အဆမတန်ကြီးမားသော အခနှုန်းထားများ ကောက်ခံနေသည့် ပနားမားတူးမြောင်းကို အမေရိကန်က ပြန်လည်ထိန်းချုပ်ရမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

News Image

  • အဆမတန်ကြီးမားသော အခနှုန်းထားများ ကောက်ခံနေသည့် ပနားမားတူးမြောင်းကို အမေရိကန်က ပြန်လည်ထိန်းချုပ်ရမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ကမ္ဘာ့ရေလမ်းပို့ဆောင်ရေးလမ်းကြောင်းတွင် အလုပ်အများဆုံးနေရာဖြစ်သည့် ပနားမားတူးမြောင်းတွင် အမေရိကန်သင်္ဘောများ၏ ဖြတ်သန်းခများကို အလွန်အကျွံနှုန်းထားများဖြင့် ကောက်ခံနေသဖြင့် ပနားမားတူးမြောင်းကို ပြန်လည်ထိန်းချုပ်ရမည်ဖြစ် ကြောင်း ခြိမ်းခြောက်လိုက်ပါသည်။ 

“ယခုကိစ္စသည် အမေရိကန်၏ရေတပ်စစ်သင်္ဘောများနှင့် ကူးသန်းရောင်းဝယ်ရေးသင်္ဘောများအတွက် တရားမျှတမှုမရှိကြောင်း၊ ပနားမားက ကောက်ခံနေသည့်နှုန်းထားများသည် အဆမတန်ကြီးမားနေသဖြင့် အမေရိကန်က ပြန်လည်ထိန်းချုပ်ရမည်ဖြစ်ကြောင်း” ထရမ့်က ၎င်း၏ Truth Social platform မှတစ်ဆင့် ပြောကြားထား ပါသည်။   

အမေရိကန်သည် ၁၉၁၄ ခုနှစ်တွင် ပနားမားတူးမြောင်းကို တည်ဆောက်ပြီးစီးခဲ့ပြီး တူးမြောင်းပတ်ပတ်လည် နယ်နိမိတ်ကို ဆယ်စုနှစ်များစွာ ပူးတွဲထိန်းချုပ်ခဲ့ကာ၁၉၉၉ ခုနှစ်တွင် ပနားမားနိုင်ငံသို့ အပြီးအပိုင် လွှဲအပ်ပေးခဲ့သည်။ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ ကိုဆက်သွယ်ပေးထားသည့် ပနားမားတူးမြောင်းတစ်ဝိုက်တွင် တရုတ်၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာမှုကိုလည်း ထရမ့်က အရိပ်အမြွက်ပြောကြားထားပါသည်။ 

ကိုးကား - ALJAZEERA