်ခြေလေ့လာ သုံးသပ်မှုအတွက် စာလွှာလက်မှတ်ရေးထိုးလဲလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
MOI

တံတားဦး ၊ ဇူလိုင် - ၂၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြည်သူများသို့ အခြေခံ စားသောက်ကုန်များ များအား ယနေ့နံနက် (၇) နာရီက တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး တောင်ဘက်လမ်းတွင် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးကြောင်းသိရသည် ။

ထိုသို့ရောင်းချပေးရာ၌ တံတားဦးခရိုင်/မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဆန်ကုန်သည်များအသင်း၊ ဆီကုန်သည် များအသင်းနှင့် ဥစားကြက်မွေးမြူရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများအတွက် လက်ရှိကာလပေါက် ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းလျော့ချ၍ ရောင်းချခဲ့ရာ အမဲသားမှာ မူရင်းဈေးဖြစ်သည့် တစ်ပိဿာလျှင် (၃၄၀၀၀) ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်ဖြင့် အချိန်(၃၀)ပိဿာ ၊ ဝက်သားမှာ မူရင်း ဈေးဖြစ်သည့် တစ်ပိဿာလျှင် (၃၆၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ် ဖြင့် အချိန်(၃၅)ပိဿာ ၊ ဆိတ်သားမှာ မူရင်းဈေး ဖြစ်သည့် တစ်ပိဿာလျှင်(၄၄၀၀၀)ကျပ်အစား သက်သာသော ဈေးအဖြစ် တစ်ပိဿာလျှင် ၃၆၀၀၀ ကျပ်ဖြင့် အချိန်(၁၅)ပိဿာ ၊ ကြက်ဥတစ်လုံးလျှင် မူရင်းဈေးမှာ (၄၅၀) ကျပ် အစား သက်သာသောဈေးအဖြစ် တစ်လုံးလျှင်(၃၀၀)ကျပ်ဖြင့် ကြက်ဥ(၁၅၀၀)လုံး ၊ စားသုံးဆီ တစ်ပိဿာ လျှင် မူရင်းဈေးမှာ (၁၀၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင်(၇၄၀၀)ကျပ်ဖြင့် ဆီ(၁၁၀) ပိဿာ၊ ဆန်တစ်ပြည်လျှင် မူရင်းဈေးမှာ (၄၅၀၀) ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပြည်လျှင် (၃၅၀၀) ကျပ်ဖြင့် ဆန်(၂၆၀)ပြည်တို့ကို စားသုံးသူများ၏ လက်ဝယ်အရောက် ရောင်းချပေးကြောင်း သတင်းရရှိသည် ။
ဦးရဲတင့်( ပြန်/ဆက်)

ယနေ့နံနက် ၁၁ နာရီခွဲအချိန်တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း နှစ်ပေခန့်မြင့်တက်လာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
မိုး/ဇလ

ယနေ့ည ၉နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့သည်။ အဆိုပါအားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့တွင် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်။ ထိုမှ တစ်ဆင့် နောက်နှစ်ရက်အတွင်း
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ဩရိဿပြည်နယ်မြောက်ပိုင်း၊ ဂျက်ခမ်းပြည်နယ်နှင့် ယင်း နှင့်ဆက်စပ်လျက်ရှိသော ချက်တစ်ဂတ် ပြည်နယ်မြောက်ပိုင်းတို့သို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း ယနေ့ ညမှ ဇူလိုင် ၂၈ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများ တွင် ဒေသအလိုက်နှင့် နေရာကွက်၍မိုးကြီးမည်ဖြစ်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီး မည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်ထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၄ ပေမှ ၁၆ ပေခန့် ရှိနိုင်သည်။
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ် ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေ ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု များကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများ အနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
(မိုး/ဇလ)

လန်ဒန် ဇူလိုင် ၂၄
ဗြိတိန်အခြေစိုက် ဟင်နလေ နိုင်ငံကူးလက်မှတ်အညွှန်းကိန်း အစီရင်ခံစာအရ စင်ကာပူနိုင်ငံကူး လက်မှတ်သည် ယခုနှစ်တွင်လည်း ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူး လက်မှတ်အဖြစ် ရပ်တည်နေ ကြောင်း ဇူလိုင် ၂၃ ရက် သတင်း များတွင် ရေးသားဖော်ပြထားသည်။
စင်ကာပူနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံသို့ ဗီဇာမဲ့ သွားရောက်ခွင့်ရှိကြောင်း ဟင်နလေ နိုင်ငံကူးလက်မှတ် အညွှန်းကိန်းအစီရင်ခံစာ (၂၀၂၅) တွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံကူး လက်မှတ်သည် ၂၀၂၄ ခုနှစ်ကလည်း ဂျပန်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ပြင်သစ် နိုင်ငံကူး လက်မှတ်များနှင့်အတူ ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်အဖြစ် ပူးတွဲရပ်တည်နိုင် ခဲ့သည်။
ယခုနှစ်၏ကမ္ဘာ့ဒုတိယဩဇာ အကြီးဆုံး နိုင်ငံကူးလက်မှတ် များမှာ ဂျပန်နိုင်ငံကူးလက်မှတ် နှင့် တောင်ကိုရီးယားနိုင်ငံကူး လက်မှတ်များ ဖြစ်ကြကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ နိုင်ငံကူး လက်မှတ်မှာမူ ကမ္ဘာ့ဩဇာအကြီး ဆုံးနိုင်ငံကူးလက်မှတ်များ အညွှန်း ကိန်းတွင် အဆင့် ၁၀ သို့ ကျဆင်း ခဲ့ရသည်။
ကမ္ဘာ့ဩဇာအရှိန်အဝါအနည်း ဆုံးနိုင်ငံကူးလက်မှတ်မှာ အာဖဂန် နစ္စတန်နိုင်ငံကူးလက်မှတ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ၂၅ နိုင်ငံသို့သာ ဗီဇာမဲ့ သွားရောက်ခွင့် ရှိကြောင်း သိရသည်။
Ref: Xinhua
Trs: KKO
Photo - Scandasia

ရုရှားနိုင်ငံ အရှေ့ဖျားဒေသရှိမြို့ကြီးတစ်မြို့အနီးတွင် ခရီးသည်တင်လေယာဉ် ပျက်ကျမှုအတွင်း လိုက်ပါလာသူအားလုံးသေဆုံးသွားကြောင်း ရုရှားထောက်လှမ်းရေးအေဂျင်စီက ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ An-24 အမျိုးအစားခရီးသည်တင်လေယာဉ်ပေါ်တွင် ခရီးသည်များအပါအဝင် စုစုပေါင်း ၄၉ ဦးလိုက်ပါလာပြီး တင်ဒါမြို့အနီးတွင် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်က ပျက်ကျသွားခြင်းဖြစ်သည်။ အဆိုပါလေယာဉ်ပေါ်တွင် လေယာဉ်မှူးနှင့် အမှုထမ်းခြောက်ဦး ပါဝင်ကြောင်းသိရသည်။

အင်ဂျင်နှစ်လုံးတပ် An-24 ခရီးသည်တင်လေယာဉ်သည် ဒေသတွင်းအချက်အချာကျသည့် ခါဗာရော့ဗ်မှ အခြားပြည်တွင်းခရီးစဉ်များအား ပျံသန်းနေစဉ် ပျက်ကျခြင်းဖြစ်သည်။ ပျက်ကျသွားသည့် လေယာဉ်အပျက်အစီးများကို တင်ဒါလေဆိပ် မှ ၁၅ ကီလိုမီတာအကွာရှိသစ်တောထူထပ်သည့် တောင်ကြောအတွင်း၌ ပြန်လည်တွေ့ရှိခဲ့ကြကြောင်းသိရသည်။
လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကိုမူ အာဏာပိုင်အဖွဲ့က စစ်ဆေးလျက်ရှိသည်။
An-24 အမျိုးအစားလေယာဉ်များကို ၁၉၆၀ ပြည့်နှစ်များမှစ၍ လေကြောင်းခရီးစဉ်များတွင် စတင်အသုံးပြုခဲ့သော်လည်း လက်ရှိအချိန်အထိ ရုရှားနိုင်ငံရှိအလွန်ဝေးကွာသည့် ခရီးလမ်းကြောင်းများတွင် ဆက်လက်အသုံးပြုလျက်ရှိကြောင်း သိရသည်။
Ref: RT, Xinhua