ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်ဆဋ္ဌမအကြိမ်မြောက် ဘင်းမ် စတက်ထိပ်သီး အစည်းအဝေးအစည်းအဝေးသို့ တက်ရောက်ရန်ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi နှင့် ယနေ့ဒေသစံတော်ချိန်နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ Shangri – La ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဦးစွာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ တွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို မိမိနှင့် အိန္ဒိယ ပြည်သူများ အနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ မိမိတို့ ဂူဂျာရက်ပြည်နယ် ၌လည်း ယခင်က ထိုကဲ့သို့ ပြင်းထန်သည့်ငလျင်ကို ထိခိုက်ခံစားခဲ့ရဖူးကြောင်း၊ မြန်မာ နိုင်ငံအတွက်လိုအပ်သည့် အကူအညီများကို မိမိတို့အနေဖြင့် ဆက်လက်ပေးအပ်သွား မည်ဖြစ်ပါကြောင်း၊ ယခုဘင်းမ်စတက်အစည်းအဝေးတွင် မိမိအနေဖြင့် သဘာဝဘေး ဒဏ်များနှင့်ပတ်သက်သည့် အကြောင်းအရာများကိုကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အဆွေတော်နှင့် ထပ်မံတွေ့ဆုံရမှုအတွက်လည်း ဝမ်းမြောက်ပါကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ယခုကဲ့သို့ မိမိတို့နိုင်ငံတွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီး ဆုံး ရှုံးမှုများအပေါ် အဆွေတော်နှင့် အိန္ဒိယပြည်သူများက အကူအညီများပေးအပ်မှုများ အတွက်များစွာကျေးဇူးတင်ရှိပါကြောင်း၊ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ၊ ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍လည်း အတွေ့အကြုံများကို မျှဝေပေးစေလိုပါ ကြောင်း၊ အဆွေတော်အနေဖြင့် ဘင်းမ်စတက်အစည်းအဝေးတွင် သဘာဝဘေး အန္တရာယ် များနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမည်ဟု သိရသည့်အတွက်လည်း မိမိအနေဖြင့် ဝမ်းမြောက်ပါကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ သာယာ ဝပြောရေးနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အလေးထားမှု အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်လူကုန်ကူးမှုများ နှင့် လက်နက်မှောင်ခိုမှုများ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေနေများ၊ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ဆက်လက်လျှောက်လှမ်း လျက်ရှိမှုနှင့် ယခုနှစ်ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ မှုအခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ဝန်ကြီး ချုပ်နှင့်အတူ အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများတက်ရောက် ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အိန္ဒိနိုင်ငံဝန်ကြီးချုပ်တို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး တက်ရောက် လာကြသူများကိုရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။
Source: Myawady Webportal

ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကိုယနေ့နံနက်ပိုင်း တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Shangri – La ဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဆွေးနွေးသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြသည်။
ဦးစွာ ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarm Shinawatra က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ တို့မှ ခေါင်းဆောင်များအား တစ်ဦးချင်းကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်စုပေါင်း ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် အစည်းအဝေးကိုစတင်ကျင်းပပြုလုပ်ရာ ဘင်းမ်စတက်အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထိုသို့အဖွင့်အမှာ စကားပြောကြားနေချိန်အတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် မတ်လ ၂၈ ရက်နေ့၌ ပြင်းထန်စွာ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့်သူများအတွက် ၁ မိနစ်ငြိမ်သက်ဂါရဝပြုကြသည်။
ထို့နောက် အစည်းအဝေးအစီအစဉ်အား အတည်ပြုပြီး ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များက မိန့်ခွန်း အသီးသီးပြောကြားကြသည်။
ထိုသို့ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ထိုင်းနိုင်ငံ၏ ဘင်းမ်စတက်ဥက္ကဋ္ဌသက်တမ်း ဆောင်ပုဒ်ဖြစ်သည့် “သာယာဝပြော၍ ကြံ့ကြံ့ခံနိုင်သော ပွင့်လင်းမြင်သာသည့် ဘင်းမ်စတက်” သည် အဖွဲ့ဝင်နိုင်ငံများ၏ ရည်မှန်းချက်များနှင့် အလွန်လိုက်လျောညီထွေရှိကြောင်း၊ ထိုင်းနိုင်ငံ၏ ဦးဆောင်မှုအောက်တွင် အစီအစဉ်များစွာ အကောင်အထည်ပေါ် လာခဲ့ ကြောင်း၊ အထူးသဖြင့် ယခုထိပ်သီးအစည်းအဝေးတွင် အတည်ပြုချမှတ်မည့် ဘင်းမ်စတက် ဗန်ကောက်မျှော်မှန်းချက် ၂၀၃၀ ကို ရေးဆွဲအဆိုပြုခြင်းအတွက် ဥက္ကဋ္ဌ ထိုင်းနိုင်ငံ၏ ဦးဆောင်ဦးရွက်ပြုမှုကို အသိအမှတ်ပြု ပြောကြားလိုကြောင်း။
ထို့ပြင် မိမိတို့သည် ဘင်းမ်စတက်ယန္တရားများဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ယခုထိပ်သီးအစည်းအဝေးတွင် အတည်ပြုကြမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ထုံး လုပ်နည်းများသည် ဘင်းမ်စတက် အစည်းအဝေးများ စနစ်တကျ ကျင်းပနိုင်ရန်နှင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များ ရှင်းလင်းမှုရှိစေရန်အတွက် လမ်းညွှန်များ ဖြစ်လာမည် ဖြစ်ကြောင်း။
ဆက္လက္ဖတ္ရှုရန္ - https://myawady.net.mm/node/67112
Source : Myawady Webportal

ဟန်ဂေရီအစိုးရသည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ရှိ နိုင်ငံတကာ ရာဇ၀တ် တရားခုံရုံး (ICC) နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ရုံးအကြီးအကဲ Gergely Gulyas က ပြောကြားလိုက်ပါသည်။
“မိမိတို့အစိုးရအနေဖြင့် နိုင်ငံတကာရာဇ၀တ်တရားခုံရုံးကနေ နုတ်ထွက် ရန် ဆုံးဖြတ်ထားပါကြောင်း၊ ရပ်စဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတကာဥပဒေမူဘောင်များအရ ဧပြီလ ၃ ရက် (ကြာသပတေးနေ့)မှာ စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါသည်” ဟု ၎င်းက ပြောပြထားကြောင်း MTI သတင်းဌာနက ဖော်ပြထားပါသည်။

ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ကာဇက်စတန်နိုင်ငံရှိ ကာရာဂန်ဒါ ဒေသတွင် တန်ချိန် ၁ သန်းရှိ မြေရှား သတ္တုသိုက် ရှာဖွေတွေ့ရှိခဲ့ကြောင်း ကာဇက်စတန်နိုင်ငံ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါသည်။
ဝန်ကြီးဌာနထုတ်ပြန်ချက်အရ လာမည့်အနာဂတ်တွင် ထိုဒေသ၌ မြေရှား သတ္တုတန်ချိန် သန်း ၂၀ ကျော်အထိ ရရှိနိုင်ကြောင်း၊ ၎င်းတို့မှာ မြေ အနက် မီတာ ၃၀၀ ခန့်တွင် တည်ရှိနေကြောင်း သိရပါသည်။ ယခု ရရှိလာသော သတ္တုအမျိုးအစားများကိုမူ ဝန်ကြီးဌာနက အသေးစိတ် ပြောပြထားခြင်း မရှိချေ။

ကာဇက်စတန်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အမေရိကန်နှင့် ဥရောပနိုင်ငံများအတွက် မရှိမဖြစ် လိုအပ်နေသော မြေရှားပမာဏအမြောက်အမြားကို ထောက်ပံ့ပေးခဲ့ပါသည်။ ကာဇက်စတန်သည် အမေရိကန်နိုင်ငံအတွက် လိုအပ်သော သတ္တု ၅၁ မျိုး အနက် ၂၁ မျိုး ကိုလည်းကောင်း၊ ဥရောပအတွက် လိုအပ်သော သတ္တု ၃၄ မျိုးအနက် ၁၉ မျိုးကိုလည်းကောင်း ထောက်ပံ့ပေးခဲ့ပါသည်။

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အိမ်ရန်ခန်းအား နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် PWA က အမည် တင်သွင်းခဲ့ ပါသည်။ လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့အစည်းဖြစ်သော Pakistan World Alliance (PWA) က ပါကစ္စတန်ရှိ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီတန်ဖိုးများ ကာကွယ်ရေးအတွက် ၎င်း၏ကြိုးပမ်းမှုများကြောင့် အိမ်ရန်ခန်း အား နိုဘယ်လ်ဆုအတွက် အဆိုပြုခဲ့ပါသည်။ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနှင့် အကြီးဆုံးအတိုက်အခံပါတီ “တရားမျှတမှု အတွက်လှုပ်ရှားမှု”၏ ပူးတွဲတည်ထောင်သူ အီမ်ရန်ခန်းကို PWA က နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ “ပါကစ္စတန်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတန်ဖိုးများ ကာကွ
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အိမ်ရန်ခန်းအား နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် PWA က အမည် တင်သွင်းခဲ့ ပါသည်။ လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့အစည်းဖြစ်သော Pakistan World Alliance (PWA) က ပါကစ္စတန်ရှိ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီတန်ဖိုးများ ကာကွယ်ရေးအတွက် ၎င်း၏ကြိုးပမ်းမှုများကြောင့် အိမ်ရန်ခန်း အား နိုဘယ်လ်ဆုအတွက် အဆိုပြုခဲ့ပါသည်။ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနှင့် အကြီးဆုံးအတိုက်အခံပါတီ “တရားမျှတမှု အတွက်လှုပ်ရှားမှု”၏ ပူးတွဲတည်ထောင်သူ အီမ်ရန်ခန်းကို PWA က နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ “ပါကစ္စတန်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတန်ဖိုးများ ကာကွယ်ရာတွင် ၎င်း၏ အခန်းကဏ္ဍအတွက် အီမ်ရန်ခန်းအား နိုဘယ်လ်ဆုအဖြစ် အဆိုပြုခဲ့ပါသည်” ဟု The Times of India သတင်းစာက PWA ၏ ထုတ်ပြန်ချက်ကို ကိုးကား ဖော်ပြခဲ့သည်။ ဤသည်မှာ အိမ်ရန်ခန်း ဒုတိယအကြိမ် အဆိုပြုခံရခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် အိန္ဒိယနှင့် စစ်ရေးတင်းမာမှုလျှော့ချရေး၊ အထူးသဖြင့် ကက်ရှ်မီးရေးပဋိပက္ခတွင် ၎င်း၏ကြိုးပမ်းမှု များအတွက် ပါကစ္စတန်လွှတ်တော်က နိုဘယ်လ်ဆုအတွက် အဆိုတင်သွင်းခဲ့ဖူးသည်။ သို့သော် အိမ်ရန်ခန်းက ၎င်း သည် ကက်ရှ်မီးပြဿနာအား အပြီးသတ်ဖြေရှင်းကာ ငြိမ်းချမ်းရေးလမ်းစဖော်ပေးသူမှသာ ထိုဆုကိုရထိုက်သည်ဟု ဆိုကာ မိမိမှာမထိုက်တန်ကြောင်း ငြင်းဆိုခဲ့ဖူးပါသည်။ အီမ်ရန်ခန်းသည် ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ ပါကစ္စတန် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၁၀ ရက်တွင် လွှတ်တော်မှ ယုံကြည်မှုမရှိသော ဆန္ဒ ခံယူပွဲဖြင့် ရာထူးမှဖယ်ရှားခံခဲ့ရသည်။ ၂ဝ၂၃ ခုနှစ်မှစ၍ အာဏာအလွဲသုံးစားမှုနှင့် ခြစားမှုများဖြင့် ထောင်ဒဏ် ၁၄ နှစ် ကျခံနေရပါသည်။
ကိုးကား- The Times of India
ဓာတ်ပုံ- https://insaf.pk/

အင်အားကြီးငလျင်ဘေး၏ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယနေ့(မတ်လ ၃၁ရက်)မှစ၍ (၇)ရက်သတ်မှက်ပြီး နိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချလွှင့်ထူမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မတ်လ ၂၈ရက်၊ မွန်းလွဲ ၁၂နာရီ ၅၁မိနစ်၊ ၂စက္ကန့်တွင် ဖြစ်ပွားခဲ့သော ပြင်းအား ၇ဒသမ ၇ရစ်(ခ်)တာစကေးရှိ အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်အိုးအိမ် ဆုံးရှုံးများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဆုံးရှုံးမှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားရ၍ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် (the day of national mourning) ကို ယနေ့(မတ်လ ၃၁ရက်)မှ လာမည့် ဧပြီလ ၆ရက်နေ့အထိ (၇)ရက်တိုင်တိုင် သတ်မှတ်ကြေငြာခဲ့ခြင်း ဖြစ်ပြီး ယင်းရက်များအတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူမည်ဖြစ်ကြောင်း သိရသည်။
အင်အားကြီးမြေငလျင်ကြောင် စစ်ကိုင်းတိုင်းဒေကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် တို့တွင်ထိခိုက်သေဆုံးသူများစွာရှိခဲ့ပြီး အသက်အိုးအိမ်များစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ငလျင်ဘေးကြောင့် (၃)ရက်အတွင်း လူပေါင်း(၁၇၀၀) ကျော် သေဆုံးခဲ့ရပြီး လူအများအပြား ထိခိုက်ဒဏ်ရရှိခဲ့သည့်အပြင် စေတီပုထိုးများ၊ ရှေးဟောင်းသာသနိကအဆောက်အဦများ ပြိုကျ ပျက်စီးခြင်းများစွာလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Source: NP News

အင်အားကြီးငလျင်ကြောင့် မန္တလေး မဟာမြတ်မုနိဘုရားကြီး အပါအဝင် ရှေးဟောင်းစေတီ၊ အဆောက်အဦး (၆၁) ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်က အင်အားရစ်ချ်တာစကေး(၇ ဒသမ ၇) ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။

အဆိုပါ ပျက်စီးဆုံးရှုံးမှုများအတွင်း သာသနိကအဆောက်အဦများ ဘုရားစေတီများ၊ ရှေးဟောင်းအမွေအနှစ်များစွာပါဝင်ခဲ့ပြီး မန္တလေးမြို့ ရှိ မဟာမုနိ ဘုရားကြီး၊ ကုသိုလ်တော်ဘုရား၊ မန္တလေးမြို့ရိုး၊ မစိုးရိမ်စာသင်တိုက်၊ မန္တလေးနာရီစင်၊ စိန်ဂျိုးဆက်ဘုရားကျောင်း ၊ မန္တလေးတက္ကသိုလ်၊ ရွှေစာရံဘုရားတို့ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းမြို့တွင်လည်း စစ်ကိုင်းတံတား၊ ဆွမ်းဦးပုညရှင်စေတီ၊ ဂျပန်ဘုရား၊ ဥမင်သုံးဆယ်ဘုရား၊ ကောင်းမှုတော်စေတီတော်၊ တောင်ပေါ်သီလရှင်တိုက်၊ ကမ္ဘာကျော်ကျောင်း၊ လေးကျွန်းမြေ အုတ်ကျောင်း၊စေတီလှ၊ ၉ ပေစေတီတော် နှင့် ကျောင်းတိုက်(စစ်ကိုင်း)၊ ကက်ကြေးဆေးလိပ်တိုက်၊ ထူပါရုံကျောင်း၊ မဟာခိုနန်းကျောင်း၊ ငါးထပ်ကြီးကျောင်းတို့လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
အလားတူ အမရပူရမြို့နယ်တွင်လည်း နဂါးရုံဘုရား၊ နန်းဦးဆုတောင်းပြည့်ဘုရား၊ ပုထိုးတော်ကြီး၊ရွှေဂူကြီး၊ရွှေရင်းရဲစေတီ၊ တောင်တမံ ဗူးဘုရား၊ စန္ဓာမုနိဘုရား၊ တောင်မင်းကြီးဘုရား၊ ဆင်ကြိုရွှေဂူကပ်ကျောင်း၊ ပိဋကက်ကျောင်းတိုက်၊ ကွန်ရင်စီကျောင်း၊သက်တော်ရှည်၊ သက်တော်ရ၊ ဦးလင်းဘုရား၊ ကျွန်းကျောင်း၊ ဘုရားသုံးဆူ၊ ဗားကရာအုတ်တံတိုင်း၊ ရွှေတိုက် (ရဲတိုက်)၊ နန်းမြင့် (ရဲတိုက်)နှင့် ရတနာမဉ္ဇူ ဘုရားတို့တွင်လည်း ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။
ပင်းယမြို့ဟောင်းတွင်လည်း ရှေးဟောင်းစေတီ၊ အဆောက်အဦများဖြစ်သည့် ရွှေစည်းခုံ(ပင်းယ)၊ရွှေတောင်တော်စေတီ၊ အောင်စည်းခုံ စေတီ၊ ဂူကြီးသုံးလုံး၊ ဆေးအိုးဖိုအုပ်စု၊ မင်္ဂလာစေတီအုပ်စုတို့အပါအဝင် အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်းလေးထပ်ကြီးကျောင်း၊ တောင်ဘီလူးရွာ လောကထိပ်ဦးဘုရား၊ ရတနာဆီမီးဘုရား၊ ဆင်ကျုံးခံတပ်ကျောက်စာ၊ နန်းမြင့်မျှော်စင်၊ လောကသရဖူ၊ လောကထိပ်ဦး၊ ရွှေစည်းခုံစေတီတော်(အင်းဝ)၊ သစ္စာတိုက်ဘုရားတို့သည့်လည်း ပြိုကျပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျောက်ဆည်မြို့ရှိ တမုတ်ရွှေဂူကြီးဘုရား၊ မင်းကွန်းရှိ မြသိန်းတန်စေတီ၊ မင်းကွန်းပုထိုးတော်ကြီး၊ ရှမ်းပြည်နယ်၊ မောက်မယ်မြို့ရှိ မောက်စံကျောင်းနှင့် ပြည်မြို့၊ မှော်ဇာမြို့အနီး သုံးပန်လှကျောင်းတို့သည်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းနည်းကြောင်း ဆက်သွယ် စကား ပြောကြားခဲ့သည်ဟု အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က ၎င်း၏ လူမှုကွန်ယက် X စာမျက်နှာထက်တွင် ရေးသားထားချက်အရ သိရသည်။

အိန္ဒိယနိုင်ငံ မှ ပေးပို့သော အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီ ပထမအသုတ်သည့် ယနေ့ (မတ်လ ၂၉ ရက်) နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ရာ စောင်၊ တာပေါ်လင်မိုးကာ ၊သန့်ရှင်းရေးပစ္စည်းများ၊ sleeping bags၊ နေရောင်ခြည်သုံးမီးအိမ်များ၊ အစားအသောက်ထုပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ ပါဝင်သည်။
ထိုပြင် ရှာဖွေကယ်ဆယ်ရေးအဖွဲနှင့် ဆေးဘက်ဆိုင်ရာအဖွဲတို့သည်လည်း ဤလေယာဉ်ဖြင့်ပင် ပါဝင်လိုက်ပါလာကြောင်း သိရသည်။
“မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်းထံသို့ ဆက်သွယ်ပြီး ပြင်းထန်သောငလျင်ကြောင့် အသက်ဆုံးရှုံးမှုများအတွက် ဝမ်းနည်းရပါကြောင်း သတင်းစကားပြောကြား ခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးသောမိတ်ဆွေနှင့် အိမ်နီးချင်းနိုင်ငံအနေဖြင့် ဤခက်ခဲသောအချိန်ကာလတွင် မြန်မာပြည်သူများနှင့် အတူညီညွတ်စွာရပ်တည်နေပါသည်။ #OperationBrahma ၏အစိတ်အပိုင်းအနေဖြင့် ဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ဆောင်ရွက်ပေးလျက်ရှိပါသည်” ဟု အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က ရေးသားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်နဲ့ပတ်သက်ပြီး ရုရှားနိုင်ငံအပါအဝင် နိုင်ငံအချို့က ကူညီကယ်ဆယ်ရေးပစ္စည်းတွေ၊ ကူညီကယ်ဆယ်ရေးသမားတွေကိုမတ်လ ၂၉ ရက်မှာ စေလွှတ်ကူညီခဲ့တယ်လို့ သိရပါတယ်။
အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက မြန်မာနိုင်ငံကို အဖွဲ့ဝင် ၅၀ ဦးပါဝင်တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ပြီး မတ်လ ၂၉ ရက်မှာ ရန်ကုန်မြို့ကိုရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံခြားရးဝန်ကြီးဌာနက မလေးရှားကယ်ဆယ်ရေးအဖွဲ့ဟာ မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပူးပေါင်းကူညီပေးမယ်လို့ ပြောဆိုထားပါတယ်။ အိန္ဒိယနိုင်ငံကလည်း မတ်လ ၂၉ ရက်မှာ တန်ချိန် ၁၅ တန်ရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများပေးပို့ကူညီပေးခဲ့သလို ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ မြန်မာနိုင်ငံမှာတွေ့ကြုံခံစားခဲ့ရတဲ့ အင်အားပြင်းငလျင်လှုပ်ခတ်မှုနဲ့ပတ်သက်ပြီးကူညီပေးနိုင်အောင် ဒရုန်းတွေ၊ ငလျင်ကြိုတင်သတိပေးစနစ်နဲ့ အသက်ကယ်ကိရိယာများ၊ ဆေးဝါးပစ္စည်းများ၊ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ကူညီထောက်ပံ့ရေးပစ္စည်းများ ယူဆောင်လာတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံကလည်း စောင်၊ တာပေါ်လင်၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများ၊ အိပ်ဆောင်အိတ်၊ ဆိုလာမီးအိမ်များ၊ အစားအသောက်ထုပ်များ မီးဖိုချောင်သုံးပစ္စည်းများအပြင် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပံပိုးကူညီပေးခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ခံရတဲ့ ဒေသအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့အထောက်အပံ့များ ပေးအပ်အောင် တရုတ်အစိုးရအနေနဲ့ အစွမ်းကုန်လုပ်ဆောင်ပေးဖို့ အသင့်ရှိတယ်လို့ ပြောဆိုထားပါတယ်။
ရုရှားအစိုးရကလည်း မြန်မာနိုင်ငံမှာ ငလျင်ဒဏ်တွေ့ကြုံခံစားခဲ့ရသူတွေအတွက် အကူအညီပေးရေးပစ္စည်းများအပြင် ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂၀ ဦးကို လေယာဉ်နှစ်စီးနဲ့ စေလွှတ်ကူညီပေးခဲ့တယ်လို့သိရပါတယ်။
ရုရှားနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုက "ရုရှားသမ္မတပူတင်နဲ့ ရုရှားအရေးပေါ်ကူညီပေးရေးဝန်ကြီးရဲ့အမိန့်ကိုအခြေခံပြီး ရုရှားကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့အဖွဲ့ကို မြန်မာနိုင်ငံကိုလေယာဉ်နှစ်စီးနဲ့စေလွှတ်ပေးခဲ့တယ်။ အင်အားပြင်းငလျင်ဒဏ်ခံစားခဲ့ရသူတွေကို ကူညီကယ်ဆယ်ပေးနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်" လို့ ပြောပါတယ်။
ကုလသမဂ္ဂအဖွဲ့ကလည်း မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ကနဦး ကူညီလှူဒါန်းပေးနိုင်အောင် အမေရိကန်ဒေါ်လာ ၅ သန်းကူညီထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က "မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် နိုင်ငံတဝှမ်းမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူပေါင်း သန်း ၂၀ ရှိတဲ့ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူညီလိုအပ်မှုတွေကို ပိုမိုဆိုးရွားလာဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။

ဥရောပသမဂ္ဂသည် ငလျင်ဒဏ် ထိခိုက်နေသော မြန်မာနိုင်ငံအတွက် ကနဦး အရေးပေါ်အကူအညီအဖြစ် ယူရို ၂.၅ သန်း ကူညီပံ့ပိုးရန် ဆုံးဖြတ်လိုက်ကြောင်းသိရသည်။
ယင်းအထောက်အပံဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခွဲဝေချထားပေးမှုသည် မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံးသူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အသက်များကို ကယ်တင်ရန်အတွက် အထောက်အကူဖြစ်စေမည် ဖြစ် ကြောင်းထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
ဥရောပသမဂ္ဂသည် နောက်ထပ်အကူအညီများ ပေးအပ်ပံ့ပိုးနိုင်ရန်အတွက် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ယခုခွဲဝေချထားပေးမှုသည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ထောက်ပံ့ထားသော ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စုစုပေါင်း ယူရို ၃၅ သန်းအထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
မြန်မာနိုင်ငံ တွင် နောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၀၀၇ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂၃၈၉ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦးဖြစ်ကာ အသေးစိတ် စာရင်းများအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။