သတင်းများ

မလေးရှားဘုရင်နှင့် ဗလာဒီမာပူတင်တို့ ကရင်မလင်၌   တွေ့ဆုံမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မော်စကိုသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိလာသော မလေးရှားဘုရင် အီဘရာဟင်အား ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၆) တွင် ကရင်မလင်နန်းတော်၌ လက်ခံတွေ့ဆုံမည် ဖြစ်ကြောင်း ကရင်မလင်က သတင်းထုတ်ပြန်ထားပါသည်။ ထိုတွေ့ဆုံမှုတွင် ရုရှား-မလေးရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လက်ရှိ နိုင်ငံတကာ နှင့်ဒေသတွင်း ကိစ္စရပ်များကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။ 

ရွေးကောက်တင်မြှောက်ခံထားရသော မလေးရှားဘုရင်ကြီးသည် ရုရှား နိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကာ သြဂုတ် ၁၀ ရက်အထိ ရုရှားနိုင်ငံတွင် နေထိုင်မည်ဖြစ်ပါသည်။ 

မလေးရှားဘုရင်သည် ရုရှားနိုင်ငံအပြင် ကာဇန်သို့လည်း သွားရောက် မည်ဖြစ်ပါသည်။ ယခုခရီးစဉ်မှာ USSR နှင့် မလေးရှားနိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် ၁၉၆၇ ခုနှစ်နောက်ပိုင်း ရုရှား နိုင်ငံသို့ မလေးရှားနိုင်ငံ အကြီးအကဲ၏ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ရုရှား သမ္မတဗလာဒီမာပူတင် ဖိတ်ကြားချက်အရ ဘုရင်စူလတန် အီဘရာဟင် က ရုရှားနိုင်ငံသို့ လာရောက်ခြင်းလည်း ဖြစ်ပါသည်။

ပြီးခဲ့သည့် မေလအတွင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ၏ မော်စကိုခရီးစဉ်အတွင်း ဘုရင်ကြီးအား အလည်အပတ်လာရောက်ရန်ရုရှားသမ္မတဖိတ်ကြားချက်ကို ကရင်မလင်ထုတ်ပြန်ခဲ့ပါသည်။ ယခု ခရီးစဉ် မှာ ရုရှား-မလေးရှားအကြား နှစ်နိုင်ငံကြား ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ကွာလာလမ်ပူက တရားဝင်အသိအမှတ်ပြုကြောင်း ထုတ်ပြန်ထားပါသည်။ 

မလေးရှားဝန်ကြီးချုပ်က မလေးရှားနိုင်ငံ၏ နိုင်ငံတကာ အဆင့်အတန်း ကို ခိုင်မာစေရန် ဘုရင်၏ ပံ့ပိုးကူညီမှုကို မှတ်တမ်းတင်ပါကြောင်းနှင့် စွမ်းအင်၊ အာကာသ၊ ကာကွယ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ရုရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအပေါ် မလေးရှားနိုင်ငံက စိတ်ဝင်စားမှု ကိုလည်း ထပ်လောင်းပြောကြားထားပါသည်။ 

မလေးရှားသည် ဖက်ဒရယ် ရွေးကောက်တင်မြှောက်သော ဘုရင်စနစ် နိုင်ငံဖြစ်ပါသည်။ ဘုရင်ကြီးအား ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ဖွဲ့စည်း ထားသည့် ပြည်နယ် ၉ ခုမှ အစိုးရများက ၅ နှစ် ရွေးကောက် တင်မြှောက် ရပါသည်။ ဂျိုဟောမြို့၏ စူလတန် Ibrahim Ibn Iskandar သည် ၂၀၂၄ ခုနှစ်ကတည်းက မလေးရှားဘုရင်ကြီးရာထူးကို ဆက်ခံခဲ့ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

ဂါဇာ၌ စစ်ရေးရည်မှန်းချက်များ ခြွင်းချက်မရှိ အောင်မြင်အောင် လုပ်ဆောင်သွားမည်ဟု အစ္စရေးပြော

ဂါဇာဒေသသို့ အကူအညီပစ္စည်းများကို ရက်အတန်ကြာ ပေးပို့လျက်ရှိသော်လည်း အစာရေစာ ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် လူသေဆုံးမှုများ ထပ်မံဖြစ်ပွားနေစဉ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ ဟုက ၎င်းအနေဖြင့် ဂါဇာဒေသ၌ စစ်ရေးရည်မှန်းချက်သုံးရပ်အား ခြွင်းချက်မရှိ အောင်မြင်ရေးအတွက် ယခု သီတင်းပတ်နှောင်းပိုင်းတွင် အစ္စရေးစစ်တပ်အား ညွှန်ကြားသွားမည်ဟု ဩဂုတ် ၄ ရက်၌ ပြောကြားခဲ့သည်။

အပြည့်အစုံဖတ်ရှုရန် 
https://sacministry.gov.mm/my/subject/10792

ထရမ့်၏ NATO ဆိုင်ရာ ပြောကြားချက်များကို နိုင်ငံတကာ သတင်းဌာနများက ဖော်ပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က NATO အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များသည် ယခုအခါ ၎င်း၏ မူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်နေကြပြီဟု ပြောကြားခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနကြီး များတွင် ဖော်ပြခဲ့ကြသည်။

ထရမ့်က ၎င်း၏အာဏာသက်ရောက်မှုအောက်တွင် NATO အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လာကြောင်း၊ ၎င်း၏ ဦးဆောင်မှုကြောင့် အမေရိကန် ၏ ကမ္ဘာ့ဩဇာလွှမ်းမှု ပြန်လည်မြင့်တက်လာကြောင်း ပြောကြား ခဲ့သည်။

ဥရောပသမဂ္ဂ (EU) သည် အမေရိကန်ထုတ် စစ်ပစ္စည်းများအတွက် ကုန်ကျစရိတ် ၁၀၀% ပြန်လည်ပေးဆောင်ရမည်ဟု ထရမ့်က ပြောကြား ခဲ့ပြီး ထိုငွေများအနက် အများစုမှာ ယူကရိန်းသို့ ရောက်ရှိမည် ဖြစ်ကြောင်း၊ ၎င်း၏ ဖိအားပေးမှုကြောင့် NATO အဖွဲ့ဝင်နိုင်ငံများသည် ကာကွယ်ရေး အသုံးစရိတ်ကို GDP ၏ ၂% မှ ၅% အထိ တိုးမြှင့်ရန် သဘောတူညီခဲ့ ကြသည်ဟု ဆိုသည်။

Politico နှင့် DW တို့က NATO အကြီးအကဲ မာ့ခ်ရတ်က ထရမ့်အား "တစ်ခါတစ်ရံ စကားပြောကြမ်းသော အဖေကြီး" ဟု ရည်ညွှန်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါပြောဆိုမှုသည် အနောက်နိုင်ငံများ၏ မီဒီယာများ တွင် အငြင်းပွားဖွယ်ရာ ဖြစ်စေခဲ့ပြီး The Washington Post က "ခေတ်သစ်သမိုင်းတွင် အရှက်ရဆုံး အဖြစ်အပျက်များထဲမှ တစ်ခု" ဟု ဝေဖန်ခဲ့သည်။

CNN နှင့် France 24 တို့က ထရမ့်၏ ပြောဆိုချက်များသည် NATO အဖွဲ့ဝင်နိုင်ငံများအကြား စိတ်မသက်မသာဖြစ်မှုများ ရှိစေကြောင်း ဖော်ပြ ခဲ့သည်။ AP နှင့် AFP တို့၏ သတင်းများအရ ဥရောပ ခေါင်းဆောင် အချို့က ထရမ့်၏ စကားလုံးများကို "အလွန်အမင်း အာဏာပြကာ စော်ကားသည့် ဟန်ဖြင့်" သုံးနှုန်းမှုအဖြစ် မှတ်ချက်ပြုခဲ့ကြသည်။

ထရမ့်၏ ပြောကြားချက်များသည် NATO အဖွဲ့အတွင်း ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်ဟု နိုင်ငံတကာ မီဒီယာများက သုံးသပ်ထားကြပြီး ဥရောပနှင့် အမေရိကန်ကြား မဟာမိတ်စည်းလုံးညီညွတ်ရေးအတွက် စိုးရိမ်မှုများ ရှိနေကြောင်း The New York Times နှင့် Financial Times တို့က ရေးသားခဲ့ကြသည်။

ကိုးကား- International News

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ဘရာဇီးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး ကတိပြု

တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်း ရှိရေး၊ ပြင်ပမှ မရေရာမှုများကို ထိထိရောက်ရောက် တန်ပြန်ရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ တည်ငြိမ်မှုနှင့် အပြန်အလှန် အကျိုးပြုမှု ကို ထိထိရောက်ရောက် အသုံးချရေးအတွက် ဘရာဇီးနိုင်ငံနှင့် လက်တွဲ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၆ ရက်၌ ပြောကြားခဲ့သည်။ 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲလည်းဖြစ်သူ ဝမ်က ဘရာဇီး နိုင်ငံ သမ္မတ၏ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် ဆယ်လ်ဆို အာမိုရင်မ်နှင့် တယ်လီဖုန်းပြောဆိုစဉ်အတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် ဘရာဇီးနိုင်ငံ သမ္မတ လူးဝစ်စ် အီနာစီယို လူလာဒါဆေးလ်ဗားတို့၏ မဟာဗျူဟာမြောက် လမ်းညွှန်မှု  အရ တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့မှာ ပိုမိုတရားမျှတ၍ ပိုမို ရေရှည်  တည်တံ့သော ကမ္ဘာကြီးအတွက် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်မှုအား အားပေးမြှင့်တင်ရန် အတူတကွ ကြိုးပမ်း အားထုတ် လျက်ရှိကြောင်း၊ ယင်းမှာ ဗဟုဝင်ရိုးကမ္ဘာ အခင်းအကျင်းအား အားပေး မြှင့်တင်ရာတွင်လည်းကောင်း၊ နိုင်ငံတကာ စည်းမျဉ်းများနှင့် စည်းစနစ် တို့အား ထိန်းသိမ်းကာ ကမ္ဘာကြီး၏ ဘက်မလိုက်မှု၊ တရားမျှတမှုတို့ကို ကာကွယ်ရာတွင်လည်းကောင်း ဖွံ့ဖြိုးဆဲ နိုင်ငံကြီးနှစ်နိုင်ငံ၏ ဘုံမျှော်မှန်းချက် နှင့် တာဝန်သိစိတ်တို့ကို ထင်ဟပ်စေသည်ဟု ဝမ်က အလေးအနက် ပြောကြားခဲ့သည်။ 

ဘရာဇီးနိုင်ငံအနေဖြင့် ယင်း၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးအား ကာကွယ်ရာတွင်လည်းကောင်း၊ တစ်ဖက်သတ် စည်းကြပ်ခွန်များဖြင့် ဗိုလ်ကျအနိုင်ကျင့်သည့် လုပ်ရပ်များကို ဆန့်ကျင်ရာတွင်လည်းကောင်း တရုတ်နိုင်ငံက ခိုင်ခိုင်မာမာ ထောက်ခံအားပေးလျက်ရှိသည်ဟု ဝမ်က အလေးအနက်ပြောကြားခဲ့သည်။ ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့တွင် အင်အားအကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည့်အလျောက် တရုတ် နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့မှာ အစဉ်သဖြင့် အပြန်အလှန် ဖေးမကူညီကာ နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်လျက် မိမိတို့၏ တရားဝင် အကျိုးစီးပွား နှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ဘုံအကျိုးစီးပွားတို့ကို ခိုင်ခိုင်မာမာ ကာကွယ်လျက်ရှိသည်။ 

အာမိုရင်မ်ကလည်း ဘရာဇီးနိုင်ငံအနေဖြင့် ကုန်သွယ်ရေး၊ ဘဏ္ဍာရေး နှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန် ဆန္ဒရှိသကဲ့သို့ BRICS ယန္တရားကို ဆက်လက် အဆင့်မြှင့် တင်ရေး၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအကြား စည်းလုံးညီညွတ်မှုနှင့် မိမိဘာသာဖူလုံမှု ခိုင်ခိုင်မာမာရှိရေး၊ နိုင်ငံတကာ၏ ဘက်မလိုက်မှုနှင့် တရားမျှတမှုတို့ကို ထိန်းသိမ်းရေးအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ယူကရိန်း အကျပ်အတည်းနှင့် စပ်လျဉ်း၍ ဘရာဇီးသမ္မတ၏ အကြံပေး ပုဂ္ဂိုလ်နှင့် အမြင်ချင်းဖလှယ် ဆွေးနွေးရာ၌ ဝမ်က ယင်းအကျပ်အတည်း အား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမှုကို အထောက်အကူဖြစ်စေရန်အလို့ငှာ နှစ်နိုင်ငံအနေဖြင့် ထိတွေ့ဆက်ဆံမှုများကို ဆက်လက် ထိန်းသိမ်းရန်၊ အပစ်အခတ်ရပ်စဲမှုရရှိရေးနှင့် ငြိမ်းချမ်းရေးမိတ်ဆွေများအဖွဲ့ငယ် (Group of Friends for Peace) မှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုများကို အထောက်အကူ ပေးရေးအတွက် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအကြား ပိုမိုကျယ်ပြန့် သည့် ဘုံသဘောတူညီမှု ရရှိရေးအတွက် အတူတကွကြိုးပမ်းသွားရန် တိုက်တွန်းပြောကြားခဲ့သည်။

ကိုးကား- Xinhua

ပူတင်နှင့် ထရမ့်၏ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် နှင့် တွေ့ဆုံဆွေးနွေးမှုကို စတင်ခဲ့ကြောင်း ကရင်မလင်မှ ထုတ်ပြန်ခဲ့သည်။ အထူးကိုယ်စားလှယ် အဖြစ် ရုရှားသို့ အကြိမ်ကြိမ်လာရောက်ခဲ့ဖူးသော ဝစ်ကော့ဖ်သည် ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၇) နံနက်ပိုင်းတွင် မော်စကိုရောက်ရှိခဲ့ပြီး ထရမ့်က အောင်မြင်မှု (သို့) ကျရှုံးမှု တစ်ခုဖြစ်လာမည်ဟု သတ်မှတ်ထားသည့် သံတမန်ရေးရာ အရေးပါသော ခရီးစဉ်တစ်ခုဖြစ်သည်။

အမေရိကန်သမ္မတက ယူကရိန်းပဋိပက္ခ ဖြေရှင်းရေးတွင် တိုးတက်မှု မရှိပါက ရုရှားစွမ်းအင်ဝယ်ယူသူများအား အဆင့်ဆင့်ဒဏ်ခတ်မှုများ ချမှတ်မည်ဟု ခြိမ်းခြောက်ထားသည်။ ကရင်မလင်ဘက်မှလည်း အချုပ် အခြာအာဏာပိုင်နိုင်ငံများအား မော်စကိုနှင့် စီးပွားရေး ဆက်ဆံမှု ရပ်တန့်ရန် တောင်းဆိုချက်များသည် ဥပဒေအရ အခြေခံမရှိဟု တုံ့ပြန် ခဲ့သည်။

ဇန်နဝါရီလတွင် ရာထူးတာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ ထရမ့်သည် ရုရှားနှင့် အဆင့်မြင့်သံတမန်ဆက်သွယ်ရေး လမ်းကြောင်းများကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ၎င်း၏ရှေ့အဆက် သမ္မတ ဂျိုးဘိုင်ဒင်၏ ရုရှားကို သီးခြား ဖြစ်စေသည့် ချဉ်းကပ်မှုမူဝါဒကို ပြောင်းလဲခဲ့သည်။ ထရမ့်အစိုးရက နျူကလီးယား စူပါအင်အားကြီးနိုင်ငံနှစ်ခုကြား ထိတွေ့ဆက်ဆံမှုသည် အရေးကြီးပြီး အပြန်အလှန်အကျိုးကျေးဇူးရရှိနိုင်သည်ဟု ကြေညာ ခဲ့သည်။

သို့သော် ထရမ့်၏ ငြိမ်းချမ်းရေးသဘောတူညီမှုရရှိရေး ကြိုးပမ်းမှုများ သည် ရေရာသည့်ရလဒ်များ မရရှိသည့်အတွက် ၎င်း၏ ထုတ်ပြန်ချက် များအရ စိတ်ပျက်နေကြောင်း သိရသည်။ မော်စကိုဘက်မှလည်း သံတမန် နည်းလမ်းကို ဦးစားပေးသော်လည်း အမျိုးသားလုံခြုံရေးကို ထိပါးလာ နိုင်သည့် နေတိုးမဟာမိတ်ဖြစ်သော ရန်သူတစ်ဦး နယ်နိမိတ် ကပ်လျက် ရှိနေခြင်းကို ခွင့်မပြုဟု ဆိုသည်။

ကိယက်ဗ်မှလည်း အနောက်နိုင်ငံများအား ၎င်းတို့၏ စစ်ရေး အထောက်အပံ့ များ တိုးမြှင့်ရန်နှင့် ရုရှားအပေါ် ပိုမိုထိရောက်သောဒဏ်ခတ်မှုများလုပ်ဆောင်ရန်တောင်းဆိုမှုကို ဆက်လက်ပြုလုပ်နေသည်။ ဥရောပ အစိုးရအချို့ကလည်း ယူကရိန်းသို့ လက်နက်ထောက်ပံ့မှုများ ဆက်လက် ပြုလုပ်နိုင်ရန် အမေရိကန်ထံမှ လက်နက်ဝယ်ယူရန် တောင်းဆိုနေ ကြသည်။

ကိုးကား- RT

ရမ်မာဒမ်မတိုင်မီ ရွေးကောက်ပွဲကျင်းပရန် ရွေးကောက်ပွဲ ကော်မရှင်ကို ယူနွတ်က တောင်းဆို

အင်္ဂါနေ့ (ဩဂုတ် ၅) တွင် အကြံပေးခေါင်းဆောင် ဒေါက်တာ မိုဟာမက်ယူနွတ်က ရွေးကောက်ပွဲ ကော်မရှင် ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရမ်မာဒမ်မတိုင်မီ  အထွေထွေရွေးကောက်ပွဲ ကျင်းပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်ရန် တောင်းဆိုလိုက်ပါကြောင်း ဩဂုတ် ၅ ရက်နေ့ ဒါကာ ထရီဗျူး သတင်းတွင် ဖော်ပြပါရှိပါသည်။ “ယခု အချိန်သည် မိမိတို့၏ နောက်ဆုံးလုပ်ငန်း တာဝန် ဖြစ်သည့်  ရွေးကောက်ပွဲ ကျင်းပပေးရေးကို ဖြည့်ဆည်းဆောင်ရွက်ရန် အချိန်အခါ ဖြစ်ပါကြောင်း၊ မိမိ တို့၏ တာဝန်ယူရသည့် အရေးအကြီးဆုံးသော နောက်ဆုံး အခန်းကဏ္ဍသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ရွေးကောက်ခံ အစိုးရကို အာဏာလွှဲအပ်ရေး လုပ်

အင်္ဂါနေ့ (ဩဂုတ် ၅) တွင် အကြံပေးခေါင်းဆောင် ဒေါက်တာ မိုဟာမက်ယူနွတ်က ရွေးကောက်ပွဲ ကော်မရှင် ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရမ်မာဒမ်မတိုင်မီ  အထွေထွေရွေးကောက်ပွဲ ကျင်းပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်ရန် တောင်းဆိုလိုက်ပါကြောင်း ဩဂုတ် ၅ ရက်နေ့ ဒါကာ ထရီဗျူး သတင်းတွင် ဖော်ပြပါရှိပါသည်။ “ယခု အချိန်သည် မိမိတို့၏ နောက်ဆုံးလုပ်ငန်း တာဝန် ဖြစ်သည့်  ရွေးကောက်ပွဲ ကျင်းပပေးရေးကို ဖြည့်ဆည်းဆောင်ရွက်ရန် အချိန်အခါ ဖြစ်ပါကြောင်း၊ မိမိ တို့၏ တာဝန်ယူရသည့် အရေးအကြီးဆုံးသော နောက်ဆုံး အခန်းကဏ္ဍသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ရွေးကောက်ခံ အစိုးရကို အာဏာလွှဲအပ်ရေး လုပ်ငန်းစဉ်များကို မိမိတို့ စတင်ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။” အကြံပေးခေါင်းဆောင်က Student-People Uprising Day အခမ်းအနား၌ နိုင်ငံတော်သို့ အသိပေးပြောကြားလိုက်ခြင်းဖြစ်ပါသည်။

ကြားဖြတ်အစိုးရကိုယ်စား ရွေးကောက်ပွဲကော်မရှင် အကြီးအကဲထံ  ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ အတွင်း လာမည့် ရမ်မာဒမ်ကာလမတိုင်မီ ရွေးကောက်ပွဲကျင်းပပေးရန် စာရေးသား တောင်းဆိုခဲ့ကြောင်း ယူနွတ်က ထပ်လောင်း ပြောကြားပါသည်။ “မိမိအနေဖြင့် အားလုံးကို ရွေးကောက်ပွဲ အောင်မြင် ချောမွေ့စွာ ကျင်းပနိုင်ရေး ဆုတောင်းပေးကြရန် တိုက်တွန်းပါသည်၊ သို့မှသာ နိုင်ငံသားအားလုံး အောင်အောင်မြင်မြင်နှင့် ရှေ့သို့ တက်လှမ်းပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသစ်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။  အစိုးရကိုယ်စား ရွေးကောက်ပွဲကို မျှတ၊ ငြိမ်းချမ်းစွာ နှင့် ခြိမ့်ခြိမ့်သဲသဲ ကျင်းပနိုင်ရေး မိမိတို့ လိုအပ်သည့် ထောက်ပံ့မှုများ ပေးသွားမှာ ဖြစ်ပါသည်” ဟု ပြောကြားခဲ့ပြီး၊” “နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်ထင်ကျန် ရစ်ခဲ့မည့် ကြည်ရွှင်သော စိတ်၊ ငြိမ်းချမ်း၍ တရားမျှသော၊ မဲဆန္ဒရှင် ပြည်သူ လူထုအတွက် သဟဇာတ ဖြစ်စေမည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နံနက်ဖြန် မှစ၍ မိမိတို့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများကို စတင်ကြရမှာ ဖြစ်ပါကြောင်း”  ထပ်လောင်း ပြောကြားပါသည်။   

၂၀၂၆ ခုနှစ်တွင် ရမ်မာဒမ်ကာလသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် စတင်လိမ့်မည်ဟု ခန့်မှန်းရပါသည်။

ကိုးကား- DakhaTribune

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ၊ ဝန်ကြီးဌာန(၂)

သတင်းအချက်အလက်များ ရယူနိုင်ရေး ပြည့်တန်ဆာများကို အသုံးပြုခဲ့ကြောင်း ယူကရိန်း ထိပ်တန်းထောက်လှမ်းရေးအရာရှိ ဝန်ခံ

ယူကရိန်း၏ စစ်ရေးထောက်လှမ်းရေးအဖွဲ့ (HUR) ခေါင်းဆောင် Kirill Budanov က လိင်အလုပ်သမားများအား သတင်းအချက်အလက်များ ရယူရန် အသုံးပြုကြောင်း ဝန်ခံခဲ့သည်။ အင်္ဂါနေ့ (ဩဂုတ် ၅) တွင် ထုတ်ပြန်ခဲ့သော ယူကရိန်းသတင်းထောက် Ramina Eshakzai နှင့် အင်တာဗျူးတစ်ခုတွင် "ဗြိတိန်ထောက်လှမ်းရေးစနစ်တွင် အသုံးများ သည့် နည်းလမ်းဖြစ်သည့် ပြည့်တန်ဆာများကိုအသုံးချကာ အချက်အလက် များစုဆောင်းခြင်းကို Kiev က အသုံးပြုခြင်းရှိ၊ မရှိ" မေးမြန်းမှုကို “ယောက်ျားများသည် ၎င်းတို့အစွမ်းထက်သည်ကို ပြသရန် အကြောင်းအရာ များကို မျှဝေတတ်ကြသည်မှာ အဆန်းမဟုတ်ပါ” ဟု Budanov က ဖြေကြားခဲ့သည်။

ထို့အပြင် ပုံမှန်အခြေအနေမျိုးတွင် ရယူရန်မဖြစ်နိုင်သည့် အထူး အချက် အလက်များစွာကို အဆိုပါနည်းဖြင့် ရရှိခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောဆိုခဲ့သည်။ Budanov ၏ အဆိုအရ HUR တွင် တာဝန်ထမ်းဆောင် နေသည့် အမျိုးသမီးဝန်ထမ်းအရေအတွက်မှာ အလွန်မြင့်မားသော ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။

၎င်း၏ပြောကြားချက်အရ ယူကရိန်းထောက်လှမ်းရေးအဖွဲ့ဝင်များသည် တာဝန်ထမ်းဆောင်စဉ် စီးပွားရေးလုပ်ငန်းရှင်၊ သတင်းသမားနှင့် အခြား အလုပ်အကိုင်များကို ဟန်ပြလုပ်ကိုင်ကာ ဘဝနှစ်မျိုးဖြင့် ရုရှားတွင် နေထိုင် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။

ယူကရိန်းတပ်များ စစ်မြေပြင်တွင် ရှုံးနိမ့်လာသည်နှင့်အမျှ ရုရှား နယ်မြေအတွင်း လုပ်ကြံသတ်ဖြတ်မှုများနှင့် ဖျက်ဆီးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်လာကြောင်း အချက်အလက်များအရ သိရသည်။

ယူကရိန်းပဋိပက္ခ အရှုပ်တော်ပုံမှ အမေရိကန်ဆုတ်ခွာနိုင်ရန် ကြိုးစား နေကြောင်း ထရမ့်ပြော

ဩဂုတ်လ ၅ ရက်နေ့တွင် သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းတွင် တိုးမြှင့် ဆောင်ရွက်နေသည့် အင်အားသုံး စစ်မှုထမ်းဆောင်ရေး ကမ်ပိန်းကြောင့် အမေရိကန်အနေဖြင့် ယူကရိန်းအား မည်သည့်အတွက်ကြောင့်ထောက်ပံ့မှုများ ဆက်လက်ပေးအပ်နေသနည်းဟု မေးမြန်းမှုကို "ယင်းမှာ ဘိုင်ဒင့်စစ်ပွဲသာဖြစ်ပြီး ကျွန်တော့်စစ်ပွဲမဟုတ်ပါ။ ထိုအရှုပ်ကြီးကနေ အမေရိကန်ကို ထုတ်ပေးရန်အတွက် ယခုနေရာသို့ရောက်နေခြင်းပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။ သတင်းထောက်က ယူကရိန်းခေါင်းဆောင် ဇီလန်စကီး၏ အသက် ၆၀ အထက် အမျိုးသားများအား စစ်မှုထမ်းရန် ခေါ်ယူသည့် ပြီးခဲ့သည့် ပြဋ္ဌာန်းချက်ကို ရည်ညွှန်းကာ မေးမြန်းခြင်း ဖြစ်သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း အမေရိကန်သမ္မတက မော်စကို အား ယူကရိန်းနှင့် စစ်ပြေငြိမ်းရေး လက်ခံစေရန် ဖိအားပေးရန်အတွက် ရုရှား၏ ကုန်သွယ်ဖက်များကို ပစ်မှတ်ထားသည့် ၁၀၀% အကောက်ခွန် နှင့် မြင့်မားသည့်ဒဏ်ခတ်မှုများ ချမှတ်ရန် ခြိမ်းခြောက်ခဲ့ပြီး ရုရှားက ထိုအစီအမံများအား တရားမဝင်ဟု ရှုတ်ချခဲ့သည်။

ထရမ့်အား ၎င်းခြိမ်းခြောက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆင်သင့်ရှိ၊မရှိ မေးမြန်းမှုနှင့်ပတ်သက်၍ ၎င်း၏ အထူးကိုယ်စားလှယ် Steve Witkoff ပါဝင်သည့် ရုရှားနိုင်ငံတွင် ယခုသီတင်းပတ်အတွင်းကျင်းပမည့် အစည်းအဝေးအပြီးမှသာ ဆုံးဖြတ်ချက်ချမှတ်မည်ဟု ဖြေကြား ခဲ့သည်။

ကိုလံဘီယာ သမ္မတဟောင်း Álvaro Uribe အား နေအိမ် အကျယ်ချုပ် ချမှတ်

ကိုလံဘီယာနိုင်ငံ၏ သမ္မတဟောင်း Álvaro Uribe အား လုပ်ထုံး လုပ်နည်းဆိုင်ရာ လိမ်လည်မှုနှင့် သက်သေခံများအား လာဘ်ပေး လာဘ်ယူ ပြုလုပ်မှုတို့အတွက် အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် နေအိမ် အကျယ်ချုပ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ Uribe သည် အပြစ်မရှိဟု ငြင်းဆိုခဲ့ပြီး ၎င်း၏ရှေ့နေက အယူခံတင်သွင်းမည်ဟု ယခင်ကတည်းက ကြေညာ ခဲ့သည်။

ဘိုဂိုတာမြို့ရှိ ၄၄ ကြိမ်မြောက် ရာဇဝတ်တရားရုံး၏ တရားသူကြီး Sandra Heredia က သမ္မတဟောင်းအား အခြားစွဲချက်တစ်ခုမှ လွှတ်ပေး ခဲ့သော်လည်း စစ်ဆေးချက်များအရ အပြစ်ရှိကြောင်းတွေ့ရှိပြီး လေးရက် အကြာတွင် ယခုအမိန့်ကို ကြေညာခဲ့သည်။ ၂၀၀၂ ခုနှစ်မှ ၂၀၁၀ ခုနှစ် အထိ ကိုလံဘီယာနိုင်ငံကို အုပ်ချုပ်ခဲ့သော အသက် ၇၃ နှစ်ရှိ Uribe သည် နိုင်ငံ၏ ပထမဆုံးသော ‘ရာဇဝတ်မှုဆိုင်ရာအပြစ်ရှိကြောင်း ပြစ်ဒဏ် ချမှတ်ခံရသည့်’ သမ္မတဟောင်းတစ်ဦး ဖြစ်လာခဲ့သည်။

အဆိုပါအမှုကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပြီး Uribe က လက်ရှိအာဏာရ Historic Pact ပါတီမှ ဆီးနိတ်လွှတ်တော်အမတ် အီဗန်ဆီပီဒါအား စစ်မှုထမ်းအဖွဲ့တစ်ခုဖွဲ့စည်းရန် ကြိုးပမ်းမှုနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲခဲ့ပြီး ဆီပီဒါက စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ကိုလံဘီယာနိုင်ငံ၏ အမြင့်ဆုံးတရားရုံးက Uribe အား သက်သေခံ များအား လာဘ်ပေးလာဘ်ယူပြုလုပ်မှုဖြင့် စုံစမ်းစစ်ဆေးရန် ဆုံးဖြတ် ခဲ့ပြီးနောက် အခြေအနေများ ပြောင်းလဲသွားခဲ့သည်။

Uribe ၏ ခုခံကာကွယ်မှုဖြင့် နှစ်ပေါင်းများစွာ စုံစမ်းစစ်ဆေးမှုများနှင့် တရားရေး ဆိုင်ရာ အယူခံဝင်မှုများပြီးနောက်၊ ၂၀၂၄ ခုနှစ် မေလတွင် ကိုလံဘီယာအစိုးရရှေ့နေရုံးက ၎င်းအား ရာဇ၀တ်မှု သုံးခုဖြစ်သည့် လုပ်ထုံးလုပ်နည်း လိမ်လည်မှု၊ ရာဇ၀တ်မှုဆိုင်ရာ လာဘ်ပေးလာဘ် ယူမှုနှင့် လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် တရားဝင် တရားစွဲဆိုခဲ့သည်။ ထိုစွဲချက်များကြောင့် ၆၇ ရက်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီး ယခုသီတင်းပတ် တွင် အဆုံးသတ်ခဲ့သည်။

Uribe သည် တရားစွဲဆိုမှုတစ်လျှောက်လုံး အပြစ်မရှိဟု ငြင်းဆိုခဲ့ပြီး ၎င်း၏ ရပ်တည်ချက်ကို သမ္မတဟောင်း Iván Duque နှင့် အခြား အတိုက် အခံနိုင်ငံရေးသမားများက ထောက်ခံခဲ့ကြသည်။ သို့သော် အစိုးရနှင့် နီးစပ်သော ပုဂ္ဂိုလ်များက အဆိုပါဆုံးဖြတ်ချက်ကို တရားမျှတမှု၏ အထိမ်းအမှတ်အဖြစ် မှတ်ယူကာ ကြိုဆိုခဲ့ကြသည်။

အီဗန်ဆီပီဒါက ယခုဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး "ယခုအမှုတွင် ဆက်လက် ဆောင်ရွက်ရမည့်အရာ အများကြီး ကျန်နေပါသည်" ဟု ဆီးနိတ် လွှတ်တော် အမတ်က ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

အမေရိကန်က‌ ဘရာဇီးတရားရုံး၏ အမိန့်ကို ပြစ်တင်ရှုတ်ချ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဘရာဇီးအမြင့်ဆုံးတရားရုံး၏ အမိန့်ကို ပြစ်တင်ရှုတ်ချခဲ့သည်။ ယင်းအမိန့်အရ သမ္မတဟောင်း Jair Bolsonaro အား နေအိမ်အကျယ်ချုပ်ဖြင့် အရေးယူမည်ဖြစ်ပြီး၊ ၂၀၂၂ ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းရန် ကြံစည်မှုဖြင့် စွဲချက်တင် စစ်ဆေးနေဆဲဖြစ်သည်။

တရားသူကြီး Alexandre de Moraes က Bolsonaro သည် လူမှု မီဒီယာအသုံးပြုခြင်းနှင့် ဖုန်းအသုံးပြုခြင်းဆိုင်ရာ တရားရုံး၏ ကန့်သတ်ချက်များကို လိုက်နာခြင်းမရှိဟု ဆိုကာ နေအိမ် အကျယ်ချုပ် အမိန့်ထုတ်ပြန်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားသူကြီး Moraes ၏ အမိန့်ကို "အတိုက်အခံများကို နှိပ်ကွပ်ရန်နှင့် ဒီမိုကရေစီကို ခြိမ်းခြောက်ရန် ဘရာဇီးအဖွဲ့အစည်းများကို အသုံးပြုခြင်း" ဟု ဝေဖန် ခဲ့သည်။

Bolsonaro အား နေအိမ်အကျယ်ချုပ်ဖြင့် အရေးယူခြင်းနှင့်အတူ ဧည့်သည် များနှင့်တွေ့ဆုံခြင်း၊ ဖုန်းအသုံးပြုခြင်းကိုလည်း တားမြစ်ထားသည်။ ၎င်း၏ အကြီးဆုံးသားဖြစ်သူ Senator Flavio Bolsonaro က အဆိုပါ ဆုံးဖြတ်ချက်ကို "ဘရာဇီးနိုင်ငံ၏ သမိုင်းစာမျက်နှာအတွက် ဝမ်းနည်းဖွယ် အကြောင်းအရာဖြစ်စေခဲ့သည်" ဟု ဝေဖန်ခဲ့သည်။

အမေရိကန်သမ္မတ Donald Trump က ထိုကိစ္စကို နိုင်ငံရေးအရ လုပ်ကြံမှုဟုဆိုကာ ဘရာဇီးနိုင်ငံအား မြင့်မားသည့် ကုန်သွယ်ရေးအခွန် များ သက်ရောက်စေခဲ့သည်။ ဘရာဇီးလက်ရှိအစိုးရနှင့် လက်တင် အမေရိက နိုင်ငံများစွာက အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုကို ကန့်ကွက် ခဲ့သည်။ ဘရာဇီးသမ္မတ Lula က အမေရိကန်၏ လုပ်ရပ်များကို "လက်မခံနိုင်ဟု" ပြောကြားခဲ့သည်။