အမေရိကပင်လယ်ကွေ့အမည် Google Maps ပေါ်တွင် တွေ့မြင်ရပြီ

News Image

  • အမေရိကပင်လယ်ကွေ့အမည် Google Maps ပေါ်တွင် တွေ့မြင်ရပြီ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဇန်နဝါရီ ၂၀ ရက် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးတွင် မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိက ပင်လယ်ကွေ့အဖြစ် ပြောင်းလဲခေါ်ဝေါ်ရန် အမိန့်စာတစ်စောင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါသည်။ 

ထိုအမိန့်အရ ယခုအခါ Google Maps ပေါ်တွင် မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိကပင်လယ်ကွေ့အဖြစ် ပြင်ဆင်ပြောင်းလဲ လိုက်ပြီဖြစ်ကြောင်း Google ကော်ပိုရေးရှင်းက ကြေညာလိုက်ပါသည်။ 

ယခုအခါ အမေရိကန်ရှိ Google Maps အသုံးပြုသူများအနေဖြင့် အမေရိကပင်လယ်ကွေ့အဖြစ် မြင်တွေ့ရမည်ဖြစ်ပြီး မက္ကဆီကိုရှိ အသုံးပြုသူများအနေဖြင့် မက္ကဆီကိုပင်လယ်ကွေ့အဖြစ် မြင်တွေ့ရမည် ဖြစ်ပါသည်။ အလားတူ အခြားဒေသရှိ Google Maps   အသုံးပြုသူများသည် အမည်နှစ်မျိုးလုံးကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ကိုးကား-TASS

Photo- The New York Times