ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက ရုရှားနှင့် ယူကရိန်းအကြား နောက်ထပ်တစ်ကြိမ် တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် တူရကီ၌ ကျင်းပမည်ဟု တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် Telegram မှ ရုပ်သံဖိုင်ဖြင့် ကြေညာခဲ့သည်။

မော်စကိုနှင့် ကိယက်ဗ်တို့သည် ယခုနှစ်အတွင်း အစ္စတန်ဘူလ်တွင် တိုက်ရိုက် ဆွေးနွေးပွဲနှစ်ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သည့်လ က ကျင်းပခဲ့သောအစည်းအဝေးတွင် နှစ်ဖက်စလုံးသည် ပဋိပက္ခကို အဆုံးသတ် ရန် လမ်းညွှန်ချက်များပါဝင်သည့် အဆိုပြုစာတမ်းမူကြမ်းများကို ဖလှယ် ခဲ့ပြီး စစ်သုံ့ပန်းလဲလှယ်ရေးအစီအစဉ်အသစ်နှင့် ပတ်သက်၍လည်း သဘော တူညီမှုရရှိခဲ့သည်။
ဇီလန်စကီး၏ပြောကြားချက်အရ ယခင်ဆွေးနွေးပွဲများတွင် ကိယက်ဗ်၏ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည့် ယူကရိန်းအမျိုးသား လုံခြုံရေး နှင့် ကာကွယ်ရေးကောင်စီအတွင်းရေးမှူး Rustem Umerov က နောက် တစ်ကြိမ်အစည်းအဝေးကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် ပြုလုပ်မည်ဟု သတ်မှတ်ခဲ့သည်ဟု သိရှိရသည်။
ဇီလန်စကီးက ယခင်သီတင်းပတ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ရပ်တွင် ကိယက်ဗ်၏ နောက်ထပ်ဆွေးနွေးပွဲအတွက် လုပ်ငန်းအစီအစဉ်တွင် စစ်သုံ့ပန်းလဲလှယ်ရေးအစီအစဉ်သစ်များနှင့် နိုင်ငံ နှစ်ခုခေါင်းဆောင်များအကြား ဖြစ်နိုင်ခြေရှိသော တွေ့ဆုံမှုဆိုင်ရာ ညှိနှိုင်းမှုများကဲ့သို့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ် များ ပါဝင်သည်ဟု ဖော်ပြခဲ့သည်။
ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ရုရှားနှင့် ယူကရိန်း ငြိမ်းချမ်းရေးအဆိုပြုစာတမ်းများသည် "လုံးဝဆန့်ကျင်ဘက်" ဖြစ်နေသောကြောင့် ကျယ်ပြန့်သော သံတမန်ရေးရာ ညှိနှိုင်းမှုလုပ်ငန်းများ ဆောင်ရွက်ရန် ရှိသည်ဟု မှတ်ချက်ပြုခဲ့ပြီး မော်စကို၏ ညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်းပုံသည် မပြောင်းလဲဟု တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် သတင်းထောက် များအား ပြောကြားခဲ့သည်။
မော်စကို၏ အဆိုပြုစာတမ်းတွင် ခရိုင်းမီးယား၊ Luhansk People's Republic ၊ Donetsk People's Republic နှင့် Zaporozhye၊ Kherson ဒေသများကို ရုရှား၏အစိတ်အပိုင်းအဖြစ် အပြည်ပြည်ဆိုင်ရာဥပဒေအရ အသိအမှတ်ပြုရန်၊ ထိုနယ်မြေများမှ ယူကရိန်းစစ်တပ်နှင့် အခြား လက်နက်ကိုင်အဖွဲ့များ လုံးဝဆုတ်ခွာရန် တောင်းဆိုထားသည်။ ထို့အပြင် ယူကရိန်းအနေဖြင့် NATO ကဲ့သို့သော စစ်ရေးမဟာမိတ် အဖွဲ့ များတွင် မပါဝင်သည့် ကြားနေသူအဖြစ်သာရပ်တည်ရေးကိုလိုက်နာရန်၊ စစ်အင်အားကို ကန့်သတ်ရန်နှင့် နာဇီနှင့် နီယိုနာဇီအဖွဲ့အစည်းများ၏ ဝါဒဖြန့်ချိမှုများကိုတားမြစ်ရန် အချက်များပါဝင်သည်။
ကိယက်ဗ်၏ အဆိုပြုစာတမ်းတွင် အပြည့်အဝ စစ်ပြေငြိမ်းရန် တောင်းဆို ထားပြီး ယူကရိန်းအနေဖြင့် NATO အပါအဝင် ကြားနေသူ အဖြစ် ရပ်တည်ရေးကို ဖိအားမပေးရန် အတိအလင်းတောင်းဆိုကာ အနောက် နိုင်ငံများ၏ "ခိုင်မာသော လုံခြုံရေးအာမခံချက်များ" ကို တောင်းဆို ထားသည်။
စစ်ပြေငြိမ်းပါက ယူကရိန်းတွင် ဗြိတိန်-ပြင်သစ်ဦးဆောင်သော "ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့" ချထားရေးအစီအစဉ်အား ရုရှားက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ မော်စကိုက "ငြိမ်းချမ်းရေးတပ်ဖွဲ့" အသွင်ဖြင့်ဖြစ်စေ၊ ယူကရိန်းနယ်မြေပေါ်ရှိ မည်သည့် NATO တပ်ဖွဲ့ကိုမဆို တရားဝင် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မည်ဟု သတိပေးထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

G7 နိုင်ငံများ၏ သံတမန်များက ယူကရိန်းအမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) အပေါ် ဥပဒေစိုးမိုးရေးတပ်ဖွဲ့များ၏ ဝင်ရောက်စီးနင်းမှုကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ "G7 အဖွဲ့သည် NABU တွင် ယနေ့ဖြစ်ပေါ်နေသော အခြေအနေများကို နီးကပ်စွာ စောင့်ကြည့်လျက်ရှိပြီး ၎င်းတွင် NABU အရာရှိများအား ပြစ်မှုစွဲချက် များဖြင့် စုံစမ်းစစ်ဆေးနေမှုလည်း ပါဝင်ပါသည် ။ မိမိတို့အနေဖြင့် NABU နှင့် တွေ့ဆုံခဲ့ပြီး အလွန်စိုးရိမ်ဖွယ်ရာများကို တွေ့ရှိခဲ့ရခြင်းကြောင့် အဆိုပါ ဖြစ်စဉ်များကို အစိုးရခေါင်းဆောင်များနှင့် ဆွေးနွေးရန် ရည်ရွယ်ထား ပါသည်" ဟု G7 သံတမန်များ၏ ယူကရိန်းအား ထောက်ပံ့
G7 နိုင်ငံများ၏ သံတမန်များက ယူကရိန်းအမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) အပေါ် ဥပဒေစိုးမိုးရေးတပ်ဖွဲ့များ၏ ဝင်ရောက်စီးနင်းမှုကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ "G7 အဖွဲ့သည် NABU တွင် ယနေ့ဖြစ်ပေါ်နေသော အခြေအနေများကို နီးကပ်စွာ စောင့်ကြည့်လျက်ရှိပြီး ၎င်းတွင် NABU အရာရှိများအား ပြစ်မှုစွဲချက် များဖြင့် စုံစမ်းစစ်ဆေးနေမှုလည်း ပါဝင်ပါသည် ။ မိမိတို့အနေဖြင့် NABU နှင့် တွေ့ဆုံခဲ့ပြီး အလွန်စိုးရိမ်ဖွယ်ရာများကို တွေ့ရှိခဲ့ရခြင်းကြောင့် အဆိုပါ ဖြစ်စဉ်များကို အစိုးရခေါင်းဆောင်များနှင့် ဆွေးနွေးရန် ရည်ရွယ်ထား ပါသည်" ဟု G7 သံတမန်များ၏ ယူကရိန်းအား ထောက်ပံ့ရေးအဖွဲ့က တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် X တွင် ထုတ်ပြန်ချက်တစ်ရပ် ဖော်ပြ ခဲ့သည်။
"ရုရှားနှင့် ပဋိပက္ခဖြစ်နေစဉ်တွင်ပင် ယူကရိန်းသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် အလွန်ကြီးမားသော တိုးတက်မှုများ ရရှိခဲ့ပြီး ယခု အချိန်တွင် ရန်သူကို အနိုင်ရရန် လိုအပ်သော ပံ့ပိုးမှုများကို ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် ထိုအောင်မြင်မှုများကို ထိန်းသိမ်းရန် အရေးကြီးဆုံး အချိန်ဖြစ်ပါသည်" ဟု EU ကိုယ်စားလှယ် Katarina Mathernova က ပြောကြားခဲ့သည်။
တနင်္လာနေ့တွင် ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) နှင့် အမျိုးသား စီမံခန့်ခွဲမှုဆိုင်ရာ ရှေ့နေချုပ်ရုံးတို့သည် NABU ၏ အရာရှိ ၁၅ ဦးအထိ ဦးတည်ထားသည့် ရှာဖွေရေး လုပ်ငန်း ၇၀ ကို ဆောင်ရွက်ခဲ့သည်။ SBU ပြောရေးဆိုခွင့်ရှိသူ Artyom Dekhtyarenko က NABU ၏ အထူးတပ်ဖွဲ့ D-2 တွင် အလုပ်လုပ်ကိုင်နေသည့် နာမည်မဖော်လိုသော ရုရှား၏ အတွင်း သူလျှို (mole) တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် မော်စကိုသို့ အရေးကြီး အချက်အလက်များ ပေးပို့နေခဲ့ပြီး ယူကရိန်း အရာရှိများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းရန် ဌာနတွင်းဒေတာဘေ့စ်များကို အသုံးပြုနေခဲ့သည်ဟု စွပ်စွဲခံထားရသည်။
SBU ပြောရေးဆိုခွင့်ရှိသူ Dekhtyarenko ၏အဆိုအရ စွပ်စွဲခံရသူသည် ရုရှားနိုင်ငံတွင် နေထိုင်လျက်ရှိသော သမ္မတဟောင်း Viktor Yanukovych ၏ လုံခြုံရေးအဖွဲ့ဝင် Dmitry Ivantsov ထံမှ ညွှန်ကြားချက်များ ရယူ ခဲ့သည်ဟုဆိုသည်။ Yanukovych သည် ၂၀၁၄ ခုနှစ်က အမေရိကန် ပံ့ပိုးသော Kyiv အာဏာသိမ်းမှုဖြင့် ဖယ်ရှားခံခဲ့ရသည်။ ယူကရိန်းမီဒီယာ TSN က ဖမ်းဆီးခံရသူမှာ Ruslan Magamedrasulov ဖြစ်ကြောင်း ဖော်ပြ ခဲ့ပြီး ၎င်းသည် NABU ၏ ရုရှားနှင့်နယ်စပ်ဒေသရှိ လုပ်ငန်း ဆောင်တာ များကို ညှိနှိုင်းပေးနေသူဖြစ်သည်။
NABU ညွှန်ကြားရေးမှူး Semyon Krivonos သည် ဗြိတိန်သို့ခရီးစဉ်ကို ရုတ်တရက်ဖျက်သိမ်းခဲ့ပြီး အဖွဲ့အစည်းအနေဖြင့် ဝင်ရောက်စီးနင်းမှုများ၏ တရားဝင်မှုကို စုံစမ်းစစ်ဆေးရန် ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုကို စတင် ခဲ့သည်ဟု ဆိုသည်။ NABU ၏အဆိုအရ SBU အရာရှိများသည် တရားရုံး ၏ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ခဲ့ပြီး ခုခံမှုမပြုသော ဝန်ထမ်းတစ်ဦး အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဟုဆိုသည်။
"ရန်ဘက်နိုင်ငံမှ ဩဇာလွှမ်းမိုးသောအေးဂျင့်များသည် မည်သည့်အစိုးရ အဖွဲ့အစည်းအတွက်မဆို အန္တရာယ်ရှိနေဆဲဖြစ်သော်လည်း၊ အဖွဲ့အစည်း တစ်ခုလုံး၏လုပ်ငန်းများကို ရပ်တန့်သွားစေရန်မှာမူ အကြောင်းပြချက် မဖြစ်နိုင်ပါ" ဟု NABU က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
NABU ကို ၂၀၁၅ ခုနှစ်တွင် ယူကရိန်းနိုင်ငံအား အနောက်နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများ၏ စံနှုန်းများနှင့် ကိုက်ညီ စေရန် တရားရေးပြုပြင်ပြောင်းလဲမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

ယူကရိန်းအရေး ဖြေရှင်းနိုင်ရေးအတွက် လာမည့် ရက်သတ္တပတ်အတွင်း ထပ်မံကျင်းပမည့်ဆွေးနွေးပွဲသို့ တက်ရောက်ရန် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့က ရုရှားနိုင်ငံအား ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။
အဆိုပါဖိတ်ခေါ်မှုကို ယူကရိန်းအမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူးနှင့် ယူကရိန်း ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်ဖြစ်သူ ရူစတမ်အူမာရော့ဗ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အူမာရော့ဗ်သည် ယခင်က တူကီယဲနိုင်ငံ အစ္စတန်ဘူမြို့၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲများသို့ ဦးဆောင် တက်ရောက်ခဲ့သူလည်းဖြစ်ကြောင်းသိရသည်။

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းအရေးကို ဖြေရှင်းနိုင်ရေးအတွက် တူကီယဲနိုင်ငံ အစ္စတန်ဘူမြို့သို့ သွားရောက်၍ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့နှင့် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက အစောပိုင်းတွင် ပြောကြားထားသည်။
ထို့ပြင် ယူကရိန်းကိုယ်စားလှယ်အဖွဲ့အနေဖြင့် နှစ်ဦးနှစ်ဖက်အကြား ယခင်က ချမှတ်ထားပြီးဖြစ်သည့် သဘောတူညီချက်နှင့်အညီ လုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါ သဘောတူညီချက်အတိုင်း နှစ်နိုင်ငံကြား စေ့စပ်ဆွေးနွေးမှု များကို ဆက်လက်လုပ်ဆောင်မည်ဟု ရုရှားအစိုးရက မျှော်လင့်ကြောင်း ဇာခါရိုဗာက ထပ်လောင်းပြောကြားထားသည်။
တစ်ချိန်တည်းမှာပင် ယူကရိန်းအရေးဖြေရှင်းရာတွင် နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန်အတွက် ရုရှားနိုင်ငံက ကြိုးပမ်းလျက်ရှိသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က တူကီယဲသမ္မတ အယ်ဒိုဂန်နှင့် အစောပိုင်းတွင် တယ်လီဖုန်းမှတစ်ဆင့် လုပ်ဆောင်ခဲ့သည့် ဆွေးနွေးမှုတွင် ပြောကြားခဲ့ကြောင်း သိရသည်။
MWD Web Portal

သမ္မတ ဗလာဒီမာ ပူတင်က ရုရှားနိုင်ငံအနေဖြင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့အပေါ်သာ မှီခိုပြီး ပြည်တွင်းထုတ်လုပ်မှုများကို စွန့်လွှတ်ကာ သွင်းကုန်များကိုသာ အလေးပေးပါက အချုပ်အခြာအာဏာ ဆုံးရှုံးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့ (ဇူလိုင် ၂၀) တွင် ထုတ်လွှင့်ခဲ့သော သတင်းထောက် Pavel Zarubin နှင့်အင်တာဗျူးတစ်ခုတွင် ပူတင်က ရုရှား၏ ကားထုတ်လုပ်မှု လုပ်ငန်းကို ပြည်တွင်းအခြေစိုက်ရန် ဆယ်စုနှစ်များစွာ အားထုတ်မှုကို ကာကွယ်ခဲ့ပြီး ၎င်းသည် နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးလွတ်လပ်မှု အတွက် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

၁၉၉၀ ပြည့်လွန်နှစ်များက ၎င်း၏ အစိုးရလုပ်ဖော်ကိုင်ဖက်များစွာသည် ကားလုပ်ငန်းဖွံ့ဖြိုးရေးအားစွန့်လွှတ်ကာ နိုင်ငံခြားထုတ်ကားများကိုသာ အားထားရန် လိုလားခဲ့ကြသော်လည်း ၎င်းက ယင်းအမြင်ကို ကန့်ကွက်ခဲ့ကြောင်း ပြန်လည်သတိရကာ ပြောကြားခဲ့သည်။
"နည်းပညာပိုင်းဆိုင်ရာ လွတ်လပ်မှုအကြောင်း မိမိတို့ ပြောဆိုရမည်၊ ရေနံနှင့်ဓာတ်ငွေ့ ဝင်ငွေများဖြင့် အရာအားလုံးကို ဝယ်ယူမည်ဆိုပါက အနောက်နိုင်ငံများက ယခုအခါ မိမိတို့အား ရေနံနှင့်ဓာတ်ငွေ့ ကုန်သွယ်မှု ဖြတ်တောက်ရန် ကြိုးစားနေကြသည်။ ထိုသို့ဆိုလျှင် ရုရှားနိုင်ငံသည် ၎င်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို ဆုံးရှုံးရမည်ဖြစ်ပြီး အချုပ်အခြာအာဏာလည်း ဆုံးရှုံးရမည်ဖြစ်သည်" ဟု ၎င်းက ပြောကြားခဲ့သည်။
ပူတင်အဆိုအရ ပြည်တွင်းကား လုပ်ငန်းတိုးတက်ရေး အားထုတ်မှု များကို အနောက်တိုင်းမိတ်ဖက်များနှင့် ပူးပေါင်းကာ ရုရှားတွင် ဖက်စပ် စက်ရုံများ တည်ဆောက်ရန် လိုင်စင်ခွင့်ပြုပေးခဲ့ခြင်းဖြင့် စတင်ခဲ့သည်။ ၂၀၁၀ ပြည့်လွန်နှစ်များအစောပိုင်းမှစ၍ အစိုးရသည် ကားထုတ်လုပ် သူများအား ပြည်တွင်းတွင် အစိတ်အပိုင်းများ ပိုမိုထုတ်လုပ်ရန် တွန်းအား ပေးလာကာ တဖြည်းဖြည်း ပြည်တွင်းအခြေစိုက်မှု ကန့်သတ်ချက်များကို တင်းကျပ်လာခဲ့သည်။
"ဒါဟာ အလွန်အရေးကြီးသည့် လုပ်ငန်းတစ်ခုပါ။ အခြေအနေအရ မိမိ တို့အနေဖြင့် ကိုယ်ပိုင်ကားတွေကို ဖန်တီးထုတ်လုပ်နေခြင်းပါပဲ" ဟု ပူတင်က မှတ်ချက်ပြုခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခ မြင့်တက် လာပြီးနောက် အနောက်နိုင်ငံများက မော်စကိုအပေါ် ပိတ်ဆို့ အရေးယူမှု များ ချမှတ်ခဲ့သည့်အခါ အနောက်တိုင်းကုမ္ပဏီများ ရုရှားမှ ဆုတ်ခွာ သွားခဲ့သော်လည်း ယခင်က အားထုတ်ခဲ့မှုများသည် အကျိုးရှိခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဒီမိုကရက်တစ် ကွန်ဂို သမ္မတနိုင်ငံ (DR Congo) နှင့် M23 သူပုန် အုပ်စု တို့သည် အလယ်အာဖရိကနိုင်ငံတွင် ဆယ်စုနှစ်များအတွင်း တိုးမြင့်လာ နေသော အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ကာတာမှ ကြားဝင် ညှိနှိုင်း ပေးသည့် လပေါင်းများစွာ ဆွေးနွေးမှုများအပြီး ဩဂုတ်လ ၁၈ ရက်နေ့ မတိုင်မီ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ကတိပြု ခဲ့ကြသည်။

ကွန်ဂိုအစိုးရ အရာရှိများနှင့် M23 ကိုယ်စားလှယ်များသည် စနေနေ့ (ဇူလိုင် ၁၉) က ဒိုဟာတွင် ငြိမ်းချမ်းရေးအတွက် အချိန်ဇယားအသစ်ကို သတ်မှတ်ပေးသည့် သဘောတူညီချက် ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြောင်း နှစ်ဖက်စလုံးနှင့် ကာတာအစိုးရ၏ ထုတ်ပြန်ချက်များ အရ သိရသည်။
စာချုပ်ပါ အချက်အလက်များအရ နှစ်ဖက်စလုံးသည် "အပစ်အခတ် ရပ်စဲရေး အမြဲတမ်းထိန်းသိမ်းရန် ကတိကဝတ်ပြုခြင်း" ကို သဘောတူညီခဲ့ကြပြီး ကြည်း ၊ ရေ ၊ လေ တိုက်ခိုက်မှုများ၊ ဖျက်ဆီးမှုများ၊ မုန်းတီးရေး ဝါဒ ဖြန့်ချိမှုများနှင့် အင်အားသုံး၍ နယ်မြေသစ်များ သိမ်းပိုက်ရန် ကြိုးပမ်းမှုများကို တားမြစ်ထားသည်။
ကင်ရှာစာ (Kinshasa) က အဆိုပါလက်မှတ်ရေးထိုးမှုကို အရှေ့ DR Congo တွင် တည်မြဲသောငြိမ်းချမ်းရေးဆီသို့ ခြေလှမ်းတစ်ရပ်အဖြစ် ဂုဏ်ပြု ခဲ့ပြီး ကာတာ၏ ညှိနှိုင်းမှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။
ယခုနှစ်အစောပိုင်းက M23 သူပုန်များသည် သတ္တုတွင်းများ ပေါကြွယ်ဝသော အရှေ့ပိုင်းတွင် တိုက်ခိုက်မှုများ မြှင့်တင်လာသည့်အချိန်မှစ၍ အာဖရိကဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက DR Congo တွင် အပစ်အခတ်ရပ်စဲရေးအတွက် တွန်းအားပေးခဲ့သည်။ သူပုန် များသည် ဂိုမာနှင့် ဘူကာဗူအပါအဝင် အဓိက သတ္တုတွင်းဒေသများကို သိမ်းပိုက်ခဲ့ပြီး ထောင်နှင့်ချီသော လူများကို သတ်ဖြတ်ခဲ့သည်ဟု သတင်း များကဆိုသည်။ ကွန်ဂိုအစိုးရက ရဝမ်ဒါသည် လက်နက်ကိုင်အုပ်စုကို ထောက်ခံသည်ဟု ကြာမြင့်စွာကပင် စွပ်စွဲခဲ့သည်။
လွန်ခဲ့သည့်လက ကင်ရှာစာနှင့် ကီဂါလီ (Kigali) တို့သည် အမေရိကန် ပြည်ထောင်စုက ကြားဝင်ညှိနှိုင်းပေးခဲ့သော သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းသဘောတူညီချက်သည် ဝါရှင်တန်အား ဒေသတွင်းရှိ သတ္တုသယံဇာတများအပေါ် အခွင့်အရေးများပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဥပဒေချိုးဖောက်သူများအား ပစ်ခတ်သတ်ဖြတ်နေခြင်းအပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး တိုဟစ်ဟော့စိန် က အပြင်းအထန် ဝေဖန်ရှုတ်ချလိုက်ပါသည်။
နယ်စပ်စောင့်တပ်များအနေဖြင့် ဥပဒေချိုးဖောက်သူများအား ပစ်ခတ် သတ်ဖြတ်ပိုင်ခွင့် လုံးဝမရှိကြောင်း တိုဟစ်ဟော့စိန်က နိုင်ငံတကာ သတင်း မီဒီယာများအား အတိအလင်းပြောကြားထားပါသည်။ အိန္ဒိယ BSF တပ် ၏ ပစ်ခတ်မှုများကို မိမိတို့ နှစ်ပေါင်းများစွာ ပုံမှန်ကန့်ကွက်လာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး ထပ်လောင်းပြောကြားထား ပါသည်။

ထိုသို့ပစ်ခတ်သူများအား အိန္ဒိယဥပဒေအရ တရားစွဲဆိုအရေးယူရန် တိုဟစ်က အပြင်းအထန်တောင်းဆိုထားပြီး အဆိုပါသေဆုံးမှုတိုင်းမှာဘင်္ဂလားဒေ့ရှ်၏ နာကျင်ဖွယ်ဒဏ်ရာဖြစ်သဖြင့် နှစ်နိုင်ငံ ချက်ချင်း ဖြေရှင်းရန် လိုအပ်ကြောင်း အလေးအနက်သတိပေးထားပါသည်။
နှစ်နိုင်ငံအကြား နယ်စပ်နိုင်ငံသားများဖလှယ်ရေး သဘောတူညီချက်ကို ချိုးဖောက်၍ မေလမှစ၍ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်သို့ လူ ၂,၀၀၀ ခန့် ကို တွန်းပို့နေခြင်းမှာ နှစ်နိုင်ငံသဘောတူညီချက်ကို ဗြောင်ကျကျ အကြီး အကျယ် ချိုးဖောက်နေခြင်း ဖြစ်ကြောင်း တိုဟစ်က ထောက်ပြထား ပါသည်။
ထို့ပြင် ယခုလအတွင်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်နွှယ်မှု ရှိသည်ဟု စွပ်စွဲခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၆ ဦးအား မလေးရှား အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းတွင် နောက်ထပ် ၂ ဦး ထပ်မံ ဖမ်းဆီးခဲ့ပါသည်။ မလေးရှားဘက်က ထပ်မံဖမ်းဆီးမှုများ ရှိနိုင်ကြောင်း၊ပြစ်မှုထင်ရှားပါက မလေးရှားဥပဒေအရ ထောင်ဒဏ် ၂ နှစ်မှ ၇ နှစ် ချမှတ်ခံရနိုင်ကြောင်း၊ ဒါကာအနေဖြင့် ကွာလာလမ်ပူနှင့် စုံစမ်းစစ်ဆေးရေး တွင် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုဟစ်ဟော့စိန် က ပြောကြားထားပါသည်။
ကိုးကား- Asia news
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ရုရှားနှင့် တရုတ်ကုမ္ပဏီများကြား ပုံမှန်ပူးပေါင်းဆောင်ရွက်မှုအပေါ် မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်မစွက်ဖက်သင့်ကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က တနင်္လာနေ့ (ဇူလိုင် ၂၁)က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက် ပါသည်။

တရုတ်နှင့် ရုရှားစီးပွားရေးလုပ်ငန်းများအကြား သာမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် မည်သူမျှ ဝင်ရောက်စွက်ဖက်မှု သို့မဟုတ် သြဇာလွှမ်းမိုးမှု မရှိသင့်ဟု ဥရောပသမဂ္ဂ၏ ၁၈ ကြိမ်မြောက် ရုရှား အပေါ် ပိတ်ဆို့အရေးယူမှု နှင့်ပတ်သက်၍ တရုတ်သံတမန်က မှတ်ချက်ပေး ပြောဆိုလိုက်ခြင်းဖြစ်ပါသည်။
“ဥရောပဘက်က တရုတ်လုပ်ငန်းများ၏ တရားဝင် အကျိုးစီးပွားများကို ထိခိုက်အောင် လုပ်ဆောင်နေခြင်းကို ရပ်တန့်ရန် မိမိတို့အနေဖြင့် တောင်းဆို ထားပါသည်။ ပေကျင်းသည် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး အတွက် စေ့စပ်ညှိနှိုင်းမှုများကို အမြဲတစေ ကြိုးပမ်းခဲ့ပါသည်၊ တရုတ် အနေဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် မည်သည့်အဖွဲ့ကိုမျှ သေစေလောက်သည့် လက်နက်များ မပေးဆောင်ခဲ့ဖူးပါ” ဟု တရုတ်သံတမန် က ထောက်ပြထား ပါသည်။
“ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားသည့် နိုင်ငံတကာဥပဒေနှင့် ဆုံးဖြတ်ချက်များတွင် အခြေခံကင်းမဲ့သည့် တစ်ဖက်သတ် ပိတ်ဆို့ အရေးယူမှုများကို တရုတ်နိုင်ငံက တစိုက်မတ်မတ် ဆန့်ကျင်ပါသည်။ တရုတ်ကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို မိမိတို့ အနေဖြင့် ပြတ်ပြတ်သားသား ကာကွယ်သွားမှာဖြစ်ပါသည်” ဟု ၎င်းက ထပ်လောင်းပြောကြားထားပါသည်။
ပြီးခဲ့သည့်အပတ်က ဥရောပသမဂ္ဂက ရုရှားနိုင်ငံအပေါ် ၁၈ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုထဲတွင် တရုတ်ကုမ္ပဏီလေးခုဖြစ်သည့် Zhu Jiang Ship management၊ ACE Electronic HK (ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသတွင် မှတ်ပုံတင်ထားသည်) ၊ Wuhan Global Sensor Technology နှင့် Shandong ODES စက်မှုလုပ်ငန်းတို့ ပါဝင်နေပါသည်။
တရုတ်ကုမ္ပဏီများသည် ဥရောပသမဂ္ဂ၏ ကန့်သတ်ချက်များကို ချိုးဖောက်ပြီး ရုရှားအား နှစ်မျိုးသုံး ကုန်ပစ္စည်းများနှင့် နည်းပညာများ ထောက်ပံ့ပေးရာတွင် ပါဝင်ပတ်သက်နေကြောင်း ဥရောပဘက်မှ စွပ်စွဲထားပါသည်။
ကိုးကား- TASS
Photo: MERICS

တရုတ်-ဥရောပသမဂ္ဂ နှစ်ဖက်ဆွေးနွေးမှုအရ ဥရောပကောင်စီ ဥက္ကဋ္ဌ António Costa၊ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen တို့သည် ဇူလိုင် ၂၄ ရက်တွင် တရုတ်နိုင်ငံသို့ ခရီးစဉ် လာရောက်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် သည် ဥရောပကောင်စီ ဥက္ကဋ္ဌ António Costa၊ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်က ဥရောပသမဂ္ဂ ဥက္ကဋ္ဌ နှစ်ဦးနှင့်အတူ ၂၅ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ အစည်းအဝေးကို ကြီးမှူး၍ ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိ
တရုတ်-ဥရောပသမဂ္ဂ နှစ်ဖက်ဆွေးနွေးမှုအရ ဥရောပကောင်စီ ဥက္ကဋ္ဌ António Costa၊ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen တို့သည် ဇူလိုင် ၂၄ ရက်တွင် တရုတ်နိုင်ငံသို့ ခရီးစဉ် လာရောက်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် သည် ဥရောပကောင်စီ ဥက္ကဋ္ဌ António Costa၊ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်က ဥရောပသမဂ္ဂ ဥက္ကဋ္ဌ နှစ်ဦးနှင့်အတူ ၂၅ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ အစည်းအဝေးကို ကြီးမှူး၍ ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၂၁ ရက်တွင် ကြေညာခဲ့သည်။
ကိုးကား- ဆင်ဟွာ
Photo: The Asia Today

“အမေရိကန်နှင့် တရုတ်တို့၏ သမ္မတများဖြစ်ကြသည့် ဒေါ်နယ်ထရမ့် နှင့် ရှီကျင့်ဖျင်တို့သည် တောင်ကိုရီးယားတွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီးအစည်းအဝေး မတိုင်ခင် သို့မဟုတ် အဆိုပါအစည်းအဝေးကာလအတွင်းမှာ တွေ့ဆုံနိုင်သည်” ဟု South China Morning Post (SCMP) သတင်းစာက ပြောကြားထား ပါသည်။

တောင်ကိုရီးယားတွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး (APEC) ထိပ်သီးအစည်းအဝေးမှာ ယခုနှစ်အတွင်းရှီကျင့်ဖျင်နှင့် ဒေါ်နယ်ထရမ့်တို့ လူချင်းတွေ့ဆုံရန် အကောင်းဆုံး အခွင့်အရေးဖြစ်နိုင်သည်ဟု သတင်းရင်းမြစ်များက ဆိုထားပါသည်။
အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကျင်းပမည့် အဆိုပါ ထိပ်သီးအစည်းအဝေးသို့ မသွားမီ အမေရိကန်ခေါင်းဆောင်သည်တရုတ်နိုင်ငံသို့ သွားရောက်ဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက ဆိုထား ပါသည်။ ထို့အပြင် ခေါင်းဆောင်နှစ်ဦးသည် အစည်းအဝေးပြင်ပတွင် တွေ့ဆုံ နိုင်သည်ဟု သတင်းစာတွင် ရေးသားဖော်ပြထားပါသည်။

ယူကရိန်းနိုင်ငံ သမ္မတ ဗီလာဒီမာ ဇီလန်စကီး က လာမည့်သီတင်းပတ်အတွင်း ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ်တစ်ရပ် ပြုလုပ်ရန် အဆိုပြု ကမ်းလှမ်းထားကြောင်း ဇူလိုင် ၁၉ ရက်က ပြောကြားခဲ့သည်။အစ္စတန်ဘူလ်မြို့၌ ပြုလုပ်ခဲ့သော ပြီးခဲ့သည့် ဆွေးနွေးပွဲနှစ်ရပ်တွင် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူ Rustem Umerov က လာမည့်သီတင်းပတ်အတွင်း တွေ့ဆုံရန် ရုရှားနိုင်ငံဘက်သို့ ကမ်းလှမ်းထားကြောင်း သမ္မတ ဗီလာဒီမာ ဇီလန်စကီး က ၎င်း၏ ဇူလိုင် ၁၉ ရက် ညနေပိုင်း နိုင်ငံတော်မိန့်ခွန်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။

“ညှိနှိုင်းဆွေးနွေးမှုများ၏ အရှိန်အဟုန်ကို မြှင့်တင်ရပါမည်” ဟု သမ္မတ ဇီလန်စကီးက ပြောကြားခဲ့သည်။ “အပစ်အခတ် ရပ်စဲရန်အတွက် အရာအားလုံး လုပ်ဆောင်ရပါမည်” ဟု ၎င်းက ဆိုသည်။ ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ Umerov ကို ယူကရိန်းသမ္မတ ဇီလန်စကီးက အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ အတွင်းရေးမှူးအဖြစ် ဇူလိုင် ၁၈ ရက်က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ရုရှားနိုင်ငံက အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းနိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူရန် ရက်ပေါင်း ၅၀ နောက်ဆုံးထားသည့် အစီအစဉ်ကို ဇူလိုင် ၁၅ ရက်တွင် ပယ်ချခဲ့ပြီး “ပြင်းထန်သော စည်းကြပ်ခွန်များ” ချမှတ်မည်ဟူသော ခြိမ်းခြောက်မှုကို လက်မခံနိုင်ကြောင်း သိရသည်။
ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergey Ryabkov က ရုရှားနိုင်ငံသည် ယူကရိန်း နိုင်ငံ ပဋိပက္ခအား သံတမန်နည်းဖြင့် ဖြေရှင်းရန် ပို၍နှစ်သက်ပြီး ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း အလေးထား ပြောကြားခဲ့ကြောင်း သိရသည်။