သတင်းများ

ထရမ့်၏မူဝါဒကို  ဥရောပခေါင်းဆောင်များက ဆက်လက် လိုက်နာရဖွယ်ရှိဟု ပူတင်ပြော

ဥရောပရှိ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မူဝါဒကို ဆက်လက်လိုက်နာရဖွယ်ရှိကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဖေဖော်ဝါရီလ  ၂ရက်တွင် ပြောသည်။

ထရမ့်၏ဝိသေသလက္ခဏာ၊ မဆုတ်မနစ်ကြိုးပမ်း ပြောဆိုမှုတို့ကြောင့် ဥရောပတွင် အစီအစဉ်ကျမှုကို အလျင်အမြန်ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ပူတင်က သတင်းထောက်တစ်ဦးဖြစ်သူ ပါဗယ်ဇာရူဘင်နှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောခြင်းဖြစ်သည်။

ထို့ပြင်  လက်ရှိ  ဥရောပခေါင်းဆောင်များသည်   ယခင်ခေါင်းဆောင်ဟောင်းများနှင့်နှိုင်းယှဉ်ပါက  ၎င်းတို့၏ ကိုယ်ပိုင်အတွေးအခေါ်အတွက် တိုက်ခိုက်ရန်ရဲရင့်မှု မရှိကြောင်း၊ ထို့ပြင် ဥရောပခေါင်းဆောင်များသည်   ၎င်းတို့၏ဘဝတွင် ယခင်ကလုပ်ဆောင်ခဲ့ဖူးခြင်း မရှိသော ဆောင်ရွက်ချက်များတွင် ပါဝင်လျက်ရှိကြောင်း ပူတင်ကဆက်လက် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတအဖြစ် ထရမ့်ပြန်လည် တက်ရောက်လာမည်ကို ဥရောပခေါင်းဆောင် အများအပြားက စိုးရိမ်မကင်းဖြစ်ခဲ့ရသည်ဟု   ပြီးခဲ့သည့်နှစ် မဲဆွယ်ပွဲကာလ တစ်လျှောက်လုံး၌ ပြောကြားခဲ့ကြောင်း ပူတင်ကဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။

Source: Myawady Web Portal

ရုရှား ယူကရိန်းနှင့် တွေ့ဆုံရန် စီစဉ်နေကြောင်း ဒေါ်နယ်ထရမ့် ပြောကြား

အမေရိကန်အနေဖြင့် ရုရှားနှင့်ယူကရိန်းတို့နှင့်တွေ့ဆုံရန် ဆက်သွယ်ဆွေးနွေးရန် စီစဉ်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၃ ရက်တွင်ဝါရှင်တန်အနီးရှိ အန်ဒရီ အမေရိကန် လေတပ်အခြေစိုက် စခန်းသို့ ရောက်ရှိချိန်၌ ပြောကြားထားပါသည်။ 

ယခုရက်သတ္တပတ်တွင် အစ္စရေးကိစ္စ၊ ရုရှား ယူကရိန်း  ကိစ္စတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများကို  တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် လွန်စွာ အလုပ်ရှုပ်ရပါကြောင်း၊ ထိုကြိုးပမ်းမှုကြောင့် ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားကြောင်း ထရမ့်က ပြောကြားထားပါသည်။

ကိုးကား -TASS

ပနားမားတူးမြောင်းတွင် တရုတ်လွှမ်းမိုးမှု လျှော့ချရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio တောင်းဆို

ပနားမားတူးမြောင်းတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုနှင့် ထိန်းချုပ်မှုများလျှော့ချရန်အတွက် ပြုပြင်ပြောင်းလဲမှုများချက်ချင်းပြုလုပ်သွားရန် ပနားမားနိုင်ငံအား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က တောင်းဆို လိုက်ပါသည်။

ပနားမားနိုင်ငံအနေဖြင့် ပနားမားတူးမြောင်းအရေးကို ချက်ချင်းလုပ်ဆောင်သွားရန်နှင့် ပျက်ကွက်ပါက နှစ်နိုင်ငံစာချုပ်အရ အမေရိကန်၏ အခွင့်အရေးများကို ကာကွယ်ရန်အတွက် လိုအပ်သော အစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောကြားထားသည်။ 

ပနားမားတူးမြောင်းကို ပြန်လည်သိမ်းယူမည်ဟု သမ္မတထရမ့်က ကတိပြုပြောကြားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပနားမားမြို့၌ Marco Rubio နှင့် ပနားမားနိုင်ငံ၏ ကွန်ဆာဗေးတစ် သမ္မတ Jose Raul Mulino တို့အကြား တွေ့ဆုံမှုအပြီး ထိုသို့ သတိပေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း တူးမြောင်းကို ပြန်လည်ရယူမည်ဟူသော ထရမ့်၏ ပြောကြားမှုမှာ ပနားမားနိုင်ငံလူထုအကြား သိသိသာသာ ရိုက်ခတ်သွားခဲ့သည်။ ၃၁-၁-၂၀၂၅ ရက်နေ့ တွင် ပနားမားမြို့ရှိ ဆန္ဒပြသူများက Trump နဲ့ Marco Rubio တို့၏ ဓာတ်ပုံများကို မီးရှို့ခဲ့ကြပါသည်။ 

အဓိကရုဏ်း နှိမ်နင်းရေးရဲများသည် အခြားဆန္ဒပြသူ လူအုပ်ကြီးအား မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်၍ လူစုကွဲစေရန် အင်အားသုံးဖြိုခွင်းခဲ့ရပါသည်။ အဆိုပါဆန္ဒပြပွဲသည် မကြီးမားသော်လည်း အမေရိကန်သမ္မတ၏ ပြောဆိုချက်အပေါ် ပနားမားလူထုက အကြီးအကျယ် ဒေါသထွက်တုံ့ပြန်ကြခြင်းပင် ဖြစ်သည်။

တူးမြောင်းပိုင်ဆိုင်မှုပြဿနာအား Rubio နှင့် ဆွေးနွေး ရန်မလိုအပ်ကြောင်း၊ တူးမြောင်းနှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းများ ပြုလုပ်မည်မဟုတ်ကြောင်းနှင့် တူးမြောင်းသည် ပနားမားအပိုင်ဖြစ်ကြောင်း ပနားမား သမ္မတ Mulino က ဇန်နဝါရီ ၃၀ ရက်နေ့တွင် ပြောကြားထားပါသည်။

ပနားမားတူးမြောင်းတွင်တရုတ်စစ်သားများ စောင့်ကြပ်နေပြီး ပနားမားနိုင်ငံသည် နှစ်နိုင်ငံသဘောတူညီချက်ကို ဆန့်ကျင်၍ အမေရိကန်သင်္ဘောများကို အခြားနိုင်ငံသင်္ဘောများထက် ဖြတ်သန်းခ ပိုမိုကောက်ခံနေသည်ဟူသော ထရမ့်၏ စွပ်စွဲချက်မှာ အခြေအမြစ်မရှိကြောင်း Mulino က ပြောကြားလိုက်ပါသည်။

ကိုးကား-BBC

တရုတ်သွင်းကုန်အပေါ် အခွန်တိုးမြှင့်စည်းကြပ်သည့် အမေရိကန်ကို ကန့်ကွက်ရှုတ်ချပြီး တန်ပြန် လုပ်ဆောင်သွားမည်ဟု တရုတ်သံရုံးပြောကြား

တရုတ်သွင်းကုန်အပေါ် အမေရိကန်၏ အခွန်စည်းကြပ်မှု ၁၀ ရာခိုင်နှုန်းတိုးမြှင့်လိုက်မှုကို ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချကြောင်း၊ တရုတ်နိုင်ငံ အမျိုးသားစီးပွားရေးကာကွယ်ရန် လိုအပ်သောအစီအမံ တန်ပြန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည်ကမ္ဘာ့မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် အတက်ကြွဆုံးဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့်  ပြည်တွင်း fentanyl ပြဿနာကို အကြောင်းပြပြီး အခြားနိုင်ငံများအပေါ် ထင်တိုင်းကြဲ အခွန်တိုးမြှင့်ကောက်ခံနေမည့်အစား မိမိပြဿနာကို ဆင်ခြင်သုံးသပ်ပြီး ဖြေရှင်းဆောင်ရွက်သင့်ကြောင်း တရုတ်သံရုံးပြောခွင့်ရသူတစ်ဦးက TASS ကို ပြောပြ ထာ

တရုတ်သွင်းကုန်အပေါ် အမေရိကန်၏ အခွန်စည်းကြပ်မှု ၁၀ ရာခိုင်နှုန်းတိုးမြှင့်လိုက်မှုကို ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချကြောင်း၊ တရုတ်နိုင်ငံ အမျိုးသားစီးပွားရေးကာကွယ်ရန် လိုအပ်သောအစီအမံ တန်ပြန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည်ကမ္ဘာ့မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် အတက်ကြွဆုံးဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့်  ပြည်တွင်း fentanyl ပြဿနာကို အကြောင်းပြပြီး အခြားနိုင်ငံများအပေါ် ထင်တိုင်းကြဲ အခွန်တိုးမြှင့်ကောက်ခံနေမည့်အစား မိမိပြဿနာကို ဆင်ခြင်သုံးသပ်ပြီး ဖြေရှင်းဆောင်ရွက်သင့်ကြောင်း တရုတ်သံရုံးပြောခွင့်ရသူတစ်ဦးက TASS ကို ပြောပြ ထားပါသည်။ 

ဖေဖော်ဝါရီ ၁ ရက်(စနေနေ့)တွင် အမေရိကန်သမ္မတ Donald Trump သည် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ သွင်းကုန်များအပေါ် အခွန် ၂၅% (ကနေဒါစွမ်းအင် အပေါ် ၁၀%) နှင့် တရုတ်နိုင်ငံအပေါ် ထပ်ဆောင်း အကောက်ခွန် ၁၀% ကောက်ခံရန် အစီအမံချမှတ်ခဲ့ သည်။ အဆိုပါအစီအမံများသည် ဖေဖော်ဝါရီ ၄ ရက်တွင် အသက်ဝင်လာမည်ဖြစ်သည်။

ကိုးကား-TASS

ပနားမားသည် တရုတ်နှင့် BRI သဘောတူညီချက်ကို ဖျက်သိမ်း

တရုတ်နိုင်ငံ၏ Belt and Road Initiative တွင် ပနားမားမှ ၎င်း၏ ပူးပေါင်းပါဝင်မှုကို သက်တမ်းတိုးမည်မဟုတ်ကြောင်း သမ္မတ ဟိုဆေးရာအူးလ်မူလီနိုက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

 ၂၀ ရာစုအစောပိုင်းတွင် အမေရိကန်မှ တည်ဆောက်ခဲ့သော အဓိကရေလမ်းကြောင်းဖြစ်သည့် Panama Canal စီမံခန့်ခွဲမှုအားပြောင်းလဲရန် တောင်းဆိုခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် Mulino တို့ တွေ့ဆုံမှုအပြီးတွင် အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ရေ လမ်းကြောင်းအပေါ် လွှမ်းမိုးမှုလွန်ကဲသည်ဟု ဝါရှင်တန် က ယုံကြည်လျက်သည်။

ဆွေးနွေးပွဲအတွင်း Rubio က တူးမြောင်းတွင် တရုတ်နိုင်ငံ၏ ပါဝင်ကြီးစိုးပတ်သက်မှုကို ခွင့်ပြုခြင်းဖြင့်ပနားမားသည် ရေလမ်းကြောင်းနှင့်ပတ်သက်၍ အမြဲတမ်းကြားနေမှုကို အာမခံသည့် ၁၉၇၇ ခုနှစ် အမေရိကန်နှင့် သဘောတူစာချုပ်ကို ချိုးဖောက်ကြောင်း Mulino ကို သတိပေးခဲ့သည်။

ရူဘီယို၏သတိပေးချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်းက ခြိမ်းခြောက်မှုများကို ကိုးကားခဲ့ပြီး ပနားမားတူးမြောင်းအသုံးပြုမှုအတွက် အမေရိကန် ကပေးဆောင်ရမည့် အခကြေးငွေကို လျှော့မပေးပါက ပနားမားတူးမြောင်းကို ပြန်လည်ထိန်းချုပ်မည်ဟု ရူဘီယို ကပြောကြားခဲ့ခြင်းဖြစ်သည်။

တူးမြောင်းနှင့်ပတ်သက်၍ ပနားမား၏ အချုပ်အခြာအာဏာကို ထိပါးရန် စိတ်ဝင်စားမှုမရှိကြောင်း တရုတ်တာဝန်ရှိသူများက ငြင်းဆိုထားပြီး ဒီဇင်ဘာလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပေကျင်းသည် ပနားမားတူးမြောင်းကို နိုင်ငံတကာရေလမ်းအဖြစ် အမြဲအသိအမှတ်ပြုလျက် ရှိကြောင်းပြောကြားခဲ့သည်။

ကိုးကား-RT

သမ္မတပူတင်နှင့် ဆွေးနွေးသည်နှင့်တစ်ပြိုင်နက် ထူးခြားကောင်းမွန်သည့် ရလဒ်ထွက်ပေါ်မည်ဟု ထရမ့်မျှော်လင့်

ရုရှားသမ္မတ   ဗလာဒီမာပူတင်နှင့် ဆွေးနွေးသည်နှင့်တစ်ပြိုင်နက် ထူးခြားကောင်းမွန်သည့် ရလဒ်ထွက်ပေါ်လာမည်ဟုမျှော်လင့်ကြောင်း  အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားသည်။

မိမိတို့နှစ်ဦးကြား ဆွေးနွေးမှုများကိုလုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါဆွေးနွေးမှုမှထူးခြားသည့် ရလဒ်ထွက်ပေါ်လာနိုင်ကြောင်း ထရမ့်က ဇန်နဝါရီလ ၃၁ ရက်တွင် အိမ်ဖြူတော်၌ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌  သတင်းထောက်များကိုပြောသည်။

ထို့ပြင် မိမိတို့အနေဖြင့် ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် လေးနက်သည့် ဆွေးနွေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကဆက်ပြောသည်။ သို့ရာတွင်  ပူတင်နှင့်  ဆွေးနွေးခဲ့ခြင်းရှိ၊  မရှိဟူသော  မေးမြန်းချက်ကို  ၎င်းကအတိအကျဖြေကြားခဲ့ခြင်းမရှိပေ။

အမေရိကန်ပြည်ထောင်စုတွင်  ထရမ့်သမ္မတအဖြစ်  ဒုတိယသက်တမ်းစတင်ထမ်းဆောင်ခဲ့ပြီးချိန်မှစ၍  ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးရန်အသင့်ရှိသည်ဟု ထရမ့်က ထပ်တလဲလဲပြောကြားထားကြောင်းသိရသည်။                 

   Ref: RT

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းတရားရုံး ခွင့်ပြု

ထိုင်းတရားရုံးသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို မလေးရှားနိုင်ငံသို့ သွားရောက်ရန်ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။ သက်ဆင်သည် လက်ရှိအချိန်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ အာဆီယံအဖွဲ့နှင့်ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာအကြံပေးအဖြစ် ခန့်အပ်ခံထားရကြောင်း သိရသည်။ သက်ဆင်ကို မလေးရှားနိုင်ငံသို့သွားရောက်ခွင့် ပေး၊ မပေး ဆိုသည့်အချက်နှင့် ပတ်သက်ပြီး တရားရုံးဆုံးဖြတ်ချက်ကြားနာပွဲသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းတရားရုံးက သက်ဆင်ကို မလေးရှားနိုင်ငံသို့ သုံးရက်ကြာ သွားရောက်ခွင့်ပေးမည်ဖြစ်သော်လည်း ထိုင်းဘတ် (၅) သန်း အာမခံပေးရမည်ဟု ဆုံးဖြတ် ခဲ့ကြောင်းသိရသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြည်ပြေးအဖြစ် နှစ်ပေါင်းများစွာကြာ ပြည်ပတွင်နေထိုင်ခဲ့ပြီး ၎င်းတည်ထောင်ခဲ့သော ဖြူထိုင်း ပါတီအာဏာရချိန်တွင် မိခင်နိုင်ငံသို့ ပြန်လာကာ ကျခံရမည့်ပြစ်ဒဏ်များကို လက်ခံခဲ့ကြောင်း သိရသည်။

တရားရုံးဆုံး၏ဆုံးဖြတ်ချက်သည် သက်ဆင်နှင့်ပတ်သက်၍ ထိုင်းဘုရင့်နန်းတော်၏ဆုံးဖြတ်ချက်ကို ထိခိုက်မှုရှိမည်မဟုတ်ကြောင်းပြောသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးမာရစ်ကလည်း တရားရုံးတွင် မလေးရှားနိုင်ငံသို့သွားရောက်မည့် သက်ဆင်၏ခရီးစဉ်ကို ထောက်ခံပေးခဲ့ကြောင်းသိရသည်။ ထိုင်းဘုရင့်နန်းတော်သည် သက်ဆင်ကို လွန်ခဲ့သောနှစ် ဇွန်လက သက်ညှာခွင့်ပေးထားပြီး သက်ညှာခွင့်အမိန့်တွင် တရားရုံးခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံသို့သွားရောက်ခွင့် ပေးမည်မဟုတ်ဟု ပါရှိကြောင်းသိရသည်။

လက်ရှိအချိန်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသော မလေးရှားနိုင်ငံဝန်ကြီးချုပ် အီဘရာ ဟင်သည် သက်ဆင်ကို ပုဂ္ဂိုလ်ရေးအကြံပေးအဖြစ် ခန့်အပ်ခဲ့ကြောင်းမကြာသေးမီက သတင်းထုတ်ပြန်ခဲ့သည်။ မလေးရှားနိုင်ငံသို့ သွားရောက်မည့် သက်ဆင် ၏ ခရီးစဉ်အတွင်း မည်သည့်ကိစ္စကို ဆွေးနွေးမည်ဆိုသောအချက်ကို အတိအကျမသိသေးကြောင်း သိရသည်။ မလေးရှားနိုင်ငံဝန်ကြီးချုပ်သည် ၂၀၂၅ ခုနှစ် တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရာ မြန်မာအရေးကို အဓိကထားဖြေရှင်း ရဖွယ်ရှိနေကာ အတွေ့အကြုံရင့်ကျက်သော ထိုင်းဝန်ကြီးချုပ်ဟောင်းကို အကြံပေးအဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်။ မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် သက်ဆင်တို့ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်အတွင်း မြန်မာအရေးကိုထည့်သွင်းဆွေးနွေးဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ကိုးကား-NP News

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဒုံးကျည် ကာကွယ်ရေးစနစ်နှင့် ပတ်သက်သည့်အမိန့်ကို ရုရှား အစိုးရ ဝေဖန်ပြစ်တင်

ရုရှားအစိုးရသည် ဒုံးကျည်ကာကွယ်ရေးစခန်းအသစ်တည်ဆောက်ရန် စီစဉ်နေသည်ဆိုသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏အမိန့်ကို ဝေဖန်ပြစ်တင်လိုက် ကြောင်း သိရပါသည်။

ရုရှားအစိုးရက အမေရိကန်အစိုးရသည် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားချိန်ခွင်လျှာကို မညီမျှအောင် လုပ်ဆောင်နေပြီး စစ်ရေးထိပ်တိုက်တွေ့ဆုံမှုများဖြစ်စေရန် ဖန်တီး နေခြင်းဖြစ်သည်ဟု ဆိုပါသည်။

အမေရိကန်သမ္မတက လွန်ခဲ့သည့်ရက်ပိုင်းတွင် ‘American Iron Dome' စနစ်အား ပိုမိုဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်မည့်အမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အမေရိကန်ထုတ် ‘American Iron Dome' စနစ်သည် ပဲ့ထိန်းဒုံးကျည်များ၊ အသံထက်မြန်သော ဒုံးကျည်များ၊ ခရုဇ်ဒုံးကျည်များကို ဟန့်တားနိုင်မည့် အမေရိကန် နိုင်ငံ၏မျိုးဆက်သစ် ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခု ဖြစ်သည်။ အမေရိကန်အစိုးရက ခေတ်မမီတော့သည့် ဒုံးကျည်စနစ်အား ခေတ်မီစေရန်နှင့် ပိုမိုရှုပ်ထွေးလာသည့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုပါသည်။

အမေရိကန်အစိုးရ၏လုပ်ရပ်သည် ရုရှား၊ တရုတ်နိုင်ငံတို့၏ နျူကလီးယား တားဆီးဟန့်တားရေးလုပ်ငန်းများကို ထိခိုက်ရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး မာရီယာဆာခါရိုဗာက ပြောဆိုခဲ့သည်။ ရုရှားအနေဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်မည့် အမေရိကန်အစိုးရအသစ်၏မူဝါဒများကို ပထမဆုံးအကြိမ် လူသိရှင်ကြားဝေဖန်လိုက်ခြင်းလည်းဖြစ်သည်။ အမေရိကန်အစိုးရ၏လုပ်ရပ်သည် နျူကလီးယားထိန်းချုပ်ရေးဆွေးနွေးမှုကို အဟန့်အတားဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုပါသည်။

ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ် တာဝန်ယူ ပြီးနောက် ယူကရိန်းစစ်ပွဲ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဆွေးနွေးရန် ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၀ ကယ်ပီတယ် အဓိကရုဏ်းကို တရားစွဲခဲ့သည့် ရှေ့နေများနှင့်စုံထောက်များကို ထရမ့်က အလုပ်ဖြုတ်

၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က သမ္မတဟောင်း ဂျိုးဘိုင်ဒင်အား ရှုံးနိမ့်ခဲ့ပြီးနောက် ထရမ့်အား ထောက်ခံ ခဲ့သည် သိန်းနှင့်ချီသော ထောက်ခံသူများက ဝါရှင်တန် ဒီစီရှိ လွှတ်တော်အဆောက်အဦအတွင်း အဓိကရုဏ်း တစ်ရပ်ဖြစ်ပွားခဲ့သည်။ ဝင်ရောက် အကြမ်းဖက်သူ ၁၅၀၀ ခန့် ထိန်းသိမ်းခံခဲ့ရပြီး အဆိုပါ ဖြစ်စဉ်တွင် အကြမ်းဖက်သူများကို ဖမ်းဆီးအရေးယူခဲ့သည့် FBI မှ အေးဂျင့်များနှင့် တရားစွဲခဲ့သည့် ရှေ့နေများကို ထရမ့်က အလုပ်ဖြုတ်ပစ်လိုက်ကြောင်း သိရှိရပါသည်။ 

ယာယီရှေ့နေချုပ် အီမေးလ်ဘိုဗ် အပါအဝင် အမေရိကန် အစိုးရရှေ့နေရုံးမှ ဝန်ထမ်းနှစ်ဒါဇင်ခန့် အလုပ်ဖြုတ်ခံရကြောင်း အမည်မဖော်လိုသူတစ်ဦးမှ ပြောကြားခဲ့ပြီး မည်သည့်စောဒကတက်ခွင့်မျှ မရကြောင်း သိရှိရပါသည်။ ထို့အပြင် ဇန်နဝါရီ ၂၇ ရက်နေ့က FBI အကြီးတန်း အမှုဆောင် ဒါဇင်ထက်ဝက်ကျော် အငြိမ်းစားယူရန် ဖိအားပေးခံရပြီး အချို့ကထုတ်ပယ်ခြင်းခံလိုက်ရကြောင်း သိရှိရပါသည်။

ကိုးကား-Myanmar National Post

ပါလက်စတိုင်းနှင့် အီဂျစ်အကျဉ်းသား ၁၈၃ ဦးကို အစ္စရေးပြန်လွှတ်ပေး

အစ္စရေးနိုင်ငံသည် ဟားမက်စစ်သွေးကြွအဖွဲ့နှင့်  အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ၎င်းတို့ထိန်းသိမ်းထားသည့် ပါလက်စတိုင်းနှင့်  အီဂျစ်အကျဉ်းသား ၁၈၃ ဦးကို ဖေဖော်ဝါရီလ ၁ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

အစ္စရေးအစိုးရသည် ၎င်းတို့ပြန်လွှတ်ပေးလိုက်သည့် အကျဉ်းသားများအား ကြက်ခြေနီအဖွဲ့မှတစ်ဆင့် ပါလက်စတိုင်းသို့ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်သည်။

၎င်းအကျဉ်းသားများအနက် ၁၅၀ ဦးမှာ ဂါဇာကမ်းမြောင်ဒေသမှဖြစ်ပြီး ၃၂ ဦးမှာ အနောက်ဘက်ကမ်းခြေဒေသနှင့် ကျန်တစ်ဦးမှာ အီဂျစ်နိုင်ငံသားဖြစ်ကြောင်းသိရသည်။

ဟားမက်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံ သုံးဦးအား ဖေဖော်ဝါရီလ  ၁  ရက် အစောပိုင်းက ပြန်လွှတ်ပေးပြီးနောက် အစ္စရေးက ပါလက်စတိုင်းနှင့် အီဂျစ်နိုင်ငံသားတို့ပါဝင်သည့် အကျဉ်းသားများကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

အစ္စရေးနှင့် ပါလက်စတိုင်းဟားမက်တို့ကြား အကျဉ်းသားအပြန်အလှန်လွှဲပြောင်းပေးမှုသည်  စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

Ref: Xinhua