Associated Press ၏ ဖော်ပြချက်အရ ရိုမေးနီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သမ္မတရွေးကောက်ပွဲဝင်ရန် မျှော်မှန်းထားသူ Calin Georgescu ၏ အယူခံတစ်ရပ်ကို ပယ်ချခဲ့သည်။ Georgescu သည် ဗဟိုရွေးကောက်ပွဲဗျူရို Central Electoral Bureau’s (BEC)မှ ယခုနှစ် မေလတွင် ကျင်းပမည့် ရွေးကောက်ပွဲသစ်တွင် ပါဝင်ခွင့်မရှိကြောင်း ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။မတ်လ ၁၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက BEC ၏ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပြီး Georgescu ၏ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ပယ်ဖျက်ကြောင်း အတည်ပြုခဲ့သည်။ BEC က မတ်လ ၉ ရက်နေ့တွင် ၎င်း၏ဝင်ရောက်ယှဉ်ပြိုင်မှုကို ပယ်ချခဲ့ပြီး ယင်းဆုံးဖြတ်ချက်တွင် အချက်အလက်ပေါင်း ၁,၀၀၀ ကျော်ကို ကိုးကားခဲ့သည်။ Georgescu သည် ရွေးကောက်ပွဲပြန်လည်ကျင်းပမှုအတွက် များစွာသော မဲဆန္ဒရှင်များ၏ အားပေးမှုကိုရရှိထားသူဖြစ်ပြီး လတ်တလောစစ်တမ်းများအရ ၄၀% မှ ၄၅% အထိ မဲအရေအတွက် ရှိခဲ့သည်။Georgescu ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရသည့် အကြောင်းရင်းများနှင့်ပတ်သက်၍ ကွဲလွဲချက်များရှိနေသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက ၎င်း၏ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ထောက်ခံခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် ရိုမေးနီးယားနိုင်ငံ၏ နိုင်ငံရေးနှင့် ရွေးကောက်ပွဲစနစ် တို့အပေါ် ကြီးမားသောသက်ရောက်မှုများ ရှိနိုင်ကြောင်း ကျွမ်းကျင်သူ များက မှတ်ချက်ပြုကြသည်။ဤဖြစ်ရပ်သည် နိုင်ငံရေးပါတီများနှင့် နိုင်ငံသားများအကြား ဆွေးနွေးငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ရန်တောင်းဆိုမှုများ ပိုမို မြင့်တက်လာစေခဲ့သည်။ ရိုမေးနီးယားနိုင်ငံ၏ နိုင်ငံရေးနှင့် ရွေးကောက်ပွဲ စနစ်တို့သည် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုတို့ကို ပိုမိုအာမခံနိုင်ရန် လိုအပ်ကြောင်း ပြသနေသည်။ကိုးကား-RTဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂