ယူနက်စကိုတွင် အမေရိကန် ပါဝင်နေမှုကို စိစစ်တင်ပြရန် ထရမ့် ညွှန်ကြား
အမေရိကန်သည် ကုလသမဂ္ဂနှင့်ဆက်စပ်အေဂျင်စီများသို့ ငွေကြေးအမြောက်အမြား ထောက်ပံ့နေရကြောင်း အမေရိကန်အစိုးရ စွမ်းဆောင်မှုမြှင့်တင်ရေးဌာန (DOGE) ကို ဦးဆောင်သော အီလွန်မက်က ၎င်း၏ X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ဒေါ်နယ်ထရမ့်သည် ဖေဖော်ဝါရီ ၄ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) နှင့် ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့ (UNRWA) တို့မှ အမေရိကန် နုတ်ထွက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါသည်။
ဆက်လက် ကုလသမဂ္ဂအေဂျင်စီတစ်ခုဖြစ်သည့် ယူနက်စကိုတွင် အမေရိကန် ပါဝင်နေမှုကို ရက်ပေါင်း ၉၀ အတွင်း သုံးသပ်တင်ပြရန် ညွှန်ကြားလိုက်ပါသည်။
ကိုးကား-TASS
MM-News-Category