သတင်းများ

ထရမ့်က ယူကရိန်းအတွက် အနာဂတ်အကူအညီများကို စဉ်းစားမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းအား Patriot လေကြောင်းကာကွယ်ရေးစနစ်များ ထပ်မံထောက်ပံ့မည့် အခြေအနေကို မေးမြန်းခဲ့မှု အပေါ် စဉ်းစားမည်ဟု ပြောကြားခဲ့သည်။

NATO ထိပ်သီးအစည်းအဝေးအပြင်ဘက်တွင် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးနှင့် တွေ့ဆုံပြီးနောက် The Hague တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ BBC ယူကရိန်းသတင်းထောက်က “အမေရိကန်က အဆိုပါဒုံးကျည်တွေကို ထောက်ပံ့မှာလား” ဟု မေးမြန်းရာတွင် ထရမ့်က”ထိုစနစ်တွေကို ရရှိဖို့ အလွန်ခက်ခဲပါသည်” ဟု ပြန်လည်ဖြေကြားကာ အမေရိကန်အနေဖြင့်လည်း ၎င်းတို့ကို လိုအပ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ အစ္စရေးသို့ Patriot အချို့ ပို့နေ ရကြောင်း ဖော်ပြကာ ၎င်း၏အစိုးရအနေဖြင့် “အဆိုပါ Patriot အနက်အချို့ကို ရနိုင်၊ မရနိုင်ကြည့်မည်” ဟု ထည့်သွင်းပြောဆိုခဲ့သည်။

အဆိုပါတွေ့ဆုံပွဲမတိုင်မီက ဇီလန်စကီးက အမေရိကန်က လှူဒါန်းရန် ငြင်းဆိုပါက ယူကရိန်းအနေဖြင့် ၎င်းစနစ်များကို ဝယ်ယူရန် အဆင်သင့် ရှိပြီး “အမေရိကန်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများကို ပံ့ပိုးမည်” ဟု ပြောကြားခဲ့သည်။ ယခင်က ဇီလန်စကီးက Patriot စနစ်သာ ရုရှား၏ ဒုံးကျည်များကို အထိရောက်ဆုံး တန်ပြန်နိုင်သည်ဟု အခိုင်အမာ ဆိုခဲ့ သော်လည်း မော်စကိုက ယင်း၏ထိရောက်မှုကို ငြင်းဆိုထားသည်။ ယူကရိန်းလေတပ် ပြောရေးဆိုခွင့်ရှိသူ Yury Ignat ကလည်း လွန်ခဲ့သော လက Le Monde နှင့် တွေ့ဆုံခန်းတွင် Patriot စနစ်၏ ကန့်သတ်ချက် များကို ဝန်ခံခဲ့သည်။

၂၀၂၄ ခုနှစ်၊ မေလအထိ ယူကရိန်းတွင် Patriot စနစ် ၆ စုံ အသင့် လည်ပတ်နေပြီး အများစုမှာ အမေရိကန်နှင့် ဂျာမနီတို့မှ လှူဒါန်းကာ နယ်သာလန်နှင့် ရိုမေးနီးယားတို့က အပိုပစ္စည်းများ ထောက်ပံ့ထားသည်။ ဇီလန်စကီးက ယူကရိန်းအနေဖြင့် Patriot စနစ် ၂၅ စုံ ရရှိရန် ရည်မှန်း ထားပြီး ဥရောပမှ ပံ့ပိုးသူများအား အခြား ၁၀ စုံကို ဒေါ်လာ ၁၅ ဘီလီယံ အကုန်ခံဝယ်ရန် တိုက်တွန်းခဲ့သည်။ သို့သော် ထရမ့်အစိုးရက ယင်းအဆို ကို အိပ်မက်သဖွယ် ပယ်ချခဲ့သည်။

NATO နိုင်ငံများက ယူကရိန်းအား ကတိပြုထားသော ဒေါ်လာ ၅ ဘီလီယံ စစ်ရေးအကူအညီတွင် အမေရိကန်က ပါဝင်ထောက်ပံ့မှုနှင့် ပတ်သက်၍ တိုက်ရိုက်မေးမြန်းခံရသည့်အခါ ထရမ့်က သတင်းထောက်များအား “စစ်ပွဲများ ရပ်တန့်ရမည်” ဟုသာ လိုတိုရှင်း ပြန်လည် ဖြေကြား ခဲ့သည်။

ထရမ့်သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီတွင် ရာထူးတာဝန် စတင် ထမ်းဆောင်ကတည်းက ယူကရိန်းပဋိပက္ခကို ညှိနှိုင်းဖြေရှင်းရန် တွန်းအားပေးလျက် ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နှေးကွေးမှုအပေါ် စိတ်မကျေနပ်မှုများ ထုတ်ဖော်ပြောဆိုခဲ့သည်။ ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် ၎င်းက ပဋိပက္ခကို အဆုံးသတ်ရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် စကားပြောရန်အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သော်လည်း မည်သည့်အချိန်တွင် ဆွေးနွေးမည်ကိုမူ မဖော်ပြခဲ့ပေ။ ယခုသီတင်းပတ်အစောပိုင်းက ၎င်းက စစ်ပွဲရပ်တန့်ရန် “ရုရှားနှင့် သဘောတူညီမှုရရန်” မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မော်စကိုဘက်မှ မည်သည့်ကန့်သတ်ချက်မှမရှိဘဲ အခြေအနေအရပ်ရပ်ကို လက်ခံသည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း ထပ်လောင်း ပြောကြားထားပြီး မည်သည့်သဘောတူညီမှုမဆို မြေပြင်အခြေအနေနှင့်ကိုက်ညီပြီး ယူကရိန်း၏ ကြားနေမှုကို အခြေခံရမည်ဟု အလေးပေး ပြောဆိုထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဗီယက်နမ်နိုင်ငံသည် ပြည်သူ့ငွေအလွဲသုံးစားမှုများအတွက် သေဒဏ် စီရင်ခြင်းကို ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး၏ အသက်ကို ကယ်တင်နိုင်မည်

ဗီယက်နမ်နိုင်ငံသည် လာမည့်လမှစ၍ ပြည်သူ့ငွေအလွဲသုံးစားမှုနှင့် အစိုးရကိုဖယ်ရှားရန် လုပ်ဆောင်မှုအပါအဝင် ရာဇ၀တ်မှု (၈) မျိုး အတွက် သေဒဏ်စီရင်ခြင်းကို ရပ်စဲမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် ပါလီမန်မှကြေညာခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ဖြင့် ဒေါ်လာ ၁၂ ဘီလီယံ အလွဲသုံးစားမှုတွင် ပါဝင်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦး၏ အသက်ကိုလည်း ကယ်တင်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်၏ ဥပဒေပြုအဖွဲ့ဖြစ်သော အမျိုးသားလွှတ်တော်သည် ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) နံနက်ပိုင်းတွင် ပြစ်မှုဆိုင်ရာဥပဒေပြင်ဆင်ချက်ကို အတည်ပြုကာ အဆိုပါရာဇ၀တ်မှုများအတွက် သေဒဏ်စီရင်ခြင်းကို ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီယက်နမ်သတင်းအေဂျင်စီ (VNA) ၏ဖော်ပြချက်အရ အခြားသေဒဏ်မှ ကင်းလွတ်မည့် ရာဇ၀တ်မှုများတွင် နိုင်ငံတော်ပိုင်ပစ္စည်းများဖျက်ဆီးမှု၊ အတုဆေးဝါးထုတ်လုပ်မှု၊ ငြိမ်းချမ်းရေးအန္တရာယ်ဖြစ်စေမှု၊ ကျူးကျော်စစ် ဆင်နွှဲရန်လှုံ့ဆော်မှု၊ သူလျှိုလုပ်မှုနှင့် မူးယစ်ဆေးဝါးသယ်ဆောင်မှုတို့ ပါဝင်သည်။

အဆိုပါရာဇ၀တ်မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် တစ်သက်သို့ လျှော့ချသတ်မှတ်လိုက်ပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဇူလိုင်လ ၁ ရက်မတိုင်မီက အဆိုပါရာဇ၀တ်မှုများအတွက် သေဒဏ် ချမှတ်ခံထားရသော်လည်း ကွပ်မျက်ခြင်းမခံရသေးသူများမှာ ပြစ်ဒဏ်ကို ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲခံရမည်ဟု သတင်းတွင် ဖြည့်စွက် ဖော်ပြထားသည်။

သေဒဏ်ချမှတ်ခံထားရသူများထဲတွင် အိမ်ခြံမြေဖွံ့ဖြိုးရေးကုမ္ပဏီ Van Thinh Phat Holdings Group ၏ ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးလုပ်ငန်းရှင်ကြီး ထရုန်းမီလန် (Truong My Lan) လည်း ပါဝင်မည်ဖြစ်သည်။ သူမအား လွန်ခဲ့သည့်နှစ်က ပြည်သူ့ငွေအလွဲသုံးစားမှုတွင် ပါဝင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသည်။

လန်၏ခုခံရေးအဖွဲ့တွင် မပါဝင်သော ရှေ့နေ ငိုအန်းကျွမ်း (Ngo Anh Tuan) က Reuters သို့ပြောကြားရာတွင် “ပြစ်မှုဆိုင်ရာ ဥပဒေပြင်ဆင်ချက်အရ သူမ၏ပြစ်ဒဏ်သည် အလိုအလျောက် ထောင်ဒဏ်တစ်သက်သို့ လျှော့ချ ခံရမည်” ဟု ဖြေကြားခဲ့သည်။

သတင်းများအရ ဗီယက်နမ်တွင် သေဒဏ်ကျခံရမည့် ရာဇ၀တ်မှု (၁၀) မျိုး ရှိပြီး ၎င်းတို့တွင် လူသတ်မှု၊ နိုင်ငံတော်သစ္စာဖောက်မှု၊ အကြမ်းဖက်မှုနှင့် ကလေးများကို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတို့ ပါဝင်သည်။ ထို့အပြင် မူးယစ်ဆေးဝါးမှောင်ခိုမှုသည်လည်း သေဒဏ်ချမှတ်နိုင်သော ရာဇ၀တ်မှု အဖြစ် ဆက်လက်တည်ရှိမည်ဖြစ်သည်။

ဗီယက်နမ်တွင် သေဒဏ်ဆိုင်ရာကိန်းဂဏန်းများကို နိုင်ငံတော် လျှို့ဝှက်ချက် အဖြစ် သတ်မှတ်ထားပြီး လက်ရှိတွင် သေဒဏ်ကျခံရမည့် အကျဉ်းသားမည်မျှရှိသည်ကို တိတိကျကျ မသိရပေ။ ၂၀၁၁ ခုနှစ်တွင် တပ်ဖွဲ့ဝင်များမှ ပစ်ခတ်စီရင်ခြင်းနည်းလမ်းကို ဖျက်သိမ်းပြီးနောက် ဆေးထိုးစီရင်ခြင်းသည်သာ တစ်ခုတည်းသော တရားဝင် ကွပ်မျက်ရေး နည်းလမ်းဖြစ်သည်။

ကိုးကား- CNN

တရုတ်-အိန္ဒိယဆက်ဆံရေးက အပြုသဘောဆောင်ပြီး တိုးတက်လာမှုရှိဟု ဝမ်ယီပြော

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြား ဆက်ဆံရေးသည် အပြုသဘောဆောင်ပြီး တိုးတက်လာမှုရှိကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယီက အိန္ဒိယအမျိုးသား လုံခြုံရေးအကြံပေး   အာဂျစ်ဒိုဗယ်နှင့် တွေ့ဆုံစဉ် ပြောသည်။

တရုတ်-အိန္ဒိယ နယ်စပ်ရေးရာ ပြဿနာများအတွက် အထူးကိုယ်စားလှယ်တစ်ဦး ဖြစ်သည့်  အာဂျစ်ဒိုဗယ်သည်  ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေး အကြံပေးများ အစည်းအဝေးသို့ တက်ရန် တရုတ်နိုင်ငံ ပေကျင်း မြို့သို့ရောက်နေစဉ် ဝမ်ယီနှင့်တွေ့ဆုံခြင်းဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံအတွက် အကျိုးရှိစေမည့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ရရှိစေနိုင်သော အရေးကြီးသည့်ဘုံသဘောတူညီချက်များအတိုင်းလိုက်နာကာ တစ်ဦးက တစ်ဦးကို အန္တရာယ်မဖြစ်စေသင့်ကြောင်း၊ တစ်ဦးနှင့်တစ်ဦးသည် ပြိုင်ဘက်သဘောမျိုးထက် မိတ်ဖက်များအဖြစ် နေထိုင်သွားသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောထားသည်ဟု သိရသည်။

 MWD Web Portal

NATO ထိပ်သီးအစည်းအဝေး ကြေညာချက်တွင် ယူကရိန်းအကြောင်း များများစားစား မပါဝင်

NATO အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် ယူကရိန်း အရေးကိစ္စကို နှစ်ကြိမ်သာ ဖော်ပြခဲ့သည်။ ထိုကြေညာချက်ကို သည်ဟိတ် မြို့တွင် ကျင်းပခဲ့သော NATO ထိပ်သီးအစည်းအဝေး အပြီးတွင် ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) က ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်းတွင် အဓိကအားဖြင့် ကာကွယ်ရေး ငွေကြေးအသုံးပြုမှု ရည်မှန်းချက်များ မြှင့်တင်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများ အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အလေးပေးဖော်ပြ ထားသည်။

သည်ဟိတ် ထိပ်သီးအစည်းအဝေး ကြေညာချက်တွင် အဖွဲ့ဝင်နိုင်ငံများက နှစ်ရက်ကြာ ဆွေးနွေးခဲ့သည့် သဘောတူညီချက်များကို အကျဉ်းချုံး ဖော်ပြ ထားသော စာပိုဒ်ငါးပိုဒ်သာ ပါဝင်သည်။ ၎င်းတွင် NATO နိုင်ငံများက ၂၀၃၅ ခုနှစ်မတိုင်မီ ၎င်းတို့၏ GDP ၏ ၅% ကို နှစ်စဉ် ကာကွယ်ရေး အတွက် အသုံးပြုရန် ကတိပြုထားခြင်း ပါဝင်သည်။ ထိုသို့ ပြုလုပ်ရခြင်း ၏ အကြောင်းရင်းမှာ “ရုရှား၏ ဥရောပ-အတ္တလန္တိတ် လုံခြုံရေးအပေါ် ရေရှည်ခြိမ်းခြောက်မှု” ဟု ဆိုထားသော အချက်ကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။

မော်စကိုမှ မကြာခဏ ပြောဆိုခဲ့သည်မှာ ၎င်းတို့သည် မည်သည့် နိုင်ငံ ကိုမျှ ခြိမ်းခြောက်ခြင်း သို့မဟုတ် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိကြောင်း ဖြစ်ပြီး၊ အနောက်နိုင်ငံများ၏ ထိုကဲ့သို့သော အချက်များကို စစ်ရေး အသုံးစရိတ် တိုးမြှင့်ရန် အကြောင်းပြချက်အဖြစ် အသုံးချနေသည့် “အဓိပ္ပာယ် မရှိသော” ကြောက်ရွံ့မှု ဖြန့်ချိရေး သာဖြစ်သည်ဟု ပယ်ချခဲ့သည်။

ပူးတွဲကြေညာချက်တွင် ယူကရိန်းနှင့်ပတ်သက်၍ နှစ်ကြိမ်သာ ဖော်ပြ ထားပြီး၊ NATO အဖွဲ့ဝင်များက ကိယက်ဗ်အား ထောက်ပံ့ရန် ၎င်းတို့၏ ကတိကို ထပ်လောင်းအတည်ပြုခဲ့ကြောင်းနှင့် ယူကရိန်း၏ စစ်ရေး လုပ်ငန်း များအတွက် တိုက်ရိုက်အထောက်အပံ့ ဆက်လက်ပေးအပ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော် စာတမ်းတွင် ယူကရိန်းနှင့်ပတ်သက်သည့် အခြား အချက်အလက် များ မပါဝင်သကဲ့သို့ နှစ်ပေါင်းများစွာ ကြိုးပမ်းနေသော NATO အဖွဲ့ဝင် ဖြစ်ရေး အလားအလာနှင့်ပတ်သက်၍လည်း မည်သည့်ထုတ်ပြန်ချက်မျှ မပါရှိပေ။

ယူကရိန်းသမ္မတ ဇီလန်စကီးကိုလည်း အဆိုပါထိပ်သီးအစည်းအဝေးမှ ဘေးဖယ်ထားခဲ့သည်။ ၎င်းအား အစည်းအဝေးမတိုင်မီ ကျင်းပသောအလွတ်သဘော ညစာစားပွဲတစ်ခုသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း၊ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်၏ အဆိုအရ ၎င်းအား တရားဝင် မည်သည့်ပုံစံဖြင့်မျှ အစည်းအဝေးတွင် ပါဝင်ခွင့် မပေးခဲ့ပေ။ ထို့အပြင် အမေရိကန်အပါအဝင် NATO အဖွဲ့ဝင်အချို့ကလည်း ယူကရိန်း ခေါင်းဆောင်နှင့် တမင်တကာ တွေ့ဆုံခြင်းကို ရှောင်ကြဉ်နေကြောင်း အော်ဘန်က ဆိုသည်။

အော်ဘန်က ယခုနှစ် NATO အစည်းအဝေး၏ လုပ်ဆောင်ချက်များသည် ယမန်နှစ်ကထက် သိသိသာသာ ကွဲပြားနေကြောင်း ထောက်ပြခဲ့သည်။ ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သော အစည်းအဝေးတွင် ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရေးနှင့် ရုရှားနှင့် တိုက်ရိုက်ရင်ဆိုင်မှုတို့သည် အဓိက ဆွေးနွေး စရာများဖြစ်ခဲ့သော်လည်း၊ ၂၀၂၄ ခုနှစ် ကြေညာချက်တွင် ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်မှုသည် “မလွဲမသွေ ဖြစ်လာမည်” ဟု တရားဝင် ပြန်လည် အတည်ပြုခဲ့သည်။

သို့သော် ထိုအချိန်မှစ၍ NATO အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်အချို့ က ယင်းအယူအဆကို ကန့်ကွက်လာကြသည်။ အထူးသဖြင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က “ယူကရိန်းသည် NATO အဖွဲ့ဝင်ဖြစ်ရေးကို မေ့ထားနိုင်သည်” ဟု ပြောကြားခဲ့ပြီး၊ ယင်းကြိုးပမ်းမှုများကြောင့်ပင် ယူကရိန်းပဋိပက္ခ စတင်ခဲ့ဟန်ရှိကြောင်း ညွှန်းဆိုခဲ့သည်။

ရုရှားဘက်မှ အကြိမ်ကြိမ်ရှင်းလင်းခဲ့သည်မှာ ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းမှုများသည် အနီရောင်စည်းဖြစ်ပြီး ပဋိပက္ခ၏ အရင်းခံအကြောင်းရင်းတစ်ခုလည်း ဖြစ်သည်ဟု ဆိုသည်။ မော်စကိုက ကိယက်ဗ်အား “မည်သည့်စစ်ရေးမဟာမိတ်အဖွဲ့တွင်မှ မည်သည့်အခါမျှ ပါဝင်မည်မဟုတ်ကြောင်း” တရားဝင်ကတိပြုရန် တောင်းဆိုထားသည်။

မော်စကိုက ကိယက်ဗ် နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယာယီရပ်ဆိုင်းထား

မော်စကိုနှင့် ကိယက်ဗ်တို့သည် လက်ရှိအချိန်တွင် ယခင်သဘောတူညီချက်များ၏ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အစိတ်အပိုင်းကို အပြည့်အဝအကောင်အထည်ဖော်ရန် ကြိုးပမ်းနေသောကြောင့် ၎င်းတို့၏ ငြိမ်းချမ်းရေးလမ်းညွှန်ချက်များနှင့်ပတ်သက်၍ လက်ရှိတွင် ညှိနှိုင်းဆွေးနွေးမှုများ မရှိသေးကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် Peskov က ကိယက်ဗ်နှင့် နောက်အဆင့် ဆွေးနွေးပွဲကျင်းပရန် အတိအကျ သတ်မှတ်ရန်မှာ ယခင်ကတိကဝတ်များ (အကျဉ်းသားလဲလှယ်ရေးနှင့် ကျဆုံးစစ်သားများ၏ ခန္ဓာကိုယ်များ ပြန်လည်ပေးပို့ရေး အပါအဝင်) အားလုံးပြီးဆုံးပြီးမှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ယူကရိန်းခေါင်းဆောင် Volodymyr Zelensky သည် လက်ရှိ The Hague တွင် ကျင်းပလျက်ရှိသော NATO ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး၏ ဘေးဘက်အစီအစဉ်တွင် Trump နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးက အီရန်ဗဟိုဘဏ်ကို အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် သတ်မှတ်

အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အီရန်ဗဟိုဘဏ်နှင့် အခြားအဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်သည့် အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။

အစ္စရေးထောက်လှမ်းရေးဌာန၏ တောင်းဆိုချက်အရ ကတ်ဇ်က အခြား အီရန်ဘဏ်နှစ်ခု၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ချိတ်ဆက်နေသည့် ကုမ္ပဏီတစ်ခုနှင့် ၎င်း၏ အကြီးတန်းအရာရှိသုံးဦးကိုလည်း အကြမ်းဖက် အဖွဲ့များနှင့် အကြမ်းဖက်လုပ်ဆောင်သူများအဖြစ် သတ်မှတ်ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနက “အဆိုပါအမိန့်သည် အီရန်အာဏာရှင် စနစ်၏ အကြမ်းဖက်ငွေကြေးထောက်ပံ့ရေးစနစ်ကို ပစ်မှတ်ထားခြင်း ဖြစ်ပြီး၊ ကွပ်ဒ်စ်တပ်ဖွဲ့ (Quds Force) နှင့် အစ္စလာမ္မစ် တော်လှန်ရေး ကာကွယ်ရေးတပ်ဖွဲ့ (IRGC) တို့မှတစ်ဆင့် အရှေ့အလယ်ပိုင်း တစ်ခွင်လုံး ရှိ အကြမ်းဖက်လှုပ်ရှားမှုများကို ငွေကြေးနှင့် လက်နက်များ ထောက်ပံ့ နေသော အဓိကငွေကြေးလမ်းကြောင်းကို ချုပ်ငြိမ်းရန်ရည်ရွယ်သည်” ဟု ဖော်ပြခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ၊ ဗဟိုဘဏ်အပြင် Shahar Bank၊ Mellat Bank နှင့် အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အထွေထွေဌာနချုပ်ပိုင် Sepehr Energy Jahan ကုမ္ပဏီတို့ကိုလည်း အဆိုပါအမိန့်ဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည်။

အီရန်ဗဟိုဘဏ်သည် အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်လည်း ရင်ဆိုင်နေရသည်။

ကိုးကား- CNN

Photo: This is Beirut

NATO အကြီးအကဲက အီရန်ကို အမေရိကန်တို့၏ တိုက်ခိုက်မှုအတွက် ချီးကျူးစကား ပြန်မရုပ်သိမ်းဟုဆို

NATO အကြီးအကဲ Mark Rutte က အီရန်ကို အမေရိကန်တို့၏ တိုက်ခိုက်မှုအတွက် ချီးကျူးစကားကို ပြန်မရုပ်သိမ်းဟု ဆိုပါသည်။ 

NATO အတွင်းရေးမှူးချုပ် Rutte က အီရန်တိုက်ခိုက်မှုတွင် ဆုံးဖြတ်ချက်ချမှတ်ပြီး လုပ်ဆောင်နိုင်ခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ချီးကျူးစကား ပြောကြားခဲ့သည်။

ထရမ့်က ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည့် ပို့စ်၌ Rutte က အမေရိကန်၏ အီရန်အပေါ်တိုက်ခိုက်မှုကို “အလွန်ထူးခြားသော လုပ်ဆောင်မှု” ဟု ချီးကျူးခဲ့ခြင်းဖြစ်သည်။

သို့သော် မီဒီယာများက အမေရိကန်၏ တိုက်ခိုက်မှု၏ ထိရောက်မှု အခြေအနေနှင့်ပတ်သက်၍ မေးမြန်းခဲ့မှုအပေါ် Rutte က “အဆိုပါ ချီးကျူးစကားကို ပြန်လည်ပြင်ဆင်ရန် မစဉ်းစားပါ” ဟု နယ်သာလန်၌ ကျင်းပသည့် NATO အစည်းအဝေးတွင် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

CNN ၏ သတင်းအရ အမေရိကန်၏ အီရန်နျူကလီးယား စက်ရုံသုံးခုကို တိုက်ခိုက်မှုသည် နျူကလီးယား အစီအစဉ်၏ အဓိက အစိတ်အပိုင်းများကို မဖျက်ဆီးနိုင်ခဲ့ဘဲ လအနည်းငယ်ခန့်သာ နောက်ဆုတ်သွားစေနိုင်သည်ဟု အမေရိကန် ထောက်လှမ်းရေး၏ အစောပိုင်း အကဲဖြတ်ချက်တွင် ဖော်ပြထားပါသည်။

သို့သော်လည်း Rutte က ထရမ့်နှင့် အမေရိကန်၏ အီရန်နှင့် ပတ်သက်သော လုပ်ဆောင်ချက်များကို ဆက်လက် ချီးကျူးနေဆဲ ဖြစ်သည်။

ကိုးကား- CNN

Photo: WSJ

အနောက်နိုင်ငံများက အီရန်၏နျူကလီးယား အစီအစဉ်အကြောင်း မှားယွင်းစွာ ပြောဆိုခဲ့သည်ဟု ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန် ပြောဆို

ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန် Vassily Nebenzia က အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်၏နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ မှားယွင်းသောသတင်းများကို ဖြန့်ဝေကာ တိုက်ခိုက်ရန် အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့သည်ဟု ပြောကြားခဲ့သည်။

မကြာသေးမီက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ ပြောကြား ရာတွင် ၎င်းသံတမန်က အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှုများသည် အပြည်ပြည်ဆိုင်ရာဥပဒေအရ တရားမဝင်ကြောင်း ရှုတ်ချခဲ့ပြီး ယင်းတို့သည် ရေဒီယိုသတ္တိကြွညစ်ညမ်းမှု၏ လက်တွေ့ ခြိမ်းခြောက်မှုကို ဖန်တီးခဲ့သည်ဟု ဆိုခဲ့သည်။

Nebenzia က အီရန်တွင် စစ်ဆေးမှုများပြုလုပ်နေသည့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အစီရင်ခံစာများသည် “နျူကလီးယားလက်နက်ပျံ့နှံ့မှုအန္တရာယ်မရှိကြောင်း” သက်သေပြခဲ့သည် ဟု ထောက်ပြခဲ့သည်။

“IAEA အစီရင်ခံစာများတွင် အီရန်သည် ၎င်း၏နျူကလီးယား စုဆောင်းမှုများကို ကြေညာထားခြင်းမရှိသော သို့မဟုတ် စစ်ရေးရည်ရွယ်ချက်များအတွက် ပြောင်းလဲအသုံးပြုခြင်းနှင့်ပတ်သက်သည့် မည်သည့် အချက် အလက်မျှ မပါရှိကြောင်း” ၎င်းက ထပ်လောင်းဖော်ပြခဲ့သည်။

ရုရှားသံတမန် Nebenzia က အီရန်အပေါ်တိုက်ခိုက်မှုသည် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ စည်းမျဉ်းများကို ကျော်လွန်၍ အင်အားသုံးစွဲမှုကို တရားဝင်သယောင်ဖန်တီးရန် နောက်ထပ်အားထုတ်မှု တစ်ခုသာ ဖြစ်သည်” ဟု ဝေဖန်သုံးသပ်ခဲ့သည်။

Trump က NATO ခေါင်းဆောင်၏ ချီးမွမ်းစာကို အများသိအောင် ဖော်ပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က NATO အတွင်းရေးမှူးချုပ် Mark Rutte ထံမှ သီးသန့်မက်ဆေ့ချ်ကို ၎င်း၏ Truth Social လူမှု ကွန်ရက်ပေါ်တွင် မျှဝေခဲ့သည်။ ထိုမက်ဆေ့ချ်တွင် အီရန်ဆိုင်ရာ ချက်ချင်း ဆုံးဖြတ်လုပ်ဆောင်မှုအတွက် ထရမ့်အား ချီးကျူးဂုဏ်ပြုထားသည်။

၎င်းမက်ဆေ့ချ်ကို ထရမ့်က ၎င်း၏ Truth Social စာမျက်နှာ၌ မျှဝေ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အင်္ဂါနေ့ (ဇွန် ၂၄) မှ စတင်ကျင်းပနေသည့် နှစ်ရက်ကြာ NATO အစည်းအဝေးမတိုင်မီ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ယူဆ ရပါသည်။

“အီရန်မှာ ချက်ချင်း ဆုံးဖြတ်လုပ်ဆောင်မှုအတွက် ဂုဏ်ယူပါကြောင်း၊ အခြားမည်သူမျှ ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို ဆောင်ရွက်ခဲ့သည်မှာ ထူးခြားပြီး ထိုသို့ဆောင်ရွက်ခဲ့ခြင်းသည် မိမိတို့အားလုံးကို ပိုမိုလုံခြုံမှု ရှိ စေပါသည်” ဟု Rutte က ရေးသားခဲ့ပါသည်။ ထိုအချက်သည် ဇွန် ၂၂ ရက်နေ့တွင် အမေရိကန်က အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှု အား ညွှန်းဆိုနေပါသည်။

Rutte က ၎င်း၏မက်ဆေ့ချ်တွင် The Hague ၌ ထရမ့်အတွက် နောက်ထပ် ကြီးမားသည့် အောင်မြင်မှုတစ်ခုကိုလည်း ကတိပေးခဲ့ပြီး၊ NATO အဖွဲ့ဝင် အားလုံးသည် ကာကွယ်ရေးအတွက် ၎င်းတို့၏ GDP ၏ ၅% သုံးစွဲရန် သဘောတူခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ “ဆယ်စုနှစ်များအတွင်း အမေရိကန် သမ္မတတစ်ဦးမျှ မရနိုင်ခဲ့သည့် အရာကို သင်ရရှိမှာပါ” ဟုလည်း ရေးသား ခဲ့ပါသည်။

NATO ပြောရေးဆိုခွင့်ရှိသူတစ်ဦးက BBC ကို ၎င်းမက်ဆေ့ချ်သည် အစစ် အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့ပါသည်။

ဒေါ်နယ်ထရမ့်သည် ကြာမြင့်စွာကတည်းကပင် NATO အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ၎င်းတို့၏ စစ်ရေးဘတ်ဂျက်များကို သိသိသာသာ တိုးမြှင့်သင့်ကြောင်း ပြတ်သားစွာတောင်းဆိုခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခ ကို ကိုးကား၍ မကြာသေးမီနှစ်များအတွင်း အဖွဲ့ဝင်နိုင်ငံအများအပြားက ထိုကတိကဝတ်များကို ပြုလုပ်ခဲ့ကြသည်။

စပိန်ဝန်ကြီးချုပ် Pedro Sanchez က အဆိုပါရည်မှန်းချက်ကို “မဖြစ် နိုင်သည့်အပြင် အကျိုးမရှိသော” အကြံဖြစ်သည်ဟု ပယ်ချပြီးနောက် စပိန်နိုင်ငံသည် ၅% အသုံးစရိတ်ရည်မှန်းချက်မှ နုတ်ထွက်ရန် ဆုံးဖြတ် ခဲ့သည်ဟု သတင်းများက ဆိုသည်။ လက်ရှိတွင် မက်ဒရစ်အစိုးရသည် မူလသတ်မှတ်ချက် ၂% သုံးစွဲရမည့် စံချိန်ကိုပင် မမီသေးဘဲ ၎င်း၏ GDP ၏ ၁.၃% ခန့်သာ ကာကွယ်ရေးအတွက် သတ်မှတ်ထားသည်။

သို့ရာတွင် NATO အတွင်းရေးမှူးချုပ် Mark Rutte က သတင်းထောက်များအား NATO စည်းမျဉ်းများသည် ထိုသို့သော ခြွင်းချက်ပေးမှုမျိုးကို ခွင့်မပြုကြောင်း ပြောကြားခဲ့သည်။

NATO အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များသည် အရေးပါသော ထိပ်သီး အစည်းအဝေးတွင် ဇီလန်စကီးအား လျစ်လျူရှုခဲ့ကြသည်ဟု အော်ဘန်ဆို

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က အမေရိကန်အပါအဝင် NATO အဖွဲ့ဝင်အချို့နိုင်ငံများသည် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ကျင်းပလျက်ရှိသည့် အရေးပါသော ထိပ်သီးအစည်းအဝေးတွင် ယူကရိန်း ခေါင်းဆောင် ဗလာဒီမီယာ ဇီလန်စကီးနှင့် တွေ့ဆုံရန် တမင်တကာ ရှောင်ဖယ်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် ကျင်းပမည့် အစည်းအဝေးမတိုင်မီ ပြောကြားရာ တွင် အော်ဘန်က ဇီလန်စကီးသည် အလွတ်သဘော ညစာစားပွဲသို့သာ တက်ရောက်မည်ဖြစ်ပြီး "NATO ထိပ်သီးအစည်းအဝေးတွင် တရားဝင် ပုံစံဖြင့် ပါဝင်မည်မဟုတ်"ကြောင်း ဖော်ပြခဲ့သည်။ ၎င်းက "ယခင်အခန်း ကဏ္ဍ ပြီးဆုံးသွားပြီဆိုသည့် ရှင်းလင်းသည့်အချက်ပါ"ဟု မှတ်ချက်ပြု ခဲ့သည်။

ဟန်ဂေရီဝန်ကြီးချုပ်က ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ထိုအခြေအနေ သည် ကြီးမားသောပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း ရှင်းပြခဲ့ပြီး "အမေရိကန်၊ တူရကီ၊ ဆလိုဗက်ကီးယားနှင့် မိမိတို့သည် NATO ကိစ္စမှာ ဇီလန်စကီး နှင့် တစ်တန်းတည်း မထိုင်လိုသည်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီ"ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက ယူကရိန်းအား NATO (သို့မဟုတ်) EU တွင် ပါဝင် ခွင့်ပေးရန် ဟန်ဂေရီနိုင်ငံ၏ ဆန့်ကျင်မှုကို ဆက်လက် ထိန်းသိမ်း ထားမည် ဖြစ်ကြောင်း အားလုံးသိအောင် ပြောကြားခဲ့သည်။ အော်ဘန် က ယူကရိန်း၏ မည်သည့်အဖွဲ့တွင်မဆို အဖွဲ့ဝင်ဖြစ်မှုသည် အနောက် နိုင်ငံများအား ရုရှားနှင့် တိုက်ရိုက်ပဋိပက္ခအတွင်း ဆွဲသွင်းလိမ့်မည်ဟု အကြိမ်ကြိမ်သတိပေးခဲ့သည်။

ထိုအတောအတွင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာ ဆီဂျာတိုက ၂၀၂၅ ခုနှစ် ထိပ်သီးအစည်းအဝေးသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ယူကရိန်း အား ထောက်ပံ့မှုမြှင့်တင်ရန်အစား ပထမဆုံးအကြိမ် NATO အဖွဲ့၏ စုပေါင်းကာကွယ်ရေးစွမ်းရည် မြှင့်တင်ရေးကို အဓိကထားသည့် အစည်း အဝေးဖြစ်ကြောင်း ထောက်ပြခဲ့သည်။ 

"ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရေးကိစ္စ မှတ်တမ်းမှ ဖယ်ရှားခံ ရခြင်းဖြင့် ရုရှားနှင့် တိုက်ရိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ခဲ့ပါပြီ။ ယခုအခါ ဆင်ခြင်တုံတရားက အနိုင်ရလာပါပြီ" ဟု ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။

အခြားတစ်ဖက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိပ်သီး အစည်းအဝေးဘေးဘက်မှ ဇီလန်စကီးနှင့် ဖြစ်နိုင်ခြေရှိသည့် တွေ့ဆုံမှု အကြောင်း အတည်ပြုခဲ့သော်လည်း ယူကရိန်းခေါင်းဆောင်အား "ခက်ခဲသော အခြေအနေတွင်" ရှိနေသူအဖြစ် ဖော်ပြခဲ့သည်။ ထို့အပြင် "၎င်းသည် အစကတည်းက ထိုနေရာတွင် မရှိသင့်ပါ" ဟု ထည့်သွင်း ပြောကြား ခဲ့သည်။

ဇီလန်စကီးနှင့် ထရမ့်ကြား တင်းမာမှုများ ဆက်လက်ရှိနေကြောင်း ညွှန်ပြနေသည့် အခြားလက္ခဏာအနေဖြင့် Washington Post သတင်းစာ က NATO ခေါင်းဆောင်များသည် အစည်းအဝေးအတွင်း "အက်ကြောင်းများကို သတိထားရှောင်ဖယ်လျက်" "ညီညွတ်မှု၏ အပေါ်ယံပုံရိပ်ကို" ပြသရန် ကြိုးစားနေကြောင်း ဖော်ပြခဲ့သည်။

ထိုသတင်းစာတွင် "NATO အရာရှိများသည် ထရမ့်နှင့် ဇီလန်စကီးတို့ကို အများမြင်ကွင်းတွင် တတ်နိုင်သမျှ ခွဲထားရန် ကြိုးစားနေကြသည်။ ယင်းမှာ ထရမ့်၏ ဇီလန်စကီးအပေါ် အခါအားလျော်စွာ ပေါက်ကွဲတတ်သော မနှစ်မြို့မှုကို အသိအမှတ်ပြုခြင်းပင်" ဟု ရေးသားခဲ့သည်။

အဆိုပါအချက်နှင့်အညီ C-SPAN ကြားဖြတ်ထုတ်လွှင့်မှုအရ NATO စီစဉ်သူများသည် တရားဝင် ဓာတ်ပုံရိုက်ကူးမှုအခမ်းအနားတွင် ဇီလန်စကီး အား ထရမ့်၏ ဝေးရာတွင် နေရာချထားခဲ့ကြောင်း မြင်တွေ့ရသည်။