သတင်းများ

အာဏာဖြုတ်ချခံခဲ့ရသည့် ၀န်ကြီးချုပ်ကို လွှဲပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကို တောင်းဆို

အိန္ဒိယအနေဖြင့် အာဏာဖြုတ်ချခံခဲ့ရသည် ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ် Sheikh Hasina ကို လွှဲပြောင်း ပေးရန် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက တောင်းဆို လိုက်ပါသည်။ ကျောင်းသားများ ဦးဆောင်သော ဆန္ဒ ပြပွဲကြီးများ ရက်သတ္တပတ်များစွာ ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် Hasina သည် ဩဂုတ်လက အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခဲ့သည်။ တရားခံလွှဲ ပြောင်းရေး တောင်းဆိုချက်ကို အိန္ဒိယအစိုးရထံ ပေးပို့ ထားသည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ၏ နိုင်ငံခြားရေးရာ အကြံပေးပုဂ္ဂိုလ်က ဒီဇင်ဘာ ၂၃ တွင် ဒေသတွင်း မီဒီယာများကို ပြောကြားခဲ့ပါသည်။

ဇူလိုင်လနှင့် သြဂုတ်လအတွင်း နိုင်ငံတစ်ဝန်း ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး Hasina သည် ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး သူမနှင့် အနီးကပ်ဆက်ဆံရေးရှိသည့် အိန္ဒိယသို့ ထွက်ပြေးသွားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်၏ တရားရုံးတစ်ခုက သူမကို ဖမ်းဆီးရန် ဖမ်းဝရမ်းထုတ်ထားပြီး Hasina သည် လူသား မျိုးနွယ်အပေါ် ရာဇ၀တ်မှုကျူးလွန်သည်ဟု စွပ်စွဲခံ ထားရသည်။ သူမသည် ဆန္ဒပြပြည်သူများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီး လူအများအပြားကို သေဆုံးစေခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်ချုပ်ဆိုထားသော်လည်း အိန္ဒိယအစိုးရက ဘင်္ဂလားဒေ့ရှ်၏ တောင်းဆိုချက်ကိုသဘောတူခြင်း ရှိ၊ မရှိ ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဟိန္ဒူလူနည်းစုများအပေါ် ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်ပွားခဲ့ခြင်းကို အိန္ဒိယကရှုတ်ချခဲ့ပြီးနောက် လတ်တလောတွင် နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုများ ရှိနေပါသည်။ အဆိုပါစွပ်စွဲချက်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက ငြင်းဆိုထားသည်။

ကိုးကား-NHK World

ဆီးရီးယားအစိုးရသစ်ကို တွန်းလှန်ရန် ဆီးရီးယားနိုင်ငံသားများအား အီရန် ထိပ်တန်းခေါင်းဆောင်က တောင်းဆို

အီရန်သမ္မတဟောင်း Bashar al-Assad ဖြုတ်ချခံရပြီးနောက် ပေါ်ပေါက်လာသော အာမက်အယ်လ်ရှာရာ အစိုးရကို တွန်းလှန်ရန် ဆီးရီးယားပြည်သူများအား အီရန်၏ ထိပ်တန်းခေါင်းဆောင် အယာတိုလာအလာခါမေနီက တောင်းဆိုထားပြီး အာဆတ်အစိုးရ တိုက်ခိုက်ခံရမှုသည် အနောက်နိုင်ငံများ၏ ကြိုးကိုင်မှု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၂ ရက် မိန့်ခွန်းတွင် ခါမေနီက ဆီးရီးယားနိုင်ငံသားများ အထူးသဖြင့် နိုင်ငံအတွင်းရှိ လူငယ်များသည် “ကြိုးကိုင်သူများနှင့် ဆီးရီးယားနိုင်ငံပြိုကွဲရန် အကောင်အထည်ဖော်နေသူများကို ပြင်းထန်စွာ ဆန့်ကျင်သင့်သည်” ဟု ပြောကြားခဲ့သည်။

HTS နှင့် အသွင်ကူးပြောင်းရေးအစိုးရတို့က ဆီးရီးယားနိုင်ငံသားအားလုံး၏ အခွင့်အရေးများကို အကာအကွယ်ပေးမည်ဟု အခိုင်အမာပြောဆိုခဲ့သော်လည်း ခါမေနီက အစ္စလာမ္မစ်သမ္မတနိုင်ငံအစိုးရနှင့် လိုက်လျောညီထွေရှိသောအဖွဲ့သာ ဆီးရီးယားတွင် လွှမ်းမိုးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan သည် ဒီဇင်ဘာ ၂၂ ရက်က ဆီးရီးယားနိုင်ငံ၏ တရားဝင်ခေါင်းဆောင် Ahmed al-Sharaa နှင့် Damascus တွင် တွေ့ဆုံခဲ့သည်။

ဆွေးနွေးပွဲအသေးစိတ်အချက်အလက်များကို ချက်ချင်း ထုတ်ပြန်ခြင်း မရှိသေးသော်လည်း တူရကီသည် အာဆတ်ကိုဖယ်ရှားရန် ကြိုးပမ်းနေသည့် HTS ကို ကျောထောက်နောက်ခံအဖြစ် ကာလကြာရှည်စွာ ရပ်တည်ထားသည်။

အာဆတ်ကို ဖြုတ်ချခြင်းသည် တီဟီရန်အတွက် ကြီးမားသည့် ထပ်ထိုးနှက်ချက်အဖြစ် အများက ရှုမြင်သုံးသပ်ကြပြီး အီရန်၏ကြားခံနယ်နိမိတ်ဖြစ်သော ဆီရီးယား၏ အစိတ်အပိုင်းများသည် လွန်ခဲ့သည့် ၁၄ လ အတွင်း ကြီးမားသော ဆုတ်ယုတ်မှုများနှင့် ကြုံတွေ့ ခဲ့ရသည်။

ကိုးကား- https://www.rferl.org/a/iran-supreme-leader-syria-rebel-government/33249008.htm

ထိုင်းနိုင်ငံသည် BRICS အဖွဲ့တွင် မိတ်ဖက်နိုင်ငံဖြစ်လာရန် ဖိတ်ခေါ်ချက်ကို လက်ခံခဲ့

ထိုင်းနိုင်ငံသည် BRICS မိတ်ဖက်နိုင်ငံဖြစ်လာရန် ရုရှားနိုင်ငံထံမှ တရားဝင်ဖိတ်ကြားမှုကို လက်ခံရရှိခဲ့ပါသည်။ ဒီဇင်ဘာ ၂၄ ရက်က အစိုးရအဖွဲ့ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီးထိုင်းနိုင်ငံက ယင်းဖိတ်ကြားချက်ကို အပြုသဘောဖြင့်တုံ့ပြန်မည်ဟု ဆုံးဖြတ်ခဲ့ပြီး အဆိုပါနေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက BRICS ကို မိတ်ဖက်နိုင်ငံအဖြစ် ပူးပေါင်းရန် ထိုင်းနိုင်ငံ၏ သဘောတူညီချက်ကို အတည်ပြုကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးထံ စာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

ကိုးကား - TASS

Masoud Pezeshkian

အီရန်သမ္မတ Masoud Pezeshkian သည် လာမည့် ဇန်နဝါရီ ၁၇ ရက်တွင် မော်စကိုသို့ အလုပ်သဘောခရီးစဉ်အဖြစ်လာရောက်ရန် စီစဉ်ထားကြောင်း ရုရှားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Kazem Jalali က ကြေညာခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း Pezeshkian သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တီဟီရန်နှင့် မော်စကိုတို့အကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။

ကိုးကား - ဒေသတွင်းမီဒီယာ

Photo- President of Russia

US Steel ကို Nippon Steel က ဝယ်ယူရန် ကြိုးပမ်းမှုအပေါ် အမေရိကန်သမ္မတဆုံးဖြတ်မည်

US Steel ကို ဝယ်ယူနိုင်ရေးအတွက် အမေရိကန် သမ္မတ Joe Biden ကို ဆုံးဖြတ်ခွင့်ပြုရန် အမေရိကန် အစိုးရ၏ ကော်မတီတစ်ခုက ဆုံးဖြတ်လိုက်သည်ဟုဂျပန်၏ Nippon Steel က ပြောကြားသည်။ အဆိုပါအရောင်းအဝယ်သဘောတူညီချက်ကို ဆန့်ကျင်ကြောင်းသမ္မတ Biden က အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့ ပါသည်။

အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကော်မတီသည် အဆိုပါ ဂျပန်ကုမ္ပဏီက ဝယ်ယူရန် ကြိုးပမ်းမှုအတွက် လုံခြုံရေးဆိုင်ရာအခြေအနေများကို စစ်ဆေးနေပါသည်။ ၎င်း သံမဏိထုတ်လုပ်သည့် ကုမ္ပဏီကြီး နှစ်ခုတို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အရောင်း အဝယ်ကိစ္စအား သဘောတူညီခဲ့ကြသည်။

အမေရိကန်ကော်မတီက နောက်ဆုံးသတ်မှတ်ရက် ဒီဇင်ဘာ ၃၀ ရက်နေ့မတိုင်မီ အများသဘောတူညီ ချက်ကို မရနိုင်ကြောင်း ဂျပန်သံမဏိကုမ္ပဏီထံ အကြောင်းကြားထားပါသည်။

အဆိုပါကော်မတီ၏ အစီရင်ခံချက်ကို ရရှိပြီး ၁၅ ရက် အတွင်း မစ္စတာဘိုင်ဒန်က ၎င်း၏ဆုံးဖြတ်ချက်ကို ကြေညာမည်ဟု မျှော်လင့်ရသည်။

US Steel ကို ရောင်းချလိုက်ပါက ပြည်တွင်းထုတ်လုပ်မှု ကျဆင်းနိုင်ကြောင်း ကော်မတီဝင်အချို့က အကြံပြုထားသည်ဟု အမေရိကန်မီဒီယာများက ဆိုသည်။ သို့သော် US Steel ၏ အမှုဆောင်ရာထူးအများစုမှာ အမေရိကန်နိုင်ငံသားများကို ခန့်အပ်ခြင်းအပါအဝင် အစီအမံများကို Nippon Steel က အဆိုပြုထားကြောင်း အခြားအဖွဲ့ဝင်များက ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

ထရမ့် နှင့် ပူတင် တွေ့ဆုံဆွေးနွေးရန် နိုင်ငံ တော်တော် များများ အလိုရှိနေ

နျူလက်နက်အင်အားကြီး ၂ နိုင်ငံဖြစ်သော အမေရိကန် နှင့်ရုရှားတို့၏ ခေါင်းဆောင်များဖြစ်သည့် ဒေါ်နယ်ထရမ့် နှင့် ဗလာဒီမာပူတင်တို့တွေ့ဆုံဆွေးနွေးရေးကို နိုင်ငံ တော်တော်များများက အလိုရှိနေကြသည်ဟု ရုရှား သံတမန်ဟောင်း ယူရီအက်ရှာကောဗ်က ပြောဆိုလိုက် ပါသည်။ 

“တွေ့ဆုံဆွေးနွေးပွဲလုပ်ရန်အတွက် မကြာသေးခင်ကမှ သမ္မတပူတင်နှင့် တွေ့ဆုံခဲ့သည့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအိုဘန်နှင့် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ်ဖီကိုတို့က စီစဉ်ပေးနိုင်လိမ့်မည်ဟု ခန့်မှန်း ရကြောင်း၊ နိုင်ငံအသီးသီးက အဆိုပြုချက်များစွာကို ၎င်းအနေဖြင့် လက်ခံရရှိထားကြောင်း” အက်ရှာကောဗ့် က ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောကြားခဲ့ ပါသည်။ “အလားအလာရှိသည့် ဖွံ့ဖြိုးတိုးတက်မှုများကို မထိခိုက်စေရန်အတွက် အဆိုပြုထားသည့် နိုင်ငံများ၏ နာမည်များကို  ၎င်းအနေဖြင့် ထုတ်ပြောမည် မဟုတ် သော်လည်း ယင်းအဆိုပြုချက်များအတွက် အစီအစဉ် ရေးဆွဲပြီး ဆောင်ရွက်နေကြောင်း ” ၎င်းကဆက်လက် ပြောကြားခဲ့သည်။ “သမ္မတပူတင်ကတော့ တတ်နိုင်သမျှ အမြန်ဆုံးစကားပြောရန် အသင့်ဖြစ်နေပြီ” ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။ သို့သော် ထိုကဲ့သို့တွေ့ဆုံပွဲအတွက် သီးခြားအစီအစဉ် များ  မရှိဟု ကရင်မလင်အစိုးရက ဒီဇင်ဘာ ၂၂ ရက်နေ့ က ပြန်လည်တုန့်ပြန်ထားသည်။

ကမ္ဘာ့မီဒီယာများ၏ ဖော်ပြချက်အရ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က လက်ရှိဖြစ်နေသည့် ရုရှား - ယူကရိန်းနယ်စပ်က စစ်ပွဲ များကို ရပ်တန့်နိုင်ရေးလုပ်ဆောင်ရန် စဉ်းစားနေ သော်လည်း ရုရှား-ယူကရိန်း ၂ နိုင်ငံစလုံးက အပစ်ရပ်ရေး ကို ငြင်းဆန်ထားပါသည်။ ရုရှား၏တောင်းဆိုချက်များ အနက် ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ထဲသို့ မဝင်ရန်၊ ခရိုင်း မီးယား အပါအဝင် ရုရှားသိမ်းထားသော ရုရှားစကားပြော ယူကရိန်းဒေသများကို ယူကရိန်းအနေဖြင့် စွန့်လွှတ်ရန် စသည်တို့ကိုတောင်းဆိုထားသည်။

ယူကရိန်းဘက်မှလည်း ရုရှားတောင်းဆိုချက်များကို မလိုက်လျောနိုင်သကဲ့သို့ ယူကရိန်းနိုင်ငံ၏ အချုပ်အခြာ အာဏာကို လာရောက်မထိန်းချုပ်ရန်အတွက် တောင်းဆိုမှုများရှိနေရာ လက်တွေ့မကျသော တောင်းဆိုမှုများဖြစ်နေခြင်းကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်လာနိုင်စရာမရှိနိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ထားပါသည်။ 

ဆွစ်ဇာလန်၊ တူရကီနှင့် ဆော်ဒီအာရေးဗီးယားတို့က ရုရှားနှင့် ယူကရိန်းကြား စေ့စပ်ညှိနှိုင်းမှုများကို လက်ခံ ကျင်းပရန် ဆန္ဒထုတ်ဖော်သည့် နိုင်ငံများတွင် ပါဝင် နေပြီး တရုတ်၊ ဘရာဇီးနှင့် အင်ဒိုနီးရှားတို့က ပဋိပက္ခ အဆုံးသတ်ရန် လမ်းပြမြေပုံကို ထုတ်ဖော်ရေးဆွဲထားရှိ ကြောင်း သိရှိရပါသည်။

ကိုးကား-Myanmar National Post

အလည်အပတ်ရောက်ရှိလာသော ဆလိုဗက်ကီးယား ဝန်ကြီးချုပ်နှင့် ရုရှားသမ္မတ တွေ့ဆုံ

ရုရှားသမ္မတဗလာဒီမာပူတင်သည် ရုရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော ဆလိုဗက်ကီးယားဝန်ကြီးချုပ် Robert Fico နှင့် တစ်ဦးချင်း တွေ့ဆုံခဲ့ကြောင်း ရုရှားသမ္မတသတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းဝန်က ပြောကြားလိုက်ပါသည်။

ဆလိုဗက်ကီးယားသို့ ရုရှား၏ ဓာတ်ငွေ့သယ်ယူ ပို့ဆောင်ရေးအတွက် တစ်ဆင့်ခံ ပို့ဆောင်မှုစနစ်ကို ရပ်ဆိုင်းရန် ယူကရိန်းသမ္မတ၏ ဆုံးဖြတ်ခဲ့မှု နောက်ပိုင်း တွင် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် Fico သည် ပူတင် နှင့်တွေ့ဆုံဆွေးနွေးရန် မျှော်လင့်နေကြောင်း ဆားဘီးယား သမ္မတ Aleksandar Vucic က အစောပိုင်းက ပြောကြားထားသည်။

 ရုရှား၏ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး၏ တစ်ဆင့်ခံ ပို့ဆောင်မှုစနစ်အတွက် ၅ နှစ် သက်တမ်းရှိ သဘောတူ စာချုပ်ကို ထပ်မံ၍ သက်တမ်းမတိုးရန် ယူကရိန်း သမ္မတ၏ ဆုံးဖြတ်ချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မှစ၍ ရုရှားဓာတ်ငွေ့များ မရရှိပါက ဆလိုဗက်ကီးယား သည် အကြပ်အတည်းဖြစ်စေမည်ဟု Fico အစောပိုင်း က ပြောကြားထားသည်။

Fico သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ဆလိုဗက်ကီးယားအစိုးရကို ဦးဆောင်ခဲ့ပြီး ယင်း မတိုင်မီက ၂၀၀၆-၂၀၁၀ နှင့် ၂၀၁၂-၂၀၁၈ ခုနှစ် ကာလ များတွင် ၀န်ကြီးချုပ် တာဝန်ယူခဲ့သည်။ ပူတင်သည် ယခင်ရာထူးသက်တမ်းအတွင်း Fico နှင့် အကြိမ်ကြိမ် တွေ့ဆုံဖူးသည်။ 

ကိုးကား -TASS/ Foreign policy

သေဒဏ်ချမှတ်ခံထားသူ ၄၀ ဦးအနက် ၃၇ ဦးကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ လျှော့ပေါ့ချမှတ်လိုက် ကြောင်း ဘိုင်ဒန်ကြေညာ

အမေရိကန်ရှိ ဖက်ဒရယ်တရားရုံးများက သေဒဏ် ချမှတ်ခံထားသူ ၄၀ ဦးအနက် ၃၇ ဦးကို တစ်သက် တစ်ကျွန်းပြစ်ဒဏ်သို့ လျှော့ပေါ့ချမှတ်ပေးလိုက်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၂၃ ရက်နေ့ တွင် ကြေညာလိုက်ပါသည်။ 

ထိုလျှော့ပေါ့ပြစ်ဒဏ်စာရင်းတွင် မပါဝင်သူ အကျဉ်းသား ၃ ဦးမှာ ၂၀၁၅ ခုနှစ်က တောင်ကရိုလိုင်းနားပြည်နယ်ရှိ ဘုရားကျောင်းတွင် လူသတ်မှုကျူးလွန်ခဲ့သူ၊ ၂၀၁၈ခုနှစ်တွင် ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ ဂျူးဘုရား ကျောင်းတွင်ဝတ်ပြုနေသူများကို သတ်ဖြတ်ခဲ့သူ၊ ၂၀၁၃ ခုနှစ်က ဘော်စတွန်မြို့ မာရသွန်ပွဲတွင် ဗုံးခွဲ တိုက်ခိုက် ခဲ့သူတို့ ဖြစ်ပါသည်။ 

အမေရိကန်အနေဖြင့် ပြည်ထောင်စုအဆင့်တွင် သေဒဏ်ပြစ်ဒဏ်ပေးခြင်းကို ရပ်တန့်ရမည်ဟု ပိုမို ယုံကြည်မိလာကြောင်း ဘိုင်ဒန်က ကြေညာချက်တွင် ပြောကြားထားပါသည်။ 

ယခင်သမ္မတတာဝန်ယူချိန်က အမေရိကန် ဖယ်ထရယ် ဆိုင်ရာ သေဒဏ်စီရင်မှုများကို ပြန်လည် အသက်သွင်း ခဲ့သူ လက်ရှိရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့် တက် မလာမီ ဘိုင်ဒန်က ထိုသို့ လျှော့ပေါ့ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ကိုးကား - BBC  

အမျိုးသမီးနိုင်ငံ့ခေါင်းဆောင် ပေါ်ထွက်ခွင့်မရခဲ့သော အမေရိကန်နိုင်ငံနှင့် ၂၀၂၄ ခုနှစ်တွင် အမျိုးသမီး နိုင်ငံ့ ခေါင်းဆောင်များပေါ်ထွက်ခဲ့သည့်နိုင်ငံများ

ယခု ၂၀၂၄ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ဝင် ၄၅ နိုင်ငံတို့သည် မိမိတို့နိုင်ငံ၏ ခေါင်းဆောင်များ ရွေးကောက်တင်မြောက်ရန် ရွေးကောက်ပွဲများ ကျင်းပခဲ့ကြသည်။ ယင်းတို့အနက် ၄ နိုင်ငံသာ အမျိုးသမီးများကို နိုင်ငံ့ခေါင်းဆောင် သို့မဟုတ် အစိုးရအကြီးအကဲ ဖြစ်လာစေရန် ရွေးချယ်ခွင့်ရရှိခဲ့ကြောင်း နိုင်ငံတကာဖောင်ဒေးရှင်း၏ ရွေးကောက်ပွဲဆိုင်ရာ စနစ်အချက်အလက် များအပေါ် CNN ၏ လေ့လာဆန်းစစ်မှုအရ သိရှိရပါသည်။ 

၂၀၂၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ရန် အခွင့်အရေးရခဲ့သော်လည်း အမျိုးသမီး များကို ထိပ်ပိုင်းနိုင်ငံ့ခေါင်းဆောင်အဖြစ် မြင်တွေ့ခွင့် ရရှိရန် မျှော်လင့်ထားသည့် မဲဆန္ဒရှင်များအနေဖြင့်ထိုအခွင့်အရေးကို  ၈ နှစ်တာအတွင်း ဒုတိယအကြိမ်မြောက် ထပ်မံဆုံးရှုံးခဲ့ရပါသည်။ ၂၀၂၄ ခုနှစ်တွင် အမျိုးသမီးများကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည့် (၃) နိုင်ငံမှာ မြောက်မက်ဆီဒိုးနီးယား၊ နမီးဘီးယားနှင့် မက္ကဆီကို နိုင်ငံတို့ဖြစ်ပြီး ၎င်းတို့ နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ် အမျိုးသမီးခေါင်းဆောင်များအဖြစ် မှတ်တမ်းဝင်သွားပါသည်။ 

ကိုးကား - CNN                                                                                                                                                                                            

အဆမတန်ကြီးမားသော အခနှုန်းထားများ ကောက်ခံနေသည့် ပနားမားတူးမြောင်းကို အမေရိကန်က ပြန်လည်ထိန်းချုပ်ရမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ကမ္ဘာ့ရေလမ်းပို့ဆောင်ရေးလမ်းကြောင်းတွင် အလုပ်အများဆုံးနေရာဖြစ်သည့် ပနားမားတူးမြောင်းတွင် အမေရိကန်သင်္ဘောများ၏ ဖြတ်သန်းခများကို အလွန်အကျွံနှုန်းထားများဖြင့် ကောက်ခံနေသဖြင့် ပနားမားတူးမြောင်းကို ပြန်လည်ထိန်းချုပ်ရမည်ဖြစ် ကြောင်း ခြိမ်းခြောက်လိုက်ပါသည်။ 

“ယခုကိစ္စသည် အမေရိကန်၏ရေတပ်စစ်သင်္ဘောများနှင့် ကူးသန်းရောင်းဝယ်ရေးသင်္ဘောများအတွက် တရားမျှတမှုမရှိကြောင်း၊ ပနားမားက ကောက်ခံနေသည့်နှုန်းထားများသည် အဆမတန်ကြီးမားနေသဖြင့် အမေရိကန်က ပြန်လည်ထိန်းချုပ်ရမည်ဖြစ်ကြောင်း” ထရမ့်က ၎င်း၏ Truth Social platform မှတစ်ဆင့် ပြောကြားထား ပါသည်။   

အမေရိကန်သည် ၁၉၁၄ ခုနှစ်တွင် ပနားမားတူးမြောင်းကို တည်ဆောက်ပြီးစီးခဲ့ပြီး တူးမြောင်းပတ်ပတ်လည် နယ်နိမိတ်ကို ဆယ်စုနှစ်များစွာ ပူးတွဲထိန်းချုပ်ခဲ့ကာ၁၉၉၉ ခုနှစ်တွင် ပနားမားနိုင်ငံသို့ အပြီးအပိုင် လွှဲအပ်ပေးခဲ့သည်။ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ ကိုဆက်သွယ်ပေးထားသည့် ပနားမားတူးမြောင်းတစ်ဝိုက်တွင် တရုတ်၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာမှုကိုလည်း ထရမ့်က အရိပ်အမြွက်ပြောကြားထားပါသည်။ 

ကိုးကား - ALJAZEERA