ရုရှားနိုင်ငံခြားရေးဝန်ကြီးအား ရှီကျင့်ဖျင် လက်ခံတွေ့ဆုံ
တရုတ်သမ္မတရှီကျင့်ဖျင်သည် ရှန်ဟိုင်းပူးပေါင်းရေးအဖွဲ့ (Shanghai Cooperation Organization - SCO) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကို ပေကျင်းမြို့တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံ Tianjin မြို့တော်၌ ကျင်းပမည့် SCO နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ရန် ဇူလိုင်လ ၁၃ ရက်ကတည်း တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပါသည်။
၎င်း၏ ခရီးစဉ်အတွင်း မကြာမီ ရှန်ဟိုင်းပူးပေါင်းရေး အဖွဲ့ ထိပ်သီး ညီလာခံ တက်ရောက်ရန်နှင့် တရုတ်က ဂျပန်အပေါ် စစ်အောင်နိုင်ခြင်း အထိမ်းအမှတ် နှစ် (၈၀) ပြည့် အခမ်းအနားတက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်မည့် ရုရှားသမ္မတဗလာဒီမာပူတင်၏ နိုင်ငံတော်အဆင့် ခရီးစဉ်လာရောက်ရန်အတွက် သက်ဆိုင်သူများနှင့် ဆွေးနွေးခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃