ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က အမေရိကန်အပါအဝင် NATO အဖွဲ့ဝင်အချို့နိုင်ငံများသည် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ကျင်းပလျက်ရှိသည့် အရေးပါသော ထိပ်သီးအစည်းအဝေးတွင် ယူကရိန်း ခေါင်းဆောင် ဗလာဒီမီယာ ဇီလန်စကီးနှင့် တွေ့ဆုံရန် တမင်တကာ ရှောင်ဖယ်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် ကျင်းပမည့် အစည်းအဝေးမတိုင်မီ ပြောကြားရာ တွင် အော်ဘန်က ဇီလန်စကီးသည် အလွတ်သဘော ညစာစားပွဲသို့သာ တက်ရောက်မည်ဖြစ်ပြီး "NATO ထိပ်သီးအစည်းအဝေးတွင် တရားဝင် ပုံစံဖြင့် ပါဝင်မည်မဟုတ်"ကြောင်း ဖော်ပြခဲ့သည်။ ၎င်းက "ယခင်အခန်း ကဏ္ဍ ပြီးဆုံးသွားပြီဆိုသည့် ရှင်းလင်းသည့်အချက်ပါ"ဟု မှတ်ချက်ပြု ခဲ့သည်။
ဟန်ဂေရီဝန်ကြီးချုပ်က ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ထိုအခြေအနေ သည် ကြီးမားသောပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း ရှင်းပြခဲ့ပြီး "အမေရိကန်၊ တူရကီ၊ ဆလိုဗက်ကီးယားနှင့် မိမိတို့သည် NATO ကိစ္စမှာ ဇီလန်စကီး နှင့် တစ်တန်းတည်း မထိုင်လိုသည်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီ"ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ၎င်းက ယူကရိန်းအား NATO (သို့မဟုတ်) EU တွင် ပါဝင် ခွင့်ပေးရန် ဟန်ဂေရီနိုင်ငံ၏ ဆန့်ကျင်မှုကို ဆက်လက် ထိန်းသိမ်း ထားမည် ဖြစ်ကြောင်း အားလုံးသိအောင် ပြောကြားခဲ့သည်။ အော်ဘန် က ယူကရိန်း၏ မည်သည့်အဖွဲ့တွင်မဆို အဖွဲ့ဝင်ဖြစ်မှုသည် အနောက် နိုင်ငံများအား ရုရှားနှင့် တိုက်ရိုက်ပဋိပက္ခအတွင်း ဆွဲသွင်းလိမ့်မည်ဟု အကြိမ်ကြိမ်သတိပေးခဲ့သည်။
ထိုအတောအတွင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာ ဆီဂျာတိုက ၂၀၂၅ ခုနှစ် ထိပ်သီးအစည်းအဝေးသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ယူကရိန်း အား ထောက်ပံ့မှုမြှင့်တင်ရန်အစား ပထမဆုံးအကြိမ် NATO အဖွဲ့၏ စုပေါင်းကာကွယ်ရေးစွမ်းရည် မြှင့်တင်ရေးကို အဓိကထားသည့် အစည်း အဝေးဖြစ်ကြောင်း ထောက်ပြခဲ့သည်။
"ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရေးကိစ္စ မှတ်တမ်းမှ ဖယ်ရှားခံ ရခြင်းဖြင့် ရုရှားနှင့် တိုက်ရိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ခဲ့ပါပြီ။ ယခုအခါ ဆင်ခြင်တုံတရားက အနိုင်ရလာပါပြီ" ဟု ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။
အခြားတစ်ဖက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိပ်သီး အစည်းအဝေးဘေးဘက်မှ ဇီလန်စကီးနှင့် ဖြစ်နိုင်ခြေရှိသည့် တွေ့ဆုံမှု အကြောင်း အတည်ပြုခဲ့သော်လည်း ယူကရိန်းခေါင်းဆောင်အား "ခက်ခဲသော အခြေအနေတွင်" ရှိနေသူအဖြစ် ဖော်ပြခဲ့သည်။ ထို့အပြင် "၎င်းသည် အစကတည်းက ထိုနေရာတွင် မရှိသင့်ပါ" ဟု ထည့်သွင်း ပြောကြား ခဲ့သည်။
ဇီလန်စကီးနှင့် ထရမ့်ကြား တင်းမာမှုများ ဆက်လက်ရှိနေကြောင်း ညွှန်ပြနေသည့် အခြားလက္ခဏာအနေဖြင့် Washington Post သတင်းစာ က NATO ခေါင်းဆောင်များသည် အစည်းအဝေးအတွင်း "အက်ကြောင်းများကို သတိထားရှောင်ဖယ်လျက်" "ညီညွတ်မှု၏ အပေါ်ယံပုံရိပ်ကို" ပြသရန် ကြိုးစားနေကြောင်း ဖော်ပြခဲ့သည်။
ထိုသတင်းစာတွင် "NATO အရာရှိများသည် ထရမ့်နှင့် ဇီလန်စကီးတို့ကို အများမြင်ကွင်းတွင် တတ်နိုင်သမျှ ခွဲထားရန် ကြိုးစားနေကြသည်။ ယင်းမှာ ထရမ့်၏ ဇီလန်စကီးအပေါ် အခါအားလျော်စွာ ပေါက်ကွဲတတ်သော မနှစ်မြို့မှုကို အသိအမှတ်ပြုခြင်းပင်" ဟု ရေးသားခဲ့သည်။
အဆိုပါအချက်နှင့်အညီ C-SPAN ကြားဖြတ်ထုတ်လွှင့်မှုအရ NATO စီစဉ်သူများသည် တရားဝင် ဓာတ်ပုံရိုက်ကူးမှုအခမ်းအနားတွင် ဇီလန်စကီး အား ထရမ့်၏ ဝေးရာတွင် နေရာချထားခဲ့ကြောင်း မြင်တွေ့ရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဒတ်ချ်ဘုရင် ဝီလီယမ်-အလက်ဇန်းဒါးနှင့် ဘုရင်မ မက်ဆီမားတို့သည် ယနေ့ဟိတ်မြို့တွင် ကျင်းပသည့် နေတိုးထိပ်သီးအစည်းအဝေးသို့ နိုင်ငံ ပေါင်း ၃၂ နိုင်ငံမှ ခေါင်းဆောင်များအား ရိုးရာဓလေ့အရ ကြိုဆိုခဲ့သည်။
NYPost သတင်းစာက ၅၄ နှစ်အရွယ် ဘုရင်မ မက်ဆီမားအား အစိမ်းရောင် ဝတ်စုံနှင့် တောက်ပသော အပြုံးတို့ဖြင့် "ကမ္ဘာ့အစွမ်းထက်ဆုံး ခေါင်းဆောင် အချို့ထက် ပိုမိုထင်ရှားစေခဲ့သည်" ဟု မှတ်ချက်ပြုခဲ့သည်။

အာဂျင်တီးနားနွယ်ဖွား ဒတ်ချ်ဘုရင်မသည် လန်းဆန်းတောက်ပသော ဖက်ရှင်စတိုင်ဖြင့် အမြဲချီးကျူးခံရသူဖြစ်သည်။ နယူးယောက်မြို့တွင် ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းလုပ်ကိုင်ခဲ့ဖူးသော သမီးသုံးဦး၏ မိခင်ဖြစ်သူ အား မီဒီယာများက "ဥရောပ၏ အစွမ်းထက်ဆုံး ဘုရင်မ" အဖြစ် သတ်မှတ်ကြသည်။
၁၉၉၉ ခုနှစ်က စပိန်နိုင်ငံရှိ ပါတီပွဲတစ်ခုတွင် ဘုရင်မ မက်ဆီမားသည် သူမ၏ခင်ပွန်း ဒတ်ချ်ဘုရင် ဝီလီယမ်-အလက်ဇန်းဒါး (ထိုစဉ်က မင်းသား) တို့ ပထမဆုံးတွေ့ဆုံခဲ့သည်။ ထိုအချိန်က မက်ဆီမားသည် နယူးယောက် ရှိ Deutsche Bank တွင် စီးပွားရေးပညာရှင်အဖြစ် အလုပ်လုပ်ကိုင် နေသူဖြစ်ပြီး၊ နှစ်ဦးစလုံး နက်ရှိုင်းစွာ ချစ်ခဲ့ကြကာ ၂၀၀၂ ခုနှစ်တွင် လက်ထပ် ခဲ့ကြသည်။
ဒတ်ချ်ဘုရင်မ ဘီထရစ်က သူမ၏သားကြီးအား မက်ဆီမားနှင့် လက်ထပ် ခွင့်ပြုခဲ့ပြီး သူမအား "ဉာဏ်ရည်ထက်မြတ်၍ ခေတ်မီသော အမျိုးသမီး" အဖြစ် ချီးကျူးခဲ့သည်။ မက်ဆီမားသည် ဒတ်ချ်နိုင်ငံ၏ မင်းသမီးအဖြစ် ရောက်ရှိလာပြီး သူမ၏ ဆွဲဆောင်မှုနှင့် ဉာဏ်ရည်ကြောင့် လူချစ်လူခင် ခံရသူဖြစ်လာခဲ့သည်။ သူမသည် ရွှေ့ပြောင်းနေထိုင်မှုနှင့် LGBTQ+ အခွင့်အရေးကဲ့သို့သော နိုင်ငံရေးအကြောင်းအရာများကိုလည်း ရှောင်ရှားခြင်း မရှိဘဲ ပါဝင်ဆွေးနွေးလေ့ရှိသည်။ ထို့အပြင် သူမသည် ဖက်ရှင် လောက ၏ စံနမူနာတစ်ဦးအဖြစ်လည်း ကျော်ကြားသည်။
၂၀၁၃ ခုနှစ်တွင် ဘုရင်မ ဘီထရစ် ထီးနန်းစွန့်လွှတ်ခဲ့ပြီးနောက် ဝီလီယမ် -အလက်ဇန်းဒါးသည် ဒတ်ချ်ဘုရင်အဖြစ် နန်းတက်ခဲ့သည်။ ဘုရင်နှင့် ဘုရင်မတို့သည် ရိုးရှင်းသော ဘုရင့်မိသားစုဘဝဖြင့် ပြည်သူများ၏ ချစ်ခင်လေးစားမှုကို ရရှိထားသူများဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် ၎င်းတို့သည် နန်းတက်ပွဲအခမ်းအနားကို မပြုလုပ်ဘဲ၊ ၎င်းတို့၏ သမီးများဖြစ်သည့် မင်းသမီး ကက်သရီနာ-အမာလီအာ (၂၁ နှစ်)၊ မင်းသမီး အလက်ဆီယာ (၁၉ နှစ်) နှင့် မင်းသမီး အရီယန်း (၁၈ နှစ်) တို့အား သာမန်ကျောင်းများတွင် ပညာသင်ကြားစေခဲ့သည် (သီးသန့် ကျောင်းများအစား)။ မင်းသမီး ကက်သရီနာ-အမာလီအာသည် ယခုအခါ ဒတ်ချ်ထီးနန်း၏ အိမ်ရှေ့စံဖြစ်သည်။
နယ်သာလန်နိုင်ငံတွင် ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးသည် အလွန်တိုတောင်းသော အစီအစဉ်ဖြင့်သာ ကျင်းပမည်ဖြစ်ပြီး ပထမနေ့ တွင် ဘုရင် ဝီလီယမ်-အလက်ဇန်းဒါး၏ ဧည့်ခံပွဲနှင့် ဒုတိယနေ့တွင် အဖွဲ့ဝင် ၃၂ နိုင်ငံမှ ခေါင်းဆောင်များနှင့် နှစ်နာရီခွဲကြာ အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။
ကျွမ်းကျင်သူများက ယခုနှစ်က အစည်းအဝေးကို အထိခိုက်မခံသော အကြောင်းအရာများကို ရှောင်ရှားကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှစ်သက်စေရန် ကာကွယ်ရေးအသုံးစရိတ်အပေါ် အဓိကထား ဆွေးနွေးမည် ဟု ပြောကြားခဲ့သည်။
မူလစီစဉ်ထားသည့် ကမ်းခြေဟိုတယ် အစား ဒတ်ချ်ဘုရင်က သမ္မတ ထရမ့်အား သည်ဟိတ်မြို့ရှိ ဘုရင့်နန်းတော်တွင် တည်းခိုနေထိုင်ရန် ဖိတ်ကြားခဲ့သည်။
ကိုးကား- VN Express

ဗန်ကောက် ဇွန် ၂၄
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့ကြား နယ်စပ်ဝင်ပေါက်များကို ထိုင်းဘုရင့်ကြည်းတပ်က ဇွန် ၂၃ ရက်တွင် လူဝင်လူထွက် စတင် ပိတ်ပင်ထားကြောင်း သိရသည်။
အဆိုပါ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ကျောင်းသားများနှင့် ဆေးဝါးကုသမှုခံယူမည့်သူများမှလွဲ၍ မော်တော်ယာဉ်နှင့် ခြေလျင်ခရီးသည်များ ဝင်ရောက်မှုကို ထိုင်းဘုရင့်ကြည်းတပ်က ပိတ်ပင်ထားခြင်းဖြစ်သည်။

မေ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် နယ်စပ်တိုက်ပွဲတစ်ခုကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေးတင်းမာနေချိန်တွင် ထိုင်းဘုရင့်ကြည်းတပ် က ကမ္ဘောဒီးယားနိုင်ငံနှင့်ဆက်စပ်နေသော ပြည်နယ်မြောက်ပြည်နယ်တို့မှ နယ်စပ်ပေါက်များကို ထိုင်း ဘုရင်ကြည်းတပ်က ပိတ်ထားခြင်း ဖြစ်သည်။
မေ ၂၈ ရက်က ထိုင်းနှင့် ကမ္ဘောဒီးယားပိုင်ဆိုင်ခွင့်အငြင်းပွား နယ်စပ်တစ်နေရာ၌ နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရ ကြောင်း သိရသည်။
ထို့နောက် ထိုင်းနိုင်ငံမှလောင်စာ ဆီများ ဝယ်ယူတင်သွင်းမှု ရပ်တန့်ရန် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်ကညွှန်ကြားခဲ့ပြီးနောက် ထိုင်းဘုရင့်ကြည်းတပ် က ပြည်နယ် ခြောက်ပြည်နယ်ရှိနယ်စပ်ဝင်ပေါက်များကို ပိတ်ထားခြင်းဖြစ်သည်။
ကမ္ဘောဒီးယား နိုင်ငံသည် ထိုင်းနိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်သွင်းမှု ကိုလည်း ရပ်ဆိုင်းထားကြောင်းသိရသည်။
Ref: Xinhua
Trs: KKO
Photo - Bangkok Post
YDNB Newspaper

အီရန်၏နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက အမေရိကန်နှင့် အစ္စရေးတို့၏ အဏုမြူစက်ရုံများကို တိုက်ခိုက်မှုများနောက်ပိုင်းတွင် အဏုမြူလက်နက်မပြန့်ပွားရေး အဓိကစာချုပ် (NPT) အဖွဲ့ဝင်အဖြစ်မှ ပြန်လည်စဉ်းစားနိုင်ကြောင်း အရိပ်အမြွက် ပြောကြားလိုက်သည်။
“မိမိတို့၏အဏုမြူစက်ရုံများကို တိုက်ခိုက်မှုသည် အီရန်၏ အနာဂတ်လမ်းကြောင်းအပေါ် ကြီးမားသောသက်ရောက်မှုရှိမည်” ဟု ၎င်းက ကာတာသတင်းဌာန Al Araby Al Jadeed သို့ ပြောကြားခဲ့သည်။

အီရန်သည် NPT (အဏုမြူလက်နက်မပြန့်ပွားရေးစာချုပ်) ခေါင်းစဉ်ဖြင့် နိုင်ငံတကာတွင် အဏုမြူလက်နက်များ မပြန့်ပွားစေရန်နှင့် အဏုမြူ နည်းပညာ၏ ငြိမ်းချမ်းရေးရည်ရွယ်ချက်ဖြင့် အသုံးပြုမှုကို မြှင့်တင်ရန် ရည်ရွယ်သည့် သဘောတူညီချက်တစ်ခုတွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ အဆိုပါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော မည်သည့်နိုင်ငံမဆို အဏုမြူလက်နက်မရှိပါက ၎င်းတို့ကို ရှာဖွေထုတ်လုပ်ရန် တားမြစ် ထားသည်။
NPT လိုက်နာမှုကို စောင့်ကြည့်သည့် ကုလသမဂ္ဂ၏ အဏုမြူ စွမ်းအင် အဖွဲ့ (IAEA) က မကြာသေးမီလများအတွင်း အီရန်၏ အဏုမြူ အစီအစဉ်နှင့်ပတ်သက်၍ မေးခွန်းများကို အဖြေမပေးနိုင်ကြောင်း အစီရင်ခံစာများ ထုတ်ပြန်ခဲ့သည်။
အစ္စလာမ္မစ်သမ္မတနိုင်ငံဖြစ်သော အီရန်က ၎င်း၏အဏုမြူ အစီအစဉ်သည် ငြိမ်းချမ်းစွာအသုံးပြုရေးရည်ရွယ်ချက်ဖြင့်သာဖြစ်ကြောင်း အခိုင်အမာ ဆိုထားသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၅ ခုနှစ် တွင် အီရန်နှင့် အမေရိကန်အပါအဝင် နိုင်ငံတကာ အင်အားကြီး နိုင်ငံများ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်မှ ပထမ သက်တမ်းအတွင်း နုတ်ထွက်ပြီးနောက် ယူရေနီယမ်ကို လက်နက် ထုတ်လုပ် နိုင်သည့် အဆင့်နီးပါး သန့်စင်ခြင်းကို စတင်ခဲ့သည်။
လွန်ခဲ့သည့်သီတင်းပတ်တွင် ထရမ့်က အီရန်၏အဏုမြူအစီအစဉ်ကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီး ၎င်းအစီအစဉ်ကို အပြီးတိုင် ဖျက်ဆီးလိုက်ပြီ ဟု ပြောဆိုသော်လည်း ပင်တဂွန်မှ လျှို့ဝှက်ထုတ်ပြန်ချက်တစ်ခုအရ တိုက်ခိုက်မှုများသည် လအနည်းငယ်သာ နောက်ဆုတ်သွားစေနိုင်ကြောင်း ဖော်ပြခဲ့သည်။
“မိမိတို့သည် NPT ကို ကမ္ဘာ့အသိုင်းအဝိုင်းအား သစ္စာရှိစွာ လိုက်နာကြောင်း သက်သေပြရန်နှင့် ၎င်း၏ဘောင်အတွင်းလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သည်။ သို့သော် ကံမကောင်းစွာပင် အဆိုပါစာချုပ်သည် မိမိတို့ကိုဖြစ်စေ၊ မိမိတို့၏အဏုမြူ အစီအစဉ်ကို ဖြစ်စေ ကာကွယ်နိုင်ခြင်းမရှိပါ” ဟု အာရက်ချီက ပြောကြားခဲ့သည်။
အီရန်၏ အဆင့်အမြင့်ဆုံးသံတမန်က အီရန်က မည်သို့တုံ့ပြန်မည်ကို ဆွေးနွေးရန် အချိန်စောနေသေးကြောင်း ပြောကြားသော်လည်း အီရန်၏ “အဏုမြူအစီအစဉ်နှင့် လက်နက်မပြန့်ပွားရေးစနစ်အပေါ် အမြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ပြီး မည်သည့်လမ်းကြောင်းသို့ ဦးတည်မည်ကို မိမိအနေဖြင့် မပြောနိုင်သေးပါ” ဟု ပြောကြားခဲ့သည်။
ကိုးကား- CNN
Photo: yenisafak.com

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်း၏ ရန်လိုမှုများကို အဆုံးသတ်နိုင်မည့် ရုရှားနှင့် သဘောတူညီမှုတစ်ရပ် ရရှိစေလိုကြောင်း ပြောကြားခဲ့သည်။
အင်္ဂါနေ့ (ဇွန် ၂၄) မွန်းတည့်ပိုင်းက နယ်သာလန်နိုင်ငံ၊ သည်ဟိတ် မြို့တွင် ကျင်းပမည့် NATO အစည်းအဝေးသို့ သွားရောက်စဉ် Air Force One လေယာဉ်ပေါ်၌ သတင်းထောက်များနှင့် ရှင်းလင်းစဉ် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေး၏ နိဂုံးကြေညာချက်တွင် ရုရှားကို ရှုတ်ချသည့် စကားလုံးများ ပါဝင်ပါက ၎င်း၏တုံ့ပြန်မှုကို မေးမြန်းရာတွင် ထရမ့်က “မိမိအနေဖြင့် ရုရှားနှင့် သဘောတူညီမှုတစ်ခုရဖို့ လိုချင်ပါသည်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထရမ့်က မကြာသေးမီက ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဖုန်းစကား ပြောဆိုခဲ့ကြောင်း၊ ပူတင်က အီရန်နှင့် ညှိနှိုင်းမှုများ လွယ်ကူ ချောမွေ့စေရန် အကူအညီပေးရန် အဆိုပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။ သို့သော် ထရမ့်က ထိုကိစ္စတွင် အကူအညီမလိုအပ်သေးဟု ငြင်းဆန်ကာ ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရန် မော်စကိုနှင့် သဘောတူညီမှုရရှိရေးကိုသာ အာရုံစိုက်နေကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
ဇန်နဝါရီလတွင် ရာထူးပြန်လည်ရရှိပြီးနောက် ထရမ့်သည် အဓိက အားဖြင့် ယခင်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင် ပြတ်တောက် သွားခဲ့သည့် ရုရှားနှင့် ဆက်ဆံရေးကို ပြန်လည်တည့်မတ်ရန် ကြိုးပမ်း ခဲ့သည်။ မော်စကိုကလည်း အဆိုပါ ပြောင်းလဲမှုကို ကြိုဆိုကာ ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။
ထရမ့်၏ သံတမန်ရေးဆိုင်ရာ အားထုတ်မှုကြောင့် ရုရှားနှင့် ယူကရိန်း တို့အကြား တိုက်ရိုက်ညှိနှိုင်းမှုများ ပြန်လည်စတင်နိုင်ခဲ့သည်။ ယူကရိန်း က ၂၀၂၂ ခုနှစ်တွင် အနောက်နိုင်ငံများ၏ တိုက်တွန်းမှုဖြင့် ညှိနှိုင်းမှု များမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် လအတွင်း တူရကီနိုင်ငံ တွင် ညှိနှိုင်းမှုအသစ် နှစ်ကြိမ် စတင်ခဲ့သည်။
ထရမ့်သည် ဆွေးနွေးညှိနှိုင်းမှုများ အဆင်မပြေဖြစ်နေသည့် နှစ်ဖက်စလုံး အပေါ် စိတ်ပျက်မှုကို ဖော်ပြခဲ့ပြီး ပဋိပက္ခ မပြီးဆုံးပါက ဝါရှင်တန် ဘက်မှ ရုရှားနှင့် ယူကရိန်းနှစ်နိုင်ငံလုံးကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ် နိုင်ကြောင်း သတိပေးခဲ့သည်။ ဥရောပခေါင်းဆောင်များ၏ ဖိအားများကို ယခုထိ ခံနေရသော်လည်း မော်စကိုအပေါ် အခြားပြစ်ဒဏ်များ ထပ်မံ ချမှတ်ခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိခိုက်စေနိုင်ကြောင်း ၎င်းက ဆိုခဲ့သည်။
မော်စကိုဘက်မှ “မည်သည့်ကြိုတင်သတ်မှတ်ချက်မှမရှိဘဲ” ဆွေးနွေးရန် အဆင်သင့်ဖြစ်နေကြောင်း အထပ်ထပ်ပြောဆိုခဲ့သည်။ ပူတင်က မကြာသေးမီက စိန့်ပီတာစဘတ်အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် (SPIEF) တွင် မည်သည့်ရေရှည်တည်တံ့သောအဖြေမဆို လက်တွေ့ မြေပြင်အခြေအနေကို အသိအမှတ်ပြုရန်နှင့် ယူကရိန်း၏ ကြားနေရေး တို့ ပါဝင်ရမည်ဟု ပြောကြားခဲ့သည်။
ရုရှားခေါင်းဆောင်၏အဆိုအရ တတိယအကြိမ်မြောက် ညှိနှိုင်းမှုများ ဖြစ်နိုင်ခြေအတွက် နှစ်ဖက်စလုံး အဆက်အသွယ်များ ဆက်လက် ရှိနေဆဲဖြစ်သည်။

တိုကျို ဇွန် ၂၃
နယ်သာလန်နိုင်ငံ၌ ယခုရက်သတ္တပတ်အတွင်း ကျင်းပမည့် မြောက်အတ္တလန်တစ် စာချုပ်အဖွဲ့ (နေတိုး)ထိပ်သီးညီလာခံ တက်ရောက်မည့်အစီအစဉ်ကို ဂျပန် ဝန်ကြီးချုပ် အီရှီဘာက ဖျက်သိမ်းထားကြောင်း ယနေ့သတင်းများတွင် ရေးသားဖော်ပြထားသည်။
နေတိုးထိပ်သီးညီလာခံ၌ နေတိုးအဖွဲ့နှင့် အင်ဒို-ပစိဖိတ်လေးနိုင်ငံ အုပ်စု(အိုင်ပီ ၄)တို့ကြား သီးခြား ဆွေးနွေးပွဲ ဖြစ်မြောက်နိုင်မှုမရှိခြင်းကြောင့် နေတိုးထိပ်သီး ညီလာခံတက်ရောက်ရေးအစီအစဉ် ကိုဖျက်သိမ်းရန် ဝန်ကြီးချုပ် အီရှီဘာက စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အင်ဒို-ပစိဖိတ် လေးနိုင်ငံအုပ်စုတွင် ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် တောင်ကိုရီးယား နိုင်ငံတို့ပါဝင်သည်။
ယခုနှစ် နေတိုးထိပ်သီးညီလာခံ သို့တက်ရောက်မည့် အစီအစဉ်ကို တောင်ကိုရီးယား၊ ဩစတြေးလျ နှင့် နယူးဇီလန်ခေါင်းဆောင်များ ကလည်း ဖျက်သိမ်းထားသည်။
ဂျပန်ခေါင်းဆောင်များသည် ပုံမှန်အားဖြင့် ၂၀၂၂ ခုနှစ် နောက်ပိုင်းမှစ၍ နေတိုးထိပ်သီး ညီလာခံများ၌ ပုံမှန်ပါဝင်ခဲ့သည်။
ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံ ကို ၂၀၂၂ ခုနှစ်တွင် စစ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက် နေတိုးအဖွဲ့ သည် ဂျပန်နိုင်ငံကို နေတိုးညီလာခံ သို့ ပုံမှန်ဖိတ်ကြားခဲ့ကြောင်း သိရသည်။
Ref: Xinhua
Trs: KKO
Photo - Reuters

ထိုင်းနိုင်ငံ၏ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) သည် ဝန်ကြီးချုပ် Paetongtarn Shinawatra နှင့် ကမ္ဘောဒီးယား ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Hun Sen တို့ကြား ဖုန်းစကားပြောဆိုမှုကို စုံစမ်းစစ်ဆေးရန် စတင်လိုက်ပြီဖြစ်သည်။

NACC က ဇွန် ၂၄ ရက်နေ့တွင် ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Mongkol Surasajja မှ တိုင်ကြားချက်အရ “လက်ခံ၍ စုံစမ်းစစ်ဆေးရန် သဘော တူခဲ့ကြောင်း” ထုတ်ပြန်ခဲ့သည်။ ၎င်းတိုင်ကြားချက်တွင် ဝန်ကြီးချုပ် Paetongtarn သည် ကမ္ဘောဒီးယား ဆီးနိတ်ဥက္ကဋ္ဌ Hun Sen နှင့် သီးသန့် ဖုန်းစကားပြောဆိုခဲ့ခြင်းအား “ကျင့်ဝတ်ပြင်းထန်စွာ ချိုးဖောက်မှု” အဖြစ် စွပ်စွဲထားသည်။
NACC ၏ ထုတ်ပြန်ချက်အရ အဆိုပါ စုံစမ်းစစ်ဆေးမှုသည် ၁၀ ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး ယင်းကာလအတွင်း ၎င်းတို့သည် စကားပြောဆိုမှု၏ တိကျသော ဘာသာပြန်ချက်ကို ပြန်လည်သုံးသပ်ခြင်းနှင့် သက်သေ များကို ခေါ်ယူစစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်မည်ဖြစ်သည်။
ထို့အပြင် စုံစမ်းစစ်ဆေးရေး ကော်မတီသည် ဆီးနိတ် ကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Sawat Tassana ဦးဆောင်သော ဆီးနိတ် အမတ် ၃၆ ဦးမှ တင်သွင်းထားသည့် ဝန်ကြီးချုပ် Paetongtarn အား ရာထူးမှဖယ်ရှားရန် တောင်းဆိုချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက လက်ခံနိုင်မည့်အခြေအနေနှင့်ပတ်သက်၍လည်း စိစစ် သွားမည်ဖြစ်သည်။
ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးသည် ဇူလိုင် ၁ ရက်နေ့တွင် ဆီးနိတ်အမတ်များ၏ တောင်းဆိုချက် ကို စဉ်းစားဆွေးနွေးရန် အစည်းအဝေးကျင်းပမည်ဟု သိရသည်။
ဝန်ကြီးချုပ် Paetongtarn သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် Pheu Thai ပါတီဦးဆောင်သော ၁၁ ပါတီညွန့်ပေါင်းအစိုးရဖွဲ့စည်းပြီး အာဏာ ရရှိခဲ့သည်။ သို့သော် ဇွန် ၁၅ ရက်က ကမ္ဘောဒီးယား ဆီးနိတ်ဥက္ကဋ္ဌ Hun Sen နှင့် သူမ၏ဖုန်းစကားပြောဆိုမှု မှတ်တမ်းတင်ထားသည့် အသံဖိုင် ပေါက်ကြားသွားပြီးနောက် သူမ၏ညွန့်ပေါင်းအစိုးရသည် ပြိုလဲမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ဝန်ကြီးချုပ်အား ပြင်းထန်စွာဝေဖန်မှုများ ရင်ဆိုင်နေရသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဂါဇာတွင် အကျဉ်းချထားခံရသူများ ပြန်လည်ရရှိရေး ကြိုးပမ်းနေသော အဖွဲ့တစ်ဖွဲ့က အစ္စရေး-အီရန် စစ်ရပ်စဲရေးကို စစ်ဘေးဒဏ်ခံနေရသည့် ဂါဇာဒေသအထိ ချဲ့ထွင်ရန် တောင်းဆိုလိုက်သည်။
“အီရန်နှင့် စစ်ရပ်စဲရေး ဆွေးနွေးနိုင်သူများသည် ဂါဇာစစ်ပွဲကိုလည်း အဆုံးသတ်နိုင်စွမ်းရှိပါသည်” ဟု “Hostages and Missing Families Forum” အဖွဲ့က အင်္ဂါနေ့ (ဇွန် ၂၄) ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါအဖွဲ့က စစ်ရပ်စဲရေးသည် “ဂါဇာကိုပါ လွှမ်းခြုံရမည်” ဟု ဆိုကာ အစိုးရအား “အကျဉ်းသားအားလုံး အိမ်ပြန်ရောက်ရှိရေးနှင့် စစ်ပွဲ အဆုံးသတ်ရန် အရေးတကြီး ညှိနှိုင်းမှုများ ဆောင်ရွက်ပေးရန်” တိုက်တွန်းခဲ့သည်။
“အီရန်၏ ခြိမ်းခြောက်မှုကြောင့် အစ္စရေးနိုင်ငံသားများ အိပ်မပျော်ခဲ့ ရသည့် ၁၂ ရက်တာ ညများပြီးနောက်၊ ယခုအခါ အကျဉ်းသားများကြောင့် ပြန်လည် အိပ်မပျော်ကြရန် အချိန်ရောက်ပါပြီ” ဟု အဆိုပါအဖွဲ့က ထပ်လောင်း မှတ်ချက်ပြုခဲ့သည်။
အီရန်မှ ပံ့ပိုးသည့် မဟာမိတ်အဖွဲ့ Hamas ထံတွင် အကျဉ်းသား ၅၀ ခန့် ရှိပြီး အစ္စရေးအစိုးရ၏ အဆိုအရ ၂၀ ဦး မှာ အသက်ရှင်နေသေးသည်ဟု ယူဆရသည်။
“အီရန်ကို အောင်မြင်စွာ တုံ့ပြန်နိုင်ခဲ့ပြီး အဆိုပါအခွင့်အရေးကို အကျဉ်းသား အားလုံး ပြန်လည်ရရှိရေးအတွက် အသုံးမချဘဲ လက်လျှော့လိုက်လျှင် ကြီးမားသော ကျရှုံးမှုတစ်ရပ် ဖြစ်လိမ့်မည်” ဟု အဖွဲ့က ဖြည့်စွက် ပြောကြားကာ ၎င်းကို အကောင်းမွန်ဆုံး အခွင့်အလမ်းအဖြစ် ရည်ညွှန်း ခဲ့သည်။
အစ္စရေး အတိုက်အခံခေါင်းဆောင် Yair Lapid ကလည်း အလားတူ အမြင်ကို ထောက်ခံပြီး X တွင် “ယခုအခါ ဂါဇာကိစ္စကိုလည်း အဆုံးသတ်ရန် အချိန်တန်ပါပြီ၊ အကျဉ်းသားများ အိမ်ပြန်ရောက်ရှိရေး၊ စစ်ပွဲအဆုံးသတ်ရေး၊ အစ္စရေးနိုင်ငံအနေဖြင့် ပြန်လည်တည်ဆောက်ရေး စတင် သင့်သည်” ဟု ရေးသားခဲ့သည်။
ကိုးကား- CNN
Photo: The Times of Israel

အမေရိကန်သမ္မတ ထရမ့်က ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Dmitry Medvedev အား နျူကလီးယားလက်နက်များအကြောင်း “လွယ်လွယ်ကူကူ” ပြောဆိုခြင်းကို တုံ့ပြန်သတိပေးခဲ့သည်။
ရုရှားသမ္မတဟောင်း Medvedev က အမည်မဖော်လိုသော နိုင်ငံအချို့သည် အီရန်အား အစုလိုက်အပြုံလိုက်ထိခိုက်ပျက်စီးစေနိုင်သော လက်နက်များ (WMD) ထောက်ပံ့ရန် အဆင်သင့်ဖြစ်နေကြောင်း ညွှန်းဆိုပြောဆိုခဲ့ပြီးနောက် ထရမ့်၏ ဝေဖန်မှုထွက်ပေါ်လာခြင်းဖြစ်သည်။

တနင်္ဂနွေနေ့ (ဇွန် ၂၂) တွင် အမေရိကန်သည် အီရန်၏ Fordow၊ Natanz နှင့် Isfahan ရှိ နျူကလီးယားစက်ရုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၎င်း၏ စစ်လေယာဉ်များသည် အစ္စလာမ္မစ်သမ္မတနိုင်ငံ အီရန်၏ နျူကလီးယား အစီအစဉ်ကို ကြီးစွာထိခိုက်စေခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုမတိုင်မီတွင် အစ္စရေးက အီရန်ကို ကြီးမားသော လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ထရမ့်က တနင်္လာနေ့ (ဇွန် ၂၃) တွင် ၎င်း၏ Truth Social လူမှု မီဒီယာ ပေါ်၌ “ကြားသိခဲ့ရသည်မှာ ရုရှားသမ္မတဟောင်း Medvedev က “N စကားလုံး” (နျူကလီးယား!) ကို ပေါ့ပေါ့ပါးပါးပြောဆိုနေပြီး ၎င်းနှင့် အခြားနိုင်ငံများက အီရန်ကို နျူကလီးယားဗုံးများ ထောက်ပံ့မည်ဟု ဆိုနေခြင်းလား” ဟု ရေးသားခဲ့သည်။
အမေရိကန်ခေါင်းဆောင်က ဖြေရှင်းချက် အလျင်အမြန်ပေးရန် တောင်းဆိုကာ “N စကားလုံး (နျူကလီးယား) ကို ထိုကဲ့သို့ပေါ့ပေါ့ဆဆ မပြောသင့်” ဟု အတိအလင်းပြောကြားခဲ့သည်။
ထို့အပြင် ထရမ့်သည် အမေရိကန်၏ လေတပ်၊ ရေတပ် စစ်အင်အားများ များစွာသာလွန်နေကြောင်း ဂုဏ်ယူစွာဖော်ပြကာ အီရန်ကို မကြာသေးမီ က ဗုံးကြဲမှုကို သက်သေအဖြစ် ညွှန်းဆိုခဲ့သည်။
Dmitry Medvedev တနင်္ဂနွေနေ့ (ဇွန် ၂၂) က X (Twitter) ၌ “နိုင်ငံ အချို့သည် အီရန်အား ၎င်းတို့၏ ကိုယ်ပိုင်နျူကလီးယားဗုံးများ တိုက်ရိုက် ထောက်ပံ့ရန် အဆင်သင့်ဖြစ်နေသည်” ဟု အခိုင်အမာဆိုခဲ့သည်။ သို့သော် ၎င်းက နိုင်ငံများ၏အမည်ကို မဖော်ပြဘဲ အမေရိကန်၏ ဗုံးကြဲမှုများသည် တီဟီရန်၏ “နျူကလီးယား ဆက်စပ်ပစ္စည်းများ ကြွယ်ဝလာမှုနှင့် အနာဂတ် နျူကလီးယားလက်နက်ထုတ်လုပ်ရေး အစီအစဉ်ကို မတားဆီးနိုင်” ဟု ညွှန်းဆိုခဲ့သည်။ Medvedev က အမေရိကန်၏ လုပ်ရပ်များကြောင့် အီရန်ခေါင်းဆောင်များ “ပိုမိုအားကောင်းလာမည်” ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။
ထို့အပြင် “ကမ္ဘာ့နိုင်ငံအများစုက အစ္စရေးနှင့် အမေရိကန်၏ လုပ်ရပ် များကို ဆန့်ကျင်နေကြသည့်အတွက် ထရမ့်သည် Nobel ငြိမ်းချမ်းရေး ဆုကို မေ့ထားရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အမေရိကန်ကို နောက်ထပ်စစ်ပွဲတစ်ခုအတွင်းသို့ ထပ်မံတွန်းပို့လိုက်ပြီ” ဟု ၎င်းက ကောက်ချက်ချခဲ့သည်။
Medvedev က ထရမ့်၏ ဝေဖန်မှုကို တုံ့ပြန်ကာ “ရုရှားသည် အီရန်ထံ နျူကလီးယားလက်နက်များ ထောက်ပံ့ရန် မည်သည့်ရည်ရွယ်ချက်မှ မရှိပါ၊ အဘယ်ကြောင့်ဆိုသော် အစ္စရေးနှင့်မတူညီဘဲ မိမိတို့သည် နျူကလီးယား ပျံ့နှံ့မှုတားဆီးရေး စာချုပ် (NPT) ၏ အဖွဲ့ဝင် နိုင်ငံ ဖြစ်သည်” ဟု အတိအလင်းပြောကြားခဲ့သည်။
သို့သော် ၎င်းက “အခြားနိုင်ငံများအနေဖြင့် ထောက်ပံ့မှုပြုနိုင်သည်၊ မိမိ ပြောခဲ့သည်မှာ ထိုအချက်ပင်ဖြစ်သည်” ဟု ဖြည့်စွက်ခဲ့သည်။
ထို့အပြင် Medvedev က ဝါရှင်တန်အား မည့်သည့်နိုင်ငံက နျူကလီးယား လက်နက် ပိုများသည်ဆိုသည့် အချေအတင်ငြင်းခုံမှုများကို ရှောင်ကြဉ်ရန် တိုက်တွန်းကာ ၎င်း၏ သမ္မတသက်တမ်းအတွင်း မော်စကိုနှင့် ဝါရှင်တန် တို့ လက်မှတ်ရေးထိုးခဲ့သည့် New START လက်နက် ထိန်းချုပ်ရေး စာချုပ် သည် ယခုတိုင် အာဏာသက်ရောက်နေဆဲဖြစ်ကြောင်း ထောက်ပြ ခဲ့သည်။
တနင်္လာနေ့ (ဇွန် ၂၃) တွင် မော်စကို၌ ကျင်းပသည့် အစည်းအဝေး တစ်ခုတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နှင့် တွေ့ဆုံစဉ် ရုရှားသမ္မတ Vladimir Putin က အမေရိကန်၏ အီရန်တိုက်ခိုက်မှုကို “အကြောင်းမဲ့စစ်ပွဲ” ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်ဟု သတ်မှတ်ကာ အကြောင်းပြချက်မရှိနိုင်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာ (ဇွန် ၂၃) ညပိုင်းတွင် အီရန်နှင့် အစ္စရေးတို့သည် အပြန်အလှန်တိုက်ခိုက်မှုများရပ်စဲရန် သဘော တူညီခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုကြေညာချက်မတိုင်မီ နာရီပိုင်း အလိုတွင် အီရန်က ကာတာရှိ အမေရိကန်စစ်စခန်းတစ်ခုကို ဒုံးကျည် များဖြင့် တိုက်ခိုက်ခဲ့သည်။ ၎င်းမှာ အမေရိကန်က အီရန်၏ နျူကလီးယား စက်ရုံများကို တိုက်ခိုက်မှုအား တုံ့ပြန်ခြင်းဖြစ်သည်။

ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် "အီရန်နှင့် အစ္စရေးတို့သည် အပြည့်အဝ ပစ်ခတ်မှုရပ်စဲရန် သဘောတူညီခဲ့ပြီ ဖြစ်သည် (လက်ရှိလုပ်ဆောင်ဆဲ တိုက်ခိုက်ရေးလုပ်ငန်းစဉ်များ ပြီးဆုံး ပါက ၆ နာရီ အတွင်း စတင်မည်) ၁၂ နာရီကြာပါက အဆိုပါစစ်ပွဲကို အဆုံး သတ်သည်ဟု သတ်မှတ်မည်" ဟု ရေးသားခဲ့သည်။
ထို့အပြင် ၎င်းက "တရားဝင်အားဖြင့် အီရန်က ပစ်ခတ်မှုရပ်စဲမည်ဖြစ်ပြီး ၁၂ နာရီပြည့်လျှင် အစ္စရေးက ရပ်စဲမည် ၊ ၂၄ နာရီအကြာတွင် '၁၂ ရက် ကြာစစ်ပွဲ' ကို တရားဝင်အဆုံးသတ်မည်ဖြစ်ပြီး ကမ္ဘာက ချီးကျူး ဂုဏ်ပြုကြလိမ့်မည် ၊ ရပ်စဲထားစဉ်ကာလအတွင်း နှစ်ဖက်စလုံးက အေးချမ်းစွာ နေထိုင်ကြမည်" ဟု ဖြည့်စွက်ရေးသားခဲ့သည်။
ထရမ့်က "အရာရာ အဆင်ပြေစွာ ဖြစ်လာနိုင်မည်ဆိုပါက အစ္စရေးနှင့် အီရန်နိုင်ငံတို့အား '၁၂ ရက်စစ်ပွဲ' ကို အဆုံးသတ်ရန် လုံ့လ၊ ရဲစွမ်းသတ္တိနှင့် ဉာဏ်ရည်ဉာဏ်သွေးအတွက် ဂုဏ်ပြုလိုက်ပါသည်" ဟု မှတ်ချက်ပြု ခဲ့သည်။
အီရန်နှင့် အစ္စရေးတို့က ထရမ့်၏ကြေညာချက်ကို တရားဝင် ထုတ်ပြန် ပြောဆိုမှု မရှိသေးပေ။ သို့သော် လူမှုကွန်ရက်ပေါ်မှ အတည်မပြုရ သေးသော သတင်းများအရ ထရမ့်၏ကြေညာချက်နောက်ပိုင်းတွင် အစ္စရေး က တီဟီရန်ရှိ ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်နေသည်ဟု ဆိုသည်။
အီရန်အရာရှိတစ်ဦးက "တီဟီရန်သည် အပစ်အခတ်ရပ်စဲရေး အဆိုပြု ချက်ကို မရရှိသေးပါ" ဟု CNN သို့ ပြောကြားခဲ့ပြီး ထရမ့်၏ ပြောဆိုချက် များကို "လှည့်ဖြားမှုတစ်ခု" အဖြစ် ရှုမြင်ကြောင်း ဖော်ပြခဲ့သည်။ "ယခုအချိန်တွင် ရန်သူများသည် အီရန်ကို ကျူးကျော်တိုက်ခိုက်နေပြီး အီရန်သည် ၎င်း၏ပြန်လည်တုံ့ပြန်မှုကို အရှိန်မြှင့်တင်ရန် အလားအလာ ရှိနေသည်၊ ရန်သူများ၏ မုသားစကားများကို နားမထောင်တော့ပါ"ဟု ထပ်လောင်းပြောကြားခဲ့သည်။
သို့သော် အီရန်အကြီးအကဲတစ်ဦးက တီဟီရန်သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို သဘောတူညီခဲ့ကြောင်း အတည်ပြုခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။