သတင်းများ

တရုတ်က ထရမ့်နှင့်ပူတင်တို့၏ ဆွေးနွေးမှုကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလို

ယူကရိန်းပဋိပက္ခအဆုံးသတ်နိုင်ရေး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အဆိုပြုခဲ့သည်ဟု Wall Street Journal က ခိုင်လုံသော သတင်းရင်းမြစ်များကို ကိုးကား၍ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် မော်စကိုနှင့်ကိယက်ဗ် အကြား ပဋိပက္ခ အဆုံးသတ် နိုင်ရေး အကောင်အထည်ဖော်ဆောင်နိုင်မည့် ငြိမ်းချမ်းရေး အကျိုးဆောင် အဖြစ်ဆောင်ရွက်ရန် လိုလားလျက်ရှိပြီး ၎င်း၏လမ်းပြမြေပုံကို တင်ပြ ထားခဲ့သည်။

ထရမ့် အိမ်ဖြူတော်သို့ပြန်လည်ရောက်ရှိပြီး ပထဆုံးအကြိမ်အဖြစ် ပူတင်နှင့် တယ်လီဖုန်းမှတစ်ဆင့် အချိန်ကြာမြင့်စွာဆွေးနွေးခဲ့ပြီး လွန်စွာအကျိုးရှိသည့် ဆွေးနွေးမှုတစ်ခု ဖြစ်ခဲ့သည်ဟု ထရမ့်ကဆိုသည်။

ယူကရိန်းနှင့် ပဋိပက္ခအတွက် ချက်ချင်းစတင်နိုင်ရေး ၎င်းနှင့် ပူတင်တို့ သဘောတူညီခဲ့ကြကြောင်းလည်း ထရမ့်က ပြောကြားခဲ့ပါသည်။

မကြာသေးမီရက်သတ္တပတ်များအတွင်း၊ တရုတ်တာဝန်ရှိသူများသည် နှစ်နိုင်ငံခေါင်းဆောင်များကြား ထိပ်သီးဆွေးနွေးပွဲတစ်ခုပြုလုပ်ရန် အကြံပြုကာ အလားအလာရှိသော အပစ်အခတ်ရပ်စဲပြီးနောက် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ ကြိုးပမ်းမှုများတွင် ကူညီပေးရန် ထရမ့် အဖွဲ့အား ကြားခံများမှတစ်ဆင့် အဆိုပြုတင်ပြခဲ့ကြောင်း WSJ က ပေကျင်းနှင့် ဝါရှင်တန်ရှိ သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့ သည်။

ကိုးကား-RT

ယူကရိန်း၏ "Contract 18-24" ဆန္ဒအလျောက်စစ်မှုထမ်းရန် လူသစ် စုဆောင်းရေး အစီအစဉ်သည် ယူကရိန်းစစ်တပ်ထဲသို့ ၁၈နှစ် မှ ၂၄ နှစ် အရွယ် ယူကရိန်းလူသစ်စုဆောင်းရေးအတွက် ရည်ရွယ်

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန (MoD) သည် မကြာသေးမီက “Contract 18-24” ဆန္ဒအလျောက်လူသစ်စုဆောင်းရေး အစီအစဉ် ကို စတင်ခဲ့ပြီး ယူကရိန်းစစ်တပ်ထဲသို့ ၁၈နှစ် မှ ၂၄ နှစ်အရွယ် ယူကရိန်း လူသစ် စုဆောင်းရေးအတွက် ရည်ရွယ်ကြောင်း သိရှိရပါသည်။

ယူကရိန်း MoD သည် ဖေဖော်ဝါရီ ၁၁ ရက်တွင် အဆိုပါ အစီအစဉ်ကို တရားဝင် စတင်ခဲ့ပြီး အဆိုပါ အစီအစဉ်သည် အသက် ၁၈ နှစ်မှ ၂၄ နှစ် ကြားရှိသူများကို တစ်နှစ်စာချုပ်ဖြင့် စစ်မှုထမ်းရန်နှင့် တစ်နှစ်အကြာ တွင် စာရင်းပြန်သွင်းရန် သို့မဟုတ် အရပ်သားဘဝသို့ ပြန်သွားရန် ရွေးချယ်ခွင့်ပေးထားကြောင်း မှတ်ချက်ပြုခဲ့သည်။ ယူကရိန်း MoD သည် ဆန္ဒအလျောက် စစ်မှုထမ်းသူများအား တစ်နှစ်လုပ်ခ 200,000 UAH ($4,700) နှင့် ၎င်းတို့၏ ဝန်ဆောင်မှုကာလအတွင်း နောက်ထပ် 800,000 UAH ($19,120) ပေးဆောင်မည်ဖြစ်ပြီး လစဉ်လစာ 120,000 UAH ($2,870) ပေးဆောင်မည်ဖြစ်သည်။ ဆန္ဒအလျောက် စစ်မှုထမ်း သူများအား ရှေ့တန်းသို့ စေလွှတ်ခြင်းမပြုမီ သုံးလကြာ လေ့ကျင့်မှု ပြုလုပ်ပေးမည်ဖြစ်သည်။ ယူကရိန်းအစိုးရသည် ဆန္ဒအလျောက် စစ်မှုထမ်းသူများအတွက် အနာဂတ် ငွေချေးမှုများ၊ ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုများကို ထောက်ပံ့ပေးမည်ဖြစ်ပြီး ၎င်းတို့၏ ဝန်ဆောင်မှုတစ်နှစ်ပြီးနောက် နိုင်ငံရပ်ခြားသို့ ၎င်းတို့ကို သွားရောက်ခွင့်ပြုမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်သည် ၎င်းတို့၏ တစ်နှစ်စာချုပ် ကုန်ဆုံးပြီးနောက် ဆန္ဒအလျောက် စစ်မှုထမ်းသူများအား ထပ်မံ၍ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းမှ ကင်းလွတ်ခွင့် ပေးပါသည်။ ယူကရိန်း ကာကွယ်ရေးဝန်ကြီး Rustem Umerov က “Contract 18-24” အစီအစဉ်သည် ပရော်ဖက်ရှင်နယ် စစ်တပ်ကို ဖန်တီးရန် ယူကရိန်း၏ ဆက်လက် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်း MoD ပြောရေးဆိုခွင့်ရှိသူ Dmytro Lazutkin က MoD သည် ဆန္ဒအလျောက် စစ်မှုထမ်းရန် စာချုပ်ချုပ်ဆိုသောအခါ အသက် 25 နှစ်အောက် ယူကရိန်းတပ်သားများအား UAH တစ်သန်း (ဒေါ်လာ 23,900 ခန့်) ချီးမြှင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-ကရင်မလင်

ယူကရိန်းအရေး စေ့စပ်ညှိနှိုင်းရန် ဥရောပအဖွဲ့အတွက် ထိုင်ခုံနေရာ မရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ပြောကြား

ယူကရိန်းအရေး စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများတွင် ရုရှားနှင့် အမေရိကန် တို့နှင့်အတူ ဥရောပခေါင်းဆောင်များအနေဖြင့် ဆွေးနွေးမှုစားပွဲတွင် ဝင်ထိုင်ရန်အခွင့်အရေး မရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် က ပြောကြားခဲ့သည်။ 

၎င်း၏ ပြောကြားချက်များမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်တို့၏ ဖုန်းဆက်သွယ်မှုအပြီး ဥရောပ သမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာရာကာလပ်စ်၏ ထုတ်ပြန်ချက် အပေါ်တုံ့ပြန်ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။

ကာလပ်စ်၏ ထုတ်ပြန်ချက်တွင် ဥရောပနှင့် ယူကရိန်းတို့၏ ပြဿနာ ဖြေရှင်းရေး ဆွေးနွေးမှုများတွင် ပါဝင်လာစေရန်   EU၊ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ အီတလီ၊ စပိန်နှင့် ဗြိတိန်တို့ကို တိုက်တွန်းပါကြောင်း ဖော်ပြထား ပါသည်။ 

ကိုးကား- Politico

ရုရှားက စေ့စပ်ညှိနှိုင်းမှုအဖွဲ့ စတင်ဖွဲ့စည်း

ရုရှားသည် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန် အဖွဲ့တစ်ဖွဲ့ စတင် ဖွဲ့စည်းလိုက်ပြီး ထိုအဖွဲ့အနေဖြင့် ယူကရိန်းအခြေအနေကိုပါ ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒိမ်ထရီ ပက်စကိုဗ် က သတင်းထောက်များကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားလိုက်ပါသည်။

စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို မည်သူဦးဆောင်မည်ကို သမ္မတပူတင်က ဆုံးဖြတ်ပြီးပါက ဆက်လက် အသိပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားထားပါသည်။

မကြာသေးမီက သမ္မတ ဒေါ်နယ်ထရမ့်က မော်စကိုနှင့် ဝါရှင်တန် တို့သည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန် ဆွေးနွေးပွဲများကို ချက်ချင်း စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ဖက်မှ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို၊ CIA ဒါရိုက်တာ ဂျွန် ရက်ကလစ်ဖ်၊ အမျိုးသားလုံခြုံရေး အကြံပေး မိုက်ကယ် ဝေါ့ဇ်နှင့် အထူးသံတမန် စတီဗ် ဝစ်ကော့ဖ်တို့ကို ဆွေးနွေးပွဲများ ဦးဆောင်ရန် ထရမ့်က တာဝန် ပေးအပ်ထားသည်။

ကိုးကား-  ကရင်မလင်

နေတိုးအဖွဲ့ဝင် နိုင်ငံများကို ထိခိုက်လာလျှင် ရုရှားကို ချေမှုန်းပစ်မည်ဟု နေတိုးအတွင်းရေးမှူးချုပ် ကြိမ်းဝါး

နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မက်ခ်ရက်တီက ရုရှားသမ္မတ ဗလာ ဒီမာပူတင်အား အမေရိကန်ဦးဆောင်သောစစ်ဘက်အုပ်စု (နေတိုး)၏ အဖွဲ့ဝင်နိုင်ငံများကို တိုက်ခိုက်လာပါက မော်စကိုအား ချေမှုန်းပစ်မည် ဟု ဖေဖော်ဝါရီ ၁၂ ရက်နေ့က သတိပေးခဲ့ပါသည်။ 

မကြာသေးမီနှစ်များအတွင်း ရက်တီ ကဲ့သို့သော နေတိုးအဖွဲ့၏ ထိပ်တန်း အကြီးအကဲများကို ရုရှားက ချုပ်ကိုင်နိုင်ရန်အတွက် အစီစဉ်ချ လုပ်ဆောင် နေကြောင်း စွပ်စွဲထားပြီး ပူတင်က အဓိပ္ပာယ်မရှိသောစွပ်စွဲချက်များဟု ငြင်းဆိုထားခဲ့သည်။ 

ရက်တီက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်နှင့် ပတ်သက်၍ ယခုနှစ်အတွင်း ခက်ခဲသော ဆုံးဖြတ်ချက် အချို့ကို ပြုလုပ် နေရပြီး တိုင်းပြည်ဝင်ငွေ၏ ၂ % ထက် ပိုမိုထည့်ဝင်ရန် လိုအပ်သည်ဟု တိုက်တွန်းခဲ့ပါသည်။ ဥရောပနိုင်ငံများတွင် အရည်အသွေးကောင်းမွန်သော လက်နက်ထုတ်လုပ်သူများ ရှိသော်လည်း အလုံအလောက် မထုတ်လုပ် နိုင်သေးကြောင်းနှင့် အဆိုပါပြဿနာကို အရေးတကြီး ဖြေရှင်းရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

ဒိန်းမတ် ထောက်လှမ်းရေးဌာန၏ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့်အစီရင်ခံစာတွင် ရုရှား၏တိုက်ခိုက်လာနိုင်မှုနှင့်ပတ်သက်၍ နေတိုး၏ အစီအမံ ၊ ယူကရိန်းပဋိပက္ခကို ရပ်တန့်နိုင်ရေးအစီအမံနှင့် နေတိုး၏ ကာကွယ်ရေးစရိတ်တိုးမြှင့်မှုနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးအခြေအနေကို ထည့်သွင်းစဉ်းစားထားမှု ရှိ/မရှိ ဟူသော မေးခွန်းများနှင့်အတူ ရုရှားက ဥရောပကို ကြီးမားသော ထိုးစစ်ဆင် နိုင်ကြောင်းလည်း ပါဝင်သည်ဟု သိရှိရပါသည်။

EU ခေါင်းဆောင်များသည် ကြောက်တတ်သော ယုန်သူငယ်လေးများ သဖွယ် ဖြစ်နေဟုဆို

အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) အကြား ကုန်သွယ်ရေး ညှိနှိုင်းမှု ပြုရာ၌ အီးယူဘက်မှ အမေရိကန်ကို လိုက်လိုက်လျောလျော ဆက်ဆံ နေခြင်းနှင့်ပတ်သက်၍ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က အီးယူ ခေါင်းဆောင်များသည် သူရဲဘောကြောင်ပြီး ကြောက်တတ်သည့်ယုန်ကလေးများကဲ့သို့ဖြစ်နေသည်ဟုဆိုကာ ပြင်းထန်စွာ ဝေဖန်ခဲ့ပါသည်။ လက်ရှိဖြစ်ပေါ်နေသည့် အီးယူနှင့်အမေရိကန်တို့အကြား ကုန်သွယ်ရေး တင်းမာမှုဖြစ်နေချိန်၌ အချိန်ကိုက်ဝေဖန်လိုက်ခြင်းပင် ဖြစ်ပါသည်။ 

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဘူဒါပတ်မြို့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဂျာမဏီ AFD ပါတီ ခေါင်းဆောင် အဲလိုက်ဝိုက်ဒယ်နှင့် ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် စီးပွားရေးဆိုင်ရာ အငြင်းပွားမှုတွင် အီးယူခေါင်းဆောင် များ၏စွမ်းဆောင်ရည်သည် သံသယဖြစ်စရာရှိနေကြောင်း ဆိုလိုက်ခြင်း ပင် ဖြစ်ပါသည်။ 

ဝါရှင်တန်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှုတွင် လေးနက်သော ကမ်းလှမ်းမှု များကို လုပ်ဆောင်နိုင်ခြင်းမရှိဘဲ အီးယူ၏ စီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်သည့် ဂျာမနီနှင့် ပြင်သစ်တို့က အစပျိုးလုပ်ဆောင်သင့်ကြောင်း အော်ဘန်ကပြောဆိုသွားပါသည်။ 

ခြွင်းချက် သို့မဟုတ် ကင်းလွတ်ခွင့်မရှိဘဲ လာမည့်လတွင် အမေရိကန်သို့ တင်သွင်းသော သံမဏိနှင့် အလူမီနီယံအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ နောက်ဆုံး အချက်အလက် များအရ အီးယူမှ အမေရိကန်သို့ သံမဏိတင်ပို့မှုသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ ယူရို ၃ ဘီလီယံ (ဒေါ်လာ ၃.၁၀ ဘီလီယံ) ခန့်ရှိပြီး ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန် က စည်းကြပ်ခွန် အပြန်အလှန် ကောက်နေခြင်းက အ‌ဖြေမဟုတ်ကြောင်း နှင့် အီးယူမှ “ခိုင်မာပြီး အချိုးကျသော တန်ပြန်အရေးယူမှုများ” ကို စတင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။

ကိုးကား-Myanmar National Post

အမေရိကန်နိုင်ငံသားကို ပြန်လွှတ်ပေးရန် ရုရှား၏ သဘောတူခဲ့ခြင်းက နှစ်နိုင်ငံကြား ကောင်းမွန်သော ဆက်ဆံရေး၏ အစဖြစ်လာမည်ဟု ထရမ့်မျှော်လင့်

 ရုရှားနိုင်ငံက ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသား တစ်ဦးကို ပြန်လွှတ်ပေးရန် သဘောတူခဲ့ခြင်းသည် နှစ်နိုင်ငံကြား ကောင်းမွန်သော ဆက်ဆံရေး၏ အစဖြစ်လာမည်ဟု မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

ရုရှားအစိုးရသည် နိုင်ငံအတွင်း မူးယစ်ဆေးဝါးတရားမဝင် ကုန်ကူးမှုနှင့် လက်ဝယ်ထားရှိမှုတို့ဖြင့် ထောင်ဒဏ် ၁၄ နှစ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မာ့ဖိုဂျယ်အား နှစ်နိုင်ငံကြား ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ ၁၁  ရက်တွင် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ရုရှားအစိုးရ၏ အဆိုပါ လုပ်ဆောင်ချက်သည် အလွန်မျှတမှုရှိပြီး လက်တွေ့ဆန်သည့်  သဘောတူညီချက်ဖြစ်ကြောင်း ထရမ့်ကပြောသည်။ နောက်ပိုင်းတွင် ထရမ့်သည် ရုရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မာ့ဖိုဂျယ်အား သွားရောက်တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် မာ့ဖိုဂျယ်က ရုရှားသမ္မတ    ဗလာဒီမာပူတင်အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

မာ့ဖိုဂျယ်သည် မော်စကိုမြို့ရှိ အန်ဂလို-အမေရိကန် စာသင်ကျောင်းတစ်ကျောင်းတွင် ဆရာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်က ရုရှားနိုင်ငံရှိ အမေရိကန်သံရုံးတွင်လည်း အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၂၀၂၁   ခုနှစ် မေလတွင် မော်စကိုမြို့ရှိ ရှယ်ရီမက်ယီဗို လေဆိပ်၌ ရုရှားအာဏာပိုင်များက ၎င်းထံတွင် ဆေးခြောက်များကို တွေ့ရှိခဲ့ပြီးနောက်    ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ရုရှားနိုင်ငံ၏ ချစ်ကြည်မှုကို တုံ့ပြန်သည့် အနေဖြင့် ထရမ့်နှင့် ၎င်း၏အကြံပေးများက အမေရိကန်ပြည်ထောင်စုတွင် အကျဉ်းကျခံနေရသည့် ရုရှားနိုင်ငံသားတစ်ဦးကို ပြန်လွှတ်ပေးရန် သဘောတူညီခဲ့ကြောင်း ထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေး မိုက်ကယ်ဝေါ့က ပြောကြားခဲ့ကြောင်း သိရသည်။  

Source: Myawady Web Portal

Great Patriotic War နှစ် ၈၀ ပြည့် အခမ်းအနား တက်ရောက်ရန် ဒေါ်နယ်ထရမ့် လာရောက်မည်ဆိုပါက လှိုက်လှဲစွာ ကြိုဆိုမည်

၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပမည့် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ (Great Patriotic War) နှစ် ၈၀ ပြည့် အခမ်းအနား တက်ရောက်ရန် နိုင်ငံတော်ခေါင်းဆောင်များကို ဖိတ်ကြား ထားပြီး တချို့ခေါင်းဆောင်များက ဖိတ်ကြားချက်ကို လက်ခံကြောင်း အတည်ပြုထားသည်။

အထူးသဖြင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ဖိတ်ကြားချက်ကို လက်ခံပြီး အဆိုပါ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသည် ရုရှားနိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံတော် ခေါင်းဆောင်များနှင့် ပြည်သူများအတွက် အထူးအရေးပါလှသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အဆိုပါအခမ်းအနားကို တက်ရောက်မည်ဆိုပါက လှိုက်လှဲစွာကြိုဆိုမည်ဖြစ်ကြောင်း ရုရှား သမ္မတ က ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားလိုက်ပါသည်။

ယူကရိန်းနိုင်ငံ အစိတ်အပိုင်းအများစုသည် ရုရှားနှင့် ပြန်လည် ပေါင်းစည်းလိုကြောင်းကို လက်ရှိ စစ်ပွဲမြေပြင်အနေအထားက ထင်ရှားစွာ ပြသနေ

ယူကရိန်းနိုင်ငံ အစိတ်အပိုင်းအများစုသည် ရုရှားနှင့် ပြန်လည်ပေါင်းစည်းလိုကြောင်းကို လက်ရှိ စစ်ပွဲမြေပြင်အနေအထားက ထင်ရှားစွာ ပြသနေပြီဖြစ်ကြောင်း၊ ဒေါ်နယ်ထရမ့် ပြောကြားသကဲ့သို့ အမှန်တကယ် မြေပြင်တွင် ဖြစ်နေကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ဖေဖော်ဝါရီ၁၁ ရက်တွင် ပြောကြားလိုက်ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသည် တစ်ချိန်ချိန်တွင် ရုရှားဖြစ်လာနိုင်ကြောင်း ပြောကြားလိုက်ပြီးနောက် မကြာမီ ကရင်မလင် က ထုတ်ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသူများကို ပြန်မလွှတ်လျှင် ဟားမက်စ်နှင့်ရရှိထားသည့် အပစ်ခတ်ရပ်စဲရေးအဆုံးသတ်မည်ဟု အစ္စရေးဝန်ကြီးချုပ်သတိပေး

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ အနေဖြင့် ပြန်လွှတ်ပေးရန် ကျန်ရှိနေသူများကို ဖေဖော်ဝါရီ ၁၅ ရက် အထိ ပြန်မလွှတ်ပေးပါက အပစ်ခတ်ရပ်စဲရေးပျက်စီးသွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ အစ္စရေးနှင့်ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့သည် အမေရိကန်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ယာယီအပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ပြီး ဖမ်းဆီးထားသူများကို အပြန်အလှန်ပြန်လွှတ်ပေးရန် သဘောတူညီခဲ့ကြောင်းသိရသည်။ 

ပြီးခဲ့သောသီတင်းပတ်သုံးပတ်အတွင်း ဟားမက်စ်အဖွဲ့က ဖမ်းဆီးထား သူ ၂၁ ဦးကိုပြန်လွှတ်ပေးခဲ့ကာ အစ္စရေးအစိုးရကလည်း ဖမ်းဆီးထားသူ ပါလက်စတိုင်း လူမျိုးရာချီ၍ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက “ဟားမက်စ်အဖွဲ့၏ ကြေညာချက်က သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ပြန်ပေးဆွဲခံရသူများကို ပြန်မလွှတ်ပေးပါက ဂါဇာကမ်းမြောင်ဒေသကို ဝန်းရံတိုက်ခိုက် သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

နေတန်ရာဟုသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် လုံခြုံရေးအဖွဲ့အစည်းများနှင့် လေးနာရီကြာတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဟားမက်စ်အဖွဲ့ကို သတိပေးခဲ့ခြင်းဖြစ်သည်။ ဟားမက်စ်အဖွဲ့က အစ္စရေးသည် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို ကန့်သတ်ခဲ့သလို နေရပ်စွန့်ခွာသူများကိုပြန်ရန် တားဆီးခြင်းများရှိနေကြောင်း လွန်ခဲ့သောရက်ပိုင်းက သတင်း ထုတ်ပြန်ထားသည်။

ကိုးကား-NP News