ထရမ့်၏မူဝါဒကို  ဥရောပခေါင်းဆောင်များက ဆက်လက် လိုက်နာရဖွယ်ရှိဟု ပူတင်ပြော

News Image

  • ထရမ့်၏မူဝါဒကို  ဥရောပခေါင်းဆောင်များက ဆက်လက် လိုက်နာရဖွယ်ရှိဟု ပူတင်ပြော

ဥရောပရှိ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မူဝါဒကို ဆက်လက်လိုက်နာရဖွယ်ရှိကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဖေဖော်ဝါရီလ  ၂ရက်တွင် ပြောသည်။

ထရမ့်၏ဝိသေသလက္ခဏာ၊ မဆုတ်မနစ်ကြိုးပမ်း ပြောဆိုမှုတို့ကြောင့် ဥရောပတွင် အစီအစဉ်ကျမှုကို အလျင်အမြန်ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ပူတင်က သတင်းထောက်တစ်ဦးဖြစ်သူ ပါဗယ်ဇာရူဘင်နှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောခြင်းဖြစ်သည်။

ထို့ပြင်  လက်ရှိ  ဥရောပခေါင်းဆောင်များသည်   ယခင်ခေါင်းဆောင်ဟောင်းများနှင့်နှိုင်းယှဉ်ပါက  ၎င်းတို့၏ ကိုယ်ပိုင်အတွေးအခေါ်အတွက် တိုက်ခိုက်ရန်ရဲရင့်မှု မရှိကြောင်း၊ ထို့ပြင် ဥရောပခေါင်းဆောင်များသည်   ၎င်းတို့၏ဘဝတွင် ယခင်ကလုပ်ဆောင်ခဲ့ဖူးခြင်း မရှိသော ဆောင်ရွက်ချက်များတွင် ပါဝင်လျက်ရှိကြောင်း ပူတင်ကဆက်လက် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတအဖြစ် ထရမ့်ပြန်လည် တက်ရောက်လာမည်ကို ဥရောပခေါင်းဆောင် အများအပြားက စိုးရိမ်မကင်းဖြစ်ခဲ့ရသည်ဟု   ပြီးခဲ့သည့်နှစ် မဲဆွယ်ပွဲကာလ တစ်လျှောက်လုံး၌ ပြောကြားခဲ့ကြောင်း ပူတင်ကဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။

Source: Myawady Web Portal