သတင်းများ

ရီပတ်ပလီကန် အမတ်က မီလာနီယာ ထရမ့်အား ဂုဏ်ပြုရန် ကနေဒီ စင်တာဇာတ်ရုံ အမည်ပြောင်းရန် အဆိုပြု

ရီပတ်ပလီကန် အမတ် မိုက်ခ် ဆင်ပဆန်က ဂျွန် အက်ဖ် က ကနေဒီ အနုပညာစင်တာရှိ ဒုတိယအကြီးဆုံး ဇာတ်ရုံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဇနီး မီလာနီယာ ထရမ့် အမည်ပေးရန် အဆိုပြုခဲ့သည်။ ဇူလိုင် ၂၂ ရက်တွင် တင်သွင်းခဲ့သော ယင်းအဆိုကို အောက်လွှတ်တော် အသုံးစရိတ်ကော်မတီက ၃၅-၂၂ မဲဖြင့် အတည်ပြုခဲ့ပြီး၊ ဥပဒေဖြစ်ရန် လွှတ်တော်နှစ်ရပ်စလုံး၏ သဘောတူညီမှု လိုအပ်သည်။

မီလာနီယာ ထရမ့်သည် လက်ရှိတွင် ကနေဒီစင်တာ ဘုတ်အဖွဲ့၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ယင်းအဆို ပြုချက်အား ဒီမိုကရက်တစ်အမတ်များက ဝေဖန်ခဲ့သည်။ အထူးသဖြင့် အမတ် Chellie Pingree က ကနေဒီစင်တာသည် သမ္မတ ထရမ့်၏ ဥပဒေ (OBBBA) မှ ရံပုံငွေ အမေရိကန်ဒေါ်လာ ၂၅၀ သန်း အပို ရရှိ ထားပြီးဖြစ်ကြောင်း၊ ယင်းအဆိုမှာ ထရမ့်မိသားစုအား အနုပညာ အဖွဲ့ အစည်းအပေါ် ပိုမိုထိန်းချုပ်ခွင့်ပေးရန် ရည်ရွယ်သည်ဟု ပြောဆိုခဲ့သည်။

ကနေဒီစင်တာတွင် လူ ၂,၃၆၄ ဦး ဆံ့သော Opera Houseကို အမည် ပြောင်းမည်ဖြစ်ပြီး ယခင်က အဆိုပါဇာတ်ရုံသည် နှစ်စဉ် Kennedy Center Honors ပွဲများ ကျင်းပရာနေရာ ဖြစ်ခဲ့သည်။ ယင်းအဆိုသည် ထရမ့်အား ဂုဏ်ပြုသည့် အခြားအဆိုများဖြစ်သည့် လေဆိပ်နှင့် မက်ထရို စနစ်အမည်ပြောင်းရန် အစီအစဉ်တို့၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်တွင် ဆရာဝန်တစ်ဦးဖြစ်သူ အီရန်နိုင်ငံသား ဖခင်အား ကလေး ကျောင်းပို့စဉ် ICE ဖမ်းဆီးခံရမှုကို ဒေသခံများ အံ့အားသင့်

အမေရိကန်လူဝင်မှုကြီးကြပ်ရေး (ICE) အေးဂျင့်များက အိုရီဂွန်ပြည်နယ် တွင် အီရန်နိုင်ငံသား အရိုးအထူးကုဆရာဝန် Dr. Mahdi Khanbabazadeh (၃၈ နှစ်) ကို ၎င်း၏ကလေးငယ်အား ကျောင်းပို့နေစဉ် ကားမှန်ခွဲကာ ဖမ်းဆီးမှုသည် ဒေသခံများအကြား ထိတ်လန့်မှုဖြစ်စေခဲ့သည်။

ဇူလိုင် ၁၅ ရက် နံနက် ၈:၁၇ အချိန်တွင် Beaverton မြို့ရှိ Guidepost Montessori မူကြိုကျောင်းသို့ ၎င်း၏ သားငယ်ကို ပို့ရန် ကားမောင်း နေစဉ် ICE အေးဂျင့် ၄ ဦးက Mahdi ၏ကားကိုဝိုင်းရံခဲ့ပြီး မျက်နှာဖုံး စွပ်ထားသော အေးဂျင့်များက "မှန်ချပါ၊ အထောက်အထားပြပါ" ဟု အော်ဟစ်ခဲ့ပြီး ကလေးငယ်က "အဖေရေ ရဲတွေပါ" ဟု ကြောက်လန့်စွာ အော်ခဲ့သည် ကို မှတ်တမ်းများအရ တွေ့ရှိရသည်။ 

ICE ၏ ထုတ်ပြန်ချက်အရ အေးဂျင့်များသည် Mahdi အား ကျောင်းသို့ ကလေးပို့ခွင့်ပြုရန် ကနဦးသဘောတူခဲ့သော်လည်း၊ ၎င်း၏ "ပူးပေါင်းမှု မရှိခြင်း" နှင့် "ကားမှထွက်ရန် ငြင်းဆန်ခဲ့ခြင်း" ကြောင့် မှန်ခွဲကာ ဖမ်းဆီး ခဲ့ရသည်ဟု ဆိုသည်။ သို့သော် Mahdi ၏မိသားစုဘက်က ၎င်း၏ ဂရင်းကတ်လျှောက်လွှာမှာ ၂၀၂၃ ခုနှစ်အစောပိုင်းကတည်းက ဖက်ဒရယ် လူဝင်မှုရုံး၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ပြောဆို ခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ဒေသတွင်းနိုင်ငံရေးသမားများ၏ ပြင်းထန်သော ဝေဖန်မှုကို ဖြစ်စေခဲ့သည်။ Beaverton မြို့တော်ဝန် Lacey Beaty က "ထိုကဲ့သို့ကလေးငယ်များရှေ့တွင် ရက်စက်စွာဖမ်းဆီးမှုမျိုးသည် မိမိတို့၏ လူမှုတန်ဖိုးများနှင့် မကိုက်ညီပါ" ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ထရမ့်အစိုးရလက်ထက်က ပယ်ဖျက်ခဲ့သော "ကျောင်း/ဆေးရုံအနီးဖမ်းဆီးမှုကန့်သတ်ချက်"ကြောင့် ထိုကဲ့သို့ဖမ်းဆီးမှုမျိုး ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ICE သည် လက်ရှိတွင် တစ်နေ့လျှင် ရွှေ့ပြောင်းနေထိုင်သူ ၃,၀၀၀ ဖမ်းဆီးရန် ရည်မှန်းထားကြောင်း သိရသည်။

Dr. Mahdi ကို ဝါရှင်တန်ပြည်နယ် Tacoma ရှိ ICE ထိန်းသိမ်းရေး စခန်း တွင် ယာယီထိန်းသိမ်းထားပြီး ဥပဒေအရ တရားစွဲဆိုမှုများ ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် စာအုပ်၊ စာစောင်များ ပြသ

ကျောက်ဆည်၊ ဇူလိုင်-၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား ၊ကျောင်းသူများ ဗဟုသုတ ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်စာအုပ်စာစောင်များပြသခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မီးခိုးနှင့်မြူတို့ပေါင်းစပ်မှုဖြစ်ပြီး၊ လေထုအတွင်း များစွာသော ဓာတုဗေဒ ပစ္စည်းများနှင့်အတူ ဖွဲ့စည်းနေသည့်အခိုးအငွေ့များဖြစ်ကြောင်း၊ ကားများ၊ စက်ရုံများ၊ တောမီးလောင်ခြင်းများမှ ထွက်ရှိလာသည့်မီးခိုးများကြောင့် မီးခိုမြူငွေ့များဖြစ်ပေါ်လာကြောင်းနှင့် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးသီဟမှ မီးခိုးမြူငွေ့တွင်ပါဝင်သော ဓာတုပစ္စည်း များအကြောင်း၊ မီးခိုးမြူငွေ့ကြောင့် ကျန်းမာရေးအပေါ်သက်ရောက်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ နှင့် မီးခိုးမြူငွေ့အား လျော့နည်းပပျောက်အောင် ဖြေရှင်းနိုင်သည့် နည်းလမ်းများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲအပြီးတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေသားနည်းအကြောင်းများ သင်ကြားပေးလျက်ရှိ

ကျောက်ဆည်၊ ဇူလိုင်-၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုပြုဌာနတွင် ဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေးနှင့် အရည်အသွေးရှိသောသတင်းများရေးသားနိုင်ရေး သတင်းရေးသားနည်းအကြောင်းများ ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

သင်တန်းတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် သတင်းရေးသားခြင်း အကြောင်း များကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်စေရန် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် သတင်းကောင်း တစ်ပုဒ် အတွက် လိုအပ်ချက်၊ သတင်းအချက်အလက်စုဆောင်းခြင်း၊ သတင်းရေးသားခြင်းအကြောင်းများနှင့် ဓာတ်ပုံကျွမ်းကျင်-(၂) ဦးသက်မောင်က သတင်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းဦးနှင့်သတင်းဆောင်းပါးရေးနည်းများကို စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တံတားဦးမြို့နယ်နှင့် မြစ်သားမြို့နယ်တို့မှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းကာလ မှာ ၂၀၂၅ခုနှစ်၊ ဇူလိုင်(၂၁)ရက်နေ့မှ(၂၂)ရက်နေ့အထိ (၂)ရက်ကြာ သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

နာရီပေါင်း ၁၃၀ ကျော်ကြာ မရပ်မနားဘဲ တစ်ဆက်တည်း မောင်းနှင်နိုင်စွမ်းရှိသည့် စက်ရုပ်ရေယာဉ် သို့မဟုတ် VENOM မောင်းသူမဲ့ ရေယာဉ်

မြင်းကောင်ရေ ၃၀၀ အားကို အသုံးပြုထားပြီး ရန်သူ၏သင်္ဘောများကို လျင်မြန်စွာ တားဆီးဟန့်တားနိုင်သည့်  မျိုးဆက်သစ် မောင်းသူမဲ့ရေယာဉ်တစ်စင်းကို အမေရိကန်ပြည်ထောင်စုတွင် အခြေပြုသည့် ကာကွယ်ရေးပစ္စည်း ကုမ္ပဏီတစ်ခုက ထုတ်ဖော်ပြသခဲ့သည်။

VENOM  ဟု   အမည်ပေးထားသည့် အဆိုပါမောင်းသူမဲ့ရေယာဉ်သည် အလျား ၉ မီတာ (၂၇ ပေခန့်) ရှိပြီး ရေပြင်အထက်တွင် ဘက်စုံအသုံးပြုနိုင်သည့် မောင်းသူမဲ့စက်ရုပ်ရေယာဉ် အမျိုးအစားဖြစ်သည်။ ၎င်းအား မက်ဆာချူးဆက်ပြည်နယ်တွင် အခြေပြုသည့်  Scientific   Systems ကုမ္ပဏီက  ရေတပ်ဖွဲ့၏  မစ်ရှင်များဖြစ်သည့်   စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် စစ်ဆင်ရေးတို့တွင်   အထောက်အကူပြုစေရန်အတွက် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ VENOM မောင်းသူမဲ့ရေယာဉ်တွင် မြင်းကောင်ရေ ၃၀၀ အားကို ထုတ်လုပ်ပေး နိုင်သည့် ဒီဇယ်အင်ဂျင်တစ်လုံး တပ်ဆင်ထားခြင်းကြောင့် တစ်နာရီလျှင် ရေမိုင် ၂၄ မိုင်နှုန်းဖြင့် ရေမိုင် ၅၀၀ ကျော်သို့ အလွယ်တကူနှင့် လျင်မြန်စွာ မောင်းနှင်နိုင်မည်ဖြစ်သည်။ ထို့ပြင် ၎င်းစက်ရုပ်ရေယာဉ်သည် မရပ်မနားဘဲ နာရီပေါင်း ၁၃၀ ကျော်ကြာ တစ်ဆက်တည်း မောင်းနှင်နိုင်စွမ်းရှိသောကြောင့် အမေရိကန် ရေတပ်မတော်၏ စစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်များထက်ပင် ပိုမိုကျော်လွန်လျက်ရှိသည်။

VENOM မောင်းသူမဲ့ရေယာဉ်ကို Scientific Systems ကုမ္ပဏီက မကြာသေးမီအချိန် အတွင်း၌ စမ်းသပ်ခဲ့ပြီးဖြစ်သော်လည်း နောက်ပိုင်းတွင် ပင်လယ်ပြင်၌ ရေချ၍ ထပ်မံစမ်းသပ်မည်ဖြစ်သည်။ ထိုသို့စမ်းသပ် ရာတွင်လည်း VENOM အနေဖြင့် ရေကြောင်းအဟန့်အတားများ တစ်လျှောက် အောင်မြင်စွာ  ဖြတ်သန်းမောင်းနှင်နိုင်ခြင်း  ရှိ၊ မရှိ၊ သတ်မှတ်ထားသည့် ကင်းလှည့်ရာနေရာများတွင်လည်း   သတ်မှတ်ထားသည့်ပုံစံအတိုင်း  ကင်းလှည့်စောင့်ကြည့်နိုင်ခြင်း ရှိ၊ မရှိတို့ကို စမ်းသပ်မည်ဖြစ်သည်။

အဆိုပါစမ်းသပ်မှုများ  အောင်မြင်ခဲ့မည်ဆိုပါက VENOM မောင်းသူမဲ့ရေယာဉ်သည် အမေရိကန်ရေတပ်မတော်၏ sea predator ဖြစ်လာနိုင်မည့်   အလားအလာရှိသည်။

MWD Web Portal
 
နဂါးငွေ့တန်းအတွင်း၌ ယခင်က တွေ့မြင်ခဲ့ဖူးခြင်းမရှိသည့် ကြယ်သစ်တစ်လုံးကို ရုရှားသိပ္ပံပညာရှင်များ အဖွဲ့က ရှာဖွေတွေ့ရှိ

ရုရှားနိုင်ငံမှသိပ္ပံပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် နဂါးငွေ့တန်းအတွင်း၌ ကြယ်သစ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု ဟားဗက်တက္ကသိုလ်ရှိ Central Bureau of Astronomical Telegrams တွင်ဖော်ပြသည်။

နဂါးငွေ့တန်းစီမံကိန်းသစ် (New Milky Way project team) ဟုအမည်ပေးထားသည့် အဆိုပါ သိပ္ပံပညာရှင်များ အဖွဲ့သည် ယခင်က တွေ့မြင်ခဲ့ဖူးခြင်းမရှိသည့်  ၎င်းကြယ်သစ်အား ဇူလိုင်လ ၁၇ ရက်နှင့်  ၁၈ ရက်အကြား စူးစမ်းလေ့လာမှုများ   လုပ်ဆောင်နေစဉ်အတွင်း ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ သုတေသီများသည် ၎င်းကြယ်အား မြွေ၊ ဒိုင်းနှင့် သိမ်းငှက်ပုံသဏ္ဌာန်ရှိ ကြယ်နက္ခတ်စု အစပ်အတွင်း၌     ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း  ဖော်ပြထားသည်။

နဂါးငွေ့တန်းစီမံကိန်းသစ် (New Milky Way project team) သည် Frontiers of Science Guild အဖွဲ့၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

ယခုတစ်ကြိမ် ရှာဖွေတွေ့ရှိမှုသည် New Milky Way project team ၏ စတုတ္ထအကြိမ်မြောက် ကြယ်သစ်တစ်လုံးကို ရှာဖွေတွေ့ရှိမှုဖြစ်လာသည်။ ကြယ်သစ်တစ်လုံးအား ရုရှားသိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်းသည် နည်းပညာဖွံ့ဖြိုး တိုးတက်မှု၊ အသုံးပြုသည့်  ပစ္စည်းကိရိယာများ၏ စွမ်းဆောင်ရည် ထက်မြက်မှုနှင့် မိမိတို့အနေဖြင့် စကြဝဠာကမ္ဘာကြီးမှ လေ့လာသင်ယူ ဖွယ်ရာ  အကြောင်းအရာ အသစ်များ အပေါ် လေ့လာနိုင်စွမ်းရှိခြင်းကို  ထင်ရှားစွာ သက်သေပြလျက်ရှိသည်ဟု Frontiers of Science Guild အား   ပူးတွဲတည်ထောင်ခဲ့သည့်   အီလီယာချက်က ပြောကြားထားသည်။

မလေးရှားကို ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု ၂၀ ရာခိုင်နှုန်း မြင့်တက်

မလေးရှားနိုင်ငံသို့ ယခုနှစ်ဇန်နဝါရီလမှ မေလအတွင်း ကမ္ဘာလှည့်ခရီးသွား ၁၆ ဒဿမ ၉ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလကထက် ၂၀ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ခရီးသွားဝန်ကြီးဌာနက ပြောကြားခဲ့သည်။
          
ယခုနှစ်၏ ပထမငါးလတာကာလအတွင်း မလေးရှားနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှု၏ ထက်ဝက်ခန့်တွင် အိမ်နီးချင်း စင်ကာပူနိုင်ငံမှ ၈ ဒဿမ ၃၄ သန်းဖြင့် အများဆုံးဖြစ်ကာ ယင်းနောက်တွင် အင်ဒိုနီးရှား ၁ ဒဿမ ၈၂ သန်း၊ တရုတ် ၁ ဒဿမ ၈၁ သန်းနှင့် ထိုင်း ၁ ဒဿမ ၀၆ သန်းတို့ပါဝင်ကြောင်း ဇူလိုင်လ ၂၁ ရက်တွင် ခရီးသွားဝန်ကြီးဌာနက လွှတ်တော်သို့ ဖြေကြားခဲ့သည်။
            
သြစတြေးလျနှင့် ယူကေကဲ့သို့ ရပ်ဝေးမြေခြား ခရီးသွားဈေးကွက်များမှ ဝင်ရောက်မှုသည်လည်း ၁၆ ဒဿမ ၆ ရာခိုင်နှုန်းနှင့် ၈ ဒဿမ ၇ ရာခိုင်နှုန်းစီဖြင့် ၂၀၂၄ ခုနှစ် ကာလတူကထက်နှိုင်းယှဉ်ပါက အသီးသီး မြင့်တက်ခဲ့သည်ဟု ဝန်ကြီးဌာနက ပြောဆိုသည်။
         
“ဒီလိုနိုင်ငံခြားခရီးသွားအရေအတွက် တိုးတက်လာတာဟာ အစိုးရရဲ့ ကောင်းမွန်တဲ့ ချဉ်းကပ်မှု နည်းလမ်း၊ ဗီဇာစည်းမျဥ်းများကိုဖြေလျှော့ပေးခြင်းအစီအစဉ်တွေလို မူဝါဒတွေနဲ့ စက်မှုလုပ်ငန်းရှင်တွေကို ပံ့ပိုးပေးတဲ့ ဆွဲဆောင်တဲ့ အစီအစဉ်တွေကနေတဆင့် အကောင်အထည်ဖော်ခဲ့တဲ့ လုပ်ဆောင်ချက်တွေရဲ့ ထိရောက်မှုကို ထင်ထင်ရှားရှား ဖေါ်ပြနေပါတယ်” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
        
မလေးရှားသို့ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၂၅ သန်းကျော်ဝင်ရောက်ခဲ့ပြီး သတ်မှတ်လျာထားသည့် ၂၇ ဒဿမ ၃ သန်းထက်လျော့နည်းခဲ့သည်။      
           
မလေးရှားနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ၄၇ သန်းဝင်ရောက်ရန် ရည်မှန်းချက်ထားကာဆောင်ရွက်နေပြီး ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှ၊ ဥရောပနှင့် သမုဒ္ဒရာပိုင်းဇုန်ကဲ့သို့သော အဓိကဈေးကွက်များကို ပစ်မှတ်ထားသည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Popular Myanmar

ရွှေပြည်သာရှိ အာမီရမ် အရက်ချက်စက်ရုံ level (1) အဆင့် မီးလောင်မှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ အမှတ်(၄)လမ်းရှိ အာမီရမ် အရက်ချက် စက်ရုံတွင် ယနေ့ ဇူလိုင် (၂၃) ရက်၊ နံနက် (၉) နာရီခွဲဝန်းကျင် အချိန်က Level (1) အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုကို မြောက်ပိုင်းခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တညင်းကုန်းနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ငြှိမ်းသတ်ခဲ့သည့်အတွက် (၁၀)နာရီ (၀၄) မိနစ် အချိန်တွင် မီးငြိမ်းကာ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံး ရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယမန်နေ့ညကလည်း ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level (1) အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ကြရသေးသည်။

အင်ဒိုနီးရှားကငလျင်ဒဏ်ခံနိုင်သောအဆောက်အအုံများ‌ ဆောက်ပြီ

ဂျကာတာ၊ ဇူလှိုင် ၂၁

အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီ (ဘီအမ်ကေဂျီ) သည် ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံ ဒီဇိုင်းအသစ်ကို မိတ်ဆက်ခဲ့သည်။ အင်အားကြီးမားသော ငလျင်အန္တရာယ်ကို လျော့ပါးစေရန် ရည်ရွယ်ကြောင်း ဘီအမ်ကေဂျီ အကြီးအကဲ ဒွီကိုရီတာ ကာနာဝါတီ  က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဒွီကိုရီတာ က ဆောက်လုပ်ရေးလုပ်ငန်းတွင် နောက်ဆုံးပေါ်မြေငလျင်ဒဏ်ခံနည်းပညာကို အသုံးပြုပြီး ဆောက်လုပ်သော အဆောက်အအုံများသည် ပြင်းအား ၈.၈ အထိရှိသော အင်အားပြင်း ငလျင်များကို ခံနိုင်ရည်ရှိကြောင်း ရှင်းပြခဲ့သည်။

အဆိုပါနည်းပညာသည် ကြီးကြီးမားမားငလျင်လှုပ်ခတ်စဉ်အတွင်း အထပ်မြင့်အဆောက်အအုံများကို တည်ငြိမ်စွာရှိစေပြီး သဘာဝဘေးအန္တရာယ်ဒဏ်ကိုခံနိုင်သော အခြေခံအဆောက်အဦးများတွင် သိသာထင်ရှားသောတိုးတက်မှုဖြစ်စေကြောင်း သူက အလေးပေးပြောကြားခဲ့သည်။

ဒွီကိုရီတာ၏ အဆိုအရ ဤနည်းပညာကို အင်ဒိုနီးရှားတွင် ပထမဆုံးအကြိမ်အဖြစ် အကောင်အထည်ဖော်မည် ဖြစ်သည်။

မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီသည် ပြည်သူပိုင် အဆောက်အအုံများကို ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ အခွင့်အာဏာမရှိသော်လည်း ဤဘေးအန္တရာယ်လျော့ပါးရေးနည်းလမ်းသည် နိုင်ငံ၏ ငလျင်ဒဏ်ခံရနိုင်သော ဒေသများရှိ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် နမူနာ ပုံစံဖြစ်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ဒွီကိုရီတာက နည်းပညာသည် ဂျကာတာမြို့ရှိ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီ ရုံးချုပ်တွင်ရှိသော အင်ဒိုနီးရှား၏ အဆောက်အအုံတစ်ခုတွင် အဆိုပါ အမျိုးမျိုးသောဘေးအန္တရာယ်များအတွက် စောစီးစွာ ကြိုတင်သတိပေးမှုစနစ်ကို အသုံးပြုထားပြီးဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားသည့် လေယာဉ်ပျက်ကျမှု အတွင်း သေဆုံးသူဦးရေ ၃၁ ဦးအထိ မြင့်တက်၊ ၁၆၅ ဦးဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားသည့် လေတပ်ပိုင် လေ့ကျင့်ရေး လေယာဉ်တစ်စင်း ပျက်ကျမှုအတွင်း  သေဆုံးသူဦးရေမှာ ဇူလိုင်လ ၂၂ ရက်တွင် ၃၁ ဦးအထိမြင့်တက်လာကြောင်း ဘင်္ဂလားဒေ့ရှ်တပ်မတော်မှ ပြည်သူ့ ဆက်ဆံရေး အဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် ဒဏ်ရာရရှိသူ ၁၆၅ ဦးအနက် အများစုမှာ ကျောင်းသား၊ ကျောင်းသူများဖြစ်ပြီး ၎င်းတို့ကိုဆေးရုံများ၌ ဆက်လက်၍ ဆေးကုသမှုများ ပေးအပ်လျက်ရှိသည်ဟု ပြည်သူ့ဆက်ဆံရေးအဖွဲ့က ထုတ်ပြန်သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။

အဆိုပါလေယာဉ်သည် ဒါကာမြို့တော်ရှိ Milestone ကောလိပ်ကျောင်းဝင်းအတွင်းသို့ ဇူလိုင်လ ၂၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၀၆ မိနစ်ခန့်က ပျက်ကျခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် လေယာဉ်မှူးနှင့်  ကောလိပ်မှ ကျောင်းဆရာမတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်လေတပ်ပိုင်  အဆိုပါ လေ့ကျင့်ရေး လေယာဉ်သည် ပုံမှန်ပြုလုပ်မြဲဖြစ်သည့် လေ့ကျင့်ပျံသန်းမှုကို လုပ်ဆောင်နေစဉ် နှစ်ထပ်စာသင်ကျောင်းနှင့် ကျောင်းဝင်းအတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပျက်ကျရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း   သိရသည်။   