အလည်အပတ်ရောက်ရှိလာသော ဆလိုဗက်ကီးယား ဝန်ကြီးချုပ်နှင့် ရုရှားသမ္မတ တွေ့ဆုံ
ရုရှားသမ္မတဗလာဒီမာပူတင်သည် ရုရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော ဆလိုဗက်ကီးယားဝန်ကြီးချုပ် Robert Fico နှင့် တစ်ဦးချင်း တွေ့ဆုံခဲ့ကြောင်း ရုရှားသမ္မတသတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းဝန်က ပြောကြားလိုက်ပါသည်။
ဆလိုဗက်ကီးယားသို့ ရုရှား၏ ဓာတ်ငွေ့သယ်ယူ ပို့ဆောင်ရေးအတွက် တစ်ဆင့်ခံ ပို့ဆောင်မှုစနစ်ကို ရပ်ဆိုင်းရန် ယူကရိန်းသမ္မတ၏ ဆုံးဖြတ်ခဲ့မှု နောက်ပိုင်း တွင် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် Fico သည် ပူတင် နှင့်တွေ့ဆုံဆွေးနွေးရန် မျှော်လင့်နေကြောင်း ဆားဘီးယား သမ္မတ Aleksandar Vucic က အစောပိုင်းက ပြောကြားထားသည်။
ရုရှား၏ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး၏ တစ်ဆင့်ခံ ပို့ဆောင်မှုစနစ်အတွက် ၅ နှစ် သက်တမ်းရှိ သဘောတူ စာချုပ်ကို ထပ်မံ၍ သက်တမ်းမတိုးရန် ယူကရိန်း သမ္မတ၏ ဆုံးဖြတ်ချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မှစ၍ ရုရှားဓာတ်ငွေ့များ မရရှိပါက ဆလိုဗက်ကီးယား သည် အကြပ်အတည်းဖြစ်စေမည်ဟု Fico အစောပိုင်း က ပြောကြားထားသည်။
Fico သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ဆလိုဗက်ကီးယားအစိုးရကို ဦးဆောင်ခဲ့ပြီး ယင်း မတိုင်မီက ၂၀၀၆-၂၀၁၀ နှင့် ၂၀၁၂-၂၀၁၈ ခုနှစ် ကာလ များတွင် ၀န်ကြီးချုပ် တာဝန်ယူခဲ့သည်။ ပူတင်သည် ယခင်ရာထူးသက်တမ်းအတွင်း Fico နှင့် အကြိမ်ကြိမ် တွေ့ဆုံဖူးသည်။
ကိုးကား -TASS/ Foreign policy