သေဒဏ်ချမှတ်ခံထားသူ ၄၀ ဦးအနက် ၃၇ ဦးကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ လျှော့ပေါ့ချမှတ်လိုက် ကြောင်း ဘိုင်ဒန်ကြေညာ
အမေရိကန်ရှိ ဖက်ဒရယ်တရားရုံးများက သေဒဏ် ချမှတ်ခံထားသူ ၄၀ ဦးအနက် ၃၇ ဦးကို တစ်သက် တစ်ကျွန်းပြစ်ဒဏ်သို့ လျှော့ပေါ့ချမှတ်ပေးလိုက်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၂၃ ရက်နေ့ တွင် ကြေညာလိုက်ပါသည်။
ထိုလျှော့ပေါ့ပြစ်ဒဏ်စာရင်းတွင် မပါဝင်သူ အကျဉ်းသား ၃ ဦးမှာ ၂၀၁၅ ခုနှစ်က တောင်ကရိုလိုင်းနားပြည်နယ်ရှိ ဘုရားကျောင်းတွင် လူသတ်မှုကျူးလွန်ခဲ့သူ၊ ၂၀၁၈ခုနှစ်တွင် ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ ဂျူးဘုရား ကျောင်းတွင်ဝတ်ပြုနေသူများကို သတ်ဖြတ်ခဲ့သူ၊ ၂၀၁၃ ခုနှစ်က ဘော်စတွန်မြို့ မာရသွန်ပွဲတွင် ဗုံးခွဲ တိုက်ခိုက် ခဲ့သူတို့ ဖြစ်ပါသည်။
အမေရိကန်အနေဖြင့် ပြည်ထောင်စုအဆင့်တွင် သေဒဏ်ပြစ်ဒဏ်ပေးခြင်းကို ရပ်တန့်ရမည်ဟု ပိုမို ယုံကြည်မိလာကြောင်း ဘိုင်ဒန်က ကြေညာချက်တွင် ပြောကြားထားပါသည်။
ယခင်သမ္မတတာဝန်ယူချိန်က အမေရိကန် ဖယ်ထရယ် ဆိုင်ရာ သေဒဏ်စီရင်မှုများကို ပြန်လည် အသက်သွင်း ခဲ့သူ လက်ရှိရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့် တက် မလာမီ ဘိုင်ဒန်က ထိုသို့ လျှော့ပေါ့ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ကိုးကား - BBC