သတင်းများ

4 Latin

လက်တင်အမေရိက လေးနိုင်ငံသည် ယူကရိန်း-ရုရှား စစ်ပွဲတွင် လက်နက်ပြိုင်ဆိုင်မှု ပြင်းထန်စေမည့် လုပ်ရပ်များကို ရှောင်ရှားရန် ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ဘရာဇီး၊ ချီလီ၊ ကိုလံဘီယာနှင့် မက္ကဆီကို နိုင်ငံလေးနိုင်ငံတို့က အဆိုပါလုပ်ရပ်များသည် ပဋိပက္ခကို ပိုမို ဆိုးရွားစေသည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြ ထားသည်။

ကိုးကား - Agence France-Presse

ထရန့်အစိုးရအဖွဲ့သစ်၏ ပညာရေးဝန်ကြီးရာထူးအတွက် Linda McMahon ကို ကြေညာ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စတင်တာဝန် ယူမည့် အမေရိကန်အစိုးရအဖွဲ့၏ ပညာရေးဝန်ကြီးနေရာ အတွက် Linda McMahon အမည်ကို ရွေးကောက်ပွဲနိုင် သမ္မတလောင်း ဒေါ်နယ်ထရန့်က နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာလိုက်သည်။

“သူမသည် ခေါင်းဆောင်မှုအတွေ့အကြုံ များစွာရှိကြောင်း၊ ပညာရေးနှင့် စီးပွားရေးအကြောင်းကို ကောင်းမွန်စွာ နားလည်ကြောင်း၊ အမေရိကန်ကျောင်းသားများနှင့် အလုပ်သမားများ၏ အနာဂတ်မျိုးဆက်သစ်များအတွက် စွမ်းအားတစ်ခုဖြစ်ကြောင်း၊ အမေရိကန်ပညာရေးကို ကမ္ဘာ့ အဆင့်တစ်ဖြစ်လာစေရန် သူမက ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း” ထရန့်၏ ကြေညာချက်တွင် ဖော်ပြထားသည်။ 

Linda McMahon သည် ရီပတ်ဘလီကန်၏ အဓိက အလှူရှင်ဖြစ်ပြီး ဒေါ်နယ်ထရန့် ပထမအကြိမ် သမ္မတတာဝန်ယူစဉ်က အမေရိကန်အသေးစားစီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုဌာန၏ အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

ကိုးကား - CNN News

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၁၉ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေး၏ ဒုတိယပိုင်းအစည်းအဝေးကဏ္ဍ တွင်ယူကရိန်းနိုင်ငံ၏အကျပ်အတည်းကို အရှိန်လျော့ရန် နှင့် နိုင်ငံရေးအရ ဖြေရှင်းရန် တောင်းဆို

"ယူကရိန်းအကျပ်အတည်းကို အရှိန်လျော့ပြီး နိုင်ငံရေး အရ ပြေလည်မှုရစေရန် ရှာဖွေသင့်ကြောင်း၊ စစ်မြေပြင် များ မချဲ့ထွင်သင့်ကြောင်း၊ ရန်လိုမှုများကို အရှိန်မမြှင့်ဘဲ အခြေခံမူများကို လိုက်နာသင့်ကြောင်း” ဘရာဇီးနိုင်ငံတွင် ကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် G20 ထိပ်သီး အစည်းအဝေး ၏ ဒုတိယပိုင်းအစည်းအဝေးတွင် သမ္မတ ရှီက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ကိုးကား - ဆင်ဟွာသတင်းအေဂျင်စီ

2020 election

နိုဝင်ဘာ ၁၉

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှလေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

အဆိုပါ Website နှင့် Mobile Application တို့တွင် ရွေးကောက်ပွဲအကြိုကာလ၌ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲအလွန်ကာလ ဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တစ်နေရာတည်းတွင် ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။ 

ထို့ပြင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား (၅)မျိုးဖြင့် လွှင့်တင်မည်ဖြစ်ရာ လေ့လာဖတ်ရှုလိုသူများသည် https://2020election.uec.gov.mmတွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ကိုးကား - (၂၀-၁၁-၂၀၂၄) ထုတ် မြန်မာ့အလင်းသတင်းစာ

ဘရာဇီးနိုင်ငံ Rio de Janeiro မြို့၌ ကျင်းပလျက်ရှိသည့် Group of Twenty (G20) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေကြသော နိုင်ငံ့ခေါင်းဆောင်များက လက်ရှိဖြစ်ပွားလျက်ရှိသည့် ဂါဇာနှင့် လက်ဘနွန်ဒေသတို့တွင် အလုံးစုံ အပစ်အခတ်ရပ်စဲကြရန် တညီတညွတ်တည်း တိုက်တွန်နှိုးဆော်လိုက်ကြပါသည်။ ထိုတိုက်တွန်းချက်မှာ အမေရိကန်သမ္မတ ဘိုင်ဒန်က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်အသုံးပြုရန် အချက်ပြပြီးနောက်ပိုင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါကြောင်း၊ ယခုကျင်းပနေသည့်  G20 အစည်းအဝေးသို့ ရုရှားသမ္မတ ဗလာဒီမာပူတင် လာရောက်တက်ရောက်ခြင်းမရှိဘဲ ၎င်းအစား ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တက်ရောက် လျက်ရှိကြောင်း ALJAZEERA သတင်းဌာနက ရေးသားဖော်ပြထားပါသည်။

ကိုးကား - ALJAZEERA 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းသည် ရုရှားနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး Alexander Kozlov နှင့်တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြလိုက်ပါသည်။ ထိုတွေ့ဆုံမှုမှာ အနောက်နိုင်ငံများက ရုရှားဖက်က မြောက်ကိုးရီးယားစစ်တပ်များ ပါဝင်ကူညီနေမှုကို အပြင်းအထန် ဝေဖန်ရှုံ့ချနေကြစဉ် နှစ်နိုင်ငံအကြား မြန်ဆန်စွာ တိုးတက်လာသည့်နွေးထွေးသောဆက်ဆံရေးကို ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း၊  ရုရှားဝန်ကြီး Alexander Kozlov ဦးဆောင်သော  အစိုးရကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားနှင့်ရုရှားနိုင်ငံအကြား ကုန်သွယ်မှု၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ (၁၁) ကြိမ်မြောက် အစည်းအဝေးတက်ရောက်ရန် ပြုံယမ်းသို့ ရောက်ရှိနေကြကြောင်း ကိုရီးယားဗဟို သတင်း အေဂျင်စီ (KCNA)က အင်္ဂါနေ့တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့မှုနှင့် အောင်မြင်သည့် ဆွေးနွေးမှုရလဒ်များ ရရှိခဲ့မှု

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မကြာသေးမီက မိမိဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း ကူမင်းမြို့၌ကျင်းပသည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး H.E. Mr. Wang Ning နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာကြသည့်နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကူမင်းမြို့၊ ချုံချင့်မြို့နှင့် ရှန်းကျန့်မြို့တို့ရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာခြင်းစသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံ၏လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုရလဒ်များ ပေါ်ထွက်လာအောင် ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတော်အတွက် အပြုသဘောဆောင် နိုင်ခဲ့သောအောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်း။

ခရီးစဉ်အတွင်း GMS အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်စဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ၊ မြန်မာနိုင်ငံဆောင်ရွက်နေသည့်အခြေအနေ၊ နိုင်ငံအလိုက်နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေ၊ နိုင်ငံတကာမျက်နှာစာများတွင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မိတ်ဆွေနိုင်ငံများမှ ထောက်ခံအားပေးမှုအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang အနေဖြင့် GMS အစည်းအဝေးတက်ရောက်သည့် ဝန်ကြီးချုပ်များအနက် မြန်မာဝန်ကြီးချုပ်နှင့်သာ သီးခြားတွေ့ဆုံမှု ပြုလုပ်ခဲ့သည်ကိုတွေ့ရကြောင်း၊ သီးခြားတွေ့ဆုံဆွေးနွေးစဉ် မိမိအနေဖြင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးစဉ် တရုတ်နိုင်ငံဝန်ကြီးချုပ်၏ ဆွေးနွေးချက်များမှ အဓိကကျသည့် ဆွေးနွေးချက်များမှာ မြန်မာနိုင်ငံအစိုးရ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံဘက်က အစဉ်အမြဲထောက်ခံ အားပေးနေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် တက်တက်ကြွကြွ ထောက်ခံအားပေးပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုရှိစေရန်နှင့် နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များကို ဆက်လက်တွန်းအားပေး ဆောင်ရွက်နေမှုကိုလည်း ထောက်ခံအားပေးပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအတည်ပြုပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ တရုတ် - မြန်မာနယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များနှင့်ပတ်သက်ပြီး စီမံခန့်ခွဲ အုပ်ချုပ်မှုများကို တရုတ်နိုင်ငံအနေဖြင့် အားပေးပါကြောင်း၊ တရုတ်ဘက်အနေဖြင့် မြန်မာနိုင်ငံနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်အတူတကွ ဖွံ့ဖြိုးတိုးတက်မှုရရှိလိုပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် မိမိတို့အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် ပြတ်ပြတ်သားသား ရပ်တည်သည့် ပြောကြားချက်များပင်ဖြစ်ကြောင်း။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်သည့်ကူညီမှုများ ထောက်ပံ့ပေးမည့်အခြေအနေနှင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ ကူညီမှုများ ဆောင်ရွက်ပေးမည့် အခြေအနေနှင့် ပတ်သက်၍လည်း ပြောကြားခဲ့ကြောင်း။

မိမိအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး H.E. Mr. Wang Ning နှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun တို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှုဆောင်ရွက်ခဲ့ပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေကို ပြောကြားခဲ့ကြောင်း၊ အပြုသဘောဆောင်သော ကောင်းမွန်သည့် ဆွေးနွေးမှုများကို တွေ့ရှိခဲ့ရကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အထူးအလေးထားသော ပြောဆိုဆက်ဆံမှု၊ ဆွေးနွေးမှုများကို ထင်ရှားစွာတွေ့ရှိခဲ့ရကြောင်း။

GMS အစည်းအဝေးသို့တက်ရောက်လာသည့် အရှေ့တောင်အာရှနိုင်ငံ လေးနိုင်ငံမှ ဝန်ကြီးချုပ်များနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးချိန်တွင်လည်း မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့မှုအခြေအနေ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေနှင့် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရေး နိုင်ငံတကာမှ လေ့လာအကဲခတ်ရေးကိုယ်စားလှယ်အဖွဲ့များကို ဖိတ်ခေါ်ဆောင်ရွက်သွား မည့်အခြေအနေကို ရှင်းလင်းပြောကြားခဲ့ရာ နိုင်ငံများအလိုက် ထောက်ခံသည့် ဆွေးနွေးချက်များကို ပြန်လည်ပြောကြားခဲ့ကြကြောင်း၊ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ် - မြန်မာ စီးပွားရေးပူးပေါင်းမှု အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်နှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး ပညာတော်သင်များ ပိုမိုစေလွှတ်နိုင်ရေး ဆွေးနွေးနိုင်ခဲ့သဖြင့် အောင်မြင်သည့် ခရီးစဉ်တစ်ခုပင်ဖြစ်ကြောင်း။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ ကတိကဝတ်များအတိုင်း အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က Union Accord အဖြစ် အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် NCA သဘောတူစာချုပ်အတိုင်း အတတ်နိုင်ဆုံးရအောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်လွှတ်တော်ကာလတွင်လည်း အချို့ကိစ္စရပ်များကို လွှတ်တော်၌ဆက်လက်ဆွေးနွေးရန်အတွက် EAO များ၊ နိုင်ငံရေးပါတီများနှင့် သဘောတူဆွေးနွေးချက်များ ရရှိပြီးဖြစ်ကြောင်း။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံ့လူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ကောက်ယူရန် ကျန်ရှိနေသည့်နေရာများ၌ အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံးအထိရရှိအောင် ဆက်လက် ကောက်ယူလျက်ရှိကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်ကောက်ယူနိုင်မည်ဟု ခန့်မှန်းထား ကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီများမှတ်ပုံတင်ခြင်းများကို ဥပဒေနှင့်အညီခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသား ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန် လိုအပ်ကြောင်း၊ လွှတ်တော်အတွင်း တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေး အချိုးကျကိုယ်စားပြုစနစ် (PR) ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အမျိုးသားလွှတ်တော်တွင် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်နေကြောင်း။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံအတွက် အင်မတန်အကျည်းတန်အရုပ်ဆိုးသည့် မဲမသမာမှုဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ ပါလီမန်ဒီမိုကရေစီ ခေတ်တွင်လည်း ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ထိုအချိန်တွင် မဲမသမာမှုများရှိခဲ့သော်လည်း မဲဆန္ဒနယ်အနည်းအကျဉ်းသာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်အောင် ပြုလုပ်သူများသည် ၎င်းတို့၏ သက်ဆိုင်ရာ ရွေးကောက်ခံ မဲဆန္ဒနယ်တစ်ခုတည်းတွင်သာမကဘဲ ဒေသတစ်ခုလုံးတွင်အနိုင်ရရှိအောင် မဲမသမာမှုများကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ မဲမသမာမှုများကို ပြန်လည်စိစစ်ခဲ့ချိန်တွင် မဲစာရင်းအချိုးအရ ပဲခူးတိုင်းဒေသကြီး၌ မဲစာရင်းမှားယွင်းမှု အများဆုံးဖြစ်ကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း မဲမသမာမှုများကို စိစစ်တွေ့ရှိခဲ့ရကြောင်း၊ ဦးဆောင်ပြုလုပ်သူများသည် ၎င်းတို့သက်ဆိုင်ရာမဲဆန္ဒနယ်များတွင်သာမက တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် တစ်ခုလုံးအတိုင်းအတာအထိ မဲမသမာမှုများကို ပြုလုပ်ခဲ့သဖြင့် ရွေးကောက်ပွဲ မသမာမှုကျူးလွန်မှုသည် အတိမ်အနက် ကြီးမားကြောင်း၊ ထို့ကြောင့် ကျူးလွန်ခဲ့သည့်ပါတီအား ရွေးကောက်ပွဲဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲမဲမသမာမှုများတွင် တာဝန်ရှိသူများသည် NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (CEC) များဖြစ်ကြောင်း၊ ပါတီဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် (CEC) များသည် ပါတီကိုကိုယ်စားပြုသူများဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်တည်း ကျူးလွန်ခြင်းမဟုတ်ဘဲ အဖွဲ့လိုက် လုပ်ဆောင်ခြင်းဖြစ်သဖြင့် အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုမရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး အဓိကဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး တာဝန်ခွဲဝေ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် Myanmar Electronic Voting Machine စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင်လည်း အဆိုပါမဲပေးစနစ်ကိုအသုံးပြုလျက်ရှိပြီး မဲစာရင်းမှန်ကန်စေရန်အတွက် အထောက်အကူပြုသည့် စနစ်တစ်ခုဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား လုံခြုံရေးအရ အပိုင်းလိုက်ခွဲခြား၍လည်း ပြုလုပ်နိုင်ကြောင်း။

သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေး

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၉ ခုရှိမြို့နယ်တွင်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး မိမိတို့နိုင်ငံ၏သမိုင်းတွင် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုတွင် အဆိုးရွားဆုံးဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်သေဆုံး ပျက်စီးမှုများအတွက် မိမိတို့အနေဖြင့် ထိုက်သင့်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း။

အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ရှေ့သို့မရောက်နိုင်ဖြစ်နေ

သဘာဝဘေးအန္တရာယ်ကြောင့်မဟုတ်ဘဲ လူတို့၏လုပ်ဆောင်မှုများကြောင့် နိုင်ငံတော်အတွင်း လမ်း၊ တံတားများ၊ စာသင်ကျောင်းများနှင့် အဆောက်အဦများ ကြီးမားစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု အဆောက်အဦများ၊ လမ်း၊ တံတားများကို ဆင်ခြင်တုံတရားမဲ့စွာ မိုက်လုံးကြီးစွာဖြင့် ဖျက်ဆီးလျက်ရှိကြောင်း၊ ၎င်းတို့ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့ရသည်များကို ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက်နေရသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ရှေ့သို့မရောက်နိုင်ဖြစ်နေရကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် သုံးစွဲရမည့်ငွေကြေးများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲကုန်ကျနေခြင်းသည် နိုင်ငံတော်အတွက် ထိခိုက်နစ်နာစေခြင်းပင်ဖြစ်ကြောင်း။

ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြခြင်းသည် ပြည်ပမှ သွေးထိုးမြှောက်ပင့်ပေးမှုများနှင့် အသိပညာ၊ အတတ်ပညာအားနည်းခြင်း၊ ဝေဖန်ပိုင်းခြားနိုင်မှု အားနည်းခြင်းများကြောင့်ပင်ဖြစ်ကြောင်း၊ ပညာရေးအရအားနည်းသည့် ဒေသများ၌ အကြမ်းဖက်မှုများ၊ ဒုစရိုက်မှုများ ပိုမိုဖြစ်ပေါ်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကို ပုံဖော်ပေးနိုင်ရေး ပညာရေးကိုအားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အတန်းပညာရှိမှသာ အတတ်ပညာများရရှိမည်ဖြစ်ပြီး စဉ်းစားတွေးခေါ်မှုများ ရရှိမည်ဖြစ်ကြောင်း။

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ အားပေးဆောင်ရွက်

မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးအားကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် အချက်သုံးချက်ဖြစ်သည့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး၊ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ စိုက်ဧက တိုးချဲ့ရေးကို အလေးထားကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

စိုက်ပျိုးရေလုံလောက်စွာရရှိရေး မြစ်ချောင်းများကို အကျိုးရှိစွာအသုံးချရန်လို

စိုက်ပျိုးရေးတွင် ရေသည်မရှိမဖြစ်လိုအပ်သဖြင့် ရေအရင်းအမြစ်များရရှိရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် ရောက်ရှိသည့် ဒေသများတွင် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေ အသုံးချရာတွင် မိုးကောင်းသောက်၊ ဆည်ရေ၊ မြစ်ရေတင်၊ မြေအောက်ရေ စသည်ဖြင့် သုံးစွဲကြကြောင်း၊ ဆည်ရေသောက်စိုက်ပျိုးရေးအတွက် ဆည်များတည်ဆောက်ရန် လိုနေသေးကြောင်း၊ ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်တို့အား စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်သွားမည်ဆိုပါက စိုက်ပျိုးရေများကို များစွာရရှိမည်ဖြစ်ကြောင်း၊ မြစ်ဘေးတစ်လျှောက်တွင် စိုက်ပျိုးမြေများစွာရှိကြောင်း၊ မြစ်ကြောင်းများ ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြစ်ကြောင်းများတစ်လျှောက် အရေးကြီးသည့်နေရာများတွင် Low Head Dam များ တည်ဆောက်၍ စိုက်ပျိုးရေများရရှိအောင် ဆောင်ရွက်နိုင်ကြောင်း၊ မြစ်ကြောင်းများ ထိန်းသိမ်းခြင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့ နိုင်ငံအတွက် လိုအပ်သည့်လျှပ်စစ်ဓာတ်အားနှင့် စိုက်ပျိုးရေများ ရရှိစေရေးအတွက် မြစ်ချောင်းများကို အကျိုးရှိစွာအသုံးပြုရမည်ဖြစ်ကြောင်း၊ မိုးနည်းသည့်ဒေသများတွင် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေများ လုံလောက်စွာရရှိနိုင်ကြောင်း။ 

ရေအရင်းအမြစ်များကို မှန်မှန်ကန်ကန် အကျိုးရှိရှိ အသုံးချနိုင်ရေး ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ရေနှင့်ဆက်စပ်ပြီး စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ဖော်ဆောင်ပေးရန်လိုကြောင်း၊ မြို့ပြဧရိယာများ၌ သုံးမိုင်ပတ်လည်အကွာအဝေးအတွင်း၌ Green Zone များ ဖော်ဆောင်ပေးထားရန်လိုကြောင်း၊ အိမ်ခြံဝင်းများ၊ လမ်းဘေးဝဲယာများ၌ သစ်ပင်များစိုက်ပျိုးစေရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရ တာဝန်ထမ်းဆောင်ချိန်အတွင်း Green Zone များကို ဖော်ဆောင်ပေးသွားရမည်ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် စိုက်ပျိုးထားသည့် သစ်ပင်များ ဆက်လက်ရှင်သန်ဖြစ်ထွန်းစေရေး ဆောင်ရွက်ကြရန်လိုကြောင်း။

MSME လုပ်ငန်းများကိုဆောင်ရွက်ရာတွင် စက်မှုကုန်ထုတ်လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ရန်လို

ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် MSME လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ၅၀ ရာခိုင်နှုန်းခန့်သည် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်သည်ကို တွေ့ရကြောင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ စက်ရုံအကြီးများ ဆောင်ရွက်ရန်မဆိုလိုဘဲ စက်ယန္တရားအနည်းငယ်ဖြင့် ဆောင်ရွက်၍လည်းရကြောင်း၊ ပြည်တွင်းလိုအပ်ချက်ရှိသည့် အထည်အလိပ်လုပ်ငန်း၊ အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊ သံနှင့် သံမဏိလုပ်ငန်းကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ဒေသအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း တို့ဖြင့် ဒေသ၏လူသားအရင်းအမြစ်များကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ကောင်စီဝင်များအနေဖြင့်လည်း မိမိတို့တာဝန်ယူထားရသည့် ဒေသများအလိုက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ကောင်စီအဖွဲ့ဝင်များက အသီးသီးဆွေးနွေးတင်ပြ

ယင်းနောက် ကောင်စီဝင်များက လက်ရှိအချိန်တွင် လွိုင်ကော်ဒေသသည် ပြန်လည်တည်ငြိမ် အေးချမ်းနေပြီဖြစ်သဖြင့် လွိုင်ကော်ဒေသမှ ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် ၎င်းတို့နေရပ်တွင် ပြန်လည်အခြေချနေထိုင်လိုမှု၊ နိုင်ငံတော်၏ အနာဂတ်ကောင်းကို ပုံဖော်တည်ဆောက်ရာတွင် နိုင်ငံတော်အစိုးရနှင့်တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်မှု၊ သက်ဆိုင်ရာ ဒေသများအလိုက် ခရီးစဉ်များသွားရောက်၍ ဒေသခံပြည်သူလူထုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်သူများနှင့် ထိတွေ့၍ ၎င်းတို့တင်ပြချက်များ၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်မှုနှင့် နိုင်ငံတော်၏ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့မှု၊ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များအနေဖြင့် ဒေသနှင့် နိုင်ငံတော်အတွက် အကျိုးမရှိသည့် လက်နက်ကိုင်အကြမ်းဖက်သည့်လမ်းစဉ်ကိုစွန့်လွှတ်ကာ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရေး ဆွေးနွေးအဖြေရှာ ဆောင်ရွက်ကြရန်လိုအပ်မှု၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်ဒေသများ၌ စားရေးအတွက် အခက်အခဲမရှိအောင် နိုင်ငံတော်မှဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတစ်ခု၊ ဒေသတစ်ခု၌ ပဋိပက္ခကိုဖြစ်ပေါ်လာအောင် ဖန်တီးသည်မှာ ၎င်းဒေသနှင့် နိုင်ငံတို့တွင် နေထိုင်ကြသူများပင်ဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများ၏ သွေးဆောင်မြှောက်ပင့်မှုများကြောင့်လည်းဖြစ်ကြောင်း၊ အလားတူ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေးအတွက်လည်း ၎င်းဒေသတွင် နေထိုင်သူများကပင် လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံများ၏ လုံခြုံရေးကို ဖျက်ဆီးနေသည့် ဒေသတွင်းနေထိုင်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ဆောင်မှုများ လျော့ပါးစေရေးအတွက် ကောင်စီဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းတားဆီး ဆောင်ရွက်ပေးကြစေလိုကြောင်း။

ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်နောက်ဆုံးအချက်၌ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများ နှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

Mr. Lin Jian

တရုတ်နိုင်ငံသည် ယူကရိန်းအကျပ်အတည်းအပေါ် ၎င်း၏ရပ်တည်ချက်ကို အတည်ပြုခဲ့ပြီး တင်းမာမှု လျှော့ချရန်နှင့် နိုင်ငံရေးအရ ပြေလည်မှုပေးရန် တောင်းဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့ပါသည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် တသမတ်တည်းရှိပြီး ရှင်းလင်းပါကြောင်း၊ အပစ်အခတ်ရပ်စဲရေးကို စောစီးစွာ အကောင်အထည်ဖော်ပြီး နိုင်ငံရေးအရ ပြေလည်အောင် ကြိုးပမ်းခြင်းသည် ဘက်ပေါင်းစုံ၏ အကျိုးစီးပွားအတွက် အကြီးမားဆုံး ဖြစ်ကြောင်း၊ အရေးတကြီးလိုအပ်သည်မှာ တင်းမာမှုများ အမြန်ဆုံး လျော့ပါးအောင် ပြုလုပ်ရန်ဖြစ်ပါကြောင်း၊  အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အထောက်အကူဖြစ်စေပြီး ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းရန်အတွက် ၎င်း၏ကိုယ်ပိုင်နည်းလမ်းဖြင့် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန် အသင့်ရှိနေကြောင်း  တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက Lin Jian ပြောကြားခဲ့ပါသည်။ 

Source: https://www.fmprc.gov.cn/eng/xw/fyrbt/lxjzh/202411/t20241118_11528465.html

military activity finish unit

နိုဝင်ဘာ ၁၈

တူရကီသမ္မတ Recep Tayyip Erdoğan သည် G20 ထိပ်သီးအစည်းအဝေးတွင် ယူကရိန်းနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို တင်ပြသွားမည်ဖြစ်ကြောင်း Bloomberg သတင်းဆောင်းပါး၏ ဖော်ပြချက်အရ သိရှိရပါသည်။

တူရကီသမ္မတ၏ ငြိမ်းချမ်းရေးအစီအစဉ်တွင် ယူကရိန်း ရှေ့တန်းစစ်မျက်နှာကို ရပ်တန့်စေမည်ဖြစ်ပြီး၊ ယူကရိန်းနိုင်ငံက နေတိုးအဖွဲ့ကို အနည်းဆုံး ဆယ်နှစ်ကြာ မပူးပေါင်းဖို့ သဘောတူရမည်ဖြစ်ပြီး၊ ထို့အတွက် ယူကရိန်းကို စစ်ဘက်ဆိုင်ရာ အထောက်အပံများ ပေးမည်ဖြစ်ကြောင်း၊ Donbas ဒေသ ရှိ စစ်မဲ့ကြားခံဇုန်တွင် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းသူများကို နေရာချခွင့်ပေးရန် ပါရှိကြောင်း ရေးသာဖော်ပြထားပါသည်။

Source: https://www.eurointegration.com

G20 အစည်းအဝေးကို ဘရာဇီးနိုင်ငံ Rio de Janeiro မြို့၌  ကျင်းပပြုလုပ်မည်

G20 အစည်းအဝေးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်မှ ၁၉ ရက်အထိ ဘရာဇီးနိုင်ငံ Rio de Janeiro မြို့၌  ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။  G20 တွင် အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျာမနီ၊ ဗြိတိန်၊ ဘရာဇီး၊ အိန္ဒိယနိုင်ငံများအပါအဝင်  ၁၉ နိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်ပါသည်။ ယခုအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များအပြင် အာဖရိကသမဂ္ဂနှင့် ဥရောပသမဂ္ဂခေါင်းဆောင်များပါ  တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဘရာဇီးနိုင်ငံသည်  G20 အလှည့်ကျဥက္ကဌတာဝန်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်အထိ တာဝန်ယူလျက်ရှိပါသည်။

Source- https://sdg.iisd.org