သတင်းများ

ဆီးရီးယားအစိုးရသစ်က နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ ခန့်အပ်

ဆီးရီးယားအုပ်ချုပ်သူများက သမ္မတ Bashar al-Assad အစိုးရကို ဖြုတ်ချခဲ့သည့်အုပ်စုနှင့်ဆက်စပ်နေသောသူများကို နိုင်ငံခြားရေးနှင့်ကာကွယ်ရေးဝန်ကြီးများအဖြစ် ခန့်အပ်လိုက်ပါသည်။

Hayat Tahrir al-Sham (HTS) သူပုန်အဖွဲ့ ခေါင်းဆောင် Abu Mohammed al-Jolani သည် ယာယီအစိုးရ၏ ဝန်ကြီးအဖွဲ့သစ် ဖွဲ့စည်းရန် အစပျိုးလုပ်ဆောင်နေကြောင်း ယူဆရပါသည်။

အသက် ၃၇ နှစ်အရွယ် Assad Hassan al-Shibani ကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ၎င်းသည် ယခင်က HTS နှင့်ဆက်နွှယ်နေသော အဖွဲ့တစ်ဖွဲ့၏ နိုင်ငံရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် တူရကီတွင် ပညာသင်ယူခဲ့သူလည်း ဖြစ်ပါသည်။

အသစ်ခန့်အပ်လိုက်သည့် ကာကွယ်ရေးဝန်ကြီးသည် HTS ၏ အကြီးတန်းအဖွဲ့ဝင် Murhaf Abu Qasra ဖြစ်သည်ဟု Reuters သတင်းဌာနနှင့် အခြားမီဒီယာ များတွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဆီးရီးယားအစိုးရပိုင် သတင်းဌာနက ကာကွယ်ရေးဝန်ကြီးသစ်နှင့် မစ္စတာ Jolani တို့ လက်နက်ကိုင်အုပ်စုများ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည့် ဓာတ်ပုံကို ထုတ်ပြန်ခဲ့ပါသည်။ အစိုးရသစ်အတွက် တပ်ဖွဲ့များ ဖွဲ့စည်းရေး ဆွေးနွေး ခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။

အားလုံးပါဝင်သည့် အစိုးရတစ်ရပ်ကို ဖွဲ့စည်းမည် ဆိုပါက HTS ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားခြင်းမှ ဖယ်ရှားပေးမည်ဟု အမေရိကန် တာဝန်ရှိ သူများက မစ္စတာ Jolani ကို ပြောကြားခဲ့သည်ဟု Washington Post က သတင်းဖော်ပြခဲ့ပါသည်။

နိုင်ငံတကာအသိုက်အဝန်းက တောင်းဆိုထားသည့်အတိုင်း လူနည်းစုများနှင့် အမျိုးသမီးအဖွဲ့ဝင်များပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရအဖွဲ့ကို ယာယီအစိုးရက ဖွဲ့စည်းနိုင်မည်လားဆိုသည်ကို အများက အာရုံစိုက်နေကြပါသည်။

ကိုးကား-NHK World

ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူက ပြောကြား

ယူကရိန်းနှင့် ရုရှားစစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် ငြိမ်းချမ်းရေးသဘောတူညီချက်ကိုရှာဖွေရန် ဆွေးနွေးမှု များ မြင့်တက်နေချိန်တွင် အမေရိကန် ရွေးကောက်ခံ သမ္မတနှင့် ဗလာဒီမာပူတင် တွေ့ဆုံရန် အစီအစဉ် မရှိသေးကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောပါသည်။

ထရမ့်က ဒီဇင်ဘာ ၂၂ ရက်တွင် ကွန်ဆာဗေးတစ် အစည်းအဝေးပွဲတစ်ခု၌ “ပူတင်က ၎င်းနှင့် အမြန်ဆုံး တွေ့ဆုံလိုကြောင်း” ပြောကြားခဲ့သည်ကို တုံ့ပြန်သည့် အနေဖြင့် ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဒီဇင်ဘာ ၂၃ ရက်တွင် TASS သို့ ပြောကြား ရာတွင် “ဇန်နဝါရီလတွင် သမ္မတ ရာထူးမတက်မီ ထရမ့် နှင့်တွေ့ဆုံမှုအတွက် အမှန်တကယ် တွန်းအားပေးမှုများ မရှိသေးကြောင်း” ပြောကြားခဲ့သည်။ 

ရုရှားနှင့် ယူကရိန်းကြားတိုက်ပွဲများသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး မော်စကိုသည် အရပ်ဘက်နှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို အဓိကရည်ရွယ်၍ ယူကရိန်း ပိုင်နက်တစ်လျှောက် ဒရုန်းများနှင့် ဒုံးကျည်များကို ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။

ကိယက်ဗ်သည် ရုရှားပိုင်နက်အတွင်းရှိ ရုရှားရေနံနှင့် စွမ်းအင်ပစ်မှတ်များကို တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး သီတင်း ပတ်ကုန်က ရုရှားနိုင်ငံ၏ ရေနံကြွယ်ဝသော တာတာ စတန်သမ္မတနိုင်ငံ၏ မြို့တော် ကာဇန်တွင် အထပ်မြင့် အဆောက်အအုံများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ပူတင်သည် ဝါရှင်တန်နှင့် အနောက်နိုင်ငံများရှိ ပရိသတ်များရှေ့၌ ရုရှား၏ လိုက်လျောနိုင်မှု အလားအလာကို ဖော်ပြခဲ့ပြီး ၎င်း၏ နှစ်ကုန်အမေးအဖြေကဏ္ဍနှင့် သတင်းစာရှင်းလင်းပွဲ တွင် “ရုရှားသည် အပေးအယူလုပ်ရန် အဆင်သင့် ဖြစ်နေကြောင်း” တစ်ကြိမ်ထက်မကပြောဆိုခဲ့သည်။

သို့သော် ပူတင်သည် “မော်စကို၏ ယူကရိန်းကို သိမ်းပိုက်ရန်၊ နေတိုးထံမှ အဓိကလုံခြုံရေးအာမခံချက် များရရှိရန်နှင့် အနောက်အုပ်စုအား ငြိမ်းချမ်းစေရန်” စသည့် မော်စကို၏ လိုလားချက်များအား အပေးအယူ လုပ်ရန် ညှိနှိုင်းရေးအချက်များစွာကို ထည့်သွင်းထား သည့်အပြင် ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လန်စကီး အား တရားဝင်ခေါင်းဆောင်အဖြစ် မစဉ်းစားကြောင်း ပြောဆိုခဲ့သည်။ “စစ်ပွဲကို အမြန်အဆုံးသတ်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း၊ စစ်ပွဲသည်ကြောက်စရာကောင်းကြောင်း” ထရမ့်က ဒီဇင်ဘာ ၂၂ ရက် Turning Point's America Fest Convention တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။

မော်စကို၊ ကိယက်ဗ်၊ ဘရပ်ဆဲလ်၊ ဝါရှင်တန်နှင့် အခြားသော မြို့တော်များတွင် တံခါးပိတ်အစည်းအဝေးပြီးနောက် သံတမန်များ၊ ရွေးကောက်ခံ ခေါင်းဆောင် များနှင့် စစ်ဘက်အရာရှိများသည် ဒုတိယ ကမ္ဘာစစ် ကတည်းက ဥရောပ၏ အကြီးဆုံးမြေပြင်စစ်ပွဲအတွက် ဖြေရှင်းချက်တစ်ခုကို ရှာဖွေနိုင်ရေး အောင်မြင်မှုရရှိရန်အတွက် အားထုတ်ကြိုးပမ်းနေသည့် အခြေအနေ (full-court press) ဖြစ်လာမည့် အလားအလာများအတွက် ပြင်ဆင်နေကြသည်ဟု လေ့လာသူများက ဆိုသည်။ 

အနောက်တိုင်းစေ့စပ်ညှိနှိုင်းမှုများ၌ ၃၄ လ ကျော်ကြာ ပြီး နှစ်ဖက်စလုံးမှ လူ ၁ သန်းကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့သည့် ပဋိပက္ခကို ဖြေရှင်းရန်အတွက် သဘောထားအမြင်များသည် တွန်းအားပေးမှုဆီသို့ ပြတ်ပြတ်သားသား ကူးပြောင်းသွားခဲ့သည်။ ပူတင်သည် ဥရောပသမဂ္ဂ ခေါင်းဆောင်တစ်ဦးနှင့် ရှားရှားပါးပါး တွေ့ဆုံမှုအနေဖြင့် ဒီဇင်ဘာ ၂၂ ရက်က ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ်ဖီကိုနှင့် တွေ့ဆုံခဲ့သည်။ အဓိက အကြောင်းအရာမှာ ယူကရိန်းနိုင်ငံမှတစ်ဆင့် ရုရှားနိုင်ငံ အတွက် သဘာဝဓာတ်ငွေ့များ ဖြတ်သန်းသယ်ဆောင် ခွင့်ပြုသည့်စာချုပ်သည် မကြာမီသက်တမ်းကုန်ဆုံးတော့ မည်ဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်း၏ စစ်ရေးအခြေအနေနှင့် စစ်ပွဲအတွက် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခြေများအကြောင်း ဆွေးနွေးခဲ့ကြသည်။

ဖီကိုသည် လွန်ခဲ့သည့် သုံးနှစ်နီးပါးခန့်က ရုရှားက ယူကရိန်းကို လုံးလုံးလျားလျား ကျူးကျော်ဝင်ရောက်သည့်အချိန်မှစ၍ ပူတင်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထား သည့်ဥရောပခေါင်းဆောင် အနည်းငယ်အနက်မှ တစ်ဦး ဖြစ်သည်။

ယူကရိန်း-ရုရှား စစ်ပွဲအပေါ် ဥရောပခေါင်းဆောင် အများစုနှင့် သိသိသာသာ အမြင်ကွဲပြားသည့် ဖီကိုသည် ၎င်း၏လက်ဝဲဝါဒီအဖွဲ့ ဖြစ်သည့် Smer (Direction) က ရုရှားလိုလားပြီး အမေရိကန်ဆန့်ကျင်ရေး ပလက်ဖောင်းပေါ်တွင် ပါလီမန်ရွေးကောက်ပွဲ၌ အနိုင်ရပြီးနောက် မနှစ်က အာဏာပြန်လည်ရရှိခဲ့သည်။

ထိုအချိန်မှစ၍ ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီများ ရပ်ဆိုင်းခဲ့ပြီး ရုရှားအပေါ် အီးယူ၏ ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ကာ နေတိုးအဖွဲ့ဝင် အဖြစ် ယူကရိန်းကို ပိတ်ဆို့မည်ဟု ကတိပြုခဲ့သည်။

ကိုးကား - Radio Free Europe

ဂါဇာဒေသ အလယ်ပိုင်းရှိ နျူဆာရတ် ဒုက္ခသည်စခန်းအား အစ္စရေးတပ်မတော်က တိုက်ခိုက်

ဂျေရုဆလင်  ဒီဇင်ဘာ ၂၃

ဂါဇာဒေသအလယ်ပိုင်းရှိ နျူဆာရတ် ဒုက္ခသည်စခန်းအား အစ္စရေးတပ်မတော်က တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၅၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့၏ မီဒီယာဆိုင်ရာရုံးက ယနေ့ပြောကြားသည်။

ဆောင်ရွက်ပေးရန်ပန်ကြား

အစ္စရေးတပ်မတော်၏ ၎င်းတိုက်ခိုက်မှုသည် ကြမ်းကြုတ်ရက်စက်သည့် ရာဇဝတ်မှုဖြစ်ကြောင်းနှင့် တိုက်ခိုက်ရာတွင် မြေတူးစက်များ၊ ဒရုန်းများ၊ တင့်ကားများ အသုံးပြု၍ အစ္စရေးတပ်ဖွဲ့ဝင်များက စခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည်ဟု အဆိုပါရုံးက ထပ်လောင်းပြောကြားသည်။ ယင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီးများနှင့် ကလေးများ အများအပြား သေဆုံးခဲ့သည်။

ယခု တိုက်ခိုက်မှုအတွက် အစ္စရေးတပ်မတော်နှင့် အမေရိကန်အစိုးရတွင် တာဝန်ရှိကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဂါဇာဒေသခံများအား ကာကွယ်ရေးအတွက် ဝင်ရောက်ဖျန်ဖြေဆောင်ရွက်ပေးရန် ၎င်းရုံးက ပန်ကြားခဲ့သည်။ ဒေသတွင်းရှိ ဆေးရုံများနှင့် စာသင်ကျောင်းများတိုက်ခိုက်ခံရမှု များပြားလာသည့်အတွက် ၎င်းပဋိပက္ခအဆုံးသတ်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီက‌ တောင်းဆိုခဲ့သည်။

ဂါဇာဒေသတွင် လက်ရှိအချိန်အထိ ပါလက်စတိုင်းဒေသခံ ၄၅၃၁၇ ဦး‌ သေဆုံးခဲ့ကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ

ဒေါ်နယ်ထရမ့်နှင့် သမ္မတပူတင်အကြား လတ်တလော တွေ့ဆုံရန် အစီအစဉ် မရှိသေးကြောင်း ရုရှားအစိုးရက ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အမေရိကန် ရွေးကောက်ခံသမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် လက်ရှိအချိန်တွင် လူချင်းတွေ့ဆုံရန် အစီအစဉ်မရှိသေးကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ၂၃-၁၂-၂၀၂၄ ရက်တွင် TASS သတင်းဌာနသို့ ပြောကြား ခဲ့သည်။

ရွေးကောက်ခံသမ္မတလောင်း ဒေါ်နယ်ထရမ့်၏ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ တွေ့ဆုံဆွေးနွေးပွဲကျင်းပရန်၊ သို့မဟုတ် အခြားအကြောင်းပြချက်မရှိဘဲ တွေ့ဆုံရန်ရှိ/ မရှိ မေးမြန်းခဲ့မှုအပေါ် Dmitry Peskov က အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်ပါသည်။ 

အစောပိုင်းကာလတွင် ဒေါ်နယ်ထရမ့်သည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်အတွက် သမ္မတပူတင်နှင့်တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ရန် မျှော်မှန်းထားကြောင်း ပြောကြား ခဲ့ပါသည်။ အလားတူပင် မည်သည့်အချိန်မဆို ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိနေသည်ဟု သမ္မတပူတင်က ဒီဇင်ဘာလ ၁၉ ရက်တွင် ပြောကြားထားကြောင်း သိရှိရပါသည်။

ကိုးကား - TASS 

ယူကရိန်းပဋိပက္ခ ဖြေရှင်းနိုင်ရေးအတွက် တရုတ်အစိုးရက တောင်ကမ္ဘာခြမ်းနိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားမည်

ယူကရိန်းပဋိပက္ခ အမြန်ဆုံးပြေလည်အောင် ဖြေရှင်းနိုင်စေရေးအတွက် တရုတ်အစိုးရက တောင်ကမ္ဘာခြမ်းနိုင်ငံများနှင့်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသ မော်နင်းက ဒီဇင်ဘာလ ၂၃ ရက် တွင်ပြောသည်။

တောင်ကမ္ဘာခြမ်းမှနိုင်ငံ အများအပြား ပါဝင်သည့် ယူကရိန်းပဋိပက္ခဆိုင်ရာ ငြိမ်းချမ်းရေးမိတ်ဆွေများ အဖွဲ့ဟူသောအဖွဲ့ကို ယခုနှစ်စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မကြာသေးမီက ထိုအဖွဲ့မှတာဝန်ရှိသူများကတွေ့ဆုံစဉ်  ထိုသို့ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု မော်နင်းက ဆက်ပြောသည်။

ထို့ပြင် ယင်းအဖွဲ့သည် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်နေသောအခြေအနေများနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို လေ့လာသုံးသပ်တွက်ချက်မှုများလုပ်ပြီး မကြာသေးမီကဖြစ်ပေါ်ခဲ့သော အခြေအနေတင်းမာမှုများနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေသည်ဟု ထုတ်ပြန်ထားသည်။

အလားတူ အဆိုပါအဖွဲ့သည် နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ တစ်နိုင်ငံ၏ တရားဝင်ရပ်တည်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများအပေါ် လေးစားမှုဟူသော အခြေခံသဘောတရားများကို လက်ကိုင်ထားကာ နိုင်ငံတကာပဋိပက္ခများကို ငြိမ်းချမ်းသောဖြေရှင်းနည်း အသုံးပြု၍ဖြေရှင်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် တင်းမာမှုများကိုလျှော့ချရေးအတွက် တောင်းဆိုကြောင်း မော်နင်းက ပြောသည်။

Source: Myawady Web Portal

ပိုလန်က အစ္စရေး ဝန်ကြီးချုပ်ကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်

ပိုလန်နိုင်ငံ၌ ကျင်းပမည့် အော့စ်ဝစ်ချ် လွတ်မြောက်ရေး နှစ် ၈၀ ပြည့် နှစ်ပတ်လည် အခမ်းအနားအား ဇန်နဝါရီ လတွင် ကျင်းပမည်ဖြစ်ရာ အခမ်းအနားသို့ အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု တက်ရောက်မည် ဆိုပါက ဖမ်းဆီးခံရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ (အီးယူ)၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝါဒလီ စလော ဘာတော့ဇဝစကီ ပြောကြားလိုက်ပါသည်။

အော့စ်ဝစ်ချ်အကျဉ်းထောင်သည် ဒုတိယကမ္ဘာစစ် အတွင်းက ဂျာမန်များတည်ဆောက်ထားခြင်းဖြစ်ပြီး ဂျူးလူမျိုး သန်းပေါင်းများစွာကို အဆိပ်ပေးသတ်ဖြတ် ခဲ့သည့်နေရာဖြစ်သည်။ အဆိုပါအကျဉ်းထောင်လွတ်မြောက်ရေးနေ့သည် အစ္စရေးနိုင်ငံကဲ့သို့ ဂျူးလူမျိုး များ အတွက် အရေးပါသောနေ့တစ်နေ့ဖြစ်ပါသည်။ 

နိုင်ငံတကာရာဇဝတ်မှု ရောမဥပဒေအား လက်မှတ် ရေးထိုးထားသည့် ပိုလန်သည် နိုင်ငံတကာ ရာဇ၀တ် တရားရုံး (ICC) ၏ ညွှန်ကြားချက်များကို လိုက်နာရန် တာဝန်ရှိကြောင်း ဝါဆောအစိုးရ၏ ထိပ်တန်းသံတမန် က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂါဇာတွင် ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ဆက်နွှယ်သည့် စစ်ရာဇ၀တ်မှုများကို ကိုးကား၍ နေတန်ယာဟု နှင့် အစ္စရေး ကာကွယ်ရေး ဝန်ကြီးဟောင်း ဂေါ်လန် တို့ကို ICC က နိုဝင်ဘာလတွင် ဖမ်းဝရမ်း ထုတ်ခဲ့သည်။

နေတန်ယာဟုနှင့် ဂေါ်လန်တို့က ဂါဇာရှိအရပ်သား များအား အစားအစာ၊ ရေနှင့် ဆေးဝါးများကို တမင် တကာရည်ရွယ်ချက်ရှိရှိ ငတ်မွတ်ခေါင်းပါးစေသည့် စစ်ပွဲနည်းလမ်းကို အသုံးပြုခဲ့သည်ဟု တရားရုံးက စွပ်စွဲခဲ့ပါသည်။ အစိုးရရှေ့နေများအဆိုအရ အဆိုပါ လုပ်ရပ်များက စစ်ပွဲအတွက် မလိုအပ်ဘဲ သုံးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။ 

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံစလုံးသည် ရောမ သဘောတူစာချုပ်တွင် ပါ၀င်ပြီး ICC က အစ္စရေး ဝန်ကြီးချုပ်ကို ဖမ်းဝရမ်းထုတ်ရန် လိုအပ်သော်လည်း တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်မှုများမှာ မတူညီပေ။ ဟန်ဂေရီ ဝန်ကြီးချုပ် Viktor Orban က နေတန်ယာဟုအား ဖမ်းဝရမ်းထုတ်မည် မဟုတ်ကြောင်း အာမခံကာ ဟန်ဂေရီနိုင်ငံသို့ လာရောက်ရန် ပွင့်ပွင့် လင်းလင်း ဖိတ်ကြားထားကြောင်းသိရှိရသည်။ စပိန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ အိုင်ယာလန်၊ လစ်သူယေး နီးယားနှင့် စလိုဗေးနီးယားတို့ကဲ့သို့ နိုင်ငံများသည် သံတမန်ရေးရာ ကင်းလွတ်ခွင့်မရှိဘဲ ICC ၏ ညွှန်ကြားချက် များကို လိုက်နာရန် မလိုကြောင်း ပြောဆိုထားသည်။  ပြင်သစ်က ကနဦးတွင် ဖမ်းဝရမ်းကို လိုက်နာရန် ရည်ရွယ်ကြောင်း ထုတ်ဖော်ခဲ့သော်လည်း နောက်ပိုင်း တွင် နေတန်ယာဟုအတွက် သံတမန်ရေးရာ အကာအကွယ် ပေးမှုကို ပေးခဲ့ပါသည်။ ICC ၏ လုပ်ဆောင်ချက် များသည် အစ္စရေး အရာရှိများထံမှ ပြင်းထန်သော တုံ့ပြန်မှုများကို ထွက်ပေါ်လာစေသည်။ 

ကိုးကား-Myanmar National Post

တရားစီရင်ရေးဆောင်ရွက်ရန် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို လွှဲပြောင်းပေးရေး ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကို တောင်းဆို

ဘင်္ဂလားဒေ့ရှ်၌ ပြင်းထန်သည့်ဆန္ဒပြမှုများကြောင့် ၁၆ နှစ်သက်တမ်းရှိ ရှိတ်ဟာဆီနာအစိုးရအဖွဲ့ပြုတ်ကျ ပြီးနောက်   အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည့် ရှိတ်ဟာဆီနာအား ပြန်လည်လွှဲအပ်ပေးရန် ဘင်္ဂလား ဒေ့ရှ်က အိန္ဒိယနိုင်ငံသို့ သံတမန်စာတစ်စောင် ပေးပို့ ထားပါသည်။ 

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာသည် အိန္ဒိယနိုင်ငံသို့ ဩဂုတ်လ ၅ ရက်တွင် ရောက်ရှိနေခြင်း က နှစ်နိုင်ငံဆက်ဆံရေးအပေါ် သက်ရောက်မှုရှိစေမည့် အလားအလာရှိနေသဖြင့် သံတမန်ကျွမ်းကျင်မှုရှိရန် လိုအပ်မည်ဖြစ်သည်။ 

“ဘင်္ဂလားဒေ့ရှ်အနေဖြင့် တရားစီရင်ရေး လုပ်ငန်းစဉ် အတွက် သူမကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် လွှဲအပ်ပေးနိုင်ရန်အတွက် အိန္ဒိယအစိုးရထံ သံတမန် ရေးရာစာတစ်စောင် ပေးပို့ထားကြောင်း” ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ နိုင်ငံခြားရေးရာအကြံပေး Touhid Hossain က ပြောကြားခဲ့သည်။

ဒါကာရှိ နိုင်ငံတကာရာဇ၀တ်မှုခုံရုံး (International Court of Tribunal -ICT) သည် ရှိတ်ဟာဆီနာနှင့် သူမ၏ ဝန်ကြီးဟောင်းများ၊ အကြံပေးများ၊ စစ်ဘက်နှင့် အရပ်ဘက်အရာရှိများကို “လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှု” တို့အတွက် ဖမ်းဝရမ်းထုတ်ထားပါသည်။

ကိုးကား - The indian EXPRESS 

တင်းမာမှုများ မြင့်တက်လာနေသော်လည်း ပြည်သူများကို တတိယကမ္ဘာစစ်နှင့် ခြိမ်းခြောက်ရန်မလိုဟု ပူတင်ဆို

လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝန်း၌ တင်းမာမှုများ မြင့်တက်လာလျက်ရှိနေသော်လည်း ပြည်သူများကို တတိယကမ္ဘာစစ်နှင့် ခြိမ်းခြောက်ရန် မလိုအပ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က Russia 1 TV သတင်းဌာနနှင့် အင်တာဗျူးတွင်ပြောသည်။

ရုရှားနှင့်ယူကရိန်းတို့၏ ပဋိပက္ခကြားတွင် အမေရိကန်က ပိုမိုဝင်ရောက်လာမှုသည် တတိယကမ္ဘာစစ်ကြီးက စနှင့်နေပြီးဖြစ်သည်ဟု ဆိုလိုနိုင်မည်လားဟူသော သတင်းထောက်၏ မေးခွန်းကို ပူတင်က ယခုကဲ့သို့ပြန်ဖြေခြင်း ဖြစ်သည်။

တင်းမာမှုများ မြင့်တက်လာနေသည်မှာမှန်သော်လည်း တတိယကမ္ဘာစစ်ဟူသောအသုံးအနှုန်းဖြင့် ပြည်သူများကိုစိုးရိမ်ထိတ်လန့်မှုများ မရှိစေလိုကြောင်း၊ ထို ကဲ့သို့သောတင်းမာမှုများကို ရုရှားကိုမလိုလားသော အဖွဲ့အစည်းများက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပူတင်ကပြောသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ၎င်း၏သမ္မတသက်တမ်း နောက်ဆုံးနေ့ရက်များတွင် ယူကရိန်းသို့စစ်လက်နက်များ အမြောက်အမြား တင်ပို့ရန် စီစဉ်ထားမှုနှင့်ပတ်သက်၍ သတင်းထောက်၏ ပြောဆိုမှုအပေါ် ပူတင်က ယခုကဲ့သို့သတိပေးပြောဆိုခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံသည် အနောက်အုပ်စု၏ မည်ကဲ့သို့သောခြိမ်းခြောက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း၊ ရုရှားအနေဖြင့် အမေရိကန်နှင့် မဟာမိတ်များနှင့် ဆက်ဆံရေးပြန်တည်ဆောက်ရန် အသင့်ရှိနေသော်လည်း ရုရှား၏ အကျိုးစီးပွားကို မထိခိုက်မှသာဖြစ်မည်ဖြစ်ကြောင်း ပူတင်က ပြောထားသည်။

အမေရိကန်က မီးနှင့်ကစားနေသည်ဟု တရုတ်ပြော

အမေရိကန်နိုင်ငံအနေဖြင့် မီးနှင့်ကစားနေသည်ဟု တရုတ်အစိုးရက ဒီဇင်ဘာလ ၂၂ ရက်တွင် သတိပေးစကားပြောလိုက်ကြောင်း သိရသည်။

အမေရိကန်အစိုးရက ထိုင်ဝမ်ကျွန်းသို့ စစ်လက်နက်ပစ္စည်များ ရောင်းချပေးရေး နှင့် ထောက်ပံ့ပေးရေးအတွက် အတည်ပြုကြောင်း ကြေညာပြီးနောက် တရုတ်အစိုးရက ယခုကဲ့သို့ထုတ်ပြန်ခြင်း ဖြစ်သည်။

ထို့အတူ အမေရိကန်ဒေါ်လာ ၅၇၁ သန်း တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများကို ထိုင်ဝမ်ကျွန်းသို့ ရောင်းချပေးမှုနှင့်ပတ်သက်၍ တရုတ်အစိုးရက ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် ထိုင်ဝမ်ကျွန်းသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေမှုကို ရပ်တန့်ရန်၊ ထိုင်ဝမ်ရေလက်ကြား၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိခိုက်လျော့ပါးစေမည့် လုပ်ရပ်များကိုရပ်တန့်ရန် တိုက်တွန်းကြောင်း တရုတ်အစိုးရ၏    ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထိုင်ဝမ်ကျွန်းသည် နိုင်ငံတကာဥပဒေများအရ တရုတ်နိုင်ငံပိုင်ဒေသ တစ်ခုဖြစ်ပြီး အမေရိကန်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ခံသော်လည်း ခွဲထွက်ခွင့်ရ ရေးကြိုးပမ်းနေသည့် ထိုင်ဝမ်ကျွန်းကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။ 

ဟူသီတို့၏ ဒုံးကျဉ်လက်နက်တိုက် အမေရိကန်တို့ လေကြောင်းတိုက်ခိုက်

ဆာနား  ဒီဇင်ဘာ ၂၂

ဟူသီများ ထိန်းချုပ်ထားသည့် ယီမင်နိုင်ငံမြို့တော် ဆာနား၌ ဒီဇင်ဘာ ၂၁ ရက် ညပိုင်းတွင် အမေရိကန်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဟူသီများ ထိန်းချုပ်ထားသည့် အယ်မာဆီရာ့ရုပ်သံတွင် ဖော်ပြခဲ့သည်။

အက်တန်ဒေသတွင် လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့ကြောင်း အသေးစိတ်အချက်အလက်များ မသိရသေးကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

လေကြောင်းတိုက်ခိုက်မှုသည် မြို့တော်၏ တောင်ဘက်ပိုင်း ဟူသီအဖွဲ့ ထိန်းချုပ်ထားသော စခန်းဖြစ်သည့် အက်တန်တောင်ရှိ ဒုံးကျည်လက်နက်တိုက်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆာနားမြို့ခံများက ပြောသည်။

အက်တန်တောင်တွင် တိုက်ခိုက်ခံရပြီးနောက် ကြီးမားသည့် ပေါက်ကွဲမှုကြီးကို ကြားလိုက်ရကြောင်း မြို့ခံများကပြောသည်။

အမေရိကန် ဗဟိုကွပ်ကဲမှုအဖွဲ့က ၎င်းတို့တပ်ဖွဲ့ဝင်များသည် ဒုံးကျည်လက်နက်တိုက်များနှင့် ဟူသီများ လုပ်ဆောင်နေသည့် ကွပ်ကဲမှုထိန်းချုပ်ရေးအဆောက်အအုံကို တိကျစွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု လူမှုကွန်ရက်မီဒီယာပေါ်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဆင်ဟွာ

Source: မြန်မာ့အလင်းသတင်းစာ