ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေ သုံးပုံတစ်ပုံသည် အစာရေစာ မစားသုံးရသည်မှာ ရက်ပေါင်း အနည်းငယ် ကြာပြီဖြစ်ကြောင်း၊ ကလေးငယ်များ တစ်နေ့တစ်ခြား ပိန်လှီလာရာ ဂါဇာကမ်းမြောင် ဒေသ၏ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းက အံ့ဩထိတ်လန့်ဖွယ်ရာဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ယူထားသည့် ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကူညီကယ်ဆယ်မှု ညှိနှိုင်းရေးမှူး Tom Fletcher က ဇူလိုင် ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသအပေါ် ထောက်ပံ့အားပေးမှုကို တိုးချဲ့သွားမည်ဟု မကြာမီရက်ပိုင်းက အစ္စရေးဘက်က ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့အပေါ် Tom Fletcher က ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းက စဉ်ဆက်မပြတ်၊ လျင်မြန်သောလှုပ်ရှားမှုနှင့် ပမာဏအများအပြား ကူညီ ပံ့ပိုးမှုများဖြင့် ဂါဇာကမ်းမြောင်ဒေသ ငတ်မွတ်ခေါင်းပါးမှုနှင့် ကပ်ဘေးအသွင် ကျန်းမာရေးအကျပ် အတည်းကို ရှောင်ရှားရန်လိုအပ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် လူသားချင်းစာနာ ထောက်ထားမှု အဖွဲ့အစည်းဌာနများက အတတ်နိုင်ဆုံး ပိုမိုများပြားသည့် လူ့အသက်များကို ကယ်ဆယ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းများအရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် သေဆုံးသူ ၅၉,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် ကလေးသူငယ် ၁၈,၀၀၀ နီးပါး ပါဝင်ကြောင်း Tom Fletcher က ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေကို မုချမသွေ လေးစားရမည် ဖြစ်ကြောင်း၊ ကူညီထောက်ပံ့ရေးပစ္စည်းများကို တားဆီးခြင်း၊ ကြန့်ကြာစေခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းပြု၍မရကြောင်း၊ ဓားစာခံများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမည် ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ “ကျွန်တော်တို့ နောက်ဆုံးလိုအပ်တာက ယာယီ ရပ်တန့်ရုံတင်မဟုတ်ပါဘူး၊ ထာဝရအပစ်ရပ်ဖို့ လိုအပ်တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
အစ္စရေး၏ ဆက်တိုက်စစ်ရေးလှုပ်ရှားမှုများကြောင့် ဂါဇာကမ်းမြောင်ဒေသအခြေအနေသည် အလွန် ဆိုးရွားလာသလို ဆက်လက်၍ ဆိုးရွားနေဆဲဖြစ်ကြောင်း၊ ယင်းဒေသ ငတ်မွတ်ခေါင်းပါးမှုအကျပ် အတည်း ပို၍ပြင်းထန်လာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က မကြာမီရက်ပိုင်းတွင် ပြောကြားခဲ့သည်။
အစ္စရေး ကာကွယ်ရေးတပ်က ဇူလိုင် ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ထိုနေ့မှစ၍ နေ့စဉ် နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ သတ်မှတ်နေရာများရှိ စစ်ရေးလှုပ်ရှားမှုများကို ယာယီရပ်တန့်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ကုလသမဂ္ဂနှင့် လူသားချင်း စာနာမှု အကူအညီအဖွဲ့အစည်းများ၏ ယာဉ်တန်းသွားလာမှု လုံခြုံရေး သေချာစေရန်၊ ဂါဇာ ကမ်းမြောင်ဒေသ ပြည်သူလူထုထံသို့ စားစရာနှင့် ဆေးဝါးများ ပို့ဆောင်ဝေငှနိုင်ရန် ဇူလိုင် ၂၇ ရက်မှ စ၍ နေ့စဉ် နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ သတ်မှတ်ထားသည့် “လုံခြုံရေးလမ်းကြောင်း” အသက်ဝင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား- ဆင်ဟွာ

ရီပတ်ဘလီကန် ကွန်ဂရက်အမတ် Marjorie Taylor Greene က ဂါဇာ တွင် ဖြစ်ပွားနေသော အခြေအနေမှာ "လူမျိုးတုံးသတ်ဖြတ်မှု" (genocide) ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီး ဂါဇာခရိုင်အတွင်း ပိုမိုဆိုးရွားလာ နေသော လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းနှင့် အစာ ငတ်မွတ်ခေါင်းပါးမှုများကို ပြစ်တင်ဝေဖန်ခဲ့သည်။ ထို့အပြင် ၎င်းက အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမက်အဖွဲ့က တိုက်ခိုက်စဉ် အကျဉ်းသားအဖြစ် ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန် တောင်းဆို ခဲ့သည်။

"အောက်တိုဘာ ၇ ရက်က အစ္စရေးမှာ ဖြစ်ခဲ့သည်က ကြောက်မက်ဖွယ် ကောင်းပြီး အကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရန် လိုအပ်ကြောင်း ပြောဆိုခြင်းသည် အမှန်ကန်ဆုံးနှင့် အလွယ်ဆုံးပါပဲ။ သို့သော် ဂါဇာမှာ ဖြစ်နေသည့် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းနှင့် အစာငတ်မွတ်မှုများကလည်း အလားတူပါပဲ" ဟု Greene က ဇူလိုင် ၂၉ ရက်နေ့က X တွင် ရေးသားခဲ့သည်။
၎င်းမှာ ကွန်ဂရက်အမတ် Randy Fine ၏ အငြင်းပွားဖွယ် တွစ်တာ ရေးသားမှုကို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ Fine က "အကျဉ်းသားတွေကို လွှတ်ပေးပါ၊ မလွှတ်သေးသရွေ့ ငတ်နေပါစေ" ဟု လွန်ခဲ့သည့် သီတင်းပတ် က ရေးသားခဲ့ပြီး ဂါဇာတွင် အစာငတ်မွတ်မှုဆိုင်ရာ ထုတ်ပြန်မှုများမှာ "မွတ်စ်လင်အကြမ်းဖက်ဝါဒ၏ လှုံ့ဆော်မှုများ" ဖြစ်သည်ဟု ညွှန်းဆို ခဲ့သည်။ Greene က ထိုရေးသားမှုကို ဝေဖန်ကာ အဆိုပါအမတ်၏ "ဆိုးဝါးသည့် ထုတ်ပြန်ချက်သည် ဂျူးဆန့်ကျင်ရေးဝါဒကို ပိုမိုမြင့်တက် စေလိမ့်မည်" ဟု အတိအလင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်အတွင်း၌ ကုလသမဂ္ဂက ဂါဇာဒေသရှိ အခြေ အနေမှာ အငတ်ဘေးအဖြစ် သတ်မှတ်ခံရန် တစ်လှမ်းသာလိုကြောင်း သတိပေးခဲ့သည်။ UN ၏ အစားအစာဖူလုံရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့ IPC က "လွန်စွာဆိုးရွားနေသော အစာရေစာခေါင်းပါးမှု၊ အာဟာရချို့တဲ့မှု နှင့် ရောဂါများသည် အငတ်ဘေးနှင့်ဆက်စပ်သော သေဆုံးမှုများကို ဖြစ်စေ နေသည်" ဟု ဖော်ပြခဲ့သည်။
အနောက်ဂျေရုဆလင်အစိုးရက ရည်ရွယ်ချက်ရှိရှိ အစာငတ်မွတ်စေသည် ဟူသော စွပ်စွဲချက်များကို ငြင်းဆိုကာ အကူအညီဖြန့်ဖြူးရာတွင် စီမံ ခန့်ခွဲမှု အားနည်းချက်ကို အပြစ်တင်ခဲ့ပြီး ဟားမက်အဖွဲ့သည် ထောက်ပံ့ ရေး ကားများကို လုယက်ခြင်းနှင့် အစားအစာများ ခိုးယူခြင်းများ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။
နိုင်ငံတကာဖိအားများ တိုးမြင့်လာပြီးနောက် အစ္စရေးသည် အစားအစာ များ လေကြောင်းမှချပေးမှုကို ဇူလိုင် ၂၇ ရက်တွင် ပြန်လည်စတင်ရန် ကတိပြုခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု ကူညီထောက်ပံ့ရေး ယာဉ်များ ဂါဇာသို့ဝင်ရောက်နိုင်ရန် တိုက်ပွဲများကို ခေတ္တရပ်နားမည်ဟု ကြေညာခဲ့သည်။ ကုလသမဂ္ဂ၏အဆိုအရ ကူညီထောက်ပံ့ရေးယာဉ် ၁၀၀ ကျော် ဂါဇာခရိုင်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်ဟု သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အာဖရိကသမဂ္ဂ (African Union) ၊ အာရပ်အဖွဲ့ချုပ် (Arab League) နှင့် ဆော်ဒီအာရေဗျတို့သည် ပဋိပက္ခဒဏ်ခံနေရသည့် ဆူဒန်နိုင်ငံတွင် အာဏာသိမ်းအထူးတပ်ဖွဲ့ (RSF) မှ စင်ပြိုင်အစိုးရ အဖွဲ့သစ်ဖွဲ့စည်းမည် ဟု ကြေညာချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

အာဖရိကသမဂ္ဂ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကောင်စီ (PSC) က အဆိုပါစင်ပြိုင်အစိုးရဖွဲ့စည်းမှုသည် RSF ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Mohamed Hamdan Dagalo (Hemedti) နှင့် ဆူဒန်တပ်မတော် (SAF) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Abdel Fattah Al-Burhan တို့အကြား နှစ်နှစ်ကျော်ကြာ ဖြစ်ပွားနေသော ပဋိပက္ခကို ပိုမိုရှုပ်ထွေးစေမည်ဟု ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် သတိပေးခဲ့သည်။
PSC က "ဆူဒန်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားကြောင်း ထပ်လောင်းအတည်ပြုပြီး အာဖရိကသမဂ္ဂဝင် နိုင်ငံ များနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအားလုံးကို စင်ပြိုင်အစိုးရဟုခေါ်တွင် သော အဖွဲ့အစည်းကို အသိအမှတ်မပြုရန် နှင့် ထောက်ခံခြင်းမပြုရန် တိုက်တွန်းသည်" ဟု ဖော်ပြခဲ့သည်။
RSF နှင့် မဟာမိတ်ဖွဲ့ထားသော နိုင်ငံရေးအဖွဲ့ချုပ် TASIS ၏ ခေါင်းဆောင် များက ဇူလိုင် ၂၆ ရက်နေ့တွင် "လွတ်လပ်မှု၊ တရားမျှတမှုနှင့် ညီမျှမှု အပေါ် အခြေခံသည့် စည်းလုံးညီညွတ်သော နိုင်ငံတော်" တည်ဆောက်ရန် ကတိပြုသည့် အစိုးရအဖွဲ့သစ်ဖွဲ့စည်းပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်းတို့က RSF တပ်မှူး Dagalo အား ၁၅ ဦးပါဝင်သော သမ္မတ ကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပြီး တောင်ကော်ဒိုဖန်ဒေသတွင် နယ်မြေ နှင့် တပ်ဖွဲ့များကို ထိန်းချုပ်ထားသည်ဟု ကြေညာထားသည့် သူပုန် ခေါင်းဆောင် Abdelaziz Adam al-Hilu အား ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။
၂၀၂၃ ခုနှစ် ဧပြီလအလယ်တွင် စစ်ပွဲမဖြစ်ပွားမီက RSF ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Dagalo သည် Sudanese Armed Forces (SAF) တပ်မှူး Gen. Abdel Fattah Al-Burhan နှင့်အတူ Transitional Sovereignty Council (TSC) အောက်တွင် အတူတကွ တာဝန်ထမ်းဆောင်ခဲ့ကြပြီး ၎င်းတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ်တွင် အာဏာရှင် သမ္မတဟောင်း Omar al-Bashir ကို ဖယ်ရှားခဲ့သည့် အာဏာသိမ်းမှုကို ပူးပေါင်းဦးဆောင်ခဲ့ ကြသည်။

ထိုင်းနိုင်ငံက နယ်စပ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားပါက ခိုင်မာသောဆုံးဖြတ်ချက်ချမှတ်ဆောင်ရွက်မည်ဟု သတိပေးလိုက်ပြီး ကမ္ဘောဒီးယား ဘက်မှမူ စစ်ပြေငြိမ်းရေးသဘောတူညီချက်ကို ဆက်လက်လိုက်နာ နေကြောင်း ပြောကြားလိုက်သည်။
ထိုင်းစစ်တပ်က ဇူလိုင် ၃၀ ထုတ်ပြန်ချက်တွင် ကမ္ဘောဒီးယား စစ်တပ်မှ "ပစ်ခတ်မှုများပြုလုပ်ခြင်း၊ မော်တာလက်နက်ကဲ့သို့သော လက်နက်များ အထိ အသုံးပြုကာ" စီစကဲခရိုင် နယ်စပ်အနီး နေရာအချို့တွင် ထိုင်းစခန်း များကို တိုက်ခိုက်ကြောင်း စွပ်စွဲခဲ့သည်။

"အဆိုပါလုပ်ရပ်ကြောင့် မိမိတို့အနေဖြင့် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်း များနှင့်အညီ ကာကွယ်ရေးအခွင့်အရေးကို အသုံးပြုရပါမည်။ မိမိတို့သည် စစ်ပြေငြိမ်းရေးသဘောတူညီချက်ကို တင်းကျပ်စွာလိုက်နာကာ အင်အား သုံးမှုပုံစံအားလုံးကို ခေတ္တရပ်စဲထားပြီး ဒေသတွင်းစစ်ရေးလှုပ်ရှားမှုများ လျှော့ချခဲ့သည်။ ဤသို့ဖြင့် နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေး၊ အပြန်အလှန် ယုံကြည်မှုနှင့် တည်ဆောက်နိုင်သောပူးပေါင်းဆောင်ရွက်မှုများအတွက် အခွင့်အလမ်းဖန်တီးပေးနိုင်မည်" ဟု ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုင်းအာဏာပိုင်များက သတိပေးချက်ထုတ်ပြန်ကာ "ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားပါက အချုပ်အခြာအာဏာကာကွယ်ရန်နှင့် ထိုင်းနိုင်ငံ သားများ၏ ဘေးကင်းလုံခြုံရေးအာမခံချက်ရရှိရန် လိုအပ်သော အစီအမံ များကို မဆုတ်မနစ် ဆောင်ရွက်မည်" ဟု ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ မာလီ ဆိုချီတာက ၎င်းတို့သည် ထိုင်းနှင့်စစ်ပြေငြိမ်းရေး သဘော တူညီချက်ကို တည်တံ့စွာလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း၊ အပြည်ပြည် ဆိုင်ရာဥပဒေ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနိယာမများနှင့် ဘက် ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများကို လိုက်နာမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
ဆိုချီတာက ကမ္ဘောဒီးယားအနေဖြင့် အိမ်နီးချင်းနိုင်ငံအားလုံးနှင့် အပြန် အလှန်လေးစားမှုနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးအပေါ် အခြေခံ၍ ငြိမ်းချမ်းပြီး မိတ်ဖက်ဆန်သော နယ်နိမိတ်တစ်ခုရှိလိုကြောင်း ပြောကြား ခဲ့သည်။
မေလ ၂၈ ရက်တွင် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် ၏ ညှိနှိုင်းမှုဖြင့် ကျင်းပခဲ့သော အစည်းအဝေးအပြီး ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ စစ်ပြေငြိမ်းရေးသဘောတူညီချက်ကို ရရှိခဲ့သည်။ ထိုင်းနှင့် ကမ္ဘောဒီးယား စစ်ဒေသကွပ်ကဲမှုအကြီးအကဲများက နယ်စပ်တစ်လျှောက် အခြားတပ်ဖွဲ့များ ထပ်မံတပ်စွဲခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်းမပြုရန် သဘောတူညီခဲ့ကြသည်။
သို့သော် ထိုင်းဘက်မှ ကမ္ဘောဒီးယားက သဘောတူညီချက်ကို ချိုးဖောက်ကာ ၎င်း၏စစ်စခန်းများကို တိုက်ခိုက်ခဲ့သည်ဟု နှစ်ကြိမ် တိုင်တိုင် စွပ်စွဲခဲ့သည်။ ကမ္ဘောဒီးယားဘက်မှမူ ထိုသတင်းများကို ငြင်းဆို ခဲ့ပြီး "စစ်ပြေငြိမ်းရေးကို အပြည့်အဝလိုက်နာနေပြီး ထိုင်းဘက်က လုပ်ကြံသတင်းများ ဖြန့်ဝေနေခြင်း" ဟု ပြန်လည်ရှုတ်ချခဲ့သည်။
ထိုင်းနိုင်ငံက နယ်စပ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားပါက "ပြင်းထန်သော အရေးယူမှုများ" ပြုလုပ်မည်ဟု သတိပေးထားသည်။ ကမ္ဘောဒီးယား ဘက်မှလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပိုမိုအားကောင်းလာစေရန် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပါဝင်မှုကို တိုက်တွန်းထားသည်။
ယခုပဋိပက္ခသည် နှစ်နိုင်ငံအကြား ၁၀ နှစ်ကျော်အတွင်း အပြင်းထန်ဆုံး ပဋိပက္ခဖြစ်ပွားမှုဖြစ်ပြီး လူသေဆုံးမှုများလည်း ရှိခဲ့သည်။ နှစ်နိုင်ငံ စလုံး သည် နယ်နိမိတ်အငြင်းပွားမှုများကို ဖြေရှင်းရန် နိုင်ငံတကာ အဖွဲ့အစည်း များ၏ ကြားဝင်ဆောင်ရွက်မှုကို မျှော်မှန်းလျက်ရှိသည်။
ကိုးကား- VN Express

အမေရိကန်နှင့် ဗြိတိန် အရာရှိများသည် ဗလာဒီမာ ဇီလန်စကီးအား ဖယ်ရှားပြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗာလယ်ရီ ဇာလူဇ်နီအား အစားထိုးရန် ယူကရိန်းထိပ်တန်းအာဏာပိုင်များနှင့် လျှို့ဝှက် တွေ့ဆုံခဲ့ သည်ဟု ရုရှား၏ နိုင်ငံခြားထောက်လှမ်းရေးဌာန (SVR) မှ ထုတ်ပြန် ခဲ့သည်။

ဇူလိုင် ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် SVR က အနောက်နိုင်ငံများမှ အရာရှိများသည် အယ်လ်ပိုင်းတောင်တန်းရှိ လျှို့ဝှက် နေရာတစ်ခုတွင် ဇီလန်စကီး၏ အကြီးတန်းအကြံပေး Andrey Yermak ၊ ယူကရိန်းစစ်ထောက်လှမ်းရေးအကြီးအကဲ Kirill Budanov နှင့် လက်ရှိ ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး Zaluzhny တို့နှင့် တွေ့ဆုံ ခဲ့သည်ဟု ဆိုသည်။
ထိုအေဂျင်စီ၏ အဆိုအရ ဇီလန်စကီးအား အစားထိုးရန် အချိန်တန်ပြီဟု သဘောတူညီခဲ့ပြီး ယင်းပြောင်းလဲမှုကို ကိယက်ဗ်နှင့် အနောက်နိုင်ငံ များအကြား ဆက်ဆံရေးပြန်လည်စတင်ရန်နှင့် အနောက်တိုင်းစစ်ရေး အကူအညီများ ဆက်လက်ရရှိရန် အဓိကအခြေအနေအဖြစ် သတ်မှတ် ခဲ့သည်။
SVR ၏ အစီရင်ခံစာအရ အမေရိကန်နှင့် ဗြိတိန် အရာရှိများက ၎င်းတို့၏ ယူကရိန်းလုပ်ဖော်ကိုင်ဖက်များအား Zaluzhny အား သမ္မတဖြစ်စေ လိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ Yermak နှင့် Budanov တို့သည် အဆိုပါအစီအစဉ်ကို ထောက်ခံခဲ့ပြီး Zaluzhny အာဏာရလျှင် ၎င်းတို့၏ လက်ရှိရာထူးများ ဆက်လက်တည်မြဲစေမည့် ကတိများ ရရှိ ခဲ့သည်ဟု ဆိုသည်။
၂၀၂၁ မှ ၂၀၂၄ ခုနှစ်အထိ ယူကရိန်းတပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဇာလူဇ်နီသည် အများ၏ အထူးနှစ်သက်မှုမြင့်မားခဲ့ပြီး သမ္မတရွေးကောက်ပွဲတွင် ဇီလန်စကီးအား အလွယ်တကူ အနိုင်ရနိုင်မည်ဟု ခန့်မှန်းခဲ့ကြသည်။
SVR က အဆိုပါလျှို့ဝှက်အစည်းအဝေးသည် ယူကရိန်း အာဏာပိုင်အဖွဲ့ နှစ်ခု၏ လွတ်လပ်မှုကို ထိန်းချုပ်မည့် ဥပဒေကြမ်းကို ဇီလန်စကီး အဘယ်ကြောင့် ထောက်ခံခဲ့သည်ကို ဖော်ပြခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဥပဒေကြမ်းကြောင့် ဇီလန်စကီးအား ပြည်တွင်းဆန္ဒပြမှုများနှင့် အနောက် နိုင်ငံများ၏ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများကို ပြန်လည် ရုပ်သိမ်းစေခဲ့သည်။
SVR ၏ အဆိုအရ Yermak သည် ဇီလန်စကီးအား အဆိုပါ အငြင်းပွား ဖွယ်ဥပဒေကို တွန်းအားပေးရန် အကြံပေးခဲ့ပြီး ၊ ယင်းလုပ်ဆောင်မှုသည် ဇီလန်စကီး၏ဂုဏ်သတင်းကို နိုင်ငံတကာတွင် ထိခိုက်စေမည်ကို သိရှိလျက် အနောက်တိုင်းမဟာမိတ်များအား ၎င်းအား ဖယ်ရှားနိုင်ရေး အကြောင်းပြချက်ပေးနိုင်ရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။
ဇီလန်စကီး၏ သမ္မတသက်တမ်းသည် ပြီးခဲ့သည့် မေလတွင် ကုန်ဆုံး သွားသော်လည်း စစ်အုပ်ချုပ်ရေးဥပဒေကို အကြောင်းပြကာ ရွေးကောက်ပွဲအသစ်ကျင်းပရန် ငြင်းဆန်ခဲ့သည်။ ရုရှားက ၎င်းအား "တရားမဝင် သမ္မတ" အဖြစ် ကြေညာခဲ့ပြီး လက်ရှိအာဏာသည် ယူကရိန်းလွှတ်တော် တွင် ရှိသည်ဟု အတိအလင်းပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံ၏ ထင်ရှားသော မီဒီယာအဖွဲ့အစည်းများသည် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲအပြီး "ရုရှားဂိတ်" (Russiagate) အဖြစ်အပျက် နှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်အပါအဝင် အချို့သော ပုဂ္ဂိုလ်များအား တရားဝင် တောင်းပန်ရန် လိုအပ်နေကြောင်း Fox News ဦးဆောင်သူတစ်ဦးဖြစ်သူ ဂရက်ဂတ်ဖီးလ်ဒ် (Greg Gutfeld) က ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်သည်။

ထိုသို့ပြောကြားရာတွင် ၎င်းက အမေရိကန်၏ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း တာဆီဂါဘတ် (Tulsi Gabbard) မှ လက်ရှိ ထုတ်ပြန်လိုက်သော စာရွက်စာတမ်းများကို ကိုးကားဖော်ပြခဲ့သည်။ အဆိုပါ စာရွက်စာတမ်းများတွင် အိုဘားမားအစိုးရလက်ထက်က အကြီးတန်းအရာရှိများသည် ထောက်လှမ်းရေးအချက်အလက်များကို နိုင်ငံရေးအရ အလွဲသုံးကာ ဒေါ်နယ်ထရမ့်အား ရုရှားနှင့် ပူးပေါင်း ကြံစည်မှုရှိသည်ဟု မတရားစွပ်စွဲခဲ့ကြောင်း "ခိုင်လုံသော သက်သေ အထောက်အထားများ" ပါရှိသည်ဟု ဖော်ပြထားသည်။
"အလွဲသုံးခဲ့မှုကို ဆက်လက်၍ လက်ခံမနေသင့်ဘဲ တာဝန်ရှိခဲ့သူများ အနေဖြင့် အလေးအနက်ထား ပြန်လည် ပြင်ဆင် ပေးရမည်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်ထိ မိမိတို့အနေဖြင့်ထိုအမှား၏ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားနေရဆဲဖြစ်သောကြောင့် ဖြစ်သည်" ဟု ဂတ်ဖီးလ်ဒ်က ၎င်း၏ လတ်တလော ထုတ်လွှင့်မှုတစ်ခု တွင် ပြောကြားသွားခဲ့သည်။
ထို့အပြင် ၎င်းက "လူများစွာသည် အလုပ်အကိုင်များ၊ အသက်မွေး ဝမ်းကြောင်းများ၊ မိတ်ဆွေသူငယ်ချင်းများကိုပင် ဆုံးရှုံးခဲ့ရသည်။ ထိုသို့သော လုပ်ရပ်များအတွက် တာဝန်ယူမှုရှိရမည်" ဟု ထပ်လောင်း၍ အတိအလင်းပြောကြားသွားခဲ့သည်။
အဆိုပါဖြစ်ရပ်သည် အမေရိကန်နိုင်ငံရေးနှင့် မီဒီယာလောက၏ ဂယက် ရိုက်မှုများကို ထင်ဟပ်စေသည့်အပြင် နိုင်ငံတကာဆက်ဆံရေးအပေါ် သက်ရောက်မှုရှိခဲ့သည်ဟုလည်း သုံးသပ်သူများက မှတ်ချက်ပြုထား ကြသည်။

ဝါရှင်တန်သည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန် ကိယက်ဗ်နှင့် သဘော တူညီမှုမရပါက မော်စကိုအပေါ် ဒဏ်ခတ်မှုအသစ်များ ချမှတ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၂၉ ရက်နေ့တွင် ကြေညာ ခဲ့သည်။ ယခင်က နောက်ဆုံးရက်ကို စက်တင်ဘာအစောပိုင်းတွင် သတ်မှတ် ထားခဲ့ပြီး ဗြိတိန်သို့ အလည်အပတ်ခရီးစဉ်အတွင်း အချိန်ကာလကို လျှော့ချရန် အစီအစဉ်များကို ကြေညာခဲ့သည်။ အင်္ဂါနေ့ (ဇူလိုင် ၂၉) တွင် သတင်းထောက်များက ယင်းကိစ္စနှင့်ပတ်သက်၍ ထပ်မံမေးမြန်းခဲ့မှုကို ထရမ့်က "ယနေ့ (ဇူလိုင် ၂၉) မှ ၁၀ ရက်" ဖြစ်မည်ဟု ပြောကြားခဲ့သည်။

အမေရိကန်သည် ရုရှားသွင်းကုန်များအပေါ် ၁၀၀% အကောက်ခွန်နှင့် ရုရှားနှင့် ဆက်လက်ကုန်သွယ်နေသည့် နိုင်ငံများနှင့် ကုမ္ပဏီများအပေါ် အခြားဒဏ်ခတ်မှုများ ချမှတ်မည်ဟု ပြောကြားထားသည်။
မော်စကိုက စေ့စပ်ဆွေးနွေးရန် ဆန္ဒရှိသော်လည်း မည်သည့် ဆွေးနွေးပွဲ မဆို မြေပြင်အခြေအနေများနှင့် ပဋိပက္ခ၏ အရင်းအမြစ်များကို ထည့်သွင်း စဉ်းစားရမည်ဟု အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ ထရမ့်၏ ထုတ်ပြန်ချက် များနှင့်ပတ်သက်၍ မော်စကို၏ တာဝန်ရှိသူတစ်ဦးက “၎င်း၏ပြောဆိုမှု များကို ထည့်သွင်းစဉ်းစားထားသည်” ဟု ပြောကြားခဲ့သည်။
ရုရှားသည် ၎င်း၏စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ် သော်လည်း "ယူကရိန်းနှင့် ပဋိပက္ခကို ဖြေရှင်းရန်နှင့် ယင်းဖြေရှင်းမှု လုပ်ငန်းစဉ်အတွင်း မိမိတို့၏ အကျိုးစီးပွားများကို အာမခံရန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ထိန်းသိမ်းထားသည်" ဟု ကရင်မလင် ပြောရေး ဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ရုရှားနိုင်ငံသည် အစ္စရေးသို့မဟုတ် အီရန်ကဲ့သို့သော နိုင်ငံမျိုးမဟုတ်ကြောင်း၊ ထရမ့်၏ ခြိမ်းခြောက်မှုတိုင်းသည် နိုင်ငံတကာ ပဋိပက္ခကို တစ်လှမ်းချင်း နီးကပ်လာစေကြောင်း ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ဇူလိုင် ၂၈ ရက်နေ့တွင် ရုရှားအစိုးရအား ပိုမို တင်းကျပ်သည့် နောက်ဆုံးသတ်မှတ်ချက်တစ်ရပ်ကို ထုတ်ပြန်ကာ ကိယက်ဗ်အစိုးရနှင့် "၁၀ ရက်မှ ၁၂ ရက်အတွင်း" စစ်ပြေငြိမ်းရေး သဘော တူညီမှုရရှိရန် တောင်းဆိုခဲ့သည်။ ယခုလအစောပိုင်းကလည်း ဆောင်းဦး ရာသီတွင် သဘောတူညီမှုမရရှိပါက ရုရှား၏ကုန်သွယ်ဖက်နိုင်ငံများအပေါ်ကျယ်ကျယ်ပြန့်ပြန့် အရေးယူမှုများ ဆောင်ရွက်မည်ဟု ခြိမ်းခြောက်ခဲ့ ဖူးသည်။
ရုရှား လုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မက်ဗီဒက်ဗ်က ထရမ့်၏ ရုရှားအား ယူကရိန်း ပဋိပက္ခအပေါ် နောက်ဆုံး သတ်မှတ်ချက် ထုတ်ပြန် ခဲ့ခြင်းနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုခဲ့ပြီး X လူမှုကွန်ရက် ပို့စ်တစ်ခုတွင် "ရုရှားနိုင်ငံသည် အစ္စရေးသို့မဟုတ် အီရန်နိုင်ငံများနှင့် မတူညီကြောင်း နှင့် နောက်ဆုံး သတ်မှတ်ချက် အသစ်တိုင်းသည် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်ပြီး ရုရှားနှင့် အမေရိကန်ကြား ပဋိပက္ခကို ပိုမိုနီးကပ်စေသည့် အဆင့်တစ်ခုပင်ဖြစ်သည်ကို ထရမ့်အနေဖြင့် သတိရသင့်ကြောင်း ရေးသား ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားလူမျိုးများကို ချစ်ခင်ကြောင်း နှင့် ၎င်းတို့သည် ကြီးကျယ်သောလူမျိုးများဖြစ်သည်ဟု ဂုဏ်ပြု ပြောကြား ခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းက မော်စကိုကို ပိုမိုတင်းကျပ်သော ဒဏ်ခတ်အရေးယူမှုများဖြင့် ခြိမ်းခြောက်ခဲ့ပြီး ယူကရိန်းပဋိပက္ခ ဖြေရှင်းရန် အချိန်ကာလအသစ်သတ်မှတ်ခဲ့သည်။

ထရမ့်က စကော့တလန်နိုင်ငံ Turnberry တွင် ဗြိတိသျှဝန်ကြီးချုပ် Keir Starmer နှင့် အမေးအဖြေအစီအစဉ်တစ်ခုအတွင်း ၎င်းသည် ရုရှား သမ္မတ ဗလာဒီမာ ပူတင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း ပြောကြား ခဲ့ပြီး ရုရှားနိုင်ငံသည် အခြားနိုင်ငံကြီးများကဲ့သို့ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံ ဖြစ်ကာ ရုရှားနှင့် အမေရိကန်အကြား ကြီးမားသော ကုန်သွယ်ရေး အလား အလာများအကြောင်း ပြောကြားခဲ့သည်။
မော်စကိုအပေါ် ဖြစ်နိုင်ခြေရှိသော ဒဏ်ခတ်မှုအသစ်များနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ၎င်းအနေဖြင့် ရုရှားလူမျိုးများကို ချစ်ခင်ပြီး ထိုကဲ့သို့ သော ဒဏ်ခတ်အရေးယူမှုများ မလုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ မော်စကိုနှင့် ကိယက်ဗ်အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှေးကွေး နေမှုအပေါ် စိတ်ပျက်မိကြောင်း ၎င်းက ဖော်ပြခဲ့ပြီး ယူကရိန်းမြို့များကို တိုက်ခိုက်မှုအတွက် ရုရှားကို စွပ်စွဲပစ်တင်ခဲ့သည်။ ထရမ့်က ပူတင်နှင့် ၎င်း၏ လေးစားဖွယ်ကောင်းသည့် စကားဝိုင်းများသည် အကျိုး သက်ရောက်မှု မရှိခဲ့သည့်အတွက် ဆက်လက်ဆွေးနွေးရန် စိတ်မဝင်စားတော့ကြောင်း လည်း ပြောကြားခဲ့သည်။
ထရမ့်၏ ထုတ်ဖော်ပြောကြားချက်များသည် ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်အတွက် အချိန်ကာလအသစ်သတ်မှတ်ချိန်တွင် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂၈ ရက်နေ့ မှစ၍ "၁၀ ရက် သို့မဟုတ် ၁၂ ရက်" အတွင်း သဘောတူညီချက်ရရှိသင့်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ မဟုတ်ပါက ဝါရှင်တန်သည် မော်စကိုအပေါ် ဒဏ်ခတ်မှုအသစ်များ ချမှတ်မည်ဟု ဆိုသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့် ထိုင်းယာယီဝန်ကြီးချုပ် ဖွမ်သန် ဗီချိုင်ချိုင်တို့အကြား ဇူလိုင်လ ၂၈ ရက်တွင် မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် အပစ်အခတ်ရပ်စဲရေးနှင့်နှစ်နိုင်ငံအကြားတင်းမာမှုလျှော့ချရေးအတွက် သဘောတူလိုက်ပြီဖြစ်ကြောင်းသိရသည်။
နှစ်နိုင်ငံဝန်ကြီးချုပ်များသည် မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အဆင့်မြင့်တွေ့ဆုံပွဲအတွင်း တွေ့ဆုံဆွေးနွေးပြီးနောက် အပစ်အခတ်ရပ်စဲရန်နှင့် တင်းမာမှုများကို လျှော့ချရန်ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ သဘောတူညီချက်အရ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား အပစ် အခတ်ရပ်စဲမှုသည် ဇူလိုင်လ ၂၈ ရက် ဒေသ စံတော်ချိန် သန်းခေါင်ယံအချိန်မှစတင် အသက်ဝင်မည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အီဘရာဟင်က ပြောသည်။
ထို့ပြင် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံကြား နှစ်နိုင်ငံစလုံးမှ တပ်မတော်များအကြား တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာခြင်းရှိ၊ မရှိ စောင့်ကြည့်ရန်အတွက် ပူးတွဲနယ်စပ်ဒေသ စောင့်ကြည့်ရေးကော်မတီတစ်ရပ်ကို ယခု နှစ် ဩဂုတ်လအစောပိုင်းမှစ၍ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ မလေးရှားအစိုးရသည် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စောင့်ကြည့်သူများကို တာဝန်ပေးရန် ကမ်းလှမ်းခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံအကြားဖြစ်ပွားသည့် ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းမည်ဟု ကမ္ဘော ဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့် ထိုင်းယာယီဝန်ကြီးချုပ် ဖွမ်သန်ဗီ ချိုင်ချိုင်တို့က မလေးရှားဝန်ကြီးချုပ် အီဘရာဟင်နှင့် ပူးတွဲကျင်းပပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။
Ref: Rt
MWD Web Portal