အီရန်သမ္မတ Masoud Pezeshkian သည် ဇန်နဝါရီ ၁၇ ရက်တွင် မော်စကိုသို့ အလုပ်သဘောခရီးစဉ်အဖြစ် လာရောက်ရန် စီစဉ်

News Image

  • Masoud Pezeshkian

အီရန်သမ္မတ Masoud Pezeshkian သည် လာမည့် ဇန်နဝါရီ ၁၇ ရက်တွင် မော်စကိုသို့ အလုပ်သဘောခရီးစဉ်အဖြစ်လာရောက်ရန် စီစဉ်ထားကြောင်း ရုရှားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Kazem Jalali က ကြေညာခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း Pezeshkian သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တီဟီရန်နှင့် မော်စကိုတို့အကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။

ကိုးကား - ဒေသတွင်းမီဒီယာ

Photo- President of Russia