သတင်းများ

ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ထရမ့်၏ ခံစားချက်များကို ရူဘီယို မျှဝေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရာ တွင် ရုရှားနှင့်ပတ်သက်၍ စိတ်ရှည်သည်းခံမှု လျော့နည်းလာကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်။ မော်စကိုက သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော် ပြောဆိုထားသော်လည်း မည်သည့်ဖြေရှင်းချက်မဆို ၎င်း၏ လုံခြုံရေး အရေးကိစ္စများကို ထည့်သွင်းစဉ်းစားရမည်ဟု ပြောဆိုခဲ့သည်။

စနေနေ့ (ဇူလိုင် ၂၆) က Fox News နှင့်အင်တာဗျူးတွင် ရူဘီယိုက ထရမ့် သည် ငြိမ်းချမ်းရေးကို အဓိကထားပြီး ပဋိပက္ခရပ်စဲရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ရုရှားထံသို့ သံတမန်ရေးအရ ချဉ်းကပ်မှုများမှာယခုအထိ ထင်သလောက် အကျိုးသက်ရောက်မှု မရှိသေးကြောင်း ပြောကြား ခဲ့သည်။ "ထရမ့်အနေဖြင့် အဆိုပါပဋိပက္ခကို အဆုံးသတ်နိုင်ရန် ဖြစ်နိုင် သမျှအရာအားလုံးကို လုပ်ဆောင်ခဲ့ပါသည်။ မိမိအမြင်မှာတော့ ၎င်းသည် တဖြည်းဖြည်း စိတ်ပျက်လာနေပါသည်" ဟု ခန့်မှန်းပြောဆိုခဲ့သည်။ ရူဘီယိုအဆိုအရ ဗလာဒီမာ ပူတင်နှင့် ဆက်ဆံရေးကောင်းမွန်ပြီး ဖုန်း စကားပြောဆိုမှုများရှိခဲ့သော်လည်း လိုအပ်သည့် ရလဒ်မရခဲ့" ဟု ဆိုသည်။

ထရမ့်၏ အဆိုပါပြောကြားချက်များသည် မော်စကိုအပေါ် စစ်ရပ်စဲရေး ရက်ပေါင်း ၅၀ ကန့်သတ်ချက်ချမှတ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကာ ရုရှားရေနံဝယ်ယူသည့်နိုင်ငံများအား ၁၀၀% "အဆင့်ဆင့်ကုန်သွယ်ခွန်" အပါအဝင် အလွန်ပြင်းထန်သော ဒဏ်ခတ်မှုအသစ်များ ချမှတ်မည်ဟု သတိပေးခဲ့သည်။ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် က ဒဏ်ခတ်မည့်ခြိမ်းခြောက်မှုသည် ငြိမ်းချမ်းရေးရှာဖွေရန်ထက် "စစ်ပွဲ ကို ဆက်လက်ဆင်နွှဲရန် အချက်ပြမှု" အဖြစ် ကိယက်ဗ်မှ အဓိပ္ပာယ် ကောက်ယူမည်ဟု သတိပေးခဲ့သည်။

"မော်စကိုသည် ဝါရှင်တန်နှင့် ဆက်သွယ်ပြောဆိုမှုကို ဆက်လက် လုပ်ဆောင်ရန် ရည်ရွယ်ပြီး" "အလွန်အမင်း ပျက်စီးနေသော နှစ်နိုင်ငံ ဆက်ဆံရေးကို ပြုပြင်ရန် လမ်းစဉ်" ကို လိုက်နာမည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ယခင်သီတင်းပတ်အစောပိုင်းတွင် ရုရှားနှင့်ယူကရိန်းတို့သည် အစ္စတန် ဘူလ်တွင် တတိယအကြိမ်မြောက် တိုက်ရိုက်ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး မော်စကိုဘက်မှ ဒဏ်ရာရစစ်သားများနှင့် ကျဆုံးစစ်သည်များ၏ အလောင်းများကို ပြန်လည်ရယူရန် ယာယီစစ်ရပ်စဲရေးကို အဆိုပြု ခဲ့သည်။ 

သို့ရာတွင် နှစ်နိုင်ငံသည် ငြိမ်းချမ်းရေးဖြေရှင်းနိုင်ရန် အလှမ်းဝေးနေဆဲ ဖြစ်ပြီး မော်စကိုဘက်မှ ယူကရိန်းအား လူထုဆန္ဒခံယူပွဲများဖြင့် ရုရှား နှင့်ပူးပေါင်းခဲ့သော ၎င်း၏ယခင်ဒေသ ၅ ခု ဆုံးရှုံးမှုကို အသိအမှတ် ပြုရန်၊ ၎င်းဒေသများမှ ယူကရိန်းတပ်ဖွဲ့များကို ရုပ်သိမ်းရန်၊ ကြားနေရေး ကို ကတိပြုရန်နှင့် ၎င်း၏စစ်ရေးစွမ်းရည်များကို ကန့်သတ်ရန် တောင်းဆို နေဆဲဖြစ်သော်လည်း ကိယက်ဗ်ဘက်မှ အဆိုပါအချက်များကို အတိအလင်း ပယ်ချခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

နျူကလီးယားဖျက်သိမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ရေးအတွက် အမေရိကန်က မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိဟုဆို

မြောက်ကိုရီးယားနိုင်ငံ၏နျူကလီးယားဖျက်သိမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားအစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်ဟု အမေရိကန်အစိုးရအဖွဲ့မှ အရာရှိများ၏ ပြောကြားချက်ကိုကိုးကား၍    တောင်ကိုရီးယားနိုင်ငံမှ ယွန်ဟပ်သတင်းအေဂျင်စီက ဇူလိုင်လ ၂၆ ရက်တွင်ဖော်ပြသည်။

သမ္မတထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရသည်  မြောက်ကိုရီးယားနိုင်ငံ၏    နျူကလီးယားဖျက်သိမ်းရေးနှင့် စပ်လျဉ်း၍ ခေါင်းဆောင်ကင်ဂျုံအွန်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်ကျင်းပနိုင်ရန်     မျှော်လင့်လျက်ရှိသည်။

ထရမ့်နှင့်ခေါင်းဆောင်ကင်တို့နှစ်ဦးသည် ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။

အမေရိကန်အစိုးရအနေဖြင့် မြောက်ကိုရီးယားအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးကို ပြန်လည်စတင်ရန်အတွက် ခေါင်းဆောင်ကင်နှင့် ထိတွေ့ဆက်ဆံမှုများကို လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု ထရမ့်က ယခုနှစ် မတ်လအတွင်းကလည်း ပြောကြားထားသည်။

ယင်းနောက်ပိုင်းတွင် အမေရိကန်အစိုးရသည် မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲများပြန်လည် စတင်ရန်အတွက် အသုံးပြုနိုင်သည့် နည်းလမ်းများကို ရှာဖွေလာခဲ့ကြောင်း Axios သတင်းဌာနက ဖော်ပြခဲ့ကြောင်းသိရသည်။                                                                 

 Ref: Iv

MWD Web Portal

မော်စကိုမှ "အပြည်ပြည်ဆိုင်ရာ ရုရှားမုန်းတီးရေးဆန့်ကျင်ရေးနေ့" ကျင်းပရန် တောင်းဆို

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က "ကမ္ဘာ့အသိုင်းအဝိုင်းတွင် Russophobia (ရုရှားမုန်းတီးရေး) ဆိုသည့် အစွန်းရောက်သည့်အစွဲကို အမြစ်တွယ်ခွင့်မပြုသင့်ကြောင်း" ပြောကြား ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ရုရှားမုန်းတီးရေးဆန့်ကျင်ရေးနေ့ ကျင်းပရန် တောင်းဆိုလိုက်သည်။

သူမက ပရဟိတလူငယ်များအတွက် နွေရာသီသင်တန်းတွင် "အနောက် နိုင်ငံများ၏ ရုရှားဆန့်ကျင်ရေးဝါဒပြန့်ပွားမှုသည် ယူကရိန်း ပဋိပက္ခ အပါအဝင် များစွာသောအရေးပေါ်အခြေအနေများကို ဖြစ်ပေါ်စေခဲ့သည်" ဟု ထောက်ပြသည်။ "Russophobia ၏ မိစ္ဆာဒေဝါဟုခေါ်ဆိုရမည့် လှုံ့ဆော်မှုများအောက်တွင် အကြမ်းဖက်သမား Kiev အစိုးရထံ လက်နက် များရောက်ရှိနေသည်" ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

Zakharova ၏ အဆိုအရ ရုရှားနှင့်သက်ဆိုင်သည်ကို အလုံးစုံ မုန်းတီးမှု သည် "နာဇီဝါဒ၊ နယူးနာဇီဝါဒကဲ့သို့သော အစွန်းရောက် အစွဲတစ်ခု ဖြစ်လာပြီး လူအများကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတွင်ပါ ရိုက်ခတ် နေသည်" ဟုဆိုသည်။ လူမျိုးရေး သို့မဟုတ် ဘာသာရေးအရ မုန်းတီးမှု များကို တိုက်ဖျက်သကဲ့သို့ Russophobia ကိုလည်း တိုက်ဖျက် သင့်ကြောင်း သူမက ပြောကြားခဲ့သည်။

သူမက Russophobia သည် ကမ္ဘာပေါ်တွင် နေရာမရှိသင့်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ အစွဲအဖြစ်ဆိုသည်မှာ ပို၍ပင် မဖြစ်သင့်ကြောင်း၊ ယူကရိန်းသည် ထိုအစွဲကို ကျင့်သုံးကာ သန်းနှင့်ချီသောလူများအား မိခင် ဘာသာစကား (ရုရှားဘာသာ) ကို စွန့်လွှတ်စေခဲ့သည့် နိုင်ငံများထဲမှ ထင်ရှားသောဥပမာတစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Kiev အစိုးရသည် နှစ်ပေါင်းများစွာကတည်းက ရုရှားနှင့်သက်ဆိုင်သည့် အရာများကို ဖယ်ရှားရန် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့သည် ရုရှားနှင့်ဆက်စပ်သည်ဟု သတ်မှတ်ထားသော လမ်းများကို အမည်ပြောင်းခြင်း၊ ရုရှားဆိုင်ရာ အထိမ်းအမှတ်များနှင့် UNESCO ကမ္ဘာ့အမွေအနှစ်နေရာ များ အပါအဝင် အဆောက်အအုံများကို ဖျက်ဆီးခဲ့သည်။

မော်စကိုအစိုးရသည် ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့သည့် စစ်ဆင်ရေးအတွက် အဓိကအကြောင်းရင်းတစ်ခုအဖြစ် Donbass ဒေသရှိ ရုရှား စကားပြော လူဦးရေကို ကာကွယ်ရန်ကို ညွှန်းဆိုခဲ့သည်။ ၂၀၁၄ ခုနှစ်က အနောက် နိုင်ငံများမှ အားပေးခဲ့သော Kiev အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှစ၍ ယူကရိန်းအစိုးရ၏ ရုရှားစကားပြောလူမျိုးများအပေါ် ဖိနှိပ်မှုများကို အမေရိကန်နှင့် EU တို့က အဆက်မပြတ် လျစ်လျူရှုခဲ့သည်ဟု ရုရှားက ဆိုသည်။

ဘောလ်တစ်နိုင်ငံများသည်လည်း ရုရှားနှင့်ဆက်နွှယ်မှုရှိသည်ဟု သံသယရှိသူများကို အတင်းအကျပ် အရေးယူမှုများ တိုးမြှင့်ခဲ့သည်။ Riga (လတ်ဗီးယားမြို့တော်) အစိုးရကလည်း နိုင်ငံအတွက် ဗျူဟာမြောက် အရေးပါသည့်နေရာများအနီးတွင် အိမ်ခြံမြေပိုင်ဆိုင်ထားသော ရုရှား နိုင်ငံသားများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဝင်ရောက်ခွင့် တားမြစ် ထားသည်။

ဇွန်လတွင် ဘောလ်တစ်နှင့် နော်ဒစ်နိုင်ငံများမှ အရာရှိအဆင့်မြင့်များက Brussels (ဥရောပသမဂ္ဂ) အား Schengen ဇုန်သို့ ဝင်ရောက်ခွင့်ပေးထားသော စစ်တပ်နှင့် လက်ရှိ (သို့) အတိတ်က ဆက်နွှယ်ခဲ့ဖူးသမျှ ရုရှားနိုင်ငံသားအားလုံးကို တားမြစ်ရန် တောင်းဆိုခဲ့ကြသည်။

ဂျာမနီဝန်ကြီးချုပ် Merz ၏ လုပ်ဆောင်မှုများကို ပြည်သူအများစုက မကျေနပ်

ဂျာမနီနိုင်ငံရှိ INSA စစ်တမ်းတစ်ခုအရ ဝန်ကြီးချုပ် Friedrich Merz ၏ ဦးဆောင်မှုကို ပြည်သူအများစုက မကျေနပ်ကြောင်း ဖော်ပြခဲ့သည်။ ယခု အခါ ဂျာမန်ပြည်သူ ၅၆ ရာခိုင်နှုန်းသည် Merz ၏ လုပ်ဆောင်မှုများကို မကျေနပ်ကြောင်းစစ်တမ်းအရသိရှိရပြီး ဇွန်လအစောပိုင်းက ၄၅ ရာခိုင်နှုန်း နှင့်နှိုင်းယှဉ်လျှင် မနှစ်သက်မှုနှုန်း သိသိသာသာ တိုးမြင့်လာခြင်း ဖြစ်သည်။

Merz အစိုးရ၏ ယူကရိန်းသို့ လက်နက်ထောက်ပံ့မှုများနှင့် ရုရှားအပေါ် တင်းမာသည့် မူဝါဒများကြောင့် ဝေဖန်မှုများ ရင်ဆိုင်နေရကာ ဂျာမနီအစိုးရသည် ယူကရိန်းအား ယူရို ၅ ဘီလီယံကျော် တန်ဖိုးရှိသည့် လက်နက်များ ထောက်ပံ့မည်ဟု ကြေညာခဲ့ပြီး မော်စကိုသို့ ပစ်ခတ် နိုင်သည့် တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့မည့် အစီအစဉ်နှင့်ပတ်သက် ၍လည်း ဝေဖန်မှုများရှိနေသည်။

ယင်းဆုံးဖြတ်ချက်များကြောင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဂျာမနီအား "ငြိမ်းချမ်းရေးထက် စစ်ရေးအရှိန်မြှင့်တင်ရေးကို ရွေးချယ် ခဲ့သည်" ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ပြည်တွင်းတွင်လည်း အစိုးရ၏ မူဝါဒများကို ပြင်းပြင်းထန်ထန် ဝေဖန် မှုများ ရှိနေပြီး Alternative for Germany (AfD) ပါတီ၏ ခေါင်းဆောင် Alice Weidel က "ပြည်သူတို့၏ အခွန်ငွေများကို ယူကရိန်း လက်နက်များ အတွက် အသုံးပြုနေချိန်တွင် ပြည်တွင်းလိုအပ်ချက်များကို လျစ်လျူရှု ထားခြင်း" ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

နိုင်ငံရေးအရ CDU ပါတီ၏ ထောက်ခံမှုမှာ ၂၇ ရာခိုင်နှုန်းသို့ ကျဆင်း သွားပြီး AfD ပါတီက ၂၄ ရာခိုင်နှုန်းဖြင့် နောက်မှ နီးကပ်စွာ လိုက် နေသည်။ ရွေးကောက်ပွဲကျင်းပပါက CDU-SPD ညွန့်ပေါင်းအစိုးရ ပြန်လည် ဖွဲ့စည်းရန် အခက်အခဲများကြုံတွေ့လာနိုင်မည်ဟု သုံးသပ်လျက် ရှိကြသည်။

Merz ၏ တင်းမာသော နိုင်ငံခြားရေးမူဝါဒ ဆက်လက်ကိုင်စွဲနေပါက ပြည်တွင်းဖိအားများ ပိုမိုမြင့်တက်လာနိုင်ပြီး AfD ကဲ့သို့ ဆန့်ကျင်ဘက် ပါတီများ ပိုမိုအားကောင်းလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်း အဖွဲ့ဝင်နိုင်ငံဟောင်းများအတွက် ရွှေ့ပြောင်းနေထိုင်မှုစည်းမျဉ်းများကို ပူတင်က လျှော့ပေါ့ပေး

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ရုရှားသို့ အလုပ်လုပ်ကိုင်ရန် လာရောက်သည့် မော်လ်ဒိုဗာနိုင်ငံသားများအတွက် ဝင်ရောက်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် စည်းမျဉ်းများကို လျှော့ပေါ့ပေးခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို မော်စကိုနှင့် ဥရောပသမဂ္ဂနှင့် ယူကရိန်းကို ထောက်ခံ သော မော်လ်ဒိုဗာအစိုးရတို့၏ ဆက်ဆံရေး တင်းမာနေစဉ်ကာလတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံဖြစ်ခဲ့သော မော်လ်ဒိုဗာသည် ရိုမေးနီးယား နှင့် ယူကရိန်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ခန့်မှန်းခြေ လူဦးရေ ၁၅% သည် ရုရှားဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။

သောကြာနေ့ (ဇူလိုင် ၂၅) က ပူတင် လက်မှတ်ရေးထိုးခဲ့သော အမိန့် ပြန်တမ်းအရ အောက်တိုဘာ ၁ ရက်မှစ၍ ရုရှားသို့ရောက်ရှိလာသည့် မော်လ်ဒိုဗာနိုင်ငံသားများသည် မှတ်ပုံတင်လုပ်ငန်းစဉ်များကို အချိန်တို အတွင်း ပြီးမြောက်နိုင်မည်ဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့်လိုင်စင်မလိုဘဲ အလုပ်လုပ်နိုင်ခွင့် ရရှိမည်ဖြစ်သည်။

၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်အတွင်း ဝင်ရောက်သူများသည် ၎င်းတို့၏ခရီးသွားရခြင်းရည်ရွယ်ချက်ကို ကြေညာရန် နှင့် အထူးခွင့်ပြုချက် မလိုအပ်တော့ဘဲ တစ်နှစ်ခန့် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။ ထို့အပြင် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုအပါအဝင် ရုရှားတွင် ရာဇ၀တ်မှုကျူးလွန်မှုများဖြင့် တရားစွဲဆိုခံရခြင်းမရှိပါက ၎င်းတို့အား ပြည်နှင်ဒဏ်မှ အကာအကွယ်ပေးမည်ဖြစ်သည်။

အတိုက်အခံ လွှတ်တော်အမတ် Vadim Fotescu က Izvestia သတင်းစာတွင် ပြောကြားချက်အရ လက်ရှိတွင် မော်လ်ဒိုဗာနိုင်ငံသား ၅၀၀,၀၀၀ ခန့် ရုရှားတွင် နေထိုင်လျက်ရှိသည်ဟု သိရှိရသည်။

မော်လ်ဒိုဗာသမ္မတ မာယာ ဆန်ဒူး က မော်စကိုအား နိုင်ငံ၏ ကိုယ်ပိုင် အချုပ်အခြာကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် သူမ၏အစိုးရကို ဖယ်ရှားရန် ကြံစည်မှုများပြုလုပ်သည်ဟု စွပ်စွဲခဲ့ပြီး ရုရှားဘက်မှ ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။ သမ္မတဟောင်း အီဂေါ ဒိုဒွန် အပါအဝင် အတိုက်အခံများကမူ ဆန်ဒူးအား သဘောထားကွဲလွဲမှုများကို ဖိနှိပ်ခြင်း နှင့် ရုရှားနှင့်ရှိခဲ့သည့် ရင်းနှီးသော ဆက်ဆံရေးကို စွန့်လွှတ်ခဲ့သည်ဟု ပြန်လည်စွပ်စွဲခဲ့ကြသည်။

မော်စကိုက ဆန်ဒူး၏ ဥရောပသမဂ္ဂထောက်ခံရေး မူဝါဒကို ဆန့်ကျင်သည့် ဂါဂေါဇီယာ (ရုရှားစကားပြောအများဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) ၏ အုပ်ချုပ်ရေးမှူး အက်ဗ်ဂျီနီယာ ဂူတူလ် အား တရားစွဲဆိုမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ ဂူတူလ်အား မတ်လက ဖမ်းဆီးခံခဲ့ရပြီး ရွေးကောက်ပွဲငွေကြေးခဝါချမှုများဖြင့် စွဲချက်တင်ခံထားရသည်။

ဇွန်လတွင် ရုရှားက မော်လ်ဒိုဗာနိုင်ငံသား ၂ ဦးအား သူလျှို သံသယဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ခီရှီနော့ (မော်လ်ဒိုဗာမြို့တော်) က ၎င်း၏ နိုင်ငံသား များအား အဓိပ္ပာယ်မဲ့အရေးယူမှုဟု စွပ်စွဲကာ ခရီးသွား သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ က "ဥပဒေကိုလေးစားသော မော်လ်ဒိုဗာနိုင်ငံသားအားလုံးကို ရုရှားက အမြဲကြိုဆိုပါသည်” ဟု ထိုအချိန်က ပြောကြားခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယား နယ်နိမိတ်ပဋိပက္ခ ထရမ့်၏ ကြားဝင်ဖျန်ဖြေမှုဖြင့် စစ်ပြေငြိမ်းရန် နှစ်နိုင်ငံသဘောတူ

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်နိမိတ်အရေးအခင်းကြောင့် ဇူလိုင် ၂၄ ရက်မှစတင်၍ ပဋိပက္ခပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယခုအခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြားဝင်ဖျန်ဖြေမှုဖြင့် စစ်ပြေငြိမ်း ရန် သဘောတူညီချက်ရရှိခဲ့သည်။

ပဋိပက္ခစတင်ခဲ့သည့် ဇူလိုင် ၂၄ ရက်မှစ၍ နှစ်ဖက်စလုံးတွင် စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့ကာ ထိုင်းပင်လယ်ကွေ့အနီး နယ်စပ်ဒေသသို့ ပဋိပက္ခ ကူးစက်ခဲ့သည်။ထိုင်းဘက်မှ ၁၃၈,၀၀၀ ကျော်နှင့် ကမ္ဘောဒီးယားဘက်မှ ၃၅,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည်။

သမ္မတထရမ့်က ဇူလိုင် ၂၆ ရက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet နှင့် ထိုင်းယာယီဝန်ကြီးချုပ် Phumtham Wechayachai တို့နှင့် ပဋိပက္ခပြေငြိမ်းစေရေး ဖုန်းဆက်ဆွေးနွေးခဲ့သည်။ ထိုင်းဘက်မှ စစ်ပြေ ငြိမ်းရန် အခြေခံသဘောတူညီချက်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ကမ္ဘောဒီးယား ဘက်မှလည်း ချက်ချင်းနှင့် ကန့်သတ်ချက်မရှိ စစ်ပြေငြိမ်းရန် သဘော တူခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်က "အဆိုပါသဘောတူညီချက်သည် စစ်သားနှင့် အရပ်သားများ၏ အသက်ကိုကယ်တင်ရန်၊ စစ်ဘေးရှောင်များ အိမ်ပြန် နိုင်ရန် အထောက်အကူဖြစ်မည်" ဟု ဖေ့စ်ဘွတ်တွင် ရေးသားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပဋိပက္ခကို စိုးရိမ်ကြောင်း ထုတ်ပြန်ကာ နှစ်ဖက်စလုံးအား "ချက်ချင်းစစ်ပြေငြိမ်းပြီး ရေရှည်ဖြေရှင်းနည်းများအတွက် ဆွေးနွေးရန်" တိုက်တွန်းခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ညှိနှိုင်းမည်ဖြစ်ပြီး ထိုင်းနိုင်ငံခြား ရေးဝန်ကြီးနှင့်လည်း သဘောတူညီချက်များ အမြန်ဆုံးအကောင်အထည် ဖော်ရန် ဆွေးနွေးသွားမည်ဟု သိရသည်။

ကိုးကား- VN Express

နယူးယောက်မြို့၏ လက်နက်ကိုင်မူဝါဒကို ဟန့်တားရန် ထရမ့်အစိုးရ တရားစွဲဆို

အမေရိကန်ပြည်ထောင်စု တရားစီရင်ရေးဌာန (DOJ) သည် နယူးယောက် မြို့တော်နှင့် မြို့တော်ဝန် Eric Adams အပါအဝင် အရာရှိများအား ဖက်ဒရယ် လူဝင်မှုဥပဒေများကို အကောင်အထည်ဖော်ရာတွင် ဟန့်တားသည့် ဒေသန္တရ လက်နက်ကိုင်မူဝါဒ (sanctuary policies) များကြောင့် တရား စွဲဆိုလိုက်သည်။

DOJ ၏ ကြာသပတေးနေ့ (ဇူလိုင် ၂၄) ထုတ်ပြန်ချက်အရ နယူးယောက် မြို့၏ မူဝါဒများသည် "ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးကို တမင်တကာ ဟန့်တားသည့် လုပ်ရပ်" ဖြစ်သည်ဟု ဆိုသည်။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ Supremacy Clause (ဖက်ဒရယ်ဥပဒေ၏ အထက်စီး အကျိုးသက်ရောက်မှု) အရ အဆိုပါ ဒေသခံမူဝါဒများသည် ပျက်ပြယ်ရမည်ဟု DOJ က အခိုင်အမာ ပြောဆိုထားသည်။

မြို့တော်ဝန် Adams က "ဒေသဆိုင်ရာဥပဒေများ၏ အနှစ်သာရကို မိမိ တို့အနေဖြင့် ကာကွယ်သော်လည်း၊ လမ်းမပေါ်ရှိ အကြမ်းဖက်မှု ကျူးလွန်သူများနှင့် ပတ်သက်လာလျှင် အဆိုပါ မူဝါဒများသည် ကန့်သတ်ချက်စံနှုန်းများကို ကျော်လွန်နေပြီ" ဟု ဝန်ခံခဲ့သည်။ ၎င်းက မြို့တော်ကောင်စီအား ဖက်ဒရယ်အစိုးရနှင့် ညှိနှိုင်းနိုင်ရန် မူဝါဒပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့သည်။

အဆိုပါ တရားစွဲဆိုမှုသည် ထရမ့်အစိုးရ၏ လက်နက်ကိုင်မူဝါဒများကို ဆန့်ကျင်သည့် နောက်ဆုံးလုပ်ရပ်ဖြစ်ပြီး၊ ယခုနှစ်အတွင်း Los Angeles၊ New York ပြည်နယ်၊ Colorado၊ Illinois နှင့် New Jersey ရှိ မြို့များကိုလည်း အလားတူ တရားစွဲဆိုမှုများ လုပ်ဆောင်ခဲ့သည်။

Kentucky ပြည်နယ်ရှိ Louisville မြို့တော်ဝန်က လွန်ခဲ့သော ရက်ပိုင်းတွင် လက်နက်ကိုင်မူဝါဒများကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဖက်ဒရယ်အစိုးရကို ဆန့်ကျင်ပါက California တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် လူဝင်မှုကြီးကြပ်ရေး အကြီးစားစစ်ဆင်ရေးမျိုး ရင်ဆိုင်ရနိုင်သည်ဟု ၎င်းက ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ထရမ့်က ရုရှားနှင့် နျူကလီးယားလက်နက်ကန့်သတ်မှုဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်လိုသည်ဟု ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနှင့် နျူကလီးယား လက်နက်ကန့်သတ်မှုများ ဆက်လက်ထိန်းသိမ်းရန် ညှိနှိုင်းမှုများ ပြန်လည် စတင်မည်ဟု အရိပ်အမြွက်ပြောကြားခဲ့ပြီး နျူကလီးယား ကန့်သတ်ချက်များကို ရပ်ဆိုင်းလိုက်ပါက အနာဂတ်ကမ္ဘာကြီးအတွက် လွန်စွာ ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်လာစေမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

နျူကလီးယားလက်နက် ထိပ်ဖူးအရေအတွက်နှင့် ၎င်းတို့ကို ပစ်လွှတ် နိုင်သည့်နည်းစနစ်များကို ကန့်သတ်ထားသော New START စာချုပ်သည် ၂၀၂၆ ဖေဖော်ဝါရီ ၅ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ မကြာမီရောက်ရှိလာမည့် ကန့်သတ်ချက် ကုန်ဆုံးမည့်နေ့ရက်မတိုင်မီ ညှိနှိုင်းမှုများဆောင်ရွက်နိုင်ရေး ရည်ရွယ်သည်ဟု ထရမ့်၏ ပြောကြားမှု အပေါ် သုံးသပ်လျက်ရှိကြသည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က "ရုရှားနှင့် အမေရိကန်အကြား နျူကလီးယားမဟာဗျူဟာဆိုင်ရာ လက်နက်ထိန်းချုပ်ရေး ညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်သည်" ဟု ယခုနှစ် အစောပိုင်းက ပြောကြားခဲ့သည်။ သို့သော် ၎င်းကယုံကြည်မှုအဆင့်အတန်း လုံလောက်စွာ ရှိရမည်ဟု အတိအလင်းပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ်က ဘိုင်ဒင်အစိုးရက ဖြတ်တောက်ခဲ့သော နှစ်နိုင်ငံဆက်ဆံရေး ပုံမှန် ပြန်ဖြစ်ရန် လိုအပ်ကြောင်း ညွှန်းဆိုခဲ့သည်။ 

New START စာချုပ်ကို ၂၀၁၀ ပြည့်နှစ်တွင် ရုရှားသမ္မတ ဒမီထရီ မက်ဗီဒက်ဗ် နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့က လက်မှတ်ရေးထိုးခဲ့ပြီး ထိုအချိန်က အမေရိကန်-ရုရှား ဆက်ဆံရေး "ပြန်လည်စတင်ခြင်း" (reset) ဟုခေါ်သည့် ပြေလည်သည့်ကာလတစ်ခုတွင် ဖြစ်သည်။ သို့သော် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံ၏ ဝင်ရောက် စွက်ဖက်မှုစွပ်စွဲချက်များနှင့် ယူကရိန်းပဋိပက္ခ တို့ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းတွင် အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။

ထရမ့်၏ ပထမသက်တမ်းအတွင်း အမေရိကန်သည် ရုရှားနှင့် ချုပ်ဆိုထားသော ၁၉၈၇ Intermediate-Range Nuclear Forces (INF) စာချုပ် (ကီလိုမီတာ ၅၀၀ မှ ၅,၅၀၀ အထိ မြေပြင်မှပစ်လွှတ်နိုင်သည့် ဒုံးပျံများကို တားမြစ်ထားသောစာချုပ်) နှင့် ၁၉၉၂ Open Skies စာချုပ် (တစ်နိုင်ငံနှင့်တစ်နိုင်ငံ လေယာဉ်ပျံသန်းမှုစောင့်ကြည့်ခွင့်ပြုသည့် စာချုပ်) တို့မှ နှုတ်ထွက်ခဲ့သည်။ ရုရှားကလည်း အလားတူပြုမူခဲ့ပြီး အမေရိကန်က ကမ္ဘာ့လက်နက်ထိန်းချုပ်ရေးစနစ်ကို ဖျက်ဆီးနေသည်ဟု စွပ်စွဲခဲ့သည်။

ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား ပဋိပက္ခကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေနိုင်ဟုဆို

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခကို ဖြေရှင်းရာတွင်  ဒေသတွင်း အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေသည့် နိုင်ငံအဖြစ် ပါဝင်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်းဖြစ်၊ အိမ်နီးချင်းနိုင်ငံများလည်းဖြစ်သည့် ထိုင်းနှင့်  ကမ္ဘောဒီးယားတို့အကြား ပြန်လည်ပေါင်းစည်းရေးကို တိုးမြှင့်ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ  ပြောရေးဆိုခွင့်ရှိသူ ကော့ကျားကျွမ်က ဇူလိုင်လ ၂၄ ရက်တွင် ကျင်းပသည့်  သတင်းစာရှင်းလင်းပွဲ၌ပြောကြားသည်။

ထို့ကြောင့် ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေပေးသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း  အရှေ့တောင်အာရှ လေ့လာမှုများ ဆိုင်ရာ    အင်စတီကျုမှ သုတေသီတစ်ဦးဖြစ်သူ ပေါချိန်းဘားက ပြောကြားခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် လက်ရှိအခြေအနေတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံနှင့်လည်း မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေသောကြောင့် ယခုကဲ့သို့သော အနေအထားတွင် တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေလာနိုင်ကြောင်း   ချိန်းဘားက ပြောကြားသည်။

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံအကြား တင်းမာမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အဆိုပါတင်းမာမှုများသည် ကြီးမားပြင်းထန်သည့်  ပဋိပက္ခတစ်ရပ်အဖြစ် ပြောင်းလဲသွားနိုင်ကြောင်း ထိုင်းနိုင်ငံက ထုတ်ပြန်ထားသည်။

လက်ရှိဖြစ်ပွားသည့်  ပဋိပက္ခနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံစလုံးက အပြန်အလှန်စွပ်စွဲထားပြီး  ၎င်းတို့၏  ပဋိပက္ခအား ကြားဝင်ဖြေရှင်းပေးရန် နိုင်ငံတကာ အသိုက်အဝန်းအား တောင်းဆိုထားသည်။

နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများသည် ဇူလိုင်လ ၂၅ ရက်အစောပိုင်းတွင် ပြန်လည်စတင်ခဲ့ပြီးနောက် ထိုင်းလေတပ်မတော်က ၎င်းတို့၏ F-16 တိုက်လေယာဉ်များကို ကမ္ဘောဒီးယားစစ်စခန်းများကို တိုက်ခိုက်ရန်အတွက် နယ်စပ်ဒေသတွင် ဖြန့်ကြက်လိုက်သည်။

အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံအတွင်း၌  အရပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရအဖွဲ့များက  နှစ်နိုင်ငံနယ်စပ်ဒေသရှိ ဒေသများမှ ပြည်သူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားထားကြောင်း သိရသည်။    

ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကြား တင်းမာမှုများနှင့် စပ်လျဉ်း၍  အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် ထိုင်းနှင့်  ကမ္ဘောဒီးယား အစိုးရ အဖွဲ့များနှင့်   ဆက်သွယ်ပြောဆိုခဲ့ပြီး  အပစ်အခတ်ရပ်စဲကြရန် တောင်းဆိုထားကြောင်း သိရသည်။

ဂါဇာဒေသ အပစ်အခတ် ရပ်စဲရေးစေ့စပ်ဆွေးနွေးမှုမှ ကိုယ်စားလှယ်အဖွဲ့အား အမေရိကန် ပြန်လည်ခေါ်ယူ

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရေးအတွက်  စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်နေစဉ် ဟားမက်အဖွဲ့၏ တုံ့ပြန်မှုကြောင့်  အမေရိကန်က  ၎င်းတို့၏ ကိုယ်စားလှယ် အဖွဲ့ကို ပြန်လည်ခေါ်ယူခဲ့ကြောင်း   အရှေ့အလယ်ပိုင်းဆိုင်ရာ  အမေရိကန်အထူးကိုယ်စားလှယ် စတိဝှစ်ကော့က ဇူလိုင်လ ၂၄ ရက်တွင်ထုတ်ပြန်သည်။

ပါလက်စတိုင်းအဖွဲ့ဖြစ်သည့် ဟားမက်အဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချမှတ်ရန် ဆန္ဒမရှိကြောင်းကို ဖော်ပြနေခြင်းကြောင့် အမေရိကန်   ကိုယ်စားလှယ်အဖွဲ့အား အမေရိကန် အစိုးရက ဒိုဟာမြို့မှ ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်နိုင်ရေးအတွက် အစ္စရေးနိုင်ငံက ထောင်ဒဏ်တစ်သက်ကျခံနေရသည့် ပါလက်စတိုင်းအကျဉ်းသား ၁၂၅ ဦးအား ဟားမက်အဖွဲ့က ဖမ်းဆီးထားသည့် ဓားစာခံများနှင့် လဲလှယ်ရန်   ဇူလိုင်လ ၂၃ ရက်တွင် ကမ်းလှမ်းခဲ့ကြောင်းသိရသည်။ သို့သော် အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ အမေရိကန်နှင့် ဟားမက်တို့အကြား သဘောထားကွဲလွဲခဲ့ဖွယ်ရှိသည်။

ထို့ကြောင့် အမေရိကန်အစိုးရအနေဖြင့် ဖမ်းဆီးခံထားရသည့် ဓားစာခံများပြန်လည် လွတ်မြောက်ရေးအတွက် အခြားနည်းလမ်းများကို အသုံးပြုလုပ်ဆောင်ရန် စဉ်းစားမည်ဖြစ်ကြောင်း စတိဝှစ်ကော့က ထပ်လောင်း ပြောကြားသည်။