ဟားမက်အဖွဲ့က အစ္စရေးအနေဖြင့်အချို့သော စည်းကမ်းချက်များနှင့် ကိုက်ညီပါက ဂါဇာတွင် ထိန်းသိမ်းထားသည့် ဓားစာခံများထံ အကူအညီ ပေးမည်ဟု ပြောကြားခဲ့သည်။ ဟားမက်စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ အဘူအိုဘိုင်ဒါက ဩဂုတ်လ ၃ ရက်နေ့တွင် "အကူအညီ ပေးပို့ ရာတွင် အစ္စရေးက လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေး လမ်းကြောင်း များကို အမြဲတမ်းဖွင့်ပေးပြီး အဆိုပါဒေသတွင် လေကြောင်း တိုက်ခိုက် မှုများ ရပ်တန့်ရန်" လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းတို့ သည် "ထိန်းသိမ်းခံထားရသော အကျဉ်းသားများထံ အစားအစာနှင့် ဆေးဝါး များ ပို့ဆောင်ရန် နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ၏ မည်သည့် တောင်းဆိုမှု

ဟားမက်အဖွဲ့က အစ္စရေးအနေဖြင့်အချို့သော စည်းကမ်းချက်များနှင့် ကိုက်ညီပါက ဂါဇာတွင် ထိန်းသိမ်းထားသည့် ဓားစာခံများထံ အကူအညီ ပေးမည်ဟု ပြောကြားခဲ့သည်။ ဟားမက်စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ အဘူအိုဘိုင်ဒါက ဩဂုတ်လ ၃ ရက်နေ့တွင် "အကူအညီ ပေးပို့ ရာတွင် အစ္စရေးက လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေး လမ်းကြောင်း များကို အမြဲတမ်းဖွင့်ပေးပြီး အဆိုပါဒေသတွင် လေကြောင်း တိုက်ခိုက် မှုများ ရပ်တန့်ရန်" လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းတို့ သည် "ထိန်းသိမ်းခံထားရသော အကျဉ်းသားများထံ အစားအစာနှင့် ဆေးဝါး များ ပို့ဆောင်ရန် နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ၏ မည်သည့် တောင်းဆိုမှုကိုမဆို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့် ရှိကြောင်း" ဖြည့်စွက်ပြောဆိုခဲ့သည်။
ဂါဇာတွင် အကျဉ်းချခံထားရသူများ၏ မိသားစုများကို ကိုယ်စားပြုသည့် "Hostage Families Forum" မှ ထုတ်ပြန်ချက်တွင် ဟားမက်၏ ထုတ်ပြန်ချက်များသည် "အပြစ်မဲ့ ပြည်သူများကို ရက်ပေါင်း ၆၆၀ ကျော် ကြာ စဉ်းစား၍ပင်မရနိုင်သည့် ဆိုးရွားသော အခြေအနေများဖြင့် ထိန်းသိမ်း ထားသည်" ဆိုသည့် အမှန်တရားကို ဖုံးကွယ်၍မရနိုင်ကြောင်း ပြင်းပြင်း ထန်ထန် ရှုတ်ချထောက်ပြထားသည်။ ထုတ်ပြန်ချက်တွင် "အကျဉ်းသား များ လွတ်မြောက်သည်အထိ ဟားမက်အဖွဲ့သည် လိုအပ်သမျှ အားလုံး ကို ဖြည့်ဆည်းပေးရန် တာဝန်ရှိသည်။ ဟားမက်က ၎င်းတို့ကို ပြန်ပေး ဆွဲထားပြီး ၎င်းတို့၏အခြေအနေကို ဂရုစိုက်ရန်နှင့် အကျဉ်းသား တစ်ဦး ချင်းစီ၏ သေဆုံးမှုအတွက် ဟားမက်က တာဝန်ခံရမည်" ဟု ပြင်းပြင်း ထန်ထန် ပြောဆိုထားသည်။
အစ္စရေးအရာရှိများ၏ ပြောဆိုချက်အရ ဟားမက်အဖွဲ့သည် လက်ရှိ ဂါဇာတွင် အကျဉ်းသား ၅၀ ကို ထိန်းသိမ်းထားပြီး ၎င်းတို့အနက် ၂၀ ဦး သာ အသက်ရှင်နိုင်သည်ဟု ယူဆရကြောင်း သိရသည်။ ဟားမက် အဖွဲ့ သည် လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းများအား အကျဉ်းသားများနှင့် တွေ့ဆုံခွင့်မပြုထားသဖြင့် မိသားစုများအနေဖြင့် ၎င်းတို့၏ အခြေအနေကို အချက်အလက် အလွန်နည်းပါးစွာ သို့မဟုတ် လုံးဝ မသိ ရှိရပေ။
ဟားမက်အဖွဲ့သည် ဩဂုတ်လ ၂ ရက်နေ့တွင် အစ္စရေးအကျဉ်းသား Evyatar David ၏ ဒုတိယမြောက် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။ ထိုဗီဒီယို တွင် David သည် အရိုးနှင့်အရေသာကျန်ရှိပြီး အားအင် ကုန်ခမ်း လုနီး ပါးဖြစ်နေကာ ၎င်းကိုယ်တိုင် ၎င်း၏သင်္ချိုင်းဂူဟုယူဆရသည့် ကျင်း တစ်ခုကို တူးနေသည့် အခြေအနေကို တွေ့ရသည်။
ထုတ်ပြန်လိုက်သည့် ဗီဒီယိုဖိုင်သည် အနောက်နိုင်ငံများ၏ ပြင်းထန်သော ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး အစ္စရေးပြည်သူများကို ထိတ်လန့်စရာ ဖြစ်စေခဲ့သည်။ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု တို့က အလွန်အမင်း အမျက်ဒေါသထွက်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ ကြသည်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဂါဇာရှိ အကျဉ်းသား များ၏ အခြေအနေကို ဆွေးနွေးရန် အထူးအစည်းအဝေးတစ်ရပ် ကျင်းပမည် ဟု ကြေညာခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဩဂုတ်လ ၃ ရက်နေ့ တွင် ဟားမက်အဖွဲ့ ထုတ်ပြန်လိုက်သည့် ဗီဒီယိုကြောင့် ထိတ်လန့် တုန်လှုပ် မိကြောင်း ပြောကြားခဲ့ပြီး အကျဉ်းသားများထံ လူသားချင်းစာနာ ထောက်ထားရေး အကူအညီများ ပေးပို့နိုင်ရန် ကြက်ခြေနီကော်မတီထံ တောင်းဆို ထားကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ဘရာဇီး သမ္မတဟောင်း ဂျိုင်ယာ ဘိုလ်ဆိုနာရိုကို ထောက်ခံသူ ထောင်ချီသောနိုင်ငံသားများသည် သမ္မတ ထရမ့်အား ဘရာဇီး အပေါ် ဖိအားပေးမှုအတွက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ကာ ဆန္ဒပြခဲ့ ကြသည်။ ဩဂုတ်လ ၃ ရက်နေ့တွင် ဘရာဇီးလ် နိုင်ငံတော်အလံကို လွှမ်းခြုံထားသော ဘိုလ်ဆိုနာရိုကို ထောက်ခံသူများသည် ဘရာဆီလီယာ၊ ဆော်ပေါလိုနှင့် ရီယိုဒီဂျနေးရိုးကဲ့သို့သော မြို့ကြီးများတွင် စုဝေးခဲ့ကြသည်။ ၎င်းတို့ထဲမှ အများအပြားသည် အမေရိကန်အလံများနှင့် "မစ္စတာ ထရမ့် ကျေးဇူးတင်ပါသည်" ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထား ကြသည်။

ဘရာဆီလီယာရှိ ဆန္ဒပြသူတစ်ဦးဖြစ်သူ Valdeciria Galvao က "တရားသူကြီးများ၏ ဘက်လိုက်သည့် ဆုံးဖြတ်မှုများကို ဆန့်ကျင်ရန် ချီတက်ဆန္ဒပြမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်" ဟု ပြောကြားခဲ့သည်။ လက်ယာယိမ်းနိုင်ငံရေးသမား ဘိုလ်ဆိုနာရို (၇၀ နှစ်) သည် ၂၀၁၉ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ ဘရာဇီး သမ္မတဖြစ်ခဲ့ပြီး၊ သမ္မတထရမ့်၏ ပထမ သက်တမ်းကာလအတွင်း မဟာမိတ်တစ်ဦးဖြစ်ကာ အမေရိကန် ခေါင်းဆောင်နှင့် တူညီသည့် အချက်များစွာရှိသည်။ ၂၀၂၂ ရွေးကောက်ပွဲတွင် လက်ဝဲယိမ်း ပြိုင်ဘက် Luiz Inácio Lula da Silva ထံ အရေးနိမ့်ခဲ့သော်လည်း၊ မဲရေတွက်စက်တစ်ချို့ အမှားအယွင်းရှိသည်ဟု ဆိုကာ ရလဒ်ကို လက်မခံခဲ့ပေ။
ဘိုလ်ဆိုနာရိုအား မြို့တော် ဘရာဆီလီယာတွင် အာဏာသိမ်းရန် ကြံစည် သည်ဟူသောစွဲချက်ဖြင့် တရားစွဲဆိုထားပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ် ခံရနိုင်ကာ လာမည့်သီတင်းပတ်အနည်းငယ်အတွင်း အမှုပြီးဆုံးမည်ဟု မျှော်မှန်းထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါ တရား စွဲဆိုမှုကို "အချည်းနှီးသော စွပ်စွဲပြစ်တင်မှု " (witch hunt) ဟု သတ်မှတ်ကာ ဘရာဇီး မှ တင်သွင်းသည့် ကုန်ပစ္စည်းအချို့အတွက် ကုန်သွယ်ခွန် ၅၀% ကို စတင်အမိန့်ချမှတ်ခဲ့သည်။ အမေရိကန် ဘဏ္ဍာရေး ဌာနကလည်း ဘိုလ်ဆိုနာရို၏ အမှုကို ကိုင်တွယ်စစ်ဆေးနေသည့် ဘရာဇီး တရားလွှတ်တော်ချုပ် တရားသူကြီး Alexandre de Moraes အား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
ဆန္ဒပြသူ Maristela dos Santos က ထရမ့်၏ စီးပွားရေး ဒဏ်ခတ်မှု များကို ဘိုလ်ဆိုနာရိုအား ကာကွယ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု နားလည်လက်ခံပြီး အမေရိကန်၏ ကုန်သွယ်ခွန်များကြောင့် ဘရာဇီး စီးပွားရေးအပေါ် သက်ရောက်မှုကို အလွန်အမင်း စိုးရိမ်မှုရှိမနေကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင် Paulo Roberto ကလည်း အမေရိကန်၏ ဒဏ်ခတ်မှုများသည် ဘရာဇီး၏ လက်ရှိအစိုးရအား ဦးတည်သည့် လိုအပ်သော အရေးယူမှုများဖြစ်သည်ဟု ဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး Danny Danon က ဟားမက် အဖွဲ့မှ ဓာတ်ပုံနှင့်ဗီဒီယိုများထုတ်ပြန်ပြီးနောက် လုံခြုံရေးကောင်စီက ဂါဇာမှ အရေးပေါ်အခြေအနေနှင့်စပ်လျဉ်း၍ အရေးပေါ်အစည်းအဝေး ကျင်းပမည်ဟု ပြောကြားလိုက်သည်။ "ကုလသမဂ္ဂလုံခြုံရေး ကောင်စီ သည် ဩဂုတ်လ ၅ ရက်နေ့တွင် ဂါဇာကမ်းမြောင်ဒေသရှိ အခြေအနေ များနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ပြုလုပ်မည်ဖြစ်ကြောင်း" အစ္စရေးသံအမတ်ကြီးက ဩဂုတ် ၃ ရက်တွင် ထုတ်ပြန် ခဲ့သည်။

ဟားမက်အဖွဲ့မှ ဂါဇာတွင် အကျဉ်းချထားသည့် ဂျာမန်နိုင်ငံသား ၂၁ နှစ် အရွယ် Rom Braslavski နှင့် အစ္စရေးနိုင်ငံသား ၂၄ နှစ်အရွယ် Evyatar David တို့၏ အာဟာရချို့တဲ့ပြီး ပိန်လှီနေသည့် ဗီဒီယိုများကို ထုတ်ပြန် ပြီးနောက် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ သံအမတ်ကြီး Danon က ထိုဓာတ်ပုံများသည် ဟားမက်၏ ရက်စက်မှုကို သက်သေပြ နေခြင်းဖြစ်သည်ဟု ဆိုသည်။ "ကမ္ဘာကြီးက အစ္စရေးအပေါ် ဖိအားများ တိုးနေချိန်မှာပင် ဟားမက်အဖွဲ့က အစ္စရေးအကျဉ်းသားများကို အစားအစာ မကျွေးဘဲ ဆာလောင်မွတ်သိပ်စေကာ နှိပ်စက်နေပါသည်။ လုံခြုံရေး ကောင်စီအနေဖြင့် ဟားမက်၏ နေ့စဉ်၊ အချိန်နှင့်အမျှ ကျူးလွန်နေသည့် ရက်စက်မှုများကို အပြင်းအထန် ရှုတ်ချဖို့ အချိန်တန်ပါပြီ" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အကျဉ်းသား ၂ ဦး၏ လတ်တလော ဓာတ်ပုံများသည် အစ္စရေးပြည်သူ များ၏ အမြင်ကို လှုပ်ခတ်သွားစေပြီး တယ်လ်အဗစ်မြို့တွင် အစိုးရအား ပစ်ခတ်မှုရပ်စဲရန် လိုလားသည့် ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားစေ ခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဩဂုတ် ၃ ရက် တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အား အကျဉ်းသား များထံ အစားအစာရောက်ရှိရေး ကူညီပေးရန် တောင်းဆိုခဲ့သည်။
ဟားမက်၏ လက်နက်ကိုင်တပ် Al-Qassam Brigades မှ ပြန်လည် တုံ့ပြန်သည်မှာ "ဂါဇာကမ်းမြောင်ဒေသ တစ်ခုလုံးတွင် လူသားချင်း စာနာထောက်ထားမှု စားနပ်ရိက္ခာနှင့် အကူအညီလမ်းကြောင်းများ ဖွင့်လှစ် ပေးသည့်အခါမှသာ" အဖွဲ့အား အကျဉ်းသားများနှင့် တွေ့ဆုံခွင့်ပြုမည် ဟု ဆိုသည်။ ထိုတပ်ဖွဲ့က "အကျဉ်းသားများကို ရည်ရွယ်ချက်ရှိရှိ ဆာလောင်မွတ်သိပ်စေခြင်း မရှိကြောင်း" ပြောကြားသော်လည်း ဂါဇာ တွင် ဖြစ်ပွားနေသည့် "အငတ်ဘေးနှင့် ဝန်းရံပိတ်ဆို့မှု၊ ရာဇဝတ်မှု" နှင့် ပတ်သက်၍ အကျဉ်းသားများအား မည်သည့်အထူးအခွင့်အရေးမျှ ပေးမည် မဟုတ်ဟု ပြင်းပြင်းထန်ထန် ပြောဆိုခဲ့သည်။
ဂါဇာကမ်းမြောင် ပဋိပက္ခသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဟားမက်က အစ္စရေးတောင်ပိုင်းကို တိုက်ခိုက်မှုပြုလုပ်ပြီးနောက် စတင် ခဲ့ခြင်းဖြစ်ကာ လူ ၁,၂၀၀ ကျော်သေဆုံးပြီး အကျဉ်းသား ၂၅၁ ဦး ဖမ်းဆီး ခံခဲ့ရသည်။ ယခုအချိန်တွင် လူ ၄၉ ဦး ဂါဇာတွင် အကျဉ်းချထားဆဲဖြစ်ပြီး ၂၇ ဦးမှာ သေဆုံးပြီဟု ယူဆရသည်။ အစ္စရေးစစ်တပ်က ဂါဇာကို လက်စားချေတိုက်ခိုက်မှုများကြောင့် ပြည်သူ ၆၀,၀၀၀ ကျော် သေဆုံးခဲ့ ရပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း ဒေသခံကျန်းမာရေး အာဏာပိုင် များက ဆိုသည်။
ကုလသမဂ္ဂကျွမ်းကျင်သူများက မကြာသေးမီက ဂါဇာတွင် အငတ်ဘေး ဆိုက်ကပ် နေကြောင်း သတိပေးခဲ့သည်။ အစ္စရေးက ဂါဇာသို့ အကူအညီ ပို့ဆောင်မှုကို တင်းကျပ်စွာ ကန့်သတ်ထားပြီး ကုလသမဂ္ဂအေဂျင်စီများ၊ လူသားချင်းစာနာထောက်ထားရေးအဖွဲ့များနှင့် ဆန်းစစ်သူများက အစ္စရေး ခွင့်ပြုသော ကုန်ပစ္စည်းအများစုမှာ လုယက်ခံရခြင်းများရှိနေပြီး ပြည်သူ များထံ မရောက်ရှိဟု ဆိုသည်။ နိုင်ငံများစွာက အစ္စရေးနှင့် ဟားမက် တို့အား လူသားချင်းစာနာထောက်ထားရေး အကူအညီများ ဂါဇာသို့ ဝင်ရောက် နိုင်ရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသစ်ရရှိရန် တိုက်တွန်း နေကြသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါ ဆီလဗာက အမေရိကန် ပြည်ထောင်စုသည် ဘရာဇီးနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်စဉ်တွင် ပါဝင် ကူညီခဲ့သည်ဟု စွပ်စွဲပြီး ၎င်း၏နိုင်ငံအား စီးပွားရေးအရ အရေးယူမှုများ ချမှတ်ရန် နိုင်ငံရေးဖိအားသုံးခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။
ဩဂုတ် ၃ ရက်နေ့က ဘရာဆီလီယာမြို့တွင် ကျင်းပသော အလုပ်သမား ပါတီအခမ်းအနားတစ်ခု၌ ပြောကြားရာတွင် လူလာက ဘရာဇီးနိုင်ငံသည် မညီမျှသော ဆက်ဆံမှုများကို လက်မခံဘဲ ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်း တွင် ၎င်း၏အကျိုးစီးပွားကို ကာကွယ်ရန် အဆင်သင့်ရှိကြောင်း သတိပေး ခဲ့သည်။

"နိုင်ငံရေးကိစ္စတစ်ခုကို အကြောင်းပြကာ မိမိတို့ကို စီးပွားရေးအရ အရေးယူမှုများ ချမှတ်ရန် ကြိုးစားခြင်းသည် လက်မခံနိုင်စရာဖြစ်သည်" ဟု လူလာက ပြောကြားခဲ့ပြီး လွန်ခဲ့သည့် သီတင်းပတ်က အမေရိကန်၏ ဘရာဇီးနိုင်ငံမှ တင်ပို့ကုန်များအား ၅၀% အကောက်ခွန် တိုးမြှင့်မည်ဟု ခြိမ်းခြောက်မှုကို ရည်ညွှန်းခဲ့သည်။
"၎င်းတို့က အာဏာသိမ်းမှုကို ကူညီခဲ့သည်ကို မိမိအနေဖြင့် မေ့ပျောက် မည်မဟုတ်ပါ" ဟု လူလာက ဖြည့်စွက်ပြောကြားခဲ့သည်။ ၎င်းသည် ၁၉၆၄ ခုနှစ်က "Operation Brother Sam"၊ ၂၀၁၆ ခုနှစ်က သမ္မတ ဟောင်း ဒီလ်မာ ရူးဆက်ဖ်၏ ရာထူးမှ ပယ်ဖျက်ခံရမှု၊ သို့မဟုတ် သမ္မတ ဟောင်း ဂျိုင်ယာ ဘိုလ်ဆိုနာရို၏ ၂၀၂၂ ရွေးကောက်ပွဲရလဒ်များကို ဖယ်ရှားရန် မကြာသေးမီက ကြိုးပမ်းမှုတို့ကို ရည်ညွှန်းခြင်းရှိ၊ မရှိ ရှင်းလင်းစွာ ဖော်ပြခဲ့ခြင်း မရှိပေ။
သမ္မတ ဒေါ်နယ်ထရမ့်က အကောက်ခွန် ခြိမ်းခြောက်မှုကို ဘိုလ်ဆိုနာရို အပေါ် "အချည်းနှီးသော စွပ်စွဲပြစ်တင်မှု" (witch hunt) နှင့် ဆက်စပ် ခဲ့ပြီး ဘိုလ်ဆိုနာရိုသည် အာဏာသိမ်းရန်ကြိုးပမ်းမှုဖြင့် စွဲချက်တင်ခံ နေရသူဖြစ်သည်။ ဝါရှင်တန်သည် ထိုအမှုကို ကိုင်တွယ်နေသည့် ဘရာဇီး တရားလွှတ်တော်ချုပ် တရားသူကြီး အလက်ဇန်းဒါး ဒီ မိုရေး ကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
လူလာက ဘရာဇီးနိုင်ငံသည် ယခုအခါ အမေရိကန်အပေါ် စီးပွားရေးအရ မှီခိုနေရခြင်း မရှိတော့ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး ဆက်ဆံ ရေး ကျယ်ပြန့်လာခြင်းနှင့် ပြည်တွင်း စီးပွားရေး အခြေခံအုတ်မြစ်များ ခိုင်မာလာခြင်းတို့ကို ကိုးကားပြောဆိုခဲ့သည်။ ထို့အပြင် အမေရိကန် ဒေါ်လာအစား အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတွင် အခြား ရွေးချယ် စရာတစ်ခု ရှာဖွေရန် ၎င်း၏ ကြိုးပမ်းအားထုတ်မှုကိုလည်း ထပ်လောင်း အတည်ပြုခဲ့သည်။
အမေရိကန်က ဘရာဇီးသွင်းကုန်များအပေါ် အကောက်ခွန် ၅၀% စည်းကြပ်ရန်သတ်မှတ်ခဲ့ပြီး လတ်တလော သတ်မှတ်မှုများ၌ အမြင့်ဆုံး ဖြစ်ကာ နိုင်ငံရေးအရ အလွဲသုံးစားပြုမှုဖြစ်သည်ဟု လူလာက တုံ့ပြန် ပြောဆိုခဲ့သည်။
ကိုးကား- RT

ဥရောပသမဂ္ဂသည် နိုင်ငံရေးအရ အချုပ်အခြာအာဏာကို ဆက်လက် ကျင့်သုံး၍မရတော့ဘဲ စီးပွားရေးအချုပ်အခြာအာဏာကိုလည်း ဆုံးရှုံး ရမည် ဖြစ်ပြီး ဆိုးရွားသောငွေကြေးဆုံးရှုံးမှုများကို ရင်ဆိုင်ရလိမ့်မည်ဟု ပူတင်က ပြောကြားခဲ့သည်။ "နိုင်ငံရေးအချုပ်အခြာအာဏာသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ဥရောပသမဂ္ဂတွင် ယခုအခါ ထိုအတိုင်းအတာရှိသော အချုပ်အခြာ အာဏာ မရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်" ဟု ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဩဂုတ်လ ၁ ရက်နေ့တွင် ရုရှားနိုင်ငံ Karelia သမ္မတနိုင်ငံရှိ Valaam ကျွန်း၌ ဘယ်လာရုဇ်သမ္မတ Alexander Lukashenko နှင့် တွေ့ဆုံပြီ
ဥရောပသမဂ္ဂသည် နိုင်ငံရေးအရ အချုပ်အခြာအာဏာကို ဆက်လက် ကျင့်သုံး၍မရတော့ဘဲ စီးပွားရေးအချုပ်အခြာအာဏာကိုလည်း ဆုံးရှုံး ရမည် ဖြစ်ပြီး ဆိုးရွားသောငွေကြေးဆုံးရှုံးမှုများကို ရင်ဆိုင်ရလိမ့်မည်ဟု ပူတင်က ပြောကြားခဲ့သည်။ "နိုင်ငံရေးအချုပ်အခြာအာဏာသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ဥရောပသမဂ္ဂတွင် ယခုအခါ ထိုအတိုင်းအတာရှိသော အချုပ်အခြာ အာဏာ မရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်" ဟု ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဩဂုတ်လ ၁ ရက်နေ့တွင် ရုရှားနိုင်ငံ Karelia သမ္မတနိုင်ငံရှိ Valaam ကျွန်း၌ ဘယ်လာရုဇ်သမ္မတ Alexander Lukashenko နှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။
ပူတင်၏ အဆိုအရ ဥရောပသမဂ္ဂ (EU) တွင် နိုင်ငံရေးအရ အချုပ်အခြာ အာဏာ မရှိတော့ဘဲ စီးပွားရေးအချုပ်အခြာအာဏာကိုလည်း ဆုံးရှုံးရမည် ဖြစ်သည်။ "EU ၏ အချုပ်အခြာအာဏာဆိုသည်မှာ လုံးဝမရှိတော့ပါ။ လက်ရှိအကျပ်အတည်းနှင့်အတူ စီးပွားရေးဆုံးရှုံးမှုများသည် ဆက်လက် ဖြစ်ပေါ်နေမည်" ဟု ၎င်းက ပြောကြားခဲ့သည်။
အနောက်နိုင်ငံမီဒီယာများတွင် နိုင်ငံရေးသုံးသပ်သူများစွာက EU သည် "စီးပွားရေးအင်အားကြီးအဖွဲ့အစည်း မဟုတ်တော့ဘဲ နိုင်ငံရေးအရလည်း အရေးမပါသူတစ်ဦးကဲ့သို့ ဖြစ်နေပြီ" ဟု ထောက်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။ ရုရှားသမ္မတသည် ထိုပြောဆိုချက်များနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းချက် မပေးခဲ့ပေ။
ပူတင်၏ထုတ်ပြန်ချက်သည် ဇူလိုင် ၂၇ ရက်တွင် EU နှင့် အမေရိကန် ပြည်ထောင်စုတို့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် ကြေညာပြီး နောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုသဘောတူညီချက်တွင် အမေရိကန် က ဥရောပထုတ်ကုန်အများစုအတွက် သွင်းကုန်ခွန်နှုန်းကို ၁၅% အထိ လျှော့ချရန် သဘောတူညီခဲ့သည်။ ယခုလက်ရှိအခွန်နှုန်း (၁၀%) ထက် ၅% တိုးလာခြင်းဖြစ်ပြီး ထရမ့်အာဏာရလာချိန်မတိုင်မီက ပျမ်းမျှ ၁.၂% ထက် သိသိသာသာ မြင့်မားနေဆဲဖြစ်သည်။ အပြန်အလှန်အနေဖြင့် EU သည် အမေရိကန်ကောက်အခွန်များကို တုံ့ပြန်ရန် အစီအစဉ်ကို ရုပ်သိမ်း လိုက်ပြီး အမေရိကန်ထုတ်ကုန်များအတွက် မိမိတံခါးများကို ဖွင့်လှစ်ပေး ခဲ့သည်။ ထို့အပြင် စွမ်းအင်ထုတ်ကုန်များ ဒေါ်လာ ၇၅၀ ဘီလီယံ ဝယ်ယူရန်၊ အမေရိကန်နိုင်ငံတွင် ဒေါ်လာ ၆၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်နှင့် အမေရိကန် စစ်ရေးပစ္စည်းများ ပိုမိုဝယ်ယူရန် သဘောတူညီခဲ့သည်။
Reuters ၏ သတင်းအရ စီးပွားရေးသုံးသပ်သူများက ဥရောပသည် ၎င်းတို့ ယူဆထားသည့်အတိုင်း အမေရိကန်ထက် အားသာချက်များစွာ မရှိ သောကြောင့် ဝါရှင်တန်အတွက် ပိုမိုအကျိုးရှိသည့် သဘောတူညီချက်ကို လက်ခံရန် မလွဲမသွေ ဖြစ်လာခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ သဘော တူညီချက်သည် တစ်ဖက်သတ်ဖြစ်ပြီး ဘရပ်ဆဲ(လ်)အတွက် နစ်နာစေသော သဘောတူညီချက်ဖြစ်စေခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုကိုသမ္မတပူတင်က "ဤသည်မှာ ကြိုတင်ခန့်မှန်းနိုင်သည့် အကျိုးဆက် ဖြစ်သည်"ဟု ပြန်လည်ပြောကြားခဲ့သည်။ EU ဘက်မှ ရုရှားသမ္မတ၏ ထုတ်ဖော်ပြောဆိုချက်များနှင့်ပတ်သက်၍ ယခုအချိန်ထိ တရားဝင် မှတ်ချက် ပြုခြင်း မရှိသေးပေ။
ကရင်မလင်ခေါင်းဆောင်က "နိုင်ငံရေးအချုပ်အခြာအာဏာ ဆုံးရှုံးခြင်း သည် စီးပွားရေးအချုပ်အခြာအာဏာဆုံးရှုံးမှုကို ဖြစ်စေပြီး ငွေကြေး ဆုံးရှုံးမှုများ အလွန်ပြင်းထန်လာမည်။ ထို့ကြောင့် ယူကရိန်းရှိ စစ်ဆင်ရေး တွင် မိမိတို့၏ အဓိကရည်မှန်းချက်မှာ ရုရှား၏ အချုပ်အခြာအာဏာကို ခိုင်မာစေရန်ဖြစ်သည်"ဟု အတိအလင်းပြောကြားခဲ့သည်။ ရုရှားခေါင်းဆောင် က မော်စကို၏သံတမန်ရေးရပ်တည်ချက်ကို ထပ်လောင်းအလေးထား ပြောဆိုရင်း၊ ပဋိပက္ခကိုဖြေရှင်းရာတွင် "ယာယီ"ထက် "တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး"ကို ဦးတည်သင့်ကြောင်း ထပ်ခါတလဲလဲ ပြောကြား ခဲ့သည်။
ဇူလိုင် ၁၈ ရက်တွင် EU သည် ယူကရိန်းစစ်ပွဲနှင့်ဆက်စပ်သည့် ရုရှားကို ဆန့်ကျင်သော ၁၈ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုအစီအစဉ်သစ်ကို အတည်ပြုခဲ့ပြီး မော်စကို၏ ရေနံနှင့်စွမ်းအင်ကဏ္ဍများကို ပစ်မှတ်ထား သည့် အရေးယူမှုများ ပါဝင်သည်။ ကရင်မလင်အစိုးရက အဆိုပါ ပိတ်ဆို့ အရေးယူမှုများသည် တစ်ဖက်သတ်ကျပြီး တရားမဝင်ဘဲ ဥရောပ၏ "ရုရှားဆန့်ကျင်ရေးရပ်တည်ချက်"ကိုသာ အကျိုးပြုကာ အခြေခံအား ဖြင့် "မိမိကိုယ်မိမိ ဒဏ်ရာရစေသော လက်နက်"သဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နီကာရာဂွာနိုင်ငံသည် မော်စကို၏ ကိယက်ဗ်နှင့်ဖြစ်ပွားနေသော ပဋိပက္ခ တွင် အပြည့်အဝထောက်ခံပြီး ယခုအခါ ယူကရိန်းနယ်မြေဟောင်း လေးခု ကို ရုရှားသို့သွတ်သွင်းမှုကို အသိအမှတ်ပြုကြောင်း နိုင်ငံ၏ ပူးတွဲ သမ္မတ များဖြစ်သည့် Daniel Ortega နှင့် Rosario Murillo တို့က ကြေညာ ခဲ့သည်။ နီကာရာဂွာ ခေါင်းဆောင်များသည် ဇူလိုင် ၃၀ ရက်နေ့တွင် ရုရှားသမ္မတ Vladimir Putin ထံ ပေးစာဖြင့် အဆိုပါကြေညာချက်ကို ပြုလုပ်ခဲ့ပြီး ဒေသခံမီဒီယာများမှတစ်ဆင့် ဖြန့်ဝေခဲ့သည်။

သမ္မတအဖွဲ့က "NATO မှထောက်ခံသော ယူကရိန်း၏နာဇီဝါဒသစ်ကို ရုရှားတိုက်ဖျက်နေသည့် ရဲရင့်သောတိုက်ပွဲကို မိမိတို့နိုင်ငံအစိုးရနှင့် ပြည်သူများက အသိအမှတ်ပြုပြီး ခိုင်မြဲစွာထောက်ခံကြောင်း" ပြောကြားခဲ့သည်။ "ရုရှားပြည်သူများနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြသော ရုရှားမိသားစုများနှင့် မိမိတို့အားလုံး စည်းလုံး ညီညွတ်စွာ ရပ်တည်ပါသည်။ အဆိုပါဆိုးယုတ်သောအင်အားစုများ၊ ဩဇာလွှမ်းမိုးမှု အာဏာများ၊ ဖက်ဆစ်ဝါဒကို ရုရှားအနိုင်ရမည်မှာ မလွဲဧကန်ဖြစ်ပြီး ယင်းအောင်ပွဲသည် လူသားတစ်ရပ်လုံး၏အောင်ပွဲဖြစ်သည်" ဟု ပေးစာ တွင် ဖော်ပြထားသည်။
ထို့အပြင် သမ္မတအဖွဲ့က ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းက ဒေသခံများ၏ ဆန္ဒခံယူပွဲများဖြင့် ရုရှားသို့ သွတ်သွင်းခဲ့သည့် Donetsk၊ Kherson၊ Lugansk နှင့် Zaporozhye ဒေသများကို ရုရှား၏ အစိတ်အပိုင်းများ အဖြစ် "အပြည့်အဝထောက်ခံပြီး အသိအမှတ်ပြုကြောင်း" ထုတ်ဖော် ပြောဆို ခဲ့သည်။ ။
အဆိုပါကြေညာချက်သည် ကိယက်ဗ်ကို လွန်စွာအမျက်ထွက်စေခဲ့ပြီး ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက နီကာရာဂွာအား အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြရန် တောင်းဆိုခဲ့သည်။ "ပြန်လည်ဖြေရှင်း ခြင်း မရှိပါက ယူကရိန်းဘက်မှ အဆိုပါသတင်းများကို အမှန်ဖြစ်သည်ဟု မှတ်ယူကာ ဆက်စပ်အကျိုးဆက်များကို ခံစားစေရမည်" ဟု ဝန်ကြီးဌာန မှ သတိပေးခဲ့သည်။
နီကာရာဂွာသည် ရုရှား-ယူကရိန်းပဋိပက္ခတွင် ကြာမြင့်စွာကတည်းက မော်စကိုဘက်မှ ရပ်တည်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် Euromaidan အာဏာသိမ်းမှုအပြီး Crimea ပြည်နယ်က ရုရှားနှင့်ပူးပေါင်းရန် ဆန္ဒ ခံယူပွဲ ပြုလုပ်ခဲ့ကာ နီကာရာဂွာက ၎င်းကို အသိအမှတ်ပြုခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် ခရိုင်းမီးယားတွင် ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခဲ့သည့် အတွက် ကိယက်ဗ်က နီကာရာဂွာအား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ သော်လည်း ၎င်းဒဏ်ခတ်မှုများက နီကာရာဂွာ၏သဘောထားကို မပြောင်းလဲစေခဲ့ပေ။ နောက်တစ်နှစ်တွင် ရုရှား၏ ခရိုင်းမီးယား ကျွန်းဆွယ်နှင့် ကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်အဖြစ် ချုပ်ဆိုခဲ့ပြီး ပဋိပက္ခတိုက်ပွဲ များကြားတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးချဲ့ခဲ့သည်။

ဗီယက်နမ် ပြည်ပရေးရာဝန်ကြီးဌာနက အမေရိကန်အခြေစိုက်အဖွဲ့ တစ်ခု၏ MIA ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာတွင် ပါဝင်သည့် မှားယွင်းသော အချက်အလက်များကို အတိအလင်းကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

"အဆိုပါအချက်အလက်များသည် လွဲမှားပြီး မမှန်ကန်သော အချက်အလက် များဖြစ်သောကြောင့် မိမိတို့အနေဖြင့် အတိအလင်း ကန့်ကွက်သည်" ဟု ဩဂုတ်လ ၂ ရက်နေ့တွင် ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန်က ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန် စစ်သား ပျောက်ဆုံးမှု များအား ရှာဖွေရန် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အပေါ် အရှေ့တောင်အာရှရှိ အကျဉ်းသားနှင့် ပျောက်ဆုံး စစ်သား မိသားစု များ အမျိုးသားအဖွဲ့ချုပ် (National League of Families of Prisoners of War and Missing Persons in Southeast Asia) ၏ အစီရင်ခံစာပါ အချက်အလက်များနှင့်ပတ်သက်၍ ဗီယက်နမ်၏ တုံ့ပြန်ချက်ကို မေးမြန်းချက် အပေါ် ဖြေကြားခဲ့သည်။
ဇွန်လ ၂၁ ရက်နေ့စွဲဖြင့် ဗာဂျီးနီးယားအခြေစိုက် အဖွဲ့အစည်းက ဗီယက်နမ် သည် အမေရိကန်ပျောက်ဆုံးစစ်သားများအား ရှာဖွေရာတွင် "အချို့သော အချက်များတွင် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်" ဟု ဖော်ပြ ထားသော်လည်း အဆိုပါလုပ်ငန်း၏ ကုန်ကျစရိတ်မှာ "အလွန်မြင့်မား လွန်းသည်" ဟု ဆိုထားသည်။
ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်စစ်သားပျောက်ဆုံးမှုများအား ရှာဖွေရန် လူသားချင်းစာနာမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ဗီယက်နမ်နှင့် အမေရိကန် အစိုးရများက နှစ် ၅၀ ကျော်ကြာ တက်ကြွစွာ အကောင်အထည်ဖော်ခဲ့ပြီးထောင်နှင့်ချီသော အမေရိကန်စစ်သား အလောင်းအား ရှာဖွေကာ မိသားစုများထံ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
"ဤသည်မှာ အလွန်အဓိပ္ပာယ်ရှိသော ရလဒ်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံကြား စစ်၏နောက်ဆက်တွဲဆိုးကျိုးများ ဖြေရှင်းရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေကာ ဗီယက်နမ်-အမေရိကန် ယုံကြည်မှုနှင့် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရာတွင် လူသားချင်း စာနာမှုဆိုင်ရာ စံနမူနာတစ်ခုလည်း ဖြစ်ပါသည်။ ဗီယက်နမ်၏ MIA ပူးပေါင်းဆောင်ရွက်မှု၏ ထိရောက်မှုကို အမေရိကန်ဘက်မှ အမြဲတမ်း အသိအမှတ်ပြုခဲ့ပြီး အပြည်ပြည်ဆိုင်ရာဆက်ဆံရေးတွင် စံနမူနာတစ်ခု အဖြစ် အသိအမှတ်ပြုထားသည်" ဟု ပြောရေးဆိုခွင့်ရှိသူက အလေးအနက် ထည့်သွင်းပြောကြားခဲ့သည်။
အနာဂတ်တွင် နှစ်နိုင်ငံသည် ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗီယက်နမ်-အမေရိကန် ဆက်ဆံရေးကို အပြည့်အဝ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးအဆင့်သို့ အဆင့်မြှင့်တင်ရန် ပူးတွဲကြေညာချက်၏ သဘောထားနှင့်အညီ ထို နယ်ပယ်တွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စစ် ဟန်က အတည်ပြုပြောကြားခဲ့သည်။
ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်စစ်သား ပျောက်ဆုံးမှုများအား ရှာဖွေရန် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ကို ၁၉၇၃ ခုနှစ်တွင် ပါရီငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုး ပြီးနောက် နှစ်နိုင်ငံက စတင်အကောင်အထည်ဖော်ခဲ့သည်။ ဗီယက်နမ် ပျောက်ဆုံးသူများရှာဖွေရေးရုံး (VNOSMP) မှ နောက်ဆုံးအကြိမ်အမေရိကန် စစ်သားအလောင်းများကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်မှာ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဒါနန်မြို့၌ ကျင်းပသော နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၃၀ နှစ်ပြည့် အခမ်းအနားတွင် ဖြစ်သည်။
အမေရိကန်ကာကွယ်ရေးဌာန၊ စစ်သုံ့ပန်း/စစ်ပွဲအတွင်း ပျောက်ဆုံးသူ များ ရှာဖွေရေးအေဂျင်စီ (DPAA) ၏ ဒါရိုက်တာ ကယ်လီ မက်ကီဂူး သည် ဇူလိုင် ၈-၁၂ ရက်များတွင် ဗီယက်နမ်သို့ လာရောက်ခဲ့ပြီး DPAA အနေဖြင့် အမေရိကန်လွှတ်တော်၊ အစိုးရနှင့် အရာရှိများအား ဗီယက်နမ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗီယက်နမ် ရှိ စစ်နောက်ဆက်တွဲဆိုးကျိုးများ ဖြေရှင်းရေး အစီအစဉ်များ ထိန်းသိမ်းခြင်း၊ ချဲ့ထွင်ခြင်းတို့ကို ဆက်လက် ထောက်ခံနိုင်ရန် ၎င်း၏လှုံ့ဆော်မှုကို ဆက်လက်လုပ်ဆောင်သွားမည် ဟု အတည်ပြုပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ "နယူးဒေလီသည် ရုရှားရေနံဝယ်ယူမှုကို ရပ်တန့်လိုက်ပြီ" ဆိုသော ထုတ်ဖော် ပြောဆိုချက်ကို ပယ်ချခဲ့သည်။ အိန္ဒိရေနံကုမ္ပဏီများက ရုရှား ရေနံတင်သွင်းမှုကို ယာယီရပ်ဆိုင်းထားကြောင်း သီးသန့်အချက်အလက် မရှိကြောင်း၊ နိုင်ငံ၏စွမ်းအင်ဝယ်ယူမှုများကို ဈေးကွက်အခြေအနေနှင့်အမျိုးသားအကျိုးစီးပွားအရဆောင်ရွက်ကြောင်း ဝန်ကြီးဌာနက ပြောကြား ခဲ့သည်။

"အစိုးရအနေဖြင့် အိန္ဒိယနိုင်ငံသားများ၏ သာယာဝပြောရေးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ပါသည်။ မိမိတို့၏စွမ်းအင်ဝယ်ယူမှုများကို ဈေးနှုန်း၊ ရရှိနိုင်မှုနှင့် ဈေးကွက်အခြေအနေများအပေါ် အခြေခံ ဆုံးဖြတ်မည်" ဟု ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုပြောကြားချက်များသည် ထရမ့်က "အိန္ဒိယသည် ရုရှားရေနံဝယ်ယူမှု ကို ရပ်တန့်လိုက်ပြီ" ဟု ပြောဆိုပြီးနာရီပိုင်းအကြာတွင် ထွက်ပေါ် လာခြင်း ဖြစ်သည်။ "အိန္ဒိယသည် ရုရှားရေနံကို ဆက်လက် မဝယ်ယူ တော့ဟု ကြားသိရကြောင်း ၊ အဆိုပါသတင်း မှန်၊ မမှန်ကိုမူ မသိရှိကြောင်း နှင့် ထိုကဲ့သို့ဖြစ်လာပါက ကောင်းမွန်သည့် လုပ်ဆောင်မှု ဖြစ်လာမည်” ဟု ဝါရှင်တန်ဒီစီရှိ သတင်းထောက်များအား ထရမ့်က ပြောကြားခဲ့သည်။
ဝါရှင်တန်သည် အိန္ဒိယမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် ဇူလိုင် ၃၁ ရက်နေ့က သတ်မှတ်ခဲ့ပြီး ရုရှားမှ ရေနံစိမ်းနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူမှုအတွက် ထပ်ဆောင်း ဒဏ်ငွေကိုလည်း ချမှတ်ခဲ့သည်။ ဒေါ်နယ်ထရမ့်နှင့် အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး မာကိုရူဘီယိုတို့က အိန္ဒိယသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ်မှုများကြားတွင် လျှော့ဈေးဖြင့် ရုရှားရေနံများ ဆက်လက် ဝယ်ယူနေမှုကို ဝေဖန်ကာ နယူးဒေလီသည် ရုရှား၏စစ်ရေး အားထုတ်မှု ကို အထောက်အကူပြုနေသည်ဟု စွပ်စွဲခဲ့သည်။ ရူဘီယိုက ရုရှားနှင့် အိန္ဒိယ ကြား စွမ်းအင်ကုန်သွယ်မှုသည် ဝါရှင်တန်-နယူးဒေလီ ဆက်ဆံရေးတွင် အငြင်းပွားဖွယ်ရာအချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရက ၎င်း၏စွမ်းအင်ရောင်းဝယ်ရေးမူဝါဒသည် နိုင်ငံ အကျိုး စီးပွားနှင့် လူဦးရေ ၁.၄ ဘီလီယံ၏ စီးပွားရေး တိုးတက်မှု လိုအပ်ချက် များအပေါ် အခြေခံကြောင်း အခိုင်အမာပြောဆိုလျက်ရှိသည်။ နယူးဒေလီ အရာရှိများက အနောက်နိုင်ငံများ၏ ကြီးမားသောဖိအားများကြားတွင် ရုရှား ရေနံဝယ်ယူမှုမြှင့်တင်ခြင်းဖြင့် ကမ္ဘာ့ဈေးကွက်အား ရေနံဈေးနှုန်း မြင့်တက်မှုမှ ကာကွယ်ပေးခဲ့ကြောင်း မကြာခဏ ထုတ်ဖော် ပြောဆို ခဲ့သည်။

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက အနောက်နိုင်ငံများအား မော်စကိုတွင် အစိုးရအပြောင်းအလဲပြုလုပ်ရန်အတွက် ဖိအားပေးရန် တောင်းဆိုခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ရုရှား၏ကျူးကျော်မှုမှ ကာကွယ်နိုင်မည်ဟု ဆိုသည်။

ဇီလန်စကီးက Helsinki Final Act ၏ ၅၀နှစ်ပြည့် အခမ်းအနားတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ Helsinki သဘောတူညီချက်သည် အားလုံးအတွက် တန်းတူညီမျှပြီး ခွဲခြား၍မရသော လုံခြုံရေးကို အလေး ထားခဲ့သည်။ အဆိုပါ အခမ်းအနားအတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလာဗရော့က ပေးပို့ခဲ့သည့် သဝဏ်လွှာတွင် “အနောက်နိုင်ငံ များ၏ ယင်းအခြေခံသဘောတရားများကို သစ္စာဖောက်မှုကြောင့်ပင် ယူကရိန်းပဋိပက္ခ စတင်ခဲ့ရသည်” ဟု ဆိုသည်။
ဇီလန်စကီးက ၎င်း၏ အွန်လိုင်းမိန့်ခွန်းတွင် "ရုရှားကို ယခု စစ်ပွဲ ရပ်တန့်ရန် ဖိအားပေးနိုင်သည်ဟု မိမိအနေဖြင့် ယုံကြည်သော်လည်း အကယ်၍ ကမ္ဘာက ရုရှားမှာ အစိုးရပြောင်းရန် ရည်မှန်းချက် မထားဘူး ဆိုပါက ထိုအချက်သည် စစ်ပွဲပြီးဆုံးသွားလျှင်တောင်မှ မော်စကိုက အိမ်နီးချင်းနိုင်ငံတွေကို မတည်ငြိမ်အောင် ဆက်လုပ်နေဦးမည်ဟု ဆိုလို တာပါ" ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ "ရုရှားပိုင်ပစ္စည်းများကို ထိန်းချုပ်ထားရုံမျှဖြင့် မလုံ လောက်ဘဲ အပြီးတိုင်သိမ်းယူရန် အချိန်တန်ပြီ" ဟု ၎င်းက ပြောကြား ခဲ့ပြီး ယူကရိန်းကို အထောက်အပံ့ပေးလျက်ရှိသော နိုင်ငံများအား ရုရှား ၏ ပိုင်ဆိုင်မှုအားလုံးကို ကျူးကျော်မှုကို ကာကွယ်ရန်အတွက် အသုံး ချရန် တိုက်တွန်းခဲ့သည်။
မော်စကိုဘက်မှ ရုရှားသည် EU နှင့် NATO ကို တိုက်ခိုက်ရန် အစီအစဉ် ရှိကြောင်း ယူဆချက်များကို အဓိပ္ပာယ်မရှိသော စွပ်စွဲမှုများဖြစ်သည်ဟု အကြိမ်ကြိမ်ပယ်ချခဲ့သည်။ လာဗရော့က EU သည် နာဇီဂျာမနီ၏ ဝါဒဆိုး များ ပြန်လည်ပေါ်ထွန်းလာစေသည့် အာဏာရှင်စနစ် (Fourth Reich) တွင် နစ်မြုပ်လာနေပြီဟု ပြောကြားခဲ့ပြီး ၊ ရုရှားဆန့်ကျင်ရေး လှုံ့ဆော်မှု များနှင့် စစ်အင်အားတိုးချဲ့မှုများကို ၎င်းတို့၏ စီးပွားရေးကျဆင်းမှုကို ဖုံးကွယ်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။ သမ္မတ ဗလာဒီမာ ပူတင် ကလည်း အလားတူ စွပ်စွဲခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ဝန်ကြီး-၂

ဥရောပသမဂ္ဂ (EU) နှင့် အမေရိကန်ပြည်ထောင်စုတို့ လက်မှတ် ရေးထိုး ထားသော ကုန်သွယ်ရေးသဘောတူညီချက်အား ပြင်သစ်သမ္မတ အီမန်နျူအယ် မက်ခရွန်က "ညှိနှိုင်းဆွေးနွေးမှုများတွင် EU အနေဖြင့် လုံလောက်သည့်လေးစားမှု မရရှိခဲ့ဟု" ဝေဖန်ခဲ့သည်။ အမေရိကန်သို့ EU မှ တင်ပို့သော ကုန်စည်အများစုအား ၁၅% အကောက်ခွန် စည်းကြပ် မည်ဖြစ်ပြီး EU ဘက်မှ အမေရိကန်စီးပွားရေးအတွက် သုံးနှစ်အတွင်း ဒေါ်လာ ၆၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် နှင့် ဒေါ်လာ ၇၅၀ ဘီလီယံ တန်ဖိုးရှိ အမေရိကန်စွမ်းအင်များကို ဝယ်ယူရန် သဘောတူခဲ့သည်။ အမေရိကန်၏ EU သို့တင်ပို့မှုများတွင် အကောက်ခွန် မစည်းကြပ်ရန် လည်း သဘောတူညီခဲ့သည်။

ဇူလိုင် ၃၀ ရက်နေ့က ပါရီတွင် ကျင်းပသော ဝန်ကြီးအဖွဲ့ အစည်းအဝေး တွင် မက်ခရွန်က "လွတ်လပ်စွာရပ်တည်လိုပါက အခြားသူများက သင့်အား ကြောက်ရွံ့ရမည်။ မိမိတို့မှာ ထိုအရည်အသွေး လုံလောက်စွာမရှိခဲ့" ဟု ပြောကြားခဲ့သည်ဟု အစည်းအဝေးတက်ရောက်သူများက ဖော်ပြခဲ့သည်။ ထို့အပြင် ၎င်းက "EU အနေဖြင့် မိမိကိုယ်ကို 'အင်အားတစ်ရပ်' အဖြစ် မမြင်သေးခြင်း" ကို နောင်တရကြောင်း ဖွင့်ဟခဲ့ပြီး ဝါရှင်တန်နှင့် ဆက်ဆံရေး ဟန်ချက်ညီစေရန် မနားတမ်းကြိုးပမ်းရန်လိုအပ်ကြောင်း တိုက်တွန်း ခဲ့သည်။
Euractiv ၏ သတင်းအရ မက်ခရွန်က ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်ယန်၏ ဦးဆောင်မှုနှင့် ဦးစားပေးမှုများကို သွယ်ဝိုက်ဝေဖန် လျက် ဥရောပ၏ အချုပ်အခြာအာဏာနှင့် စီးပွားရေး ယှဉ်ပြိုင်နိုင်မှု ဆိုင်ရာ လုပ်ငန်းစဉ်များအား အရှိန်မြှင့်ရန် တောင်းဆိုခဲ့သည်။ ပြင်သစ် နိုင်ငံသည် အမြဲခိုင်မာသောရပ်တည်ချက်ကို ထိန်းသိမ်းထားပြီး အဆိုပါ သဘောတူညီချက်သည် အဆုံးသတ်မဟုတ်သေးဘဲ ဆွေးနွေး ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရမည်ဟု မက်ခရွန်က ဖြည့်စွက်ပြောကြားခဲ့သည်။ အစိုးရပြောရေးဆိုခွင့်ရှိသူ ဆိုဖီ ပရီးမတ်စ်က သတင်းစာရှင်းလင်းပွဲတွင် မက်ခရွန်သည် အဆိုပါသဘောတူညီချက်၏ အချို့သောအချက်များကို၊ အထူးသဖြင့် ပြင်သစ်လုပ်ငန်းများအတွက် ရရှိလာမည့် ပိုမိုမြင်သာသည့် အခွင့်အလမ်းများကို ကြိုဆိုကြောင်း အတည်ပြုခဲ့သည်။ သို့သော် သဘော တူညီချက်သည် မပြည့်စုံသေးကြောင်း သမ္မတမှ ယူဆထားသည်ဟု ၎င်းက ထပ်လောင်းအလေးထားပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ဖရန်ဆွာ ဘာရိုးက အဆိုပါသဘောတူညီချက်ကို ချက်ချင်း အလျှော့ပေးအညံ့ခံမှု အဖြစ် ရှုမြင်ကြောင်း ဖော်ပြခဲ့ပြီး အချို့သော ဝန်ကြီး များကလည်း ၎င်း၏ အကြောင်းအရာနှင့် နောက်ကွယ်မှ လုပ်ငန်းစဉ် များကို မေးခွန်းထုတ်ခဲ့ကြသည်။
"အဆိုပါဆွေးနွေးညှိနှိုင်းမှုများကို စကော့တလန်ရှိ ဂေါက်ကွင်းတစ်ခု တွင် မဟုတ်ဘဲ တရားဝင်နေရာတစ်ခုတွင် ပြုလုပ်ခဲ့လျှင် ပိုကောင်းမည်" ဟု ပရီးမတ်စ်က ပြောကြားခဲ့ပြီး ထိုကဲ့သို့သော နေရာရွေးချယ်မှုကို ပုံမှန် မဟုတ်ဟု သရော်သည့်သဘောဖြင့် ရည်ညွှန်းခဲ့သည်။