သတင်းများ

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံသားများ စစ်ပြေငြိမ်းရေးအပေါ် ဝမ်းမြောက်

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံသားများသည် ဇူလိုင် ၂၉ ရက်နေ့ ည သန်းခေါင်မှစတင်၍ စစ်ပြေငြိမ်းရေး စတင်ချိန်တွင် လွန်စွာ ဝမ်းမြောက် ခဲ့ကြပြီး အဆိုပါ သဘောတူညီချက် ရေရှည်မတည်တံ့မည်ကို စိုးရိမ်နေ ကြသည်။ ဇူလိုင် ၂၄ ရက်တွင် စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများအပြီး ထိုင်းနိုင်ငံ၏ ယာယီဝန်ကြီးချုပ် Phumtham Wechayachai နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet တို့သည် မလေးရှားနိုင်ငံ Kuala Lumpur တွင် တွေ့ဆုံဆွေးနွေးပြီး စစ်ပြေငြိမ်းရေး သဘောတူညီခဲ့သည်။

ငါးရက်ကြာ တိုက်ပွဲများတွင် နှစ်ဖက်တပ်များက လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး အရပ်သားများ သေဆုံးကာ လူပေါင်း ၃၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ စစ်ဘေးရှောင်စခန်းတစ်ခုတွင် နေထိုင်နေသော Phean Neth (၄၅ နှစ်) က “အိမ်ကို အရမ်းလွမ်းနေပါသည်။ ယခုလို သတင်းကို ကြားရတော့ အရမ်းဝမ်းသာပါသည်" ဟု ပြောသည်။ ထိုင်းနိုင်ငံသား Jeanjana Phaphan (၄၈နှစ်) ကလည်း "စစ်တကယ် ပြီးသွားပါက အလွန်ဝမ်းသာသွားပါမည်" ဟု မျှော်လင့်ချက်ဖြင့် ပြောသည်။

သို့သော် စစ်ပြေငြိမ်းရေး ရေရှည်တည်တံ့မှုကို သံသယရှိသူများလည်း ရှိသည်။ ထိုင်းနိုင်ငံ Surin မှ Siriwut Wongcharoen (၅၉ နှစ်) က "ကျွန်တော် ကတော့ စစ်ဘေးရှောင် နေဦးမည်။ နောက်နှစ်ရက်ခန့် စောင့်ကြည့် ဦးမည်" ဟု ဆိုသည်။

မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က အဆိုပါစစ်ပြေငြိမ်းရေးသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ပြန်လည်တည်ဆောက်ရန် အရေးကြီးသော ပထမဆုံးခြေလှမ်းဖြစ်သည်ဟု ပြောသည်။ ကမ္ဘောဒီးယား အတွေးအခေါ် အဖွဲ့ Future Forum ၏ တည်ထောင်သူ Ou Vik က မည်သည့် သဘောတူညီချက်မဆို ရည်မှန်းချက်သည် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ အကြား ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖြစ်ရမည်ဟု ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံက ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နယ်စပ်တစ်လျှောက် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ကမ္ဘောဒီးယားက စစ်ပြေငြိမ်းရေး စတင်ပြီးနောက် အခြေအနေ အေးချမ်း သွားကြောင်း ဆိုသည်။

ကျွမ်းကျင်သူများက စစ်ပြေငြိမ်းရေး၏ အကြီးမားဆုံး စိုးရိမ်ရမှုမှာ နှစ်နိုင်ငံအကြား ယုံကြည်မှုကင်းမဲ့ခြင်းနှင့် နယ်နိမိတ်အငြင်းပွားမှုများ ဖြစ်သည်ဟု သုံးသပ်ကြသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မက်ဗီဒက်ဗ်က ထရမ့်အား ရုရှားသည် အစ္စရေး (သို့) အီရန်မဟုတ်ဟု ပြောဆို

ရုရှားနိုင်ငံ၏ သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ရုရှားနိုင်ငံသည် အစ္စရေးသို့မဟုတ် အီရန်ကဲ့သို့သော နိုင်ငံမျိုးမဟုတ်ကြောင်း၊ ထရမ့်၏ ခြိမ်းခြောက်မှုတိုင်းသည် နိုင်ငံတကာ ပဋိပက္ခကို တစ်လှမ်းချင်း နီးကပ်လာစေကြောင်း ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ဇူလိုင် ၂၈ ရက်နေ့တွင် ရုရှားအစိုးရအား ပိုမို တင်းကျပ်သည့် နောက်ဆုံးသတ်မှတ်ချက်တစ်ရပ်ကို ထုတ်ပြန်ကာ ကိယက်ဗ်အစိုးရနှင့် "၁၀ ရက်မှ ၁၂ ရက်အတွင်း" စစ်ပြေငြိမ်းရေး သဘော တူညီမှုရရှိရန် တောင်းဆိုခဲ့သည်။ ယခုလအစောပိုင်းကလည်း ဆောင်းဦး ရာသီတွင် သဘောတူညီမှုမရရှိပါက ရုရှား၏ကုန်သွယ်ဖက်နိုင်ငံများအပေါ်ကျယ်ကျယ်ပြန့်ပြန့် အရေးယူမှုများ ဆောင်ရွက်မည်ဟု ခြိမ်းခြောက်ခဲ့ ဖူးသည်။

ရုရှား လုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မက်ဗီဒက်ဗ်က ထရမ့်၏ ရုရှားအား ယူကရိန်း ပဋိပက္ခအပေါ် နောက်ဆုံး သတ်မှတ်ချက် ထုတ်ပြန် ခဲ့ခြင်းနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုခဲ့ပြီး X လူမှုကွန်ရက် ပို့စ်တစ်ခုတွင် "ရုရှားနိုင်ငံသည် အစ္စရေးသို့မဟုတ် အီရန်နိုင်ငံများနှင့် မတူညီကြောင်း နှင့် နောက်ဆုံး သတ်မှတ်ချက် အသစ်တိုင်းသည် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်ပြီး ရုရှားနှင့် အမေရိကန်ကြား ပဋိပက္ခကို ပိုမိုနီးကပ်စေသည့် အဆင့်တစ်ခုပင်ဖြစ်သည်ကို ထရမ့်အနေဖြင့် သတိရသင့်ကြောင်း ရေးသား ခဲ့သည်။

ကိုးကား- RT

ရုရှားလူမျိုးများကို ချစ်ခင်ကြောင်းပြောကြားခဲ့ပြီး တစ်ဆက်တည်း မှာပင် ဒဏ်ခတ်မှုအသစ်များ ချမှတ်နိုင်သည်ဟု ထရမ့်ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားလူမျိုးများကို ချစ်ခင်ကြောင်း နှင့် ၎င်းတို့သည် ကြီးကျယ်သောလူမျိုးများဖြစ်သည်ဟု ဂုဏ်ပြု ပြောကြား ခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းက မော်စကိုကို ပိုမိုတင်းကျပ်သော ဒဏ်ခတ်အရေးယူမှုများဖြင့် ခြိမ်းခြောက်ခဲ့ပြီး ယူကရိန်းပဋိပက္ခ ဖြေရှင်းရန် အချိန်ကာလအသစ်သတ်မှတ်ခဲ့သည်။

ထရမ့်က စကော့တလန်နိုင်ငံ Turnberry တွင် ဗြိတိသျှဝန်ကြီးချုပ် Keir Starmer နှင့် အမေးအဖြေအစီအစဉ်တစ်ခုအတွင်း ၎င်းသည် ရုရှား သမ္မတ ဗလာဒီမာ ပူတင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း ပြောကြား ခဲ့ပြီး ရုရှားနိုင်ငံသည် အခြားနိုင်ငံကြီးများကဲ့သို့ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံ ဖြစ်ကာ ရုရှားနှင့် အမေရိကန်အကြား ကြီးမားသော ကုန်သွယ်ရေး အလား အလာများအကြောင်း ပြောကြားခဲ့သည်။

မော်စကိုအပေါ် ဖြစ်နိုင်ခြေရှိသော ဒဏ်ခတ်မှုအသစ်များနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ၎င်းအနေဖြင့် ရုရှားလူမျိုးများကို ချစ်ခင်ပြီး ထိုကဲ့သို့ သော ဒဏ်ခတ်အရေးယူမှုများ မလုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ မော်စကိုနှင့် ကိယက်ဗ်အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှေးကွေး နေမှုအပေါ် စိတ်ပျက်မိကြောင်း ၎င်းက ဖော်ပြခဲ့ပြီး ယူကရိန်းမြို့များကို တိုက်ခိုက်မှုအတွက် ရုရှားကို စွပ်စွဲပစ်တင်ခဲ့သည်။ ထရမ့်က ပူတင်နှင့် ၎င်း၏ လေးစားဖွယ်ကောင်းသည့် စကားဝိုင်းများသည် အကျိုး သက်ရောက်မှု မရှိခဲ့သည့်အတွက် ဆက်လက်ဆွေးနွေးရန် စိတ်မဝင်စားတော့ကြောင်း လည်း ပြောကြားခဲ့သည်။

ထရမ့်၏ ထုတ်ဖော်ပြောကြားချက်များသည် ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်အတွက် အချိန်ကာလအသစ်သတ်မှတ်ချိန်တွင် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂၈ ရက်နေ့ မှစ၍ "၁၀ ရက် သို့မဟုတ် ၁၂ ရက်" အတွင်း သဘောတူညီချက်ရရှိသင့်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ မဟုတ်ပါက ဝါရှင်တန်သည် မော်စကိုအပေါ် ဒဏ်ခတ်မှုအသစ်များ ချမှတ်မည်ဟု ဆိုသည်။

ထရမ့်သည် ကင် နှင့်တွေ့ဆုံလိုပါက နျူကလီးယားဖျက်သိမ်းရေး မူဝါဒ ကို စွန့်လွှတ်ရမည်ဟု မြောက်ကိုရီးယားပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ပြုံယမ်းကို နျူကလီးယား လက်နက် ပိုင်ဆိုင်သည့်နိုင်ငံအဖြစ် လက်ခံရမည်ဖြစ်ပြီး နျူကလီးယား ဖျက်သိမ်းရေးမူဝါဒကို ဆက်လက် ကျင့်သုံးနေပါက နှစ်နိုင်ငံ ခေါင်းဆောင် များအကြား နောက်ထပ်တွေ့ဆုံရန် မဖြစ်နိုင်တော့ကြောင်း မြောက်ကိုရီးယား က အင်္ဂါနေ့ (ဇူလိုင် ၂၉) တွင် ပြောကြားလိုက်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ဩဇာအရှိဆုံးညီမဖြစ်သူ ကင်ယိုဂျုံက မြောက်ကိုရီးယားဗဟိုသတင်းဌာန (KCNA) မှတစ်ဆင့် ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ကင်နှင့် ထရမ့်တို့၏ ပုဂ္ဂိုလ်ရေး ဆက်ဆံရေးသည် "မဆိုးလှကြောင်း" ဝန်ခံပြောကြားခဲ့သည်။

သို့သော် "ဒီပီအာရ်ကေ (မြောက်ကိုရီးယား) နှင့် အမေရိကန်တို့၏ အမြင့်ဆုံးခေါင်းဆောင်များအကြား ပုဂ္ဂိုလ်ရေးဆက်ဆံရေးကို နျူကလီးယား ဖျက်သိမ်းရေးအတွက် အသုံးချလိုပါက ၎င်းကို လှောင်ပြောင်သည့် လုပ်ရပ် အဖြစ်သာ ကောက်ချက်ချနိုင်သည်" ဟု သူမက ပြောကြားခဲ့သည်။

အမေရိကန်သည် ပြောင်းလဲလာသော အခြေအနေကို လက်မခံဘဲ ကျရှုံး ခဲ့သည့် ယခင် မူဝါဒများကိုသာ ဆက်လက်ဆုပ်ကိုင်ထားပါက ဒီပီအာရ်ကေ -အမေရိကန် တွေ့ဆုံမှုသည် အမေရိကန်ဘက်တစ်ခုတည်း၏ 'မျှော်လင့်ချက်' အဖြစ်သာ ရှိနေဦးမည်ဖြစ်သည်" ဟု သူမက ဖြည့်စွက် ပြောကြား ခဲ့သည်။

ကင်ဂျုံအန်နှင့် မိမိ၏ "အလွန်ကောင်းမွန်သော ဆက်ဆံရေး" ကို အထပ်ထပ်အခါခါ ဂုဏ်ယူဝင့်ကြွားလေ့ရှိသည့် သမ္မတထရမ့်က မတ်လ ကုန်ပိုင်းတွင် ၎င်း၏အစိုးရအဖွဲ့သည် မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဆက်သွယ်မှုရှိခဲ့ကြောင်း၊ နှစ်ဘက်လုံးသည် "တစ်ချိန်ချိန်တွင်" တစ်ဖက် နှင့်တစ်ဖက် ပြန်လည်ဆက်သွယ်နိုင်ကြောင်း ပြောကြားခဲ့သည်။

သို့သော် မြောက်ကိုရီးယားကို စောင့်ကြည့်နေသည့် NK News ဝက်ဘ်ဆိုဒ် က ဇွန်လတွင် အမေရိကန်သည် နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်၌ တာဝန်ထမ်းဆောင်နေသော မြောက်ကိုရီးယားသံတမန်များမှတစ်ဆင့် ထရမ့်ရေးသားခဲ့သည့်စာကို အကြိမ်ကြိမ်ပို့ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း "ပြတ်ပြတ်သားသား" ငြင်းပယ်ခံခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထိုကြိုးပမ်းမှုများ မည်သည့်အချိန်က ပြုလုပ်ခဲ့သည်ကိုမူ မရှင်းလင်း ခဲ့ပေ။

၎င်း၏ပထမသက်တမ်းအတွင်း ကင်နှင့် သုံးကြိမ်တွေ့ဆုံခဲ့ပြီး မြောက် ကိုရီးယားသို့ လာရောက်သည့် ပထမဆုံးသော အမေရိကန်သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့သူ ထရမ့်သည် ဒုတိယသက်တမ်း၏ ပထမလများအတွင်း ပြုံယမ်းကို "နျူကလီးယားအင်အားကြီးနိုင်ငံ" အဖြစ် အထပ်ထပ် ရည်ညွှန်း ခဲ့သည်။ ၎င်းသည် ကင်နှင့် ပြန်လည်ဆက်သွယ်ရန် ကြိုးပမ်းမှုတွင် ပထမ သက်တမ်းက အဆုံးသတ်ရှုံးနိမ့်ခဲ့သော နျူကလီးယား ဖျက်သိမ်းရေး လုပ်ငန်းစဉ်ထက် လက်နက်လျှော့ချရေးဆွေးနွေးပွဲများကိုသာ ဦးတည် နိုင်ခြေရှိ၊ မရှိ မေးခွန်းထုတ်စရာဖြစ်စေခဲ့သည်။

သို့သော် အိမ်ဖြူတော်မှ တာဝန်ရှိသူများက ထိုသို့သော အခြေအနေမျိုး ကို လက်မခံဘဲ ထရမ့်သည် "ပထမသက်တမ်းကာလကဲ့သို့ပင် မြောက်ကိုရီးယား ၏ နျူကလီးယားဖျက်သိမ်းရေးကို အပြည့်အဝ ဆက်လက် လုပ်ဆောင် သွားမည်" ဟု ပြောကြားခဲ့သည်။

အဆိုပါမူဝါဒသည် ရေရှည်ပန်းတိုင်တစ်ခုဖြစ်သည့်တိုင် ကင်အုပ်စုအတွက် စတင်ရန် မဖြစ်နိုင်သော အရာတစ်ခုအဖြစ် ယူဆထားကြသည် - အဆိုပါ အမြင်သည် ကင်ယိုဂျုံ၏ အင်္ဂါနေ့ (ဇူလိုင် ၂၉) က ထုတ်ပြန်ချက်တွင် ထင်ဟပ်နေသည်။

"၂၀၂၅ ခုနှစ်သည် ၂၀၁၈ ခုနှစ် သို့မဟုတ် ၂၀၁၉ ခုနှစ်နှင့် မတူညီ ကြောင်း ထည့်သွင်း စဉ်းစားသင့်သည်" ဟု သူမက ပြောကြားခဲ့သည်။ အဆိုပါစကားလုံးများသည် ထရမ့်နှင့် သူမ၏အစ်ကို တွေ့ဆုံခဲ့သည့် ၂ နှစ်တာကာလအတွင်းက အခြေအနေကို သွယ်ဝိုက်ညွှန်းဆိုနေခြင်း ဖြစ်သည်။

အမှန်စင်စစ် ၂၀၁၉ ခုနှစ်က ထိပ်သီးဆွေးနွေးပွဲ အကျိုးဆက် ပြတ်တောက် သွားချိန်နှင့် နှိုင်းယှဉ်ပါက ကင်သည် ယခုအခါ အလွန်ကွဲပြားသော အနေ အထားတွင် ရှိနေသည်။ ယခု ခြောက်နှစ်အတွင်း ကင်သည် ၎င်း၏ နျူကလီးယားလက်နက်နှင့် ဒုံးကျည်အစီအစဉ်များကို နှစ်ဆတိုးမြှင့်ခဲ့သည်။ မြောက်ကိုရီးယားတွင် နျူကလီးယားထိပ်ဖူး ၅၀ ခန့် ပိုင်ဆိုင်ပြီးဖြစ်ကာ နောက်ထပ် အခု ၄၀ အထိ ထုတ်လုပ်နိုင်ရန် လုံလောက်သောနျူကလီးယားလောင်စာပစ္စည်းများ ပိုင်ဆိုင်ထားသည်ဟု ခန့်မှန်း ရသည်။

ကင်သည် မိမိ၏နျူကလီးယားလက်နက်အစီအစဉ်ကို "အကန့်အသတ်မဲ့" တိုးချဲ့ရန် တောင်းဆိုခဲ့ပြီး မြောက်ကိုရီးယား၏ အဓိကနျူကလီးယား စက်ရုံဖြစ်သော ယုံဗြုံ (Yongbyon) တွင် ပိုမိုမြင့်မားသော ယူရေနီယမ် သန့်စင်မှုများ လုပ်ဆောင်နိုင်ရန် အဆောက်အဦအသစ်တစ်ခု တည်ဆောက်ရန် အမိန့်ပေးခဲ့သည်ဟု ယုံကြည်ရသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် "အမြဲတမ်း" နျူကလီးယား လက်နက် ပိုင်ဆိုင်သည့်နိုင်ငံအဖြစ် အဆင့်အတန်းကို ဥပဒေတစ်ရပ်အနေဖြင့် အတည်ပြုခဲ့သည်။

"ဒီပီအာရ်ကေ၏ နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ပြန်လည်မပြောင်းလဲနိုင်သော အခြေအနေနှင့် ၎င်း၏စွမ်းရည်များနှင့် ပထဝီနိုင်ငံရေးပတ်ဝန်းကျင်များ အကြီးအကျယ် ပြောင်းလဲသွားပြီ ဖြစ်သည့် အချက်တို့ကို အသိအမှတ်ပြုခြင်းသည် အနာဂတ်တွင် ဖြစ်ပျက်လာမည့် အရာရာတိုင်းကို ကြိုတင်ခန့်မှန်းရန်နှင့် စဉ်းစားရန်အတွက် ကနဦး အခြေခံ သဘောတရားတစ်ရပ် ဖြစ်သင့်သည်" ဟု ကင်ယိုဂျုံက အင်္ဂါနေ့ တွင် ပြောကြားခဲ့သည်။

“အဆိုပါအဖြစ်မှန်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ မငြင်းဆိုနိုင်သလို နားလည်မှုလွဲမှားခြင်းလည်း မရှိသင့်ပါ" ဟု သူမက ဖြည့်စွက် ပြောကြား ခဲ့သည်။

"ဒီပီအာရ်ကေအား နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံအဖြစ် အသိအမှတ်မပြုရန် မည်သည့်ကြိုးပမ်းမှုကိုမဆို... အလုံးစုံငြင်းပယ်ခြင်း ခံရမည်"ဟုဆိုသည်။

ကင်ယိုဂျုံ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ The Japan Times မှ မေးမြန်းချက်ကို အိမ်ဖြူတော်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တို့က ချက်ချင်းတုန့်ပြန်ခြင်းမရှိခဲ့ပေ။

ကင်ယိုဂျုံ၏ အဆိုပါပြောကြားချက်များသည် တောင်ကိုရီးယား သမ္မတ သစ် လီဂျယ်မြောင်၏ ငြိမ်းချမ်းရေးလှုပ်ရှားမှုများအား ကင်အုပ်စုဘက်မှ ပထမဆုံးတုန့်ပြန်ချက်အဖြစ် ဆိုးလ်နှင့် ဆက်ဆံရေး တိုးတက်ရန် အလား အလာများကို အေးစက်စေခဲ့သည့် နောက်တစ်ရက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကိုးကား - The Japan Times

ဘာသာပြန်ဆိုသူ- ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားနိုင်ငံနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးပွဲ၌ အမေရိကန်နှင့် တရုတ်နိုင်ငံ တို့ကြား အချေအတင်ဖြစ်ပွား

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် ရုရှားနိုင်ငံနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲ၌ အချေအတင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းက ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆွေးနွေးပွဲ၌ အချေအတင်၊ အငြင်းအခုံဖြစ်ပွားခြင်းဖြစ်ပြီး တရုတ်နိုင်ငံသည် ရုရှားနိုင်ငံအား လျှို့ဝှက်စွာ အကူအညီပေးလျက်ရှိသည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဒေါရောသီရှီးက စွပ်စွဲပြောကြားပြီးနောက် နှစ်နိုင်ငံကြား အချေအတင်ဖြစ်ပွားခြင်း ဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအတွင်းလုပ်ဆောင်နေသည့် ရန်လိုမှုများကို ရပ်တန့်ပေးရန် ဒေါရောသီရှီးက တရုတ်နိုင်ငံအား တောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါပြောဆိုချက်များကို တရုတ်နိုင်ငံက ငြင်းဆိုခဲ့ပြီး ယူကရိန်းပဋိပက္ခအား တရုတ်နိုင်ငံက  စတင်ခဲ့ခြင်းမဟုတ်ကြောင်း၊ ထို့ပြင် ပဋိပက္ခတွင်လည်း ပါဝင်နေခြင်းမရှိကြောင်း၊ အဆိုပါပဋိပက္ခတွင် အသုံးပြုရန်အတွက် လက်နက်ခဲယမ်း များကိုလည်း ထောက်ပံ့ပေးနေခြင်းမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်လက်ထောက်သံ အမတ်ကန်းရှုအမ်က တုံ့ပြန်ပြောကြားသည်။

ထို့အတူ အမေရိကန်ပြည်ထောင်စုအနေဖြင့်  ယူကရိန်းအရေးတွင် နှစ်ဦးနှစ်ဖက်အကြား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်စေရေးတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပိုမိုပါဝင်ပြီး အခြားနိုင်ငံများအပေါ် အပြစ်တင်ခြင်းအားဖြင့် ထိပ်တိုက် ရင်ဆိုင်မှုများဖန်တီးခြင်းကို ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံက   ဆက်လက်တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်ကုမ္ပဏီများသည် ရုရှားနိုင်ငံအား အနောက်နိုင်ငံများက ချမှတ်ထားသည့် ပိတ်ဆို့မှုများကို   ကျော်လွှားနိုင်စေရန်အတွက် အကူအညီများပေးအပ်လျက်ရှိပြီး စစ်ရေးတွင်အသုံးပြုနိုင်သည့် နည်းပညာများနှင့် ပစ္စည်းကိရိယာများကို ရုရှားနိုင်ငံသို့ ပေးပို့လျက်ရှိသည်ဟု အမေရိကန်အစိုးရက ယူဆထားသည်။

သို့သော် တရုတ်နိုင်ငံသည် ယူကရိန်းပဋိပက္ခကို  အဆုံးသတ်နိုင်ရေးအတွက် ကြားဝင်ဖျန်ဖြေသည့် အခန်းကဏ္ဍမှပါဝင်ရန် ကမ်းလှမ်းခဲ့သည့်အပြင် ရုရှားအပေါ် အနောက်နိုင်ငံများက ပိတ်ဆို့မှုများချမှတ်ခြင်းသည်  ယူကရိန်းငြိမ်းချမ်းရေးကို ဖြစ်ပေါ်စေမည်မဟုတ်ဟု  တုံ့ပြန်ထား ကြောင်းသိရသည်။              

Ref: Rt

MWD Web Portal

တိုကျိုနှင့် ဘာလင်တွင် အမေရိကန်လုပ်ဆောင်ခဲ့သည့်အတိုင်း အစ္စရေး က ဂါဇာတွင် လုပ်ဆောင်နိုင်သည်ဟု အမေရိကန် ဆီးနိတ် လွှတ်တော် အမတ်ပြောဆို

အမေရိကန်ဆီးနိတ်လွှတ်တော်အမတ် လင်းဆေးဂရေဟမ်က အစ္စရေးသည် ဂါဇာကို အပြည့်အဝထိန်းချုပ်ရန် စီစဉ်နေကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်က ဂျာမနီနှင့် ဂျပန်၏ အစိတ် အပိုင်းများကို သိမ်းပိုက်ခဲ့သကဲ့သို့ အစ္စရေးသည်လည်း ပါလက်စတိုင်း နယ်မြေကို ရေရှည်သိမ်းပိုက်မည်ဖြစ်ကြောင်း ၎င်းက NBC သတင်းဌာန နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ဂရေဟမ်က သိမ်းပိုက်ခြင်းမှလွဲ၍ အခြားဖြေရှင်းနည်းမရှိဟု အစ္စရေး ခေါင်းဆောင်များ ယုံကြည်နေကြောင်း ဖော်ပြခဲ့သည်။ "အစ္စရေး၏ လုံခြုံရေးအတွက် ဟားမက်နှင့် စစ်ရေးအဆုံးသတ်ရန် ရည်မှန်းချက် မအောင်မြင်နိုင်ကြောင်းနှင့် ညှိနှိုင်းမှုများကို အဆုံးသတ်ခဲ့ကြပြီ" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟားမက်အကြား အမေရိကန်၏ ကြားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်တန့်နေချိန်တွင် ဟားမက်နှင့် စစ်ပြေငြိမ်းရေးအတွက် ညှိနှိုင်းရန် နည်းလမ်းမရှိဟု ဝါရှင်တန်ကလည်း ယုံကြည်နေကြောင်း ဆီးနိတ်အမတ်က ပြောကြားခဲ့သည်။

အမေရိကန်က တိုကျိုနှင့် ဘာလင်တွင် လုပ်ဆောင်ခဲ့သကဲ့သို့ အစ္စရေး က ဂါဇာကို အင်အားသုံးသိမ်းပိုက်ကာ ပြန်လည်တည်ဆောက်နိုင်သည် ဟု ဂရဟမ်က ပြောကြားခဲ့သည်။ အစ္စရေးသည် ဟားမက် လက်နက်ကိုင် အဖွဲ့နှင့် အကျဉ်းသားများလဲလှယ်နိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နိုင်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဩစတြီးယားနိုင်ငံသည် NATO အဖွဲ့သို့ ဝင်ရောက်ရန် ၎င်း၏ ဘက်မလိုက်မူဝါဒကို စွန့်လွှတ်နိုင်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဩစတြီးယားနိုင်ငံသည် NATO အဖွဲ့ဝင်အဖြစ် ဆွေးနွေးရန် အဆင်သင့် ဖြစ်သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Beate Meinl-Reisinger က ပြောကြားခဲ့သည်။ သို့သော် လက်ရှိအဆင့်တွင် အများပြည်သူနှင့် ပါလီမန် ထောက်ခံမှု များစွာရရှိရန် မလွယ်ကူကြောင်း သူမက ဝန်ခံခဲ့သည်။

Die Welt သတင်းစာ၌ စနေနေ့ (ဇူလိုင် ၂၆) ကဖော်ပြခဲ့သော တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် Meinl-Reisinger က တိုးမြင့်လာနေသော ရုရှား ၏စော်ကားမှု အကြောင်းပြောကြားခဲ့ပြီး ရုရှားသည် ယူကရိန်းနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ချုပ်ဆိုရန်မလိုလားကြောင်း ဆိုခဲ့သည်။

မော်စကိုကမူ ဆွေးနွေးမှုအတွက် အဆင်သင့်ဖြစ်ကြောင်း ပြောဆိုထား သော်လည်း မည်သည့်သဘောတူညီချက်မဆို ၎င်းတို့၏ အဓိက လုံခြုံရေး စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး၊ အထူးသဖြင့် ကိယက်ဗ် သည် NATO အဖွဲ့သို့ မည်သည့်အခါတွင်မျှ မဝင်ရောက်ရန် သဘော တူညီ ရမည်ဟု ပြောဆိုခဲ့သည်။

Meinl-Reisinger ၏ အဆိုအရ "ဘက်မလိုက်ဝါဒသက်သက်ဖြင့် မိမိ တို့ကို ကာကွယ်နိုင်မည်မဟုတ်" ဟုဆိုသည်။ ဩစတြီးယားသည် ကာကွယ်ရေး စွမ်းရည်များ တည်ဆောက်ရုံသာမက စစ်ဖက်ပူးပေါင်း ဆောင်ရွက်မှု များကိုပါ ရင်းနှီးမြှုပ်နှံသင့်ကြောင်း သူမက ရှင်းပြခဲ့သည်။ "အဆိုပါကိစ္စ နှင့်ပတ်သက်၍ အများပြည်သူဆွေးနွေးပွဲတစ်ရပ် ကျင်းပရန် ကျွန်မ အနေဖြင့် အလွန်ပွင့်လင်းစွာရှိနေပါသည်" ဟု သူမက ပြောကြားခဲ့သည်။ ထို့အပြင် လက်ရှိအချိန်တွင် NATO အဖွဲ့ဝင်ဖြစ်ရေးအတွက် ပါလီမန်နှင့် ပြည်သူလူထုထောက်ခံမှု များစွာမရှိသေးသော်လည်း ထိုသို့သော ဆွေးနွေးပွဲမျိုးသည် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေနိုင်သည်ဟု သူမ က ဖြည့်စွက်ပြောကြားခဲ့သည်။

ဝန်ကြီးက NATO အဖွဲ့သို့ ချက်ချင်းဝင်ရောက်ရန် ရည်ရွယ်ခြင်း မဟုတ် ဟု ရှင်းလင်းခဲ့သော်လည်း နိုင်ငံတစ်နိုင်ငံအနေဖြင့် လက်ပိုက် ကြည့်နေ ၍မရဘဲ ပြောင်းလဲလာသော ကမ္ဘာ့နိုင်ငံရေးအခြေအနေကို တုံ့ပြန်ရန် လိုအပ်သည်ဟု သတိပေးပြောကြားခဲ့သည်။

၁၉၅၅ ခုနှစ် ဩစတြီးယား နိုင်ငံတော်ပဋိညာဉ်အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် မည်သည့်စစ်ရေးမဟာမိတ်အဖွဲ့တွင်မျှ ပါဝင်ခြင်း သို့မဟုတ် နိုင်ငံခြားစစ်တပ်များ စခန်းချထားခြင်းကို တားမြစ်ထားသော ဩစတြီးယား သည် ၁၉၉၅ ခုနှစ်မှစ၍ EU အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ ဒုတိယ ကမ္ဘာ စစ်ကာလအတွင်း နာဇီဂျာမနီ၏အစိတ်အပိုင်းဖြစ်ခဲ့ရသော နိုင်ငံသည် အချုပ်အခြာအာဏာပြည့်ဝစွာ ပြန်လည်ရရှိရေးအတွက် ထိုစည်းမျဉ်း များကို လက်ခံခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခ ပိုမိုဆိုးရွားလာပြီးနောက် ဩစတြီးယား သည် အနောက်နိုင်ငံများ၏ ရုရှားဆန့်ကျင်ရေး ဒဏ်ခတ်အရေးယူမှု များတွင် ပါဝင်ခဲ့သည်။ ထို့အတွက် မော်စကိုမှ ဩစတြီးယားအား ရန်ဘက် နိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။ ယခုသီတင်းပတ်အတွင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဩစတြီးယား နိုင်ငံအနေဖြင့် ၎င်း၏နယ်မြေမှတစ်ဆင့် လက်နက်များ အဆက်မပြတ် သယ်ယူပို့ဆောင်ခွင့်ပြုနေမှုနှင့်ပတ်သက်၍ "ဩစတြီးယားသည် ၎င်း၏ ဘက်မလိုက်ရေးမူနှင့် အပြည်ပြည်ဆိုင်ရာပဋိပက္ခများတွင် ကြားနေအဖြစ် ကျင့်သုံးသည့် အခန်းကဏ္ဍကို စွန့်လွှတ်လိုက်ပြီ" ဟု ဝေဖန်ခဲ့သည်။

စစ်ဘေးသင့် ဆူဒန်နိုင်ငံတွင် ဆန့်ကျင်ဘက်လက်နက်ကိုင်အဖွဲ့ ဦးဆောင်သော မဟာမိတ်အဖွဲ့က စင်ပြိုင်အစိုးရအဖွဲ့ ဖွဲ့စည်း

ဆူဒန်နိုင်ငံတွင် နှစ်နှစ်ကျော်ကြာ ပြင်းထန်သော ပြည်တွင်းစစ် ဖြစ်ပွားနေစဉ် Rapid Support Forces (RSF) ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့နှင့်ပူးပေါင်းထားသည့် နိုင်ငံရေးမဟာမိတ်အဖွဲ့က စင်ပြိုင်အစိုးရအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာလိုက်သည်။

The Leadership Council of the Sudan Founding Alliance (TASIS) က စနေနေ့ (ဇူလိုင် ၂၆) တွင် အဆိုပါဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး RSF ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး Mohamed Hamdan Dagalo ကို ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးမှူးများပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးပါ သမ္မတ ကောင်စီ ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။ တောင်ကိုဒိုဖန်ပြည်နယ်တွင် နယ်မြေ အများအပြားနှင့် တပ်ဖွဲ့များကို ထိန်းချုပ်ထားသည့် အာဏာရှင်သူပုန် ခေါင်းဆောင် Abdelaziz Adam al-Hilu က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်မည်ဖြစ်ပြီး ဆူဒန်နိုင်ငံရေးသမား Mohamed Hassan Othman al-Ta'ayshi က ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်မည် ဖြစ်သည်။

"အဆိုပါ သမိုင်းဝင်အောင်မြင်မှုအခါသမယတွင် ဆယ်စုနှစ်များစွာ ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည့် စစ်ဘေးဒဏ်ကို ခံစားခဲ့ရသော ဆူဒန် ပြည်သူများအား ရလဒ်ကောင်းများကို ဆောင်ကြဉ်းပေးမည့် အစိုးရအဖွဲ့ က ဂုဏ်ပြုနှုတ်ဆက်အပ်ပါသည်" ဟု TASIS က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

TASIS အဆိုအရ အဆိုပါစင်ပြိုင်အစိုးရဖွဲ့စည်းမှုသည် "လွတ်လပ်မှု၊ တရား မျှတမှုနှင့် ညီမျှမှုအခြေခံမူများပေါ်တွင် တည်ဆောက်ထားသော စည်းလုံးညီညွတ်သည့်မျိုးချစ်နိုင်ငံတော်နှင့် လူမှုရေးအရ ခွဲခြားမှုမရှိသော၊ ဒီမိုကရက်တစ်၊ ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော၊ စိတ်အားထက်သန်စွာ စည်းလုံးသော ဆူဒန်နိုင်ငံအသစ်တစ်ခုကို တည်ဆောက်ရန် ကတိကဝတ် ကို ပြန်လည်အတည်ပြုခြင်း" ဖြစ်သည်ဟု ကြေညာခဲ့သည်။

ဇီလန်စကီး၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီများအပေါ် ဖိနှိပ်မှုများကို ဆန့်ကျင်သည့် ကန့်ကွက်ဆန္ဒပြပွဲများ ထပ်မံဖြစ်ပေါ်

ဗလာဒီမာ ဇီလန်စကီး၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်း နှစ်ခုကို ဖိနှိပ်မှုများအား ဆန့်ကျင်သည့် ရာနှင့်ချီသော ဆန္ဒပြသူများသည် ကိယက်ဗ်တွင် ပဉ္စမမြောက်နေ့အဖြစ် ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။ ယူကရိန်းခေါင်းဆောင်က ဥပဒေပြင်ဆင်ရန် သဘောတူထားသော်လည်း ဆန္ဒပြသူများက အပြည့်အဝ အတည်မပြုမချင်း ဖိအားပေးမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ဇီလန်စကီးက အဆိုပါအဖွဲ့အစည်းများအား ရုရှား၏ ဩဇာလွှမ်းမိုးမှု အောက်တွင် ရှိနေသည်ဟု ဆိုကာ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) နှင့် အထူးအဂတိလိုက်စားမှု တိုက်ဖျက်ရေး ရှေ့နေရုံး (SAPO) တို့၏ စီမံဆုံးဖြတ်ပိုင်ခွင့် အာဏာကို အထွေထွေ ရှေ့နေချုပ်ထံ လွှဲပြောင်းပေးသည့် ဥပဒေကို အတည်ပြု လက်မှတ်ရေးထိုး ပြီးနောက် ဆန္ဒပြပွဲများ စတင်ခဲ့သည်။

ဝေဖန်သူများက ဇီလန်စကီးအား အာဏာရှင်ဆန်သည့် လုပ်ရပ်များဖြင့် အရေးပါသော အဂတိလိုက်စားမှုများကို စုံစမ်းနေသည့် အဖွဲ့အစည်းများ၏ လွတ်လပ်မှုကို ဖျက်သိမ်းလိုက်သည်ဟု စွပ်စွဲခဲ့သည်။ ကိယက်ဗ် ၏ အနောက်နိုင်ငံ မဟာမိတ်များကလည်း မကျေနပ်မှုများ ထုတ်ဖော်ပြောဆိုကာ ဇီလန်စကီး၏ ဆုံးဖြတ်ချက်များ အတည်ပြုပါက ယူကရိန်း အား ထောက်ပံ့မှုများ ပြန်လည်သုံးသပ်နိုင်ကြောင်း သတိပေးခဲ့သည်။ ထိုသို့ ဆန့်ကျင်မှုများကြောင့် ဇီလန်စကီးက အဆိုပါအဖွဲ့အစည်းများ၏ လွတ်လပ်မှုကို ပြန်လည်ဖော်ဆောင်ရန် သဘောတူညီခဲ့သည်။

တနင်္ဂနွေနေ့ (ဇူလိုင် ၂၇) တွင် ဇီလန်စကီး အစိုးရ၏ လုပ်ဆောင်မှုများ အပေါ် မကျေနပ်သည့် ယူကရိန်းနိုင်ငံသားများသည် ဝေဖန်ပြစ်တင်သည့် စာသားများရေးသားထားသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်သံများ ဟစ်အော်ပြီး ကိယက်ဗ်၌ ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်ခဲ့ ကြသည်။

ကမ္ဘောဒီးယား နှင့် ထိုင်းနိုင်ငံတို့ စစ်ရပ်စဲရေး သဘောတူညီမှုရရှိ

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ တို့၏ ခေါင်းဆောင်များသည် ဇူလိုင် ၂၈ ရက် ညသန်းခေါင်မှ စတင် အကျိုးသက်ရောက်မည့် ချက်ချင်းနှင့် ကန့်သတ်ချက်မရှိ စစ်ရပ်စဲရန် သဘောတူညီမှုကို ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။

"၎င်းသည် တင်းမာမှုများ လျော့ကျစေရန်နှင့် ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရန် ပထမဆုံးသော အရေးကြီးသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ နှစ်ဖက်စလုံးသည် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီး အဆင့်အထိ တိုက်ရိုက်ဆွေးနွေးပွဲများ ပြန်လည် ကျင်းပရန် သဘောတူညီခဲ့ကြသည်" ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ စစ်ဒေသ ၁ နှင့် ၂ မှ ခေါင်းဆောင်များနှင့် ကမ္ဘောဒီးယား၏ စစ်ဒေသ ၄ နှင့် ၅ မှ ခေါင်းဆောင် များ အကြား တရားဝင်မဟုတ်သော အစည်းအဝေးတစ်ခု ကျင်းပရန် သဘောတူညီခဲ့ကြသည်။ "သဘောတူညီမှုရရှိပါက ၎င်းနောက်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ၏ ညှိနှိုင်းမှုဖြင့် နှစ်နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် အစည်းအဝေး ကျင်းပမည်" ဟု အန်ဝါက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၏ ခေါင်းဆောင်များသည် ဩဂုတ်လ ၄ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် နှစ်နိုင်ငံအစိုးရ၏ နယ်စပ် ကော်မတီ အစည်းအဝေးကိုလည်း ပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။ အဆိုပါအစည်းအဝေးကို ကမ္ဘောဒီးယားက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်သော မလေးရှားသည်နယ်စပ်သဘောတူညီမှုအား အကောင်အထည်ဖော်ရန် စီစဉ်မှုနှင့် ကြီးကြပ်မှုများကို ပံ့ပိုးရန် အသင့်ရှိကြောင်း ဖော်ပြခဲ့သည်။

မလေးရှားဝန်ကြီးချုပ်က ပူထရာဂျာယာတွင်ကျင်းပသော ဆွေးနွေးပွဲများသည် နိုင်ငံတကာဥပဒေကို လိုက်နာရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရန်နှင့် ပဋိပက္ခအား တရားမျှတပြီး ရေရှည်တည်တံ့သော အဖြေ ရှာရန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက် မလေးရှား၊ ကမ္ဘောဒီးယားနှင့် ထိုင်းတို့၏ "အပြုသဘောဆောင်သော စိတ်အား ထက်သန်မှု" ကို ပြသခဲ့သည်ဟု ထောက်ပြခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က "ယခုကြေညာချက် အခြေအနေ များ တိုးတက်ကောင်းမွန်လာစေရန်၊ နှစ်နိုင်ငံကြား ပုံမှန်ဆက်ဆံရေးသို့ ပြန်လည်ရောက်ရှိစေရန်နှင့် အနာဂတ်တွင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား တင်းမာမှုများ လျော့ပါးစေရန် အခြေခံအုတ်မြစ် ချပေးနိုင်မည် ဟု မျှော်လင့်ပါသည်" ဟု ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားခေါင်းဆောင်က အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးပွဲများ စီစဉ် ပေးသည့်အတွက် မလေးရှားဝန်ကြီးချုပ်အား ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ဇူလိုင် ၂၆ ရက်က ပဋိပက္ခဖြစ်ပွားနေသော နှစ်ဖက် ခေါင်းဆောင်များနှင့် ဖုန်းဆက်သွယ်ပြောဆိုခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကူညီပေးမှုအတွက် ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထိုင်း၏ ယာယီဝန်ကြီးချုပ်က "ယနေ့ရရှိသော ရလဒ်များက နှစ်ဖက်၏ ကောင်းမွန်သောဆန္ဒဖြင့် အဆိုပါသဘောတူညီမှုအား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ပါသည်" ဟု ပြောကြားခဲ့သည်။