သီတင်းပတ် တစ်ပတ်အတွင်း ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်ရရှိရန် မျှော်လင့်ဟု ထရမ့် ဆို

News Image

  • သီတင်းပတ် တစ်ပတ်အတွင်း ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်ရရှိရန် မျှော်လင့်ဟု ထရမ့် ဆို

ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်အား သီတင်းပတ် တစ်ပတ်အတွင်း ရရှိရန် မျှော်လင့်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

“မိမိတို့ ယခုဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါသည်။ လာမည့်တစ်ပတ်အတွင်း အဆိုပါကိစ္စကို အဆင်ပြေရန် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ပါသည်” ဟု ထရမ့်က ထိုနေ့တွင် ဝါရှင်တန်‌မြို့ အနီးတစ်ဝိုက်ရှိ မေရီလန်း ပြည်နယ် အန်ဒရူးပူးတွဲအခြေစိုက်စခန်း၌ မီဒီယာများအား ပြောကြားခဲ့သည်။

ထရမ့်သည် ယခုလအတွင်း ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်နှင့်စပ်လျဉ်း၍ သဘောထားမှာ အကြိမ်များစွာ အပြောင်းအလဲဖြစ်ခဲ့သည်။ “ယခုအပတ်အတွင်း သက်ဆိုင်ရာ သဘောတူညီချက် ရရှိနိုင်ခြေ” ရှိသော်လည်း “အခြေအနေက နေ့တိုင်းပြောင်းလဲနေသည်” ဟု ၎င်းက ဇူလိုင် ၆ ရက်တွင် ဆိုခဲ့သည်။ ဇူလိုင် ၇ ရက်တွင် ဝါရှင်တန်မြို့၌ ခရီးစဉ်လာရောက်နေသော အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနှင့်အတူ မီဒီယာများအား တွေ့ဆုံစဉ်တွင်မူ ထရမ့်က ပါလက်စတိုင်း-အစ္စရေးအရေးကိစ္စအား ဖြေရှင်းရန် ရည်ရွယ်သည့် “နှစ်နိုင်ငံ ဖြေရှင်းရေး နည်းလမ်း” သည် အကောင်အထည်ဖော်နိုင်ခြေ ရှိ၊ မရှိအား “မသိ” ဟု ထပ်မံပြောကြားခဲ့ပြန်သည်။

ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်) နှင့် အစ္စရေးသည် ဇူလိုင် ၆ ရက်မှစ၍ ကာတာနိုင်ငံ ဒိုဟာမြို့၌ အသစ်တစ်ကြိမ် ကြားခံဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ခဲ့ရာ ရက် ၆၀ အပစ်ရပ်ရေး သဘောတူညီချက်ကို အာရုံစိုက်ဆွေးနွေးလျက်သော်လည်း အတန်အသင့်ကြီးမားသည့် တိုးတက်မှု မရရှိသေးကြောင်း သိရသည်။ 

ကိုးကား- ဆင်ဟွာ