US Steel ကို Nippon Steel က ဝယ်ယူရန် ကြိုးပမ်းမှုအပေါ် အမေရိကန်သမ္မတဆုံးဖြတ်မည်
US Steel ကို ဝယ်ယူနိုင်ရေးအတွက် အမေရိကန် သမ္မတ Joe Biden ကို ဆုံးဖြတ်ခွင့်ပြုရန် အမေရိကန် အစိုးရ၏ ကော်မတီတစ်ခုက ဆုံးဖြတ်လိုက်သည်ဟုဂျပန်၏ Nippon Steel က ပြောကြားသည်။ အဆိုပါအရောင်းအဝယ်သဘောတူညီချက်ကို ဆန့်ကျင်ကြောင်းသမ္မတ Biden က အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့ ပါသည်။
အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကော်မတီသည် အဆိုပါ ဂျပန်ကုမ္ပဏီက ဝယ်ယူရန် ကြိုးပမ်းမှုအတွက် လုံခြုံရေးဆိုင်ရာအခြေအနေများကို စစ်ဆေးနေပါသည်။ ၎င်း သံမဏိထုတ်လုပ်သည့် ကုမ္ပဏီကြီး နှစ်ခုတို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အရောင်း အဝယ်ကိစ္စအား သဘောတူညီခဲ့ကြသည်။
အမေရိကန်ကော်မတီက နောက်ဆုံးသတ်မှတ်ရက် ဒီဇင်ဘာ ၃၀ ရက်နေ့မတိုင်မီ အများသဘောတူညီ ချက်ကို မရနိုင်ကြောင်း ဂျပန်သံမဏိကုမ္ပဏီထံ အကြောင်းကြားထားပါသည်။
အဆိုပါကော်မတီ၏ အစီရင်ခံချက်ကို ရရှိပြီး ၁၅ ရက် အတွင်း မစ္စတာဘိုင်ဒန်က ၎င်း၏ဆုံးဖြတ်ချက်ကို ကြေညာမည်ဟု မျှော်လင့်ရသည်။
US Steel ကို ရောင်းချလိုက်ပါက ပြည်တွင်းထုတ်လုပ်မှု ကျဆင်းနိုင်ကြောင်း ကော်မတီဝင်အချို့က အကြံပြုထားသည်ဟု အမေရိကန်မီဒီယာများက ဆိုသည်။ သို့သော် US Steel ၏ အမှုဆောင်ရာထူးအများစုမှာ အမေရိကန်နိုင်ငံသားများကို ခန့်အပ်ခြင်းအပါအဝင် အစီအမံများကို Nippon Steel က အဆိုပြုထားကြောင်း အခြားအဖွဲ့ဝင်များက ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။
ကိုးကား-NHK World