အမျိုးသမီးနိုင်ငံ့ခေါင်းဆောင် ပေါ်ထွက်ခွင့်မရခဲ့သော အမေရိကန်နိုင်ငံနှင့် ၂၀၂၄ ခုနှစ်တွင် အမျိုးသမီး နိုင်ငံ့ ခေါင်းဆောင်များပေါ်ထွက်ခဲ့သည့်နိုင်ငံများ
ယခု ၂၀၂၄ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ဝင် ၄၅ နိုင်ငံတို့သည် မိမိတို့နိုင်ငံ၏ ခေါင်းဆောင်များ ရွေးကောက်တင်မြောက်ရန် ရွေးကောက်ပွဲများ ကျင်းပခဲ့ကြသည်။ ယင်းတို့အနက် ၄ နိုင်ငံသာ အမျိုးသမီးများကို နိုင်ငံ့ခေါင်းဆောင် သို့မဟုတ် အစိုးရအကြီးအကဲ ဖြစ်လာစေရန် ရွေးချယ်ခွင့်ရရှိခဲ့ကြောင်း နိုင်ငံတကာဖောင်ဒေးရှင်း၏ ရွေးကောက်ပွဲဆိုင်ရာ စနစ်အချက်အလက် များအပေါ် CNN ၏ လေ့လာဆန်းစစ်မှုအရ သိရှိရပါသည်။
၂၀၂၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ရန် အခွင့်အရေးရခဲ့သော်လည်း အမျိုးသမီး များကို ထိပ်ပိုင်းနိုင်ငံ့ခေါင်းဆောင်အဖြစ် မြင်တွေ့ခွင့် ရရှိရန် မျှော်လင့်ထားသည့် မဲဆန္ဒရှင်များအနေဖြင့်ထိုအခွင့်အရေးကို ၈ နှစ်တာအတွင်း ဒုတိယအကြိမ်မြောက် ထပ်မံဆုံးရှုံးခဲ့ရပါသည်။ ၂၀၂၄ ခုနှစ်တွင် အမျိုးသမီးများကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည့် (၃) နိုင်ငံမှာ မြောက်မက်ဆီဒိုးနီးယား၊ နမီးဘီးယားနှင့် မက္ကဆီကို နိုင်ငံတို့ဖြစ်ပြီး ၎င်းတို့ နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ် အမျိုးသမီးခေါင်းဆောင်များအဖြစ် မှတ်တမ်းဝင်သွားပါသည်။
ကိုးကား - CNN